သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

မေလးရွားကေန ေနာက္ထပ္ ျမန္မာ ၁၃၀ နီးပါး အိမ္ျပန္ခြင့္ရ


ေနရပ္ျပန္ၾကမယ့္ မေလးရွား ထိန္းသိမ္းေရးစခန္းက ျမန္မာမ်ား။ (ႏုိဝင္ဘာ ၂၈၊ ၂၀၂၀။ ဓာတ္ပုံ - ျမန္မာလူမႈကူညီေရးအသင္း မေလးရွား)

(Zawgyi / Unicode)

မေလးရွားႏိုင္ငံကေန ျမန္မာႏုိင္ငံသား ေနာက္ထပ္ အေယာက္ ၁၃၀ နီးပါး ဒီကေန႔ ေနရပ္ ျမန္မာႏုိင္ငံကို ျပန္လာၾကပါတယ္။ အျပည့္အစုံကို ထုိင္းအေျခစုိက္ ဗြီအိုေအျမန္မာပုိင္း သတင္းေထာက္ မေအးေအးမာ တင္ျပပေးထားပါတယ္။

ကုိဗစ္ကပ္ေရာဂါကာလ မေလးရွားႏုိင္ငံမွာ ေသာင္တင္ေနသူေတြနဲ႔ ထိန္းသိမ္းခံထားရသူ ျမန္မာႏုိင္ငံသားေတြကုိ သံ႐ုံးအစီအစဥ္နဲ႔ ေနရပ္ျပန္ပုိ႔ေနရာမွာ အမ်ဳိးသမီးေတြ အပါအဝင္ အက်ဥ္းက်ၿပီးသား လူ ၄၀ နီးပါး ပါဝင္ခဲ့တာပါ။ အခုေနာက္ဆုံး ေနရပ္ျပန္ခြင့္ရသူေတြထဲမွာေတာ့ လြတ္ရက္ေစ့ၿပီး က်န္းမာေရးစစ္ေဆးေနလို႔ တႏွစ္နီးပါး ထိန္းသိမ္းေရးစခန္းမွာ ေနရသူေတြနဲ႔ ကပ္ေရာဂါကာလအတြင္း ပိတ္မိိေနသူ စုစုေပါင္း ၁၃၀ ခန္႔ ပါဝင္တယ္လုိ႔ မေလးရွားအေျခစုိက္ ျမန္မာလူမႈကူညီေရးအသင္း ဥကၠ႒ ဦးစန္းဝင္းက ေျပာပါတယ္။

“ဒီေန႔ ျမန္မာသံ႐ုံးက စီစဥ္ၿပီး ကယ္ဆယ္ေရးေလယာဥ္မွာ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ထိန္းသိမ္းေရးစခန္းေတြထဲမွာ ဖမ္းဆီးခံရတဲ့ အက်ဥ္းသား ၃၉ ဦး ပါပါတယ္။ ဒီထဲမွာ အမ်ိဳးသမီးေတြကေတာ့ ၇ ဦးပါပါတယ္။ ျမန္မာႏုိင္ငံကိုျပန္တဲ့သူ အားလုံးစုစုေပါင္း ၁၃၀ ခန္႔ ျမန္မာျပည္ျပန္ဖုိ႔ ဒီေန႔ ညေန ၃ နာရီေလယာဥ္နဲ႔ ေစာင့္ဆုိင္းေနၾကပါတယ္။”

မေလးရွားႏုိင္ငံက လူဝင္မႈထိန္းသိမ္းေရးစခန္းေတြမွာ ဖမ္းဆီးထားတဲ့ ျမန္မာႏုိင္ငံသားေတြကုိ သံ႐ုံးအစီအစဥ္နဲ႔ ဒီလ ၁ ရက္ေန႔က စတင္ၿပီး ေနရပ္ျပန္ပုိ႔ေပးခဲ့တာ အခုဆုိရင္ အေယာက္ ၁,၀၀၀ ေက်ာ္သြားပါၿပီ။

ကပ္ေဘးကာလမွာ ႏုိင္ငံတြင္း တရားမဝင္ ေရာက္ရွိေနတဲ့ ျမန္မာႏုိင္ငံသားေတြ အပါအဝင္ ႏုိင္ငံျခားသားေတြ ေနရပ္ျပန္ခ်င္တယ္ဆုိရင္ သတ္မွတ္ထားတဲ့ ဒဏ္ေၾကးေငြ ေပးေဆာင္ၿပီး ႏုိဝင္ဘာလ ၁၆ ရက္ေန႔ကေန ေရွ႕ႏွစ္ ဇြန္လ ၃၀ အတြင္း ျပန္ႏုိင္ေၾကာင္း မေလးရွား တာဝန္ရွိသူေတြက ခြင့္ျပဳထားပါတယ္။ ဒီထဲမွာ လြတ္ရက္ေစ့ အက်ဥ္းသားေတြလည္း ျပန္ခြင့္ရၿပီး သူတို႔အေနနဲ႔ေတာ့ ဒဏ္ေၾကးေပးေဆာင္ရတာ မရွိပါဘူး။ ကပ္ေရာဂါကာလႀကီးအတြင္း လြတ္ရက္ေစ့ေပမယ့္ ေနရပ္ျပန္ခြင့္မရလို႔ အက်ဥ္းေထာင္ထဲမွာ တႏွစ္နီးပါး ေနထုိင္ေနရသူေတြလည္း ပါတယ္လို႔ ဦးစန္းဝင္းက ေျပာပါတယ္။

“၆ လသမား၊ ၉ လ တႏွစ္ ၾကန္႔ၾကာတဲ့သူေတြလည္း ေနပါတယ္။ ၾကန္႔ၾကာရတဲ့အေၾကာင္းက တခ်ဳိ႕လူေတြက က်န္းမာေရးစစ္ေဆးမႈ ၾကာျမင့္လို႔ ေစာင့္ဆုိင္းရတယ္။ တခ်ဳိ႕ကလည္း က်န္းမာေရးမေကာင္းလို႔ ထပ္ၿပီး စိစစ္ၿပိီးမွ ျပန္ရတယ္။ က်န္းမာေရးေကာင္းတဲ့သူေတြ မေလးရွား ထိိန္းသိမ္းေရးစခန္းက အာဏာပိုင္ေတြက စိစစ္လို႔ က်န္းမာတဲ့သူမွ ျပန္ရတယ္။ အဲဒီလို ေကာင္းမြန္တဲ့သူမွသာ ျမန္မာျပည္ကုိ ျပန္ပို႔တာရွိပါတယ္။ ထိန္းသိမ္းေရးစခန္းမွာလည္း ကုိဗစ္ျဖစ္တာေတြ ရွိပါတယ္။ တရားဝင္ေတာ့ မထုတ္ျပန္ပါဘူး။ က်န္းမာေရးကိစၥေတြကိုေတာ့ ထိန္းသိမ္းေရးစခန္းေတြမွာ တအားကုိ စစ္ေဆးေနပါတယ္၊ အခုေနာက္ပို္င္းမွာေပါ့။”

မေလးရွားႏိုင္ငံအစိုးရက ဒီလအတြင္းမွာပဲ လူဝင္မႈႀကီးၾကပ္ေရး ထိန္းသိမ္းေရးစခန္း ၁၃ ခုမွာ ထိန္းသိမ္းထားတဲ့ ခန္႔မွန္းေျခ ႏုိင္ငံျခားသား ၂၀,၀၀၀ ေလာက္ကုိလည္း လြတ္ရက္ေစ့ရင္ ဒဏ္ေၾကးေပးၿပီး တရားဝင္ အလုပ္လုပ္ႏုိင္ေၾကာင္း ခြင့္ျပဳထားပါတယ္။ ဒါေပမယ့္ တရားမဝင္ ျမန္မာေတြ အေနနဲ႔ကေတာ့ ကိုဗစ္ကပ္ေဘးကာလမွာ ဒဏ္ေၾကး၊ ပါမစ္ေၾကး စတဲ့ အခေၾကးေငြေတြကုိ ခ်က္ခ်င္းေပးႏိုင္ဖုိ႔ အခက္အခဲေတြ ရင္ဆုိင္ေနရသလို အလုပ္ကို လြယ္လြယ္ကူကူနဲ႔ မရတာေၾကာင့္လည္း ေနရပ္ျပန္ဖို႔ ဆံုးျဖတ္ခဲ့ၾကတာပါ။

ခန္႔မွန္းေျခ ျမန္မာႏုိင္ငံသား ၅ သိန္းခဲြေလာက္ အလုပ္လုပ္ကုိင္ေနတဲ့ မေလးရွားမွာ ကုိဗစ္ကပ္ေရာဂါကာလမွာ စားဝတ္ေနေရးနဲ႔ အလုပ္အကုိင္ အခက္အခဲေတြေၾကာင့့့္ ေနရပ္ျပန္ဖုိ႔ ျမန္မာသံ႐ုံးမွာ စာရင္းေပးသြင္းထားသူ ၁၀,၀၀၀ ေက်ာ္ရွိပါတယ္။

တိုက္႐ိုက္ လင့္ခ္

--------------------------

(Unicode)

မလေးရှားကနေ နောက်ထပ် မြန်မာ ၁၃၀ နီးပါး အိမ်ပြန်ခွင့်ရ

မလေးရှားနိုင်ငံကနေ မြန်မာနိုင်ငံသား နောက်ထပ် အယောက် ၁၃၀ နီးပါး ဒီကနေ့ နေရပ် မြန်မာနိုင်ငံကို ပြန်လာကြပါတယ်။ အပြည့်အစုံကို ထိုင်းအခြေစိုက် ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မအေးအေးမာ တင်ပြပေးထားပါတယ်။

ကိုဗစ်ကပ်ရောဂါကာလ မလေးရှားနိုင်ငံမှာ သောင်တင်နေသူတွေနဲ့ ထိန်းသိမ်းခံထားရသူ မြန်မာနိုင်ငံသားတွေကို သံရုံးအစီအစဉ်နဲ့ နေရပ်ပြန်ပို့နေရာမှာ အမျိုးသမီးတွေ အပါအဝင် အကျဉ်းကျပြီးသား လူ ၄၀ နီးပါး ပါဝင်ခဲ့တာပါ။ အခုနောက်ဆုံး နေရပ်ပြန်ခွင့်ရသူတွေထဲမှာတော့ လွတ်ရက်စေ့ပြီး ကျန်းမာရေးစစ်ဆေးနေလို့ တနှစ်နီးပါး ထိန်းသိမ်းရေးစခန်းမှာ နေရသူတွေနဲ့ ကပ်ရောဂါကာလအတွင်း ပိတ်မိနေသူ စုစုပေါင်း ၁၃၀ ခန့် ပါဝင်တယ်လို့ မလေးရှားအခြေစိုက် မြန်မာလူမှုကူညီရေးအသင်း ဥက္ကဋ္ဌ ဦးစန်းဝင်းက ပြောပါတယ်။

“ဒီနေ့ မြန်မာသံရုံးက စီစဉ်ပြီး ကယ်ဆယ်ရေးလေယာဉ်မှာ အကြောင်းအမျိုးမျိုးကြောင့် ထိန်းသိမ်းရေးစခန်းတွေထဲမှာ ဖမ်းဆီးခံရတဲ့ အကျဉ်းသား ၃၉ ဦး ပါပါတယ်။ ဒီထဲမှာ အမျိုးသမီးတွေကတော့ ၇ ဦးပါပါတယ်။ မြန်မာနိုင်ငံကိုပြန်တဲ့သူ အားလုံးစုစုပေါင်း ၁၃၀ ခန့် မြန်မာပြည်ပြန်ဖို့ ဒီနေ့ ညနေ ၃ နာရီလေယာဉ်နဲ့ စောင့်ဆိုင်းနေကြပါတယ်။”

မလေးရှားနိုင်ငံက လူဝင်မှုထိန်းသိမ်းရေးစခန်းတွေမှာ ဖမ်းဆီးထားတဲ့ မြန်မာနိုင်ငံသားတွေကို သံရုံးအစီအစဉ်နဲ့ ဒီလ ၁ ရက်နေ့က စတင်ပြီး နေရပ်ပြန်ပို့ပေးခဲ့တာ အခုဆိုရင် အယောက် ၁,၀၀၀ ကျော်သွားပါပြီ။

ကပ်ဘေးကာလမှာ နိုင်ငံတွင်း တရားမဝင် ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားတွေ အပါအဝင် နိုင်ငံခြားသားတွေ နေရပ်ပြန်ချင်တယ်ဆိုရင် သတ်မှတ်ထားတဲ့ ဒဏ်ကြေးငွေ ပေးဆောင်ပြီး နိုဝင်ဘာလ ၁၆ ရက်နေ့ကနေ ရှေ့နှစ် ဇွန်လ ၃၀ အတွင်း ပြန်နိုင်ကြောင်း မလေးရှား တာဝန်ရှိသူတွေက ခွင့်ပြုထားပါတယ်။ ဒီထဲမှာ လွတ်ရက်စေ့ အကျဉ်းသားတွေလည်း ပြန်ခွင့်ရပြီး သူတို့အနေနဲ့တော့ ဒဏ်ကြေးပေးဆောင်ရတာ မရှိပါဘူး။ ကပ်ရောဂါကာလကြီးအတွင်း လွတ်ရက်စေ့ပေမယ့် နေရပ်ပြန်ခွင့်မရလို့ အကျဉ်းထောင်ထဲမှာ တနှစ်နီးပါး နေထိုင်နေရသူတွေလည်း ပါတယ်လို့ ဦးစန်းဝင်းက ပြောပါတယ်။

“၆ လသမား၊ ၉ လ တနှစ် ကြန့်ကြာတဲ့သူတွေလည်း နေပါတယ်။ ကြန့်ကြာရတဲ့အကြောင်းက တချို့လူတွေက ကျန်းမာရေးစစ်ဆေးမှု ကြာမြင့်လို့ စောင့်ဆိုင်းရတယ်။ တချို့ကလည်း ကျန်းမာရေးမကောင်းလို့ ထပ်ပြီး စိစစ်ပြီးမှ ပြန်ရတယ်။ ကျန်းမာရေးကောင်းတဲ့သူတွေ မလေးရှား ထိန်းသိမ်းရေးစခန်းက အာဏာပိုင်တွေက စိစစ်လို့ ကျန်းမာတဲ့သူမှ ပြန်ရတယ်။ အဲဒီလို ကောင်းမွန်တဲ့သူမှသာ မြန်မာပြည်ကို ပြန်ပို့တာရှိပါတယ်။ ထိန်းသိမ်းရေးစခန်းမှာလည်း ကိုဗစ်ဖြစ်တာတွေ ရှိပါတယ်။ တရားဝင်တော့ မထုတ်ပြန်ပါဘူး။ ကျန်းမာရေးကိစ္စတွေကိုတော့ ထိန်းသိမ်းရေးစခန်းတွေမှာ တအားကို စစ်ဆေးနေပါတယ်၊ အခုနောက်ပိုင်းမှာပေါ့။”

မလေးရှားနိုင်ငံအစိုးရက ဒီလအတွင်းမှာပဲ လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေးစခန်း ၁၃ ခုမှာ ထိန်းသိမ်းထားတဲ့ ခန့်မှန်းခြေ နိုင်ငံခြားသား ၂၀,၀၀၀ လောက်ကိုလည်း လွတ်ရက်စေ့ရင် ဒဏ်ကြေးပေးပြီး တရားဝင် အလုပ်လုပ်နိုင်ကြောင်း ခွင့်ပြုထားပါတယ်။ ဒါပေမယ့် တရားမဝင် မြန်မာတွေ အနေနဲ့ကတော့ ကိုဗစ်ကပ်ဘေးကာလမှာ ဒဏ်ကြေး၊ ပါမစ်ကြေး စတဲ့ အခကြေးငွေတွေကို ချက်ချင်းပေးနိုင်ဖို့ အခက်အခဲတွေ ရင်ဆိုင်နေရသလို အလုပ်ကို လွယ်လွယ်ကူကူနဲ့ မရတာကြောင့်လည်း နေရပ်ပြန်ဖို့ ဆုံးဖြတ်ခဲ့ကြတာပါ။

ခန့်မှန်းခြေ မြန်မာနိုင်ငံသား ၅ သိန်းခွဲလောက် အလုပ်လုပ်ကိုင်နေတဲ့ မလေးရှားမှာ ကိုဗစ်ကပ်ရောဂါကာလမှာ စားဝတ်နေရေးနဲ့ အလုပ်အကိုင် အခက်အခဲတွေကြောင့် နေရပ်ပြန်ဖို့ မြန်မာသံရုံးမှာ စာရင်းပေးသွင်းထားသူ ၁၀,၀၀၀ ကျော်ရှိပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG