သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာ ၁၇၀ ေက်ာ္ မေလး႐ွားကေန ေနရပ္ျပန္ပို႔


ထိန္းသိမ္းေရးစခန္းက ျမန္မာေတြ ေနရပ္ျပန္ဖို့ ကြာလာလမ္ပူေလဆိပ္ကို ေရာက္ရွိေနတဲ့ ျမင္ကြင္း။ (ဓာတ္ပံု - ျမန္မာလူမူကူညီေရးအသင္း( မေလးရွား) - ႏိုဝင္ဘာ ၂၃၊၂၀၂၀)

[Zawgyi/Unicode]

မေလးရွားႏိုင္ငံမွာ မီးဖြားၿပီး အမ်ဳိးသမီးေတြနဲ႔ ကေလးေတြ အပါအ၀င္ ထိန္းသိမ္းခံထားရသူ ျမန္မာႏုိင္ငံသား ၅၀ နီးပါးနဲ႔ ကပ္ေရာဂါကာလ ေသာင္တင္ေနသူေတြ စုစုေပါင္း ၁၇၀ ေက်ာ္ကုိ ဒီေန႔ တနလၤာေန႔မွာပဲ ကယ္ဆယ္ေရးေလယာဥ္နဲ႔ ေနရပ္ျပန္ပုိ႔လုိက္တဲ့အေၾကာင္း ေျပာျပပါမယ္။ ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ မေအးေအးမာက သတင္းေပးပို႔ထားပါတယ္။

ကုိဗစ္ကပ္ေရာဂါကာလ မေလးရွားႏုိင္ငံမွာ ေသာင္တင္ေနသူေတြနဲ႔ ထိန္းသိမ္းခံထားရသူ ျမန္မာႏုိင္ငံသားေတြကုိ သံ႐ုံးအစီအစဥ္နဲ႔ ေနရပ္ျပန္ပုိ႔ေနရာမွာ အခုေနာက္ထပ္ မီးဖြားၿပီး အမ်ဳိးသမီးေတြနဲ႔ ကေလးေတြ အပါအ၀င္ လူ ၅၀ နီးပါး ပါ၀င္ခဲ့တာပါ။ အခုေနာက္ဆုံး ေနရပ္ျပန္ခြင့္ရသူေတြထဲမွာေတာ့ လြတ္ရက္ေစ့ အက်ဥ္းသားေတြနဲ႔ ကပ္ေရာဂါကာလ ေသာင္တင္ေနသူေတြ စုစုေပါင္း ၁၇၀ ေက်ာ္ ပါ၀င္တယ္လုိ႔လည္း မေလးရွားအေျခစုိက္ ျမန္မာလူမူကူညီေရးအသင္းဥကၠ႒ ဦးစန္း၀င္းက ေျပာပါတယ္။

"ကယ္ဆယ္ေရးေလယာဥ္နဲ့ ျမန္မာနိုင္ငံသားကုိ ျပန္ပုိ႔ဖို႔ စီစဥ္ခဲ့တယ္။ ျပန္ပုိ႔မယ့္အစီစဥ္ထဲမွာ က်န္းမာေရးမေကာင္းတဲ့သူေတြ ပတ္စ္ပို႔စ္ သက္တမ္းကုန္ဆံုးတဲ့ သူေတြ ကုိယ္၀န္ေဆာင္မိခင္ေတြ အဲဒီလို လူမ်ိဳးအားလံုး ၁၇၀ ေလာက္ပါသြားတယ္ အေၾကာင္းအမ်ိဳးမ်ိဳးေႀကာင့္ ဖမ္းဆီးခံရတဲ့ ထိန္းသိမ္းေရး စခန္းေတြက ကေလးငယ္ ၂ ဦး အပါအ၀င္ အမ်ိဳးသမီး၊ အမ်ိဳးသား ၄၇ ေယာက္ျပန္ပါတယ္။ လ်ွပ္စစ္အပုိပစၥည္း ထုတ္လုပ္တဲ့ စက္ရံုတည္ေထာင္ထားတဲ့ ဦးခင္ေမာင္ဦးနဲ႔ ျမန္မာလူမႈကူညီေရးအသင္းေတြက ထိန္းသိမ္းေရးစခန္းက ျပန္ၾကတဲ့လူေတြအတြက္ KFC အစားေသာက္မ်ား လွဴဒါန္းေပးခဲ့ပါတယ္။"

မေလးရွားႏုိင္ငံက လူ၀င္မႈ ထိန္းသိမ္းေရးစခန္းေတြမွာ ဖမ္းဆီးထားတဲ့ ျမန္မာႏုိင္ငံသားေတြကုိ သံ႐ုံးအစီအစဥ္နဲ႔ ဒီလထဲမွာပဲ စတင္ၿပီး ေနရပ္ျပန္ပုိ႔ေပးခဲ့တာ အခုဆုိရင္ ၁,၀၀၀ ေက်ာ္ သြားပါၿပီ။ ေနရပ္ျပန္ဖုိ႔ ေလယာဥ္စရိတ္ကုိေတာ့ လြတ္ရက္ေစ့တဲ့ အက်ဥ္းသားေတြက က်ခံၾကရတာပါ။

ကပ္ေဘးကာလမွာ ႏုိင္ငံတြင္း တရားမ၀င္ေရာက္ရွိေနတဲ့ ျမန္မာႏုိင္ငံသားေတြ အပါအ၀င္ ႏုိင္ငံျခားသားေတြ ေနရပ္ျပန္ခ်င္တယ္ဆုိရင္ သတ္မွတ္ထားတဲ့ ဒဏ္ေၾကးေငြ ေပးေဆာင္ၿပီး ႏုိ၀င္ဘာလ ၁၆ ရက္ေန႔ကေန ေရွ႕ႏွစ္ ဇြန္လ ၃၀ အတြင္း ျပန္ႏုိင္ေၾကာင္း မေလးရွား တာ၀န္ရွိသူေတြက ခြင့္ျပဳထားၿပီး တရားမ၀င္ ေနထုိင္သူေတြ ပုံမွန္ေပးေဆာင္ၾကရတဲ့ ဒဏ္ေၾကးအျဖစ္ မေလးရွား ရင္းဂစ္ေငြ ၃,၀၀၀ သတ္မွတ္ထားတာကုိ ၅၀၀ အထိလည္းေလွ်ာ့ေပးထားပါတယ္။

မေလးရွားႏိုင္ငံက လူ၀င္မႈႀကီးၾကပ္ေရး ထိန္းသိမ္းေရးစခန္း ၁၃ ခုမွာ ထိန္းသိမ္းထားတဲ့ ခန္႔မွန္းေျခ ႏိုင္ငံျခားသား ၂၀,၀၀၀ ေလာက္ကုိလည္း လြတ္ရက္ေစ့ရင္ ဒဏ္ေၾကးေပးျပီးတရား၀င္အလုပ္လုပ္ႏိုင္ေႀကာင္း ခြင့္ျပဳထားပါတယ္။ ဒါေပမဲ့ တရားမ၀င္ ျမန္မာေတြအေနနဲ့ကေတာ့ ကိုဗစ္ကပ္ေဘးကာလမွာ ဒဏ္ေႀကး ပါမစ္ေၾကး၊ လဲဗီးေၾကးစတဲ့ အခေၾကးေငြေတြကုိ ခ်က္ခ်င္းေပးႏိုင္ဖုိ႔ အခက္အခဲေတြ ရင္ဆုိင္ေနရသလို အလုပ္ကို လြယ္လြယ္ကူကူနဲ့မရတာေၾကာင့္လည္း ေနရပ္ျပန္ဖို႔ ဆံုးျဖတ္ၾကတယ္လို႔ အလုပ္သမားေရးလႈပ္ရွားသူေတြနဲ႔ အကူအညီေပးသူေတြက ေျပာပါတယ္။ မေလးရွားႏုိင္ငံမွာ ခန္႔မွန္းေျခ ျမန္မာႏုိင္ငံသား ၅၅၀,၀၀၀ ခဲြေလာက္အလုပ္လုပ္ကုိင္ေနျပီး ကုိဗစ္ကပ္ေရာဂါကာလမွာ စား၀တ္ေနေရးနဲ႔ အလုပ္အကုိင္ အခက္အခဲေတြေၾကာင့္ ေနရပ္ျပန္ဖုိ႔ ျမန္မာသံရံုးကုိ စာရင္းေပးသြင္းထားသူ ၁၀,၀၀၀ ေက်ာ္ရွိပါတယ္။

ျမန္မာ ၁၇၀ ေက်ာ္ မေလး႐ွားကေန ေနရပ္ျပန္ပို႔
please wait

No media source currently available

0:00 0:02:43 0:00
တိုက္႐ိုက္ လင့္ခ္

[Unicode Version]

မြန်မာ ၁၇၀ ကျော် မလေးရှားကနေ နေရပ်ပြန်ပို့

မလေးရှားနိုင်ငံမှာ မီးဖွားပြီး အမျိုးသမီးတွေနဲ့ ကလေးတွေ အပါအဝင် ထိန်းသိမ်းခံထားရသူ မြန်မာနိုင်ငံသား ၅၀ နီးပါးနဲ့ ကပ်ရောဂါကာလ သောင်တင်နေသူတွေ စုစုပေါင်း ၁၇၀ ကျော်ကို ဒီနေ့ တနင်္လာနေ့မှာပဲ ကယ်ဆယ်ရေးလေယာဉ်နဲ့ နေရပ်ပြန်ပို့လိုက်တဲ့အကြောင်း ပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ကိုဗစ်ကပ်ရောဂါကာလ မလေးရှားနိုင်ငံမှာ သောင်တင်နေသူတွေနဲ့ ထိန်းသိမ်းခံထားရသူ မြန်မာနိုင်ငံသားတွေကို သံရုံးအစီအစဉ်နဲ့ နေရပ်ပြန်ပို့နေရာမှာ အခုနောက်ထပ် မီးဖွားပြီး အမျိုးသမီးတွေနဲ့ ကလေးတွေ အပါအဝင် လူ ၅၀ နီးပါး ပါဝင်ခဲ့တာပါ။ အခုနောက်ဆုံး နေရပ်ပြန်ခွင့်ရသူတွေထဲမှာတော့ လွတ်ရက်စေ့ အကျဉ်းသားတွေနဲ့ ကပ်ရောဂါကာလ သောင်တင်နေသူတွေ စုစုပေါင်း ၁၇၀ ကျော် ပါဝင်တယ်လို့လည်း မလေးရှားအခြေစိုက် မြန်မာလူမူကူညီရေးအသင်းဥက္ကဋ္ဌ ဦးစန်းဝင်းက ပြောပါတယ်။

"ကယ်ဆယ်ရေးလေယာဉ်နဲ့ မြန်မာနိုင်ငံသားကို ပြန်ပို့ဖို့ စီစဉ်ခဲ့တယ်။ ပြန်ပို့မယ့်အစီစဉ်ထဲမှာ ကျန်းမာရေးမကောင်းတဲ့သူတွေ ပတ်စ်ပို့စ် သက်တမ်းကုန်ဆုံးတဲ့ သူတွေ ကိုယ်ဝန်ဆောင်မိခင်တွေ အဲဒီလို လူမျိုးအားလုံး ၁၇၀ လောက်ပါသွားတယ် အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးခံရတဲ့ ထိန်းသိမ်းရေး စခန်းတွေက ကလေးငယ် ၂ ဦး အပါအဝင် အမျိုးသမီး၊ အမျိုးသား ၄၇ ယောက်ပြန်ပါတယ်။ လျှပ်စစ်အပိုပစ္စည်း ထုတ်လုပ်တဲ့ စက်ရုံတည်ထောင်ထားတဲ့ ဦးခင်မောင်ဦးနဲ့ မြန်မာလူမှုကူညီရေးအသင်းတွေက ထိန်းသိမ်းရေးစခန်းက ပြန်ကြတဲ့လူတွေအတွက် KFC အစားသောက်များ လှူဒါန်းပေးခဲ့ပါတယ်။"

ထိန္းသိမ္းေရးစခန္းက ျမန္မာေတြ ေနရပ္ျပန္ဖို့ ကြာလာလမ္ပူေလဆိပ္ကို ေရာက္ရွိေနတဲ့ ျမင္ကြင္း။ (ဓာတ္ပံု - ျမန္မာလူမူကူညီေရးအသင္း( မေလးရွား) - ႏိုဝင္ဘာ ၂၃၊၂၀၂၀)
ထိန္းသိမ္းေရးစခန္းက ျမန္မာေတြ ေနရပ္ျပန္ဖို့ ကြာလာလမ္ပူေလဆိပ္ကို ေရာက္ရွိေနတဲ့ ျမင္ကြင္း။ (ဓာတ္ပံု - ျမန္မာလူမူကူညီေရးအသင္း( မေလးရွား) - ႏိုဝင္ဘာ ၂၃၊၂၀၂၀)

မလေးရှားနိုင်ငံက လူဝင်မှု ထိန်းသိမ်းရေးစခန်းတွေမှာ ဖမ်းဆီးထားတဲ့ မြန်မာနိုင်ငံသားတွေကို သံရုံးအစီအစဉ်နဲ့ ဒီလထဲမှာပဲ စတင်ပြီး နေရပ်ပြန်ပို့ပေးခဲ့တာ အခုဆိုရင် ၁,၀၀၀ ကျော် သွားပါပြီ။ နေရပ်ပြန်ဖို့ လေယာဉ်စရိတ်ကိုတော့ လွတ်ရက်စေ့တဲ့ အကျဉ်းသားတွေက ကျခံကြရတာပါ။

ကပ်ဘေးကာလမှာ နိုင်ငံတွင်း တရားမဝင်ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားတွေ အပါအဝင် နိုင်ငံခြားသားတွေ နေရပ်ပြန်ချင်တယ်ဆိုရင် သတ်မှတ်ထားတဲ့ ဒဏ်ကြေးငွေ ပေးဆောင်ပြီး နိုဝင်ဘာလ ၁၆ ရက်နေ့ကနေ ရှေ့နှစ် ဇွန်လ ၃၀ အတွင်း ပြန်နိုင်ကြောင်း မလေးရှား တာဝန်ရှိသူတွေက ခွင့်ပြုထားပြီး တရားမဝင် နေထိုင်သူတွေ ပုံမှန်ပေးဆောင်ကြရတဲ့ ဒဏ်ကြေးအဖြစ် မလေးရှား ရင်းဂစ်ငွေ ၃,၀၀၀ သတ်မှတ်ထားတာကို ၅၀၀ အထိလည်းလျှော့ပေးထားပါတယ်။

မလေးရှားနိုင်ငံက လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေးစခန်း ၁၃ ခုမှာ ထိန်းသိမ်းထားတဲ့ ခန့်မှန်းခြေ နိုင်ငံခြားသား ၂၀,၀၀၀ လောက်ကိုလည်း လွတ်ရက်စေ့ရင် ဒဏ်ကြေးပေးပြီးတရားဝင်အလုပ်လုပ်နိုင်ကြောင်း ခွင့်ပြုထားပါတယ်။ ဒါပေမဲ့ တရားမဝင် မြန်မာတွေအနေနဲ့ကတော့ ကိုဗစ်ကပ်ဘေးကာလမှာ ဒဏ်ကြေး ပါမစ်ကြေး၊ လဲဗီးကြေးစတဲ့ အခကြေးငွေတွေကို ချက်ချင်းပေးနိုင်ဖို့ အခက်အခဲတွေ ရင်ဆိုင်နေရသလို အလုပ်ကို လွယ်လွယ်ကူကူနဲ့မရတာကြောင့်လည်း နေရပ်ပြန်ဖို့ ဆုံးဖြတ်ကြတယ်လို့ အလုပ်သမားရေးလှုပ်ရှားသူတွေနဲ့ အကူအညီပေးသူတွေက ပြောပါတယ်။ မလေးရှားနိုင်ငံမှာ ခန့်မှန်းခြေ မြန်မာနိုင်ငံသား ၅၅၀,၀၀၀ ခွဲလောက်အလုပ်လုပ်ကိုင်နေပြီး ကိုဗစ်ကပ်ရောဂါကာလမှာ စားဝတ်နေရေးနဲ့ အလုပ်အကိုင် အခက်အခဲတွေကြောင့် နေရပ်ပြန်ဖို့ မြန်မာသံရုံးကို စာရင်းပေးသွင်းထားသူ ၁၀,၀၀၀ ကျော်ရှိပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG