သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မလေးရှားက တရားမဝင်တွေပြန်ဖို့ ဒဏ်ကြေးလေ ျှာ့ပေမယ့် မြန်မာတွေ အခက်ကြုံရဆဲ


မလေးရှားမှာ ထိန်းသိမ်းခံရသည့်မြန်မာများနေရပ်ပြန်မြင်ကွင်း (နိုဝင်ဘာလ ၁၇၊ ၂ဝ၂ဝ)
မလေးရှားမှာ ထိန်းသိမ်းခံရသည့်မြန်မာများနေရပ်ပြန်မြင်ကွင်း (နိုဝင်ဘာလ ၁၇၊ ၂ဝ၂ဝ)

{{Zawgyi/Unicode}}

ကိုဗစ်ကပ်ဘေးကာလ မလေးရှားနိုင်ငံမှာ တရားမဝင် ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားတွေ အပါအဝင် နိုင်ငံခြားသားတွေ နေရပ်ပြန်ဖို့အတွက် လူဝင်မှုကြီးကြပ်ရေးမှာ ပေးဆောင်ရတဲ့ ဒဏ်ကြေးငွေကို မလေးရှားအာဏာပိုင်တွေက လျှော့ပေါ့သတ်မှတ်လိုက်တဲ့အကြောင်း မအေးအေးမာ က ပြောပြထားပါတယ်။

ကပ်ဘေးကာလမှာ နိုင်ငံတွင်း တရားမဝင်ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားတွေ အပါအဝင် နိုင်ငံခြားသားတွေ နေရပ်ပြန်ချင်တယ်ဆိုရင် သတ်မှတ်ထားတဲ့ ဒဏ်ကြေးငွေ ပေးဆောင်ပြီး နိုဝင်ဘာလ ၁၆ ရက်နေ့ကနေ ရှေ့နှစ် ဇွန်လ ၃၀ အတွင်း ပြန်နိုင်ကြောင်း မလေးရှား တာဝန်ရှိသူတွေက ခွင့်ပြုလိုက်ပြီးနောက် အခုနောက်ထပ် ဒဏ်ကြေးငွေကိုလည်း လျှော့ပေးလိုက်တာပါ။ တရားမဝင် နေထိုင်သူတွေ ပုံမှန်ပေးဆောင်ကြရတဲ့ ဒဏ်ကြေးအဖြစ် မလေးရှား ရင်းဂစ်ငွေ ၃ ထောင် သတ်မှတ်ထားတာကို အခုအခါ ၅၀၀ အထိ လျှော့ပေးလိုက်တာလို့လည်း မလေးရှားနိုင်ငံအခြေစိုက် အလုပ်အကိုင်ရရှိရေး အကျိုးဆောင်လုပ်ငန်းက ဦးသန်းထွန်းက ပြောပါတယ်။

"ရင်းဂစ်၃၀၀၀ကနေ ဒဏ်ငွေ နဲ့Special Pass ဖိုးဗီဇာဖိုးတွေအားလုံးကို ရင်းဂစ်ကို ဒဏ်ငွေ ၅၀၀သတ်မှတ်တယ် မလေးရှားအစိုးရကပေါ့ ။ အရင်တုန်းက ရင်းဂစ် ၃၀၀၀ သတ်မှတ်တုန်းက ဘယ်သူမှမပြန်နိုင်ကြဘူး။ ပထမဦးဆုံး ပတ်စပို့တွေသက်ဆိုင်တဲ့နိုင်ငံပတ်စပို့တွေ သက်တမ်းရှိတဲ့ပတ်စပို့တွေ ပတ်စပို့မရှိသူတွေက နိုင်ငံသားထောက်ခံချက် စီအိုင်ပေါ့ အွန်လိုင်းကနေရက်ချိန်းယူရမယ် ။ ရက်ချိန်းရခဲ့ရင်ကိုဗစ်စစ်ဆေးချက်အပါအဝင်ဆေးစစ်ချက် သက်တမ်းရှိတဲ့ပတ်စပို့ရယ် ဒဏ်ငွေ ၅၀၀(ကွန်ပေါင်း ၅၀၀)နဲ့ လဝကရုံးမှာလက်ဗွေသွားနှိပ့်ရမယ်။ ကိုယ်တိုင်သွားနှိပ့်ရမယ်။ လက်ဗွေနှိပ်တဲ့အခါ လေယာဉ်လက်မှတ်လည်းပါရမယ် ၁၄ရက်အတွင်းမကျော်စေရဘူး လေယာဉ်လက်မှတ်ပါပါရမယ်ပြရမယ်"။

ဒဏ်ကြေးငွေ လျှော့ပေးလိုက်ပေမဲ့ နေရပ်ပြန်မယ့် မြန်မာနိုင်ငံသားတွေ အနေနဲ့ လေယာဉ်စရိတ်နဲ့ ဆေးစစ်ရာမှာ ကုန်ကျစရိတ်တွေကို ပေးရမှာဖြစ်တယ်လို့လည်း ပြောပါတယ်။ မလေးရှားအာဏာပိုင်တွေက ဒဏ်ကြေးငွေ လျှော့ပေးလိုက်တဲ့အတွက် နေရပ်ပြန်မယ့်သူတွေ အကုန်အကျ သက်သာမှာဖြစ်ပေမဲ့ မြန်မာနိုင်ငံသားတွေ သာမက တခြားမလေးရှားရောက် နိုင်ငံခြားသားတွေ အများအပြား နေရပ်ပြန်ဖို့ ကြိုးပမ်းနေကြတာကြောင့် လက်တွေ့မှာ အခက်အခဲနဲ့ ကြန့်ကြာမှုတွေ ရှိနိုင်တယ်လို့လည်း ဦးသန်းထွန်းက ပြောပြပါတယ်။

"အွန်လိုင်းကနေရက်ချိန်းယူရမယ် ။ မြန်မာနိုင်ငံတနိုင်ငံထဲလည်းမဟုတ်ဘူး နိုင်ငံပေါင်းစုံကဆိုတော့ အဲဒီမှာကြန့်ကြာမူရှိလိမ့်မယ် ။ လေယာဉ်လက်မှတ်ရဖို့ကလည်းသံရုံးမှာက ပြန်ဖို့ကမှတ်ပုံတင်ထားတဲ့ သူက လေးငါးခြောက်ထောင်ဆိုတော့ ချက်ချင်းလျောက်ပြီး ချက်ချင်းရဖို့လည်းမလွယ်ဘူး ကြန့်ကြာမယ့်သဘောရှိတယ်။ ပြန်ဖို့ကလည်း ကယ်ဆယ်ရေးလေယာဉ်တွေပဲရှိတယ်ဆိုတော့ ဒီတော့အခက်အခဲတွေကတော့ရှိနေမှာပါ"

မလေးရှားနိုင်ငံမှာ ခန့်မှန်းခြေ မြန်မာနိုင်ငံသား ၅သိန်းခွဲလောက်ရှိနေပြီး ကိုဗစ်ကပ်ရောဂါ ကာလမှာ စားဝတ်နေရေးနဲ့ အလုပ်အကိုင် အခက်အခဲတွေကြောင့် ကိုယ့်ကိုယ်ကို အဆုံးစီရင်သူတချို့ ရှိခဲ့သလို တရားဝင်ရော၊ တရားမဝင်ပါ နေရပ်ပြန်ဖို့ ကြိုးစားသူတွေလည်း ရှိပါတယ်။ အခက်အခဲတွေကြား နေရပ်ပြန်ဖို့ မြန်မာသံရုံးကို စာရင်းပေးသွင်းထားသူ တသောင်းကျော်ရှိနေပြီး မကြာသေးခင်ကစလို့ ထိန်းသိမ်းရေး စခန်းကလူတချို့ကို ပြန်ပို့ပေးခဲ့တာလည်း ရှိပါတယ်။

................................

တိုက်ရိုက် လင့်ခ်


{{Unicode}}







XS
SM
MD
LG