သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

မေလးရွားမွာ တရားဝင္ျမန္မာလုပ္သားတစ္ဦး ကိုယ့္ကိုယ္ကို အဆံုးစီရင္


၂၀၂၀ ခုႏွစ္၊ ဇြန္လ ၁၈ ရက္ေန႔ ညက ႀကိဳးဆဲြခ် ေသဆံုးသူျမန္မာလူငယ္ကုိ မေလးအာဏာပုိင္ေတြနဲ့ ျမန္မာလူမူကူညီေရးအဖဲြ႔က သယ္ေဆာင္ေနတဲ့ ျမင္ကြင္း။ (ဇြန္ ၁၈၊ ၂၀၂၀)

[Zawgyi/Unicode]

ကုိဗစ္ကပ္ေရာဂါ ကူးစက္မႈေတြ တေက်ာ့ျပန္ ႀကံဳေနတဲ့ မေလးရွားႏိုင္ငံမွာ ျမန္မာႏုိင္ငံသားတဦး ကုိယ့္ကုိယ္ကုိ အဆုံးစီရင္သြားတာေၾကာင့္ အခုဆုိရင္ ကုိယ့္ကုိယ္ကုိအဆုံးစီရင္တဲ့ ျမန္မာႏုိင္ငံသား ၁၈ ေယာက္အထိ ရွိသြားၿပီ ျဖစ္တဲ့အေၾကာင္း ေျပာျပပါမယ္။ ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ မေအးေအးမာက ေျပာျပေပးပါမယ္။

မေလးရွားႏိုင္ငံမွာ ကပ္ေရာဂါကာလ ကန္႔သတ္မႈေတြၾကား အလုပ္အကုိင္နဲ႔ စား၀တ္ေနေရး အခက္အခဲႀကဳံေနရတဲ့ ျမန္မာႏိုင္ငံသားေတြ ေနရပ္ျပန္ခ်င္ေပမဲ့ မျပန္ႏုိင္ဘဲ ျဖစ္ေနသူေတြ၊ ဖမ္းဆီးခံရသူေတြ ရွိေနသလုိ ကုိယ့္ကုိယ္ကုိ အဆုံးစီရင္သူေတြလည္း ရွိေနတာပါ။ အခုေနာက္ထပ္လည္း ပီနန္ၿမိဳ႕မွာ အသက္ ၂၅ ႏွစ္အရြယ္ ျမန္မာႏုိင္ငံသား အမ်ဳိးသားတဦး အဆုံးစီရင္သြားတာေၾကာင့္ ကပ္ေရာဂါကာလမွာ ကိုယ့္ကုိယ္ကုိ အဆုံးစီရင္သြားတဲ့ ျမန္မာႏုိင္ငံသား ၁၈ ေယာက္ ရွိေနပါၿပီ။ တနလၤာေန႔တုန္းက ေသဆုံးမႈျဖစ္စဥ္နဲ႔ ပတ္သက္လုိ႔ တိတိက်က် သိႏုိင္ေအာင္ စုံစမ္းေနၿပီး၊ စ်ာပနအတြက္ စီစဥ္ေနတယ္လုိ႔လည္း မေလးရွားႏုိင္ငံဆုိင္ရာ ျမန္မာသံ႐ုံးက အလုပ္သမားသံအရာရွိ ဦးေအာင္ေဇာ္မင္းကေျပာပါတယ္။

"ခုန္ခ်သြားတာပဲ တိုက္ေပၚက ခုန္ခ်သြားတာပဲ သံုးသပ္ရရင္ေတာ့ ကုိယ့္ဘာ့သာသတ္ေသသြားတဲ့သေဘာေပါ့။ ပီနန္းဘက္ကပါ တရား၀င္အလုပ္သမားပါပဲ။ ေလာေလာဆယ္ သျဂိဳၤလ္ဖို႔ လုပ္တဲ့ကိစၥကုိ စီစဥ္ေနတုန္းပါပဲ။ ေလာေလာဆယ္ ျဖစ္တဲ့ျပႆနာကိုေတာ့ လိုက္ေနတုန္းပဲ အဲဒီဘက္ကသူသူငယ္ခ်င္းေတြကိုေတာ့ စံုစမ္းေနတုန္းပါပဲ။ ဘာေၾကာင့္ျဖစ္တယ္လိုိဆိုတာကိုေပါ့။"

ခန႔္မွန္းေျခ ျမန္မာႏိုင္ငံသား ၅၅၀,၀၀၀ ေလာက္ အလုပ္လုပ္ကိုင္ေနတဲ့ မေလးရွားႏိုင္ငံမွာ ကပ္ေရာဂါကာလ ကန႔္သတ္ခ်က္ေတြေၾကာင့္ အလုပ္အကိုင္နဲ႔ စားဝတ္ေနေရး အခက္အခဲ ႀကံဳေနၾကရတဲ့ ျမန္မာအလုပ္သမားေတြ တရား၀င္ေရာ၊ တရားမ၀င္ နည္းလမ္းေတြနဲ႔ပါ ေနရပ္ျပန္ဖို႔ ႀကိဳးစားသူေတြ ရွိေနသလုိ ကုိယ့္ကုိယ္ကုိ အဆုံးစီရင္သူတခ်ဳိ႕လည္း ရွိေနတာပါ။ တနလၤာေန႔တုန္းက ေသဆုံးသြားတဲ့ ျမန္မာအလုပ္သမားဟာ ၃ ထပ္တိုက္တလုံးေပၚကေန ခုန္ခ်အဆုံးစီရင္သြားတာလုိ႔လည္း နီးစပ္သူေတြ ေျပာပါတယ္။ ဒါေပမဲ့လည္း အဆုံးစီရင္သြားတဲ့ အေၾကာင္းရင္းကုိေတာ့ ရွင္းရွင္းလင္းလင္း မသိရဘူးလုိ႔လည္း မေလးရွားႏုိင္ငံအေျခစုိက္ ဒါနကုသလ နာေရးကူညီမႈအသင္းဥကၠ႒ ကိုရဲမင္းထြန္းကေျပာပါတယ္။

"ဘာျဖစ္လုိ႔လဲဆိုေတာ့ သူဘာ့သာခုန္ခ်တာပဲ မိမိကုိယ္ကုိ အဆံုးစီရင္တာပဲ။ က်န္တာေတာ့ဘာမွမသိရဘူး။ ျမန္မာျပည္ထဲက သူ့မိသားစုေတြကေတာ့ အကုန္သိကုန္ပါျပီ။"

ကပ္ေရာဂါကာလ အခက္အခဲေတြၾကား ေနရပ္ျပန္ခ်င္ေနၾကတဲ့ ျမန္မာႏုိင္ငံသားေတြကုိေတာ့ ျမန္မာသံ႐ုံးက ကူညီေနတာေတြလည္း ရွိပါတယ္။ ေနရပ္ျပန္ဖုိ႔ ျမန္မာသံ႐ုံးကုိ အေၾကာင္းၾကားထားတဲ့ အထဲက တရားမ၀င္ေနထုိင္ေနသူ ျမန္မာႏုိင္ငံသား ၁၀၀ ေလာက္ကေတာ့ ၿပီးခဲ့တဲ့ တပတ္ထဲမွာပဲ ေနရပ္ျပန္ခြင့္ ရခဲ့ၾကတာပါ။ မေလးရွားႏုိင္ငံက လူ၀င္မႈႀကီးၾကပ္ေရး ထိန္းသိမ္းေရး စခန္းေတြမွာ ဖမ္းဆီးခံထားရၿပီး ေနရပ္ျပန္ဖုိ႔ အကူအညီေတာင္းထားသူ ၃,၀၀၀ ေလာက္ကုိလည္း ျမန္မာသံ႐ုံးက စိစစ္ေနၿပီး ေနရပ္ျပန္ခြင့္ရသူကေတာ့ ၁၀၀ ေလာက္ ရွိေနပါၿပီ။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

မလေးရှားမှာ တရားဝင်မြန်မာလုပ်သားတစ်ဦး ကိုယ့်ကိုယ်ကို အဆုံးစီရင်

ကိုဗစ်ကပ်ရောဂါ ကူးစက်မှုတွေ တကျော့ပြန် ကြုံနေတဲ့ မလေးရှားနိုင်ငံမှာ မြန်မာနိုင်ငံသားတဦး ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားတာကြောင့် အခုဆိုရင် ကိုယ့်ကိုယ်ကိုအဆုံးစီရင်တဲ့ မြန်မာနိုင်ငံသား ၁၈ ယောက်အထိ ရှိသွားပြီ ဖြစ်တဲ့အကြောင်း ပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မအေးအေးမာက ပြောပြပေးပါမယ်။

မလေးရှားနိုင်ငံမှာ ကပ်ရောဂါကာလ ကန့်သတ်မှုတွေကြား အလုပ်အကိုင်နဲ့ စားဝတ်နေရေး အခက်အခဲကြုံနေရတဲ့ မြန်မာနိုင်ငံသားတွေ နေရပ်ပြန်ချင်ပေမဲ့ မပြန်နိုင်ဘဲ ဖြစ်နေသူတွေ၊ ဖမ်းဆီးခံရသူတွေ ရှိနေသလို ကိုယ့်ကိုယ်ကို အဆုံးစီရင်သူတွေလည်း ရှိနေတာပါ။ အခုနောက်ထပ်လည်း ပီနန်မြို့မှာ အသက် ၂၅ နှစ်အရွယ် မြန်မာနိုင်ငံသား အမျိုးသားတဦး အဆုံးစီရင်သွားတာကြောင့် ကပ်ရောဂါကာလမှာ ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားတဲ့ မြန်မာနိုင်ငံသား ၁၈ ယောက် ရှိနေပါပြီ။ တနင်္လာနေ့တုန်းက သေဆုံးမှုဖြစ်စဉ်နဲ့ ပတ်သက်လို့ တိတိကျကျ သိနိုင်အောင် စုံစမ်းနေပြီး၊ ဈာပနအတွက် စီစဉ်နေတယ်လို့လည်း မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးက အလုပ်သမားသံအရာရှိ ဦးအောင်ဇော်မင်းကပြောပါတယ်။

"ခုန်ချသွားတာပဲ တိုက်ပေါ်က ခုန်ချသွားတာပဲ သုံးသပ်ရရင်တော့ ကိုယ့်ဘာ့သာသတ်သေသွားတဲ့သဘောပေါ့။ ပီနန်းဘက်ကပါ တရားဝင်အလုပ်သမားပါပဲ။ လောလောဆယ် သဂြိုၤလ်ဖို့ လုပ်တဲ့ကိစ္စကို စီစဉ်နေတုန်းပါပဲ။ လောလောဆယ် ဖြစ်တဲ့ပြဿနာကိုတော့ လိုက်နေတုန်းပဲ အဲဒီဘက်ကသူသူငယ်ချင်းတွေကိုတော့ စုံစမ်းနေတုန်းပါပဲ။ ဘာကြောင့်ဖြစ်တယ်လိုဆိုတာကိုပေါ့။"

ခန့်မှန်းခြေ မြန်မာနိုင်ငံသား ၅၅၀,၀၀၀ လောက် အလုပ်လုပ်ကိုင်နေတဲ့ မလေးရှားနိုင်ငံမှာ ကပ်ရောဂါကာလ ကန့်သတ်ချက်တွေကြောင့် အလုပ်အကိုင်နဲ့ စားဝတ်နေရေး အခက်အခဲ ကြုံနေကြရတဲ့ မြန်မာအလုပ်သမားတွေ တရားဝင်ရော၊ တရားမဝင် နည်းလမ်းတွေနဲ့ပါ နေရပ်ပြန်ဖို့ ကြိုးစားသူတွေ ရှိနေသလို ကိုယ့်ကိုယ်ကို အဆုံးစီရင်သူတချို့လည်း ရှိနေတာပါ။ တနင်္လာနေ့တုန်းက သေဆုံးသွားတဲ့ မြန်မာအလုပ်သမားဟာ ၃ ထပ်တိုက်တလုံးပေါ်ကနေ ခုန်ချအဆုံးစီရင်သွားတာလို့လည်း နီးစပ်သူတွေ ပြောပါတယ်။ ဒါပေမဲ့လည်း အဆုံးစီရင်သွားတဲ့ အကြောင်းရင်းကိုတော့ ရှင်းရှင်းလင်းလင်း မသိရဘူးလို့လည်း မလေးရှားနိုင်ငံအခြေစိုက် ဒါနကုသလ နာရေးကူညီမှုအသင်းဥက္ကဋ္ဌ ကိုရဲမင်းထွန်းကပြောပါတယ်။

"ဘာဖြစ်လို့လဲဆိုတော့ သူဘာ့သာခုန်ချတာပဲ မိမိကိုယ်ကို အဆုံးစီရင်တာပဲ။ ကျန်တာတော့ဘာမှမသိရဘူး။ မြန်မာပြည်ထဲက သူ့မိသားစုတွေကတော့ အကုန်သိကုန်ပါပြီ။"

ကပ်ရောဂါကာလ အခက်အခဲတွေကြား နေရပ်ပြန်ချင်နေကြတဲ့ မြန်မာနိုင်ငံသားတွေကိုတော့ မြန်မာသံရုံးက ကူညီနေတာတွေလည်း ရှိပါတယ်။ နေရပ်ပြန်ဖို့ မြန်မာသံရုံးကို အကြောင်းကြားထားတဲ့ အထဲက တရားမဝင်နေထိုင်နေသူ မြန်မာနိုင်ငံသား ၁၀၀ လောက်ကတော့ ပြီးခဲ့တဲ့ တပတ်ထဲမှာပဲ နေရပ်ပြန်ခွင့် ရခဲ့ကြတာပါ။ မလေးရှားနိုင်ငံက လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေး စခန်းတွေမှာ ဖမ်းဆီးခံထားရပြီး နေရပ်ပြန်ဖို့ အကူအညီတောင်းထားသူ ၃,၀၀၀ လောက်ကိုလည်း မြန်မာသံရုံးက စိစစ်နေပြီး နေရပ်ပြန်ခွင့်ရသူကတော့ ၁၀၀ လောက် ရှိနေပါပြီ။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG