သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

မေလးရွားနဲ႔ ထိုင္းေရာက္ ျမန္မာမဲဆႏၵရွင္ေတြထဲ မဲမေပးႏုိင္သူေတြရွိ


ေအာက္တိုဘာလ ၉ ရက္ေန႔က မေလးရွားႏုိင္ငံမွာ ၂၀၂၀ ေရြးေကာက္ပဲြအတြက္ႀကိဳတင္မဲေပးတဲ့ျမင္ကြင္း။ (ဓာတ္ပံု -ျမန္မာလူမူကူညီေရးအသင္း (မေလးရွား) - ေအာက္တိုဘာ ၀၉၊ ၂၀၂၀)

[Zawgyi/Unicode]

ေရွ႕လထဲ က်င္းပမယ့္ ေရြးေကာက္ပဲြအတြက္ အာရွႏုိင္ငံတခ်ဳိ႕မွာ ျပည္ပေရာက္ ျမန္မာႏုိင္ငံသားေတြ ႀကိဳတင္မဲေပးတဲ့ အစီအစဥ္ေတြ မၾကာခင္ အဆုံးသတ္ေတာ့မွာ ျဖစ္ေပမဲ့ မဲမေပးႏုိင္တဲ့သူေတြလည္း ရွိေနတဲ့အေၾကာင္း ေျပာျပပါမယ္။ ဗီြအိုေအျမန္မာပိုင္း သတင္းေထာက္ မေအးေအးမာက သတင္းေပးပို႔ထားပါတယ္။

ႏုိ၀င္ဘာလ ေရြးေကာက္ပဲြအတြက္ ျပည္ပေရာက္ ျမန္မာႏုိင္ငံသားေတြ မဲေပးၾကဖုိ႔ သက္ဆုိင္ရာသံ႐ုံးေတြက ႏႈိးေဆာ္ထားေပမဲ့ ကပ္ေရာဂါကာလ သြားလာလႈပ္ရွားမႈေတြကုိ ကန္႔သတ္ထားတဲ့ၾကားမွာ မဲ မေပးႏုိင္တဲ့သူေတြလည္း ရွိေနပါတယ္။ ၿပီးခဲ့တဲ့ ေသာၾကာေန႔ကစ ႀကိဳတင္မဲေပးခြင့္ျပဳထားတဲ့ မေလးရွားႏုိင္ငံမွာလည္း မဲေပးဖုိ႔ စာရင္းေပးထားသူ ၆,၂၀၀ ေလာက္ ရွိေပမဲ့ အားလုံးမဲ မေပးႏုိင္ၾကေသးပါဘူး။ ႀကိဳတင္မဲေပးဖုိ႔ ဒီေန႔အထိ ေနာက္ထပ္ ၃ ရက္ထပ္တုိးေပးထားေပမဲ့ ေနာက္ဆုံးရက္ေတြမွာ ဆယ္ဂဏန္းေလာက္သာ မဲေပးဖုိ႔ ေရာက္လာၾကတယ္လုိ႔လည္း မေလးရွားးႏိုင္ငံ ကြာလာလမ္ပူၿမိဳ႕ ျမန္မာသံရံုးက အလုပ္သမားသံအရာရွိ ဦးေအာင္ေဇာ္မင္းက ေျပာပါတယ္။

"ေနာက္ဆံုးစာရင္း ရပါတယ္။ ၃,၈၈၆ ရပါတယ္။ ၁၆ ေယာက္ဦးပဲ ထပ္လာတဲ့သေဘာ သံုးပံု ၂ ပံုေပါ့ လာေပးၾကတယ္။ ၆,၂၀၀ မွာ ၄,၀၀၀ နီးပါးေလာက္ပဲ မဲလာေပးတယ္ဆိုေတာ့ ၃ ပံု ၂ ပံုေလာက္ေတာ့ မဲလာေပးၾကတဲ့ သေဘာေပါ့ေနာ္။"

ျမန္မာႏုိင္ငံသား အမ်ားစုရွိတဲ့ ထုိင္းႏိုင္ငံမွာလည္း ႀကိဳတင္မဲေပးဖို႔ စာရင္းေပးထားသူ ၃၀,၀၀၀ ေက်ာ္ရွိေပမဲ့ အားလုံးမဲေပးႏုိင္မယ့္ အေျခအေနမွာ မရွိၾကပါဘူး။ ထုိင္းႏုိင္ငံ ျမန္မာသံ႐ုံးမွာ ဒီလေအာက္တိုဘာလ ၃ ရက္ေန႔ကေန ေအာက္တိုဘာလ ၁၈ ရက္ေန႔အထိ ႀကိဳတင္မဲေပးဖုိ႔ ရက္သတ္မွတ္ထားေပမဲ့ အခုအခ်ိန္အထိ စာရင္းေပးထားသူေတြထဲက ထက္၀က္ေလာက္သာ မဲေပးခဲ့ၾကတယ္လုိ႔လည္း ျမန္မာႏုိင္ငံသားေတြ မဲေပးႏုိင္ေအာင္ ကူညီေပးေနတဲ့ ဘန္ေကာက္ျမိဳ႕က မရီရီဦးကေျပာပါတယ္။

"၃ ရက္ေန႔က ၁၅ ရက္ေန႔ထိ ၁၅,၁၁၇ ေယာက္ပဲ ရွိေသးတယ္။ မဲေပးမယ့္သူေတြ တကယ္ေပးရမယ့္သူက ၃၇,၀၀၀ ေက်ာ္ရွိ ရမွာ ဒီ ၃ ရက္အတြင္း လာမလာေတာ့ မသိဘူးေပ့ါေနာ္။ ၁၀,၀၀၀ ေက်ာ္ေလာက္က ဒီ ၂ ရက္ေလာက္အတြင္း လာပါ့မလားေတာ့မသိဘူး။"

စကၤာပူႏုိင္ငံမွာေတာ့ အလုပ္ရွင္က ခြင့္မျပဳလို႔ အေဆာင္ေန မဲေပးဖို႔ က်န္ေနတဲ့အလုပ္သမား ၃၀၀ ေက်ာ္အတြက္ေတာ့ ေအာက္တုိဘာလ ၁၈ ေန႔မွာ မဲေပးႏုိင္ဖို႔ စီစဥ္ထားေၾကာင္း ျမန္မာသံရံုးက ေၾကျငာခ်က္ထုတ္ျပန္ထားပါတယ္။

ျပည္ပေရာက္ ျမန္မာႏုိင္ငံသားေတြ ႀကိဳတင္မဲေပးတဲ့ အစီအစဥ္ေတြကုိေတာ့ ထုိင္း၊ စကၤာပူနဲ႔ ေတာင္ကိုရီးယား အပါအ၀င္ အာရွႏိုင္ငံေတြမွာ ဒီလဆန္းကပဲ စတင္ခဲ့သလုိ၊ အေမရိကန္ျပည္ေထာင္စုမွာလည္း ၿပီးခဲ့တဲ့ သီတင္းပတ္ကစ ႀကိဳတင္မဲေပးခြင့္ ရခဲ့ၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

မလေးရှားနဲ့ထိုင်းရောက် မြန်မာမဲဆန္ဒရှင်တွေထဲ မဲမပေးနိုင်သူတွေရှိ

ရှေ့လထဲ ကျင်းပမယ့် ရွေးကောက်ပွဲအတွက် အာရှနိုင်ငံတချို့မှာ ပြည်ပရောက် မြန်မာနိုင်ငံသားတွေ ကြိုတင်မဲပေးတဲ့ အစီအစဉ်တွေ မကြာခင် အဆုံးသတ်တော့မှာ ဖြစ်ပေမဲ့ မဲမပေးနိုင်တဲ့သူတွေလည်း ရှိနေတဲ့အကြောင်း ပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

နိုဝင်ဘာလ ရွေးကောက်ပွဲအတွက် ပြည်ပရောက် မြန်မာနိုင်ငံသားတွေ မဲပေးကြဖို့ သက်ဆိုင်ရာသံရုံးတွေက နှိုးဆော်ထားပေမဲ့ ကပ်ရောဂါကာလ သွားလာလှုပ်ရှားမှုတွေကို ကန့်သတ်ထားတဲ့ကြားမှာ မဲ မပေးနိုင်တဲ့သူတွေလည်း ရှိနေပါတယ်။ ပြီးခဲ့တဲ့ သောကြာနေ့ကစ ကြိုတင်မဲပေးခွင့်ပြုထားတဲ့ မလေးရှားနိုင်ငံမှာလည်း မဲပေးဖို့ စာရင်းပေးထားသူ ၆,၂၀၀ လောက် ရှိပေမဲ့ အားလုံးမဲ မပေးနိုင်ကြသေးပါဘူး။ ကြိုတင်မဲပေးဖို့ ဒီနေ့အထိ နောက်ထပ် ၃ ရက်ထပ်တိုးပေးထားပေမဲ့ နောက်ဆုံးရက်တွေမှာ ဆယ်ဂဏန်းလောက်သာ မဲပေးဖို့ ရောက်လာကြတယ်လို့လည်း မလေးရှားးနိုင်ငံ ကွာလာလမ်ပူမြို့ မြန်မာသံရုံးက အလုပ်သမားသံအရာရှိ ဦးအောင်ဇော်မင်းက ပြောပါတယ်။

"နောက်ဆုံးစာရင်း ရပါတယ်။ ၃,၈၈၆ ရပါတယ်။ ၁၆ ယောက်ဦးပဲ ထပ်လာတဲ့သဘော သုံးပုံ ၂ ပုံပေါ့ လာပေးကြတယ်။ ၆,၂၀၀ မှာ ၄,၀၀၀ နီးပါးလောက်ပဲ မဲလာပေးတယ်ဆိုတော့ ၃ ပုံ ၂ ပုံလောက်တော့ မဲလာပေးကြတဲ့ သဘောပေါ့နော်။"

မြန်မာနိုင်ငံသား အများစုရှိတဲ့ ထိုင်းနိုင်ငံမှာလည်း ကြိုတင်မဲပေးဖို့ စာရင်းပေးထားသူ ၃၀,၀၀၀ ကျော်ရှိပေမဲ့ အားလုံးမဲပေးနိုင်မယ့် အခြေအနေမှာ မရှိကြပါဘူး။ ထိုင်းနိုင်ငံ မြန်မာသံရုံးမှာ ဒီလအောက်တိုဘာလ ၃ ရက်နေ့ကနေ အောက်တိုဘာလ ၁၈ ရက်နေ့အထိ ကြိုတင်မဲပေးဖို့ ရက်သတ်မှတ်ထားပေမဲ့ အခုအချိန်အထိ စာရင်းပေးထားသူတွေထဲက ထက်ဝက်လောက်သာ မဲပေးခဲ့ကြတယ်လို့လည်း မြန်မာနိုင်ငံသားတွေ မဲပေးနိုင်အောင် ကူညီပေးနေတဲ့ ဘန်ကောက်မြို့က မရီရီဦးကပြောပါတယ်။

"၃ ရက်နေ့က ၁၅ ရက်နေ့ထိ ၁၅,၁၁၇ ယောက်ပဲ ရှိသေးတယ်။ မဲပေးမယ့်သူတွေ တကယ်ပေးရမယ့်သူက ၃၇,၀၀၀ ကျော်ရှိ ရမှာ ဒီ ၃ ရက်အတွင်း လာမလာတော့ မသိဘူးပေ့ါနော်။ ၁၀,၀၀၀ ကျော်လောက်က ဒီ ၂ ရက်လောက်အတွင်း လာပါ့မလားတော့မသိဘူး။"

စင်္ကာပူနိုင်ငံမှာတော့ အလုပ်ရှင်က ခွင့်မပြုလို့ အဆောင်နေ မဲပေးဖို့ ကျန်နေတဲ့အလုပ်သမား ၃၀၀ ကျော်အတွက်တော့ အောက်တိုဘာလ ၁၈ နေ့မှာ မဲပေးနိုင်ဖို့ စီစဉ်ထားကြောင်း မြန်မာသံရုံးက ကြေငြာချက်ထုတ်ပြန်ထားပါတယ်။

ပြည်ပရောက် မြန်မာနိုင်ငံသားတွေ ကြိုတင်မဲပေးတဲ့ အစီအစဉ်တွေကိုတော့ ထိုင်း၊ စင်္ကာပူနဲ့ တောင်ကိုရီးယား အပါအဝင် အာရှနိုင်ငံတွေမှာ ဒီလဆန်းကပဲ စတင်ခဲ့သလို၊ အမေရိကန်ပြည်ထောင်စုမှာလည်း ပြီးခဲ့တဲ့ သီတင်းပတ်ကစ ကြိုတင်မဲပေးခွင့် ရခဲ့ကြပါတယ်။

XS
SM
MD
LG