သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မလေးရှားမှာထိမ်းသိမ်းခံရပြီး လွတ်ရက်စေ့သူမြန်မာများ နေရပ်ပြန်ခေါ်


မလေးရှားမှာ ထိန်းသိမ်းခံရသည့်မြန်မာများနေရပ်ပြန်မြင်ကွင်း (နိုဝင်ဘာလ၊၁၇၊၂ဝ၂ဝ)
မလေးရှားမှာ ထိန်းသိမ်းခံရသည့်မြန်မာများနေရပ်ပြန်မြင်ကွင်း (နိုဝင်ဘာလ၊၁၇၊၂ဝ၂ဝ)

{{Zawgyi/Unicode}}

မလေးရှားနိုင်ငံမှာ မီးဖွားပြီး အမျိုးသမီးတွေနဲ့ ကလေးတွေ အပါအဝင် ထိန်းသိမ်းခံထားရသူ မြန်မာနိုင်ငံသား ၃၀ ကျော်နဲ့ ကပ်ရောဂါကာလ သောင်တင်နေသူတွေ စုစုပေါင်း ၁၇ဝ ကျော်ကို ကယ်ဆယ်ရေးလေယာဉ်နဲ့ နေရပ်ပြန်ပို့လိုက်တဲ့အကြောင်း မအေးအေးမာ က သတင်းပေးပို့ထားပါတယ်။

ကိုဗစ်ကပ်ရောဂါကာလ မလေးရှားနိုင်ငံမှာ သောင်တင်နေသူတွေနဲ့ ဖမ်းဆီးခံထားရသူ မြန်မာနိုင်ငံသားတွေကို သံရုံးအစီအစဉ်နဲ့ နေရပ်ပြန်ပို့နေရာမှာ အခုနောက်ထပ် မီးဖွားပြီး အမျိုးသမီးတွေနဲ့ ကလေးတွေ အပါအဝင် ၃ဝ ကျော်လည်း ပါဝင်ခဲ့တာပါ။ အင်္ဂါနေ့က နေရပ်ပြန်ခွင့်ရသူတွေထဲမှာတော့ လွတ်ရက်စေ့ အကျဉ်းသားတွေနဲ့ ကပ်ရောဂါကာလ သောင်တင်နေသူတွေ စုစုပေါင်း ၁၇ဝ ကျော် ပါဝင်တယ်လို့လည်း မလေးရှားအခြေစိုက် မြန်မာလူမူကူညီရေးအသင်းဥက္ကဌ ဦးစန်းဝင်းက ပြောပါတယ်။

"ကယ်ဆယ်ရေး လေယာဉ်မှာတော့ အကြောင်းအမျိုးမျိုးကြောင့် ထိမ်းသိမ်းရေးစခန်းတွေမှာ ဖမ်းဆီးခံရတဲ့ မြန်မာအမျိုးသမီးနဲ့ ကလေးငယ်တွေပါတဲ့ လူဦးရေ ၃၁ယောက်ကို မြန်မာသံရုံးအကူညီနဲ့မြန်မာနိုင်ငံကိုပြန်ပို့ခဲ့တယ် ဆေးရုံတွေမှာဆေးရုံတက်တယ် မီးဖွားတယ် အဲဒီမှာ သူတို့မှာ အထောက်အထားတွေက မပြည်စုံဘူးပြီးတော့ ဆေးရုံမှာဝန်ဆောင်မူကုန်ကျစာရိတ်တွေကလည်း မပြည့်စုံဘူး။ အဲဒီအခြေအနေမျိုးဆိုရင် ဆေးရုံကနေ လူဝင်မူကြီးကြပ်ရေးဌာနကိုဆက်သွယ်လိုက်တယ် အဲဒါဆို ရင်လဝကက ဖမ်းဆီးလိုက်တယ် အဲဒီထဲမှာ၂လသားကလေးပါပါတယ် ဒါကြောင့်မြန်မာသံရုံးက အမြန်ဆုံးဖြစ်အောင်စီစဉ်ပြီး ကယ်ဆယ်ရေးလေယာဉ်နဲ့ပြန်ပု့ိ့လိုက်တာပါ ။"

မလေးရှားနိုင်ငံက လူဝင်မှုထိန်းသိမ်းရေးစခန်းတွေမှာ ဖမ်းဆီးထားတဲ့ မြန်မာနိုင်ငံသားတွေကို သံရုံးအစီအစဉ်နဲ့ ဒီလထဲမှာပဲစတင်ပြီး နေရပ်ပြန်ပို့ပေးခဲ့တာ အခုဆိုရင် တထောင်ကျော် သွားပါပြီ။ နေရပ်ပြန်ဖို့ လေယာဉ်စရိတ်ကိုတော့ လွတ်ရက်စေ့တဲ့ အကျဉ်းသားတွေက ကျခံကြရတာပါ။ အခုနောက်ဆုံး နေရပ်ပြန်ပို့လိုက်တဲ့ အထဲမှာတော့ မီးဖွားဖို့ဆေးရုံဆေးခန်းသွားရင်း မလေးရှား အာဏာပိုင်တွေ ဖမ်းဆီးတာ ခံခဲ့ရသူ အမျိုးသမီးတွေ ပါဝင်ခဲ့ပါတယ်။ မလေးရှားနိုင်ငံမှာ ဒီလိုကျန်းမာရေး ပြဿနာတွေကြောင့် ဖမ်းဆီးခံရသူတွေ ရှိနေတယ်လို့လည်း လူမှုရေးလုပ်ငန်းတွေ လုပ်နေတဲ့ ဦးစန်းဝင်းက ပြောပါတယ်။

"ဒီမှာက ဒီလိုပြသနာမျိုးတွေက မကြာခနကြုံရတယ် မီးဖွားတဲ့ပြသနာမှမဟုတ်ဘူးတခြားကျန်းမာရေးဆိုင်ရာမတော်တဆအက်ဆီးဒင့် ဖြစ်ရပ်မျိုးတွေလည်းကြုံရပါတယ်။ တချို့ဆို ကားတိုက်ခံရတယ် အက်ဆီးဒင့်တိုက်ခံရတယ်ဆိုရင် နည်းနည်းသက်သာတာနဲ့ဆေးရုံးက လဝက ထိမ်းသိမ်းရေးစခန်းကိုအကြောင်းကြားတယ်။ အဲဒါနဲ့ ဖမ်းဆီးခံရတော့တာပါပဲ။"

မလေးရှားနိုင်ငံက လူဝင်မှုကြီးကြပ်ရေး ထိမ်းသိမ်းရေးစခန်း ၁၃ ခုမှာ ထိမ်းသိမ်းထားတဲ့ ခန့်မှန်းခြေ နိုင်ငံခြားသား ၂သောင်းဝန်းကျင်ကိုတော့ လွတ်ရက်စေ့ရင် ဒဏ်ကြေးပေးပြီးတရားဝင်အလုပ်လုပ်နိုင်ကြောင်း မလေးရှားအစိုးရကပြောဆိုထားပါတယ်။ ဒါပေမဲ့ တရားမဝင်မြန်မာတွေအနေနဲ့ကတော့ ကိုဗစ်ကပ်ဘေးကာလမှာ ဒဏ်ကြေး ပါမစ်ကြေးလဲဗီးကြေးစတဲ့ အခကြေးငွေတွေကို ချက်ချင်းပေးနိုင်ဖို့ အခက်အခဲတွေ ရင်ဆိုင်နေရတယ်လို့လည်း အလုပ်သမားရေးလှုပ်ရှားသူတွေနဲ့ အကူအညီပေးသူတွေက ပြောပါတယ်။ မလေးရှားနိုင်ငံမှာ ခန့်မှန်းခြေ မြန်မာနိုင်ငံသား ၅သိန်းခွဲလောက်အလုပ်လုပ်ကိုင်နေပြီး ကိုဗစ်ကပ်ရောဂါကာလမှာ စားဝတ်နေရေးနဲ့ အလုပ်အကိုင် အခက်အခဲတွေကြောင့် နေရပ်ပြန်ဖို့အတွက် မြန်မာသံရုံးကိုစာရင်းပေးသွင်းထားသူ တသောင်းကျော်ရှိပါတယ်။ ကပ်ရောဂါကာလ အခက်အခဲတွေကြား မိမိကိုယ်အဆုံးစီရင်သူ မြန်မာနိုင်ငံသား ၁၈ ဦး ရှိနေပါတယ်။ လောလောဆည်မှာတော့ မလေးရှားအစိုးရက စိုက်ပျိုရေးေ ဆာက်လုပ်ရေး ခြံလုပ်ငန်း စတဲ့အလုပ်တွေမှာတော့ လုပ်သားလိုအပ်ချက်ရှိတာကြောင့်တရားမဝင်တွေအနေနဲ့ ဒဏ်ကြေးပေးပြီးအလုပ်လုပ်ခွင့်ပြုမယ်လို့ပြောဆိုထားပါတယ် ။

..................................

တိုက်ရိုက် လင့်ခ်


{{Unicode}}







XS
SM
MD
LG