သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

မေလးရွားမွာ ကိုဗစ္ကာလ အဆံုးစီရင္သူ ၂၂၀ ေက်ာ္ထဲ ျမန္မာ အေယာက္ ၂၀ ထက္မနည္းပါ


ကုိဗစ္ကာလမွာအဆံုးစီရင္ခဲ့တဲ့ျမန္မာႏိုင္ငံသားတဦးရဲ ့စ်ာပန

{{Zawgyi/Unicode}}

ကုိဗစ္ကပ္ေရာဂါကာလ မေလးရွားႏိုင္ငံမွာ စား၀တ္ေနေရး အခက္အခဲေတြေၾကာင့္ ျမန္မာႏုိင္ငံသား တခ်ဳိ႕အပါအ၀င္ ကုိယ့္ကုိယ္ကုိ အဆုံးစီရင္သူ ၂ ရာေက်ာ္ ရွိခဲ့တဲ့အေၾကာင္း မေအးေအးမာ သတင္းေပးပို႔ထားပါတယ္။

မေလးရွားႏိုင္ငံမွာ ကိုဗစ္ကပ္ေရာဂါေၾကာင့္ သြားလာလႈပ္ရွားမႈေတြ ကန္႔သတ္ထားခ်ိန္မွာ စား၀တ္ေနေရးနဲ႔ အလုပ္အကုိင္ အခက္အခဲေတြၾကား ကုိယ့္ကုိယ္ကုိ အဆုံးစီရင္ခ့ဲသူ ၂၂၆ ဦး ရွိခဲ့ေၾကာင္း မေလးရွားရဲတပ္ဖဲြ႔က သတင္းထုတ္ျပန္ခဲ့တာပါ။ ကပ္ေရာဂါကာလမွာ အလုပ္အကိုင္ ဆုံးရႈံးတာ၊ အေၾကြး၀န္ထုပ္၀န္ပုိးပိတာ၊ မိသားစုျပသာနာေတြ အပါအ၀င္ အေၾကာင္းအမ်ဳိးမ်ဳိးနဲ႔ အဆုံးစီရင္ခဲ့ၾကတာလုိ႔လည္း မေလးရွားရဲတပ္ဖဲြ႔ကုိ ကုိးကားၿပီး ေဒသခံသတင္းေတြက ေဖာ္ျပၾကပါတယ္။

ဒီအထဲမွာ ျမန္မာႏုိင္ငံသား ၂၀ နီးပါး ပါ၀င္ခဲ့ေၾကာင္းလည္း မေလးရွားႏိုင္ငံကြာလာလမ္ပူက ျမန္မာအလုပ္သမားသံအရာရွိ ဦးေအာင္ေဇာ္မင္းက ေျပာပါတယ္။

“တႏိုင္ငံလံုးအတုိင္းအတာနဲ့ဆိုရင္ေတာ့ ဟုတ္ပါတယ္အဓီက ေသဆံုးတဲ့ဟာေတြ ့ေနရတာကေတာ့ျမန္မာ နီေပါ ဘဂၤလားေဒရွ္ အင္ဒုိနီးရွား အဲဒါေတြ ႀကားရတယ္ေပါ့ေနာ္ ျမန္မာကေတာ့ ၂၀၀န္းက်င္ေလာက္ရွိသြားပါျပီ ေပါ့ေနာ္။”

မေလးရွား ရဲတပ္ဖဲြ႔က ထုတ္ျပန္တဲ့ ကိန္းဂဏန္းေတြအရ ကပ္ေရာဂါတားဆီးထိန္းခ်ဳပ္ေရးအမိန႔္ တစ္ႏိုင္ငံလုံးမွာ စတင္က်င့္သုံးခဲ့တဲ့ မတ္လ ၁၈ ရက္ေန႔ကေန ေအာက္တိုဘာလ ၃၀ ရက္ေန႔အထိ လစဥ္ ပ်မ္းမ်ွ လူ ၃၀ေက်ာ္ ကိုယ့္ကုိယ္ကုိ အဆုံးစီရင္ခဲ့တာေၾကာင့္ တရက္ကုိ ၁ ေယာက္ႏႈန္းေလာက္ ရွိခဲ့တာပါ။

မေလးရွားႏုိင္ငံမွာ ခန္႔မွန္းေျခ ျမန္မာႏုိင္ငံသား ၅သိန္းခဲြေလာက္ရွိေနၿပီး ကုိဗစ္ကပ္ေရာဂါ ကာလမွာ စား၀တ္ေနေရးနဲ႔ အလုပ္အကုိင္ အခက္အခဲေတြေၾကာင့္ ကုိယ့္ကုိယ္ကုိ အဆုံးစီရင္သူတခ်ဳိ႕ ရွိခဲ့သလုိ တရား၀င္ေရာ၊ တရားမ၀င္ပါ ေနရပ္ျပန္ဖုိ႔ ႀကိဳးစားသူေတြလည္း ရွိပါတယ္။ ကုိဗစ္ကပ္ေရာဂါေၾကာင့္ ေသဆုံးသူ ၃၀၀ ေက်ာ္နဲ႔ ကူးစက္သူ ၅ ေသာင္းေက်ာ္ရွိတဲ့ မေလးရွားႏုိင္ငံမွာ ေရာဂါကူးစက္မႈေတြ တေက်ာ့ျပန္ တုိးလာရာက ေအာက္တုိဘာလလယ္ကစ ထုတ္ျပန္ခဲ့တဲ့ သြားလာလႈပ္ရွားမႈ ကန္႔သတ္ခ်က္ေတြကုိ ဒီလဆန္းမွာပဲ ေနာက္ထပ္ သက္တမ္းတုိးထားပါတယ္ရွင္။

...........................................

တိုက္႐ိုက္ လင့္ခ္


{{Unicode}}

ကိုဗစ်ကပ်ရောဂါကာလ မလေးရှားနိုင်ငံမှာ စားဝတ်နေရေး အခက်အခဲတွေကြောင့် မြန်မာနိုင်ငံသား တချို့အပါအဝင် ကိုယ့်ကိုယ်ကို အဆုံးစီရင်သူ ၂ ရာကျော် ရှိခဲ့တဲ့အကြောင်း မအေးအေးမာ သတင်းပေးပို့ထားပါတယ်။

မလေးရှားနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါကြောင့် သွားလာလှုပ်ရှားမှုတွေ ကန့်သတ်ထားချိန်မှာ စားဝတ်နေရေးနဲ့ အလုပ်အကိုင် အခက်အခဲတွေကြား ကိုယ့်ကိုယ်ကို အဆုံးစီရင်ခဲ့သူ ၂၂၆ ဦး ရှိခဲ့ကြောင်း မလေးရှားရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့တာပါ။ ကပ်ရောဂါကာလမှာ အလုပ်အကိုင် ဆုံးရှုံးတာ၊ အကြွေးဝန်ထုပ်ဝန်ပိုးပိတာ၊ မိသားစုပြသာနာတွေ အပါအဝင် အကြောင်းအမျိုးမျိုးနဲ့ အဆုံးစီရင်ခဲ့ကြတာလို့လည်း မလေးရှားရဲတပ်ဖွဲ့ကို ကိုးကားပြီး ဒေသခံသတင်းတွေက ဖော်ပြကြပါတယ်။

ဒီအထဲမှာ မြန်မာနိုင်ငံသား ၂၀ နီးပါး ပါဝင်ခဲ့ကြောင်းလည်း မလေးရှားနိုင်ငံကွာလာလမ်ပူက မြန်မာအလုပ်သမားသံအရာရှိ ဦးအောင်ဇော်မင်းက ပြောပါတယ်။

“တနိုင်ငံလုံးအတိုင်းအတာနဲ့ဆိုရင်တော့ ဟုတ်ပါတယ်အဓီက သေဆုံးတဲ့ဟာတွေ့နေရတာကတော့မြန်မာ နီပေါ ဘင်္ဂလားဒေရှ် အင်ဒိုနီးရှား အဲဒါတွေ ကြားရတယ်ပေါ့နော် မြန်မာကတော့ ၂၀၀န်းကျင်လောက်ရှိသွားပါပြီ ပေါ့နော်။”

မလေးရှား ရဲတပ်ဖွဲ့က ထုတ်ပြန်တဲ့ ကိန်းဂဏန်းတွေအရ ကပ်ရောဂါတားဆီးထိန်းချုပ်ရေးအမိန့် တစ်နိုင်ငံလုံးမှာ စတင်ကျင့်သုံးခဲ့တဲ့ မတ်လ ၁၈ ရက်နေ့ကနေ အောက်တိုဘာလ ၃၀ ရက်နေ့အထိ လစဉ် ပျမ်းမျှ လူ ၃၀ကျော် ကိုယ့်ကိုယ်ကို အဆုံးစီရင်ခဲ့တာကြောင့် တရက်ကို ၁ ယောက်နှုန်းလောက် ရှိခဲ့တာပါ။

မလေးရှားနိုင်ငံမှာ ခန့်မှန်းခြေ မြန်မာနိုင်ငံသား ၅သိန်းခွဲလောက်ရှိနေပြီး ကိုဗစ်ကပ်ရောဂါ ကာလမှာ စားဝတ်နေရေးနဲ့ အလုပ်အကိုင် အခက်အခဲတွေကြောင့် ကိုယ့်ကိုယ်ကို အဆုံးစီရင်သူတချို့ ရှိခဲ့သလို တရားဝင်ရော၊ တရားမဝင်ပါ နေရပ်ပြန်ဖို့ ကြိုးစားသူတွေလည်း ရှိပါတယ်။ ကိုဗစ်ကပ်ရောဂါကြောင့် သေဆုံးသူ ၃၀၀ ကျော်နဲ့ ကူးစက်သူ ၅ သောင်းကျော်ရှိတဲ့ မလေးရှားနိုင်ငံမှာ ရောဂါကူးစက်မှုတွေ တကျော့ပြန် တိုးလာရာက အောက်တိုဘာလလယ်ကစ ထုတ်ပြန်ခဲ့တဲ့ သွားလာလှုပ်ရှားမှု ကန့်သတ်ချက်တွေကို ဒီလဆန်းမှာပဲ နောက်ထပ် သက်တမ်းတိုးထားပါတယ်ရှင်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG