[Zawgyi/Unicode]
ကိုဗစ္ကပ္ေရာဂါ ကူးစက္မႈေတြ ျမင့္တက္လာေနတဲ့ မေလးရွားႏိုင္ငံ ဆလန္ေဂါျပည္နယ္မွာ တရားမ၀င္ ႏုိင္ငံျခားသားေတြကုိ ရွာေဖြဖမ္းဆီးတဲ့ စစ္ဆင္ေရးအတြင္း ျမန္မာႏုိင္ငံသားနဲ႔ ႏိုင္ငံျခားသားေတြ စုစုေပါင္း ၁၄၀ ေက်ာ္ ဖမ္းဆီးခံခဲ့ရတဲ့အေၾကာင္း ေျပာျပပါမယ္။ ဗီြအိုေအျမန္မာပိုင္း သတင္းေထာက္ မေအးေအးမာက သတင္းေပးပို႔ေပးထားပါတယ္။
ကပ္ေရာဂါကူးစက္မႈေတြ ျမင့္တက္ေနတဲ့ ဆလန္ေဂါျပည္နယ္က ႏိုင္ငံျခားသား အလုပ္သမားေတြ အမ်ားဆံုးေနထိုင္ရာေတြမွာ လူဝင္မႈႀကီးၾကပ္ေရးနဲ့ က်န္းမာေရးဌာန အပါအဝင္ အဖြဲ႔ေပါင္းစုံ ပူးေပါင္းၿပီး ရွာေဖြစစ္ေဆးရာမွာ ျမန္မာႏုိင္ငံသား ၆၀ ေလာက္ အပါအ၀င္ အေထာက္အထားမဲ့ ႏိုင္ငံျခားသား အလုပ္သမား ၁၄၁ ေယာက္ကုိ ဖမ္းဆီးမိခဲ့တာပါ။ အဂၤါေန႔တုန္းက စီမံခ်က္အတြင္း ဖမ္းဆီးမိသူေတြထဲမွာ ျမန္မာႏုိင္ငံသားေတြလည္း ပါ၀င္ေၾကာင္း မေလးရွား လူဝင္မႈႀကီးၾကပ္ေရးဌာန ဒုတိယၫႊန္ၾကားေရးမႉးခ်ဳပ္ Mohamad Fauzi ကသတင္းေထာက္ေတြကုိ ေျပာခဲ့တာပါ။
"ဖမ္းဆီးမိတဲ့ တရားမ၀င္ေနထုိင္သူေတြထဲမွာ ျမန္မာ၊ အင္ဒိုနီးရွားနဲ႔ နီေပါႏိုင္ငံက ေရာက္ရွိေနသူေတြ ပါ၀င္ေၾကာင္းနဲ႔ ႏုိင္ငံျခားသား ခန္႔မွန္းေျခ ၁,၉၀၀ ေလာက္ ေနထုိင္ေနတဲ့ ေဒသမွာ လူေပါင္း ၂,၆၀၀ ကိုလည္း က်န္းမာေရးစစ္ေဆးခဲ့ေၾကာင္း" မေလးရွားဘာသာနဲ႔ ေျပာဆုိလုိက္တာပါ။
တရားမ၀င္ေနထုိင္သူေတြအျဖစ္ ဖမ္းဆီးလုိက္တဲ့အထဲမွာေတာ့ ကေလး ၆ ဦး ပါ၀င္ခဲ့ၿပီး ျမန္မာႏုိင္ငံသား ၅၉ ဦး၊ အင္ဒုိနီးရွား ၆၅ ဦး၊ နီေပါႏုိင္ငံက ၉ ဦးနဲ႔ တျခားႏုိင္ငံေတြက ၈ ဦး ပါ၀င္ေၾကာင္းလည္း ေျပာပါတယ္။ ကပ္ေရာဂါကူးစက္မႈေတြ တုိးလာေနတဲ့ ဆလန္ေဂါျပည္နယ္မွာ တရားမ၀င္ ေနထုိင္သူေတြကုိ ဖမ္းဆီးမႈနဲ႔ ပတ္သက္လုိ႔ မေလးရွားႏုိင္ငံအေျခစုိက္ အလုပ္အကုိင္ရရွိေရး အက်ိဳးေဆာင္လုပ္ငန္းက ဦးသန္းထြန္းကလည္း အခုလိုေျပာျပပါတယ္။
"တရားမ၀င္ႏိုင္ငံျခားသားေတြကို ဖမ္းဆီးလိုက္တာေပါ့၊ ထိန္းသိမ္းလိုက္တာေပါ့၊ တရား၀င္ဆိုရင္ေတာ့ အကုန္ ျပန္လႊတ္ေပးတယ္။ တရားမဝင္လူေတြ အေထာက္အထား မခိုင္လံုတဲ့ လူေတြ၊ ဘာမွမရွိတဲ့လူ၊ ယူအန္ကဒ္လိုမ်ိဳး၊ work permit လိုမ်ိဳးမရွိတဲ့သူေတြကို ဖမ္းတာပါ။ ဖမ္းၿပီးေတာ့ သက္ဆုိင္ရာႏိုင္ငံျပန္ပုိ႔မွာပဲ။ အမႈဖြင့္ရင္ေတာ့ ေထာင္က သံုးလ၊ ေလးလေတာ့ က်ၾကမယ္။"
တရားမ၀င္ ေနထုိင္သူေတြကုိ ဖမ္းဆီးခဲ့တဲ့ ဆလန္ေဂါျပည္နယ္မွာေတာ့ မေန႔တုန္းကပဲ ကုိဗစ္ေရာဂါပုိး ကူးစက္သူ အတည္ျပဳလူနာသစ္ေတြ ထပ္တုိးလာခဲ့တာပါ။ ဆလန္ေဂါျပည္နယ္ တခုတည္းမွာတင္ ကူးစက္သူ ၁,၆၀၀ ေက်ာ္ကုိ ထပ္မံအတည္ျပဳလုိက္တဲ့အတြက္ မေလးရွားႏုိင္ငံမွာ တရက္တည္း ကူးစက္သူ ၂,၀၀၀ ေက်ာ္အျဖစ္ စံခ်ိန္တင္ ျမင့္တက္သြားခဲ့ပါတယ္။ ကူးစက္မႈ အမ်ားစုကေတာ့ စက္႐ုံအလုပ္သမားေတြ ျဖစ္ေၾကာင္းလည္း မေလးရွား က်န္းမာေရး၀န္ႀကီးဌာန ညႊန္ၾကားေရးမွဴးခ်ဳပ္ Dr Noor Hisham Abdullah ကုိ ကုိးကားၿပီး ေဒသခံသတင္းေတြက ေဖာ္ျပခဲ့တာပါ။ မေလးရွားႏိုင္ငံမွာ စံခ်ိန္တင္ကူးစက္မႈေတြ ႀကံဳခဲ့ရတဲ့ မေန႔တုန္းကအထိ စုစုေပါင္း ေသဆုံးသူ ၃၄၁ ေယာက္နဲ႔ ကူးစက္သူေပါင္း ၅၈,၀၀၀ ေက်ာ္ ရွိေနပါတယ္။
[Unicode Version]
မလေးရှားမှာ တရားမဝင်တွေ ဖမ်းဆီးတဲ့ထဲ မြန်မာ ၆၀ နီးပါးပါ
ကိုဗစ်ကပ်ရောဂါ ကူးစက်မှုတွေ မြင့်တက်လာနေတဲ့ မလေးရှားနိုင်ငံ ဆလန်ဂေါပြည်နယ်မှာ တရားမဝင် နိုင်ငံခြားသားတွေကို ရှာဖွေဖမ်းဆီးတဲ့ စစ်ဆင်ရေးအတွင်း မြန်မာနိုင်ငံသားနဲ့ နိုင်ငံခြားသားတွေ စုစုပေါင်း ၁၄၀ ကျော် ဖမ်းဆီးခံခဲ့ရတဲ့အကြောင်း ပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မအေးအေးမာက သတင်းပေးပို့ပေးထားပါတယ်။
ကပ်ရောဂါကူးစက်မှုတွေ မြင့်တက်နေတဲ့ ဆလန်ဂေါပြည်နယ်က နိုင်ငံခြားသား အလုပ်သမားတွေ အများဆုံးနေထိုင်ရာတွေမှာ လူဝင်မှုကြီးကြပ်ရေးနဲ့ ကျန်းမာရေးဌာန အပါအဝင် အဖွဲ့ပေါင်းစုံ ပူးပေါင်းပြီး ရှာဖွေစစ်ဆေးရာမှာ မြန်မာနိုင်ငံသား ၆၀ လောက် အပါအဝင် အထောက်အထားမဲ့ နိုင်ငံခြားသား အလုပ်သမား ၁၄၁ ယောက်ကို ဖမ်းဆီးမိခဲ့တာပါ။ အင်္ဂါနေ့တုန်းက စီမံချက်အတွင်း ဖမ်းဆီးမိသူတွေထဲမှာ မြန်မာနိုင်ငံသားတွေလည်း ပါဝင်ကြောင်း မလေးရှား လူဝင်မှုကြီးကြပ်ရေးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် Mohamad Fauzi ကသတင်းထောက်တွေကို ပြောခဲ့တာပါ။
"ဖမ်းဆီးမိတဲ့ တရားမဝင်နေထိုင်သူတွေထဲမှာ မြန်မာ၊ အင်ဒိုနီးရှားနဲ့ နီပေါနိုင်ငံက ရောက်ရှိနေသူတွေ ပါဝင်ကြောင်းနဲ့ နိုင်ငံခြားသား ခန့်မှန်းခြေ ၁,၉၀၀ လောက် နေထိုင်နေတဲ့ ဒေသမှာ လူပေါင်း ၂,၆၀၀ ကိုလည်း ကျန်းမာရေးစစ်ဆေးခဲ့ကြောင်း" မလေးရှားဘာသာနဲ့ ပြောဆိုလိုက်တာပါ။
တရားမဝင်နေထိုင်သူတွေအဖြစ် ဖမ်းဆီးလိုက်တဲ့အထဲမှာတော့ ကလေး ၆ ဦး ပါဝင်ခဲ့ပြီး မြန်မာနိုင်ငံသား ၅၉ ဦး၊ အင်ဒိုနီးရှား ၆၅ ဦး၊ နီပေါနိုင်ငံက ၉ ဦးနဲ့ တခြားနိုင်ငံတွေက ၈ ဦး ပါဝင်ကြောင်းလည်း ပြောပါတယ်။ ကပ်ရောဂါကူးစက်မှုတွေ တိုးလာနေတဲ့ ဆလန်ဂေါပြည်နယ်မှာ တရားမဝင် နေထိုင်သူတွေကို ဖမ်းဆီးမှုနဲ့ ပတ်သက်လို့ မလေးရှားနိုင်ငံအခြေစိုက် အလုပ်အကိုင်ရရှိရေး အကျိုးဆောင်လုပ်ငန်းက ဦးသန်းထွန်းကလည်း အခုလိုပြောပြပါတယ်။
"တရားမဝင်နိုင်ငံခြားသားတွေကို ဖမ်းဆီးလိုက်တာပေါ့၊ ထိန်းသိမ်းလိုက်တာပေါ့၊ တရားဝင်ဆိုရင်တော့ အကုန် ပြန်လွှတ်ပေးတယ်။ တရားမဝင်လူတွေ အထောက်အထား မခိုင်လုံတဲ့ လူတွေ၊ ဘာမှမရှိတဲ့လူ၊ ယူအန်ကဒ်လိုမျိုး၊ work permit လိုမျိုးမရှိတဲ့သူတွေကို ဖမ်းတာပါ။ ဖမ်းပြီးတော့ သက်ဆိုင်ရာနိုင်ငံပြန်ပို့မှာပဲ။ အမှုဖွင့်ရင်တော့ ထောင်က သုံးလ၊ လေးလတော့ ကျကြမယ်။"
တရားမဝင် နေထိုင်သူတွေကို ဖမ်းဆီးခဲ့တဲ့ ဆလန်ဂေါပြည်နယ်မှာတော့ မနေ့တုန်းကပဲ ကိုဗစ်ရောဂါပိုး ကူးစက်သူ အတည်ပြုလူနာသစ်တွေ ထပ်တိုးလာခဲ့တာပါ။ ဆလန်ဂေါပြည်နယ် တခုတည်းမှာတင် ကူးစက်သူ ၁,၆၀၀ ကျော်ကို ထပ်မံအတည်ပြုလိုက်တဲ့အတွက် မလေးရှားနိုင်ငံမှာ တရက်တည်း ကူးစက်သူ ၂,၀၀၀ ကျော်အဖြစ် စံချိန်တင် မြင့်တက်သွားခဲ့ပါတယ်။ ကူးစက်မှု အများစုကတော့ စက်ရုံအလုပ်သမားတွေ ဖြစ်ကြောင်းလည်း မလေးရှား ကျန်းမာရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် Dr Noor Hisham Abdullah ကို ကိုးကားပြီး ဒေသခံသတင်းတွေက ဖော်ပြခဲ့တာပါ။ မလေးရှားနိုင်ငံမှာ စံချိန်တင်ကူးစက်မှုတွေ ကြုံခဲ့ရတဲ့ မနေ့တုန်းကအထိ စုစုပေါင်း သေဆုံးသူ ၃၄၁ ယောက်နဲ့ ကူးစက်သူပေါင်း ၅၈,၀၀၀ ကျော် ရှိနေပါတယ်။