သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မလေးရှားမှာ အကျဉ်းကျခဲ့သူတွေအပါအဝင် နောက်ထပ် မြန်မာ ၁၇၀ ကျော် အိမ်ပြန်ခွင့်ရ


ဒီဇင်ဘာလ ၉ ရက်နေ့က ထိန်းသိမ်းစခန်းကနေ နေရပ်ပြန်ပို့ခံရတဲ့ မြန်မာနိုင်ငံသားများ။ (မြန်မာလူမှုကူညီရေးအသင်း (မလေးရှား) - ဒီဇင်ဘာ ၀၉၊ ၂၀၂၀)
ဒီဇင်ဘာလ ၉ ရက်နေ့က ထိန်းသိမ်းစခန်းကနေ နေရပ်ပြန်ပို့ခံရတဲ့ မြန်မာနိုင်ငံသားများ။ (မြန်မာလူမှုကူညီရေးအသင်း (မလေးရှား) - ဒီဇင်ဘာ ၀၉၊ ၂၀၂၀)

[Zawgyi/Unicode]

မလေးရှားနိုင်ငံကနေ မြန်မာနိုင်ငံသား နောက်ထပ် အယောက် ၁၇၀ ကျော် ဒီဇင်ဘာလ ၉ ရက်နေ့က နေရပ်ပြန်ရာမှာ ထိန်းသိမ်းရေးစခန်း ၁၃ ခုက လွတ်ရက်စေ့အကျဉ်းသား ၅၀ နီးပါးပါတယ်ဆိုတဲ့ သတင်းကိုပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ကိုဗစ်ကပ်ရောဂါကာလ မလေးရှားနိုင်ငံမှာ သောင်တင်နေသူတွေနဲ့ ထိန်းသိမ်းခံထားရသူ မြန်မာနိုင်ငံသားတွေကို သံရုံးအစီအစဉ်နဲ့ နေရပ်ပြန်ပို့နေရာမှာ ဒီဇင်ဘာလ ၉ ရက်နေ့က ပြန်ခွင့်ရသူတွေထဲ အကျဉ်းကျပြီးသား လူတွေလည်း ပါတယ်လို့ မလေးရှားအခြေစိုက် မြန်မာလူမှုကူညီရေးအသင်းဥက္ကဋ္ဌ ဦးစန်းဝင်းက ပြောပါတယ်။

ဒီဇင်ဘာလ ၉ ရက်နေ့က ထိန်းသိမ်းစခန်းကနေ နေရပ်ပြန်ပို့ခံရတဲ့ မြန်မာနိုင်ငံသားများ။ (မြန်မာလူမှုကူညီရေးအသင်း (မလေးရှား) - ဒီဇင်ဘာ ၀၉၊ ၂၀၂၀)
ဒီဇင်ဘာလ ၉ ရက်နေ့က ထိန်းသိမ်းစခန်းကနေ နေရပ်ပြန်ပို့ခံရတဲ့ မြန်မာနိုင်ငံသားများ။ (မြန်မာလူမှုကူညီရေးအသင်း (မလေးရှား) - ဒီဇင်ဘာ ၀၉၊ ၂၀၂၀)

"မလေးရှားနိုင်ငံမှာ အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးထိန်းသိမ်းခံရတဲ့ ၄၅ ယောက်ပါဝင်ပါတယ် တချို့ဆိုရင် တလ ကျော်လောက်ပဲရှိတယ်။ တချို့ဆို ၃ လလောက် တချို့ဆို ၅ လကျော်လောက် တယောက်နဲ့ တယောက်ဖြစ်စဉ်မတူတော့ ပြစ်ဒဏ်ကျတာလည်းမတူကြဘူး။ ၂ စုပေါင်း စုစုပေါင်း ၁၇၀ ကျော်ပါတယ်။"

ကပ်ဘေးကာလမှာ နိုင်ငံတွင်း တရားမဝင်ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားတွေ အပါအဝင် နိုင်ငံခြားသားတွေ နေရပ်ပြန်ချင်တယ်ဆိုရင် သတ်မှတ်ထားတဲ့ ဒဏ်ကြေးငွေ ပေးဆောင်ပြီး နိုဝင်ဘာလ ၁၆ ရက်နေ့ကနေ ရှေ့နှစ် ဇွန်လ ၃၀ အတွင်း ပြန်နိုင်ကြောင်း မလေးရှား တာဝန်ရှိသူတွေက ခွင့်ပြုထားပါတယ်။ ထိန်းသိမ်းရေးစခန်းက လွတ်ရက်စေ့သူတွေလည်း အလုပ်လုပ်ချင်ရင် လျှောက်နိုင်တယ်လို့ မလေးရှား အစိုးရကဆိုပါတယ်။ ဒါပေမဲ့ အကျဉ်းကျသူ အတော်များများကတော့ မြန်မာပြည်ကိုပဲပြန်ချင်ကြပြီး အထောက်အထားတွေ လုပ်ဖို့ခက်ခဲတယ်လို့ ဦးစန်းဝင်းကပြောပါတယ်။

"ဒီမှာ တရားမဝင်တွေ ပြင်ပကရောက်နေတဲ့ သူတွေအလုပ်ပေးဖို့ ပါမစ်ပေးဖို့ဆိုတာ ဘယ်လိုမှ မဖြစ်သေးတာ ထိန်းသိမ်းရေးစခန်းက လူတွေဆို ပိုဝေးပါတယ်။ အလုပ်တခုရဖို့ဆိုတာ အထောက်အထားတွေက အများကြီးလိုပါတယ်။"

ထိန်းသိမ်းရေးစခန်း ၁၃ ခုက လွတ်ရက်စေ့ မြန်မာအကျဉ်းသား ၁,၀၀၀ ကျော်ကို မလေးရှားအစိုးရ အစီအစဉ်နဲ့ရော မြန်မာသံရုံးအစီအစဉ်နဲ့ပါ နိုဝင်ဘာလအတွင်း နေရပ်ပြန်ပို့ပေးခဲ့ပါတယ်။ ကျန်နေတဲ့သူတွေကို ဒီဇင်ဘာလမှာလည်း ထပ်ပို့ပေးနေတာဖြစ်ပါတယ်။

ခန့်မှန်းခြေ မြန်မာနိုင်ငံသား ၅၅၀,၀၀၀ လောက်အလုပ်လုပ်ကိုင်နေတဲ့ မလေးရှားမှာ ကိုဗစ်ကပ်ရောဂါကာလအတွင်း စားဝတ်နေရေးနဲ့ အလုပ်အကိုင် အခက်အခဲတွေကြောင့် နေရပ်ပြန်ဖို့ မြန်မာသံရုံးမှာ စာရင်းပေးသွင်းထားသူ ၁၀,၀၀၀ ကျော်ရှိပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]





ဒီဇင်ဘာလ ၉ ရက်နေ့က ထိန်းသိမ်းစခန်းကနေ နေရပ်ပြန်ပို့ခံရတဲ့ မြန်မာနိုင်ငံသားများ။ (မြန်မာလူမှုကူညီရေးအသင်း (မလေးရှား) - ဒီဇင်ဘာ ၀၉၊ ၂၀၂၀)
ဒီဇင်ဘာလ ၉ ရက်နေ့က ထိန်းသိမ်းစခန်းကနေ နေရပ်ပြန်ပို့ခံရတဲ့ မြန်မာနိုင်ငံသားများ။ (မြန်မာလူမှုကူညီရေးအသင်း (မလေးရှား) - ဒီဇင်ဘာ ၀၉၊ ၂၀၂၀)





XS
SM
MD
LG