သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

မေလးရွားနယ္စပ္ လွ်ပ္စစ္ျခံစည္း႐ိုးကာဖို႔ ထိုင္းစစ္တပ္စီစဥ္


Thong Pha Phum လမ္းစံု နယ္စပ္ဂိတ္မွာ ျမန္မာႏိုင္ငံသားေတြကုိ ဖမ္းမိတဲ့ ျမင္ကြင္း။ (ဓာတ္ပံု - ထုိင္းနယ္ျခားေစာင့္တပ္ - ဇန္နဝါရီ ၂၄၊ ၂၀၂၁)

[Zawgyi/Unicode]

ထိုင္းႏုိင္ငံေတာင္ပုိင္းမွာ ျမန္မာႏုိင္ငံသား အမ်ားအျပား အပါအ၀င္ တရားမ၀င္ ၀င္ေရာက္လာသူေတြ ရာနဲ႔ခ်ီ ဖမ္းဆီးမိခဲ့ၿပီးေနာက္ လုံၿခံဳေရးအတြက္ လွ်ပ္စစ္ၿခံစည္း႐ုိး ကာရံဖုိ႔ ေဒသခံ ထုိင္းစစ္တပ္က ေျပာဆုိလုိက္တဲ့အေၾကာင္းကို ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ မေအးေအးမာက တင္ဆက္ေပးပါမယ္။

မေလးရွားႏုိင္ငံနဲ႔နယ္စပ္ ထုိင္းႏုိင္ငံ ေတာင္ပုိင္းမွာ ၃ လအတြင္း တရားမ၀င္ နယ္စပ္ျဖတ္ေက်ာ္ ၀င္ေရာက္သူ ၆၀၀ ေက်ာ္အထိ ဖမ္းဆီးမိခဲ့ၿပီေးနာက္ နယ္စပ္မွာ လွ်ပ္စစ္ၿခံစည္း႐ုိးကာရံမယ့္ အစီအစဥ္ကုိ ထုိင္းစစ္တပ္က ေၾကညာလုိက္တာပါ။ ျမန္မာႏုိင္ငံသား အမ်ားအျပား အပါအ၀င္ မေလးရွားႏုိင္ငံနဲ႔ နယ္စပ္မွာ တရားမ၀င္ ၀င္ထြက္သြားလာေနသူေတြ အဓိက အသုံးျပဳေနတဲ့ လမ္းေၾကာင္းေတြမွာ ကာရံဖုိ႔ စီစဥ္ေနတာကုိ ထုိင္းစစ္တပ္ အမွတ္ (၄) စစ္တုိင္းမွဴးက ေျပာဆုိလုိက္တဲ့အေၾကာင္း ထုိင္းႏုိင္ငံေတာင္ပုိင္း အေျခစိုက္ ပညာေရးနဲ႔ဖြံျဖိဳးေရးေဖာင္ေဒးရွင္းက အလုပ္သမားေရးလႈပ္ရွားသူ ဦးမင္းဦးကေျပာပါတယ္။

“ေနရာလူစုတဲ့ေနရာ ေစာင့္ေခၚဖို႔ လူေတြထားဖို႔ေနရာေတြ လုပ္ျပီး မေလးရွားနယ္စပ္ကုိ ပို႔တာေပါ့။ အဲဒီ ၂ လမ္းျဖစ္ေနတဲ့အတြက္ နယ္စပ္ေတြကို ေသခ်ာပိတ္ဖို႔လိုျပီ ဆုိျပီး တပ္မဟာ (၄) စစ္တိုင္းမွဴးက ေျပာတာေပါ့။ အဲဒီေနရာမွာ လွ်ပ္စစ္ျခံစည္းရိုးလုပ္မယ္။ ကီလိုမီတာ ဘယ္ေလာက္အကြာအေ၀းေတာ့ မေျပာဘူး။ အဲဒီလိုလုပ္မယ္လို႔ေတာ့ေျပာတယ္။ ကာကြယ္ေရးအတြက္လုပ္မယ္။ အရွည္ကေတာ့ ကီလိုမီတာ အတန္အသင့္ ကာျပီး ၀င္ေပါက္ကို အဓိက ပိတ္ထားဖို႔ အကြာအေ၀းေလာက္ကို လွ်ပ္စစ္ျခံစည္းရိုးကို လုပ္မယ္ေပါ့ သူတုိ႔ေျပာတယ္။ ဒီဟာနဲ႔ပတ္သက္ျပီး လူကုန္ကူးမႈကုိ တုိက္ဖ်က္မႈရယ္၊ ကိုဗစ္ျပႆနာကုိလည္း တုိက္ဖ်က္မယ္ေပါ့။ ကပ္ေရာဂါက ျမန္မာနဲ႔ မေလးရွားမွာျဖစ္တာက ပိုမ်ားတယ္ေလ... ထိုင္းႏိုင္ငံထက္စာရင္ေပါ့။”

ကုိဗစ္ကပ္ေရာဂါကူးစက္မႈေတြ တေက်ာ့ျပန္ႀကံဳေနရတာေၾကာင့္ အေရးေပၚ အေျခအေန ေၾကညာထားတဲ့ မေလးရွားႏုိင္ငံနဲ႔နယ္စပ္ ထုိင္းႏုိင္ငံေတာင္ပုိင္းမွာ လူေမွာင္ခုိမႈေတြ တုိးလာေနေၾကာင္း ထုိင္းအာဏာပုိင္ေတြ သတိေပးခဲ့ၿပီးေနာက္ ထုိင္းစစ္တပ္က နယ္စပ္မွာ လွ်ပ္စစ္ၿခံစည္း႐ုိးကာမယ့္အေၾကာင္း ေၾကညာလုိက္တာလည္း ျဖစ္ပါတယ္။ လြန္ခဲ့တဲ့ ၃ လေက်ာ္အတြင္း တရားမ၀င္ နယ္စပ္ျဖတ္ေက်ာ္ ၀င္ေရာက္သူ ၆၀၀ ေက်ာ္ကုိ ထုိင္းအာဏာပုိင္ေတြ ဖမ္းဆီးခဲ့ရာမွာ အမ်ားစုက ျမန္မာႏုိင္ငံက ျဖစ္တယ္လုိ႔လည္း အလုပ္သမားေရး လႈပ္ရွားသူ ဦးမင္းဦးကေျပာပါတယ္။

“က်န္ခဲ့တဲ့ ၂၀၂၀ ေအာက္တိုဘာလ လ ကေန အခုထိ လူ ၆၀၀ ေက်ာ္ဖမ္းမိတယ္။ အဲဒီထဲမွာ ျမန္မာက အမ်ားဆံုး ၆၂၄ ေယာက္ထဲမွာ ၄၀၈ ေယာက္က ျမန္မာပါတယ္။ အဲဒီမွာ က်န္တာေတြက ဒုတိယအမ်ားဆံုး ကေမၻာဒီးယား၊ ေနာက္ လာအို၀္ေပါ့... မေလးရွားတို႔၊ စကၤာပူတို႔၊ ဘဂၤလားေဒ့ရွ္တုိ႔လည္း ပါတယ္။ သူတို႔ကေတာ့ နည္းတာေပါ့ေလ။”

ဒီရက္ပိုင္းမွာပဲ ထိုင္းျမန္မာနယ္စပ္ ကမ္ ခ်နဘူရီ ခရိုင္ Thong Pha Phum ျမိဳ႕ စစ္ေဆးေရးဂိတ္မွာ ျမန္မာနိုင္ငံသား ေလးဦးကို အခေၾကးေငြယူျပီး လူကုန္ကူးခဲ့တဲ့ နယ္ေျမ အုပ္ခ်ဳပ္ေရးမွဴးရဲ႕ ဇနီးနဲ႔ ကားေမာင္းသူ ထိုင္းအမ်ိဳးသား တဦးကို ထုိင္းနယ္ျခားေစာင့္တပ္က ဖမ္းဆီးခဲ့ပါတယ္ နယ္စပ္ကေန တရားမ၀င္ ေခၚေဆာင္လာတဲ့ ျမန္မာနိုင္ငံသား ေလးဦးကို တစ္ဦးကို ဘတ္ေငြ ၈,၀၀၀ နဲ ့ အခေၾကးေငြယူျပီး ဘန္ေကာက္မွာ အလုပ္သြင္းေပးဖို႔ ကားငယ္တစီးနဲ႔ Thong Pha Phum လမ္းစံု နယ္စပ္ဂိတ္ကို ျဖတ္ဖိုိ ့ႀကိဳးစားရင္း ဖမ္းမိခဲ့တာပါ။

အေမရိကန္ႏုိင္ငံျခားေရး ၀န္ႀကီးဌာနက ျပီးခဲ့တဲ့ႏွစ္ ဇြန္လထဲမွာ ထုတ္ျပန္ခဲ့တဲ့ ကမာၻတ၀န္းက လူကုန္ကူးမႈဆုိင္ရာ အစီရင္ခံစာမွာေတာ့ ျမန္မာႏိုင္ငံဟာ လူကုန္ကူးမႈ တိုက္ဖ်က္ေရးအတြက္ ထိထိေရာက္ေရာက္ ေဆာင္ရြက္မႈမရွိတဲ့ အနိမ့္ဆုံးအဆင့္ ႏုိင္ငံစာရင္းမွာ ထည့္သြင္းေဖာ္ျပခဲ့တာပါ။ ျမန္မာႏုိင္ငံသားေတြနဲ႔ ဆက္စပ္တဲ့ လူေမွာင္ခုိမႈေတြ ရွိေနတဲ့ ထုိင္းႏိုင္ငံကေတာ့ tire 2 ေစာင့္ႀကည့္အဆင့္မွာ ထည့္သြင္းထားဆဲ ျဖစ္ပါတယ္္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

မလေးရှားနယ်စပ် လျှပ်စစ်ခြံစည်းရိုးကာဖို့ ထိုင်းစစ်တပ်စီစဉ်

ထိုင်းနိုင်ငံတောင်ပိုင်းမှာ မြန်မာနိုင်ငံသား အများအပြား အပါအဝင် တရားမဝင် ဝင်ရောက်လာသူတွေ ရာနဲ့ချီ ဖမ်းဆီးမိခဲ့ပြီးနောက် လုံခြုံရေးအတွက် လျှပ်စစ်ခြံစည်းရိုး ကာရံဖို့ ဒေသခံ ထိုင်းစစ်တပ်က ပြောဆိုလိုက်တဲ့အကြောင်းကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မအေးအေးမာက တင်ဆက်ပေးပါမယ်။

မလေးရှားနိုင်ငံနဲ့နယ်စပ် ထိုင်းနိုင်ငံ တောင်ပိုင်းမှာ ၃ လအတွင်း တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်သူ ၆၀၀ ကျော်အထိ ဖမ်းဆီးမိခဲ့ပြီေးနာက် နယ်စပ်မှာ လျှပ်စစ်ခြံစည်းရိုးကာရံမယ့် အစီအစဉ်ကို ထိုင်းစစ်တပ်က ကြေညာလိုက်တာပါ။ မြန်မာနိုင်ငံသား အများအပြား အပါအဝင် မလေးရှားနိုင်ငံနဲ့ နယ်စပ်မှာ တရားမဝင် ဝင်ထွက်သွားလာနေသူတွေ အဓိက အသုံးပြုနေတဲ့ လမ်းကြောင်းတွေမှာ ကာရံဖို့ စီစဉ်နေတာကို ထိုင်းစစ်တပ် အမှတ် (၄) စစ်တိုင်းမှူးက ပြောဆိုလိုက်တဲ့အကြောင်း ထိုင်းနိုင်ငံတောင်ပိုင်း အခြေစိုက် ပညာရေးနဲ့ဖွံဖြိုးရေးဖောင်ဒေးရှင်းက အလုပ်သမားရေးလှုပ်ရှားသူ ဦးမင်းဦးကပြောပါတယ်။

“နေရာလူစုတဲ့နေရာ စောင့်ခေါ်ဖို့ လူတွေထားဖို့နေရာတွေ လုပ်ပြီး မလေးရှားနယ်စပ်ကို ပို့တာပေါ့။ အဲဒီ ၂ လမ်းဖြစ်နေတဲ့အတွက် နယ်စပ်တွေကို သေချာပိတ်ဖို့လိုပြီ ဆိုပြီး တပ်မဟာ (၄) စစ်တိုင်းမှူးက ပြောတာပေါ့။ အဲဒီနေရာမှာ လျှပ်စစ်ခြံစည်းရိုးလုပ်မယ်။ ကီလိုမီတာ ဘယ်လောက်အကွာအဝေးတော့ မပြောဘူး။ အဲဒီလိုလုပ်မယ်လို့တော့ပြောတယ်။ ကာကွယ်ရေးအတွက်လုပ်မယ်။ အရှည်ကတော့ ကီလိုမီတာ အတန်အသင့် ကာပြီး ဝင်ပေါက်ကို အဓိက ပိတ်ထားဖို့ အကွာအဝေးလောက်ကို လျှပ်စစ်ခြံစည်းရိုးကို လုပ်မယ်ပေါ့ သူတို့ပြောတယ်။ ဒီဟာနဲ့ပတ်သက်ပြီး လူကုန်ကူးမှုကို တိုက်ဖျက်မှုရယ်၊ ကိုဗစ်ပြဿနာကိုလည်း တိုက်ဖျက်မယ်ပေါ့။ ကပ်ရောဂါက မြန်မာနဲ့ မလေးရှားမှာဖြစ်တာက ပိုများတယ်လေ... ထိုင်းနိုင်ငံထက်စာရင်ပေါ့။”

ကိုဗစ်ကပ်ရောဂါကူးစက်မှုတွေ တကျော့ပြန်ကြုံနေရတာကြောင့် အရေးပေါ် အခြေအနေ ကြေညာထားတဲ့ မလေးရှားနိုင်ငံနဲ့နယ်စပ် ထိုင်းနိုင်ငံတောင်ပိုင်းမှာ လူမှောင်ခိုမှုတွေ တိုးလာနေကြောင်း ထိုင်းအာဏာပိုင်တွေ သတိပေးခဲ့ပြီးနောက် ထိုင်းစစ်တပ်က နယ်စပ်မှာ လျှပ်စစ်ခြံစည်းရိုးကာမယ့်အကြောင်း ကြေညာလိုက်တာလည်း ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၃ လကျော်အတွင်း တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်သူ ၆၀၀ ကျော်ကို ထိုင်းအာဏာပိုင်တွေ ဖမ်းဆီးခဲ့ရာမှာ အများစုက မြန်မာနိုင်ငံက ဖြစ်တယ်လို့လည်း အလုပ်သမားရေး လှုပ်ရှားသူ ဦးမင်းဦးကပြောပါတယ်။

“ကျန်ခဲ့တဲ့ ၂၀၂၀ အောက်တိုဘာလ လ ကနေ အခုထိ လူ ၆၀၀ ကျော်ဖမ်းမိတယ်။ အဲဒီထဲမှာ မြန်မာက အများဆုံး ၆၂၄ ယောက်ထဲမှာ ၄၀၈ ယောက်က မြန်မာပါတယ်။ အဲဒီမှာ ကျန်တာတွေက ဒုတိယအများဆုံး ကမ္ဘောဒီးယား၊ နောက် လာအိုဝ်ပေါ့... မလေးရှားတို့၊ စင်္ကာပူတို့၊ ဘင်္ဂလားဒေ့ရှ်တို့လည်း ပါတယ်။ သူတို့ကတော့ နည်းတာပေါ့လေ။”

ဒီရက်ပိုင်းမှာပဲ ထိုင်းမြန်မာနယ်စပ် ကမ် ချနဘူရီ ခရိုင် Thong Pha Phum မြို့ စစ်ဆေးရေးဂိတ်မှာ မြန်မာနိုင်ငံသား လေးဦးကို အခကြေးငွေယူပြီး လူကုန်ကူးခဲ့တဲ့ နယ်မြေ အုပ်ချုပ်ရေးမှူးရဲ့ ဇနီးနဲ့ ကားမောင်းသူ ထိုင်းအမျိုးသား တဦးကို ထိုင်းနယ်ခြားစောင့်တပ်က ဖမ်းဆီးခဲ့ပါတယ် နယ်စပ်ကနေ တရားမဝင် ခေါ်ဆောင်လာတဲ့ မြန်မာနိုင်ငံသား လေးဦးကို တစ်ဦးကို ဘတ်ငွေ ၈,၀၀၀ နဲ့ အခကြေးငွေယူပြီး ဘန်ကောက်မှာ အလုပ်သွင်းပေးဖို့ ကားငယ်တစီးနဲ့ Thong Pha Phum လမ်းစုံ နယ်စပ်ဂိတ်ကို ဖြတ်ဖို့ကြိုးစားရင်း ဖမ်းမိခဲ့တာပါ။

အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြီးခဲ့တဲ့နှစ် ဇွန်လထဲမှာ ထုတ်ပြန်ခဲ့တဲ့ ကမ္ဘာတဝန်းက လူကုန်ကူးမှုဆိုင်ရာ အစီရင်ခံစာမှာတော့ မြန်မာနိုင်ငံဟာ လူကုန်ကူးမှု တိုက်ဖျက်ရေးအတွက် ထိထိရောက်ရောက် ဆောင်ရွက်မှုမရှိတဲ့ အနိမ့်ဆုံးအဆင့် နိုင်ငံစာရင်းမှာ ထည့်သွင်းဖော်ပြခဲ့တာပါ။ မြန်မာနိုင်ငံသားတွေနဲ့ ဆက်စပ်တဲ့ လူမှောင်ခိုမှုတွေ ရှိနေတဲ့ ထိုင်းနိုင်ငံကတော့ tire 2 စောင့်ကြည့်အဆင့်မှာ ထည့်သွင်းထားဆဲ ဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG