သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

မေလးရွားမွာ ပိတ္မိေနသူ ျမန္မာ ၁၀၀ ေက်ာ္ ေနရပ္ျပန္လာ


ဇန္န၀ါရီလ ၂၇ ရက္ေန႔က ေနရပ္ျပန္ပို႔ခံရတဲ့ ထိန္းသိမ္းေရးစခန္းက ျမန္မာႏိုင္ငံသားမ်ား (ဓာတ္ပံု - ျမန္မာလူမႈကူညီေရးအသင္း (မေလးရွား) - ဇန္နဝါရီ ၂၇၊ ၂၀၂၁)

[Zawgyi/Unicode]

ဇန္န၀ါရီလ ၂၇ ရက္ေန႔က ေနရပ္ျပန္ပို႔ခံရတဲ့ ထိန္းသိမ္းေရးစခန္းက ျမန္မာႏိုင္ငံသားမ်ား (ဓာတ္ပံု - ျမန္မာလူမႈကူညီေရးအသင္း (မေလးရွား) - ဇန္နဝါရီ ၂၇၊ ၂၀၂၁)
ဇန္န၀ါရီလ ၂၇ ရက္ေန႔က ေနရပ္ျပန္ပို႔ခံရတဲ့ ထိန္းသိမ္းေရးစခန္းက ျမန္မာႏိုင္ငံသားမ်ား (ဓာတ္ပံု - ျမန္မာလူမႈကူညီေရးအသင္း (မေလးရွား) - ဇန္နဝါရီ ၂၇၊ ၂၀၂၁)

ကုိဗစ္ကပ္ေဘးကာလ မေလးရွားႏိုင္ငံမွာ ပိတ္မိေနသူေတြနဲ႔ ထိန္းသိမ္းခံထားရတဲ့ အက်ဥ္းသားေတြ အပါအ၀င္ ျမန္မာႏုိင္ငံသား ၁၀၀ ေက်ာ္ ဒီကေန႔ပဲ ေနရပ္ျပန္ခြင့္ရခဲ့ၾကတဲ့အေၾကာင္းကို ဗီြအိုေအျမန္မာပိုင္း သတင္းေထာက္ မေအးေအးမာက ေျပာျပပါမယ္။

ကပ္ေရာဂါကာလ မေလးရွားႏုိင္ငံမွာ ေသာင္တင္ေနသူေတြနဲ႔ ထိန္းသိမ္းေရးစခန္းေတြမွာ လြတ္ရက္ေစ့ေနတဲ့ ျမန္မာႏုိင္ငံသားေတြကုိ သံ႐ုံးအစီအစဥ္နဲ႔ ေနရပ္ျပန္ပို႔ေနရာမွာ ေနာက္ထက္ ၁၀၀ ေက်ာ္ ျပန္ခြင့္ရခဲ့ၾကတာပါ။ ဒီကေန႔ ေနရပ္ျပန္ခြင့္ရသူေတြထဲမွာေတာ့ ရက္သားအရြယ္ ကေလးငယ္တေယာက္အပါအ၀င္ ထိန္းသိမ္းေရးစခန္းေတြက လြတ္ရက္ေစ့အက်ဥ္းသား ၅၀ နီးပါးပါ၀င္ေၾကာင္း မေလးရွားႏုိင္ငံအေျခစုိက္ ျမန္မာလူမႈကူညီေရးအသင္းဥကၠ႒ ဦးစန္း၀င္းက ေျပာပါတယ္။

“ဒီေန႔မွာဆိုရင္ေတာ့ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ မေလးရွားနိုင္ငံမွာ ဖမ္းဆီးထိ္န္းသိမ္းခံထားရတဲ့ လူ ၅၀ ေလာက္ျပန္သြားပါတယ္။ လူ ၅၀ ထဲမွာ မေလးရွားႏိုင္ငံကေန ေအာက္လမ္းလို႔ ေခၚတဲ့ တရားမ၀င္လမ္းကေန ျပန္ဖို႔လုပ္ျပီး ဖမ္းဆီးခံရတာ ထိန္းသိမ္းေရးစခန္းထဲမွာ မီးဖြားသြားတဲ့အမ်ိဳးသမီးေတြ ပါပါတယ္။ ကေလးတေယာက္က ၂၂ ရက္သားပဲရွိေသးတယ္။ က်န္တာက ၃ ႏွစ္သားေလး တဦး၊ တလခဲြခန္႔ သမီးေလးတဦး၊ ေနာက္ ၄ ႏွစ္သမီးေလး တဦးလည္း ပါပါတယ္။ အားလံုး ဒီေန႔ ကယ္ဆယ္ေရးေလယာဥ္နဲ႔ ျပန္သြားၾကတာပါ။”

ကပ္ေရာဂါ တေက်ာ့ျပန္ ကူးစက္မႈေတြေၾကာင့္ မၾကာေသးခင္ကပဲ အေရးေပၚ အေျခအေနေၾကညာထားတဲ့ မေလးရွားႏိုင္ငံကေန တရားမ၀င္ နယ္စပ္ျဖတ္ေက်ာ္ ဝင္ထြက္ေနသူေတြကုိေတာ့ ဒီလထဲမွာပဲ အာဏာပုိင္ေတြ ဆက္တုိက္ဆုိသလုိ ဖမ္းဆီးေနတာပါ။ မၾကာေသးခင္ ရက္ေတြက ဖမ္းဆီးမႈေတြေၾကာင့္ မေလးရွားႏုိင္ငံေရာက္ ျမန္မာႏုိင္ငံသားေတြအပါအ၀င္ ႏုိင္ငံျခားသားေတြ ထုိင္းႏုိင္ငံ နယ္စပ္ကေန တရားမ၀င္ ျဖတ္ေက်ာ္မႈေတြ ေလ်ာ့နည္းသြားတယ္လို႔လည္း ဦးစန္း၀င္းကေျပာပါတယ္။

“အခုရက္ပုိင္းကေတာ့ မေလးရွားနယ္စပ္နဲ႔ ထုိင္းနယ္စပ္မွာ တရားမ၀င္လမ္းေၾကာင္းေတြက ဖမ္းဆီးမႈေတြ မ်ားေနတာေၾကာင့္ တရားမဝင္ျပန္တဲ့သူေတြ ေလ်ာ့နည္းသြားပါတယ္။ မေလးရွားက ျမန္မာသံရံုးနဲ႔ မေလးရွားလ၀ကတုိ႔ ကူညီပံ့ပိုးမႈနဲ႔ ျမန္မာျပည္က လာတဲ့ကယ္ဆယ္ေရးေလယာဥ္ေတြက တပတ္ကုိ ၃ ႀကိမ္တိုးခ်ဲ႕ ပ်ံသန္းေပးမယ္လို႔ လူတုိင္းျပန္လို့ရတဲ့ အေနအထားျဖစ္သြားတယ္။ ေနာက္တခုက မေလးရွားလ၀ကက ဒီႏွစ္ ဇြန္လအထိ ဒဏ္ေၾကး ေလ်ာ့ေပ့ါေပးမယ္ဆုိတာရယ္၊ အားလံုးျပန္ႏိုင္ေအာင္ လုပ္ေပးမယ္ဆုိတာေႀကာင့္ ေလယာဥ္နဲ႔ ေနရပ္ျပန္ႏိုင္ေရးကုိ အားလံုးက ေစာင့္ေနဝကပါတယ္။”

ကုိဗစ္ကပ္ေရာဂါေၾကာင့္ ေသဆုံးသူ ၇၀၀၊ ကူးစက္သူ ၁၉၀,၀၀၀ ေလာက္ရိွေနတဲ့ မေလးရွားႏုိင္ငံမွာ ဒီလအတြင္းေန႔စဥ္္ လူဦးေရေထာင္ခ်ီျပီး ကပ္ေရာဂါပိုး ကူးစက္ေနရာမွာ အမ်ားစုက ႏိုင္ငံျခားသား အလုပ္သမားေတြ ျဖစ္တယ္လို႔ ဆိုပါတယ္။ ဒီလိုကူးစက္မႈေတြ အမ်ားအျပားျဖစ္ေနခ်ိန္မွာ ျမန္မာႏို္င္ငံသားေတြကို ေနရပ္ျပန္ပုိ႔ေနတာျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

မလေးရှားမှာ ပိတ်မိနေသူ မြန်မာ ၁၀၀ ကျော် နေရပ်ပြန်လာ

ကိုဗစ်ကပ်ဘေးကာလ မလေးရှားနိုင်ငံမှာ ပိတ်မိနေသူတွေနဲ့ ထိန်းသိမ်းခံထားရတဲ့ အကျဉ်းသားတွေ အပါအဝင် မြန်မာနိုင်ငံသား ၁၀၀ ကျော် ဒီကနေ့ပဲ နေရပ်ပြန်ခွင့်ရခဲ့ကြတဲ့အကြောင်းကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မအေးအေးမာက ပြောပြပါမယ်။

ကပ်ရောဂါကာလ မလေးရှားနိုင်ငံမှာ သောင်တင်နေသူတွေနဲ့ ထိန်းသိမ်းရေးစခန်းတွေမှာ လွတ်ရက်စေ့နေတဲ့ မြန်မာနိုင်ငံသားတွေကို သံရုံးအစီအစဉ်နဲ့ နေရပ်ပြန်ပို့နေရာမှာ နောက်ထက် ၁၀၀ ကျော် ပြန်ခွင့်ရခဲ့ကြတာပါ။ ဒီကနေ့ နေရပ်ပြန်ခွင့်ရသူတွေထဲမှာတော့ ရက်သားအရွယ် ကလေးငယ်တယောက်အပါအဝင် ထိန်းသိမ်းရေးစခန်းတွေက လွတ်ရက်စေ့အကျဉ်းသား ၅၀ နီးပါးပါဝင်ကြောင်း မလေးရှားနိုင်ငံအခြေစိုက် မြန်မာလူမှုကူညီရေးအသင်းဥက္ကဋ္ဌ ဦးစန်းဝင်းက ပြောပါတယ်။

“ဒီနေ့မှာဆိုရင်တော့ အကြောင်းအမျိုးမျိုးကြောင့် မလေးရှားနိုင်ငံမှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ လူ ၅၀ လောက်ပြန်သွားပါတယ်။ လူ ၅၀ ထဲမှာ မလေးရှားနိုင်ငံကနေ အောက်လမ်းလို့ ခေါ်တဲ့ တရားမဝင်လမ်းကနေ ပြန်ဖို့လုပ်ပြီး ဖမ်းဆီးခံရတာ ထိန်းသိမ်းရေးစခန်းထဲမှာ မီးဖွားသွားတဲ့အမျိုးသမီးတွေ ပါပါတယ်။ ကလေးတယောက်က ၂၂ ရက်သားပဲရှိသေးတယ်။ ကျန်တာက ၃ နှစ်သားလေး တဦး၊ တလခွဲခန့် သမီးလေးတဦး၊ နောက် ၄ နှစ်သမီးလေး တဦးလည်း ပါပါတယ်။ အားလုံး ဒီနေ့ ကယ်ဆယ်ရေးလေယာဉ်နဲ့ ပြန်သွားကြတာပါ။”

ကပ်ရောဂါ တကျော့ပြန် ကူးစက်မှုတွေကြောင့် မကြာသေးခင်ကပဲ အရေးပေါ် အခြေအနေကြေညာထားတဲ့ မလေးရှားနိုင်ငံကနေ တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ထွက်နေသူတွေကိုတော့ ဒီလထဲမှာပဲ အာဏာပိုင်တွေ ဆက်တိုက်ဆိုသလို ဖမ်းဆီးနေတာပါ။ မကြာသေးခင် ရက်တွေက ဖမ်းဆီးမှုတွေကြောင့် မလေးရှားနိုင်ငံရောက် မြန်မာနိုင်ငံသားတွေအပါအဝင် နိုင်ငံခြားသားတွေ ထိုင်းနိုင်ငံ နယ်စပ်ကနေ တရားမဝင် ဖြတ်ကျော်မှုတွေ လျော့နည်းသွားတယ်လို့လည်း ဦးစန်းဝင်းကပြောပါတယ်။

“အခုရက်ပိုင်းကတော့ မလေးရှားနယ်စပ်နဲ့ ထိုင်းနယ်စပ်မှာ တရားမဝင်လမ်းကြောင်းတွေက ဖမ်းဆီးမှုတွေ များနေတာကြောင့် တရားမဝင်ပြန်တဲ့သူတွေ လျော့နည်းသွားပါတယ်။ မလေးရှားက မြန်မာသံရုံးနဲ့ မလေးရှားလဝကတို့ ကူညီပံ့ပိုးမှုနဲ့ မြန်မာပြည်က လာတဲ့ကယ်ဆယ်ရေးလေယာဉ်တွေက တပတ်ကို ၃ ကြိမ်တိုးချဲ့ ပျံသန်းပေးမယ်လို့ လူတိုင်းပြန်လို့ရတဲ့ အနေအထားဖြစ်သွားတယ်။ နောက်တခုက မလေးရှားလဝကက ဒီနှစ် ဇွန်လအထိ ဒဏ်ကြေး လျော့ပေ့ါပေးမယ်ဆိုတာရယ်၊ အားလုံးပြန်နိုင်အောင် လုပ်ပေးမယ်ဆိုတာကြောင့် လေယာဉ်နဲ့ နေရပ်ပြန်နိုင်ရေးကို အားလုံးက စောင့်နေဝကပါတယ်။”

ကိုဗစ်ကပ်ရောဂါကြောင့် သေဆုံးသူ ၇၀၀၊ ကူးစက်သူ ၁၉၀,၀၀၀ လောက်ရှိနေတဲ့ မလေးရှားနိုင်ငံမှာ ဒီလအတွင်းနေ့စဉ် လူဦးရေထောင်ချီပြီး ကပ်ရောဂါပိုး ကူးစက်နေရာမှာ အများစုက နိုင်ငံခြားသား အလုပ်သမားတွေ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒီလိုကူးစက်မှုတွေ အများအပြားဖြစ်နေချိန်မှာ မြန်မာနိုင်ငံသားတွေကို နေရပ်ပြန်ပို့နေတာဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG