သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

မေလးရွားမွာ ပိတ္မိေနတဲ႔ ျမန္မာေတြ ဌာေနျပန္ခြင္႔ရၿပီ


မေလးရွားႏိုင္ငံကေန ေနရပ္ျပန္လာၾကတဲ့ ျမန္မာႏိုင္ငံသားမ်ား။ (ဓာတ္ပံု -Myanmar Embassy in Kuala Lumpur, Malaysia - ၾသဂုတ္ ၂၆၊ ၂၀၂၀)

[Zawgyi/Unicode]

ျမန္မာႏုိင္ငံမွာ စစ္တပ္က အာဏာသိမ္းလုိက္တာေၾကာင့္ မေလးရွားႏုိင္ငံကေန ကယ္ဆယ္ေရးေလယာဥ္နဲ႔ ေနရပ္ျပန္ဖုိ႔ ၾကန္႔ၾကာမႈေတြ ႀကံဳခဲ့ရတဲ့ ျမန္မာႏုိင္ငံသား ၁၀၀ ေက်ာ္ ဒီေန႔ပဲ ေနရပ္ျပန္ခြင့္ရခဲ့တဲ့အေၾကာင္း ေျပာျပပါမယ္။ ဗီြအိုေအျမန္မာပိုင္း သတင္းေထာက္ မေအးေအးမာက သတင္းေပးပို႔ထားပါတယ္။

မေလးရွားႏိုင္ငံ ထိန္းသိမ္းေရးစခန္းက အက်ဥ္းသား ၅၀ ေလာက္ အပါအ၀င္ ကပ္ေရာဂါကာလ ပိတ္မိေနတဲ့ ျမန္မာႏိုင္ငံသား ၁၀၀ ေက်ာ္ဟာ စစ္တပ္က အာဏာသိမ္းလုိက္တဲ့ေန႔မွာ ျပန္ဖုိ႔စီစဥ္ထားေပမဲ့ ခရီးစဥ္ပ်က္ခဲ့ၿပီးေနာက္ ဒီေန႔ပဲ ျပန္ခြင့္ရခဲ့တာ ျဖစ္ပါတယ္။ ကုိဗစ္ကပ္ေရာဂါကာလ ပိတ္မိေနတဲ့ မေလးရွား ထိန္းသိမ္းေရးစခန္းက အက်ဥ္းသားေတြနဲ့ တရားမ၀င္ေနထုိင္သူေတြကုိ တပတ္ ၃ ႀကိမ္ ကယ္ဆယ္ေရး ေလယာဥ္နဲ႔ ေနရပ္ျပန္ဖုိ႔ စီစဥ္ရာမွာ ဒီကေန႔ ၁၀၀ ေက်ာ္ ျပန္ခြင့္ရခဲ့တာလုိ႔လည္း မေလးရွားႏုိင္ငံအေျခစိုက္ ျမန္မာလူမႈ ကူညီေရးအသင္းဥကၠ႒ ဦးစန္း၀င္းက ေျပာပါတယ္။

“ဖမ္းဆီးထိန္းသိမ္းခံထားရတဲ့ ျမန္မာႏိုင္ငံသား ၅၀ ဦးခန္႔ ပါ၀င္တယ္ေပါ့။ အဲဒီ ၅၀ ထဲမွာစုစုေပါင္း အမ်ိဳးသမီး ၂၂ ဦး ပါ၀င္တယ္။ ဒီညေန ၃ နာရီ ေလယာဥ္နဲ႔ ျပန္တယ္။ ျပီးခဲ့တဲ့ရက္ ကဒီလကစျပီး အပတ္စဥ္ ၃ ႀကိမ္ ေလယာဥ္ျပန္သန္းဖို႔ ရွိေသာ္လည္း ၁ ရက္ေန႔ အေၾကာင္းေၾကာင္းေၾကာင့္ ေလယာဥ္ပ်ံသန္းဖို႔ အခက္အခဲရိွတာေၾကာင့္ ဒီေန႔မွ ျပန္ခြင့္ရတယ္။ ဒီေန႔ျပန္တဲ့ အက်ဥ္းသားေတြက ဟုိေန့ကျပန္မရတဲ့သူေတြပါတယ္ တျခား ပါစင္ဂ်ာခရီးသည္ေတြကေတာ့ ၁၅ ရက္ေန႔မွာ ေနာက္အပတ္ေတြမွ ျပန္ခြင့္ရမယ္။ မေလးႏုိင္ငံက ျမန္မာသံရံုးက ဒုသံအမတ္ႀကီး ဦးသန္းေထြးနဲ႔ သံရံုးအဖဲြ႔ေတြ လ၀က အဖဲြ႔ေတြက သူတို့ေတြကုိ ေလယာဥ္ေပၚထိ လိုက္ပါပို႔ေဆာင္ေပးပါတယ္။ ျမန္မာလူမႈကူညီေရးအသင္း မေလးရွားကေတာ့ သူတို႔ေတြကို အစားအေသာက္နဲ႔ အ၀တ္အထည္ေတြ လွဴဒါန္းမႈ လုပ္ေပးပါတယ္။"

တရား၀င္ေရာ၊ တရားမ၀င္ပါ ျမန္မာႏိုင္ငံသား ၅၅၀,၀၀၀ ေလာက္ရွိေနတဲ့ မေလးရွားႏိုင္ငံမွာ ကုိဗစ္ကာလအတြင္းမွာ ေနရပ္ျပန္ဖို႔အတြက္ ျမန္မာသံရံုးကုိ စာရင္းေပးသြင္းထားတဲ့ျမန္မာေတြ ေသာင္းဂဏန္းနဲ႔ ရိွေနတာပါ။ ဒီကာလအတြင္းမွာ ကပ္ေဘးေၾကာင့္ေရာ၊ အလုပ္အကုိင္အခက္အခဲေတြေၾကာင့္ေရာ တရားမ၀င္တဲ့နည္းနဲ႔ ေနရပ္ျပန္ဖုိ႔ ႀကိဳးစားၾကသူေတြလည္း ဖမ္းဆီးခံရတာေတြ ရွိပါတယ္။ ကုိဗစ္ကပ္ေဘးကာလမွာ မေလးရွားေရာက္ ျမန္မာ ၂၀ ထက္မနည္းဟာ မိမိကုိယ္ မိမိအဆံုးစီရင္မႈေတြလည္း ခပ္စိတ္စိတ္ျဖစ္လာေတြရယ္၊ လူပဲြစားေတြကုိ ေငြေပးျပီး တရားမဝင္နည္းလမ္းေတြနဲ႔ ေနရပ္ျပန္ဖို႔ ၾကိဳးစားေနတာေတြေႀကာင့္ ျမန္မာအစိုးရက တရားမ၀င္ေနထုိင္သူေတြ ေနရပ္ျပန္ႏိုင္ေရးကို မေလးရွားအစိုးရနဲ႔ ညိွႏိႈင္းေဆာင္ရြက္ခဲ့တာျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္


[Unicode Version]

မလေးရှားမှာ ပိတ်မိနေတဲ့ မြန်မာတွေ ဌာနေပြန်ခွင့်ရပြီ

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းလိုက်တာကြောင့် မလေးရှားနိုင်ငံကနေ ကယ်ဆယ်ရေးလေယာဉ်နဲ့ နေရပ်ပြန်ဖို့ ကြန့်ကြာမှုတွေ ကြုံခဲ့ရတဲ့ မြန်မာနိုင်ငံသား ၁၀၀ ကျော် ဒီနေ့ပဲ နေရပ်ပြန်ခွင့်ရခဲ့တဲ့အကြောင်း ပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

မလေးရှားနိုင်ငံ ထိန်းသိမ်းရေးစခန်းက အကျဉ်းသား ၅၀ လောက် အပါအဝင် ကပ်ရောဂါကာလ ပိတ်မိနေတဲ့ မြန်မာနိုင်ငံသား ၁၀၀ ကျော်ဟာ စစ်တပ်က အာဏာသိမ်းလိုက်တဲ့နေ့မှာ ပြန်ဖို့စီစဉ်ထားပေမဲ့ ခရီးစဉ်ပျက်ခဲ့ပြီးနောက် ဒီနေ့ပဲ ပြန်ခွင့်ရခဲ့တာ ဖြစ်ပါတယ်။ ကိုဗစ်ကပ်ရောဂါကာလ ပိတ်မိနေတဲ့ မလေးရှား ထိန်းသိမ်းရေးစခန်းက အကျဉ်းသားတွေနဲ့ တရားမဝင်နေထိုင်သူတွေကို တပတ် ၃ကြိမ် ကယ်ဆယ်ရေး လေယာဉ်နဲ့ နေရပ်ပြန်ဖို့ စီစဉ်ရာမှာ ဒီကနေ့ ၁၀၀ ကျော် ပြန်ခွင့်ရခဲ့တာလို့လည်း မလေးရှားနိုင်ငံအခြေစိုက် မြန်မာလူမှု ကူညီရေးအသင်းဥက္ကဋ္ဌ ဦးစန်းဝင်းက ပြောပါတယ်။

“ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ မြန်မာနိုင်ငံသား ၅၀ ဦးခန့် ပါဝင်တယ်ပေါ့။ အဲဒီ ၅၀ ထဲမှာစုစုပေါင်း အမျိုးသမီး ၂၂ ဦး ပါဝင်တယ်။ ဒီညနေ ၃ နာရီ လေယာဉ်နဲ့ ပြန်တယ်။ ပြီးခဲ့တဲ့ရက် ကဒီလကစပြီး အပတ်စဉ် ၃ ကြိမ် လေယာဉ်ပြန်သန်းဖို့ ရှိသော်လည်း ၁ ရက်နေ့ အကြောင်းကြောင်းကြောင့် လေယာဉ်ပျံသန်းဖို့ အခက်အခဲရှိတာကြောင့် ဒီနေ့မှ ပြန်ခွင့်ရတယ်။ ဒီနေ့ပြန်တဲ့ အကျဉ်းသားတွေက ဟိုနေ့ကပြန်မရတဲ့သူတွေပါတယ် တခြား ပါစင်ဂျာခရီးသည်တွေကတော့ ၁၅ ရက်နေ့မှာ နောက်အပတ်တွေမှ ပြန်ခွင့်ရမယ်။ မလေးနိုင်ငံက မြန်မာသံရုံးက ဒုသံအမတ်ကြီး ဦးသန်းထွေးနဲ့ သံရုံးအဖွဲ့တွေ လဝက အဖွဲ့တွေက သူတို့တွေကို လေယာဉ်ပေါ်ထိ လိုက်ပါပို့ဆောင်ပေးပါတယ်။ မြန်မာလူမှုကူညီရေးအသင်း မလေးရှားကတော့ သူတို့တွေကို အစားအသောက်နဲ့ အဝတ်အထည်တွေ လှူဒါန်းမှု လုပ်ပေးပါတယ်။"

တရားဝင်ရော၊ တရားမဝင်ပါ မြန်မာနိုင်ငံသား ၅၅၀,၀၀၀ လောက်ရှိနေတဲ့ မလေးရှားနိုင်ငံမှာ ကိုဗစ်ကာလအတွင်းမှာ နေရပ်ပြန်ဖို့အတွက် မြန်မာသံရုံးကို စာရင်းပေးသွင်းထားတဲ့မြန်မာတွေ သောင်းဂဏန်းနဲ့ ရှိနေတာပါ။ ဒီကာလအတွင်းမှာ ကပ်ဘေးကြောင့်ရော၊ အလုပ်အကိုင်အခက်အခဲတွေကြောင့်ရော တရားမဝင်တဲ့နည်းနဲ့ နေရပ်ပြန်ဖို့ ကြိုးစားကြသူတွေလည်း ဖမ်းဆီးခံရတာတွေ ရှိပါတယ်။ ကိုဗစ်ကပ်ဘေးကာလမှာ မလေးရှားရောက် မြန်မာ ၂၀ ထက်မနည်းဟာ မိမိကိုယ် မိမိအဆုံးစီရင်မှုတွေလည်း ခပ်စိတ်စိတ်ဖြစ်လာတွေရယ်၊ လူပွဲစားတွေကို ငွေပေးပြီး တရားမဝင်နည်းလမ်းတွေနဲ့ နေရပ်ပြန်ဖို့ ကြိုးစားနေတာတွေကြောင့် မြန်မာအစိုးရက တရားမဝင်နေထိုင်သူတွေ နေရပ်ပြန်နိုင်ရေးကို မလေးရှားအစိုးရနဲ့ ညှိနှိုင်းဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG