သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

မေလးရွားက ျမန္မာႏုိင္ငံသားေတြ ျပန္ပို႔မယ့္ကိစၥ UNHCR ကန္႔ကြက္


မေလးရွားႏိုင္ငံ Kuala Lumpur ၿမိဳ႕က Twin Towers အနီး ျမင္ကြင္း။ (မတ္ ၁၈၊ ၂၀၂၀)

[Zawgyi/Unicode]

မေလးရွားမွာ ရွိေနတဲ့ ျမန္မာႏိုင္ငံသား ၁,၂၀၀ ကို ျပန္ပို႔မယ့္အေၾကာင္း ႐ိုက္တာသတင္းမွာေဖာ္ျပခဲ့ၿပီးေနာက္ မေလးရွားအစိုးရအေနနဲ႔ ဒုကၡသည္ေတြကို ျပန္မပို႔သင့္ေၾကာင္း ဒုကၡသည္မ်ားဆိုင္ရာ ကုလသမဂၢေအဂ်င္စီက ေသာၾကာေန႔မွာေျပာလိုက္ပါတယ္။

မေလးရွားမွာ အခ်ဳပ္ေႏွာင္ခံေနရတဲ့ ျမန္မာႏုိင္ငံသားေတြကို ျပန္ေခၚဖို႔ သေဘၤာ ၃ စင္း လႊတ္ေပးမယ္လို႔ ေဖေဖာ္ဝါရီ ၁ ရက္ေန႔မွာ အာဏာသိမ္းၿပီးတဲ့ေနာက္ ျမန္မာစစ္တပ္က ကမ္းလွမ္းခဲ့တာကို မေလးရွားက သေဘာတူခဲ့ေၾကာင္း အစိုးရအရာရွိေတြကို ကိုးကားၿပီး ႐ုိက္တာက ေရးခဲ့တာပါ။

မေလးရွား လူဝင္မႈႀကီးၾကပ္ေရး အမႈေဆာင္ဒါ႐ုိက္တာခ်ဳပ္ Khairul Dzaimee Daud က ျမန္မာႏုိင္ငံသား ၁,၂၀၀ ကို ျပန္ပို႔မယ့္အေၾကာင္း ၾကာသပေတးေန႔မွာ အတည္ျပဳခဲ့ေပမဲ့ သူတို႔ဟာ ဒုကၡသည္ေတြ ဟုတ္၊ မဟုတ္ဆိုတာကိုေတာ့ ေျပာမသြားပါဘူး။

မေလးရွားဟာ ပံုမွန္အားျဖင့္ ဒုကၡသည္ေတြကို အသိအမွတ္ျပဳေလ့မရွိဘဲ အေထာက္အထားမဲ့ တရားမဝင္ ေရာက္လာသူေတြအျဖစ္သာ အသိအမွတ္ျပဳပါတယ္။ မေလးရွားမွာ ျမန္မာႏုိင္ငံကေရာက္လာၿပီး ႏိုင္ငံေရး ခုိလံႈခြင့္ေတာင္းသူ ၁၅၀,၀၀၀ ေက်ာ္ရွိပါတယ္။

မေလးရွားမွာ ထိန္းသိမ္းခံထားရသူအမ်ားစုက ပဋိပကၡေတြနဲ႔ ႏွိပ္စက္ညွင္းပန္းမႈေတြကေန ထြက္ေျပးလာၾကတဲ့ ခ်င္း၊ ကခ်င္နဲ႔ မြတ္ဆလင္ ႐ိုဟင္ဂ်ာေတြ ျဖစ္ၾကပါတယ္။ လူ႔အခြင့္အေရးအဖြဲ႔ေတြကျမန္မာႏုိင္ငံမွာ စစ္အာဏာသိမ္းလိုက္ၿပီးတဲ့ေနာက္ ျမန္မာဒုကၡသည္ေတြလံုၿခံဳေရးကို စိုးရိမ္ေၾကာင္း ေျပာေနၾကတာလည္းျဖစ္ပါတယ္။

UNHCR ကေတာ့ အမ်ဳိးသမီးေတြနဲ႔ ကေလးေတြအပါအဝင္ ျပန္ပို႔ခံရမယ့္သူေတြအတြက္ ႏုိင္ငံတကာရဲ႕အကာကြယ္ လိုအပ္ႏုိင္ေၾကာင္းေျပာပါတယ္။ UNHCR ဟာ ၂၀၁၉ၾသဂုတ္လကတည္းက မေလးရွားက အက်ဥ္းစခန္းေတြကို ဝင္ရာက္ၿပီး ဒုကၡသည္အျဖစ္ စိစစ္အသိအမွတ္ျပဳတာေတြလုပ္ဖို႔ ဝင္ခြင့္မရခဲ့တာျဖစ္ပါတယ္။

မေလးရွားဟာ ကိုဗစ္-၁၉ ကပ္ေရာဂါျဖစ္ခ်ိန္က စလို႔ အေထာက္အထားမရွိ ေရႊ႕ေျပာင္းဝင္ေရာက္လာသူ ေထာင္ေပါင္းမ်ားစြာကို ဖမ္းဆီးထိန္းသိမ္းထားတာျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

မလေးရှားက မြန်မာနိုင်ငံသားတွေ ပြန်ပို့မယ့်ကိစ္စ UNHCR ကန့်ကွက်

မလေးရှားမှာ ရှိနေတဲ့ မြန်မာနိုင်ငံသား ၁,၂၀၀ ကို ပြန်ပို့မယ့်အကြောင်း ရိုက်တာသတင်းမှာဖော်ပြခဲ့ပြီးနောက် မလေးရှားအစိုးရအနေနဲ့ ဒုက္ခသည်တွေကို ပြန်မပို့သင့်ကြောင်း ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂအေဂျင်စီက သောကြာနေ့မှာပြောလိုက်ပါတယ်။

မလေးရှားမှာ အချုပ်နှောင်ခံနေရတဲ့ မြန်မာနိုင်ငံသားတွေကို ပြန်ခေါ်ဖို့ သင်္ဘော ၃ စင်း လွှတ်ပေးမယ်လို့ ဖေဖော်ဝါရီ ၁ ရက်နေ့မှာ အာဏာသိမ်းပြီးတဲ့နောက် မြန်မာစစ်တပ်က ကမ်းလှမ်းခဲ့တာကို မလေးရှားက သဘောတူခဲ့ကြောင်း အစိုးရအရာရှိတွေကို ကိုးကားပြီး ရိုက်တာက ရေးခဲ့တာပါ။

မလေးရှား လူဝင်မှုကြီးကြပ်ရေး အမှုဆောင်ဒါရိုက်တာချုပ် Khairul Dzaimee Daud က မြန်မာနိုင်ငံသား ၁,၂၀၀ ကို ပြန်ပို့မယ့်အကြောင်း ကြာသပတေးနေ့မှာ အတည်ပြုခဲ့ပေမဲ့ သူတို့ဟာ ဒုက္ခသည်တွေ ဟုတ်၊ မဟုတ်ဆိုတာကိုတော့ ပြောမသွားပါဘူး။

မလေးရှားဟာ ပုံမှန်အားဖြင့် ဒုက္ခသည်တွေကို အသိအမှတ်ပြုလေ့မရှိဘဲ အထောက်အထားမဲ့ တရားမဝင် ရောက်လာသူတွေအဖြစ်သာ အသိအမှတ်ပြုပါတယ်။ မလေးရှားမှာ မြန်မာနိုင်ငံကရောက်လာပြီး နိုင်ငံရေး ခိုလှုံခွင့်တောင်းသူ ၁၅၀,၀၀၀ ကျော်ရှိပါတယ်။

မလေးရှားမှာ ထိန်းသိမ်းခံထားရသူအများစုက ပဋိပက္ခတွေနဲ့ နှိပ်စက်ညှင်းပန်းမှုတွေကနေ ထွက်ပြေးလာကြတဲ့ ချင်း၊ ကချင်နဲ့ မွတ်ဆလင် ရိုဟင်ဂျာတွေ ဖြစ်ကြပါတယ်။ လူ့အခွင့်အရေးအဖွဲ့တွေကမြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းလိုက်ပြီးတဲ့နောက် မြန်မာဒုက္ခသည်တွေလုံခြုံရေးကို စိုးရိမ်ကြောင်း ပြောနေကြတာလည်းဖြစ်ပါတယ်။

UNHCR ကတော့ အမျိုးသမီးတွေနဲ့ ကလေးတွေအပါအဝင် ပြန်ပို့ခံရမယ့်သူတွေအတွက် နိုင်ငံတကာရဲ့အကာကွယ် လိုအပ်နိုင်ကြောင်းပြောပါတယ်။ UNHCR ဟာ ၂၀၁၉သြဂုတ်လကတည်းက မလေးရှားက အကျဉ်းစခန်းတွေကို ဝင်ရာက်ပြီး ဒုက္ခသည်အဖြစ် စိစစ်အသိအမှတ်ပြုတာတွေလုပ်ဖို့ ဝင်ခွင့်မရခဲ့တာဖြစ်ပါတယ်။

မလေးရှားဟာ ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ချိန်က စလို့ အထောက်အထားမရှိ ရွှေ့ပြောင်းဝင်ရောက်လာသူ ထောင်ပေါင်းများစွာကို ဖမ်းဆီးထိန်းသိမ်းထားတာဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG