သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print

အမ်ားျပည္သူထိခိုက္မယ့္ အေရးယူမႈေတြ စင္ကာပူ မေထာက္ခံ


ဆိုင္ကယ္မ်ားနဲ႔ လက္ ၃ ေခ်ာင္းေထာင္ ဆႏၵျပသူမ်ားကို မႏၱေလးၿမိဳ႕မွာ ေတြ႔ရ။ (ေဖေဖာ္ဝါရီ ၁၅၊ ၂၀၂၁)

[Zawgyi/Unicode]

ျမန္မာႏုိင္ငံမွာ ျဖစ္ေပၚေနတဲ့အေျခအေနေတြ စိုးရိမ္စရာေကာင္းလာေပမဲ့ သာမန္ျပည္သူလူထုကို ထိခို္က္ေစႏုိင္တဲ့ အေရးယူဒဏ္ခတ္မႈေတြ က်ယ္က်ယ္ျပန္႔ျပန္႔ ခ်မွတ္တာမ်ိဳးကို မေထာက္ခံဘူးလို႔ စကၤာပူႏုိင္ငံျခားေရး၀န္ႀကီးက အဂၤါေန႔မွာေျပာလိုက္ပါတယ္။

ႏိုင္ငံေတာ္အတုိင္ပင္ခံ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ သမၼတဦး၀င္းျမင့္အပါအ၀င္ ထိန္းသိမ္းခံထားရသူျပန္လႊတ္ေပးဖို႔ သူ႔အေနနဲ႔ေမ ွ်ာ္လင့္ေၾကာင္း ဒါမွသာ ေဖေဖာ္၀ါရီလ ၁ ရက္ေန႔ကစၿပီး အာဏာရယူထားတဲ့ စစ္ေကာင္စီနဲ႔ ေဆြးေႏြးညွိႏိႈင္းႏုိင္မယ္လို႔လည္း ၀န္ႀကီး Vivian Balakrishnan က လႊတ္ေတာ္မိန္႔ခြန္းမွာ ထည့္သြင္းေျပာၾကားသြားပါတယ္။

ဆႏၵျပသူေတြအေပၚ အၾကမ္းဖက္ႏွိမ္ႏွင္းတာ၊ အစိုးရ၀န္ထမ္းေတြကို ဖမ္းဆီးတာ၊ အင္တာနက္လိုင္းေတြျဖတ္တာနဲ႔ ၿမိဳ႕ထဲက လမ္းမေတြေပၚမွာ လက္နက္ကိုင္တပ္ဖြဲ႔ေတြနဲ႔ တင့္ကားေတြ ေစလႊတ္ထားတ့ဲအေပၚ စကၤာပူႏုိင္ငံက စိုးရိမ္ေၾကာင္းလည္း ၀န္ႀကီး Balakrishnan ကေျပာဆိုခဲ့ပါတယ္။ တင္းမာမႈေတြ ေျပလည္သြားေအာင္ အေရးတႀကီးလုပ္ကိုင္လာမယ္လို႔ ေမ ွ်ာ္လင့္ေၾကာင္း လက္နက္မဲ့ျပည္သူေတြအေပၚ အၾကမ္းဖက္တာေတြမလုပ္သင့္သလို ၿငိမ္းခ်မ္းစြာ အေျဖရွာႏုိင္မယ္လို႔ ေမ ွ်ာ္လင့္ပါတယ္လို႔လည္း ေျပာဆိုခဲ့ပါတယ္။

ႏို၀င္ဘာေရြးေကာက္ပြဲမွာ ေဒၚေအာင္ဆန္းစုၾကည္ရဲ ႔ အမ်ိဳးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္ NLD ပါတီက အျပတ္အသတ္အႏုိင္ရခဲ့ၿပီး စစ္တပ္က အာဏာသိမ္းလို္က္တာဟာ ျမန္မာ့စီးပြါးေရး ေနာက္ျပန္ဆုတ္သြားေစတဲ့ အဓိက လုပ္ရပ္ႀကီးတခုျဖစ္တယ္လို႔လည္းေျပာပါတယ္။ စကၤာပူႏုိင္ငံဟာ ျမန္မာႏိုင္ငံရဲ ႔ အဓိက စီးပြါးေရးျမွဳပ္ႏွံသူ တဦးလည္းျဖစ္ပါတယ္။

ျမန္မာႏုိင္ငံမွာေပၚေပါက္ေနတဲ့ လက္ရွိအေျခအေတေြက စကၤာပူရဲ ႔ စီးပြါးေရးလုပ္ငန္းေတြအေပၚ ထိခိုက္ႏုိင္ေျခနဲ႔ပတ္သက္ၿပီး ေလ့လာသုံးသပ္သြားမယ္လို႔လည္းေျပာပါတယ္။ ျမန္မာႏုိင္ငံအေပၚ အေရးယူဒဏ္ခတ္ဖို႔ လတ္တေလာ ေၾကျငာထားတဲ့ႏိုင္ငံေတြထဲမွာ အေမရိကန္ျပည္ေထာင္စုနဲ႔ ၿဗိတိန္ႏုိင္ငံတို႔ပါ၀င္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

အများပြည်သူထိခိုက်မယ့် အရေးယူမှုတွေ စင်ကာပူ မထောက်ခံ

မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့အခြေအနေတွေ စိုးရိမ်စရာကောင်းလာပေမဲ့ သာမန်ပြည်သူလူထုကို ထိခိုက်စေနိုင်တဲ့ အရေးယူဒဏ်ခတ်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ချမှတ်တာမျိုးကို မထောက်ခံဘူးလို့ စင်္ကာပူနိုင်ငံခြားရေးဝန်ကြီးက အင်္ဂါနေ့မှာပြောလိုက်ပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်အပါအဝင် ထိန်းသိမ်းခံထားရသူပြန်လွှတ်ပေးဖို့ သူ့အနေနဲ့မေ ျှာ်လင့်ကြောင်း ဒါမှသာ ဖေဖော်ဝါရီလ ၁ ရက်နေ့ကစပြီး အာဏာရယူထားတဲ့ စစ်ကောင်စီနဲ့ ဆွေးနွေးညှိနှိုင်းနိုင်မယ်လို့လည်း ဝန်ကြီး Vivian Balakrishnan က လွှတ်တော်မိန့်ခွန်းမှာ ထည့်သွင်းပြောကြားသွားပါတယ်။

ဆန္ဒပြသူတွေအပေါ် အကြမ်းဖက်နှိမ်နှင်းတာ၊ အစိုးရဝန်ထမ်းတွေကို ဖမ်းဆီးတာ၊ အင်တာနက်လိုင်းတွေဖြတ်တာနဲ့ မြို့ထဲက လမ်းမတွေပေါ်မှာ လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ တင့်ကားတွေ စေလွှတ်ထားတဲ့အပေါ် စင်္ကာပူနိုင်ငံက စိုးရိမ်ကြောင်းလည်း ဝန်ကြီး Balakrishnan ကပြောဆိုခဲ့ပါတယ်။ တင်းမာမှုတွေ ပြေလည်သွားအောင် အရေးတကြီးလုပ်ကိုင်လာမယ်လို့ မေ ျှာ်လင့်ကြောင်း လက်နက်မဲ့ပြည်သူတွေအပေါ် အကြမ်းဖက်တာတွေမလုပ်သင့်သလို ငြိမ်းချမ်းစွာ အဖြေရှာနိုင်မယ်လို့ မေ ျှာ်လင့်ပါတယ်လို့လည်း ပြောဆိုခဲ့ပါတယ်။

နိုဝင်ဘာရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက အပြတ်အသတ်အနိုင်ရခဲ့ပြီး စစ်တပ်က အာဏာသိမ်းလိုက်တာဟာ မြန်မာ့စီးပွါးရေး နောက်ပြန်ဆုတ်သွားစေတဲ့ အဓိက လုပ်ရပ်ကြီးတခုဖြစ်တယ်လို့လည်းပြောပါတယ်။ စင်္ကာပူနိုင်ငံဟာ မြန်မာနိုင်ငံရဲ့ အဓိက စီးပွါးရေးမြှုပ်နှံသူ တဦးလည်းဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာပေါ်ပေါက်နေတဲ့ လက်ရှိအခြေအတေေွက စင်္ကာပူရဲ့ စီးပွါးရေးလုပ်ငန်းတွေအပေါ် ထိခိုက်နိုင်ခြေနဲ့ပတ်သက်ပြီး လေ့လာသုံးသပ်သွားမယ်လို့လည်းပြောပါတယ်။ မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်ဖို့ လတ်တလော ကြေငြာထားတဲ့နိုင်ငံတွေထဲမှာ အမေရိကန်ပြည်ထောင်စုနဲ့ ဗြိတိန်နိုင်ငံတို့ပါဝင်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG