သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ျမန္မာစစ္ဘက္နဲ႔ စီးပြားေရးမဆက္ဆံဖို႔ အာရွစီးပြားေရးလုပ္ငန္းေတြ ဖိအားေပးခံေနရ


ရန္ကုန္ၿမိဳ႕ရွိ လမ္းတခုတြင္ လံုျခံဳေရးယူေနတဲ့ စစ္သားမ်ား။ (ေဖေဖာ္ဝါရီ ၁၅၊ ၂၀၂၁)

[Zawgyi/Unicode]

ျမန္မာႏုိင္ငံမွာ စစ္တပ္က အာဏာသိမ္းလိုက္ၿပီးတဲ့ေနာက္ အာရွေဒသက စီးပြားေရးလုပ္ငန္းေတြအေနနဲ႔ ျမန္မာစစ္ဘက္နဲ႔ စီးပြားေရးဆက္ဆံမႈေတြကို ျဖတ္ေတာက္ဖို႔ အျပင္းအထန္ ဖိအားေပးတာနဲ႔ ရင္ဆိုင္ေနရပါတယ္။

စစ္တပ္ပိုင္ ျမန္မာ့စီးပြားေရးေကာ္ပိုေရးရွင္း (MEC)၊ ျမန္မာ့စီးပြားေရးဦးပိုင္လီမိတက္ (MEHL) တို႔နဲ႔ စီးပြားေရး တြဲလုပ္ေနတဲ့ထဲမွာ အာရွေဒသက စီးပြားေရးလုပ္ငန္းအမ်ားအျပား ပါေနတယ္လုိ႔ Justice for Myanmar တက္ႂကြလႈပ္ရွားသူအဖြဲ႔က ထုတ္ျပန္ထားပါတယ္။

"ႏုိင္ငံေတြ၊ စီးပြားေရးလုပ္ငန္းေတြအေနနဲ႔ သူတို႔ရဲ႕ စီးပြားေရးလုပ္ငန္းေတြဟာ စစ္ဘက္အတြက္ အက်ဳိးမျဖစ္ေစဘဲ လူထုအတြက္သာ အက်ဳိးရွိေအာင္လုပ္ဖို႔ တာဝန္ရွိပါတယ္။" လို႔ Justice for Myanmar အဖြဲ႔ရဲ႕ေျပာခြင့္ရ မရတနာေမာင္က Thomson Reuters ေဖာင္ေဒးရွင္းကိုေျပာပါတယ္။

ဒီအေတာအတြင္းမွာပဲ စစ္တပ္ပိုင္နဲ႔ စစ္တပ္ထိန္းခ်ဳပ္မႈေအာက္က ကုမၸဏီေတြ၊ သူတို႔နဲ႔ စီးပြားေရး လက္တြဲလုပ္ေနသူေတြအေပၚ "အတိအက်ဦးတည္တဲ့ ဒဏ္ခတ္အေရးယူမႈ" ေတြခ်မွတ္ဖို႔ ၿဗိတိန္အေျခစိုက္ Burma Campaign UK အဖြဲ႔ကလည္း ေတာင္းဆိုထားပါတယ္။ ျမန္မာစစ္တပ္နဲ႔ ဆက္ႏြယ္ေနတဲ့ စီးပြားေရးလုပ္ငန္း ၁၀၀ ေက်ာ္စာရင္းကို ဒီအဖြဲ႔က ထုတ္ျပန္ထားတာပါ။

"စစ္တပ္ဟာ ျပည္တြင္းျပည္ပက စီးပြားေရးလုပ္ငန္းေတြနဲ႔ ပူးတြဲလုပ္ေဆာင္တာကေန ႀကီးမားတဲ့ ဓနအင္အား တည္ေဆာက္ထားပါတယ္။ အဓိပၸါယ္ကေတာ့ ေက်ာင္းေတြ၊ ေဆး႐ံုေတြနဲ႔ လူမႈဖူလံုေရးအတြက္ အသံုးျပဳသင့္တဲ့ အမ်ားပိုင္ေငြ အေျမာက္အမ်ား ဆံုး႐ံႈးေနတယ္ဆိုတာပါပဲ။" လို႔ မရတနာေမာင္ကေျပာပါတယ္။

ျပည္တြင္းလူထုကလည္း စစ္တပ္နဲ႔ဆက္စပ္ေနတဲ့ ထုတ္ကုန္ေတြကို သပိတ္ေမွာက္ဖို႔ ႏိႈးေဆာ္တာေတြရွိလာၿပီး #NoBusinesswithGenocide ဆိုတာကို ဆိုရွယ္မီဒီယာေတြမွာ က်ယ္က်ယ္ျပန္႔ျပန္႔ ေတြ႔ေနရပါတယ္။

စစ္တပ္က အာဏာသိမ္းၿပီးတဲ့ေနာက္ ဂ်ပန္ အေဖ်ာ္ယမကာထုတ္ ကုမၸဏီႀကီးျဖစ္တဲ့ Kirin က MEHL နဲ႔ စီးပြားေရးလုပ္ေနတာကို ရပ္လိုက္ပါတယ္။

ျမန္မာစစ္တပ္ရဲ႕ စီးပြားေရးလုပ္ငန္းေတြနဲ႔ မပတ္သက္ဘဲ ျဖတ္ေတာက္ဖို႔ အြန္လိုင္းကေန ပန္ၾကားခဲ့ၿပီးတဲ့ေနာက္ ထင္ရွားတဲ့ စကၤာပူ စီးပြားေရးလုပ္ငန္းရွင္တစ္ဦးကလည္း MEHL ပိုင္ စီးကရက္ထုတ္လုပ္ငန္းမွာ ရင္းႏွီးျမွဳပ္ႏွံထားတာကို ျပန္႐ုပ္ေတာ့မယ္လုိ႔ ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

မြန်မာစစ်ဘက်နဲ့ စီးပွားရေးမဆက်ဆံဖို့ အာရှစီးပွားရေးလုပ်ငန်းတွေ ဖိအားပေးခံနေရ

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းလိုက်ပြီးတဲ့နောက် အာရှဒေသက စီးပွားရေးလုပ်ငန်းတွေအနေနဲ့ မြန်မာစစ်ဘက်နဲ့ စီးပွားရေးဆက်ဆံမှုတွေကို ဖြတ်တောက်ဖို့ အပြင်းအထန် ဖိအားပေးတာနဲ့ ရင်ဆိုင်နေရပါတယ်။

စစ်တပ်ပိုင် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC)၊ မြန်မာ့စီးပွားရေးဦးပိုင်လီမိတက် (MEHL) တို့နဲ့ စီးပွားရေး တွဲလုပ်နေတဲ့ထဲမှာ အာရှဒေသက စီးပွားရေးလုပ်ငန်းအများအပြား ပါနေတယ်လို့ Justice for Myanmar တက်ကြွလှုပ်ရှားသူအဖွဲ့က ထုတ်ပြန်ထားပါတယ်။

"နိုင်ငံတွေ၊ စီးပွားရေးလုပ်ငန်းတွေအနေနဲ့ သူတို့ရဲ့ စီးပွားရေးလုပ်ငန်းတွေဟာ စစ်ဘက်အတွက် အကျိုးမဖြစ်စေဘဲ လူထုအတွက်သာ အကျိုးရှိအောင်လုပ်ဖို့ တာဝန်ရှိပါတယ်။" လို့ Justice for Myanmar အဖွဲ့ရဲ့ပြောခွင့်ရ မရတနာမောင်က Thomson Reuters ဖောင်ဒေးရှင်းကိုပြောပါတယ်။

ဒီအတောအတွင်းမှာပဲ စစ်တပ်ပိုင်နဲ့ စစ်တပ်ထိန်းချုပ်မှုအောက်က ကုမ္ပဏီတွေ၊ သူတို့နဲ့ စီးပွားရေး လက်တွဲလုပ်နေသူတွေအပေါ် "အတိအကျဦးတည်တဲ့ ဒဏ်ခတ်အရေးယူမှု" တွေချမှတ်ဖို့ ဗြိတိန်အခြေစိုက် Burma Campaign UK အဖွဲ့ကလည်း တောင်းဆိုထားပါတယ်။ မြန်မာစစ်တပ်နဲ့ ဆက်နွယ်နေတဲ့ စီးပွားရေးလုပ်ငန်း ၁၀၀ ကျော်စာရင်းကို ဒီအဖွဲ့က ထုတ်ပြန်ထားတာပါ။

"စစ်တပ်ဟာ ပြည်တွင်းပြည်ပက စီးပွားရေးလုပ်ငန်းတွေနဲ့ ပူးတွဲလုပ်ဆောင်တာကနေ ကြီးမားတဲ့ ဓနအင်အား တည်ဆောက်ထားပါတယ်။ အဓိပ္ပါယ်ကတော့ ကျောင်းတွေ၊ ဆေးရုံတွေနဲ့ လူမှုဖူလုံရေးအတွက် အသုံးပြုသင့်တဲ့ အများပိုင်ငွေ အမြောက်အများ ဆုံးရှုံးနေတယ်ဆိုတာပါပဲ။" လို့ မရတနာမောင်ကပြောပါတယ်။

ပြည်တွင်းလူထုကလည်း စစ်တပ်နဲ့ဆက်စပ်နေတဲ့ ထုတ်ကုန်တွေကို သပိတ်မှောက်ဖို့ နှိုးဆော်တာတွေရှိလာပြီး #NoBusinesswithGenocide ဆိုတာကို ဆိုရှယ်မီဒီယာတွေမှာ ကျယ်ကျယ်ပြန့်ပြန့် တွေ့နေရပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် ဂျပန် အဖျော်ယမကာထုတ် ကုမ္ပဏီကြီးဖြစ်တဲ့ Kirin က MEHL နဲ့ စီးပွားရေးလုပ်နေတာကို ရပ်လိုက်ပါတယ်။

မြန်မာစစ်တပ်ရဲ့ စီးပွားရေးလုပ်ငန်းတွေနဲ့ မပတ်သက်ဘဲ ဖြတ်တောက်ဖို့ အွန်လိုင်းကနေ ပန်ကြားခဲ့ပြီးတဲ့နောက် ထင်ရှားတဲ့ စင်္ကာပူ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကလည်း MEHL ပိုင် စီးကရက်ထုတ်လုပ်ငန်းမှာ ရင်းနှီးမြှုပ်နှံထားတာကို ပြန်ရုပ်တော့မယ်လို့ ပြောပါတယ်။

XS
SM
MD
LG