သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မလေးရှားထိန်းသိမ်းရေးစခန်းက မြန်မာ ၁,၂၀၀ နေရပ်ပြန်ပို့မည်


မလေးရှားနိုင်ငံ Kuala Lumpur မြို့ရှိ Twin Tower အနီးက မြင်ကွင်း။ (သြဂုတ် ၁၁၊ ၂၀၂၀)
မလေးရှားနိုင်ငံ Kuala Lumpur မြို့ရှိ Twin Tower အနီးက မြင်ကွင်း။ (သြဂုတ် ၁၁၊ ၂၀၂၀)

[Zawgyi/Unicode]

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းထားတာကြောင့် စိုးရိမ်မှုတွေ ရှိနေတဲ့ကြားကပဲ မလေးရှားအစိုးရက ထိန်းသိမ်းထားတဲ့ မြန်မာနိုင်ငံသား ၁,၂၀၀ ကို နေရပ်ပြန်ပို့တော့မှာ ဖြစ်ပါတယ်။ အဲဒီလိုပြန်ပို့တဲ့အထဲမှာ လူနည်းစု ရိုဟင်ဂျာမွတ်ဆလင်တွေ ဒါမှမဟုတ် ဒုက္ခသည်များဆိုင်ရာကုလသမဂ္ဂအဖွဲ့ UNHCR ဆီမှာ ဒုက္ခသည်အဖြစ် နာမည်စာရင်းသွင်းထားသူတွေ ပါမှာ မဟုတ်ဘူးလို့ မလေးရှားအစိုးရကပြောပါတယ်။

UNHCR ကတော့ ပြန်ပို့မယ့်သူတွေထဲမှာ အမျိုးသမီးနဲ့ ကလေးငယ်တွေ ပါဝင်နိုင်စရာရှိတဲ့အတွက် စိုးရိမ်ကြောင်း ဒီကနေ့ အင်္ဂါနေ့မှာပဲ ပြောဆိုထားပါတယ်။ အဲဒီလူတွေကို မြန်မာရေတပ်သင်္ဘောနဲ့ ဖေဖော်ဝါရီလ ၂၃ ရက်နေ့မှာ ပြန်ပို့မယ်လို့ မလေးရှား လူဝင်မှုကြီးကြပ်ရေးဌာနအကြီးအကဲ Khairul Dzaimee Duad က တနင်္လာနေ့နှောင်းပိုင်းမှာ ကြေငြာချက်ထုတ်ပြန်ပါတယ်။

ဒီလိုနေရပ်ပြန်ပို့တာဟာ လုပ်ရိုးလုပ်စဉ်လုပ်ငန်း တခုသာဖြစ်ပြီး ခုပြန်ပို့မယ့် လူတွေထဲမှာ ခရီးသွားလာခွင့် တရားဝင်စာရွက်စာတမ်းတွေ မရှိတာ၊ ရက်လွန်နေထိုင်သူတွေ ပါဝင်တယ်လို့ လည်းပြောပါတယ်။

မနှစ်တုန်းကလည်း ရွှေ့ပြောင်းဝင်ရောက်လာသူ ၃၇,၀၀၀ ကျော်ကို မလေးရှားကနေရပ်ပြန်ပို့ခဲ့တာမှာ မြန်မာနိုင်ငံက ၃,၃၀၀ ကျော်ပါဝင်ပါတယ်။ အဲဒီမတိုင်ခင် ၂၀၁၉ ခုနှစ်တုန်းကတော့ မလေးရှားကနေ သက်ဆိုင်ရာနေရပ်ပြန်ပို့သူ စုစုပေါင်း ၆၀,၀၀၀ နီးပါးရှိခဲ့တာဖြစ်ပြီး COVID-19 ကပ်ရောဂါကြောင့် နိုင်ငံနယ်စပ်တွေပိတ်ထားတဲ့အတွက် အရေအတွက်လျော့ကျသွားတာဖြစ်တယ်လို့လည်း မလေးရှား လ.ဝ.က အကြီးအကဲ Duad ကပြောပါတယ်။

မလေးရှားထိန်းသိမ်းရေးစခန်းက မြန်မာ ၁,၂၀၀ နေရပ်ပြန်ပို့မည်
please wait

No media source currently available

0:00 0:01:14 0:00
တိုက်ရိုက် လင့်ခ်

[Unicode Version]






XS
SM
MD
LG