သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ရွမ္းျပည္ေျမာက္ပိုင္း တိုင္းရင္းသားလက္နက္ကိုင္တပ္ဖဲြ႔ေတြၾကား တိုက္ပဲြျပင္းထန္


ရွမ္းေျမာက္တိုက္ပဲြေၾကာင့္ ေဘးလြတ္ရာထြက္ေျပးလာခဲ့ၾကတဲ့ ေဒသခံတခ်ိဳ႕။ (ဓာတ္ပံု - အိုမ္တမာဝ္ - လူမႈကူညီေရးအသင္း - ဒီဇင္ဘာ ၂၉၊ ၂၀၂၀)

[Zawgyi/Unicode]

စစ္တပ္က အာဏာသိမ္းတာကုိ ဆန္႔က်င္တဲ့ လႈပ္ရွားမႈေတြ ျမန္မာႏုိင္ငံအႏွံ႔ ေပၚေပါက္ေနခ်ိန္မွာပဲ ရွမ္းျပည္နယ္ ေျမာက္ပိုင္းမွာ တိုင္းရင္းသား လက္နက္ကိုင္အဖဲြ႔ေတြအၾကား ဒီရက္ပုိင္းအတြင္း တိုက္ပဲြေတြ ျပင္းျပင္းထန္ထန္ျဖစ္ပြားေနပါတယ္။ တုိက္ပဲြေတြေၾကာင့္ အရပ္သားတခ်ဳိ႕ ထိခုိက္ေသဆုံးမႈေတြ ရွိခဲ့သလုိ ရာနဲ႔ခ်ီတဲ့ ေဒသခံေတြလည္း ေနရပ္စြန္႔ခြာ ထြက္ေျပးေနရပါတယ္။ အျပည့္အစုံကုိေတာ့ ဗီြအိုေအ ျမန္မာပိုင္း သတင္းေထာက္ ကိုမုိးေဇာ္က ေျပာျပပါမယ္။

ရွမ္းျပည္နယ္ေျမာက္ပုိင္းက ေက်ာက္မဲၿမိဳ ႔နယ္နဲ႔ နမၼတူၿမိဳ ႔နယ္ေတြမွာ SSPP ေခၚ ရွမ္းျပည္တုိးတက္ေရးပါတီ၊ PSLF/TNLA ေခၚ ပေလာင္ျပည္နယ္ လြတ္ေျမာက္ေရးတပ္ဦး ပူးေပါင္းတပ္ေတြနဲ႔ RCSS ေခၚ ရွမ္းျပည္ျပန္လည္ထူေထာင္ေရးေကာင္စီတုိ႔ တုိက္ပဲြေတြ ျဖစ္ပြားေနတာပါ။

ေက်ာက္မဲၿမိဳ႕နယ္က တုိက္ပဲြေတြေၾကာင့္ အရပ္သားတခ်ဳိ႕ ထိခုိက္ေသဆုံးခဲ့ရသလုိ၊ ေဒသခံ ၄၀၀ ေလာက္ ေနရပ္စြန္႔ခြာ ထြက္ေျပးေနရေၾကာင္းလည္း ဒုကၡသည္ေတြကို ကူညီေနတဲ့ အုံးငန္းရြာ ေက်ာင္းထုိင္ဆရာေတာ္ ဦးစေႏၵာဘာသက မိန္႔ၾကားပါတယ္။

“ေတာ့ဆန္တ၀ိုက္မွာေတာ့ မေန႔က ၃ ရက္ဆက္တုိက္ တုိက္ပဲြျဖစ္ေနတာ။ ဒီက ေတာ့ဆန္ေရာ၊ ၿပီးေတာ့ ေတာင္ပလုိ႔ေရာ၊ ကေလာ၀ိုင္းေရာ၊ ကုန္းသာရြာသစ္ေရာ၊ ေလးရြာ ဒီမွာ စစ္ေဘးေရွာင္ေတြ ေျပးလာၾကတာ။ ဒီမွာ ပန္ကန္မွာေတာ့ အမ်ားၾကီးပဲ ရိွတယ္။ ခုဏက သြားၾကည့္လုိက္ေတာ့ အနည္းဆံုး ၃၀၀ ေလာက္ရိွတယ္။ အုံးငန္းမွာ က်ေတာ့ ၇၀ ေလာက္ရိွတယ္။ ဒါေတာင္မွ မေျပးႏိုင္တဲ့ဟာေတြ၊ ရြာထဲမွာ ပိတ္မိတာေတြ အမ်ားၾကီး ရိွတယ္။ ကေလာ၀ိုင္းမွာ ဗံုးေတြက်လုိ႔ အိမ္လည္း မီးေလာင္၊ မီးေလာင္တဲ့အထဲမွာ လူ ႏွစ္ေယာက္ေသတယ္။ ဒုကၡသည္ေတြ ေျပာေနတာ ကိုယ္၀န္ေဆာင္တစ္ေယာက္ေသတယ္။ အေသအေပ်ာက္က အနည္းဆံုး သံုးေယာက္ရိွတယ္။”

ကုိဗစ္ကပ္ေရာဂါနဲ႔ ဆႏၵျပပဲြေတြၾကား တုိက္ပဲြျဖစ္ပြားရာ ေက်းရြာေတြကို ေဒသခံအကူအညီေပးေရးအဖဲြ႔ေတြ သြားေရာက္ႏိုင္တဲ့ အေျခအေန မရိွေသးေၾကာင္းလည္း ေက်ာက္မဲၿမိဳ ႔ ဇီ၀ိတလူမႈကူညီေရးအသင္းက ဦးတင္ေမာင္သိန္းက ေျပာပါတယ္။

“အဓိက နံပတ္တစ္အခ်က္ကေတာ့ ဒီေက်ာက္မဲမွာလည္း ဆႏၵေတြ ျပေနၾကတယ္။ Quarantine စင္တာကလည္း ရိွေနတယ္။ ေနာက္ တုိက္ပဲြျဖစ္တာနဲ႔ ႏွစ္ဘက္ျဖစ္တဲ့ တုိင္းရင္းသားလက္နက္ကိုင္အဖဲြ႔ေတြက ရြာထဲက ထြက္ခြင့္မေပးတာေပါ့။ မေပးတာဆုိတာကလည္း စစ္ေရးအရ ျဖစ္တဲ့ေနရာေတြမွာ အကုန္လံုး မိုင္းေတြခင္း၊ ဘာေတြခင္းဆိုေတာ့ မထြက္လာႏိုင္ဘူးေပါ့ ေလာေလာဆယ္။”

ေက်ာက္မဲၿမိဳ႔နယ္အတြင္းျဖစ္တဲ့တုိက္ပဲြေတြဟာ RCSS နဲ႔ SSPP ၊ TNLA ပူးေပါင္းတပ္အၾကားျဖစ္ပြားေနၿပီး ဒီေန႔ ေန႔ခင္းပိုင္းမွာေတာ့ ၿငိမ္သက္ေနေၾကာင္း ေဒသခံေတြက ေျပာပါတယ္။ တခ်ိန္တည္းမွာပဲ နမၼတူၿမိဳ ႔နယ္အတြင္းမွာေတာ့ RCSS နဲ႔ TNLA အၾကား တုိက္ပဲြျဖစ္ပြားေနတာေၾကာင့္ ေဒသခံ ၃၀၀ ေက်ာ္ေလာက္ တိမ္းေရွာင္ေနရေၾကာင္း နမၼတူၿမိဳ ႔က စစ္ေရွာင္ေတြကို ကူညီေနတဲ့ ဦးစိုင္းဘဥာဏ္က ေျပာပါတယ္။

“နမၼတူၿမိဳ႕ထဲ ပုဗၸာရံုေက်ာင္းမွာက ၁၄ ရက္ေန႔က ေရာက္တာေလ အိမ္ေထာင္စုက ၁၉စု၊ က်ားက ၂၅၊ မက ၃၀ ၊ အဲဒါ ၅၅ ေပါ့ေနာ္။ အခုဒီေန႔ေရာက္တာက နမ့္စံကုန္းေက်းရြာက အားလံုး အိမ္ေထာင္စုက ၁၄ စု၊ က်ားက ၂၈ ဦး၊ မက ၃၀၊ အားလံုး ၅၈ ေပါ့။ ေနာက္ၿပီးေတာ့ မန္စံေက်းရြာဘုန္းၾကီးေက်ာင္းမွာက လူ ၂၀၀ ေက်ာ္ေလာက္ ျပန္ေရာက္တယ္လုိ႔ ေျပာတယ္။ အားလံုး ၃၀၀ ေက်ာ္ေတာ့ ရိွသြားတာေပါ့။ ”

နမၼတူၿမိဳ႕နယ္အတြင္းမွာ လက္ရိွမွာလည္း တုိက္ပဲြျဖစ္ပြားေနၿပီး ေပါက္ကဲြသံေတြကို နမၼတူၿမိဳ႕ေပၚကပါ ၾကားေနရေၾကာင္း ေျပာပါတယ္။

ဒီလ ၉ ရက္ေန႔ေလာက္ကလည္း သီေပါၿမိဳ ႔နယ္အတြင္းမွာ RCSS တပ္ဖဲြ႔ကို တပ္မေတာ္က တပ္ရင္း ၅ ရင္းေလာက္နဲ႔ ပူးေပါင္း တိုက္ခိုက္ခဲ့ေၾကာင္း RCSS က သတင္းထုတ္ျပန္ခဲ့ပါတယ္။

RCSS နဲ႔ SSPP၊ TNLA ပူးေပါင္းတပ္ေတြအၾကားမွာ ၿပီးခဲ့တဲ့ႏွစ္ ဒီဇင္ဘာနဲ႔ ဇန္န၀ါရီလေတြကလည္း ေက်ာက္မဲနဲ႔ နမၼတူၿမိဳ ႔နယ္အတြင္း တုိက္ပဲြေတြ ျပင္းျပင္းထန္ထန္ျဖစ္ခဲ့ၿပီး ေထာင္နဲ႔ခ်ီတဲ့ စစ္ေရွာင္ေတြ ေနရပ္စြန္႔ခြာခဲ့ရဖူးပါတယ္။

ၿငိမ္းခ်မ္းေရးေဆြးေႏြးမႈေတြနဲ႔ ကုိဗစ္ကပ္ေရာဂါ ထိန္းခ်ဳပ္ေရးအတြက္ဆုိၿပီး တပ္မေတာ္က ဒီလကုန္အထိ ႏုိင္ငံအ၀န္း တဘက္သတ္ အပစ္ရပ္ထားခ်ိန္မွာပဲ တုိင္းရင္းသားေဒသတခ်ဳိ႕မွာ တုိက္ပဲြေတြ ျဖစ္ပြားေနတာလည္း ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ရှမ်းပြည်မြောက်ပိုင်း တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေကြား တိုက်ပွဲပြင်းထန်

စစ်တပ်က အာဏာသိမ်းတာကို ဆန့်ကျင်တဲ့ လှုပ်ရှားမှုတွေ မြန်မာနိုင်ငံအနှံ့ ပေါ်ပေါက်နေချိန်မှာပဲ ရှမ်းပြည်နယ် မြောက်ပိုင်းမှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအကြား ဒီရက်ပိုင်းအတွင်း တိုက်ပွဲတွေ ပြင်းပြင်းထန်ထန်ဖြစ်ပွားနေပါတယ်။ တိုက်ပွဲတွေကြောင့် အရပ်သားတချို့ ထိခိုက်သေဆုံးမှုတွေ ရှိခဲ့သလို ရာနဲ့ချီတဲ့ ဒေသခံတွေလည်း နေရပ်စွန့်ခွာ ထွက်ပြေးနေရပါတယ်။ အပြည့်အစုံကိုတော့ ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် ကိုမိုးဇော်က ပြောပြပါမယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းက ကျောက်မဲမြို့နယ်နဲ့ နမ္မတူမြို့နယ်တွေမှာ SSPP ခေါ် ရှမ်းပြည်တိုးတက်ရေးပါတီ၊ PSLF/TNLA ခေါ် ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး ပူးပေါင်းတပ်တွေနဲ့ RCSS ခေါ် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီတို့ တိုက်ပွဲတွေ ဖြစ်ပွားနေတာပါ။

ကျောက်မဲမြို့နယ်က တိုက်ပွဲတွေကြောင့် အရပ်သားတချို့ ထိခိုက်သေဆုံးခဲ့ရသလို၊ ဒေသခံ ၄၀၀ လောက် နေရပ်စွန့်ခွာ ထွက်ပြေးနေရကြောင်းလည်း ဒုက္ခသည်တွေကို ကူညီနေတဲ့ အုံးငန်းရွာ ကျောင်းထိုင်ဆရာတော် ဦးစန္ဒောဘာသက မိန့်ကြားပါတယ်။

“တော့ဆန်တဝိုက်မှာတော့ မနေ့က ၃ ရက်ဆက်တိုက် တိုက်ပွဲဖြစ်နေတာ။ ဒီက တော့ဆန်ရော၊ ပြီးတော့ တောင်ပလို့ရော၊ ကလောဝိုင်းရော၊ ကုန်းသာရွာသစ်ရော၊ လေးရွာ ဒီမှာ စစ်ဘေးရှောင်တွေ ပြေးလာကြတာ။ ဒီမှာ ပန်ကန်မှာတော့ အများကြီးပဲ ရှိတယ်။ ခုဏက သွားကြည့်လိုက်တော့ အနည်းဆုံး ၃၀၀ လောက်ရှိတယ်။ အုံးငန်းမှာ ကျတော့ ၇၀ လောက်ရှိတယ်။ ဒါတောင်မှ မပြေးနိုင်တဲ့ဟာတွေ၊ ရွာထဲမှာ ပိတ်မိတာတွေ အများကြီး ရှိတယ်။ ကလောဝိုင်းမှာ ဗုံးတွေကျလို့ အိမ်လည်း မီးလောင်၊ မီးလောင်တဲ့အထဲမှာ လူ နှစ်ယောက်သေတယ်။ ဒုက္ခသည်တွေ ပြောနေတာ ကိုယ်ဝန်ဆောင်တစ်ယောက်သေတယ်။ အသေအပျောက်က အနည်းဆုံး သုံးယောက်ရှိတယ်။”

ကိုဗစ်ကပ်ရောဂါနဲ့ ဆန္ဒပြပွဲတွေကြား တိုက်ပွဲဖြစ်ပွားရာ ကျေးရွာတွေကို ဒေသခံအကူအညီပေးရေးအဖွဲ့တွေ သွားရောက်နိုင်တဲ့ အခြေအနေ မရှိသေးကြောင်းလည်း ကျောက်မဲမြို့ ဇီဝိတလူမှုကူညီရေးအသင်းက ဦးတင်မောင်သိန်းက ပြောပါတယ်။

“အဓိက နံပတ်တစ်အချက်ကတော့ ဒီကျောက်မဲမှာလည်း ဆန္ဒတွေ ပြနေကြတယ်။ Quarantine စင်တာကလည်း ရှိနေတယ်။ နောက် တိုက်ပွဲဖြစ်တာနဲ့ နှစ်ဘက်ဖြစ်တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက ရွာထဲက ထွက်ခွင့်မပေးတာပေါ့။ မပေးတာဆိုတာကလည်း စစ်ရေးအရ ဖြစ်တဲ့နေရာတွေမှာ အကုန်လုံး မိုင်းတွေခင်း၊ ဘာတွေခင်းဆိုတော့ မထွက်လာနိုင်ဘူးပေါ့ လောလောဆယ်။”

ကျောက်မဲမြို့နယ်အတွင်းဖြစ်တဲ့တိုက်ပွဲတွေဟာ RCSS နဲ့ SSPP ၊ TNLA ပူးပေါင်းတပ်အကြားဖြစ်ပွားနေပြီး ဒီနေ့ နေ့ခင်းပိုင်းမှာတော့ ငြိမ်သက်နေကြောင်း ဒေသခံတွေက ပြောပါတယ်။ တချိန်တည်းမှာပဲ နမ္မတူမြို့နယ်အတွင်းမှာတော့ RCSS နဲ့ TNLA အကြား တိုက်ပွဲဖြစ်ပွားနေတာကြောင့် ဒေသခံ ၃၀၀ ကျော်လောက် တိမ်းရှောင်နေရကြောင်း နမ္မတူမြို့က စစ်ရှောင်တွေကို ကူညီနေတဲ့ ဦးစိုင်းဘဉာဏ်က ပြောပါတယ်။

“နမ္မတူမြို့ထဲ ပုဗ္ပာရုံကျောင်းမှာက ၁၄ ရက်နေ့က ရောက်တာလေ အိမ်ထောင်စုက ၁၉စု၊ ကျားက ၂၅၊ မက ၃၀ ၊ အဲဒါ ၅၅ ပေါ့နော်။ အခုဒီနေ့ရောက်တာက နမ့်စံကုန်းကျေးရွာက အားလုံး အိမ်ထောင်စုက ၁၄ စု၊ ကျားက ၂၈ ဦး၊ မက ၃၀၊ အားလုံး ၅၈ ပေါ့။ နောက်ပြီးတော့ မန်စံကျေးရွာဘုန်းကြီးကျောင်းမှာက လူ ၂၀၀ ကျော်လောက် ပြန်ရောက်တယ်လို့ ပြောတယ်။ အားလုံး ၃၀၀ ကျော်တော့ ရှိသွားတာပေါ့။ ”

နမ္မတူမြို့နယ်အတွင်းမှာ လက်ရှိမှာလည်း တိုက်ပွဲဖြစ်ပွားနေပြီး ပေါက်ကွဲသံတွေကို နမ္မတူမြို့ပေါ်ကပါ ကြားနေရကြောင်း ပြောပါတယ်။

ဒီလ ၉ ရက်နေ့လောက်ကလည်း သီပေါမြို့နယ်အတွင်းမှာ RCSS တပ်ဖွဲ့ကို တပ်မတော်က တပ်ရင်း ၅ ရင်းလောက်နဲ့ ပူးပေါင်း တိုက်ခိုက်ခဲ့ကြောင်း RCSS က သတင်းထုတ်ပြန်ခဲ့ပါတယ်။

RCSS နဲ့ SSPP၊ TNLA ပူးပေါင်းတပ်တွေအကြားမှာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာနဲ့ ဇန်နဝါရီလတွေကလည်း ကျောက်မဲနဲ့ နမ္မတူမြို့နယ်အတွင်း တိုက်ပွဲတွေ ပြင်းပြင်းထန်ထန်ဖြစ်ခဲ့ပြီး ထောင်နဲ့ချီတဲ့ စစ်ရှောင်တွေ နေရပ်စွန့်ခွာခဲ့ရဖူးပါတယ်။

ငြိမ်းချမ်းရေးဆွေးနွေးမှုတွေနဲ့ ကိုဗစ်ကပ်ရောဂါ ထိန်းချုပ်ရေးအတွက်ဆိုပြီး တပ်မတော်က ဒီလကုန်အထိ နိုင်ငံအဝန်း တဘက်သတ် အပစ်ရပ်ထားချိန်မှာပဲ တိုင်းရင်းသားဒေသတချို့မှာ တိုက်ပွဲတွေ ဖြစ်ပွားနေတာလည်း ဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG