သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရှမ်းဒေသတချို့ မှာ ဥပဒေမဲ့ လုပ်ရပ်တွေ အရေးယူခြင်းမရှိ


ကျောက်မဲမြိုအဝင် ဆိုင်းဘုတ်။ (ဓာတ်ပုံ-ကျောက်မဲ-မင်္ဂလာထွန်း သတင်းစုံ)
ကျောက်မဲမြိုအဝင် ဆိုင်းဘုတ်။ (ဓာတ်ပုံ-ကျောက်မဲ-မင်္ဂလာထွန်း သတင်းစုံ)

(Zawgyi/Unicode)

လက်နက်ကိုင်အဖွဲ့တွေ လှုပ်ရှားရာ ရှမ်းပြည်နယ်မှာ ဒေသခံအရပ်သားတွေ ပစ်ခတ်ခံရ၊ ဖမ်းဆီးသတ်ဖြတ်ခံရတာတွေ အပါအဝင် ဥပဒေမဲ့ လုပ်ရပ်တွေ ပေါ်ပေါက်နေတဲ့အပေါ် ဒေသခံတွေနဲ့ လူ့အခွင့်အရေး လှုပ်ရှားသူတွေ စိုးရိမ်နေတဲ့အကြောင်း ပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုမိုးဇော်သတင်းပေးပို့ထားပါတယ်။

ရှမ်းပြည်နယ် ကျောက်မဲမြို့မှာ စားသောက်ဆိုင်တစ်ဆိုင်အတွင်း သေနတ်နဲ့ ပစ်ခတ်ခဲ့တာကြောင့် ၂ ဦး ဒဏ်ရာရခဲ့သလို၊ ကွတ်ခိုင်မြို့နယ်မှာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့က အရွယ်မရောက်သေးတဲ့ မိန်းကလေးတစ်ဦးကို အဓမ္မပြု့ကျင့်ခဲ့တယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပြီးနောက် တရားဥပဒေစိုးမိုးရေးအတွက် စိုးရိမ်နေကြပါတယ်။

တနင်္လာနေ့ ညက ကျောက်မဲမြို့ စားသောက်ဆိုင်ထဲ သေနတ်သမား ၂ ဦး ဝင်ရောက်ပစ်ခတ်ရာမှာတော့ စားသောက်နေတဲ့ အမျိုးသား ၂ဦး ပေါင်၊ တင်ပါးနဲ့ ခြေသလုံးတွေမှာ ဒဏ်ရာရခဲ့တယ်လို့လည်း ကျောက်မဲမြို့ခံတစ်ဦးဖြစ်တဲ့ ဦးတင်မောင်သိန်းက VOA ကို ပြောပါတယ်။

“ ည ၉နာရီလောက်၊ ရပ်ကွက်၈ ပေါ့။ မြောက်ဘက်ထိပ်ပေါ့နော်။ အဲဒီဘက်ကနေပြီးတော့မှ ဆိုင်ကယ်နဲ့ ဆင်းလာပြီး အဲဒီဆိုင်ရှေ့မှာ ပစ်သွားတာ။ အမ်တူးကေ ဆိုတဲ့ စားသောက်ဆိုင်။ COVID ကို ဖြေလျော့ပေးတဲ့အချိန်မှာ ဖွင့်ခွင့်ရတဲ့ ဆိုင်လေးပေါ့။ အဲတော့ အဲဒီဆိုင်လေးမှာ အပြင်ဝိုင်းမှာ ထိုင်စားနေတဲ့ ကလေးတွေကို ဆိုင်ကယ်နဲ့လာပြီး ရပ်ပြီး ပစ်သွားတာပေါ့။ ပစ်တဲ့လူ ၂ယောက်လို့ ပြောတယ်။ ပစ်တာကတော့ ၇ချက်ဗျ။ ၇ချက်ပစ်တာမှာ ၂ယောက် မှန်တာပေါ့နော်။”

ပစ်ခတ်မှု ကျုးလွန်သူတွေဟာ ဘယ်သူတွေဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ လက်နက်ကိုင် အဖွဲ့တွေ လှုပ်ရှားရာ နယ်မြေမှာ ပစ်ခတ်မှုကြုံခဲ့ရတာကြောင့် ဦးတင်မောင်သိန်းတို့လို ဒေသခံတွေကြား စိုးရိမ်မှုတွေလည်း ထွက်ပေါ်လာနေတယ်လို့ ဆက်ပြောပါတယ်။

“ ပစ်ခတ်မှုတွေ စိပ်တယ်လို့တော့ ပြောလို့ ရတာပေါ့နော်။ အဖြစ်များတယ်လို့ ပြောလို့ ရတာပေါ့။ ဘာလို့လဲဆိုတော့ အပစ်ခံရလို့ သေသွားတဲ့ဟာတွေလည်း ရှိတယ်။ ရှေ့မှာ။ တရားဥပဒေစိုးမိုးမှုတို့၊ နောက်တစ်ခါ လူ့အခွင့်အရေးတို့ ဆိုတဲ့ဥစ္စာ စာရွက်ထဲမှာပဲ ရှိတာပါ။ ကျနော်တို့ ဆီမှာတော့ မရှိတာကြာပါပြီ။”

ကျောက်မဲမြို့မှာ ၂၀၁၈ ခုနှစ်က တပ်မတော်အရာရှိဟောင်းတစ်ဦးနဲ့ သံဃာတော်တပါး ပစ်ခတ်သတ်ဖြတ်ခံရသလို ၂၀၁၉ နှစ်ခုမှာ ကျေးရွာအုပ်ချုပ်ရေးမှုးအပါအဝင် လူ၃ယောက်နဲ့ ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလကလည်း ကျောက်မဲမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးထိုက်ဇော်တို့ ပစ်ခတ်သတ်ဖြတ်ခံခဲ့ရပါတယ်။ ဒီပစ်ခတ်မှုတွေမှာလည်း ဘယ်သူ့လက်ချက်ဆိုတာ ရှင်းရှင်းလင်းလင်း မရှိခဲ့ပါဘူး။

ဒီလ ၂၄ရက်နေ့ကလည်း ကွတ်ခိုင်မြို့နယ် မန်ပိန်းရွာအနီး ကြံစိုက်ခင်းထဲမှာ မိန်းကလေး ၂ယောက်ကို လက်နက်ကိုင်တပ်ဖွဲ့ဝင် ၂ဦးက အတင်းအကျပ်ခေါ်ဆောင်သွားခဲ့ပြီး အရွယ်မရောက်သေးတဲ့ မိန်းကလေးတစ်ဦး အဓမ္မပြု့ကျင့်ခံခဲ့ရတာကြောင့် ရဲစခန်းကို တိုင်ကြားဖို့ ပြင်ဆင်နေတယ်လို့လည်း ဒေသခံတစ်ဦးက ပြောပါတယ်။

“ အခု ဒီအဓမ္မကျူးလွန်ခံရတဲ့ ကောင်မလေးက ၁၆နှစ်။ လက်နက်နဲ့ ခြိမ်းခြောက်တဲ့အတွက်ကြောင့် အကြောက်လွန်ပြီးတော့ ကျူးလွန်ခံရတာပေါ့။ KIA တပ်သား ၂ယောက်လုံး ကျူးလွန်တာမဟုတ်ဘူး။ တပ်သားတစ်ယောက်တည်း။ ဒီကိစ္စကို မူဆယ်မြို့နယ် ဒီရဲစခန်း အမှုဖွင့်ထားမယ်။ ဒီနေ့သွားတယ် ဒါပေမဲ့ ဒီနေ့ အဆင်မပြေဘဲနဲ့ မနက်ဖြန်လောက် အမှုဖွင့်မယ်။”

အဓမ္မပြုကျင့်သူဟာ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ဖွဲ့ဝင်ဖြစ်တယ်လို့ ဒေသခံတွေက စွပ်စွဲထားပေမဲ့ KIA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူကတော့ ဒီသတင်းနဲ့ ပတ်သက်ပြီးအောက်ခြေက တင်ပြလာတာမရှိသေးဘူးလို့ ပြောပါတယ်။

“ အဲဒါနဲ့ပတ်သက်လို့ ကျနော်တို့ အောက်ခြေက သတင်း ဘာမှ မတက်ဘူးခင်ဗျ။ အဲဒါမျိုးဖြစ်လို့ရှိရင်တော့ ကျနော်တို့ အရေးယူတာ ရှိပါတယ်။ ထိထိရောက်ရောက် အရေးယူတာရှိပါတယ်။ အရေးယူတဲ့ ပေါ်လစီရှိပါတယ်။”

ရှမ်းပြည်နယ်အတွင်း ဥပဒေမဲ့ လုပ်ရပ်တွေ ကျုးလွန်နေပေမဲ့ အပြစ်ပေး အရေးယူနိုင်တဲ့ အခြေအနေတွေ အားနည်းနေတဲ့အပေါ် လူ့အခွင့်အရေး လှုပ်ရှားနေတဲ့ ညီမျှခြင်း မြန်မာ အဖွဲ့ ဒါရိုက်တာ ဦးအောင်မျိုးမင်းက အခုလို သုံးသပ်ပါတယ်။

“ လက်နက်ကိုင်ပဋိပက္ခတွေရှိနေရင် ဒီလို ကိစ္စတွေဖြစ်ပါတယ်။ အဲတော့ ငြိမ်းချမ်းရေးကို နည်းသစ်နဲ့ ဖော်ဆောင်နေပါတယ်ဆိုတဲ့ ပြောကြားတဲ့ ပုံစံမျိုးမဟုတ်ဘဲနဲ့ အမှန်တကယ်ငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်သော ကိစ္စတွေ မြေပြင်မှာ ရှိဖို့ အရမ်းလိုအပ်တယ်ဗျ။ ဒီလိုကိစ္စတွေမရှိမချင်း ဒါတွေကတော့ ဆက်လက်ပြီး ဖြစ်နေအုံးမှာပါပဲ။ နောက်တစ်ခုကတော့ ကျူးလွန်တဲ့ တပ်မတော်တိုင်း၊ ကျူးလွန်တဲ့ စစ်တပ်တိုင်း၊ ကျူးလွန်တဲ့ လက်နက်ကိုင် တပ်ဖွဲ့တိုင်းက ဒီကိစ္စတွေကို မလုပ်ဆောင်ရပါဘူး။ အမှန်တကယ် မကျူးလွန်ဖို့အတွက် လေးစားသော နောက်တစ်ခါ သိလို့ ရှိရင်လည်း ချက်ချင်း Zeor Tolerance လို့ ခေါ်တဲ့ သည်းညည်းမခံဘဲ အပြစ်ပေးအရေးယူသော ကိစ္စတွေကို အမြန်ဆုံး ထူထောင်ဖို့ လိုအပ်နေပါတယ်။ ”

ဒီရက်ပိုင်းတွေအတွင်း မူဆယ်မြို့နယ်အတွင်းမှာ မီးသွေးကားယာဉ်မောင်းပစ်ခတ်ခံရတာ၊ သီပေါမြို့နယ်က ကျေးရွာအုပ်ချုပ်ရေးမှုးသတ်ဖြတ်ခံရတာ၊ အရပ်သားတွေကို လက်နက်ကိုင်အဖွဲ့တွေက ဖမ်းဆီးတာ ဆိုတဲ့သတင်းတွေလည်း ဆက်တိုက်ဆိုသလို ထွက်ပေါ်နေသလို တိုက်ပွဲကြောင့် နေရပ်စွန့်ခွာနေရတဲ့ စစ်ရှောင် ရာနဲ့ချီ ရှိနေဆဲဖြစ်ပါတယ်။

ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီရဲ့ နိုင်ငံအလိုက်လူ့အခွင့်အရေး အခြေအနေ ပုံမှန်သုံးသပ်ဆွေးနွေးပွဲ UPR လုပ်ငန်းစဉ်မှာတော့ မြန်မာအစိုးရ တာဝန်ရှိသူတွေက လူ့အခွင့်အရေး အခြေအနေတွေ တိုးတက်အောင် ကြိုးပမ်းမှုတွေ ရှိနေကြောင်း တင်ပြခဲ့ကြပါတယ်။ ဒါပေမဲ့လည်း ရှမ်းပြည်နယ် အပါအဝင် တိုင်းရင်းသား ဒေသတွေက လူ့အခွင့်အရေး အခြေအနေေတွေအပေါ် စိုးရိမ်ကြောင်း နိုင်ငံတကာ ကိုယ်စားလှယ်တွေက ပြောဆိုခဲ့ကြပါတယ်။

တိုက်ရိုက် လင့်ခ်


...............


(Unicode)






“ ပဈခတျမှုတှေ စိပျတယျလို့တော့ ပွောလို့ ရတာပေါ့နောျ။ အဖွဈမြားတယျလို့ ပွောလို့ ရတာပေါ့။ ဘာလို့လဲဆိုတော့ အပဈခံရလို့ သသှေားတဲ့ဟာတှလေညျး ရှိတယျ။ ရှေ့မှာ။ တရားဥပဒစေိုးမိုးမှုတို့၊ နောကျတဈခါ လူ့အခှင့ျအရေးတို့ ဆိုတဲ့ဥစ်စာ စာရှကျထဲမှာပဲ ရှိတာပါ။ ကနြောျတို့ ဆီမှာတော့ မရှိတာကွာပါပွီ။”










XS
SM
MD
LG