သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ရွမ္းေျမာက္က စစ္ေဘးေရွာင္ေတြ ေနရပ္မျပန္ႏိုင္ၾကေသး


ရွမ္းျပည္နယ္က စစ္ေဘးေရွာင္ ဒုကၡသည္မ်ား။ (မွတ္တမ္းဓာတ္ပံု)

[Zawgyi/Unicode]

ရွမ္းျပည္နယ္ေျမာက္ပိုင္းမွာ တုိင္းရင္းသားလက္နက္ကုိင္အဖဲြ႔ေတြၾကား မၾကာေသးခင္က ျဖစ္တဲ့ တုိက္ပဲြေတြေၾကာင့္ တိမ္းေရွာင္ေနတဲ့ေဒသခံ ၂,၀၀၀ ေက်ာ္အထိ ရွိေနၿပီး၊ လုံၿခံဳေရးစိတ္မခ်ရေသးတာေၾကာင့္ ေနရပ္မျပန္ႏိုင္ေသးတဲ့အေၾကာင္း ေျပာျပပါမယ္။ ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ ကိုမိုးေဇာ္က သတင္းေပးပို႔ထားပါတယ္။

RCSS ရွမ္းျပည္တပ္မေတာ္ေတာင္ပိုင္းနဲ႔ TNLA တအန္း(ပေလာင္) တပ္ဖဲြ႔အၾကား ၿပီးခဲ့တဲ့လကုန္ပိုင္းက ေက်ာက္မဲၿမိဳ႕နယ္ လြယ္အံေက်းရြာအုပ္စုနဲ႔ ဒီလဆန္းပိုင္းမွာ ေတာ့ဆန္ေက်းရြာအုပ္စုေတြမွာ တုိက္ပဲြျပင္းထန္ခဲ့သလို နမၼတူၿမိဳ႕နယ္အတြင္းမွာလည္း မၾကာေသးခင္ရက္ေတြအထိ တုိက္ပဲြေတြ ထပ္မံျဖစ္ပြားခဲ့ရာက ေထာင္ခ်ီတဲ့ ေဒသခံေတြ ေဘးလြတ္ရာထြက္ေျပးခဲ့ၾကတာပါ။

အခုဆုိရင္ ေက်ာက္မဲခရိုင္မွာ ေရာက္ရွိ တိမ္းေရွာင္ေနၾကတဲ့ ဒုကၡသည္ ၂,၀၀၀ ေက်ာ္ ရွိေနေၾကာင္း ေက်ာက္မဲခရိုင္ ေဘးအႏၱရာယ္စီမံခန္႔ခဲြမႈဦးစီးဌာန ခရိုင္ဦးစီးမႈး ဦးသိန္း၀င္းထြဋ္က VOA ကို အခုလို ေျပာပါတယ္။

“က်ေနာ္တို႔ဆီမွာ ေက်ာက္မဲၿမိဳ႕ေပၚမွာ ၁,၄၈၄ ဦးရိွမယ္။ အိမ္ေထာင္စု ၃၇၅ စု။ နမၼတူမွာက လူဦးေရ ၉၀၈ ဦးရိွမယ္။ အိမ္ေထာင္စု ၃၀၂ စုရိွမယ္။ နမၼတူေကာ က်ေနာ့္ ခရိုင္ထဲမွာ ပါတာကို။ က်ေနာ့ ခရိုင္ထဲမွာဆုိရင္ အားလံုး ၂,၃၉၂ ဦးရိွမယ္။”

ေက်ာက္မဲၿမိဳ႕နယ္အတြင္းမွာဆုိရင္ ၿမိဳ ႔ေပၚမွာ ၀ါဆိုဘုန္းၾကီးေက်ာင္း၊ အမက မန္ေကာင္းမႈ၊ သႏၱိသုခဓမၼာရံုနဲ႔ ေအာင္မဂၤလာဘုန္းၾကီးေက်ာင္းေတြမွာ စခန္း ၄ခုနဲ႔ ေတာ့ဆန္ေက်းရြာအုပ္စုမွာ ေတာ့ဆန္ရြာမ၊ အုမ္းငန္းနဲ႔ ပန္စံလံုရြာက ဘုန္းၾကီးေက်ာင္းေတြမွာ စခန္း ၃ ခုရိွေၾကာင္းနဲ႔ နမၼတူၿမိဳ႕နယ္မွာဆုိရင္ မန္စံနဲ႔ နားဆိုင္းရြာက ေရႊစကား၀ါေက်ာင္းတိုက္၊ မဂၤလာေက်ာင္းတိုက္နဲ႔ အထက (ခဲြ)မွာ စခန္း ၃ ခု ရိွပါတယ္။

ဒုကၡသည္ေတြကုိေတာ့ စားနပ္ရိကၡာနဲ႔ ကပ္ေရာဂါကာကြယ္ေရး ပစၥည္းေတြပါ ေထာက္ပံ့ေပးထားေၾကာင္းလည္း ေက်ာက္မဲခရိုင္ ေဘးအႏၱရာယ္စီမံခန္႔ခဲြမႈဦးစီးဌာနက စစ္ေရွာင္ေတြကို ကူညီေထာက္ပံ့ထားတဲ့အေျခအေနကို ဦးသိန္း၀င္းထြဋ္က အခုလို ဆက္ေျပာပါတယ္။

“က်ေနာ္တို႔ဌာနကေနၿပီးေတာ့ သူတို႔ကို ဆန္ ၇ ရက္စာ၊ တစ္ပတ္စာေပါ့ ဆန္ရိကၡာဖိုး လူတစ္ဦးကုိ ၂,၁၀၀ ႏႈန္းနဲ႔ ၂,၃၉၂ ဦး .. သိန္း ၅၀ ေက်ာ္သြားၿပီ ေထာက္ပံ့ထားတယ္။ ၿပီးရင္ သူတို႔အတြက္ လိုအပ္တဲ့ အိမ္ေထာင္စုလုိုက္ေပါ့ေနာ္ က်ေနာ္တုိ႔က ကိုဗစ္ကာကြယ္ေရးအတြက္ ေရမလို လက္သန္႔ေဆးရည္ရယ္၊ Surgical Mask ေတြရယ္ ေပးေ၀ထားတာရိွတယ္။”

တုိက္ပဲြေတြေၾကာင့္ ေဒသခံအရပ္သား အနည္းဆုံး ၂ ဦး ေသဆံုးခဲ့ၿပီး ေဘးအႏၱရာယ္စီမံခန္႔ခဲြမႈဦးစီးဌာနက ေသဆံုးသူ တစ္ဦးအတြက္ က်ပ္ေငြ ၃၀၀,၀၀၀ နဲ႔ ထိခိုက္ဒဏ္ရာရသူတစ္ဦးကို က်ပ္ေငြ ၅၀,၀၀၀ ေထာက္ပံံ့ခဲ့ေၾကာင္းနဲ႔ ပ်က္ဆီးသြားတဲ့ ေနအိမ္ေတြအတြက္လည္း အိမ္ေဆာက္ပစၥည္းေတြ ေထာက္ပံ့ေပးတာ ရိွခဲ့ပါတယ္။

စစ္ေရွာင္ျပည္သူေတြကို ေဒသအလိုက္ဖဲြ႔စည္းထားတဲ့ တိုက္ပဲြေရွာင္ေကာ္မတီအျပင္ ႏိုင္ငံတကာ NGO တခိ်ဳ႕၊ ပရဟိတ လူမႈေရးအသင္းအဖဲြ႔ေတြနဲ႔ တသီးပုဂၢလ အလႈရွင္ေတြက လိုအပ္တဲ့ စားနပ္ရိကၡာ၊ ဟင္းသီးဟင္းရြက္၊ ေစာင္၊အေႏြးထည္ စတာေတြ လႈဒါန္းတာေတြ ရိွေနပါတယ္။

ေက်ာက္မဲၿမိဳ႕နယ္ ေတာ့ဆန္ေက်းရြာဘက္က အေျခအေနကို စစ္ေရွာင္ေတြကို ကူညီေနတဲ့ အုမ္းငန္းဘုန္းၾကီးေက်ာင္းက ဆရာေတာ္ ဦးစေႏၵာဘာသက အခုလို မိန္႔ၾကားပါတယ္။

“ဒုကၡသည္ေတြက သူတုိ႔ရြာမွာ လက္နက္ကိုင္ေတြရိွေတာ့ မျပန္ရဲေသးဘူး။ ဒီမွာပဲ ေနတုန္းပဲ။ သူတုိ႔ကေတာ့ တအားျပန္ခ်င္ၿပီ။ ဦးဇင္းကေတာ့ မလႊတ္ရဲေသးဘူးေလ။ ဟိုဘက္ကလည္း သူတို႔နဲ႔ မညိွႏိႈင္းရေသးဘူး။ သူတို႔နဲ႔ ညိွႏိႈင္းၿပီးမွ တကယ္စိတ္ခ်ရမွာ ဦးဇင္းက လႊတ္လို႔ ရမွာ။ ေတာ္ၾကာ ျပန္သြားလုိ႔ ေဘးအႏၱရာယ္ျဖစ္ရင္ ဦးဇင္းတုိ႔ တာ၀န္ျဖစ္ေနမွာေလ။”

အုမ္းငန္းရြာမွာ စစ္ေရွာင္ ၁၀၀ေက်ာ္ေလာက္ ေရာက္ရိွေနပါတယ္။ နမၼတူၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ နန္းခမ္းေအးကလည္း စစ္ေရွာင္ေတြ ေနရပ္ျပန္ေရးဟာ ခန္႔မွန္းလို႔ မရႏိုင္ေသးေၾကာင္း ေျပာပါတယ္။

“အဲဒါကေတာ့ ေျပာလုိ႔ မရဘူး။ သူတို႔က ျပန္လုိ႔ ရတယ္ နယ္ေျမလံုၿခံဳမႈနည္းနည္း ရိွၿပီဆုိတာနဲ႔ သူတို႔ ျပန္တယ္။ တုိက္တဲ့အခ်ိန္ ျပန္ေျပးမွာေပါ့။ ဒါပဲေလ။ ဒီလုိ လံုးခ်ာပတ္ေနတာပဲေလ။ ျမန္မာႏိုင္ငံမွာက ျပည္တြင္းစစ္ မၿငိမ္းခ်မ္းေသးသမွ်ေတာ့ မၿပီးဆံုးေသးသမွ် တိုက္ပဲြက ရိွအံုးမယ္ေနာ္။”

နမၼတူၿမိဳ႕နယ္ မန္စံရြာမွာ စစ္ေရွာင္ ၂၇၀ ေလာက္နဲ႔ နားဆိုင္းရြာမွာေတာ့ ၆၂၀ ေက်ာ္ရိွေနပါတယ္။ ရွမ္းျပည္နယ္ေျမာက္ပိုင္း ေက်ာက္မဲခရိုင္အတြင္းမွာ RCSS နဲ႔ TNLA အၾကား နယ္ေျမအျငင္းပြားရာက ၿပီးခဲ့တဲ့ႏွစ္ ဒီဇင္ဘာလဆန္းက စတင္ၿပီး တိုက္ပဲြအၾကိမ္ေပါင္း ၂၀ ေလာက္ ျဖစ္ပြားခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ရှမ်းမြောက်က စစ်ဘေးရှောင်တွေ နေရပ်မပြန်နိုင်ကြသေး

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကြား မကြာသေးခင်က ဖြစ်တဲ့ တိုက်ပွဲတွေကြောင့် တိမ်းရှောင်နေတဲ့ဒေသခံ ၂,၀၀၀ ကျော်အထိ ရှိနေပြီး၊ လုံခြုံရေးစိတ်မချရသေးတာကြောင့် နေရပ်မပြန်နိုင်သေးတဲ့အကြောင်း ပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုမိုးဇော်က သတင်းပေးပို့ထားပါတယ်။

RCSS ရှမ်းပြည်တပ်မတော်တောင်ပိုင်းနဲ့ TNLA တအန်း(ပလောင်) တပ်ဖွဲ့အကြား ပြီးခဲ့တဲ့လကုန်ပိုင်းက ကျောက်မဲမြို့နယ် လွယ်အံကျေးရွာအုပ်စုနဲ့ ဒီလဆန်းပိုင်းမှာ တော့ဆန်ကျေးရွာအုပ်စုတွေမှာ တိုက်ပွဲပြင်းထန်ခဲ့သလို နမ္မတူမြို့နယ်အတွင်းမှာလည်း မကြာသေးခင်ရက်တွေအထိ တိုက်ပွဲတွေ ထပ်မံဖြစ်ပွားခဲ့ရာက ထောင်ချီတဲ့ ဒေသခံတွေ ဘေးလွတ်ရာထွက်ပြေးခဲ့ကြတာပါ။

အခုဆိုရင် ကျောက်မဲခရိုင်မှာ ရောက်ရှိ တိမ်းရှောင်နေကြတဲ့ ဒုက္ခသည် ၂,၀၀၀ ကျော် ရှိနေကြောင်း ကျောက်မဲခရိုင် ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာန ခရိုင်ဦးစီးမှုး ဦးသိန်းဝင်းထွဋ်က VOA ကို အခုလို ပြောပါတယ်။

“ကျနော်တို့ဆီမှာ ကျောက်မဲမြို့ပေါ်မှာ ၁,၄၈၄ ဦးရှိမယ်။ အိမ်ထောင်စု ၃၇၅ စု။ နမ္မတူမှာက လူဦးရေ ၉၀၈ ဦးရှိမယ်။ အိမ်ထောင်စု ၃၀၂ စုရှိမယ်။ နမ္မတူကော ကျနော့် ခရိုင်ထဲမှာ ပါတာကို။ ကျနော့ ခရိုင်ထဲမှာဆိုရင် အားလုံး ၂,၃၉၂ ဦးရှိမယ်။”

ကျောက်မဲမြို့နယ်အတွင်းမှာဆိုရင် မြို့ပေါ်မှာ ဝါဆိုဘုန်းကြီးကျောင်း၊ အမက မန်ကောင်းမှု၊ သန္တိသုခဓမ္မာရုံနဲ့ အောင်မင်္ဂလာဘုန်းကြီးကျောင်းတွေမှာ စခန်း ၄ခုနဲ့ တော့ဆန်ကျေးရွာအုပ်စုမှာ တော့ဆန်ရွာမ၊ အုမ်းငန်းနဲ့ ပန်စံလုံရွာက ဘုန်းကြီးကျောင်းတွေမှာ စခန်း ၃ ခုရှိကြောင်းနဲ့ နမ္မတူမြို့နယ်မှာဆိုရင် မန်စံနဲ့ နားဆိုင်းရွာက ရွှေစကားဝါကျောင်းတိုက်၊ မင်္ဂလာကျောင်းတိုက်နဲ့ အထက (ခွဲ)မှာ စခန်း ၃ ခု ရှိပါတယ်။

ဒုက္ခသည်တွေကိုတော့ စားနပ်ရိက္ခာနဲ့ ကပ်ရောဂါကာကွယ်ရေး ပစ္စည်းတွေပါ ထောက်ပံ့ပေးထားကြောင်းလည်း ကျောက်မဲခရိုင် ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနက စစ်ရှောင်တွေကို ကူညီထောက်ပံ့ထားတဲ့အခြေအနေကို ဦးသိန်းဝင်းထွဋ်က အခုလို ဆက်ပြောပါတယ်။

“ကျနော်တို့ဌာနကနေပြီးတော့ သူတို့ကို ဆန် ၇ ရက်စာ၊ တစ်ပတ်စာပေါ့ ဆန်ရိက္ခာဖိုး လူတစ်ဦးကို ၂,၁၀၀ နှုန်းနဲ့ ၂,၃၉၂ ဦး .. သိန်း ၅၀ ကျော်သွားပြီ ထောက်ပံ့ထားတယ်။ ပြီးရင် သူတို့အတွက် လိုအပ်တဲ့ အိမ်ထောင်စုလိုက်ပေါ့နော် ကျနော်တို့က ကိုဗစ်ကာကွယ်ရေးအတွက် ရေမလို လက်သန့်ဆေးရည်ရယ်၊ Surgical Mask တွေရယ် ပေးဝေထားတာရှိတယ်။”

တိုက်ပွဲတွေကြောင့် ဒေသခံအရပ်သား အနည်းဆုံး ၂ ဦး သေဆုံးခဲ့ပြီး ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနက သေဆုံးသူ တစ်ဦးအတွက် ကျပ်ငွေ ၃၀၀,၀၀၀ နဲ့ ထိခိုက်ဒဏ်ရာရသူတစ်ဦးကို ကျပ်ငွေ ၅၀,၀၀၀ ထောက်ပံံ့ခဲ့ကြောင်းနဲ့ ပျက်ဆီးသွားတဲ့ နေအိမ်တွေအတွက်လည်း အိမ်ဆောက်ပစ္စည်းတွေ ထောက်ပံ့ပေးတာ ရှိခဲ့ပါတယ်။

စစ်ရှောင်ပြည်သူတွေကို ဒေသအလိုက်ဖွဲ့စည်းထားတဲ့ တိုက်ပွဲရှောင်ကော်မတီအပြင် နိုင်ငံတကာ NGO တချို့၊ ပရဟိတ လူမှုရေးအသင်းအဖွဲ့တွေနဲ့ တသီးပုဂ္ဂလ အလှုရှင်တွေက လိုအပ်တဲ့ စားနပ်ရိက္ခာ၊ ဟင်းသီးဟင်းရွက်၊ စောင်၊အနွေးထည် စတာတွေ လှုဒါန်းတာတွေ ရှိနေပါတယ်။

ကျောက်မဲမြို့နယ် တော့ဆန်ကျေးရွာဘက်က အခြေအနေကို စစ်ရှောင်တွေကို ကူညီနေတဲ့ အုမ်းငန်းဘုန်းကြီးကျောင်းက ဆရာတော် ဦးစန္ဒောဘာသက အခုလို မိန့်ကြားပါတယ်။

“ဒုက္ခသည်တွေက သူတို့ရွာမှာ လက်နက်ကိုင်တွေရှိတော့ မပြန်ရဲသေးဘူး။ ဒီမှာပဲ နေတုန်းပဲ။ သူတို့ကတော့ တအားပြန်ချင်ပြီ။ ဦးဇင်းကတော့ မလွှတ်ရဲသေးဘူးလေ။ ဟိုဘက်ကလည်း သူတို့နဲ့ မညှိနှိုင်းရသေးဘူး။ သူတို့နဲ့ ညှိနှိုင်းပြီးမှ တကယ်စိတ်ချရမှာ ဦးဇင်းက လွှတ်လို့ ရမှာ။ တော်ကြာ ပြန်သွားလို့ ဘေးအန္တရာယ်ဖြစ်ရင် ဦးဇင်းတို့ တာဝန်ဖြစ်နေမှာလေ။”

အုမ်းငန်းရွာမှာ စစ်ရှောင် ၁၀၀ကျော်လောက် ရောက်ရှိနေပါတယ်။ နမ္မတူမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် နန်းခမ်းအေးကလည်း စစ်ရှောင်တွေ နေရပ်ပြန်ရေးဟာ ခန့်မှန်းလို့ မရနိုင်သေးကြောင်း ပြောပါတယ်။

“အဲဒါကတော့ ပြောလို့ မရဘူး။ သူတို့က ပြန်လို့ ရတယ် နယ်မြေလုံခြုံမှုနည်းနည်း ရှိပြီဆိုတာနဲ့ သူတို့ ပြန်တယ်။ တိုက်တဲ့အချိန် ပြန်ပြေးမှာပေါ့။ ဒါပဲလေ။ ဒီလို လုံးချာပတ်နေတာပဲလေ။ မြန်မာနိုင်ငံမှာက ပြည်တွင်းစစ် မငြိမ်းချမ်းသေးသမျှတော့ မပြီးဆုံးသေးသမျှ တိုက်ပွဲက ရှိအုံးမယ်နော်။”

နမ္မတူမြို့နယ် မန်စံရွာမှာ စစ်ရှောင် ၂၇၀ လောက်နဲ့ နားဆိုင်းရွာမှာတော့ ၆၂၀ ကျော်ရှိနေပါတယ်။ ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲခရိုင်အတွင်းမှာ RCSS နဲ့ TNLA အကြား နယ်မြေအငြင်းပွားရာက ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလဆန်းက စတင်ပြီး တိုက်ပွဲအကြိမ်ပေါင်း ၂၀ လောက် ဖြစ်ပွားခဲ့ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG