သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ရွမ္းေျမာက္ေဒသ RCSS နဲ႔ TNLA ၾကားတိုက္ပြဲေၾကာင့္ အရပ္သားေတြ ထိခိုက္ဒဏ္ရာရ


TNLA တပ္ဖဲြ႔ဝင္မ်ား။ (မွတ္တမ္းဓာတ္ပံု - TNLA News & Information Department)

[Zawgyi/Unicode]

ရွမ္းျပည္နယ္ေျမာက္ပိုင္းမွာ တိုင္းရင္းသား လက္နက္ကုိင္အဖဲြ႔ ၂ ခုၾကား တုိက္ပဲြထပ္မံျဖစ္ပြားရာက ကိုယ္၀န္ေဆာင္ အမ်ိဳးသမီး ၁ ဦး အပါအ၀င္ လူ ၄ ဦး လက္နက္ႀကီးက်ည္ ထိမွန္ဒဏ္ရာရခဲ့သလို စစ္ေရွာင္ေတြလည္း ထပ္တုိးလာတဲ့အေၾကာင္း ေျပာျပပါမယ္။ ဗီြအိုေအျမန္မာပိုင္း သတင္းေထာက္ ကိုမိုးေဇာ္က သတင္းေပးပို႔ထားပါတယ္။

နမၼတူၿမိဳ႕နယ္ နမ့္ပိုင္ရြာအနီး တုိင္းရင္းသား လက္နက္ကုိင္အဖဲြ႔ ၂ ခုျဖစ္တဲ့ TNLA တအန္း(ပေလာင္)တပ္ဖဲြ႔နဲ႔ RCSS ရွမ္းျပည္တပ္မေတာ္ေတာင္ပိုင္းအၾကား တုိက္ပဲြထပ္မံျဖစ္ပြားရာက ေဒသခံတခ်ဳိ႕ ထိခုိက္ဒဏ္ရာေတြ ရခဲ့ၾကတာပါ။

ၾကာသပေတးေန႔ ညေန ၄ နာရီေလာက္မွာ ျဖစ္ပြားခဲ့တဲ့ တိုက္ပဲြနဲ႔ ပတ္သက္ၿပီး TNLA ဗုိလ္မွဴးတာ့အုိက္ေက်ာ္က အခုလို ေျပာပါတယ္။

“မေန႔ကေတာ့ ဒီ နမ့္ပိုင္ရြာအထက္နားမွာျဖစ္တယ္။ က်ေနာ္တုိ႔ အဖဲြ႔က နမ့္ပိုင္ကေနတက္လာေတာ့ RC က အေပၚကေန လွမ္းပစ္ေတာ့ တိုက္ပဲြစျဖစ္တယ္။ ညေန ၄ နာရီခဲြကေန ၅ နာရီထိ နာရီ၀က္ေလာက္ျဖစ္တယ္ဗ်။”

တိုက္ပဲြျဖစ္ပြားခ်ိန္မွာ နမ့္ပိုင္ရြာအတြင္းကို လက္နက္ၾကီးက်ည္က်ေရာက္တာေၾကာင့္ ကိုယ္၀န္ေဆာင္တစ္ဦးအပါအ၀င္ ၄ ေယာက္ ထိခိုက္ခဲ့ေၾကာင္း စစ္ေရွာင္ေတြကို ကူညီေပးေနတဲ့ နမၼတူၿမိဳ႕က ဦးစိုင္းဘဉာဏ္က ေျပာပါတယ္။

“လက္နက္ၾကီးက်တာေပါ့။ လက္နက္ၾကီးက်ၿပီးမွ ေထာ္လာဂ်ီေပၚက်ၿပီးမွာ အိမ္ထဲမွာေနတဲ့လူေတြ အကုန္လံုး ထိမိတာ။ က်ားတစ္ေယာက္၊ မ သံုးေယာက္။ ကိုယ္၀န္သည္က အသက္ ၁၉ ႏွစ္။ ေဆးရံုပို႔ထားတယ္။ နမၼတူေဆးရံု။”

ထိခိုက္ဒဏ္ရာရသူေတြဟာ အသက္အႏၱရာယ္ မစိုးရိမ္ရေၾကာင္းနဲ႔ သက္သာလာၿပီျဖစ္ေၾကာင္းလည္း ေျပာပါတယ္။

တုိက္ပဲြျဖစ္ပြားၿပီးေနာက္မွ နမ့္ပိုင္ရြာသားေတြဟာ မန္စံရြာကို တိမ္းေရွာင္လာတာေၾကာင့္ စစ္ေရွာင္ဦးေရ ထပ္တိုးလာေနေၾကာင္း ဦးစိုင္းဘဉာဏ္က ဆက္ေျပာပါတယ္။

“အေျခအေနကေတာ့ ဆက္ျဖစ္မယ့္ အလားအလာရိွတာဆုိေတာ့ သူတို႔ နမ့္ပိုင္ရြာက လူေတြအားလံုး က်ေနာ္တို႔ မန္စံကို ေရာက္ေနၿပီ။ နမ့္ပိုင္က လူ ၄၃ ေယာက္ေပါ့။ သူတို႔ ထပ္ၿပီးေရာက္လာတာ။ အားလံုး အခု လူသစ္ေရာ၊ လူေဟာင္းေရာဆုိရင္ ၃၀၀ ေက်ာ္ေလာက္ရိွတယ္။”

ဒီကေန႔လည္း နားတံုရြာဘက္မွာ လက္နက္ၾကီး ပစ္ခတ္သံေတြၾကားရေၾကာင္းနဲ႔ စစ္ေရွာင္ေတြ ထပ္ေရာက္ႏိုင္ဖြယ္ရိွေၾကာင္းလည္း ခန္႔မွန္းေျပာဆုိပါတယ္။

RCSS ကေတာ့ သူတို႔တပ္ဖဲြ႔ကို TNLA က ထိုးစစ္ဆင္ တုိက္ခိုက္တာျဖစ္ေၾကာင္း၊ နမ့္ပိုင္ရြာအတြင္း က်ေရာက္တဲ့လက္နက္ၾကီးဟာ TNLA က ပစ္ခတ္တာျဖစ္ေၾကာင္း သတင္းထုတ္ျပန္ထားေပမဲ့ ေဒသခံေတြကေတာ့ ဘယ္အဖဲြ႔ လက္ခ်က္ဆုိတာကို အတည္ျပဳခ်က္ မေပးပါဘူး။

ျမန္မာႏုိင္ငံက လက္နက္ကုိင္ ပဋိပကၡေတြအတြင္း အရပ္သားထိခုိက္ေသဆုံးမႈေတြအေပၚ စုိးရိမ္ေၾကာင္း ကုလသမဂၢ အပါအ၀င္ ႏုိင္ငံတကာ အဖဲြ႔အစည္းေတြနဲ႔ လူ႔အခြင့္အေရးလႈပ္ရွားသူေတြကလည္း ေျပာဆုိထားၾကပါတယ္။ လူ႔အခြင့္အေရးအဖဲြ႔အစည္း တစ္ခုျဖစ္တဲ့ ညီမွ်ျခင္းျမန္မာရဲ့ ဒါရိုက္တာ ဦးေအာင္မ်ိဳးမင္းကေတာ့ စစ္ပဲြအတြင္းမွာ အရပ္သားေတြကို ထိခိုက္မႈမရိွေစဖို႔ လက္နက္ကိုင္အဖဲြ႔ေတြမွာ တာ၀န္ရိွေၾကာင္း ေထာက္ျပထားပါတယ္။

“ပါ၀င္ပတ္သက္တဲ့ တပ္ဖဲြ႔တိုင္း၊အဖဲြ႔အစည္းတိုင္း အရပ္သူ၊ အရပ္သားေတြတင္မကဘဲနဲ႔ ခုဏကလုိ အမ်ိဳးသမီးနဲ႔ ကေလးေတြကို ကာကြယ္ေပးရမယ့္ တာ၀န္ရိွပါတယ္။ ဂ်နီဗာကြန္ဗင္းရွင္းဆုိတဲ့အေၾကာင္းအရာက တစ္ႏိုင္ငံနဲ႔ တစ္ႏိုင္ငံ စစ္ျဖစ္မွ မဟုတ္ဘူး။ ျပည္တြင္းမွာျဖစ္ပ်က္ေနတဲ့ စစ္ပဲြဆုိင္ရာေတြမွာလည္း သက္ေရာက္မႈရိွပါတယ္။ ဘယ္သူပဲ က်ဴးလြန္က်ဴးလြန္ ဒီဟာေတြက အျမန္ဆံုးလည္း ရပ္ဖုိ႔ လုိအပ္တယ္။ ဒါေတြမျဖစ္ေအာင္လည္း တားဖို႔ လိုအပ္သလို ျဖစ္လာတဲ့ ကိစၥမွာလည္း အျမန္ဆံုး အေရးယူေဆာင္ရြက္ႏိုင္ဖို႔။ ထိခိုက္တဲ့သူေတြကို လိုအပ္သလုိ ၀ိုင္း၀န္းၿပီးေတာ့ ျပန္လည္နာလံထေအာင္လုပ္ေဆာင္ေပးဖို႔အတြက္ ပါ၀င္ပတ္သက္တဲ့ အဖဲြ႔ေတြအားလံုး တာ၀န္ယူေပးၾကပါ။ ေနာက္ စစ္ကို တားဆီးေပးၾကပါလုိ႔ တုိက္တြန္းလိုပါတယ္။”

ရွမ္းျပည္နယ္ေျမာက္ပိုင္းမွာ နယ္ေျမပုိင္ဆုိင္မႈအတြက္ အျငင္းပြားရာက ဒီလ ၅ ရက္ေန႔က စတင္ၿပီး SSPP ရွမ္းျပည္တပ္မေတာ္ေျမာက္ပိုင္းနဲ႔ TNLA တအန္း(ပေလာင္) ပူးေပါင္းတပ္ေတြနဲ႔ RCSS ရွမ္းျပည္တပ္မေတာ္ေတာင္ပိုင္းအၾကား တိုက္ပဲြေတြ ျဖစ္ပြားခဲ့တာပါ။ ဒီကေန႔အထိဆုိရင္ တုိက္ပဲြေပါင္း ၄ ၾကိမ္ေလာက္ျဖစ္ပြားခဲ့ၿပီး လက္ရိွမွာလည္း စစ္ေရးတင္းမာမႈေတြ ဆက္ရိွေနဆဲျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ရှမ်းမြောက်ဒေသ RCSS နဲ့ TNLA ကြားတိုက်ပွဲကြောင့် အရပ်သားတွေ ထိခိုက်ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၂ ခုကြား တိုက်ပွဲထပ်မံဖြစ်ပွားရာက ကိုယ်ဝန်ဆောင် အမျိုးသမီး ၁ ဦး အပါအဝင် လူ ၄ ဦး လက်နက်ကြီးကျည် ထိမှန်ဒဏ်ရာရခဲ့သလို စစ်ရှောင်တွေလည်း ထပ်တိုးလာတဲ့အကြောင်း ပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုမိုးဇော်က သတင်းပေးပို့ထားပါတယ်။

နမ္မတူမြို့နယ် နမ့်ပိုင်ရွာအနီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၂ ခုဖြစ်တဲ့ TNLA တအန်း(ပလောင်)တပ်ဖွဲ့နဲ့ RCSS ရှမ်းပြည်တပ်မတော်တောင်ပိုင်းအကြား တိုက်ပွဲထပ်မံဖြစ်ပွားရာက ဒေသခံတချို့ ထိခိုက်ဒဏ်ရာတွေ ရခဲ့ကြတာပါ။

ကြာသပတေးနေ့ ညနေ ၄ နာရီလောက်မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲနဲ့ ပတ်သက်ပြီး TNLA ဗိုလ်မှူးတာ့အိုက်ကျော်က အခုလို ပြောပါတယ်။

“မနေ့ကတော့ ဒီ နမ့်ပိုင်ရွာအထက်နားမှာဖြစ်တယ်။ ကျနော်တို့ အဖွဲ့က နမ့်ပိုင်ကနေတက်လာတော့ RC က အပေါ်ကနေ လှမ်းပစ်တော့ တိုက်ပွဲစဖြစ်တယ်။ ညနေ ၄ နာရီခွဲကနေ ၅ နာရီထိ နာရီဝက်လောက်ဖြစ်တယ်ဗျ။”

တိုက်ပွဲဖြစ်ပွားချိန်မှာ နမ့်ပိုင်ရွာအတွင်းကို လက်နက်ကြီးကျည်ကျရောက်တာကြောင့် ကိုယ်ဝန်ဆောင်တစ်ဦးအပါအဝင် ၄ ယောက် ထိခိုက်ခဲ့ကြောင်း စစ်ရှောင်တွေကို ကူညီပေးနေတဲ့ နမ္မတူမြို့က ဦးစိုင်းဘဉာဏ်က ပြောပါတယ်။

“လက်နက်ကြီးကျတာပေါ့။ လက်နက်ကြီးကျပြီးမှ ထော်လာဂျီပေါ်ကျပြီးမှာ အိမ်ထဲမှာနေတဲ့လူတွေ အကုန်လုံး ထိမိတာ။ ကျားတစ်ယောက်၊ မ သုံးယောက်။ ကိုယ်ဝန်သည်က အသက် ၁၉ နှစ်။ ဆေးရုံပို့ထားတယ်။ နမ္မတူဆေးရုံ။”

ထိခိုက်ဒဏ်ရာရသူတွေဟာ အသက်အန္တရာယ် မစိုးရိမ်ရကြောင်းနဲ့ သက်သာလာပြီဖြစ်ကြောင်းလည်း ပြောပါတယ်။

တိုက်ပွဲဖြစ်ပွားပြီးနောက်မှ နမ့်ပိုင်ရွာသားတွေဟာ မန်စံရွာကို တိမ်းရှောင်လာတာကြောင့် စစ်ရှောင်ဦးရေ ထပ်တိုးလာနေကြောင်း ဦးစိုင်းဘဉာဏ်က ဆက်ပြောပါတယ်။

“အခြေအနေကတော့ ဆက်ဖြစ်မယ့် အလားအလာရှိတာဆိုတော့ သူတို့ နမ့်ပိုင်ရွာက လူတွေအားလုံး ကျနော်တို့ မန်စံကို ရောက်နေပြီ။ နမ့်ပိုင်က လူ ၄၃ ယောက်ပေါ့။ သူတို့ ထပ်ပြီးရောက်လာတာ။ အားလုံး အခု လူသစ်ရော၊ လူဟောင်းရောဆိုရင် ၃၀၀ ကျော်လောက်ရှိတယ်။”

ဒီကနေ့လည်း နားတုံရွာဘက်မှာ လက်နက်ကြီး ပစ်ခတ်သံတွေကြားရကြောင်းနဲ့ စစ်ရှောင်တွေ ထပ်ရောက်နိုင်ဖွယ်ရှိကြောင်းလည်း ခန့်မှန်းပြောဆိုပါတယ်။

RCSS ကတော့ သူတို့တပ်ဖွဲ့ကို TNLA က ထိုးစစ်ဆင် တိုက်ခိုက်တာဖြစ်ကြောင်း၊ နမ့်ပိုင်ရွာအတွင်း ကျရောက်တဲ့လက်နက်ကြီးဟာ TNLA က ပစ်ခတ်တာဖြစ်ကြောင်း သတင်းထုတ်ပြန်ထားပေမဲ့ ဒေသခံတွေကတော့ ဘယ်အဖွဲ့ လက်ချက်ဆိုတာကို အတည်ပြုချက် မပေးပါဘူး။

မြန်မာနိုင်ငံက လက်နက်ကိုင် ပဋိပက္ခတွေအတွင်း အရပ်သားထိခိုက်သေဆုံးမှုတွေအပေါ် စိုးရိမ်ကြောင်း ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ လူ့အခွင့်အရေးလှုပ်ရှားသူတွေကလည်း ပြောဆိုထားကြပါတယ်။ လူ့အခွင့်အရေးအဖွဲ့အစည်း တစ်ခုဖြစ်တဲ့ ညီမျှခြင်းမြန်မာရဲ့ ဒါရိုက်တာ ဦးအောင်မျိုးမင်းကတော့ စစ်ပွဲအတွင်းမှာ အရပ်သားတွေကို ထိခိုက်မှုမရှိစေဖို့ လက်နက်ကိုင်အဖွဲ့တွေမှာ တာဝန်ရှိကြောင်း ထောက်ပြထားပါတယ်။

“ပါဝင်ပတ်သက်တဲ့ တပ်ဖွဲ့တိုင်း၊အဖွဲ့အစည်းတိုင်း အရပ်သူ၊ အရပ်သားတွေတင်မကဘဲနဲ့ ခုဏကလို အမျိုးသမီးနဲ့ ကလေးတွေကို ကာကွယ်ပေးရမယ့် တာဝန်ရှိပါတယ်။ ဂျနီဗာကွန်ဗင်းရှင်းဆိုတဲ့အကြောင်းအရာက တစ်နိုင်ငံနဲ့ တစ်နိုင်ငံ စစ်ဖြစ်မှ မဟုတ်ဘူး။ ပြည်တွင်းမှာဖြစ်ပျက်နေတဲ့ စစ်ပွဲဆိုင်ရာတွေမှာလည်း သက်ရောက်မှုရှိပါတယ်။ ဘယ်သူပဲ ကျူးလွန်ကျူးလွန် ဒီဟာတွေက အမြန်ဆုံးလည်း ရပ်ဖို့ လိုအပ်တယ်။ ဒါတွေမဖြစ်အောင်လည်း တားဖို့ လိုအပ်သလို ဖြစ်လာတဲ့ ကိစ္စမှာလည်း အမြန်ဆုံး အရေးယူဆောင်ရွက်နိုင်ဖို့။ ထိခိုက်တဲ့သူတွေကို လိုအပ်သလို ဝိုင်းဝန်းပြီးတော့ ပြန်လည်နာလံထအောင်လုပ်ဆောင်ပေးဖို့အတွက် ပါဝင်ပတ်သက်တဲ့ အဖွဲ့တွေအားလုံး တာဝန်ယူပေးကြပါ။ နောက် စစ်ကို တားဆီးပေးကြပါလို့ တိုက်တွန်းလိုပါတယ်။”

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ နယ်မြေပိုင်ဆိုင်မှုအတွက် အငြင်းပွားရာက ဒီလ ၅ ရက်နေ့က စတင်ပြီး SSPP ရှမ်းပြည်တပ်မတော်မြောက်ပိုင်းနဲ့ TNLA တအန်း(ပလောင်) ပူးပေါင်းတပ်တွေနဲ့ RCSS ရှမ်းပြည်တပ်မတော်တောင်ပိုင်းအကြား တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာပါ။ ဒီကနေ့အထိဆိုရင် တိုက်ပွဲပေါင်း ၄ ကြိမ်လောက်ဖြစ်ပွားခဲ့ပြီး လက်ရှိမှာလည်း စစ်ရေးတင်းမာမှုတွေ ဆက်ရှိနေဆဲဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG