သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ရွမ္းေျမာက္တိုက္ပဲြေၾကာင့္ ရာခ်ီဒုကၡသည္ေတြ တိမ္းေရွာင္


ရွမ္းျပည္နယ္က တိုက္ပြဲေတြေၾကာင့္ ထြက္ေျပးသူ စစ္ေဘးေရွာင္မ်ားကို ဘုန္းၾကီးေက်ာင္းတခုတြင္ ေတြ႔ရ။ (ၾသဂုတ္ ၂၉၊ ၂၀၁၉)

[Zawgyi/Unicode]

ရွမ္းျပည္နယ္ ေျမာက္ပိုင္း နမၼတူၿမိဳ႕နယ္မွာ တုိင္းရင္းသားလက္နက္ကုိင္အဖဲြ႔ေတြၾကား တုိက္ပဲြေတြ ထပ္မံျဖစ္ပြားေနတာေၾကာင့္ ရာနဲ႔ခ်ီတဲ့ ေဒသခံေတြ တိမ္းေရွာင္ေနရတဲ့သတင္းကို ဗီြအိုေအျမန္မာပိုင္း သတင္းေထာက္ ကိုမိုးေဇာ္က ေျပာျပပါမယ္။

ရွမ္းျပည္နယ္ေျမာက္ပိုင္းမွာ ဒီလ ၅ ရက္ေန႔ကစတင္ၿပီး TNLA တအန္း(ပေလာင္) ရွမ္းလက္နက္ကုိင္ တပ္ဖဲြ႔တုိ႔ၾကား နယ္ေျမပုိင္ဆုိင္မႈအတြက္ အျငင္းပြားရာက တုိက္ပဲြေတြျပန္လည္ျဖစ္ပြားခဲ့ရာက ဒီကေန႔မွာေတာ့ တုိက္ပဲြေတြဟာ ပိုျပင္းထန္လာေနပါတယ္

ဒီေန႔ ျဖစ္ပြားတဲ့တုိက္ပဲြဟာ TNLA တအန္း(ပေလာင္)နဲ႔ SSPP ရွမ္းျပည္တပ္မေတာ္ေျမာက္ပုိင္း ပူးေပါင္းတပ္ေတြကတဘက္၊ RCSS ရွမ္းျပည္တပ္မေတာ္ ေတာင္ပုိင္းတပ္ဖဲြ႔တုိ႔ကတဘက္ စတင္ျဖစ္ပြားရာက ေနာက္ပိုင္းအစိုးရတပ္မေတာ္ပါ ပါ၀င္လာတယ္လုိ႔ TNLA ေခၚ တအန္း(ပေလာင္)တပ္ဖဲြ႔ရဲ့ ျပန္ၾကားေရးတာ၀န္ခံ ဗိုလ္မွဴး တာ့အိုက္ေက်ာ္က VOA ကို အခုလို ေျပာပါတယ္။

“ဒီေန႔ မနက္ ၈ နာရီ၊ ၈ နာရီ ၄၅ ေလာက္မွာ ဒီ မေန႔ကျဖစ္တဲ့ဘက္ျခမ္းေပါ့။ နမၼတူၿမိဳ႕နယ္ နားက်ဲရြာရဲ့ အထက္ဘက္မွာ ျဖစ္တယ္။ နားက်ဲရြာမွာ က်ေနာ္တုိ႔နဲ႔ SSPP ပူးတဲြ တပ္ဖဲြ႔ေပါ့။ အဲဒီမွာ ေရာက္ေနတဲ့အခ်ိန္ RCSS က စတင္ၿပီးပစ္တဲ့အခ်ိန္မွာ တိုက္ပဲြစျဖစ္တယ္။ တိုက္ပဲြကေတာ့ နာရီ၀က္ေလာက္ေတာ့ ၾကာတယ္။ ျဖစ္ေနတဲ့အခ်ိန္မွာပဲ ဒီ ျမန္မာစစ္တပ္ေပါ့။ ခလရ ၃၂၄ ကလည္း လာၿပီးမွ က်ေနာ္တုိ႔ ရိွတဲ့ဘက္ကို လာေရာက္ပစ္ခတ္ေတာ့ ၉ နာရီ ၅၀ ေလာက္ကေန ၁၀ နာရီေက်ာ္ေက်ာ္အထိ တုိက္ပဲြျပန္ျဖစ္တာေပါ့။”

တိုက္ပဲြျဖစ္ပြားရာေနရာဟာ ၂၀၁၈ ခုႏွစ္က RCSS က က်ဴးေက်ာ္၀င္ေရာက္ခဲ့တာေၾကာင့္ TNLA နဲ႔ SSPP ပူးေပါင္းတပ္ဖဲြ႔က တုိက္ထုတ္ခဲ့ေၾကာင္း၊ ၂၀၁၉- ၂၀၂၀ခုႏွစ္ အပစ္ရပ္ထားခ်ိန္မွာ အစိုးရတပ္မေတာ္နဲ႔ တုိက္ပဲြျဖစ္မွာေၾကာင့္ TNLA နဲ႔ SSPP က ေရွာင္ေပးခဲ့ေနရာေတြကို RCSS က ၀င္ေရာက္လာတာေၾကာင့္ တိုက္ပဲြျဖစ္ပြားတာျဖစ္ေၾကာင္း TNLA က သတင္းထုတ္ျပန္ထားပါတယ္။

ရွမ္းျပည္ျပန္လည္ထူေထာင္ေရးေကာင္စီ RCSS က ဒု ဗုိလ္မွဴးၾကီး စိုင္းအုမ္ေခးကေတာ့ TNLAနဲ႔ SSPP ပူးေပါင္းတပ္က နားက်ဲရြာဘုန္းၾကီးေက်ာင္းမွာ ေနရာယူၿပီး သူတုိ႔တပ္ဖဲြ႔ကို စတင္ပစ္ခတ္တာလို႔ ေျပာပါတယ္။

ဒီလို တုိက္ပြဲျဖစ္ပြားတာနဲ႔ ပတ္သက္လုိ႔ ဒု ဗုိလ္မႈးၾကီး စိုင္းအုမ္ေခးက အခုလုိ ဆက္ေျပာပါတယ္။

“နယ္ေျမအကန္႔အသတ္ရယ္လို႔ တစ္ခါမွ မရိွခဲ့ဖူးပါဘူးေနာ။ အဲဒီနယ္ေျမေဒသက RCSS က သြားလာေနထိုင္လႈပ္ရွားေနၾကတာ ႏွစ္ေပါင္း ၃၀ ေက်ာ္ၿပီေလ။ ဒါေပမဲ့ TNLA က ၂၀၁၂မွ ျပန္ႏိုးထလာကာက်ေတာ့မွပဲ ဒီလို ျပႆနာေပၚလာတာပါေနာ္။ ”

ဒီေန႔ ျဖစ္ပြားတဲ့တိုက္ပဲြေၾကာင့္ ေဒသခံရြာသား ၂၀၀ေလာက္ဟာ စစ္ေဘးလြတ္ရာကို တိမ္းေရွာင္ခဲ့ၾကေၾကာင္း ေဒသတြင္း ကူညီေရးေဆာင္ရြက္ေနသူတစ္ဦးက အခုလုိ ေျပာပါတယ္။

“စစ္ေရွာင္က ပန္က်င္ေက်းရြာအုပ္စု ပန္က်င္ေက်းရြာကို နားက်ဲေက်းရြာက ေျပးသြားတာ ၁၂၀ ေလာက္ ေရာက္ေနတယ္။ မန္စံေက်းရြာကုိ ပြန္ေက်ာင္းရယ္၊ နားက်ဲရယ္၊ နားက်ိဳင္းရယ္၊ ပိန္းလံုရယ္ကေတာ့ ၁၄၀ေလာက္ေရာက္ေနတယ္။”

စစ္ေရွာင္စာရင္းေတြဟာ ေကာက္ယူေနဆဲရိွျဖစ္တာေၾကာင့္ အေသးစိတ္မရရိွေသးဘူးလို႔လည္း ေျပာပါတယ္။

လက္ရိွျဖစ္ပြားတဲ့တုိက္ပဲြေတြဟာ TNLA အပါအ၀င္ ေျမာက္ပုိင္း မဟာမိတ္လက္နက္ကုိင္အဖဲြ႔ ၃ ဖဲြ႔ကေရာ တပ္မေတာ္ကပါ တဘက္သတ္အပစ္အခတ္ရပ္စဲေရး ေၾကညာထားခ်ိန္မွာပဲ ျဖစ္ပြားေနတာပါ။

ႏိုင္ငံေရးေလ့လာသံုးသပ္သူ သီေပါၿမိဳ႕နယ္က အၿငိမ္းစား ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးရဲထြန္းကေတာ့ လက္ရိွတုိက္ပဲြေတြဟာ နယ္ေျမပိုင္ဆုိင္မႈအေပၚ အေျခခံၿပီး ျဖစ္ပြားတာျဖစ္ေၾကာင္းနဲ႔ ေဆြးေႏြးအေျဖရွာဖို႔ လိုအပ္ေၾကာင္း အခုလို သံုးသပ္ထားပါတယ္။

“အဓိက က်ေနာ္သိတာေတာ့ နယ္ေျမစိုးမိုးဖုိ႔ ေနရာလုတာပဲ။ ဒီျပႆနာေျဖရွင္းေပးဖုိ႔ကက်ေတာ့ သူတုိ႔ခ်ည္းပဲ ေဆြးေႏြးရင္လည္း ျဖစ္ႏိုင္တယ္။ သို႔ေသာ္လည္း အဓိက အားျဖင့္ေတာ့ ေနာင္အနာဂတ္မွာ က်ေနာ္တုိ႔ သြားမယ့္ ဖက္ဒရယ္စနစ္ ေပၚလာမယ့္ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသေတြ အဲဒီဟာေတြနဲ႔ ဆက္စပ္ေနလိမ့္မယ္။ ဆက္စပ္ၿပီးေတာ့ ေျဖရွင္းမွ ျပတ္မယ္ထင္တယ္။ အဲေတာ့ ေျပာခ်င္တာက ၿငိမ္းခ်မ္းေရးေဆြးေႏြးပဲြမွာ အားလံုး ဒီအဖဲြ႔ေတြအားလံုးပါ၀င္ႏိုင္ၿပီးေတာ့ အဲဒီကိစၥကို သူတို႔ ညီညီညြတ္ညြတ္နဲ႔ ညိွႏိႈင္းႏိုင္မွ ေျပလည္မယ္လုိ႔ ထင္တယ္ဗ်။ ”

ဒီလ ၅ ရက္ေန႔က သီေပါၿမိဳ႕နယ္အတြင္းမွာ RCSS ရွမ္းေျမာက္နဲ႔ SSPP အၾကား တိုက္ပဲြတစ္ၾကိမ္ျဖစ္ပြားခဲ့သလို ၇ ရက္ေန႔ကေတာ့ နမၼတူၿမိဳ႔နယ္မွာ RCSS နဲ႔ TNLA အၾကားတုိက္ပဲြ တစ္ၾကိမ္ျဖစ္ခဲ့ပါတယ္။

လက္ရိွ တိုက္ပြဲျဖစ္ပြားခဲ့တဲ့ TNLAနဲ႔ SSPP ရွမ္းေျမာက္အဖဲြ႔ဟာ NCA ေခၚ တစ္ႏိုင္ငံလံုးပစ္ခတ္တိုက္ခိုက္မႈရပ္စဲေရးစာခ်ဳပ္ကို လက္မွတ္ မေရးထိုးေသးတဲ့အဖဲြ႔ေတြျဖစ္ၿပီး RCSS ကေတာ့ NCA ကို လက္မွတ္ ေရးထုိးထားတဲ့အဖဲြ႔ျဖစ္ပါတယ္။

တိုင္းရင္းသားလူမ်ိဳးစုေတြအၾကားမွာ ရွမ္းျပည္နယ္ေျမာက္ပိုင္းေဒသမွာသာမက ေတာင္ပိုင္းက ကဒူးၾကီး၊ ေမာက္မယ္ေဒသ၊ အေရွ႔ပိုင္းက မိုင္းတံု၊မုိင္းဆတ္ေဒသေတြဟာလည္း နယ္ေျမပိုင္ဆုိင္မႈအရ တုိင္းရင္းသားလက္နက္ကိုင္အဖဲြ႔အၾကားမွာ စစ္ေရးပဋိပကၡျဖစ္ပြားဖူးတဲ့ ေဒသေတြျဖစ္ပါတယ္။ တခ်ိန္တည္းမွာပဲ TNLA အဖဲြ႔ရဲ႕ လႈပ္ရွားမႈေတြရွိေနတဲ့ မႏၱေလးတုိင္း မုိးကုတ္ၿမိဳ႕မွာလည္း ေဒသခံ စီးပြားေရး သမားတခ်ဳိ႕ကုိ ဖမ္းဆီးထားတဲ့ ျဖစ္စဥ္ေတြ ရွိေနပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ရှမ်းမြောက်တိုက်ပွဲကြောင့် ရာချီဒုက္ခသည်တွေ တိမ်းရှောင်

ရှမ်းပြည်နယ် မြောက်ပိုင်း နမ္မတူမြို့နယ်မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကြား တိုက်ပွဲတွေ ထပ်မံဖြစ်ပွားနေတာကြောင့် ရာနဲ့ချီတဲ့ ဒေသခံတွေ တိမ်းရှောင်နေရတဲ့သတင်းကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုမိုးဇော်က ပြောပြပါမယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ဒီလ ၅ ရက်နေ့ကစတင်ပြီး TNLA တအန်း(ပလောင်) ရှမ်းလက်နက်ကိုင် တပ်ဖွဲ့တို့ကြား နယ်မြေပိုင်ဆိုင်မှုအတွက် အငြင်းပွားရာက တိုက်ပွဲတွေပြန်လည်ဖြစ်ပွားခဲ့ရာက ဒီကနေ့မှာတော့ တိုက်ပွဲတွေဟာ ပိုပြင်းထန်လာနေပါတယ်

ဒီနေ့ ဖြစ်ပွားတဲ့တိုက်ပွဲဟာ TNLA တအန်း(ပလောင်)နဲ့ SSPP ရှမ်းပြည်တပ်မတော်မြောက်ပိုင်း ပူးပေါင်းတပ်တွေကတဘက်၊ RCSS ရှမ်းပြည်တပ်မတော် တောင်ပိုင်းတပ်ဖွဲ့တို့ကတဘက် စတင်ဖြစ်ပွားရာက နောက်ပိုင်းအစိုးရတပ်မတော်ပါ ပါဝင်လာတယ်လို့ TNLA ခေါ် တအန်း(ပလောင်)တပ်ဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူး တာ့အိုက်ကျော်က VOA ကို အခုလို ပြောပါတယ်။

“ဒီနေ့ မနက် ၈ နာရီ၊ ၈ နာရီ ၄၅ လောက်မှာ ဒီ မနေ့ကဖြစ်တဲ့ဘက်ခြမ်းပေါ့။ နမ္မတူမြို့နယ် နားကျဲရွာရဲ့ အထက်ဘက်မှာ ဖြစ်တယ်။ နားကျဲရွာမှာ ကျနော်တို့နဲ့ SSPP ပူးတွဲ တပ်ဖွဲ့ပေါ့။ အဲဒီမှာ ရောက်နေတဲ့အချိန် RCSS က စတင်ပြီးပစ်တဲ့အချိန်မှာ တိုက်ပွဲစဖြစ်တယ်။ တိုက်ပွဲကတော့ နာရီဝက်လောက်တော့ ကြာတယ်။ ဖြစ်နေတဲ့အချိန်မှာပဲ ဒီ မြန်မာစစ်တပ်ပေါ့။ ခလရ ၃၂၄ ကလည်း လာပြီးမှ ကျနော်တို့ ရှိတဲ့ဘက်ကို လာရောက်ပစ်ခတ်တော့ ၉ နာရီ ၅၀ လောက်ကနေ ၁၀ နာရီကျော်ကျော်အထိ တိုက်ပွဲပြန်ဖြစ်တာပေါ့။”

တိုက်ပွဲဖြစ်ပွားရာနေရာဟာ ၂၀၁၈ ခုနှစ်က RCSS က ကျူးကျော်ဝင်ရောက်ခဲ့တာကြောင့် TNLA နဲ့ SSPP ပူးပေါင်းတပ်ဖွဲ့က တိုက်ထုတ်ခဲ့ကြောင်း၊ ၂၀၁၉- ၂၀၂၀ခုနှစ် အပစ်ရပ်ထားချိန်မှာ အစိုးရတပ်မတော်နဲ့ တိုက်ပွဲဖြစ်မှာကြောင့် TNLA နဲ့ SSPP က ရှောင်ပေးခဲ့နေရာတွေကို RCSS က ဝင်ရောက်လာတာကြောင့် တိုက်ပွဲဖြစ်ပွားတာဖြစ်ကြောင်း TNLA က သတင်းထုတ်ပြန်ထားပါတယ်။

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS က ဒု ဗိုလ်မှူးကြီး စိုင်းအုမ်ခေးကတော့ TNLAနဲ့ SSPP ပူးပေါင်းတပ်က နားကျဲရွာဘုန်းကြီးကျောင်းမှာ နေရာယူပြီး သူတို့တပ်ဖွဲ့ကို စတင်ပစ်ခတ်တာလို့ ပြောပါတယ်။

ဒီလို တိုက်ပွဲဖြစ်ပွားတာနဲ့ ပတ်သက်လို့ ဒု ဗိုလ်မှုးကြီး စိုင်းအုမ်ခေးက အခုလို ဆက်ပြောပါတယ်။

“နယ်မြေအကန့်အသတ်ရယ်လို့ တစ်ခါမှ မရှိခဲ့ဖူးပါဘူးနော။ အဲဒီနယ်မြေဒေသက RCSS က သွားလာနေထိုင်လှုပ်ရှားနေကြတာ နှစ်ပေါင်း ၃၀ ကျော်ပြီလေ။ ဒါပေမဲ့ TNLA က ၂၀၁၂မှ ပြန်နိုးထလာကာကျတော့မှပဲ ဒီလို ပြဿနာပေါ်လာတာပါနော်။ ”

ဒီနေ့ ဖြစ်ပွားတဲ့တိုက်ပွဲကြောင့် ဒေသခံရွာသား ၂၀၀လောက်ဟာ စစ်ဘေးလွတ်ရာကို တိမ်းရှောင်ခဲ့ကြကြောင်း ဒေသတွင်း ကူညီရေးဆောင်ရွက်နေသူတစ်ဦးက အခုလို ပြောပါတယ်။

“စစ်ရှောင်က ပန်ကျင်ကျေးရွာအုပ်စု ပန်ကျင်ကျေးရွာကို နားကျဲကျေးရွာက ပြေးသွားတာ ၁၂၀ လောက် ရောက်နေတယ်။ မန်စံကျေးရွာကို ပွန်ကျောင်းရယ်၊ နားကျဲရယ်၊ နားကျိုင်းရယ်၊ ပိန်းလုံရယ်ကတော့ ၁၄၀လောက်ရောက်နေတယ်။”

စစ်ရှောင်စာရင်းတွေဟာ ကောက်ယူနေဆဲရှိဖြစ်တာကြောင့် အသေးစိတ်မရရှိသေးဘူးလို့လည်း ပြောပါတယ်။

လက်ရှိဖြစ်ပွားတဲ့တိုက်ပွဲတွေဟာ TNLA အပါအဝင် မြောက်ပိုင်း မဟာမိတ်လက်နက်ကိုင်အဖွဲ့ ၃ ဖွဲ့ကရော တပ်မတော်ကပါ တဘက်သတ်အပစ်အခတ်ရပ်စဲရေး ကြေညာထားချိန်မှာပဲ ဖြစ်ပွားနေတာပါ။

နိုင်ငံရေးလေ့လာသုံးသပ်သူ သီပေါမြို့နယ်က အငြိမ်းစား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရဲထွန်းကတော့ လက်ရှိတိုက်ပွဲတွေဟာ နယ်မြေပိုင်ဆိုင်မှုအပေါ် အခြေခံပြီး ဖြစ်ပွားတာဖြစ်ကြောင်းနဲ့ ဆွေးနွေးအဖြေရှာဖို့ လိုအပ်ကြောင်း အခုလို သုံးသပ်ထားပါတယ်။

“အဓိက ကျနော်သိတာတော့ နယ်မြေစိုးမိုးဖို့ နေရာလုတာပဲ။ ဒီပြဿနာဖြေရှင်းပေးဖို့ကကျတော့ သူတို့ချည်းပဲ ဆွေးနွေးရင်လည်း ဖြစ်နိုင်တယ်။ သို့သော်လည်း အဓိက အားဖြင့်တော့ နောင်အနာဂတ်မှာ ကျနော်တို့ သွားမယ့် ဖက်ဒရယ်စနစ် ပေါ်လာမယ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွေ အဲဒီဟာတွေနဲ့ ဆက်စပ်နေလိမ့်မယ်။ ဆက်စပ်ပြီးတော့ ဖြေရှင်းမှ ပြတ်မယ်ထင်တယ်။ အဲတော့ ပြောချင်တာက ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ အားလုံး ဒီအဖွဲ့တွေအားလုံးပါဝင်နိုင်ပြီးတော့ အဲဒီကိစ္စကို သူတို့ ညီညီညွတ်ညွတ်နဲ့ ညှိနှိုင်းနိုင်မှ ပြေလည်မယ်လို့ ထင်တယ်ဗျ။ ”

ဒီလ ၅ ရက်နေ့က သီပေါမြို့နယ်အတွင်းမှာ RCSS ရှမ်းမြောက်နဲ့ SSPP အကြား တိုက်ပွဲတစ်ကြိမ်ဖြစ်ပွားခဲ့သလို ၇ ရက်နေ့ကတော့ နမ္မတူမြို့နယ်မှာ RCSS နဲ့ TNLA အကြားတိုက်ပွဲ တစ်ကြိမ်ဖြစ်ခဲ့ပါတယ်။

လက်ရှိ တိုက်ပွဲဖြစ်ပွားခဲ့တဲ့ TNLAနဲ့ SSPP ရှမ်းမြောက်အဖွဲ့ဟာ NCA ခေါ် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ်ကို လက်မှတ် မရေးထိုးသေးတဲ့အဖွဲ့တွေဖြစ်ပြီး RCSS ကတော့ NCA ကို လက်မှတ် ရေးထိုးထားတဲ့အဖွဲ့ဖြစ်ပါတယ်။

တိုင်းရင်းသားလူမျိုးစုတွေအကြားမှာ ရှမ်းပြည်နယ်မြောက်ပိုင်းဒေသမှာသာမက တောင်ပိုင်းက ကဒူးကြီး၊ မောက်မယ်ဒေသ၊ အရှေ့ပိုင်းက မိုင်းတုံ၊မိုင်းဆတ်ဒေသတွေဟာလည်း နယ်မြေပိုင်ဆိုင်မှုအရ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အကြားမှာ စစ်ရေးပဋိပက္ခဖြစ်ပွားဖူးတဲ့ ဒေသတွေဖြစ်ပါတယ်။ တချိန်တည်းမှာပဲ TNLA အဖွဲ့ရဲ့ လှုပ်ရှားမှုတွေရှိနေတဲ့ မန္တလေးတိုင်း မိုးကုတ်မြို့မှာလည်း ဒေသခံ စီးပွားရေး သမားတချို့ကို ဖမ်းဆီးထားတဲ့ ဖြစ်စဉ်တွေ ရှိနေပါတယ်။

XS
SM
MD
LG