သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ရွမ္းေျမာက္တိုက္ပဲြေၾကာင့္ ရာနဲ႔ ခ်ီေဒသခံေတြ ေဘးလြတ္ရာေျပး


ရွမ္းေျမာက္တိုက္ပဲြေၾကာင့္ ေဘးလြတ္ရာထြက္ေျပးလာခဲ့ၾကတဲ့ ေဒသခံတခ်ိဳ႕။ (ဓာတ္ပံု - အိုမ္တမာဝ္ - လူမႈကူညီေရးအသင္း - ဒီဇင္ဘာ ၂၉၊ ၂၀၂၀)

[Zawgyi/Unicode]

ရွမ္းျပည္နယ္ေျမာက္ပိုင္းမွာ တုိင္းရင္းသား လက္နက္ကုိင္အဖဲြ႔ေတြၾကား ဒီရက္ပုိင္းအတြင္း တုိက္ပဲြေတြ ဆက္တုိက္ျဖစ္ပြားေနတာေၾကာင့္ ရာနဲ႔ခ်ီတဲ့ေဒသခံေတြ ေဘးလြတ္ရာ တိမ္းေရွာင္ေနၾကရတဲ့အေၾကာင္းကို ဗီြအိုေအျမန္မာပိုင္း သတင္းေထာက္ ကိုမိုးေဇာ္က ေျပာျပပါမယ္။

တုိင္းရင္းသား လက္နက္ကုိင္အဖဲြ႔ေတြျဖစ္တဲ့ RCSS ရွမ္းျပည္တပ္မေတာ္ေတာင္ပိုင္းနဲ႔ TNLA တအန္း(ပေလာင္) တပ္ဖဲြ႔အၾကား နယ္ေျမအျငင္းပြားမႈေၾကာင့္ တိုက္ပဲြေတြျဖစ္ပြားရာက ေက်ာက္မဲၿမိဳ႕နယ္မွာ ေဒသခံ ၆၀၀ ေက်ာ္ေလာက္ တိမ္းေရွာင္ေနရတာ ျဖစ္ပါတယ္။ တုိက္ပဲြေတြေၾကာင့္ အနည္းဆုံး ေက်းရြာ ၇ ရြာက ေဒသခံေတြကုိ ေက်ာက္မဲၿမိဳ႕က စစ္ေရွာင္စခန္း ၃ ခုကုိ တိမ္းေရွာင္လာခဲ့ေၾကာင္းလည္း ေဒသခံ အိုမ္တမာ၀္လူမႈကူညီေရးအသင္းရဲ့ ျပန္ၾကားေရးတာ၀န္ခံ မိုင္းစမိုင္းလ္က VOA ကို အခုလို ေျပာပါတယ္။

“အခုေလာေလာဆယ္ စခန္းထဲမွာက်ေတာ့ အားလံုးေပါင္း ၆၁၅ ေယာက္ေလာက္ပဲရိွတယ္။ အမ်ိဳးအိမ္မွာ လာေနတဲ့ဟာတုိ႔ ဘာတို႔ဆို ၆၅၀၊ ၇၀၀ ၀န္းက်င္ေလာက္ရိွတယ္။ စစ္ေရွာင္စခန္းက ေက်ာက္မဲၿမိဳ ႔ ပိႏၷဲကုန္းေက်းရြာ ၀ါဆုိေက်ာင္းမွာ တစ္ေနရာရယ္။ ပိႏၷဲကုန္းအုပ္စု မန္းေကာင္းမႈစာသင္ေက်ာင္းမွာ တစ္ေနရာရယ္။ ေက်ာက္မဲၿမိဳ ႔ ၈ ရပ္ကြက္ ထံုးဘို သႏၱိသုခဓမၼာရံုမွာ တစ္ေနရာရယ္။ ေက်ာက္မဲၿမိဳ ႔နယ္ လြယ္အံတင္အုပ္စုေပါ့။ သူတို႔အုပ္စုမွာ ၇ ရြာရိွတယ္။ အခု ၆ရြာေတာ့ ေရာက္ၿပီ။ ဒီေန႔ ေနာက္တစ္ရြာျပန္ဆင္းလာတယ္။ ဒီတစ္ရြာဆင္းလာတယ္ဆုိရင္ ဒီအုပ္စုက အကုန္လံုးဆင္းလာတယ္ေျပာလုိ႔ ရတာေပါ့ေနာ္။”

ေက်ာက္မဲၿမိဳ႔ကို ေရာက္လာတဲ့ စစ္ေရွာင္ေတြကိုေတာ့ ၿမိဳ႔နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးေဆာင္တဲ့ေက်ာက္မဲ စစ္ေရွာင္ေကာ္မီအျပင္ ရပ္မိရပ္ဖေတြ၊ အစိုးရမဟုတ္တဲ့အဖဲြ႔ေတြနဲ႔ ပရဟိတအသင္းေတြက ကူညီထားေၾကာင္းလည္း ေျပာပါတယ္။

တနဂၤေႏြေန႔ကစတင္ တိမ္းေရွာင္လာၾကတဲ့ စစ္ေရွာင္ဒုကၡသည္ေတြ အေနနဲ႔ ရက္ရွည္ ေနထုိင္ရမယ္ဆုိရင္ စားနပ္ရိကၡာ အခက္အခဲ ရွိႏုိင္တယ္လုိ႔လည္း မိုင္းစမိုင္းလ္က ေျပာပါတယ္။

“ဒီထက္ ပိုၾကာသြားရင္ေတာ့ စားေရးေသာက္ေရး အခက္အခဲရိွတာေပါ့ေနာ္။ ဒီေန႔လည္း စစ္ေရွာင္က ၁၅၀၊ ၂၀၀ ေလာက္ ထပ္လာေနတယ္ေျပာလုိ႔ က်ေနာ္တုိ႔ သြားၾကိဳေနတယ္။ သူတုိ႔ပါ ထပ္ေရာက္လာရင္ စားေရးေသာက္ေရး အခက္အခဲရိွတယ္။ ၿပီးေတာ့ ေနရာထိုင္ခင္းေပါ့ေနာ္။ ဒီ ကိုဗစ္ကာလက်ေတာ့ ပရဟိတေတြလည္း အသြားအလာ အခက္အခဲရိွတယ္။ ဥပမာ မႏၱေလး ပရဟိတေတြဆို က်ေနာ္တို႔ဆီ တက္လုိ႔ မရဘူးေပါ့ေနာ္။ တျခားပရဟိတေတြ လာလွဴလို႔ မရေတာ့ အဲဒီလို အခက္အခဲရိွတယ္။ ေနာက္ထပ္ ေစာင္ေတြ၊ ေစာင္ေတြကေတာ့ လာလွႈတဲ့သူေတြရိွတယ္။ အဓိက အခင္းေတြေပါ့။ အခုက သံမံတလင္းေပၚမွာ ေကာ္ေဇာခင္းၿပီးမွ အိပ္ေနရတယ္။ ၿပီးေတာ့ က်န္းမာေရးေစာင့္ေရွာက္မႈေပါ့။”

ေက်ာက္မဲၿမိဳ႔နယ္အတြင္းမွာ RCSS ရွမ္းတပ္ဖဲြ႔နဲ႔ TNLA တအန္း(ပေလာင္) တပ္ဖဲြ႔အၾကား နယ္ေျမထိန္းခ်ဳပ္ဖုိ႔ ႀကိဳးစားရာက ဒီလ ၂၅ရက္ေန႔တည္းက စတင္တိုက္ပဲြျဖစ္ပြားခဲ့တာပါ။ မေန႔တုန္းကလည္း ထပ္မံတုိက္ပဲြျဖစ္ေၾကာင္းနဲ႔ ဒီလအတြင္း တိုက္ပဲြ ၉ ၾကိမ္ျဖစ္ခဲ့တယ္လို႔ TNLA ဘက္က သတင္းထုတ္ျပန္ထားပါတယ္။

ေက်ာက္မဲၿမိဳ ႔နယ္ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးစိုင္းထြန္းဥာဏ္ကေတာ့ လက္ရိွျဖစ္ပြားေနတဲ့ ပဋိပကၡေတြအတြက္ ေတြ႔ဆံုေဆြးေႏြးအေျဖရွာဖုိ႔ လိုအပ္ေၾကာင္း ေျပာပါတယ္။

“ေနာက္ဆံုး က်ေနာတုိ႔ ေရြးျခယ္ရမယ့္ လမ္းေၾကာင္းကေတာ့ အားလံုးစားပဲြ၀ုိင္းေပၚမွာ ေဆြးေႏြးၾကၿပီးေတာ့မွ အတူတကြ ဘယ္လုိ ယွဥ္တဲြေနထိုင္ၾကမလဲဆုိတဲ့ လမ္းေၾကာင္းကလဲြၿပီးေတာ့ ေရြးျခယ္စရာလမ္းေၾကာင္းက မရိွဘူး။ ေတြ႔ဆံုေဆြးေႏြးျခင္းကသာလွ်င္ က်ေနာ္တုိ႔ရဲ့ ၿပီးေျမာက္ႏိုင္တဲ့ လုပ္ငန္းစဥ္တစ္ခုေပါ့ေလ။”

ေက်ာက္မဲၿမိဳ ႔နယ္အတြင္းမွာ ၿပီးခဲ့တဲ့ ေအာက္တိုဘာလအတြင္းကလည္း တပ္မေတာ္နဲ႔ RCSS အၾကား တုိက္ပဲြျဖစ္ပြားခဲ့တာေၾကာင့္ ေဒသခံ ၃,၀၀၀ ေလာက္ ေနရပ္စြန္႔ခြာ ထြက္ေျပးခဲ့ၾကရဖူးပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ရှမ်းမြောက်တိုက်ပွဲကြောင့် ရာနဲ့ ချီဒေသခံတွေ ဘေးလွတ်ရာပြေး

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကြား ဒီရက်ပိုင်းအတွင်း တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေတာကြောင့် ရာနဲ့ချီတဲ့ဒေသခံတွေ ဘေးလွတ်ရာ တိမ်းရှောင်နေကြရတဲ့အကြောင်းကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုမိုးဇော်က ပြောပြပါမယ်။

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေဖြစ်တဲ့ RCSS ရှမ်းပြည်တပ်မတော်တောင်ပိုင်းနဲ့ TNLA တအန်း(ပလောင်) တပ်ဖွဲ့အကြား နယ်မြေအငြင်းပွားမှုကြောင့် တိုက်ပွဲတွေဖြစ်ပွားရာက ကျောက်မဲမြို့နယ်မှာ ဒေသခံ ၆၀၀ ကျော်လောက် တိမ်းရှောင်နေရတာ ဖြစ်ပါတယ်။ တိုက်ပွဲတွေကြောင့် အနည်းဆုံး ကျေးရွာ ၇ ရွာက ဒေသခံတွေကို ကျောက်မဲမြို့က စစ်ရှောင်စခန်း ၃ ခုကို တိမ်းရှောင်လာခဲ့ကြောင်းလည်း ဒေသခံ အိုမ်တမာဝ်လူမှုကူညီရေးအသင်းရဲ့ ပြန်ကြားရေးတာဝန်ခံ မိုင်းစမိုင်းလ်က VOA ကို အခုလို ပြောပါတယ်။

“အခုလောလောဆယ် စခန်းထဲမှာကျတော့ အားလုံးပေါင်း ၆၁၅ ယောက်လောက်ပဲရှိတယ်။ အမျိုးအိမ်မှာ လာနေတဲ့ဟာတို့ ဘာတို့ဆို ၆၅၀၊ ၇၀၀ ဝန်းကျင်လောက်ရှိတယ်။ စစ်ရှောင်စခန်းက ကျောက်မဲမြို့ ပိန္နဲကုန်းကျေးရွာ ဝါဆိုကျောင်းမှာ တစ်နေရာရယ်။ ပိန္နဲကုန်းအုပ်စု မန်းကောင်းမှုစာသင်ကျောင်းမှာ တစ်နေရာရယ်။ ကျောက်မဲမြို့ ၈ ရပ်ကွက် ထုံးဘို သန္တိသုခဓမ္မာရုံမှာ တစ်နေရာရယ်။ ကျောက်မဲမြို့နယ် လွယ်အံတင်အုပ်စုပေါ့။ သူတို့အုပ်စုမှာ ၇ ရွာရှိတယ်။ အခု ၆ရွာတော့ ရောက်ပြီ။ ဒီနေ့ နောက်တစ်ရွာပြန်ဆင်းလာတယ်။ ဒီတစ်ရွာဆင်းလာတယ်ဆိုရင် ဒီအုပ်စုက အကုန်လုံးဆင်းလာတယ်ပြောလို့ ရတာပေါ့နော်။”

ကျောက်မဲမြို့ကို ရောက်လာတဲ့ စစ်ရှောင်တွေကိုတော့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆောင်တဲ့ကျောက်မဲ စစ်ရှောင်ကော်မီအပြင် ရပ်မိရပ်ဖတွေ၊ အစိုးရမဟုတ်တဲ့အဖွဲ့တွေနဲ့ ပရဟိတအသင်းတွေက ကူညီထားကြောင်းလည်း ပြောပါတယ်။

တနင်္ဂနွေနေ့ကစတင် တိမ်းရှောင်လာကြတဲ့ စစ်ရှောင်ဒုက္ခသည်တွေ အနေနဲ့ ရက်ရှည် နေထိုင်ရမယ်ဆိုရင် စားနပ်ရိက္ခာ အခက်အခဲ ရှိနိုင်တယ်လို့လည်း မိုင်းစမိုင်းလ်က ပြောပါတယ်။

“ဒီထက် ပိုကြာသွားရင်တော့ စားရေးသောက်ရေး အခက်အခဲရှိတာပေါ့နော်။ ဒီနေ့လည်း စစ်ရှောင်က ၁၅၀၊ ၂၀၀ လောက် ထပ်လာနေတယ်ပြောလို့ ကျနော်တို့ သွားကြိုနေတယ်။ သူတို့ပါ ထပ်ရောက်လာရင် စားရေးသောက်ရေး အခက်အခဲရှိတယ်။ ပြီးတော့ နေရာထိုင်ခင်းပေါ့နော်။ ဒီ ကိုဗစ်ကာလကျတော့ ပရဟိတတွေလည်း အသွားအလာ အခက်အခဲရှိတယ်။ ဥပမာ မန္တလေး ပရဟိတတွေဆို ကျနော်တို့ဆီ တက်လို့ မရဘူးပေါ့နော်။ တခြားပရဟိတတွေ လာလှူလို့ မရတော့ အဲဒီလို အခက်အခဲရှိတယ်။ နောက်ထပ် စောင်တွေ၊ စောင်တွေကတော့ လာလှှုတဲ့သူတွေရှိတယ်။ အဓိက အခင်းတွေပေါ့။ အခုက သံမံတလင်းပေါ်မှာ ကော်ဇောခင်းပြီးမှ အိပ်နေရတယ်။ ပြီးတော့ ကျန်းမာရေးစောင့်ရှောက်မှုပေါ့။”

ကျောက်မဲမြို့နယ်အတွင်းမှာ RCSS ရှမ်းတပ်ဖွဲ့နဲ့ TNLA တအန်း(ပလောင်) တပ်ဖွဲ့အကြား နယ်မြေထိန်းချုပ်ဖို့ ကြိုးစားရာက ဒီလ ၂၅ရက်နေ့တည်းက စတင်တိုက်ပွဲဖြစ်ပွားခဲ့တာပါ။ မနေ့တုန်းကလည်း ထပ်မံတိုက်ပွဲဖြစ်ကြောင်းနဲ့ ဒီလအတွင်း တိုက်ပွဲ ၉ ကြိမ်ဖြစ်ခဲ့တယ်လို့ TNLA ဘက်က သတင်းထုတ်ပြန်ထားပါတယ်။

ကျောက်မဲမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းထွန်းဉာဏ်ကတော့ လက်ရှိဖြစ်ပွားနေတဲ့ ပဋိပက္ခတွေအတွက် တွေ့ဆုံဆွေးနွေးအဖြေရှာဖို့ လိုအပ်ကြောင်း ပြောပါတယ်။

“နောက်ဆုံး ကျနောတို့ ရွေးခြယ်ရမယ့် လမ်းကြောင်းကတော့ အားလုံးစားပွဲဝိုင်းပေါ်မှာ ဆွေးနွေးကြပြီးတော့မှ အတူတကွ ဘယ်လို ယှဉ်တွဲနေထိုင်ကြမလဲဆိုတဲ့ လမ်းကြောင်းကလွဲပြီးတော့ ရွေးခြယ်စရာလမ်းကြောင်းက မရှိဘူး။ တွေ့ဆုံဆွေးနွေးခြင်းကသာလျှင် ကျနော်တို့ရဲ့ ပြီးမြောက်နိုင်တဲ့ လုပ်ငန်းစဉ်တစ်ခုပေါ့လေ။”

ကျောက်မဲမြို့နယ်အတွင်းမှာ ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်းကလည်း တပ်မတော်နဲ့ RCSS အကြား တိုက်ပွဲဖြစ်ပွားခဲ့တာကြောင့် ဒေသခံ ၃,၀၀၀ လောက် နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ကြရဖူးပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG