သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နမ္မတူမြို့နယ်ဘက်က စစ်ရှောင်တွေ နေရပ်ပြန်သွားပြီ


ရှမ်းပြည်နယ်ရှိ ယာယီစစ်ရှောင်စခန်းတခုမှာ တွေ့ရတဲ့ အမျိုးသမီးတဦး။ (ဇန်နဝါရီ ၁၃၊ ၂၀၁၉)
ရှမ်းပြည်နယ်ရှိ ယာယီစစ်ရှောင်စခန်းတခုမှာ တွေ့ရတဲ့ အမျိုးသမီးတဦး။ (ဇန်နဝါရီ ၁၃၊ ၂၀၁၉)

[Zawgyi/Unicode]

ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြို့နယ်မှာ တစ်ပတ်ကြာ တိုက်ပွဲတွေငြိမ်သက်ပြီးတဲ့နောက် စစ်ရှောင် ၃၀၀ လောက် နေရပ်ပြန်သွားကြတဲ့ သတင်းကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုမိုးဇော်က ပြောပြပါမယ်။

RCSS ရှမ်းပြည်တပ်မတော်တောင်ပိုင်းနဲ့ TNLA တအန်း(ပလောင်) တပ်အကြား နမ္မတူမြို့နယ်အတွင်း ဒီလထဲမှာ အနည်းဆုံး တိုက်ပွဲ ၃ ကြိမ်ဖြစ်ပွားခဲ့ပြီးတဲ့နောက် တိုက်ပွဲဖြစ်ပွားရာအနီး ကျေးရွာ ၄ ရွာလောက်က ဒေသခံတွေဟာ မန်စံရွာကို တိမ်းရှောင်လာခဲ့ကြတာပါ။

ဒီရက်ပိုင်းမှာ တိုက်ပွဲတွေ ထပ်မဖြစ်တော့တာကြောင့် အဲဒီဒေသခံတွေ နေရပ်အသီးသီးကို ပြန်ကြပြီဖြစ်ကြောင်း စစ်ရှောင်အရေး ကူညီဆောင်ရွက်ပေးနေတဲ့ ဦးစိုင်းဘဉာဏ်က ပြောပါတယ်။

“အားလုံးပြန်ကုန်ပြီခင်ဗျ။ ဒီနေ့ပဲ နောက်ဆုံးပြန်ကြတယ်။ အားလုံးကတော့ ကျနော်တို့ ဒီကိုရောက်လာတာ ၃၀၀ ကျော်ဆိုတော့ အကုန်လုံးပြန်တယ်လို့ပဲ ပြောရမှာပေါ့။ နယ်မြေအခြေအနေကတော့ အဲဒီမှာတော့ ၂ ဘက်စလုံးက ရှိနေတယ်လေ။ တိုက်ပွဲမဖြစ်လို့သာ သူတို့ ပြန်သွားကြတာပေါ့။”

နမ္မတူမြို့နယ်အတွင်းမှာ နှစ်ဘက်တပ်တွေ ရှိနေဆဲဖြစ်တာကြောင့် စစ်ရေးတင်းမာတဲ့အခြေအနေရှိနေဆဲဖြစ်ကြောင်း ဒေသခံတွေက ပြောပါတယ်။

နမ္မတူမြို့နယ်အတွင်း လက်ရှိအခြေအနေပေါ် TNLA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးတာ့အိုက်ကျော် ပြောတာကတော့ -

“ဆိုင်နေတဲ့ အနေအထားတော့ မဟုတ်ဘူး။ RCSS ကတော့ အဲဒီနားတဝိုက်မှာတော့ လှုပ်ရှားမှုတွေ ရှိသေးတယ်။ ကျေးရွာတချို့မှာ ပြည်သူလူထုက နည်းနည်း စိုးရိမ်ရတဲ့အနေအထားတော့ ရှိတယ်။ ဒီ ၃- ၄ ရက်လောက်တော့ရှိပြီ။ ဘာမှတော့ တိုက်ပွဲဖြစ်ပွားမှု မရှိဘူး။”

ဒီလ ၁၀ ရက်နေ့က နမ္မတူမြို့နယ်မှာ TNLA နဲ့ RCSS အကြားနောက်ဆုံး တိုက်ပွဲဖြစ်ပွားခဲ့ပြီး ၁၄ ရက်နေ့ကတော့ နမ့်ဆန်မြို့နယ်အတွင်း တပ်မတော်နဲ့ TNLA အကြားမှာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း TNLA က သတင်းထုတ်ပြန်ပါတယ်။

အစိုးရတပ်မတော်နဲ့ TNLA အပါအဝင် မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေဟာ သီးခြားစီ တဘက်သတ် အပစ်ရပ် ကြေညာထားပေမဲ့ ဒီလအတွင်း ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တပ်မတော်နဲ့ TNLA၊ RCSS နဲ့ TNLA၊ SSPP ပူးပေါင်းတပ်တွေအကြား တိုက်ပွဲဖြစ်ပွားတာတွေ ရှိခဲ့ပါတယ်။

ရှမ်းတပ်ဖွဲ့နှစ်ဖွဲ့ဖြစ်တဲ့ RCSS နဲ့ SSPP ရှမ်းပြည်တပ်မတော် တောင်ပိုင်းနဲ့ မြောက်ပိုင်းအကြားမှာ ပဋိပက္ခတွေ လေ ျှာ့ချနိုင်ဖို့အတွက် ဒီလ ၁၀ ရက်နေ့က Online ကနေ ဆွေးနွေးခဲ့တယ်လို့ SSPP ဘက်က သတင်းထုတ်ပြန်ထားပါတယ်။

ဒီသတင်းထုတ်ပြန်ချက်မှာ သဘောတူညီချက် ၆ ချက် ရရှိကြောင်း ဖော်ပြထားပေမဲ့ အသေးစိတ်ရှင်းလင်းထားတာတော့ မပါဝင်ပါဘူး။

RCSS ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီးအုမ်ခေးကတော့ ဒီဆွေးနွေးပွဲနဲ့ ပတ်သက်ပြီး VOA ကို အခုလို ပြောပါတယ်။

“ပြီးခဲ့တဲ့ ၅ ရက်နေ့တုန်းက ထိတွေ့မှုအကြောင်းကို ဆွေးနွေးကြတာပေါ့နော်။ သက်ဆိုင်တဲ့ တာဝန်ရှိ ပုဂ္ဂိုလ်တွေ ဒီလို Online ကနေပဲ တွေ့ပြီးတော့ ညှိကြတာပေါ့။ တဘက်နဲ့တဘက် သွားလာလှုပ်ရှားတဲ့အချိန်အခါမျိုးမှာ နားလည်မှုတွေ အကြောင်းကြားမှုတွေ ရယူပြီးမှ သွားကြဖို့ အဲဒီလောက်ပဲပေါ့နော။ ထပ်မဖြစ်အောင် အဲဒီလိုသဘောမျိုးပဲ။ နားလည်မှု ပြန်ယူတာပေါ့။”

RCSS နဲ့ TNLA အကြားမှာတော့ ဆွေးနွေးတာမရှိသေးပါဘူး။

ပြီးခဲ့တဲ့နှစ်တွေအတွင်းကလည်း ရှမ်းပြည်နယ်မြောက်ပိုင်းဒေသမှာ နယ်မြေစိုးမိုးမှုနဲ့ ပတ်သက်ပြီး TNLA၊ SSPP နဲ့ RCSS အကြားမှာ တိုက်ပွဲဖြစ်တာတွေရှိခဲ့ပြီး TNLA နဲ့ SSPP က RCSS တပ်တွေနယ်မြေ ကျော်လွန်တာကြောင့် တိုက်ပွဲဖြစ်ပွားကြောင်း သတင်းထုတ်ပြန်သလို RCSS ကလည်း ဒီနယ်မြေအတွင်း သူတို့ လှုပ်ရှားနေတာ နှစ် ၃၀ လောက်ရှိပြီဖြစ်ကြောင်း တုံ့ပြန်တာတွေ ရှိပါတယ်။

RCSS အဖွဲ့ဟာ NCA ခေါ် အပစ်ရပ်စာချုပ်ကို လက်မှတ်ရေးထိုးထားပေမဲ့ TNLA နဲ့ SSPP ကတော့ လက်မှတ်ရေးထိုးတာမရှိပါဘူး။

တိုက်ရိုက် လင့်ခ်

[Unicode Version]







နမ်မတူမွို့နယျအတှငျး လကျရှိအခွအေနပေေါျ TNLA ပွောရေးဆိုခှင့ျရှိသူ ဗိုလျမှူးတာ့အိုကျကြောျ ပွောတာကတော့ -











XS
SM
MD
LG