သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

NLD ကိုယ္စားလွယ္အဖြဲ႔ ေတာင္ႀကီးမွာ တိုင္းရင္းသား ႏုိင္ငံေရးသမားေတြနဲ႔ ေဆြးေႏြး


ရွမ္းျပည္နယ္ ေတာင္ႀကီးၿမိဳ႕ရွိ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ျပည္နယ္႐ုံးမွာ ေဒါက္တာေအာင္မုိးညိဳ ဦးေဆာင္တဲ့ NLD ကိုယ္စားလွယ္အဖဲြ႔နဲ႔ ကယန္းအမ်ိဳးသားပါတီ(KNP) တို႔ ေတြ႔ဆံုေဆြးေႏြးေနတဲ့ ျမင္ကြင္း။ (ဓာတ္ပံု - National League for Democracy - Shan State - ဇန္နဝါရီ ၁၄၊ ၂၀၂၁)

[Zawgyi/Unicode]

ရွမ္းျပည္နယ္ ေတာင္ႀကီးၿမိဳ႕ရွိ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ျပည္နယ္႐ုံးမွာ ေဒါက္တာေအာင္မုိးညိဳ ဦးေဆာင္တဲ့ NLD ကိုယ္စားလွယ္အဖဲြ႔နဲ႔ ကယန္းအမ်ိဳးသားပါတီ(KNP) တို႔ ေတြ႔ဆံုေဆြးေႏြးေနတဲ့ ျမင္ကြင္း။ (ဓာတ္ပံု - National League for Democracy - Shan State - ဇန္နဝါရီ ၁၄၊ ၂၀၂၁)
ရွမ္းျပည္နယ္ ေတာင္ႀကီးၿမိဳ႕ရွိ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ျပည္နယ္႐ုံးမွာ ေဒါက္တာေအာင္မုိးညိဳ ဦးေဆာင္တဲ့ NLD ကိုယ္စားလွယ္အဖဲြ႔နဲ႔ ကယန္းအမ်ိဳးသားပါတီ(KNP) တို႔ ေတြ႔ဆံုေဆြးေႏြးေနတဲ့ ျမင္ကြင္း။ (ဓာတ္ပံု - National League for Democracy - Shan State - ဇန္နဝါရီ ၁၄၊ ၂၀၂၁)

ရွမ္းျပည္နယ္ကို ေရာက္ရိွေနတဲ့ NLD ကိုယ္စားလွယ္အဖဲြ႔ဟာ ဒီကေန႔ ကခ်င္တိုင္းရင္းသားေရးရာ၀န္ၾကီး၊ ကယန္းအမ်ိဳးသားပါတီတို႔နဲ႔ သီးျခားစီေတြ႔ဆံုၿပီး ဒီမုိကေရစီေရး၊ ဖက္ဒရယ္အေရး၊ ၿငိမ္းခ်မ္းေရးကိစၥေတြ ေဆြးေႏြးခဲ့သလို မနက္ျဖန္မွာေတာ့ SNLD ရွမ္းတိုင္းရင္းသားမ်ား ဒီမုိကေရစီအဖဲြ႔ခ်ဳပ္ အပါအ၀င္ ၃ ပါတီနဲ႔ ေတြ႔ဆံုႏိုင္ဖြယ္ရိွတဲ့အေၾကာင္း ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ ကိုမိုးေဇာ္က ေျပာျပပါမယ္။

ရွမ္းျပည္နယ္ ေတာင္ၾကီးၿမိဳ ႔ကို ေရာက္ရိွေနတ့ဲ ေဒါက္တာေအာင္မုိးညိဳ ဦးေဆာင္တဲ့ NLD ကိုယ္စားလွယ္အဖဲြ႔ဟာ ၂၀၂၀ ေရြးေကာက္ပဲြမွာ ရွမ္းျပည္နယ္ အစိုးရအဖဲြ႔၀င္အျဖစ္ ေရြးေကာက္ခံရတဲ့ တသီးပုဂၢလ ကိုယ္စားလွယ္ ကခ်င္တုိင္းရင္းသားေရးရာ၀န္ၾကီး ဦးဇုတ္ေဒါင္၊ ကယန္းအမ်ိဳးသားပါတီက ေရြးေကာက္ခံ ကယန္းတုိင္းရင္းသားေရးရာ၀န္ၾကီး ဦးတင္ႏုအပါအ၀င္ အတြင္းေရးမွဴးအဖဲြ႔တို႔နဲ႔ ရွမ္းျပည္နယ္ NLD ပါတီရံုးမွာ ေတြ႔ဆံုခဲ့တာပါ။

ဒီေတြ႔ဆံုပဲြမွာ ကခ်င္တိုင္းရင္းသားေရးရာ ၀န္ၾကီးက အဓိက ေဆြးေႏြးတဲ့အခ်က္ေတြကို NLD ကိုယ္စားလွယ္အဖဲြ႔၀င္ ဦးအင္ထံုးခါးေနာ္ဆန္က VOA ကို အခုလို ေျပာပါတယ္။

“ကခ်င္ေရးရာ၀န္ၾကီးကေတာ့ NLD ပါတီေဖာ္ေဆာင္မယ္... ဒီမုိကေရစီ ဖက္ဒရယ္ေပါ့။ ဒါေတြေပါ့။ ဒါေတြ အကုန္လံုးေအာင္ျမင္ေအာင္လည္း သူအေနနဲ႔ကလည္း ပါ၀င္ၿပီးမွ ကူညီေဆာင္ရြက္မယ္ ဆိုတဲ့… ဒါေတြပါ။ အဓိကကေတာ့ ဒါေတြ .. ေနာက္ ၿငိမ္းခ်မ္းေရးကိစၥ၊ ၿငိမ္းခ်မ္းေရးကို ေဖာ္ေဆာင္ေပးဖုိ႔ လိုတယ္။ အခု အႏွစ္ ၇၀ ေက်ာ္ ငါတုိ႔ ျပည္တြင္းစစ္ျဖစ္ေနတယ္ေနာ္။ အခုထိ မၿငိမ္းခ်မ္းႏိုင္ေသးဘူး။ အဲဒါေၾကာင့္ ျပည္တြင္းၿငိမ္းခ်မ္းေရးကို အျမန္ဆံုးေဖာ္ေဆာင္ႏိုင္ေအာင္ ၾကိဳးစားေပးဖုိ႔ အဲဒါမ်ိဳးေတြ ေျပာျပပါတယ္။”

ကယန္းအမ်ိဳးသားပါတီနဲ႔ ေဆြးေႏြးရာမွာလည္း ကယန္းလူမ်ိဳးေတြရဲ့အေရးကိုပါ ထည့္သြင္းေဆြးေႏြးတယ္လို႔ ဆက္ေျပာပါတယ္။

“ကယန္းပါတီကလည္း သူတို႔ရဲ့ကယန္းလူမ်ိဳးေတြရဲ့ ျဖစ္ခ်င္တဲ့ ဆႏၵေတြေပါ့ေနာ္။ သူတို႔က ရွမ္းျပည္ရယ္၊ ကယားျပည္နယ္ရယ္၊ ကရင္ျပည္နယ္ဘက္ေကာ သူတုိ႔က လူဦးေရ ၃၀၀,၀၀၀ ေက်ာ္ရိွတာေပါ့။ အဲဒါနဲ႔ သူတုိ႔က တကယ္တမ္းကယန္းျဖစ္ရဲ့ သားနဲ႔လည္း ဥပမာ မွတ္ပံုတင္မရေတာ့ ကရင္ျဖစ္သြားတာတုိ႔၊ ကယားျဖစ္သြားတာတို႔၊ ဗမာျဖစ္သြားတာတို႔ ဒါမ်ိဳးေတြ အမ်ားၾကီးရိွတယ္တဲ့။ အဲဒါေၾကာင့္ ဒါမ်ိဳးေတြကို ျပန္လည္ျပဳျပင္တဲ့ အမည္နာမ အမွန္ေပါ့ကြာ၊ အဲဒါမ်ိဳးေတြ ျဖစ္ေစခ်င္တယ္ဆိုတဲ့သေဘာေတြ သူတုိ႔ ေျပာျပပါတယ္။”

ကယန္းအမ်ိဳးသားပါတီက ဒီမုိကေရစီ၊ ဖက္ဒရယ္နဲ႔ ၿငိမ္းခ်မ္းေရးကိစၥရပ္ေတြ ေဆြးေႏြးခဲ့ေၾကာင္းလည္း ေျပာပါတယ္။

ရွမ္းတိုင္းရင္းသားမ်ား ဒီမုိကေရစီအဖဲြ႔ခ်ဳပ္ SNLD ပါတီနဲ႔ ေဆြးေႏြးမယ့္ အလားအလာကိုလည္း ဦးအင္ထံုးခါးေနာ္ဆန္က-

“မနက္ျဖန္ကလည္း SNLD နဲ႔ ေတြ႔ဖို႔ကလည္း အစီအစဥ္ရိွသြားၿပီ။ ေနရာေရြးျခယ္မႈ အဲဒါ တစ္ခ်က္ေလးပဲ က်န္တယ္။ နည္းနည္းေလးပဲ။ ရာခိုင္ႏႈန္းဆုိရင္ ၂၅ ရာခုိင္ႏႈန္းထားလုိုက္ေတာ့၊ ၇၅ ရာခုိင္ႏႈန္းက ေတြ႔ဖုိ႔က မ်ားေနတဲ့ အေနအထားျဖစ္ပါတယ္။”

NLD နဲ႔ SNLD ႏွစ္ဘက္ ကိုယ္စားလွယ္အဖဲြ႔ဟာ သက္ဆုိင္ရာ ပါတီရံုးေတြမွာ မဟုတ္ဘဲ တတိယေနရာ တစ္ခုမွာ ေတြ႔ဆံုဖို႔ ညိွႏိႈင္းေနတယ္ဆိုတဲ့သတင္းေတြ ထြက္ေပၚေနပါတယ္။

ဒီလို ေတြ႔ဆံုမွာနဲ႔ ပတ္သက္ၿပီး SNLD ပါတီဘက္ကို ေမးျမန္းႏိုင္ဖို႔ ဆက္သြယ္ခဲ့ေပမဲ့ ဖုန္းေခၚဆုိလို႔ မရခဲ့ပါဘူး။

မနက္ျဖန္မွာေတာ့ ရွမ္းျပည္နယ္က လားဟူအမ်ိဳးသားဖံြ႔ျဖိဳးတိုးတက္ေရးပါတီ၊ ၀အမ်ိဳးသားပါတီတို႔ကလည္း NLD ကိုယ္စားလွယ္အဖဲြ႔နဲ႔ ေတြ႔ဆံုဖို႔ ဒီညေနမွာ ေတာင္ၾကီးကို ေရာက္ရိွမွာျဖစ္ေၾကာင္းနဲ႔ ေတြ႔ဆံုမယ့္ ေနရာနဲ႔ အခ်ိန္ေတာ့ သတ္မွတ္ထားတာမရိွေသးေၾကာင္း တာ၀န္ရိွသူေတြက VOA ကို ေျပာပါတယ္။

ဗုဒၶဟူးေန႔ကေတာ့ NLD ကိုယ္စားလွယ္အဖဲြ႔ဟာ တအာင္း(ပေလာင္) အမ်ိဳးသားပါတီ၊ ပအို၀္းအမ်ိဳးသား အဖဲြ႔ခ်ဳပ္ ပါတီတို႔နဲ႔ ေတြ႔ဆံုေဆြးေႏြးခဲ့ပါတယ္။

ဒီေတြ႔ဆံုပဲြမွာ အဓိက ေဆြးေႏြးခဲ့တာေတြကိုေတာ့ တအာင္း(ပေလာင္) အမ်ိဳးသားပါတီအတြင္းေရးမႈး မုိင္အုဏ္းခိုင္က အခုလို ေျပာပါတယ္။

“အခု NLD ဦးေဆာင္ဖဲြ႔စည္းသြားမယ့္ အမ်ိဳးသားညီညြတ္ေရး အစိုးရမွာေရာ ေနာက္တစ္ခု ဒီ ဒီမုိကေရစီနဲ႔ ဖက္ဒရယ္ျပည္ေထာင္စုအေရး ေဆာင္ရြက္တဲ့ေနရာမွာေရာ က်ေနာ္တုိ႔ တုိင္းရင္းသားပါတီေတြအေနနဲ႔ တုိင္းရင္းသားအေနနဲ႔ ဘယ္အခန္းက႑၊ ဘယ္လုိေနရာမ်ိဳးမွာ ဘယ္လုိ ပါ၀င္ရမလဲ၊ ဘယ္လုိ ပူးေပါင္းရမလဲဆုိတာကိုလည္း က်ေနာ္တုိ႔ ရွင္းရွင္းလင္းလင္းသိခ်င္တယ္။ အဲဒီကိစၥကိုလည္း က်ေနာ္တုိ႔ ေဆြးေႏြးပါတယ္။ ေနာက္တစ္ခါ NLD ကေနၿပီးေတာ့မွ က်ေနာ္တုိ႔ တုိင္းရင္းသားပါတီေတြ အေပၚမွာ ထားရိွတဲ့ သေဘာထား၊ အျမင္ေပါ့ေလ ဘယ္လို ရိွလည္း ဘယ္လုိ ထားရိွလဲဆုိတဲ့ မူ၀ါဒကိုလည္း က်ေနာ္တုိ႔ ပြင့္ပြင့္လင္းလင္းေပါ့၊ ထင္သာျမင္သာ ခ်ျပရွင္းလင္းေစခ်င္တယ္ေပါ့။ အဲဒါလည္း ေဆြးေႏြးပါတယ္။”

အျခားအခ်က္ေတြကေတာ့ ျပည္တြင္းၿငိမ္းခ်မ္းေရး၊ စစ္ေရွာင္ဒုကၡသည္အေရး၊ အရပ္ဘက္ စစ္ဘက္ဆက္ဆံေရး ပိုမိုေကာင္းမြန္ေစေရး၊ ျပည္နယ္နဲ႔ ျပည္ေထာင္စုအစိုးရအဖဲြ႔မွာ တိုင္းရင္းသားပါတီေတြ ပါ၀င္ႏိုင္ေရး ေတြကို ေဆြးေႏြးခဲ့ေၾကာင္း ေျပာပါတယ္။

NLD ကိုယ္စားလွယ္အဖဲြ႔ကေတာ့ ဒီေဆြးေႏြးခ်က္ေတြကို စုစည္းၿပီး ပါတီဗဟိုကို ဆက္လက္ တင္ျပမွာျဖစ္ေၾကာင္း တံု႔ျပန္ထားပါတယ္။

ပအို၀္းအမ်ိဳးသားအဖဲြ႔ခ်ဳပ္ ကို ဆက္သြယ္ရာမွာေတာ့ ဆက္သြယ္လုိ႔ မရခဲ့ပါဘူး။

ႏုိ၀င္ဘာလ ၈ ရက္ေန႔ ေရြးေကာက္ပဲြမွာ အႏုိင္ရခဲ့ၿပီးေနာက္ NLD ပါတီက အမ်ဳိးသား ညီညြတ္ေရး အစုိးရဖဲြ႔စည္းမယ္ဆုိၿပီး တိုင္းရင္းသားပါတီ ၄၈ ပါတီနဲ႔ ေဆြးေႏြးဖုိ႔ ဖိတ္ေခၚခဲ့ပါတယ္။

ကခ်င္ျပည္နယ္မွာ ေရြးေကာက္ပြဲအနိုင္ရထားတဲ့ ကခ်င္ျပည္နယ္ ျပည္သူ႔ပါတီနဲ႔ ေဆြးေႏြးတာရိွခဲ့ေပမဲ့ မြန္နဲ႔ ကယားျပည္နယ္မွာေတာ့ ေတြ႔ဆံုမယ့္ေနရာ မညိွႏိႈင္းႏိုင္တာေၾကာင့္ မြန္ညီညြတ္ေရးပါတီ၊ ကယားျပည္နယ္ ဒီမိုကရက္တစ္ပါတီ (KySDP) တုိ႔နဲ႔ မေဆြးေႏြးႏိုင္ခဲ့ပါဘူး။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

NLD ကိုယ်စားလှယ်အဖွဲ့ တောင်ကြီးမှာ တိုင်းရင်းသား နိုင်ငံရေးသမားတွေနဲ့ ဆွေးနွေး

ရှမ်းပြည်နယ်ကို ရောက်ရှိနေတဲ့ NLD ကိုယ်စားလှယ်အဖွဲ့ဟာ ဒီကနေ့ ကချင်တိုင်းရင်းသားရေးရာဝန်ကြီး၊ ကယန်းအမျိုးသားပါတီတို့နဲ့ သီးခြားစီတွေ့ဆုံပြီး ဒီမိုကရေစီရေး၊ ဖက်ဒရယ်အရေး၊ ငြိမ်းချမ်းရေးကိစ္စတွေ ဆွေးနွေးခဲ့သလို မနက်ဖြန်မှာတော့ SNLD ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် အပါအဝင် ၃ ပါတီနဲ့ တွေ့ဆုံနိုင်ဖွယ်ရှိတဲ့အကြောင်း ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုမိုးဇော်က ပြောပြပါမယ်။

ရွမ္းျပည္နယ္ရွိ NLD ရံုး။ (National League for Democracy - Shan State - ဇန္နဝါရီ ၁၄၊ ၂၀၂၁)
ရွမ္းျပည္နယ္ရွိ NLD ရံုး။ (National League for Democracy - Shan State - ဇန္နဝါရီ ၁၄၊ ၂၀၂၁)

ရှမ်းပြည်နယ် တောင်ကြီးမြို့ကို ရောက်ရှိနေတဲ့ ဒေါက်တာအောင်မိုးညို ဦးဆောင်တဲ့ NLD ကိုယ်စားလှယ်အဖွဲ့ဟာ ၂၀၂၀ ရွေးကောက်ပွဲမှာ ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင်အဖြစ် ရွေးကောက်ခံရတဲ့ တသီးပုဂ္ဂလ ကိုယ်စားလှယ် ကချင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇုတ်ဒေါင်၊ ကယန်းအမျိုးသားပါတီက ရွေးကောက်ခံ ကယန်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးတင်နုအပါအဝင် အတွင်းရေးမှူးအဖွဲ့တို့နဲ့ ရှမ်းပြည်နယ် NLD ပါတီရုံးမှာ တွေ့ဆုံခဲ့တာပါ။

ဒီတွေ့ဆုံပွဲမှာ ကချင်တိုင်းရင်းသားရေးရာ ဝန်ကြီးက အဓိက ဆွေးနွေးတဲ့အချက်တွေကို NLD ကိုယ်စားလှယ်အဖွဲ့ဝင် ဦးအင်ထုံးခါးနော်ဆန်က VOA ကို အခုလို ပြောပါတယ်။

“ကချင်ရေးရာဝန်ကြီးကတော့ NLD ပါတီဖော်ဆောင်မယ်... ဒီမိုကရေစီ ဖက်ဒရယ်ပေါ့။ ဒါတွေပေါ့။ ဒါတွေ အကုန်လုံးအောင်မြင်အောင်လည်း သူအနေနဲ့ကလည်း ပါဝင်ပြီးမှ ကူညီဆောင်ရွက်မယ် ဆိုတဲ့… ဒါတွေပါ။ အဓိကကတော့ ဒါတွေ .. နောက် ငြိမ်းချမ်းရေးကိစ္စ၊ ငြိမ်းချမ်းရေးကို ဖော်ဆောင်ပေးဖို့ လိုတယ်။ အခု အနှစ် ၇၀ ကျော် ငါတို့ ပြည်တွင်းစစ်ဖြစ်နေတယ်နော်။ အခုထိ မငြိမ်းချမ်းနိုင်သေးဘူး။ အဲဒါကြောင့် ပြည်တွင်းငြိမ်းချမ်းရေးကို အမြန်ဆုံးဖော်ဆောင်နိုင်အောင် ကြိုးစားပေးဖို့ အဲဒါမျိုးတွေ ပြောပြပါတယ်။”

ကယန်းအမျိုးသားပါတီနဲ့ ဆွေးနွေးရာမှာလည်း ကယန်းလူမျိုးတွေရဲ့အရေးကိုပါ ထည့်သွင်းဆွေးနွေးတယ်လို့ ဆက်ပြောပါတယ်။

“ကယန်းပါတီကလည်း သူတို့ရဲ့ကယန်းလူမျိုးတွေရဲ့ ဖြစ်ချင်တဲ့ ဆန္ဒတွေပေါ့နော်။ သူတို့က ရှမ်းပြည်ရယ်၊ ကယားပြည်နယ်ရယ်၊ ကရင်ပြည်နယ်ဘက်ကော သူတို့က လူဦးရေ ၃၀၀,၀၀၀ ကျော်ရှိတာပေါ့။ အဲဒါနဲ့ သူတို့က တကယ်တမ်းကယန်းဖြစ်ရဲ့ သားနဲ့လည်း ဥပမာ မှတ်ပုံတင်မရတော့ ကရင်ဖြစ်သွားတာတို့၊ ကယားဖြစ်သွားတာတို့၊ ဗမာဖြစ်သွားတာတို့ ဒါမျိုးတွေ အများကြီးရှိတယ်တဲ့။ အဲဒါကြောင့် ဒါမျိုးတွေကို ပြန်လည်ပြုပြင်တဲ့ အမည်နာမ အမှန်ပေါ့ကွာ၊ အဲဒါမျိုးတွေ ဖြစ်စေချင်တယ်ဆိုတဲ့သဘောတွေ သူတို့ ပြောပြပါတယ်။”

ကယန်းအမျိုးသားပါတီက ဒီမိုကရေစီ၊ ဖက်ဒရယ်နဲ့ ငြိမ်းချမ်းရေးကိစ္စရပ်တွေ ဆွေးနွေးခဲ့ကြောင်းလည်း ပြောပါတယ်။

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီနဲ့ ဆွေးနွေးမယ့် အလားအလာကိုလည်း ဦးအင်ထုံးခါးနော်ဆန်က-

“မနက်ဖြန်ကလည်း SNLD နဲ့ တွေ့ဖို့ကလည်း အစီအစဉ်ရှိသွားပြီ။ နေရာရွေးခြယ်မှု အဲဒါ တစ်ချက်လေးပဲ ကျန်တယ်။ နည်းနည်းလေးပဲ။ ရာခိုင်နှုန်းဆိုရင် ၂၅ ရာခိုင်နှုန်းထားလိုက်တော့၊ ၇၅ ရာခိုင်နှုန်းက တွေ့ဖို့က များနေတဲ့ အနေအထားဖြစ်ပါတယ်။”

NLD နဲ့ SNLD နှစ်ဘက် ကိုယ်စားလှယ်အဖွဲ့ဟာ သက်ဆိုင်ရာ ပါတီရုံးတွေမှာ မဟုတ်ဘဲ တတိယနေရာ တစ်ခုမှာ တွေ့ဆုံဖို့ ညှိနှိုင်းနေတယ်ဆိုတဲ့သတင်းတွေ ထွက်ပေါ်နေပါတယ်။

ဒီလို တွေ့ဆုံမှာနဲ့ ပတ်သက်ပြီး SNLD ပါတီဘက်ကို မေးမြန်းနိုင်ဖို့ ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းခေါ်ဆိုလို့ မရခဲ့ပါဘူး။

မနက်ဖြန်မှာတော့ ရှမ်းပြည်နယ်က လားဟူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ ဝအမျိုးသားပါတီတို့ကလည်း NLD ကိုယ်စားလှယ်အဖွဲ့နဲ့ တွေ့ဆုံဖို့ ဒီညနေမှာ တောင်ကြီးကို ရောက်ရှိမှာဖြစ်ကြောင်းနဲ့ တွေ့ဆုံမယ့် နေရာနဲ့ အချိန်တော့ သတ်မှတ်ထားတာမရှိသေးကြောင်း တာဝန်ရှိသူတွေက VOA ကို ပြောပါတယ်။

ဗုဒ္ဓဟူးနေ့ကတော့ NLD ကိုယ်စားလှယ်အဖွဲ့ဟာ တအာင်း(ပလောင်) အမျိုးသားပါတီ၊ ပအိုဝ်းအမျိုးသား အဖွဲ့ချုပ် ပါတီတို့နဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

ဒီတွေ့ဆုံပွဲမှာ အဓိက ဆွေးနွေးခဲ့တာတွေကိုတော့ တအာင်း(ပလောင်) အမျိုးသားပါတီအတွင်းရေးမှုး မိုင်အုဏ်းခိုင်က အခုလို ပြောပါတယ်။

“အခု NLD ဦးဆောင်ဖွဲ့စည်းသွားမယ့် အမျိုးသားညီညွတ်ရေး အစိုးရမှာရော နောက်တစ်ခု ဒီ ဒီမိုကရေစီနဲ့ ဖက်ဒရယ်ပြည်ထောင်စုအရေး ဆောင်ရွက်တဲ့နေရာမှာရော ကျနော်တို့ တိုင်းရင်းသားပါတီတွေအနေနဲ့ တိုင်းရင်းသားအနေနဲ့ ဘယ်အခန်းကဏ္ဍ၊ ဘယ်လိုနေရာမျိုးမှာ ဘယ်လို ပါဝင်ရမလဲ၊ ဘယ်လို ပူးပေါင်းရမလဲဆိုတာကိုလည်း ကျနော်တို့ ရှင်းရှင်းလင်းလင်းသိချင်တယ်။ အဲဒီကိစ္စကိုလည်း ကျနော်တို့ ဆွေးနွေးပါတယ်။ နောက်တစ်ခါ NLD ကနေပြီးတော့မှ ကျနော်တို့ တိုင်းရင်းသားပါတီတွေ အပေါ်မှာ ထားရှိတဲ့ သဘောထား၊ အမြင်ပေါ့လေ ဘယ်လို ရှိလည်း ဘယ်လို ထားရှိလဲဆိုတဲ့ မူဝါဒကိုလည်း ကျနော်တို့ ပွင့်ပွင့်လင်းလင်းပေါ့၊ ထင်သာမြင်သာ ချပြရှင်းလင်းစေချင်တယ်ပေါ့။ အဲဒါလည်း ဆွေးနွေးပါတယ်။”

အခြားအချက်တွေကတော့ ပြည်တွင်းငြိမ်းချမ်းရေး၊ စစ်ရှောင်ဒုက္ခသည်အရေး၊ အရပ်ဘက် စစ်ဘက်ဆက်ဆံရေး ပိုမိုကောင်းမွန်စေရေး၊ ပြည်နယ်နဲ့ ပြည်ထောင်စုအစိုးရအဖွဲ့မှာ တိုင်းရင်းသားပါတီတွေ ပါဝင်နိုင်ရေး တွေကို ဆွေးနွေးခဲ့ကြောင်း ပြောပါတယ်။

NLD ကိုယ်စားလှယ်အဖွဲ့ကတော့ ဒီဆွေးနွေးချက်တွေကို စုစည်းပြီး ပါတီဗဟိုကို ဆက်လက် တင်ပြမှာဖြစ်ကြောင်း တုံ့ပြန်ထားပါတယ်။

ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် ကို ဆက်သွယ်ရာမှာတော့ ဆက်သွယ်လို့ မရခဲ့ပါဘူး။

နိုဝင်ဘာလ ၈ ရက်နေ့ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့ပြီးနောက် NLD ပါတီက အမျိုးသား ညီညွတ်ရေး အစိုးရဖွဲ့စည်းမယ်ဆိုပြီး တိုင်းရင်းသားပါတီ ၄၈ ပါတီနဲ့ ဆွေးနွေးဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။

ကချင်ပြည်နယ်မှာ ရွေးကောက်ပွဲအနိုင်ရထားတဲ့ ကချင်ပြည်နယ် ပြည်သူ့ပါတီနဲ့ ဆွေးနွေးတာရှိခဲ့ပေမဲ့ မွန်နဲ့ ကယားပြည်နယ်မှာတော့ တွေ့ဆုံမယ့်နေရာ မညှိနှိုင်းနိုင်တာကြောင့် မွန်ညီညွတ်ရေးပါတီ၊ ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီ (KySDP) တို့နဲ့ မဆွေးနွေးနိုင်ခဲ့ပါဘူး။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG