သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ရခိုင္မွာ ဘယ္လို အစိုးရအဖြဲ႕မ်ိဳး ေပၚေပါက္လာႏိုင္မလဲ၊ NLD ဘာလုပ္သင့္သလဲ


ရခိုင္ျပည္နယ္ မဲရံုတရံုမွာ ဆႏၵမဲေပးေနၾကသူမ်ား (ႏို၀င္ဘာလ ၈၊ ၂၀၂၀)
တိုက္႐ိုက္ လင့္ခ္

Zawgyi/ Unicode

ၿပီးခဲ့တဲ့ ဇန္နဝါရီ ၇ ရက္ေန႔က ANP ရခိုင္အမ်ိဳးသားပါတီဟာ ရခိုင္ျပည္နယ္က ရခိုင္မ်ိဳးႏြယ္စုဝင္ တိုင္းရင္းသားပါတီေတြနဲ႔ ေတြ႕ဆုံေဆြးေႏြးမႈ တခု လုပ္ခဲ့ပါတယ္။ ေတြ႕ဆုံမႈအၿပီးေနာက္ပိုင္း ရခိုင္အမ်ိဳးသားပါတီ မူဝါဒေရးရာ ဦးေဆာင္ေကာ္မတီဝင္ ဦးထြန္းေအာင္ေက်ာ္က သူတို႔ရခိုင္အမ်ိဳးသားပါတီ အေနနဲ႔ ရခိုင္ျပည္နယ္ အစိုးရအဖြဲ႕ကို ဦးေဆာင္ ဖြဲ႕စည္းခ်င္တဲ့ ဆႏၵရွိတဲ့အေၾကာင္း သတင္းမီဒီယာေတြကို ေျပာဆိုပါတယ္။ အျခားတဖက္မွာေတာ့ ေ႐ြးေကာက္ပြဲမွာ တႏိုင္ငံလုံး အတိုင္းအတာနဲ႔ အႏိုင္ရၿပီး အစိုးရဖြဲ႕ခြင့္ရထားတဲ့ NLD အမ်ိဳးသားဒီမိုကေရစီ အဖြဲ႕ခ်ဳပ္ကလည္း “အမ်ိဳးသားျပန္လည္သင့္ျမတ္ေရးကို အေျခခံတဲ့ အမ်ိဳးသားညီၫြတ္ေရး ႏိုင္ငံသစ္တရပ္ကို ပုံေဖာ္ဖို႔” ဆိုတဲ့ ရည္႐ြယ္ခ်က္ ရွိတဲ့အေၾကာင္း၊ အဲဒါေၾကာင့္ တိုင္းရင္းသား ႏိုင္ငံေရးပါတီေတြနဲ႔ ေတြ႕ဆုံေဆြးေႏြး၊ ညႇိႏႈိင္းတာေတြ လုပ္မယ္လို႔ ေျပာဆိုထားၿပီး လက္ေတြ႕မွာလည္း ေတြ႕ဆုံမႈေတြ လုပ္လာတာ ေတြ႕ရပါတယ္။ ခုဆိုရင္ ဒုတိယအႀကိမ္ လႊတ္ေတာ္ အသီးသီးရဲ႕ သက္တမ္းေတြ ကုန္ဆုံးေတာ့မွာျဖစ္ၿပီး လာမယ့္ ေဖေဖၚဝါရီ ၁ ရက္ ဆိုရင္ တတိယအႀကိမ္ လႊတ္ေတာ္ သက္တမ္းေတြ စတင္ေတာ့မွာ ျဖစ္ပါတယ္။ တၿပိဳင္နက္တည္း ျပည္ေထာင္စု အဆင့္မွာေရာ၊ တိုင္းနဲ႔ ျပည္နယ္ အဆင့္မွာပါ အစိုးရအဖြဲ႕သစ္ေတြ ေပၚေပါက္လာေတာ့မွာပါ၊ ရခိုင္ျပည္နယ္မွာ ရခိုင္အမ်ိဳးသားပါတီ ေမွ်ာ္မွန္းသလို သူတို႔ပါတီ ဦးေဆာင္ၿပီး အစိုးရဖြဲ႕ႏိုင္မွာလား၊ ဘယ္လို အစိုးရအဖြဲ႕မ်ိဳး ေပၚေပါက္လာႏိုင္မလဲ ဆိုတာက စိတ္ဝင္စားဖို႔ ေကာင္းပါတယ္။

ေရွ႕မွာ က်င္းပၿပီးခဲ့ၿပီျဖစ္တဲ့ ေ႐ြးေကာက္ပြဲ ႏွစ္ႀကိမ္လုံးကို ျပန္ၾကည့္လိုက္ရင္ ရခိုင္အမ်ိဳးသားေတြရဲ႕ ပါတီေတြဟာ ျပည္နယ္ လႊတ္ေတာ္ အတြက္ ႏွစ္ႀကိမ္စလုံးမွာ ေနရာ အမ်ားစု အႏိုင္ရခဲ့တာ ေတြ႕ႏိုင္ပါတယ္။ ၂၀၁၀ ေ႐ြးေကာက္ပြဲတုန္းက ရခိုင္ျပည္နယ္ လႊတ္ေတာ္ ေနရာ ၃၄ ေနရာ၊ ခ်င္းတိုင္းရင္းသားေရးရာ ဝန္ႀကီး တေနရာ စုစုေပါင္း ၃၅ ေနရာ ရွိတဲ့အနက္ ေဒါက္တာေအးေမာင္ ဦးေဆာင္တဲ့ ရခိုင္တိုင္းရင္းသားမ်ား တိုးတက္ေရးပါတီ RNDP ဟာ ျပည္နယ္ အဆင့္အတြက္ ၁၈ ေနရာ အႏိုင္ရခဲ့ပါတယ္။ ဒါဟာ ေ႐ြးေကာက္ခံ ေနရာ ထက္ဝက္ေက်ာ္ကို အႏိုင္ရတာလည္းျဖစ္ၿပီး ျပည္ခိုင္ၿဖိဳးပါတီကေတာ့ ၁၄ ေနရာပဲ အႏိုင္ရပါတယ္။ ဒါေပမယ့္ ရခိုင္တိုင္းရင္းသားပါတီ ဘယ္ေလာက္ပဲ အႏိုင္ရရ၊ ေနာက္ထပ္ ၂၅% နဲ႔ ညီမွ်တဲ့ တပ္မေတာ္သား ကိုယ္စားလွယ္ ၁၂ ေယာက္ ေပါင္းထည့္လိုက္တဲ့ အေျခအေနအရေရာ၊ ၂၀၀၈ ဖြဲ႕စည္းပုံ အေျခခံ ဥပေဒအရပါ ျပည္နယ္ ဝန္ႀကီးခ်ဳပ္ကို သမၼတ က တိုက္႐ိုက္ခန႔္အပ္တဲ့အတြက္ စစ္ဗိုလ္ခ်ဳပ္ေဟာင္း တေယာက္ ဝန္ႀကီးခ်ဳပ္ ျဖစ္လာၿပီး ရခိုင္တိုင္းရင္းသားမ်ား တိုးတက္ေရးပါတီ အေနနဲ႔ အစိုးရဖြဲ႕ခြင့္ မရရွိခဲ့ပါဘူး။

၂၀၁၅ အေထြေထြ ေ႐ြးေကာက္ပြဲမွာေတာ့ ရခိုင္ပါတီႏွစ္ခု ေပါင္းစည္းထားတဲ့ ရခိုင္အမ်ိဳးသားပါတီ ANP ဟာ ၂၀၁၀ ထက္ေတာင္ ပိုၿပီး အႏိုင္ရလာပါတယ္။ ျပည္နယ္ လႊတ္ေတာ္ အတြက္ ၃၅ ေနရာမွာ ၂၂ ေနရာအထိ ၆၂% ေက်ာ္ အႏိုင္ရပါတယ္။ ဒါေပမယ့္လည္း အဲဒီအခ်ိန္က ျပည္ေထာင္စု အဆင့္ သမၼတ ေ႐ြးႏိုင္၊ အစိုးရဖြဲ႕ႏိုင္တဲ့ ေဒၚေအာင္ဆန္းစုၾကည္ ဦးေဆာင္တဲ့ NLD ပါတီကလည္း ANP ကို အစိုးရဖြဲ႕ခြင့္ မေပးခဲ့ပါဘူး။ NLD ေခါင္းေဆာင္ တေယာက္ျဖစ္တဲ့ ဦးညီပု ကို ဝန္ႀကီးခ်ဳပ္ခန႔္ၿပီး ANP အမတ္တခ်ိဳ႕ကို ဝန္ႀကီးေနရာ တခ်ိဳ႕ေပးခဲ့တာ ေတြ႕ရပါတယ္။

အရင္ စစ္ဗိုလ္ခ်ဳပ္ေဟာင္းေတြရဲ႕ ျပည္ခိုင္ၿဖိဳးပါတီက သက္ဆိုင္ရာ ျပည္နယ္မွာ ေနရာ အမ်ားစု အႏိုင္ရတဲ့ ရခိုင္ပါတီတခုကို ဝန္ႀကီးခ်ဳပ္ေနရာမေပး၊ အစိုးရဖြဲ႕ခြင့္ မေပးတာ သိပ္မထူးဆန္းေပမယ့္ ကိုယ္တိုင္က ဖက္ဒရယ္ျပည္ေထာင္စု တည္ေဆာက္မယ္၊ တိုင္းရင္းသားေတြကို ကိုယ္ပိုင္ အုပ္ခ်ဳပ္ခြင့္ထက္ ပိုတဲ့ ကိုယ္ပိုင္ျပဌာန္းခြင့္ေတာင္ ေပးမယ္လို႔ ဆိုထားတဲ့ NLD ပါတီ အေနနဲ႔ ရခိုင္ပါတီတခုကို အစိုးရဖြဲ႕ခြင့္ မေပး႐ုံမက ညႇိႏႈိင္းတာေလးေတာင္ မလုပ္ခဲ့တာကေတာ့ ထူးဆန္းသလို ျဖစ္ခဲ့ပါတယ္။

ဒီေနရာမွာ ၂၀၁၆ ခုႏွစ္က ႏွစ္ေပါင္း ၅၀ ေက်ာ္အတြင္း ပထမဦးဆုံးအႀကိမ္ အရပ္သား အစိုးရ အာဏာရလာတဲ့ အေျခအေန၊ ရခိုင္ျပည္နယ္ အပါအဝင္ ျပည္နယ္နဲ႔ တိုင္း ဝန္ႀကီးခ်ဳပ္ ၄ ေနရာေလာက္ကို တပ္မေတာ္ဘက္က ရယူဖို႔ ေတာင္းဆိုေနတဲ့ အေျခအေန၊ ျပသနာႀကီးေတြ မ်ားတဲ့ ရခိုင္ျပည္နယ္မွာ ဗဟိုအစိုးရ အာဏာသက္ေရာက္မႈ၊ အေကာင္အထည္ ေဖာ္ႏိုင္မႈ အားနည္းမွာ စိုးရိမ္တဲ့ အေျခအေနေတြေၾကာင့္ အင္န္အယ္လ္ဒီ အေနနဲ႔ ရခိုင္ပါတီတစ္ခုကို ျပည္နယ္ အစိုးရ အာဏာ မေပးတာ နားလည္ယူမယ္ဆို နားလည္ေပးလို႔ ရေကာင္း ရႏိုင္ပါတယ္။ ဒါေပမယ့္ လက္ရွိ ၂၀၂၀ အေျခအေနကိုေရာ ဘယ္လို ေျဖရွင္းမွာလဲ၊ ရခိုင္ျပည္နယ္မွာ ဘယ္လို အစိုးရဖြဲ႕မွာလည္း ဆိုတာကေတာ့ ေမးခြန္းထုတ္ဖို႔ လိုလာပါတယ္။

လက္ရွိ ၂၀၂၀ ေ႐ြးေကာက္ပြဲမွာ ရခိုင္က ျပည္နယ္ အဆင့္အတြက္ ၁၄ ေနရာ၊ ခ်င္းတိုင္းရင္းသားေရးရာ ဝန္ႀကီးအတြက္ တေနရာ စုစုေပါင္း ၁၅ ေနရာ က်င္းပပါတယ္။ ရလာဒ္အေနနဲ႔ ANP က (၇) ေနရာ၊ NLD က (၅) ေနရာ၊ ရခိုင္ေရွ႕ေဆာင္ပါတီက (၂) ေနရာ၊ ျပည္ခိုင္ၿဖိဳးက တေနရာ အႏိုင္ရထားပါတယ္။ ဒီလို အေျခအေနေအာက္မွာ ၂၀၁၆ တုန္းကအတိုင္း NLD ပါတီဟာ သူ႔ပါတီက လူကိုပဲ ဝန္ႀကီးခ်ဳပ္ခန႔္၊ ANP အမတ္တခ်ိဳ႕ကို ဝန္ႀကီးေနရာ တခ်ိဳ႕ေပးၿပီးအစိုးရဖြဲ႕မယ္ဆို ၂၀၀၈ ဖြဲ႕စည္းပုံ အရ ဖြဲ႕ခြင့္ ရွိပါတယ္။ ဒါေပမယ့္ အဲဒီလို လုပ္သင့္ပါရဲ႕လား ဆိုတာ ျပန္ၿပီး ဆန္းစစ္ဖို႔ လိုပါလိမ့္မယ္။ လုပ္ခဲ့ရင္လည္း NLD ပါတီဆိုတာ ေျပာေတာ့ ဖက္ဒရယ္ ျပည္ေထာင္စု၊ ကိုယ္ပိုင္ျပဌာန္းခြင့္၊ ကိုင္စြဲေတာ့ စစ္အာဏာရွင္ေတြ ထားရစ္ခဲ့တဲ့ ၂၀၀၈ ဖြဲ႕စည္းပုံ ဆိုၿပီး တိုင္းရင္းသားေတြရဲ႕ အထင္အျမင္ လြဲမွားျခင္းကို ခံရပါလိမ့္မယ္။

NLD ဘက္က တြက္ဆမယ္ ဆိုရင္လည္း တြက္ဆ စရာေတြ အမ်ားႀကီး ရွိႏိုင္ပါတယ္။ ပထမ တခ်က္ကေတာ့ ရခိုင္ျပည္နယ္ရဲ႕ အေနအထားပါ၊ လက္ရွိ ရခိုင္ျပည္နယ္မွာ ႐ိုဟင္ဂ်ာ ျပသနာနဲ႔ ပတ္သက္ၿပီး ႏိုင္ငံတကာရဲ႕ ဝိုင္းပယ္ျခင္းခံရ၊ ဖိအားေပးတာ ခံရ၊ ICJ ကုလသမဂၢအျမင့္ဆုံးတရား႐ုံးမွာ တရားစြဲထားတာကို ေျဖရွင္းရ စတဲ့ ကိစၥႀကီးေတြ ရွိေနတဲ့ ျပည္နယ္ ျဖစ္ေနပါတယ္။ ဒါ့အျပင္ အိမ္နီးခ်င္း အင္အားႀကီး တ႐ုတ္ႏိုင္ငံရဲ႕ ေက်ာက္ျဖဴေရနက္ဆိပ္ကမ္း ကိစၥ၊ အိႏၵိယ ရဲ႕ ကုလားတန္ျမစ္ စီမံကိန္း ကိစၥ အပါအဝင္ ျပည္ေထာင္စုရဲ႕ အက်ိဳးစီးပြား ျပသနာႀကီးေတြ တည္ရွိရာလည္း ျဖစ္ေနပါတယ္။ ဒါတင္မက AA နဲ႔ လက္နက္ကိုင္ ပဋိပကၡကလည္း အုပ္ခ်ဳပ္ေရး၊ ဖြံ႕ၿဖိဳးတိုးတက္ေရး၊ ႏိုင္ငံတကာ စီမံကိန္းေတြ အေကာင္အထည္ ေဖာ္ေရးမွာ အႀကီးအက်ယ္ အဟန႔္အတားေတြ ျဖစ္ေပၚေနတဲ့ ေနရာလည္း ျဖစ္ေနပါတယ္။ ဒီ အေျခအေနေတြ တြက္ဆရင္ NLD ဟာ ANP ပါတီလိုမ်ိဳးကို ဝန္ႀကီးခ်ဳပ္ေနရာေပးဖို႔၊ အစိုးရဖြဲ႕ခြင့္ ေပးဖို႔ စဥ္းစားရခက္မယ္ ဆိုတာကိုလည္း နားလည္ႏိုင္ပါတယ္။

ဒီအတြက္ NLD ပါတီအေနနဲ႔ မလြဲမေသြ လုပ္သင့္တာကေတာ့ ျပည္နယ္ အစိုးရဖြဲ႕ေရးကိစၥ ရခိုင္ျပည္နယ္မွာ အမတ္ေနရာ အမ်ားဆုံး အႏိုင္ရထားတဲ့၊ ရခိုင္ျပည္နယ္ ျပည္သူေတြရဲ႕ ေထာက္ခံမႈ အမ်ားဆုံး ရထားတဲ့ ANP ပါတီနဲ႔ ေတြ႕ဆုံညႇိႏႈိင္းဖို႔ပါပဲ။ ANP ပါတီအေနနဲ႔ ဝန္ႀကီးခ်ဳပ္ေနရာတင္မက အစိုးရအဖြဲ႕ ဖြဲ႕ခြင့္ရခ်င္သည္ အထိ ရည္မွန္းခ်က္ရွိထားေလေတာ့ အင္န္အယ္လ္ဒီ အတြက္ ညႇိႏႈိင္းရ ခက္ခဲမွာကေတာ့ အေသအျခာပါပဲ။ ဒါေပမယ့္လည္း ႏိုင္ငံေရးရဲ႕ သေဘာသဘာ၀ အရျဖစ္ေစ၊ ဖက္ဒရယ္ ျပည္ေထာင္စု တည္ေဆာက္မယ္လို႔ သႏၵိဌာန္ ခိုင္မာတဲ့ ပါတီ အဖြဲ႕အစည္းတစ္ခု အေနနဲ႔ ျဖစ္ေစ၊ ရခိုင္ျပည္နယ္ ဖြံ႕ၿဖိဳးတိုးတက္ေရး ေရွးရႈဖို႔ ျဖစ္ေစ၊ ရခိုင္တိုင္းရင္းသားေတြရဲ႕ လိုအင္ဆႏၵနဲ႔ အက်ိဳးစီးပြားကို ရည္မွန္းၿပီးျဖစ္ေစ ရခိုင္တိုင္းရင္းသားေတြ ေထာက္ခံအားေပးမႈမ်ားတဲ့ ပါတီ တစ္ခုနဲ႔ ေတြ႕ဆုံ ညႇိႏႈိင္းမႈ လုပ္ကို လုပ္ၾကရမယ္ ျဖစ္ေၾကာင္းပါ။

--------------------

ရခိုင်မှာ ဘယ်လို အစိုးရအဖွဲ့မျိုး ပေါ်ပေါက်လာနိုင်မလဲ၊ NLD ဘာလုပ်သင့်သလဲ

ပြီးခဲ့တဲ့ ဇန်နဝါရီ ၇ ရက်နေ့က ANP ရခိုင်အမျိုးသားပါတီဟာ ရခိုင်ပြည်နယ်က ရခိုင်မျိုးနွယ်စုဝင် တိုင်းရင်းသားပါတီတွေနဲ့ တွေ့ဆုံဆွေးနွေးမှု တခု လုပ်ခဲ့ပါတယ်။ တွေ့ဆုံမှုအပြီးနောက်ပိုင်း ရခိုင်အမျိုးသားပါတီ မူဝါဒရေးရာ ဦးဆောင်ကော်မတီဝင် ဦးထွန်းအောင်ကျော်က သူတို့ရခိုင်အမျိုးသားပါတီ အနေနဲ့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ကို ဦးဆောင် ဖွဲ့စည်းချင်တဲ့ ဆန္ဒရှိတဲ့အကြောင်း သတင်းမီဒီယာတွေကို ပြောဆိုပါတယ်။ အခြားတဖက်မှာတော့ ရွေးကောက်ပွဲမှာ တနိုင်ငံလုံး အတိုင်းအတာနဲ့ အနိုင်ရပြီး အစိုးရဖွဲ့ခွင့်ရထားတဲ့ NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကလည်း “အမျိုးသားပြန်လည်သင့်မြတ်ရေးကို အခြေခံတဲ့ အမျိုးသားညီညွတ်ရေး နိုင်ငံသစ်တရပ်ကို ပုံဖော်ဖို့” ဆိုတဲ့ ရည်ရွယ်ချက် ရှိတဲ့အကြောင်း၊ အဲဒါကြောင့် တိုင်းရင်းသား နိုင်ငံရေးပါတီတွေနဲ့ တွေ့ဆုံဆွေးနွေး၊ ညှိနှိုင်းတာတွေ လုပ်မယ်လို့ ပြောဆိုထားပြီး လက်တွေ့မှာလည်း တွေ့ဆုံမှုတွေ လုပ်လာတာ တွေ့ရပါတယ်။ ခုဆိုရင် ဒုတိယအကြိမ် လွှတ်တော် အသီးသီးရဲ့ သက်တမ်းတွေ ကုန်ဆုံးတော့မှာဖြစ်ပြီး လာမယ့် ဖေဖေါ်ဝါရီ ၁ ရက် ဆိုရင် တတိယအကြိမ် လွှတ်တော် သက်တမ်းတွေ စတင်တော့မှာ ဖြစ်ပါတယ်။ တပြိုင်နက်တည်း ပြည်ထောင်စု အဆင့်မှာရော၊ တိုင်းနဲ့ ပြည်နယ် အဆင့်မှာပါ အစိုးရအဖွဲ့သစ်တွေ ပေါ်ပေါက်လာတော့မှာပါ၊ ရခိုင်ပြည်နယ်မှာ ရခိုင်အမျိုးသားပါတီ မျှော်မှန်းသလို သူတို့ပါတီ ဦးဆောင်ပြီး အစိုးရဖွဲ့နိုင်မှာလား၊ ဘယ်လို အစိုးရအဖွဲ့မျိုး ပေါ်ပေါက်လာနိုင်မလဲ ဆိုတာက စိတ်ဝင်စားဖို့ ကောင်းပါတယ်။

ရှေ့မှာ ကျင်းပပြီးခဲ့ပြီဖြစ်တဲ့ ရွေးကောက်ပွဲ နှစ်ကြိမ်လုံးကို ပြန်ကြည့်လိုက်ရင် ရခိုင်အမျိုးသားတွေရဲ့ ပါတီတွေဟာ ပြည်နယ် လွှတ်တော် အတွက် နှစ်ကြိမ်စလုံးမှာ နေရာ အများစု အနိုင်ရခဲ့တာ တွေ့နိုင်ပါတယ်။ ၂၀၁၀ ရွေးကောက်ပွဲတုန်းက ရခိုင်ပြည်နယ် လွှတ်တော် နေရာ ၃၄ နေရာ၊ ချင်းတိုင်းရင်းသားရေးရာ ဝန်ကြီး တနေရာ စုစုပေါင်း ၃၅ နေရာ ရှိတဲ့အနက် ဒေါက်တာအေးမောင် ဦးဆောင်တဲ့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ RNDP ဟာ ပြည်နယ် အဆင့်အတွက် ၁၈ နေရာ အနိုင်ရခဲ့ပါတယ်။ ဒါဟာ ရွေးကောက်ခံ နေရာ ထက်ဝက်ကျော်ကို အနိုင်ရတာလည်းဖြစ်ပြီး ပြည်ခိုင်ဖြိုးပါတီကတော့ ၁၄ နေရာပဲ အနိုင်ရပါတယ်။ ဒါပေမယ့် ရခိုင်တိုင်းရင်းသားပါတီ ဘယ်လောက်ပဲ အနိုင်ရရ၊ နောက်ထပ် ၂၅% နဲ့ ညီမျှတဲ့ တပ်မတော်သား ကိုယ်စားလှယ် ၁၂ ယောက် ပေါင်းထည့်လိုက်တဲ့ အခြေအနေအရရော၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရပါ ပြည်နယ် ဝန်ကြီးချုပ်ကို သမ္မတ က တိုက်ရိုက်ခန့်အပ်တဲ့အတွက် စစ်ဗိုလ်ချုပ်ဟောင်း တယောက် ဝန်ကြီးချုပ် ဖြစ်လာပြီး ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ အနေနဲ့ အစိုးရဖွဲ့ခွင့် မရရှိခဲ့ပါဘူး။

၂၀၁၅ အထွေထွေ ရွေးကောက်ပွဲမှာတော့ ရခိုင်ပါတီနှစ်ခု ပေါင်းစည်းထားတဲ့ ရခိုင်အမျိုးသားပါတီ ANP ဟာ ၂၀၁၀ ထက်တောင် ပိုပြီး အနိုင်ရလာပါတယ်။ ပြည်နယ် လွှတ်တော် အတွက် ၃၅ နေရာမှာ ၂၂ နေရာအထိ ၆၂% ကျော် အနိုင်ရပါတယ်။ ဒါပေမယ့်လည်း အဲဒီအချိန်က ပြည်ထောင်စု အဆင့် သမ္မတ ရွေးနိုင်၊ အစိုးရဖွဲ့နိုင်တဲ့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD ပါတီကလည်း ANP ကို အစိုးရဖွဲ့ခွင့် မပေးခဲ့ပါဘူး။ NLD ခေါင်းဆောင် တယောက်ဖြစ်တဲ့ ဦးညီပု ကို ဝန်ကြီးချုပ်ခန့်ပြီး ANP အမတ်တချို့ကို ဝန်ကြီးနေရာ တချို့ပေးခဲ့တာ တွေ့ရပါတယ်။

အရင် စစ်ဗိုလ်ချုပ်ဟောင်းတွေရဲ့ ပြည်ခိုင်ဖြိုးပါတီက သက်ဆိုင်ရာ ပြည်နယ်မှာ နေရာ အများစု အနိုင်ရတဲ့ ရခိုင်ပါတီတခုကို ဝန်ကြီးချုပ်နေရာမပေး၊ အစိုးရဖွဲ့ခွင့် မပေးတာ သိပ်မထူးဆန်းပေမယ့် ကိုယ်တိုင်က ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်မယ်၊ တိုင်းရင်းသားတွေကို ကိုယ်ပိုင် အုပ်ချုပ်ခွင့်ထက် ပိုတဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်တောင် ပေးမယ်လို့ ဆိုထားတဲ့ NLD ပါတီ အနေနဲ့ ရခိုင်ပါတီတခုကို အစိုးရဖွဲ့ခွင့် မပေးရုံမက ညှိနှိုင်းတာလေးတောင် မလုပ်ခဲ့တာကတော့ ထူးဆန်းသလို ဖြစ်ခဲ့ပါတယ်။

ဒီနေရာမှာ ၂၀၁၆ ခုနှစ်က နှစ်ပေါင်း ၅၀ ကျော်အတွင်း ပထမဦးဆုံးအကြိမ် အရပ်သား အစိုးရ အာဏာရလာတဲ့ အခြေအနေ၊ ရခိုင်ပြည်နယ် အပါအဝင် ပြည်နယ်နဲ့ တိုင်း ဝန်ကြီးချုပ် ၄ နေရာလောက်ကို တပ်မတော်ဘက်က ရယူဖို့ တောင်းဆိုနေတဲ့ အခြေအနေ၊ ပြသနာကြီးတွေ များတဲ့ ရခိုင်ပြည်နယ်မှာ ဗဟိုအစိုးရ အာဏာသက်ရောက်မှု၊ အကောင်အထည် ဖော်နိုင်မှု အားနည်းမှာ စိုးရိမ်တဲ့ အခြေအနေတွေကြောင့် အင်န်အယ်လ်ဒီ အနေနဲ့ ရခိုင်ပါတီတစ်ခုကို ပြည်နယ် အစိုးရ အာဏာ မပေးတာ နားလည်ယူမယ်ဆို နားလည်ပေးလို့ ရကောင်း ရနိုင်ပါတယ်။ ဒါပေမယ့် လက်ရှိ ၂၀၂၀ အခြေအနေကိုရော ဘယ်လို ဖြေရှင်းမှာလဲ၊ ရခိုင်ပြည်နယ်မှာ ဘယ်လို အစိုးရဖွဲ့မှာလည်း ဆိုတာကတော့ မေးခွန်းထုတ်ဖို့ လိုလာပါတယ်။

လက်ရှိ ၂၀၂၀ ရွေးကောက်ပွဲမှာ ရခိုင်က ပြည်နယ် အဆင့်အတွက် ၁၄ နေရာ၊ ချင်းတိုင်းရင်းသားရေးရာ ဝန်ကြီးအတွက် တနေရာ စုစုပေါင်း ၁၅ နေရာ ကျင်းပပါတယ်။ ရလာဒ်အနေနဲ့ ANP က (၇) နေရာ၊ NLD က (၅) နေရာ၊ ရခိုင်ရှေ့ဆောင်ပါတီက (၂) နေရာ၊ ပြည်ခိုင်ဖြိုးက တနေရာ အနိုင်ရထားပါတယ်။ ဒီလို အခြေအနေအောက်မှာ ၂၀၁၆ တုန်းကအတိုင်း NLD ပါတီဟာ သူ့ပါတီက လူကိုပဲ ဝန်ကြီးချုပ်ခန့်၊ ANP အမတ်တချို့ကို ဝန်ကြီးနေရာ တချို့ပေးပြီး

အစိုးရဖွဲ့မယ်ဆို ၂၀၀၈ ဖွဲ့စည်းပုံ အရ ဖွဲ့ခွင့် ရှိပါတယ်။ ဒါပေမယ့် အဲဒီလို လုပ်သင့်ပါရဲ့လား ဆိုတာ ပြန်ပြီး ဆန်းစစ်ဖို့ လိုပါလိမ့်မယ်။ လုပ်ခဲ့ရင်လည်း NLD ပါတီဆိုတာ ပြောတော့ ဖက်ဒရယ် ပြည်ထောင်စု၊ ကိုယ်ပိုင်ပြဌာန်းခွင့်၊ ကိုင်စွဲတော့ စစ်အာဏာရှင်တွေ ထားရစ်ခဲ့တဲ့ ၂၀၀၈ ဖွဲ့စည်းပုံ ဆိုပြီး တိုင်းရင်းသားတွေရဲ့ အထင်အမြင် လွဲမှားခြင်းကို ခံရပါလိမ့်မယ်။

NLD ဘက်က တွက်ဆမယ် ဆိုရင်လည်း တွက်ဆ စရာတွေ အများကြီး ရှိနိုင်ပါတယ်။ ပထမ တချက်ကတော့ ရခိုင်ပြည်နယ်ရဲ့ အနေအထားပါ၊ လက်ရှိ ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာ ပြသနာနဲ့ ပတ်သက်ပြီး နိုင်ငံတကာရဲ့ ဝိုင်းပယ်ခြင်းခံရ၊ ဖိအားပေးတာ ခံရ၊ ICJ ကုလသမဂ္ဂအမြင့်ဆုံးတရားရုံးမှာ တရားစွဲထားတာကို ဖြေရှင်းရ စတဲ့ ကိစ္စကြီးတွေ ရှိနေတဲ့ ပြည်နယ် ဖြစ်နေပါတယ်။ ဒါ့အပြင် အိမ်နီးချင်း အင်အားကြီး တရုတ်နိုင်ငံရဲ့ ကျောက်ဖြူရေနက်ဆိပ်ကမ်း ကိစ္စ၊ အိန္ဒိယ ရဲ့ ကုလားတန်မြစ် စီမံကိန်း ကိစ္စ အပါအဝင် ပြည်ထောင်စုရဲ့ အကျိုးစီးပွား ပြသနာကြီးတွေ တည်ရှိရာလည်း ဖြစ်နေပါတယ်။ ဒါတင်မက AA နဲ့ လက်နက်ကိုင် ပဋိပက္ခကလည်း အုပ်ချုပ်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံတကာ စီမံကိန်းတွေ အကောင်အထည် ဖော်ရေးမှာ အကြီးအကျယ် အဟန့်အတားတွေ ဖြစ်ပေါ်နေတဲ့ နေရာလည်း ဖြစ်နေပါတယ်။ ဒီ အခြေအနေတွေ တွက်ဆရင် NLD ဟာ ANP ပါတီလိုမျိုးကို ဝန်ကြီးချုပ်နေရာပေးဖို့၊ အစိုးရဖွဲ့ခွင့် ပေးဖို့ စဉ်းစားရခက်မယ် ဆိုတာကိုလည်း နားလည်နိုင်ပါတယ်။

ဒီအတွက် NLD ပါတီအနေနဲ့ မလွဲမသွေ လုပ်သင့်တာကတော့ ပြည်နယ် အစိုးရဖွဲ့ရေးကိစ္စ ရခိုင်ပြည်နယ်မှာ အမတ်နေရာ အများဆုံး အနိုင်ရထားတဲ့၊ ရခိုင်ပြည်နယ် ပြည်သူတွေရဲ့ ထောက်ခံမှု အများဆုံး ရထားတဲ့ ANP ပါတီနဲ့ တွေ့ဆုံညှိနှိုင်းဖို့ပါပဲ။ ANP ပါတီအနေနဲ့ ဝန်ကြီးချုပ်နေရာတင်မက အစိုးရအဖွဲ့ ဖွဲ့ခွင့်ရချင်သည် အထိ ရည်မှန်းချက်ရှိထားလေတော့ အင်န်အယ်လ်ဒီ အတွက် ညှိနှိုင်းရ ခက်ခဲမှာကတော့ အသေအခြာပါပဲ။ ဒါပေမယ့်လည်း နိုင်ငံရေးရဲ့ သဘောသဘာ၀ အရဖြစ်စေ၊ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်မယ်လို့ သန္ဒိဌာန် ခိုင်မာတဲ့ ပါတီ အဖွဲ့အစည်းတစ်ခု အနေနဲ့ ဖြစ်စေ၊ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး ရှေးရှုဖို့ ဖြစ်စေ၊ ရခိုင်တိုင်းရင်းသားတွေရဲ့ လိုအင်ဆန္ဒနဲ့ အကျိုးစီးပွားကို ရည်မှန်းပြီးဖြစ်စေ ရခိုင်တိုင်းရင်းသားတွေ ထောက်ခံအားပေးမှုများတဲ့ ပါတီ တစ်ခုနဲ့ တွေ့ဆုံ ညှိနှိုင်းမှု လုပ်ကို လုပ်ကြရမယ် ဖြစ်ကြောင်းပါ။

XS
SM
MD
LG