သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

လူ႔အခြင္႔အေရးအေျခအေန တိုးတက္ေအာင္လုပ္ဖို႔ NLD ကို HRW တိုက္တြန္း 


NLD ပါတီ႐ံုးခ်ဳပ္ေရွ႕တြင္ ေအာင္ပြဲခံေနသည့္ ေထာက္ခံသူမ်ား။ (၉ ႏိုဝင္ဘာ ၂၀၂၀)

(Zawgyi/Unicode)

NLD အမ်ိဳးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္ အစိုးရအေနနဲ႔႔ ေရြးေကာက္ပဲြႀကီးႀကီးမားမား အႏိုင္ရထားတဲ့အခြင့္အလမ္းကိုအသံုးျပဳၿပီး၊ လူ႔အခြင့္အေရးအေျခအေန ျမန္မာႏိုင္ငံမွာ တိုးတက္ေကာင္းမြန္လာေအာင္ လုပ္သင့္ၿပီလို႔၊ HRW ႏိုင္ငံတကာလူ႔အခြင့္အေရးအဖဲြ႕ႀကီးက ေတာင္းဆိုလိုက္ပါတယ္။

ျမန္မာႏိုင္ငံမွာ လူ႔အခြင့္အေရးကိုဖိႏွိပ္တဲ့ဥပေဒေတြကို ျပင္ဆင္၊ဖ်က္သိမ္းဖို႔နဲ႔ လက္ေတြ႔ ခ်ိဳးေဖာက္မူေတြ ဆက္မျဖစ္ေစဖို႔ လုပ္စရာ အမ်ားႀကီးက်န္ေနေသးတယ္လို႔လည္း HRW က ေျပာပါတယ္။

အေမရိကန္အေျခစိုက္ HRW လူ႔အခြင့္အေရးအဖြဲ႔ အာရွဆိုင္ရာ ဒုတိယၫႊန္ၾကားေရးမႈး Phil Robertson ကို မေန႔က ထုတ္ျပန္တဲ့ဒီအဖြဲ႔အစီရင္ခံစာနဲ႔ဆက္စပ္ၿပိး၊ ကို၀င္းမင္းက ဆက္သြယ္ေမးျမန္းထားပါတယ္။

HRW လို႔အတိုေခါက္ေခၚတဲ့ Human Rights Watch လူ႔အခြင့္အေရးေစာင့္ၾကည့္ေရးအဖြဲ႔ ဒုညႊန္မူး Robertson က အခုႏွစ္ကုန္အစီရင္ခံစာျပင္ဆင္ခဲ့ရမွာ၊ ျမန္မာႏိုင္ငံတြင္း လူ႔အခြင့္အေရး ခ်ဳိဳးေဖာက္မူ ျပင္းျပင္းထန္ထန္ဆက္ရွိေနတာေတြ႔ခဲ့ရေၾကာင္းေထာက္ျပၿပီး အခုလိုစရွင္းျပပါတယ္။

“ျမန္မာႏိုင္ငံမွာ အဓိက ကၽြန္ေတာ္တို႔ စိုးရိမ္တာက အမ်ိဳးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္ပါတီအေနနဲ႔ ၂၀၁၅ ခုႏွစ္မွာ အာဏာစရလာၿပီးကထဲက လူ႔အခြင့္အေရးျပႆနာေတြအေပၚ လ်စ္လ်ဴရႈလာ ခဲ့ပါတယ္။ အခုၿပီးခဲ့တဲ့ႏွစ္ ႏိုဝင္ဘာကပဲ ေရြးေကာက္ပြဲ ထပ္အႏိုင္ရလိုက္ျပန္ေတာ့ ဒီအတြက္ အသစ္ျပန္စဖို႔အခြင္အလမ္းရွိလာခ်ိန္မွာ၊ လူ႔အခြင့္အေရးကိစၥေတြ တကယ္ကိုအေလးေပးၿပီး၊ ႏိုင္ငံသားနဲ႔ ႏိုင္ငံေရးဆိုင္ရာအခြင့္အေရးေတြက်င့္သံုးေနသူေတြ၊ ဒီလြတ္လပ္စြာထုတ္ေဖာ္ေနသူေတြ၊ လြတ္လပ္စြာစုေဝးေနသူေတြ၊ အင္တာနက္မွာဖြင့္ဟေနသူေတြကို အေရးယူအျပစ္ေပးတာေတြရပ္တန္႔သင့္ပါၿပီ။”

ဒါ့အျပင္ Robertson က ဆက္ၿပီး အခုလႊတ္ေတာ္သစ္မွာ ဒီႀကီးႀကီးမားမား ေရြးေကာက္ခံအခြင့္အလမ္းသစ္ကို စသံုးသင့္ၿပီလို႔ အၾကံျပဳပါတယ္။

“သိသာစြာပဲ လႊတ္ေတာ္အသစ္လဲစေတာ့မွာဆိုေတာ့၊ NLD အစိုးရအေနနဲ႔ အမ်ားစုလႊတ္ေတာ္ေနရာ ႀကီးႀကီးမားမားရထားတာကို အသံုးျပဳၿပီး၊ အရင္ နဝတ၊ နအဖ စစ္အုပ္ခ်ဳပ္မူကတည္းက ရွိလာတဲ့၊ ဒီ လူ႔အခြင့္အေရးခ်ိဳးႏွိမ္တဲ့ဥပေဒေတြတခ်ိဳကို ရုပ္သိမ္းဖို႔ အခြင့္အလမ္းသစ္လဲေပၚလာပါတယ္။ ကၽြန္ေတာ္တို႔အေနနဲ႔ အရင္လည္း အခုလို ဥပေဒအေျပာင္းအလဲေတြအတြက္ အစိုးရကို ေတာင္းဆိုခဲ့ပါတယ္၊ ဒီဥပေဒေတြ ျပန္သံုးသပ္ၿပီး၊ ရုပ္သိမ္းပယ္ဖ်က္တာေတြလုပ္ေပးလိုက္ရင္၊ ေရွ.မွာ ဆက္ဖိႏွွိပ္ဖို႔ သံုးစရာ ဥပေဒေတြ မရွိႏိုင္ေတာ့ဘူးေလ။”

ဒီေနရာမွာ လက္ရွိဖိႏွိပ္ဖို႔အသံုးမ်ားေနတဲ့ ဆက္သြယ္ေရးဥပေဒေတြ၊ မတရားအသင္း ဆက္သြယ္မူ ဥပေဒနဲ႔ အၾကည္အညိဳပ်က္မူဆိုင္ရာဥပေဒေတြကို ျပန္သံုးသပ္ျပင္ဆင္ပယ္ဖ်က္တာေတြ အျမန္လုပ္သင့္တယ္လို႔ သူက ဆက္အၾကံျပဳပါတယ္။

ဒါ့အျပင္ၿပီးခဲ့တဲ့ ေရြးေကာက္ပြဲမွာ လံုၿခံဳေရးအေၾကာင္းျပခ်က္နဲ႔ မလုပ္ေပးႏိုင္ခဲ့တဲ့ ေရြးေကာက္ပြဲေတြ ျပန္က်င္းပေပးဖို႔လည္း၊ အခုလႊတ္ေတာ္သစ္မွာ ျပင္ဆင္မူေတြလုပ္သင့္တယ္လို႔ ခုလိုရွင္းျပပါတယ္။

“ကၽြန္ေတာ္တို႔ တကယ့္ကို ေမွ်ာ္လင့္ေနပါတယ္၊ ႏိုဝင္ဘာ ၈ ရက္တုန္းက ေရြးေကာက္ပြဲ မက်င္းပျဖစ္ခဲ့တဲ့ေနရာေဒသေတြမွာ ေရြးေကာက္ပြဲ မၾကာခင္အျမန္ဆံုး ျပန္က်င္းပေပးဖို႔ ေမွ်ာ္လင့္ေနပါတယ္။ ဒီေဒသေတြအမ်ားႀကီးမွာ လူေတြအမ်ားႀကီး မဲေပးခြင့္ဆံုးသြားတာမို႔ အမ်ားႀကီး စိုးရိမ္မူေတြရွိေနတယ္လို႔ ထင္ပါတယ္။ တကယ္က လူတိုင္းမွာ ဒီေရြးေကာက္ပြဲကတဆင့္ ကိုယ္စားျပဳမယ့္သူနဲ႔ အစိုးရကို ေရြးခ်ယ္ပိုင္ခြင့္၊ ကိုယ္တိုင္လည္းေရြးခ်ယ္ခံပိုင္ခြင့္၊ သူတို႔အျမင္ေတြကို သူတို႔ေရြးခ်ယ္ထားသူေတြက တဆင့္နဲ႔ ကိုယ္စားမဲခြဲျပသခြင္ေ့တြရွိသင့္ပါတယ္။”

ဒီေနရာမွာ မဲေပးခြင့္နဲ႔ ေရြးခ်ယ္ခံပိုင္ခြင့္၊ ေရြးေကာက္ပြဲကပ္ၿပီးမွ ဆံုးရံႈးခဲ့တဲ့ ရိုဟင္ဂ်ာအသိုင္းအဝိုင္းအတြက္လည္း ျပန္စဥ္းစားေပးသင့္တယ္လို႔ Robertson က ေထာက္ျပခဲ့ပါတယ္။ ဒီရိုဟင္ဂ်ာဆိုတဲ့အသံုးအႏႈန္းကိုေတာ့ ျမန္မာအစိုးရက လက္မခံထားပါဘူး။

ဒါအျပင္ ၿပီးခဲ့တဲကာလအတြင္း အက်ဥ္းသားလႊတ္ေျမာက္ေရးနဲ႔ ၿငိမ္းခ်မ္းေရးအတြက္ ဆႏၵျပသူေတြကို ဖမ္းဆီးတာေတြ မ်ားလာတာခဲ့တာအတြက္လည္း Robertson က

“ကၽြန္ေတာ္တို႔အေနနဲ႔ တက္ၾကြလႈပ္ရွားသူအားလံုး သူတို႔အခြင့္အေရးကိုသံုးၿပီး၊ သူတို႔အျမင္ေတြကို ၿငိမ္းၿငိမ္းခ်မ္းခ်မ္း ေဖာ္ထုတ္တာကေန အဖမ္းခံေနရတာေတြအတြက္ စိုးရိမ္မူရွိပါတယ္။ ဒီေနရာမွာ လက္ရွိအေရးယူခံထားရတဲ့ ရခိုင္က တက္ၾကြလႈပ္ရွားသူေတြလည္းပါပါတယ္။ ၿငိမ္းခ်မ္းေရးအတြက္ ဆႏၵျပေတာင္းဆိုတာေၾကာင့္ အခုအေရးယူခံထားရတဲ့ ဘကသ ေက်ာင္းသားေတြလည္း ပါပါတယ္။”

တခ်ိန္ထဲမွာ မၿငိမ္းခ်မ္းႏိုင္ေသးတဲ့ တိုင္းရင္းသားနယ္ေျမက စစ္ပြဲေတြအတြင္း၊ အပစ္မဲ့အရပ္သားေတြ ထိခိုက္ဖမ္းဆီးခံရမူေတြအတြက္လည္း Robertson ကဆက္ၿပီး

“တပ္မေတာ္အေနနဲ႔ တိုင္းရင္းသားနယ္ေျမေတြမွာ ဥပမာ ရခိုင္တပ္နဲ႔ျဖစ္တဲ့စစ္ပြဲေတြမွာ အထိန္းအကြပ္လံုးဝမရွိဘူးျဖစ္ေနပါတယ္။ ျမန္မာတပ္မေတာ္က ဥပေဒအေပၚမွာလိုမ်ိဳး ျပဳမူေနပါတယ္။ ဒါက လက္ခံေပးလို႔မရပါဘူး။ ျမန္မာတပ္မေတာ္အေနနဲ႔ ဒီေဒသေတြမွာလည္း လူ႔အခြင့္အေရးကို ေလးစားလိုက္နာဖို႔လိုပါတယ္။ ေနာက္ ဒီလူ႔အခြင့္အေရး ခ်ိဳးေဖာက္ခဲ့သူေတြကိုလည္း အေရးယူအျပစ္ေပးဖို႔လိုပါတယ္။”

Robertson က ဆက္ၿပီး အခုလို တပ္မေတာ္ဖက္က တာဝန္ယူတာဝန္ခံမူရွိလာဖို႔ အရပ္သားအစိုးရအေနနဲ႔ လက္ရွိႀကီးႀကီးမားမားရလိုက္တဲ့ ေရြးေကာက္ပြဲရလဒ္အားနဲ႔ ႀကိဳးပမ္းထိန္းကြပ္ေပးသြားသင့္တယ္လို႔ အၾကံျပဳခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္


.........

လူ့အခွင့်အရေးအခြေအနေ တိုးတက်အောင်လုပ်ဖို့ NLD ကို HRW တိုက်တွန်း

(Unicode)

NLDအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရအနေနဲ့ရွေးကောက်ပွဲကြီးကြီးမားမား အနိုင်ရထားတဲ့အခွင့်အလမ်းကိုအသုံးပြုပြီး၊ လူ့အခွင့်အရေးအခြေအနေ မြန်မာနိုင်ငံမှာ တိုးတက်ကောင်းမွန်လာအောင် လုပ်သင့်ပြီလို့၊ HRW နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့ကြီးက တောင်းဆိုလိုက်ပါတယ်။

မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးကိုဖိနှိပ်တဲ့ဥပဒေတွေကို ပြင်ဆင်၊ဖျက်သိမ်းဖို့နဲ့ လက်တွေ့ ချိုးဖောက်မူတွေ ဆက်မဖြစ်စေဖို့ လုပ်စရာ အများကြီးကျန်နေသေးတယ်လို့လည်း HRW က ပြောပါတယ်။

အမေရိကန်အခြေစိုက် HRW လူ့အခွင့်အရေးအဖွဲ့ အာရှဆိုင်ရာ ဒုတိယညွှန်ကြားရေးမှုး Phil Robertson ကို မနေ့က ထုတ်ပြန်တဲ့ဒီအဖွဲ့အစီရင်ခံစာနဲ့ဆက်စပ်ပြိး၊ ကိုဝင်းမင်းက ဆက်သွယ်မေးမြန်းထားပါတယ်။

HRW လို့အတိုခေါက်ခေါ်တဲ့ Human Rights Watch လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ ဒုညွှန်မူး Robertson က အခုနှစ်ကုန်အစီရင်ခံစာပြင်ဆင်ခဲ့ရမှာ၊ မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေး ချိုးဖောက်မူ ပြင်းပြင်းထန်ထန်ဆက်ရှိနေတာတွေ့ခဲ့ရကြောင်းထောက်ပြပြီး အခုလိုစရှင်းပြပါတယ်။

“မြန်မာနိုင်ငံမှာ အဓိက ကျွန်တော်တို့ စိုးရိမ်တာက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီအနေနဲ့ ၂၀၁၅ ခုနှစ်မှာ အာဏာစရလာပြီးကထဲက လူ့အခွင့်အရေးပြဿနာတွေအပေါ် လျစ်လျူရှုလာ ခဲ့ပါတယ်။ အခုပြီးခဲ့တဲ့နှစ် နိုဝင်ဘာကပဲ ရွေးကောက်ပွဲ ထပ်အနိုင်ရလိုက်ပြန်တော့ ဒီအတွက် အသစ်ပြန်စဖို့အခွင်အလမ်းရှိလာချိန်မှာ၊ လူ့အခွင့်အရေးကိစ္စတွေ တကယ်ကိုအလေးပေးပြီး၊ နိုင်ငံသားနဲ့ နိုင်ငံရေးဆိုင်ရာအခွင့်အရေးတွေကျင့်သုံးနေသူတွေ၊ ဒီလွတ်လပ်စွာထုတ်ဖော်နေသူတွေ၊ လွတ်လပ်စွာစုဝေးနေသူတွေ၊ အင်တာနက်မှာဖွင့်ဟနေသူတွေကို အရေးယူအပြစ်ပေးတာတွေရပ်တန့်သင့်ပါပြီ။”

ဒါ့အပြင် Robertson က ဆက်ပြီး အခုလွှတ်တော်သစ်မှာ ဒီကြီးကြီးမားမား ရွေးကောက်ခံအခွင့်အလမ်းသစ်ကို စသုံးသင့်ပြီလို့ အကြံပြုပါတယ်။

“သိသာစွာပဲ လွှတ်တော်အသစ်လဲစတော့မှာဆိုတော့၊ NLD အစိုးရအနေနဲ့ အများစုလွှတ်တော်နေရာ ကြီးကြီးမားမားရထားတာကို အသုံးပြုပြီး၊ အရင် နဝတ၊ နအဖ စစ်အုပ်ချုပ်မူကတည်းက ရှိလာတဲ့၊ ဒီ လူ့အခွင့်အရေးချိုးနှိမ်တဲ့ဥပဒေတွေတချိုကို ရုပ်သိမ်းဖို့ အခွင့်အလမ်းသစ်လဲပေါ်လာပါတယ်။ ကျွန်တော်တို့အနေနဲ့ အရင်လည်း အခုလို ဥပဒေအပြောင်းအလဲတွေအတွက် အစိုးရကို တောင်းဆိုခဲ့ပါတယ်၊ ဒီဥပဒေတွေ ပြန်သုံးသပ်ပြီး၊ ရုပ်သိမ်းပယ်ဖျက်တာတွေလုပ်ပေးလိုက်ရင်၊ ရှေ.မှာ ဆက်ဖိနှိပ်ဖို့ သုံးစရာ ဥပဒေတွေ မရှိနိုင်တော့ဘူးလေ။”

ဒီနေရာမှာ လက်ရှိဖိနှိပ်ဖို့အသုံးများနေတဲ့ ဆက်သွယ်ရေးဥပဒေတွေ၊ မတရားအသင်း ဆက်သွယ်မူ ဥပဒေနဲ့ အကြည်အညိုပျက်မူဆိုင်ရာဥပဒေတွေကို ပြန်သုံးသပ်ပြင်ဆင်ပယ်ဖျက်တာတွေ အမြန်လုပ်သင့်တယ်လို့ သူက ဆက်အကြံပြုပါတယ်။

ဒါ့အပြင်ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ လုံခြုံရေးအကြောင်းပြချက်နဲ့ မလုပ်ပေးနိုင်ခဲ့တဲ့ ရွေးကောက်ပွဲတွေ ပြန်ကျင်းပပေးဖို့လည်း၊ အခုလွှတ်တော်သစ်မှာ ပြင်ဆင်မူတွေလုပ်သင့်တယ်လို့ ခုလိုရှင်းပြပါတယ်။

“ကျွန်တော်တို့ တကယ့်ကို မျှော်လင့်နေပါတယ်၊ နိုဝင်ဘာ ၈ ရက်တုန်းက ရွေးကောက်ပွဲ မကျင်းပဖြစ်ခဲ့တဲ့နေရာဒေသတွေမှာ ရွေးကောက်ပွဲ မကြာခင်အမြန်ဆုံး ပြန်ကျင်းပပေးဖို့ မျှော်လင့်နေပါတယ်။ ဒီဒေသတွေအများကြီးမှာ လူတွေအများကြီး မဲပေးခွင့်ဆုံးသွားတာမို့ အများကြီး စိုးရိမ်မူတွေရှိနေတယ်လို့ ထင်ပါတယ်။ တကယ်က လူတိုင်းမှာ ဒီရွေးကောက်ပွဲကတဆင့် ကိုယ်စားပြုမယ့်သူနဲ့ အစိုးရကို ရွေးချယ်ပိုင်ခွင့်၊ ကိုယ်တိုင်လည်းရွေးချယ်ခံပိုင်ခွင့်၊ သူတို့အမြင်တွေကို သူတို့ရွေးချယ်ထားသူတွေက တဆင့်နဲ့ ကိုယ်စားမဲခွဲပြသခွင်ေ့တွရှိသင့်ပါတယ်။”

ဒီနေရာမှာ မဲပေးခွင့်နဲ့ ရွေးချယ်ခံပိုင်ခွင့်၊ ရွေးကောက်ပွဲကပ်ပြီးမှ ဆုံးရှုံးခဲ့တဲ့ ရိုဟင်ဂျာအသိုင်းအဝိုင်းအတွက်လည်း ပြန်စဉ်းစားပေးသင့်တယ်လို့ Robertson က ထောက်ပြခဲ့ပါတယ်။ ဒီရိုဟင်ဂျာဆိုတဲ့အသုံးအနှုန်းကိုတော့ မြန်မာအစိုးရက လက်မခံထားပါဘူး။

ဒါအပြင် ပြီးခဲ့တဲကာလအတွင်း အကျဉ်းသားလွှတ်မြောက်ရေးနဲ့ ငြိမ်းချမ်းရေးအတွက် ဆန္ဒပြသူတွေကို ဖမ်းဆီးတာတွေ များလာတာခဲ့တာအတွက်လည်း Robertson က

“ကျွန်တော်တို့အနေနဲ့ တက်ကြွလှုပ်ရှားသူအားလုံး သူတို့အခွင့်အရေးကိုသုံးပြီး၊ သူတို့အမြင်တွေကို ငြိမ်းငြိမ်းချမ်းချမ်း ဖော်ထုတ်တာကနေ အဖမ်းခံနေရတာတွေအတွက် စိုးရိမ်မူရှိပါတယ်။ ဒီနေရာမှာ လက်ရှိအရေးယူခံထားရတဲ့ ရခိုင်က တက်ကြွလှုပ်ရှားသူတွေလည်းပါပါတယ်။ ငြိမ်းချမ်းရေးအတွက် ဆန္ဒပြတောင်းဆိုတာကြောင့် အခုအရေးယူခံထားရတဲ့ ဘကသ ကျောင်းသားတွေလည်း ပါပါတယ်။”

တချိန်ထဲမှာ မငြိမ်းချမ်းနိုင်သေးတဲ့ တိုင်းရင်းသားနယ်မြေက စစ်ပွဲတွေအတွင်း၊ အပစ်မဲ့အရပ်သားတွေ ထိခိုက်ဖမ်းဆီးခံရမူတွေအတွက်လည်း Robertson ကဆက်ပြီး

“တပ်မတော်အနေနဲ့ တိုင်းရင်းသားနယ်မြေတွေမှာ ဥပမာ ရခိုင်တပ်နဲ့ဖြစ်တဲ့စစ်ပွဲတွေမှာ အထိန်းအကွပ်လုံးဝမရှိဘူးဖြစ်နေပါတယ်။ မြန်မာတပ်မတော်က ဥပဒေအပေါ်မှာလိုမျိုး ပြုမူနေပါတယ်။ ဒါက လက်ခံပေးလို့မရပါဘူး။ မြန်မာတပ်မတော်အနေနဲ့ ဒီဒေသတွေမှာလည်း လူ့အခွင့်အရေးကို လေးစားလိုက်နာဖို့လိုပါတယ်။ နောက် ဒီလူ့အခွင့်အရေး ချိုးဖောက်ခဲ့သူတွေကိုလည်း အရေးယူအပြစ်ပေးဖို့လိုပါတယ်။”

Robertson က ဆက်ပြီး အခုလို တပ်မတော်ဖက်က တာဝန်ယူတာဝန်ခံမူရှိလာဖို့ အရပ်သားအစိုးရအနေနဲ့ လက်ရှိကြီးကြီးမားမားရလိုက်တဲ့ ရွေးကောက်ပွဲရလဒ်အားနဲ့ ကြိုးပမ်းထိန်းကွပ်ပေးသွားသင့်တယ်လို့ အကြံပြုခဲ့ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG