[Zawgyi/Unicode]
ျမန္မာအစိုးရအေနနဲ႔ ေရြးေကာက္ပြဲမတိုင္ခင္နဲ႔ အၿပီးကာလမွာ လူ႔အခြင့္အေရးခ်ဳိဳးေဖာက္မႈ ျပင္းျပင္းထန္ထန္ျဖစ္ခဲ့တာေတြကို အေရးယူဖို႔ ပ်က္ကြက္ေနတယ္လို႔ ႏိုင္ငံတကာလူ႔အခြင့္အေရးအဖြဲ႔ႀကီးတစ္ခုက ေဝဖန္လိုက္ပါတယ္။
HRW လို႔ အတိုေခါက္ေခၚတဲ့ အေမရိကန္အေျခစိုက္ လူ႔အခြင့္အေရးေစာင့္ၾကည့္ေရးအဖြဲ႔က၊ ျမန္မာအစိုးရအေနနဲ႔ အေျခခံႏိုင္ငံသားနဲ႔ ႏိုင္ငံေရးအခြင့္အေရးေတြကို ခ်ိဳးေဖာက္ခဲ့ၿပီး၊ တိုင္းရင္းသားေတြအေပၚ က်ဴးလြန္ခဲ့တဲ့ လံုၿခံဳေရးအဖြဲ႔ေတြကို အေရးယူဖို႔လည္း ပ်က္ကြက္ခဲ့တယ္လို႔ အစီရင္ခံစာ ဒီေန႔ ထုတ္ျပန္လိုက္ပါတယ္။
ဒီ Human Rights Watch အဖြဲ႔ရဲ့ အာရွဆိုင္ရာ ဒုညႊန္ၾကားေရးမွဴး Phil Robertson က ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ အစိုးရပါတီ NLD အမ်ိဳးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္အေနနဲ႔၊ အာဏာရလာခ်ိန္မွာ အရင္ေပးခဲ့တဲ့ ဖိႏွိပ္ေရးဥပေဒေတြ ဖ်က္သိမ္းဖို႔ ဂတိခ်ိဳးေဖာက္ၿပီး လူ႔အခြင့္အေရးျပႆနာေတြကို လ်စ္လ်ဴရႈခဲ့တယ္လို႔ ေထာက္ျပလိုက္ပါတယ္။
ေဒၚေအာင္ဆန္းစုၾကည္အစိုးရပါတီ NLD အေနနဲ႔ အခုေရြးေကာက္ပြဲမွာ ေတာင္ၿပိဳကမ္းၿပိဳႏိုင္ခဲ့ေပမဲ့ ေရြးေကာက္ပြဲမတိုင္ခင္ အစိုးရက ေဝဖန္သူေတြကို အေရးယူတာ၊ အတိုက္အခံပါတီမိန္႔ခြန္းေတြကို ဆင္ဆာျဖတ္တာနဲ႔ ႏိုင္ငံပိုင္သတင္းမီဒီယာေတြမွာ တန္းတူေဖာ္ျပခြင့္မေပးတာေတြ က်ဴးလြန္ခဲ့တယ္လို႔ ဒီ HRW အဖြဲ႔က ေဝဖန္ထားပါတယ္။
ဒါ့အျပင္ စနစ္အရတည္ရွိလာေနတဲ့ ျပႆနာေတြအျဖစ္ ရိုဟင္ဂ်ာလူနည္းစုေတြ မဲေပးခြင့္မရတာ၊ လႊတ္ေတာ္ထဲ တပ္မေတာ္က ၂၅% ဝင္ထိုင္ေနတာနဲ႔ ေရြးေကာက္ပြဲေကာ္မရွင္ လြတ္လပ္အမီအခုကင္းမႈ၊ ထင္သာျမင္သာပြင့္ပြင့္လင္းလင္း မရွိတာေတြ ဆက္ျဖစ္ေနတာကိုလည္း ဒီအဖြဲ႔က ေထာက္ျပခဲ့ပါတယ္။ ႐ိုဟင္ဂ်ာအသံုးအႏႈန္းကိုေတာ့ ျမန္မာအစိုးရက လက္ခံထားတာမရွိပါဘူး။
ဒီ HRW အဖြဲ႔က ဆက္ၿပီး၊ ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္အေနနဲ႔ ၿပီးခဲ့တဲ့ ၂၀၂၀ ႏိုဝင္ဘာေရြးေကာက္ပြဲထဲမွာ ၿမိဳ.နယ္ေပါင္း ၅၇ ၿမိဳ႕နယ္မွာ ေရြးေကာက္ပြဲဖ်က္သိမ္းခဲ့တာအတြက္လည္း၊ နစ္နာခဲ့တဲ့ ပါတီနဲ႔ ကိုယ္စားလွယ္ေတြကို တိုင္ပင္တာ (သို႔မဟုတ္) ရွင္းျပတာေတြ မလုပ္ခဲ့သေလာက္နည္းခဲ့တယ္လို႔ ေထာက္ျပခဲ့ပါတယ္။
[Unicode Version]
မြန်မာအစိုးရရဲ့ လူ့အခွင့်အရေးပစ်ပယ်မှု HRW ဝေဖန်
မြန်မာအစိုးရအနေနဲ့ ရွေးကောက်ပွဲမတိုင်ခင်နဲ့ အပြီးကာလမှာ လူ့အခွင့်အရေးချိုးဖောက်မှု ပြင်းပြင်းထန်ထန်ဖြစ်ခဲ့တာတွေကို အရေးယူဖို့ ပျက်ကွက်နေတယ်လို့ နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့ကြီးတစ်ခုက ဝေဖန်လိုက်ပါတယ်။
HRW လို့ အတိုခေါက်ခေါ်တဲ့ အမေရိကန်အခြေစိုက် လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့က၊ မြန်မာအစိုးရအနေနဲ့ အခြေခံနိုင်ငံသားနဲ့ နိုင်ငံရေးအခွင့်အရေးတွေကို ချိုးဖောက်ခဲ့ပြီး၊ တိုင်းရင်းသားတွေအပေါ် ကျူးလွန်ခဲ့တဲ့ လုံခြုံရေးအဖွဲ့တွေကို အရေးယူဖို့လည်း ပျက်ကွက်ခဲ့တယ်လို့ အစီရင်ခံစာ ဒီနေ့ ထုတ်ပြန်လိုက်ပါတယ်။
ဒီ Human Rights Watch အဖွဲ့ရဲ့ အာရှဆိုင်ရာ ဒုညွှန်ကြားရေးမှူး Phil Robertson က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အစိုးရပါတီ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့၊ အာဏာရလာချိန်မှာ အရင်ပေးခဲ့တဲ့ ဖိနှိပ်ရေးဥပဒေတွေ ဖျက်သိမ်းဖို့ ဂတိချိုးဖောက်ပြီး လူ့အခွင့်အရေးပြဿနာတွေကို လျစ်လျူရှုခဲ့တယ်လို့ ထောက်ပြလိုက်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်အစိုးရပါတီ NLD အနေနဲ့ အခုရွေးကောက်ပွဲမှာ တောင်ပြိုကမ်းပြိုနိုင်ခဲ့ပေမဲ့ ရွေးကောက်ပွဲမတိုင်ခင် အစိုးရက ဝေဖန်သူတွေကို အရေးယူတာ၊ အတိုက်အခံပါတီမိန့်ခွန်းတွေကို ဆင်ဆာဖြတ်တာနဲ့ နိုင်ငံပိုင်သတင်းမီဒီယာတွေမှာ တန်းတူဖော်ပြခွင့်မပေးတာတွေ ကျူးလွန်ခဲ့တယ်လို့ ဒီ HRW အဖွဲ့က ဝေဖန်ထားပါတယ်။
ဒါ့အပြင် စနစ်အရတည်ရှိလာနေတဲ့ ပြဿနာတွေအဖြစ် ရိုဟင်ဂျာလူနည်းစုတွေ မဲပေးခွင့်မရတာ၊ လွှတ်တော်ထဲ တပ်မတော်က ၂၅% ဝင်ထိုင်နေတာနဲ့ ရွေးကောက်ပွဲကော်မရှင် လွတ်လပ်အမီအခုကင်းမှု၊ ထင်သာမြင်သာပွင့်ပွင့်လင်းလင်း မရှိတာတွေ ဆက်ဖြစ်နေတာကိုလည်း ဒီအဖွဲ့က ထောက်ပြခဲ့ပါတယ်။ ရိုဟင်ဂျာအသုံးအနှုန်းကိုတော့ မြန်မာအစိုးရက လက်ခံထားတာမရှိပါဘူး။
ဒီ HRW အဖွဲ့က ဆက်ပြီး၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေနဲ့ ပြီးခဲ့တဲ့ ၂၀၂၀ နိုဝင်ဘာရွေးကောက်ပွဲထဲမှာ မြို.နယ်ပေါင်း ၅၇ မြို့နယ်မှာ ရွေးကောက်ပွဲဖျက်သိမ်းခဲ့တာအတွက်လည်း၊ နစ်နာခဲ့တဲ့ ပါတီနဲ့ ကိုယ်စားလှယ်တွေကို တိုင်ပင်တာ (သို့မဟုတ်) ရှင်းပြတာတွေ မလုပ်ခဲ့သလောက်နည်းခဲ့တယ်လို့ ထောက်ပြခဲ့ပါတယ်။