[Zawgyi/Unicode]
ကုလသမဂၢ လူ႔အခြင့္အေရး ေကာင္စီမွာ ျမန္မာႏုိင္ငံဆုိင္ရာ ဆုံးျဖတ္ခ်က္တရပ္ကုိ ဒီကေန႔ပဲ တခဲနက္ အတည္ျပဳလုိက္ပါတယ္။
ျမန္မာႏုိင္ငံက လူ႔အခြင့္အေရး အေျခအေနေတြနဲ႔ ပတ္သက္လုိ႔ ဥေရာပသမဂၢ (EU) က ကမကထလုပ္ တင္သြင္းခဲ့တဲ့ ဆုံးျဖတ္ခ်က္ကုိေတာ့ ေထာက္ခံမဲ ၃၇ မဲ၊ ကန္႔ကြက္မဲ ၂ မဲနဲ႔ ၾကားေနမဲ ၈ မဲတုိ႔နဲ႔ အတည္ျပဳခဲ့တာပါ။
ဆုံးျဖတ္ခ်က္ဟာ ျမန္မာႏုိင္ငံရဲ႕ လက္ရွိအေျခအေနကုိ ထင္ဟပ္မႈ မရွိဘူးဆုိၿပီး ကုလသမဂၢ အၿမဲတမ္းကုိယ္စားလွယ္ ဦးေက်ာ္မိုးထြန္းက ကန္႔ကြက္ခဲ့ပါတယ္။
ႏုိင္ငံတႏုိင္ငံျခင္းအေပၚ ဆုံးျဖတ္ခ်က္ ခ်မွတ္မႈကုိ ကန္႔ကြက္ေၾကာင္းနဲ႔ လူ႔အခြင့္အေရး ျပႆနာေတြကုိ ေျဖရွင္းရာမွာ အျပဳသေဘာေဆာင္ဖုိ႔ ဘက္လုိက္မႈကင္းဖုိ႔ေတြ လုိအပ္ေၾကာင္းလည္း ေျပာဆုိခဲ့တာပါ။
EU ရဲ႕ ဆုံးျဖတ္ခ်က္မွာေတာ့ ရခုိင္ျပည္နယ္အေရး အပါအ၀င္ ျမန္မာႏုိင္ငံတြင္းက လူ႔အခြင့္အေရး အေျခအေနေတြမွာ တုိးတက္မႈ မရွိတာေတြကုိ ေဖာ္ျပခဲ့တာ ျဖစ္ပါတယ္။
ျမန္မာႏုိင္ငံဆုိင္ရာ ကုိယ္စားလွယ္ကေတာ့ ရခုိင္ျပည္နယ္အေရးအပါအ၀င္ ရင္ဆုိင္ေနရတဲ့ စိန္ေခၚမႈေတြကို ေျဖရွင္းေနေၾကာင္းနဲ႔ အထူးသျဖင့္ ကပ္ေရာဂါကာလမွာ ေနာက္ထပ္ႀကံဳေနရတဲ့ စိန္ေခၚမႈေတြကုိပါ ရင္ဆုိင္ေက်ာ္လႊားေနရေၾကာင္းလည္း တုံ႔ျပန္ထားပါတယ္။
[Unicode Version]
မြန်မာ့အရေး ကုလလူ့အခွင့်အရေးကောင်စီ ဆုံးဖြတ်ချက်ချ
ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီမှာ မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက်တရပ်ကို ဒီကနေ့ပဲ တခဲနက် အတည်ပြုလိုက်ပါတယ်။
မြန်မာနိုင်ငံက လူ့အခွင့်အရေး အခြေအနေတွေနဲ့ ပတ်သက်လို့ ဥရောပသမဂ္ဂ (EU) က ကမကထလုပ် တင်သွင်းခဲ့တဲ့ ဆုံးဖြတ်ချက်ကိုတော့ ထောက်ခံမဲ ၃၇ မဲ၊ ကန့်ကွက်မဲ ၂ မဲနဲ့ ကြားနေမဲ ၈ မဲတို့နဲ့ အတည်ပြုခဲ့တာပါ။
ဆုံးဖြတ်ချက်ဟာ မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေကို ထင်ဟပ်မှု မရှိဘူးဆိုပြီး ကုလသမဂ္ဂ အမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်းက ကန့်ကွက်ခဲ့ပါတယ်။
နိုင်ငံတနိုင်ငံခြင်းအပေါ် ဆုံးဖြတ်ချက် ချမှတ်မှုကို ကန့်ကွက်ကြောင်းနဲ့ လူ့အခွင့်အရေး ပြဿနာတွေကို ဖြေရှင်းရာမှာ အပြုသဘောဆောင်ဖို့ ဘက်လိုက်မှုကင်းဖို့တွေ လိုအပ်ကြောင်းလည်း ပြောဆိုခဲ့တာပါ။
EU ရဲ့ ဆုံးဖြတ်ချက်မှာတော့ ရခိုင်ပြည်နယ်အရေး အပါအဝင် မြန်မာနိုင်ငံတွင်းက လူ့အခွင့်အရေး အခြေအနေတွေမှာ တိုးတက်မှု မရှိတာတွေကို ဖော်ပြခဲ့တာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ကတော့ ရခိုင်ပြည်နယ်အရေးအပါအဝင် ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေကို ဖြေရှင်းနေကြောင်းနဲ့ အထူးသဖြင့် ကပ်ရောဂါကာလမှာ နောက်ထပ်ကြုံနေရတဲ့ စိန်ခေါ်မှုတွေကိုပါ ရင်ဆိုင်ကျော်လွှားနေရကြောင်းလည်း တုံ့ပြန်ထားပါတယ်။