သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာ႔လူ႔အခြင့္အေရး အေျခအေန ျမႇင့္တင္ဖို႔ အရပ္ဘက္အဖဲြ႔ေတြ ေတာင္းဆို


အျပည္ျပည္ဆိုင္ရာ လူ႔အခြင့္အေရးေန႔ အထိမ္းအမွတ္အျဖစ္ စစ္ေတြၿမိဳ႕က လႈပ္ရွားမႈမွာ ပါဝင္ခဲ့သူမ်ားကို ဖမ္းဆီးတဲ့ ျမင္ကြင္း။ (မွတ္တမ္းဓာတ္ပံု - ဒီဇင္ဘာ ၁၀၊ ၂၀၂၀)

(Zawgyi / Unicode)

ျမန္မာႏုိင္ငံမွာ လူ႔အခြင့္ေရးေန႔မွာ လူ႔အခြင့္အေရးေတာင္းဆိုတဲ့ လႈပ္ရွားသူေတြကိုယ္တုိင္ ဖမ္းဆီးထိန္းသိမ္းခံေနရၿပီး လူ႔အခြင့္အေရး ခ်ိဳးေဖာက္ခံေနရတဲ့ အေနအထား ျဖစ္ေနတယ္လို႔ အရပ္ဘက္ အဖြဲ႔အစည္းေတြက ေျပာဆိုလုိက္ပါတယ္။ ႏိုင္ငံသားေတြကို ဒီမိုကေရစီနဲ႔ လူ႔အခြင့္အေရး အေျခခံစံနႈန္းေတြနဲ႔အညီ လြတ္လပ္စြာ ထုတ္ေဖာ္ေျပာဆို လႈပ္ရွားခြင့္ေတြ ေပးဖို႔နဲ႔ ဖမ္းဆီးခ်ဳပ္ေႏွာင္ခံေတြကို အျမန္ဆံုး ျပန္လႊတ္ေပးပါလို႔ အရပ္ဘက္ အဖြဲ႔အစည္းေတြက ေတာင္းဆိုလုိက္ပါတယ္။ အျပည့္အစုံကို ဗီြအိုေအျမန္မာပိုင္း သတင္းေထာက္ မဆုမြန္ တင္ျပေပးထားပါတယ္။

ႏုိင္ငံတြင္းမွာ ဒီမိုကေရစီနဲ႔ လူ႔အခြင့္အေရး ေဖာ္ေဆာင္မယ္ဆိုတဲ့ အရပ္သားအစိုးရလက္ထက္ လြတ္လပ္စြာ ထုတ္ေဖာ္ေျပာဆိုခြင့္၊ လူ႔ဂုဏ္သိကၡာနဲ႔ လူသားအခြင့္အေရး တန္းတူညီမွ်မႈနဲ႔ တရားမွ်တမႈအတြက္ ၿငိမ္းခ်မ္းစြာ ဆႏၵထုတ္ေဖာ္ ေတာင္းဆိုလႈပ္ရွားသူေတြကို ဖမ္းဆီးတရားစြဲ ေထာင္ခ်ေနတဲ့ လုပ္ရပ္ေတြကို ခ်က္ခ်င္းရပ္တန္႔ေပးဖို႔နဲ႔ လူ႔အခြင့္အေရး လႈပ္ရွားသူေတြကို တရားစြဲဆိုထားတဲ့ စြဲခ်က္ေတြကို ႐ုပ္သိမ္းေပးဖို႔ တိုင္းရင္းသားေတြ အပါအဝင္ လူ႔အခြင့္အေရး၊ ဒီမိုကေရစီေရး လႈပ္ရွားေနတဲ့ အရပ္ဘက္အဖြဲ႔အစည္းေပါင္း ၅၀ နီးပါးက စုေပါင္းၿပီး သေဘာထားေၾကညာခ်က္ ထုတ္ျပန္ ေတာင္းဆိုလိုက္တာပါ။

ျမန္မာႏုိင္ငံမွာ လူ႔အခြင့္အေရး ေတာင္းဆိုလႈပ္ရွားသူေတြ လူ႔အခြင့္အေရး ခ်ိဳးေဖာက္ခံေနရတဲ့ အေနအထားအထိ ျဖစ္လာေနတဲ့အတြက္ အခုလို အရပ္ဘက္ အဖြဲ႔အစည္းေတြဘက္က တုိက္တြန္းေတာင္းဆိုရတာလို႔ ဒို႔ေျမကြန္ရက္ (Land on Our Hands) ရဲ႕ အေထြေထြအတြင္းေရးမွဴး ကိုစည္သူက ေျပာပါတယ္။

"လက္ရွိမွာကို ဒီဇင္ဘာလ ၁၀ ရက္ေန႔မွာ လူ႔အခြင့္အေရးေန႔ လႈပ္ရွားတဲ့သူေတြကို ဖမ္းၿပီးေတာ့ တရားတေဘာင္ေတြ စြဲဆိုထားတယ္ေပါ့ေနာ္။ ၿပီးရင္ က်ေနာ္တို႔ ရခုိင္ျဖစ္စဥ္မွာ ဆႏၵျပေနတဲ့ ေက်ာင္းသားေတြ ေထာင္ထဲ ေတာ္ေတာ္မ်ားမ်ား ေရာက္ကုန္တာလည္း ရွိတယ္ေပါ့ေနာ္။ လက္ရွိမွာလည္း လူ႔အခြင့္အေရး လႈပ္ရွားသူေတြကို ေတာက္ေလွ်ာက္ ဖိနွိပ္ေနတာလည္းရွိေတာ့ အဲ့သလို လူ႔အခြင့္အေရးအတြက္ တိုက္ပြဲဝင္ေနတဲ့ လႈပ္ရွားတိုက္ပြဲဝင္ေနတဲ့ သူေတြကို ျပန္ၿပီး လူ႔အခြင့္အေရး ခ်ိဳးေဖာက္ေနတာ ျဖစ္တဲ့အတြက္ ဒီအမႈေတြကို ျပန္႐ုပ္သိမ္းေပးဖို႔ ျပန္လႊတ္ေပးဖို႔ ေတာင္းဆိုတဲ့အေနနဲ႔ က်ေနာ္တို႔ ဒီေၾကညာခ်က္ကို ထုတ္တာခင္ဗ်။ အဓိကကေတာ့ သက္ဆုိင္ရာ တာဝန္ရွိသူေတြကို အဓိက Target ထား ရည္ရြယ္ပါတယ္။"

ျပည္ေထာင္စုအစိုးရ၊ ျပည္နယ္အစိုးရေတြ အေနနဲ႔ ႏုိင္ငံသားေတြရဲ႕ အေျခခံ ႏုိင္ငံသားအခြင့္အေရးနဲ႔အညီ တန္းတူညီမွ် တရားမွ်တတဲ့ ဖက္ဒရက္ဒီမုိကေရစီစနစ္ကို တေျပးညီ အေကာင္အထည္ေဖာ္ပါလို႔ တိုင္းရင္းသားေတြပါ ပါဝင္တဲ့ အရပ္ဘက္ အဖြဲ႔အစည္းေတြဘက္က ေတာင္းဆိုတဲ့အေၾကာင္း ရခုိင္ အရပ္ဘက္အဖြဲ႔အစည္းမ်ားကြန္ရက္ Arakan CSOs Network (ACN) က ကိုသန္းလွက ေျပာပါတယ္။

"က်ေနာ္တို႔ ျမန္မာႏုိင္ငံရဲ႕ လက္ရွိျပ႒ာန္းထားတဲ့ ဥပေဒေတြဟာ ရခုိင္ျပည္နယ္မွာတမ်ိဳး ရန္ကုန္တိုင္းမွာတမ်ိဳး ခ်င္းျပည္နယ္မွာတမ်ိဳး ကခ်င္ျပည္နယ္မွာတမ်ိဳး ပံုသဏၭာန္အမ်ိဳးမ်ိဳး ျဖစ္ေနတာကို ေတြ႔ရတယ္။ ေနာက္တခု က်ေနာ္တို႔ ဘာကိုေတြ႔ရလဲဆိုေတာ့ လက္ရွိဥပေဒေတြကလည္း အာဏာပိုင္ေတြဘက္က လက္တလံုးျခား အသံုးျပဳေနတာကိုလည္း ေတြ႔ရတယ္။ ေနာက္ မလိုလားအပ္တဲ့ ဥပေဒေတြကိုလည္း အမ်ားႀကီး ျပ႒ာန္းထားတာကို ေတြ႔ရတယ္။ ဒါေတြကို ဖ်က္သိမ္းဖို႔ လိုမယ္ေပါ့ေလ။ ဥပမာ ၿငိမ္းစုစီလိုမ်ိဳးေပါ့၊ ဒီလိုဥပေဒေတြကို ေနာက္ထပ္ သက္တမ္းတုိးတက္လာမယ့္ အစိုးရအေနနဲ႔ ျပင္ဆင္ဖို႔ ဖ်က္သိမ္းဖို႔ လိုမယ္ဆိုတာကို က်ေနာ္တို႔ အဓိကအားျဖင့္ ေျပာဆိုတာျဖစ္ပါတယ္။ အစိုးရအေနနဲ႔ကလည္း ေတာင္းဆို ေျပာဆိုေနၾကတဲဲ့ သူေတြရဲ႕ အသံေတြကို ျပည္သူေတြရဲ႕အသံကို နားေထာင္ဖို႔ နားလည္ဖို႔ တရားမွ်တမႈေတြ ပိုၿပီးေတာ့ျဖစ္လာဖို႔ လိုတယ္၊ ျဖစ္လာေအာင္လည္း က်ေနာ္တို႔ တုိက္တြန္းပါတယ္။"

မၾကာခင္ က်င္းပေတာ့မယ့္ လႊတ္ေတာ္ေတြကေနလည္း ဒီမိုကေရစီ အေျခခံစံႏႈန္းေတြကို တားဆီးကန္႔သတ္ ဖိႏွိပ္ ေဖာက္ဖ်က္ထားတဲ့ ဥပေဒေတြကို ျပန္လည္ျပဳျပင္ ျပင္ဆင္ဖ်က္သိမ္းေပးဖို႔ကိုလည္း ေတာင္းဆိုတဲ့အေၾကာင္း ဒို႔ေျမကြန္ရက္က ကိုစည္သူက ေျပာပါတယ္။

"ဒီမိုကေရစီလို႔ ေျပာေနၿပီး ဒီမိုကေရစီနဲ႔ မညီညြတ္စြာဘဲ လူ႔အခြင့္အေရး လႈပ္ရွားသူေတြကို ပံုသဏၭာန္အမ်ိဳးမ်ိဳးနဲ႔ ဖိႏွိပ္ေနတာေတြကို အဓိကရပ္တန္႔ဖို႔နဲ႔ ၿပီးရင္ မတရားတဲ့ ပုဒ္မေတြေပါ့ေနာ္၊ အဲ့သလို မတရားတဲ့ ပုဒ္မေတြနဲ႔ စြဲဆိုတဲ့ ဥပေဒေတြ ျဖစ္ေနတဲ့အတြက္ ဥပေဒျပင္ဆင္ေရး ဖ်က္သိမ္းေရးေတြ လုပ္ဖို႔ဆိုတာကိုလည္း ပိုၿပီးေတာ့ ေဇာင္းတည္ပါတယ္။ ၿပီးရင္ တရားစြဲဆိုခံထားရတဲ့ ရဲေဘာ္ေတြရယ္ ေထာင္တြင္း အက်ဥ္းခ်ခံထားရတဲ့ တက္ႂကြလႈပ္ရွားသူေတြ ျပန္လႊတ္ေပးဖို႔ေပါ့။ လႊတ္ေတာ္တြင္း ျပင္ဆင္ေပးဖို႔ကလည္း ဖိႏွိပ္ေနတာေတြက ေတာ္ေတာ္ကို ထင္သာျမင္သာ ျဖစ္လာေနတဲ့အတြက္ ျပင္ေပးဖို႔ က်ေနာ္တို႔အေနနဲ႔ ထုတ္ျပန္ရတာျဖစ္ပါတယ္။"

ႏိုင္ငံေတာ္အစိုးရအေနနဲ႔ လက္ရွိဖမ္းဆီးထားတဲ့ ရခုိင္ျပည္နယ္ စစ္ေတြက လူ႔အခြင့္အေရး လႈပ္ရွားသူေတြ၊ ေက်ာင္းသားေတြအျပင္ ႏုိင္ငံတဝန္းမွာ ဖမ္းဆီးေထာင္ခ် အေရးယူထားတဲ့ ႏုိင္ငံေရးအက်ဥ္းသားေတြကို အျမန္ဆံုးလႊတ္ေပးဖို႔နဲ႔ တရားစြဲဆိုခ်က္ေတြကို ျပန္႐ုပ္သိမ္းေပးဖို႔ အပါအဝင္ အေျခခံလူ႔အခြင့္အေရးေတြကို ေလးစားလိုက္နာဖို႔ လိုအပ္ပါေၾကာင္း အရပ္ဘက္ အဖြဲ႔အစည္းေတြက ၂၀၂၁ ခုႏွစ္ ဇန္နဝါရီလ ၁၀ ရက္ေန႔က စုေပါင္း ေတာင္းဆိုလိုက္ၾကတာ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

---------------------------

(Unicode)

မြန်မာ့လူ့အခွင့်အရေး အခြေအနေ မြှင့်တင်ဖို့ အရပ်ဘက်အဖွဲ့တွေ တောင်းဆို

မြန်မာနိုင်ငံမှာ လူ့အခွင့်ရေးနေ့မှာ လူ့အခွင့်အရေးတောင်းဆိုတဲ့ လှုပ်ရှားသူတွေကိုယ်တိုင် ဖမ်းဆီးထိန်းသိမ်းခံနေရပြီး လူ့အခွင့်အရေး ချိုးဖောက်ခံနေရတဲ့ အနေအထား ဖြစ်နေတယ်လို့ အရပ်ဘက် အဖွဲ့အစည်းတွေက ပြောဆိုလိုက်ပါတယ်။ နိုင်ငံသားတွေကို ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး အခြေခံစံနှုန်းတွေနဲ့အညီ လွတ်လပ်စွာ ထုတ်ဖော်ပြောဆို လှုပ်ရှားခွင့်တွေ ပေးဖို့နဲ့ ဖမ်းဆီးချုပ်နှောင်ခံတွေကို အမြန်ဆုံး ပြန်လွှတ်ပေးပါလို့ အရပ်ဘက် အဖွဲ့အစည်းတွေက တောင်းဆိုလိုက်ပါတယ်။ အပြည့်အစုံကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မဆုမွန် တင်ပြပေးထားပါတယ်။

နိုင်ငံတွင်းမှာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ဖော်ဆောင်မယ်ဆိုတဲ့ အရပ်သားအစိုးရလက်ထက် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ လူ့ဂုဏ်သိက္ခာနဲ့ လူသားအခွင့်အရေး တန်းတူညီမျှမှုနဲ့ တရားမျှတမှုအတွက် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော် တောင်းဆိုလှုပ်ရှားသူတွေကို ဖမ်းဆီးတရားစွဲ ထောင်ချနေတဲ့ လုပ်ရပ်တွေကို ချက်ချင်းရပ်တန့်ပေးဖို့နဲ့ လူ့အခွင့်အရေး လှုပ်ရှားသူတွေကို တရားစွဲဆိုထားတဲ့ စွဲချက်တွေကို ရုပ်သိမ်းပေးဖို့ တိုင်းရင်းသားတွေ အပါအဝင် လူ့အခွင့်အရေး၊ ဒီမိုကရေစီရေး လှုပ်ရှားနေတဲ့ အရပ်ဘက်အဖွဲ့အစည်းပေါင်း ၅၀ နီးပါးက စုပေါင်းပြီး သဘောထားကြေညာချက် ထုတ်ပြန် တောင်းဆိုလိုက်တာပါ။

မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး တောင်းဆိုလှုပ်ရှားသူတွေ လူ့အခွင့်အရေး ချိုးဖောက်ခံနေရတဲ့ အနေအထားအထိ ဖြစ်လာနေတဲ့အတွက် အခုလို အရပ်ဘက် အဖွဲ့အစည်းတွေဘက်က တိုက်တွန်းတောင်းဆိုရတာလို့ ဒို့မြေကွန်ရက် (Land on Our Hands) ရဲ့ အထွေထွေအတွင်းရေးမှူး ကိုစည်သူက ပြောပါတယ်။

"လက်ရှိမှာကို ဒီဇင်ဘာလ ၁၀ ရက်နေ့မှာ လူ့အခွင့်အရေးနေ့ လှုပ်ရှားတဲ့သူတွေကို ဖမ်းပြီးတော့ တရားတဘောင်တွေ စွဲဆိုထားတယ်ပေါ့နော်။ ပြီးရင် ကျနော်တို့ ရခိုင်ဖြစ်စဉ်မှာ ဆန္ဒပြနေတဲ့ ကျောင်းသားတွေ ထောင်ထဲ တော်တော်များများ ရောက်ကုန်တာလည်း ရှိတယ်ပေါ့နော်။ လက်ရှိမှာလည်း လူ့အခွင့်အရေး လှုပ်ရှားသူတွေကို တောက်လျှောက် ဖိနှိပ်နေတာလည်းရှိတော့ အဲ့သလို လူ့အခွင့်အရေးအတွက် တိုက်ပွဲဝင်နေတဲ့ လှုပ်ရှားတိုက်ပွဲဝင်နေတဲ့ သူတွေကို ပြန်ပြီး လူ့အခွင့်အရေး ချိုးဖောက်နေတာ ဖြစ်တဲ့အတွက် ဒီအမှုတွေကို ပြန်ရုပ်သိမ်းပေးဖို့ ပြန်လွှတ်ပေးဖို့ တောင်းဆိုတဲ့အနေနဲ့ ကျနော်တို့ ဒီကြေညာချက်ကို ထုတ်တာခင်ဗျ။ အဓိကကတော့ သက်ဆိုင်ရာ တာဝန်ရှိသူတွေကို အဓိက Target ထား ရည်ရွယ်ပါတယ်။"

ပြည်ထောင်စုအစိုးရ၊ ပြည်နယ်အစိုးရတွေ အနေနဲ့ နိုင်ငံသားတွေရဲ့ အခြေခံ နိုင်ငံသားအခွင့်အရေးနဲ့အညီ တန်းတူညီမျှ တရားမျှတတဲ့ ဖက်ဒရက်ဒီမိုကရေစီစနစ်ကို တပြေးညီ အကောင်အထည်ဖော်ပါလို့ တိုင်းရင်းသားတွေပါ ပါဝင်တဲ့ အရပ်ဘက် အဖွဲ့အစည်းတွေဘက်က တောင်းဆိုတဲ့အကြောင်း ရခိုင် အရပ်ဘက်အဖွဲ့အစည်းများကွန်ရက် Arakan CSOs Network (ACN) က ကိုသန်းလှက ပြောပါတယ်။

"ကျနော်တို့ မြန်မာနိုင်ငံရဲ့ လက်ရှိပြဋ္ဌာန်းထားတဲ့ ဥပဒေတွေဟာ ရခိုင်ပြည်နယ်မှာတမျိုး ရန်ကုန်တိုင်းမှာတမျိုး ချင်းပြည်နယ်မှာတမျိုး ကချင်ပြည်နယ်မှာတမျိုး ပုံသဏ္ဌာန်အမျိုးမျိုး ဖြစ်နေတာကို တွေ့ရတယ်။ နောက်တခု ကျနော်တို့ ဘာကိုတွေ့ရလဲဆိုတော့ လက်ရှိဥပဒေတွေကလည်း အာဏာပိုင်တွေဘက်က လက်တလုံးခြား အသုံးပြုနေတာကိုလည်း တွေ့ရတယ်။ နောက် မလိုလားအပ်တဲ့ ဥပဒေတွေကိုလည်း အများကြီး ပြဋ္ဌာန်းထားတာကို တွေ့ရတယ်။ ဒါတွေကို ဖျက်သိမ်းဖို့ လိုမယ်ပေါ့လေ။ ဥပမာ ငြိမ်းစုစီလိုမျိုးပေါ့၊ ဒီလိုဥပဒေတွေကို နောက်ထပ် သက်တမ်းတိုးတက်လာမယ့် အစိုးရအနေနဲ့ ပြင်ဆင်ဖို့ ဖျက်သိမ်းဖို့ လိုမယ်ဆိုတာကို ကျနော်တို့ အဓိကအားဖြင့် ပြောဆိုတာဖြစ်ပါတယ်။ အစိုးရအနေနဲ့ကလည်း တောင်းဆို ပြောဆိုနေကြတဲ့ သူတွေရဲ့ အသံတွေကို ပြည်သူတွေရဲ့အသံကို နားထောင်ဖို့ နားလည်ဖို့ တရားမျှတမှုတွေ ပိုပြီးတော့ဖြစ်လာဖို့ လိုတယ်၊ ဖြစ်လာအောင်လည်း ကျနော်တို့ တိုက်တွန်းပါတယ်။"

မကြာခင် ကျင်းပတော့မယ့် လွှတ်တော်တွေကနေလည်း ဒီမိုကရေစီ အခြေခံစံနှုန်းတွေကို တားဆီးကန့်သတ် ဖိနှိပ် ဖောက်ဖျက်ထားတဲ့ ဥပဒေတွေကို ပြန်လည်ပြုပြင် ပြင်ဆင်ဖျက်သိမ်းပေးဖို့ကိုလည်း တောင်းဆိုတဲ့အကြောင်း ဒို့မြေကွန်ရက်က ကိုစည်သူက ပြောပါတယ်။

"ဒီမိုကရေစီလို့ ပြောနေပြီး ဒီမိုကရေစီနဲ့ မညီညွတ်စွာဘဲ လူ့အခွင့်အရေး လှုပ်ရှားသူတွေကို ပုံသဏ္ဌာန်အမျိုးမျိုးနဲ့ ဖိနှိပ်နေတာတွေကို အဓိကရပ်တန့်ဖို့နဲ့ ပြီးရင် မတရားတဲ့ ပုဒ်မတွေပေါ့နော်၊ အဲ့သလို မတရားတဲ့ ပုဒ်မတွေနဲ့ စွဲဆိုတဲ့ ဥပဒေတွေ ဖြစ်နေတဲ့အတွက် ဥပဒေပြင်ဆင်ရေး ဖျက်သိမ်းရေးတွေ လုပ်ဖို့ဆိုတာကိုလည်း ပိုပြီးတော့ ဇောင်းတည်ပါတယ်။ ပြီးရင် တရားစွဲဆိုခံထားရတဲ့ ရဲဘော်တွေရယ် ထောင်တွင်း အကျဉ်းချခံထားရတဲ့ တက်ကြွလှုပ်ရှားသူတွေ ပြန်လွှတ်ပေးဖို့ပေါ့။ လွှတ်တော်တွင်း ပြင်ဆင်ပေးဖို့ကလည်း ဖိနှိပ်နေတာတွေက တော်တော်ကို ထင်သာမြင်သာ ဖြစ်လာနေတဲ့အတွက် ပြင်ပေးဖို့ ကျနော်တို့အနေနဲ့ ထုတ်ပြန်ရတာဖြစ်ပါတယ်။"

နိုင်ငံတော်အစိုးရအနေနဲ့ လက်ရှိဖမ်းဆီးထားတဲ့ ရခိုင်ပြည်နယ် စစ်တွေက လူ့အခွင့်အရေး လှုပ်ရှားသူတွေ၊ ကျောင်းသားတွေအပြင် နိုင်ငံတဝန်းမှာ ဖမ်းဆီးထောင်ချ အရေးယူထားတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို အမြန်ဆုံးလွှတ်ပေးဖို့နဲ့ တရားစွဲဆိုချက်တွေကို ပြန်ရုပ်သိမ်းပေးဖို့ အပါအဝင် အခြေခံလူ့အခွင့်အရေးတွေကို လေးစားလိုက်နာဖို့ လိုအပ်ပါကြောင်း အရပ်ဘက် အဖွဲ့အစည်းတွေက ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၁၀ ရက်နေ့က စုပေါင်း တောင်းဆိုလိုက်ကြတာ ဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG