သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အခြင့္အေရးေတာင္းဆိုသူ ရခိုင္လူငယ္ ၃ ေယာက္ တရားစြဲခံရ


အျပည္ျပည္ဆိုင္ရာ လူ႔အခြင့္အေရးေန႔ အထိမ္းအမွတ္အျဖစ္ စစ္ေတြၿမိဳ႕က လႈပ္ရွားမႈမွာ ပါဝင္ခဲ့သူမ်ားကို ဖမ္းစီးတဲ့ ျမင္ကြင္း။ (မွတ္တမ္းဓာတ္ပံု - ဒီဇင္ဘာ ၁၀၊ ၂၀၂၀)

[Zawgyi/Unicode]

ၿပီးခဲ့တဲ့ ဒီဇင္ဘာလ ၁၀ ရက္ေန႔က က်ေရာက္တဲ့ အျပည္ျပည္ဆိုင္ရာ လူ႔အခြင့္အေရးေန႔ကို ႀကိဳဆိုခဲ့ၾကတဲ့ ရခိုင္လူငယ္သံုးဦးကို ရဲတပ္ဖြဲ႔က ၿငိမ္းစုစီဥပေဒနဲ႔ တရားစြဲဆိုလိုက္တဲ့ အေၾကာင္း ေျပာခ်င္ပါတယ္။ ဗီြအိုေအျမန္မာပိုင္း သတင္းေထာက္ ကိုသက္ႏိုင္က ရခိုင္ကေန သတင္းေပးပို႔ထားပါတယ္။

လက္နက္ကိုင္ ပဋိပကၡေတြ ရွိခဲ့တဲ့ ရခိုင္ျပည္နယ္မွာ ဒီဇင္ဘာလ ၁၀ ရက္ေန႔က က်ေရာက္တဲ့ အျပည္ျပည္ဆိုင္ရာ လူ႔အခြင့္အေရးေန႔ကို ႀကိဳဆိုခဲ့ၾကတဲ့ ရခိုင္လူငယ္သံုးဦးကို ရဲတပ္ဖြဲ႔က ျငိမ္းခ်မ္းစြာ စုေ၀းခြင့္နဲ႔ စီတန္းလွည့္လည္ခြင့္ဆုိင္ရာ ဥပေဒပုဒ္မ ၁၉ နဲ႔ မေန႔ကတရားစြဲလိုက္ပါတယ္။

ၿငိမ္းစုစီနဲ႔ တရားစြဲဆိုလိုက္တဲ့အေပၚ ကိုယ္တိုင္တရားစြဲခံရတဲ့ ကိုသန္းလွက အခုလိုေျပာ ပါတယ္။

“ဒါကတရားမွ်တမႈ မရွိဘူးေပါ့ေလ... က်ေနာ္တို႔က ၿငိမ္းခ်မ္းေရးနဲ႔ တရားမွ်တမႉကို လိုလားတယ္။ အျပည္ျပည္ဆိုင္ရာ လူ႔အခြင့္ေရးေန႔ကို ႀကိဳဆိုတဲ့ အေနနဲ႔ လုပ္တာ။ လုပ္အခြင့္ အေရးေန႔ကို ႀကိဳဆိုတဲ့ သူေတြကို အဲဒီလိုမ်ိဳးလုပ္တာ အစိုးရအေနနဲ႔ ဖမ္းဆီးၿပီး တရားစြဲဆို တာဟာ မလုပ္သင့္တဲ့ လုပ္ရပ္ေတြ ျဖစ္တယ္။ တရားမွ်တမႈ မရွိဘူးေပါ့ေနာ္။”

တရားစြဲဆိုခံရတဲ့ လူငယ္သံုးဦးဟာ အျပည္ျပည္ဆိုင္ရာ လူ႔အခြင့္အေရးေန႔နဲ႔ အမ်ိဳးသမီး အၾကမ္းဖက္မႈ ပေပ်ာက္ေရး အထိမ္းအမွတ္အျဖစ္ လူ႔အခြင့္အေရးေတြကုိ ေလးစားလုိက္နာဖုိ႔ တုိက္တြန္းတဲ့အေနနဲ႔ ၿပီးခဲ့တဲ့ ဒီဇင္ဘာလ ၁၀ ရက္ေန႔က စစ္ေတြၿမိဳ႕မွာ လႈပ္ရွားခဲ့ၾကတာလည္းျဖစ္ပါတယ္။

ျမန္မာႏိုင္ငံမွာ လြတ္လြတ္လပ္စြာ ထုတ္ေဖာ္ေျပာဆိုခြင့္နဲ႔ ပတ္သတ္ၿပီး မၾကာခဏဆိုသလို ဖမ္းဆီးအေရးယူခံရတာေတြ ရွိတာေၾကာင့္ ဒီဥပေဒေတြကို ျပင္ဆင္သင့္တယ္လို႔လည္း အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ ေဒၚထုေမက ေျပာပါတယ္။

“လြတ္လပ္စြာ ဆႏၵေဖာ္ထုတ္တဲ့ အေျခအေနေပၚမွာ မူတည္ၿပီးေတာ့ ဖမ္းဆီးတာတို႔ဟာ ဒီမိုကေရစီအသြင္ကူးေျပာင္းေရး ကာလမွာ မျဖစ္ထိုက္ဘူး။ ၿပီးေတာ့ ဒီဟာနဲ႔ ပတ္သတ္တဲ့ ဥပေဒေတြကိုလည္း အတိုင္းအတာတစ္ခုအထိ ျပင္ဆင္ဖို႔လိုအပ္လာမွာပါရွင့္။ ဘာေၾကာင့္လဲ ဆိုေတာ့ လြတ္လြတ္စြာ ဆႏၵေဖာ္ထုတ္တဲ့ အခါမွာ က်မတို႔ ဆႏၵေဖာ္ထုတ္ဖို႔အတြက္ သက္ဆိုင္ရာေတြကို အေၾကာင္းၾကားရတာတို႔ အခုထိ ရွိေနေသးတယ္။ အမွန္ဆိုရင္ ျပည္သူေတြရဲ႕ ဘယ္သူ႔ကိုမွ မထိခိုက္ပဲ ဆႏၵေဖာ္ထုတ္မႈဟာ လြတ္လြတ္လပ္လပ္ပဲျဖစ္ သင့္တယ္။ ဒီအတြက္လည္း က်မတို႔ အမ်ားႀကီး ႀကိဳးပမ္းရအံုးမွာ ျဖစ္ပါတယ္ရွင့္။”

ၿငိမ္းခ်မ္းစြာ စုေဝးခြင့္နဲ႔ ၿငိမ္းခ်မ္းစြာ စီတန္းလွည့္လည္ျခင္းဆိုင္ရာ ဥပေဒပုဒ္မ ၁၉ အရ အမ်ားဆံုး ေထာင္ဒဏ္ သံုးလကေန၊ ေငြဒဏ္ ၃၀,၀၀၀ ဒါမွမဟုတ္ ျပစ္ဒဏ္ ၂ ခုစလုံးကုိ လည္း က်ခံရႏုိင္ပါတယ္။ လူ႔အခြင့္အေရးကုိ ေလးစားလုိက္နာဖုိ႔ ရည္ရြယ္ခ်က္နဲ႔ လႈပ္ရွားသူ ေတြကုိ အာဏာပုိင္ေတြက တရားစြဲတာဟာ မျဖစ္သင့္သလို လာမည့္ အစိုးရသစ္ လက္ထက္မွာ ဒီဥပေဒေတြကို ျပင္ဆင္ဖို႔လုိအပ္တယ္လို႔လည္း ညီမွ်ျခင္းျမန္မာရဲ႕ ဦးေဆာင္ ဒါရိုက္တာ ဦးေအာင္မ်ိဳးမင္းကေျပာပါတယ္။

“ႏိုင္ငံတကာကေန က်င္းပေနတဲ့ လူ႔အခြင့္အေရးေန႔မွာ အခုလိုမ်ိဳး ဖမ္းဆီးမႈအရကေတာ့ ပိုၿပီးေတာ့ အာရံုစိုက္စရာျဖစ္သလို ပိုၿပီးေတာ့ ဒါကို ေထာက္ျပစရာျဖစ္သြားပါတယ္။ ဒီလိုမ်ိဳးျဖစ္ေနတဲ့ ကိစၥတစ္ခုတည္း မကဘူး။ ၿငိမ္းခ်မ္းစြာ စုေဝးတာေတြ ၿငိမ္းခ်မ္းစြာထုတ္ ေဖာ္ေျပာဆိုတာေတြ အစိုးရရဲ႕ အားနည္းခ်က္ကို ေထာက္ျပတဲ့ ကိစၥအားလံုးကို ဖမ္းဆီးအေရး ယူႏုိင္တဲ့ ဥပေဒေတြကို ဖ်က္ဖို႔လိုအပ္ပါၿပီ။ လာမည့္အစိုးရအေနနဲ႔ ေရြးေကာက္ပြဲ ကာလမွာ ေျပာထားသလို တကယ္တရားဥပေဒ စိုးမိုးေရးနဲ႔ လူ႔အခြင့္အေရးကိစၥေတြကို အမွန္တကယ္ ေဆာင္ရြက္မယ္ဆိုရင္ေတာ့ ဒီလိုမ်ိဳး မတရားတဲ့ ဥပေဒေတြကို ထည့္သြင္းစဥ္းစားၿပီးေတာ့ အျမန္ဆံုး ျပဳျပင္ေျပာင္းလဲဖို႔ လိုအပ္ပါအံုးမယ္ခင္ဗ်ာ။”

ရခုိင္ျပည္နယ္မွာ တပ္မေတာ္နဲ႔ AA ရခုိင္လက္နက္ကုိင္ အဖဲြ႔တုိ႔ရဲ႕ စစ္ေရးပဋိပကၡေတြၾကား ေဒသခံေတြ လူ႔အခြင့္အေရး ခ်ဳိးေဖာက္မႈေတြ ရင္ဆုိင္ေနရတဲ့အေပၚ ကုလသမဂၢ အပါအ၀င္ ႏုိင္ငံတကာ အသုိင္းအဝန္းနဲ႔ တက္ၾကြလႈပ္ရွားသူေတြကပါ စုိးရိမ္တဲ့ သေဘာထားေတြကုိလည္း ေျပာဆုိထားၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

အခွင့်အရေးတောင်းဆိုသူ ရခိုင်လူငယ် ၃ ယောက် တရားစွဲခံရ

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၀ ရက်နေ့က ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ကို ကြိုဆိုခဲ့ကြတဲ့ ရခိုင်လူငယ်သုံးဦးကို ရဲတပ်ဖွဲ့က ငြိမ်းစုစီဥပဒေနဲ့ တရားစွဲဆိုလိုက်တဲ့ အကြောင်း ပြောချင်ပါတယ်။ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုသက်နိုင်က ရခိုင်ကနေ သတင်းပေးပို့ထားပါတယ်။

လက်နက်ကိုင် ပဋိပက္ခတွေ ရှိခဲ့တဲ့ ရခိုင်ပြည်နယ်မှာ ဒီဇင်ဘာလ ၁၀ ရက်နေ့က ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ကို ကြိုဆိုခဲ့ကြတဲ့ ရခိုင်လူငယ်သုံးဦးကို ရဲတပ်ဖွဲ့က ငြိမ်းချမ်းစွာ စုဝေးခွင့်နဲ့ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေပုဒ်မ ၁၉ နဲ့ မနေ့ကတရားစွဲလိုက်ပါတယ်။

ငြိမ်းစုစီနဲ့ တရားစွဲဆိုလိုက်တဲ့အပေါ် ကိုယ်တိုင်တရားစွဲခံရတဲ့ ကိုသန်းလှက အခုလိုပြော ပါတယ်။

“ဒါကတရားမျှတမှု မရှိဘူးပေါ့လေ... ကျနော်တို့က ငြိမ်းချမ်းရေးနဲ့ တရားမျှတမှူကို လိုလားတယ်။ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်ရေးနေ့ကို ကြိုဆိုတဲ့ အနေနဲ့ လုပ်တာ။ လုပ်အခွင့် အရေးနေ့ကို ကြိုဆိုတဲ့ သူတွေကို အဲဒီလိုမျိုးလုပ်တာ အစိုးရအနေနဲ့ ဖမ်းဆီးပြီး တရားစွဲဆို တာဟာ မလုပ်သင့်တဲ့ လုပ်ရပ်တွေ ဖြစ်တယ်။ တရားမျှတမှု မရှိဘူးပေါ့နော်။”

တရားစွဲဆိုခံရတဲ့ လူငယ်သုံးဦးဟာ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့နဲ့ အမျိုးသမီး အကြမ်းဖက်မှု ပပျောက်ရေး အထိမ်းအမှတ်အဖြစ် လူ့အခွင့်အရေးတွေကို လေးစားလိုက်နာဖို့ တိုက်တွန်းတဲ့အနေနဲ့ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၀ ရက်နေ့က စစ်တွေမြို့မှာ လှုပ်ရှားခဲ့ကြတာလည်းဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ လွတ်လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နဲ့ ပတ်သတ်ပြီး မကြာခဏဆိုသလို ဖမ်းဆီးအရေးယူခံရတာတွေ ရှိတာကြောင့် ဒီဥပဒေတွေကို ပြင်ဆင်သင့်တယ်လို့လည်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ထုမေက ပြောပါတယ်။

“လွတ်လပ်စွာ ဆန္ဒဖော်ထုတ်တဲ့ အခြေအနေပေါ်မှာ မူတည်ပြီးတော့ ဖမ်းဆီးတာတို့ဟာ ဒီမိုကရေစီအသွင်ကူးပြောင်းရေး ကာလမှာ မဖြစ်ထိုက်ဘူး။ ပြီးတော့ ဒီဟာနဲ့ ပတ်သတ်တဲ့ ဥပဒေတွေကိုလည်း အတိုင်းအတာတစ်ခုအထိ ပြင်ဆင်ဖို့လိုအပ်လာမှာပါရှင့်။ ဘာကြောင့်လဲ ဆိုတော့ လွတ်လွတ်စွာ ဆန္ဒဖော်ထုတ်တဲ့ အခါမှာ ကျမတို့ ဆန္ဒဖော်ထုတ်ဖို့အတွက် သက်ဆိုင်ရာတွေကို အကြောင်းကြားရတာတို့ အခုထိ ရှိနေသေးတယ်။ အမှန်ဆိုရင် ပြည်သူတွေရဲ့ ဘယ်သူ့ကိုမှ မထိခိုက်ပဲ ဆန္ဒဖော်ထုတ်မှုဟာ လွတ်လွတ်လပ်လပ်ပဲဖြစ် သင့်တယ်။ ဒီအတွက်လည်း ကျမတို့ အများကြီး ကြိုးပမ်းရအုံးမှာ ဖြစ်ပါတယ်ရှင့်။”

ငြိမ်းချမ်းစွာ စုဝေးခွင့်နဲ့ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေပုဒ်မ ၁၉ အရ အများဆုံး ထောင်ဒဏ် သုံးလကနေ၊ ငွေဒဏ် ၃၀,၀၀၀ ဒါမှမဟုတ် ပြစ်ဒဏ် ၂ ခုစလုံးကို လည်း ကျခံရနိုင်ပါတယ်။ လူ့အခွင့်အရေးကို လေးစားလိုက်နာဖို့ ရည်ရွယ်ချက်နဲ့ လှုပ်ရှားသူ တွေကို အာဏာပိုင်တွေက တရားစွဲတာဟာ မဖြစ်သင့်သလို လာမည့် အစိုးရသစ် လက်ထက်မှာ ဒီဥပဒေတွေကို ပြင်ဆင်ဖို့လိုအပ်တယ်လို့လည်း ညီမျှခြင်းမြန်မာရဲ့ ဦးဆောင် ဒါရိုက်တာ ဦးအောင်မျိုးမင်းကပြောပါတယ်။

“နိုင်ငံတကာကနေ ကျင်းပနေတဲ့ လူ့အခွင့်အရေးနေ့မှာ အခုလိုမျိုး ဖမ်းဆီးမှုအရကတော့ ပိုပြီးတော့ အာရုံစိုက်စရာဖြစ်သလို ပိုပြီးတော့ ဒါကို ထောက်ပြစရာဖြစ်သွားပါတယ်။ ဒီလိုမျိုးဖြစ်နေတဲ့ ကိစ္စတစ်ခုတည်း မကဘူး။ ငြိမ်းချမ်းစွာ စုဝေးတာတွေ ငြိမ်းချမ်းစွာထုတ် ဖော်ပြောဆိုတာတွေ အစိုးရရဲ့ အားနည်းချက်ကို ထောက်ပြတဲ့ ကိစ္စအားလုံးကို ဖမ်းဆီးအရေး ယူနိုင်တဲ့ ဥပဒေတွေကို ဖျက်ဖို့လိုအပ်ပါပြီ။ လာမည့်အစိုးရအနေနဲ့ ရွေးကောက်ပွဲ ကာလမှာ ပြောထားသလို တကယ်တရားဥပဒေ စိုးမိုးရေးနဲ့ လူ့အခွင့်အရေးကိစ္စတွေကို အမှန်တကယ် ဆောင်ရွက်မယ်ဆိုရင်တော့ ဒီလိုမျိုး မတရားတဲ့ ဥပဒေတွေကို ထည့်သွင်းစဉ်းစားပြီးတော့ အမြန်ဆုံး ပြုပြင်ပြောင်းလဲဖို့ လိုအပ်ပါအုံးမယ်ခင်ဗျာ။”

ရခိုင်ပြည်နယ်မှာ တပ်မတော်နဲ့ AA ရခိုင်လက်နက်ကိုင် အဖွဲ့တို့ရဲ့ စစ်ရေးပဋိပက္ခတွေကြား ဒေသခံတွေ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရင်ဆိုင်နေရတဲ့အပေါ် ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အသိုင်းအဝန်းနဲ့ တက်ကြွလှုပ်ရှားသူတွေကပါ စိုးရိမ်တဲ့ သဘောထားတွေကိုလည်း ပြောဆိုထားကြပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG