သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အၾကမ္းဖက္မႈနဲ႔ တရားစြဲခံရသူလူငယ္က်န္းမာေရး မိသားစုစုိးရိမ္


ရခိုင္ စစ္ေရွာင္တခ်ိဳ႕။ (မွတ္တမ္းဓာတ္ပံု - Rakhine Ethnics Congress)

[Zawgyi/Unicode]

AA ရခိုင္လက္နက္ကိုင္အဖြဲ႕နဲ႔ ဆက္စပ္တယ္ဆိုျပီး အၾကမ္းဖက္မႈဥပေဒပုဒ္မနဲ႔ တရားစြဲဆိုခံရတဲ့ ခ်င္းျပည္နယ္ ပလက္၀ျမိဳ႕ခံ လူငယ္ေတြ မိသားစုနဲ႔ ေတြ႕ခြင့္မရသလို က်န္းမာေရးအေျခအေန ဆိုးရြားေနတဲ့အေၾကာင္းကို ဗီြအိုေအျမန္မာပိုင္း သတင္းေထာက္ ကိုႏိုင္ကြန္းအိန္က ေျပာျပေပးပါမယ္။

အၾကမ္းဖက္ဥပေဒ ပုဒ္မ ၅၂ (က)၊ ၅၂ (ခ)တို႔နဲ႔ တရားစြဲဆိုခံထားရတဲ့ ခ်င္းျပည္နယ္ပလက္၀ျမိဳ႕ ျမိဳ႕မရပ္ကြက္က ကိုစိုးေက်ာ္လင္း အသက္ ၁၇ ႏွစ္ႏွင့္ ကိုထြန္းလင္းေဇာ္ အသက္ ၂၉ ႏွစ္တို႔ဟာ မိသားစုနဲ႔ ေတြ႕ခြင့္မရေသးသလို ကိုစိုးေက်ာ္လင္းဟာလည္း က်န္းမာေရးအေျခအေနဆိုးရြားေနတယ္လို႔ မိခင္ျဖစ္သူ ေဒၚေဒါင္းမေလးက ေျပာပါတယ္။

“က်န္းမာေရး မေကာင္းဘူးသူက။ ရံုးထုတ္တဲ့အခါ သိတာ။ လမ္းေလွ်ာက္လို႔ မရဘူး။ က်မတို႔ေတြ႕ခြင့္မရဘူး။ ရံုးထုတ္တဲ့အခါမွ ၅ မိနစ္ေတြ႕ခြင့္ရတယ္၊ က်မတို႔ သြားရံုနဲ႔ အေျဖကမေပၚဘူး အခုထိ။”

ကိုထြန္းလင္းေဇာ္နဲ႔ ကိုစိုးေက်ာ္လင္းဟာ အၾကမ္းဖက္ဥပေဒ ပုဒ္မနဲ႔ တရားစြဲျခင္းခံေနရၿပီး႐ုံးခ်ိန္း ၅ ႀကိမ္ ေခၚယူစစ္ဆးၿပီးေပမဲ့ အခ်ဳပ္ထဲမွာ မိသားစုဝင္ေတြနဲ႔ ေတြ႕ဆုံခြင့္တစ္ႀကိမ္တစ္ခါမွ် မရရွိေသးဘူးလို႔ သူမက ဆိုပါတယ္။

ကိုစိုးေက်ာ္လင္းနဲ႔ ကိုထြန္းလင္းေဇာ္တို႔ ႏွစ္ဦးဟာ စက္တင္ဘာလ ၂၄ ရက္ေန႔က ပလက္ဝၿမိဳ႕နယ္ စိမ္းစင္း ေက်းရြာမွာ ရွိတဲ့ တံတားေဆာက္လုပ္ဖို႔ သြားရာမွာ သူတို႔ ႏွစ္ဦးကို တပ္မေတာ္ ခမရ ၂၈၉ တပ္ရင္းက ဖမ္းဆီးခဲ့ျပီး အၾကမ္းဖက္ဥပေဒ ပုဒ္မနဲ႔ တရားစြဲဆိုခဲ့တာပါ။

ကိုစိုးေက်ာ္လင္းနဲ႔ ကိုထြန္းလင္းေဇာ္တို႔ ႏွစ္ဦး ျပစ္မႈ က်ဴးလြန္တာ မရွိဘူးလို႔ မိခင္ျဖစ္သူကဆိုပါတယ္။

“က်မတို႔လည္း မဟုတ္ဘဲနဲ႔ အခ်ဳပ္ခံခဲ့ရတယ္ေလ သားေလးက။”

အလားတူ ဧျပီလ ၁၂ ရက္ေန ့ပလက္ဝျမိဳ႕နယ္ စိမ္းစင္းေက်းရြာကေန အစုိးရတပ္မေတာ္ကဖမ္းဆီးသြားတဲ့ ေမာင္ေအာင္ထြန္းႏုိင္ အသက္ ၁၇ ႏွစ္ဟာလည္း စစ္ေၾကာေရးမွာ ေသဆုံးေၾကာင္း သတင္းထြက္ေပၚေနေပမဲ့ သီးျခား အတည္မျပဳနိုင္ေသးပါဘူး။

ရခိုင္လက္နက္ကိုင္ AA အဖြဲ႕နဲ႔ ျမန္မာစစ္တပ္တို႔ အၾကားစစ္ေရးတင္းမာေနတဲ့ ရခိုင္ျပည္နယ္ေျမာက္ပိုင္းေဒသနဲ႔ ခ်င္းျပည္နယ္ ပလက္၀ျမိဳ႕နယ္မွာ လက္နက္ကိုင္အဖြဲ႕နဲ႔ ဆက္စပ္တယ္ဆိုျပီး သံသယနဲ႔ ဖမ္းဆီးခံရသူေတြ မ်ားျပားလာေနပါတယ္။

အခုလိုသံသယနဲ႔ ဖမ္းဆီးထားတဲ့အေပၚ ရခိုင္အမ်ိဳးသားပါတီ ပါတီမူဝါဒေရးရာ ဦးေဆာင္ေကာ္မတီ အဖြဲ႕ဝင္ေဒၚေအးႏုစိန္ကအခုလိုေျပာပါတယ္။

“AA အဖြဲ႕နဲ႔ လုံး၀ မဆက္မစပ္သူေတြကလည္း တကယ့္ကို ဒုကၡေရာက္ျပီးေတာ့ ဖမ္းဆီးတယ္၊ ေသေၾကတယ္၊ ေပ်ာက္ဆုံးတယ္၊ ေထာင္ထဲမွာ ရွိတယ္။ ဒါမ်ိဳးေတြ ရွိေနတယ္ေလ။ ဒါေတြကေတာ့ မျဖစ္ေကာင္းဘူးလို႔ဘဲ က်မေျပာခ်င္တယ္။”

ၿပီးခဲ့တဲ့ ႏိုဝင္ဘာလ ၂၇ ရက္ေန႔က ျပဳလုပ္ခဲ့တဲ့ တပ္မေတာ္သတင္းစာရွင္းလင္းပြဲမွာေတာ့ သံသယနဲ႔ ဖမ္းဆီးျခင္းခံထားရတဲ့ အရပ္သားေတြ ျပန္လည္လြတ္ေျမာက္ေရးအတြက္ သက္ေသအေထာက္အထားနဲ႔ သက္ဆိုင္ရာ ရဲစခန္းေတြမွာ တုိင္ခ်က္ဖြင့္ႏိုင္ေၾကာင္း တပ္မေတာ္သတင္းမွန္ ျပန္ၾကားေရးအဖြဲ႔ဥကၠ႒ ဗိုလ္ခ်ဳပ္ ေဇာ္မင္းထြန္း က ေျပာဆိုထားပါတယ္။

ခ်င္းျပည္နယ္၊ ပလက္ဝျမဳိ႕နယ္နဲ႔ ရခုိင္ျပည္နယ္အတြင္း တပ္မေတာ္ႏွင့္ AA တုိ႔ၾကားျဖစ္ပြားခဲ့တဲ့ စစ္ေရး ပဋိပကၡအေၾကာင္းျပဳျပီး အေၾကာင္းမဲ့ ဖမ္းဆီးခံရတဲ့ အျပစ္မဲ့အရပ္သားျပည္သူေတြကို ဘယ္အဖြဲ႕က ဖမ္းဆီးတာျဖစ္ေစ အျမန္ဆုံးလႊတ္ေပးဖို႔ သက္ဆုိင္ရာအဖြဲ႔အစည္းေတြကို အေလးအနက္တုိက္တြန္းထားေၾကာင္း ခူမီးခ်င္းလူမ်ဳိးႏြယ္စုမ်ား ေပါင္းစပ္ညႇိႏႈိင္းေရးေကာင္စီ KACC က ဒီရက္ပိုင္းထုတ္ျပန္ခ်က္မွာ ေဖၚျပထားပါတယ္။

ရခုိင္ျပည္နယ္မွာ ၂ ႏွစ္နီးပါးၾကာ လက္နက္ကုိင္ ပဋိပကၡေတြအတြင္း ကေလးငယ္ေတြ အပါအ၀င္ ေဒသခံေတြ ဖမ္းဆီးခံရမႈ ထိခုိက္ေသေၾကမႈေတြနဲ႔ လူ႔အခြင့္အေရး ခ်ဳိးေဖာက္ခံရမႈေတြအေပၚ ကုလသမဂၢအပါအ၀င္ ႏုိင္ငံတကာ အသုိင္းအ၀န္းကလည္း စုိးရိမ္တဲ့ သေဘာထားေတြကုိ ေျပာဆုိထားၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

အကြမ်းဖက်မှုနဲ့ တရားစွဲခံရသူလူငယ်ကျန်းမာရေး မိသားစုစိုးရိမ်

AA ရခိုင်လက်နက်ကိုင်အဖွဲ့နဲ့ ဆက်စပ်တယ်ဆိုပြီး အကြမ်းဖက်မှုဥပဒေပုဒ်မနဲ့ တရားစွဲဆိုခံရတဲ့ ချင်းပြည်နယ် ပလက်ဝမြို့ခံ လူငယ်တွေ မိသားစုနဲ့ တွေ့ခွင့်မရသလို ကျန်းမာရေးအခြေအနေ ဆိုးရွားနေတဲ့အကြောင်းကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုနိုင်ကွန်းအိန်က ပြောပြပေးပါမယ်။

အကြမ်းဖက်ဥပဒေ ပုဒ်မ ၅၂ (က)၊ ၅၂ (ခ)တို့နဲ့ တရားစွဲဆိုခံထားရတဲ့ ချင်းပြည်နယ်ပလက်ဝမြို့ မြို့မရပ်ကွက်က ကိုစိုးကျော်လင်း အသက် ၁၇ နှစ်နှင့် ကိုထွန်းလင်းဇော် အသက် ၂၉ နှစ်တို့ဟာ မိသားစုနဲ့ တွေ့ခွင့်မရသေးသလို ကိုစိုးကျော်လင်းဟာလည်း ကျန်းမာရေးအခြေအနေဆိုးရွားနေတယ်လို့ မိခင်ဖြစ်သူ ဒေါ်ဒေါင်းမလေးက ပြောပါတယ်။

“ကျန်းမာရေး မကောင်းဘူးသူက။ ရုံးထုတ်တဲ့အခါ သိတာ။ လမ်းလျှောက်လို့ မရဘူး။ ကျမတို့တွေ့ခွင့်မရဘူး။ ရုံးထုတ်တဲ့အခါမှ ၅ မိနစ်တွေ့ခွင့်ရတယ်၊ ကျမတို့ သွားရုံနဲ့ အဖြေကမပေါ်ဘူး အခုထိ။”

ကိုထွန်းလင်းဇော်နဲ့ ကိုစိုးကျော်လင်းဟာ အကြမ်းဖက်ဥပဒေ ပုဒ်မနဲ့ တရားစွဲခြင်းခံနေရပြီးရုံးချိန်း ၅ ကြိမ် ခေါ်ယူစစ်ဆးပြီးပေမဲ့ အချုပ်ထဲမှာ မိသားစုဝင်တွေနဲ့ တွေ့ဆုံခွင့်တစ်ကြိမ်တစ်ခါမျှ မရရှိသေးဘူးလို့ သူမက ဆိုပါတယ်။

ကိုစိုးကျော်လင်းနဲ့ ကိုထွန်းလင်းဇော်တို့ နှစ်ဦးဟာ စက်တင်ဘာလ ၂၄ ရက်နေ့က ပလက်ဝမြို့နယ် စိမ်းစင်း ကျေးရွာမှာ ရှိတဲ့ တံတားဆောက်လုပ်ဖို့ သွားရာမှာ သူတို့ နှစ်ဦးကို တပ်မတော် ခမရ ၂၈၉ တပ်ရင်းက ဖမ်းဆီးခဲ့ပြီး အကြမ်းဖက်ဥပဒေ ပုဒ်မနဲ့ တရားစွဲဆိုခဲ့တာပါ။

ကိုစိုးကျော်လင်းနဲ့ ကိုထွန်းလင်းဇော်တို့ နှစ်ဦး ပြစ်မှု ကျူးလွန်တာ မရှိဘူးလို့ မိခင်ဖြစ်သူကဆိုပါတယ်။

“ကျမတို့လည်း မဟုတ်ဘဲနဲ့ အချုပ်ခံခဲ့ရတယ်လေ သားလေးက။”

အလားတူ ဧပြီလ ၁၂ ရက်နေ့ပလက်ဝမြို့နယ် စိမ်းစင်းကျေးရွာကနေ အစိုးရတပ်မတော်ကဖမ်းဆီးသွားတဲ့ မောင်အောင်ထွန်းနိုင် အသက် ၁၇ နှစ်ဟာလည်း စစ်ကြောရေးမှာ သေဆုံးကြောင်း သတင်းထွက်ပေါ်နေပေမဲ့ သီးခြား အတည်မပြုနိုင်သေးပါဘူး။

ရခိုင်လက်နက်ကိုင် AA အဖွဲ့နဲ့ မြန်မာစစ်တပ်တို့ အကြားစစ်ရေးတင်းမာနေတဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသနဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်မှာ လက်နက်ကိုင်အဖွဲ့နဲ့ ဆက်စပ်တယ်ဆိုပြီး သံသယနဲ့ ဖမ်းဆီးခံရသူတွေ များပြားလာနေပါတယ်။

အခုလိုသံသယနဲ့ ဖမ်းဆီးထားတဲ့အပေါ် ရခိုင်အမျိုးသားပါတီ ပါတီမူဝါဒရေးရာ ဦးဆောင်ကော်မတီ အဖွဲ့ဝင်ဒေါ်အေးနုစိန်ကအခုလိုပြောပါတယ်။

“AA အဖွဲ့နဲ့ လုံး၀ မဆက်မစပ်သူတွေကလည်း တကယ့်ကို ဒုက္ခရောက်ပြီးတော့ ဖမ်းဆီးတယ်၊ သေကြေတယ်၊ ပျောက်ဆုံးတယ်၊ ထောင်ထဲမှာ ရှိတယ်။ ဒါမျိုးတွေ ရှိနေတယ်လေ။ ဒါတွေကတော့ မဖြစ်ကောင်းဘူးလို့ဘဲ ကျမပြောချင်တယ်။”

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၇ ရက်နေ့က ပြုလုပ်ခဲ့တဲ့ တပ်မတော်သတင်းစာရှင်းလင်းပွဲမှာတော့ သံသယနဲ့ ဖမ်းဆီးခြင်းခံထားရတဲ့ အရပ်သားတွေ ပြန်လည်လွတ်မြောက်ရေးအတွက် သက်သေအထောက်အထားနဲ့ သက်ဆိုင်ရာ ရဲစခန်းတွေမှာ တိုင်ချက်ဖွင့်နိုင်ကြောင်း တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့ဥက္ကဋ္ဌ ဗိုလ်ချုပ် ဇော်မင်းထွန်း က ပြောဆိုထားပါတယ်။

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်နဲ့ ရခိုင်ပြည်နယ်အတွင်း တပ်မတော်နှင့် AA တို့ကြားဖြစ်ပွားခဲ့တဲ့ စစ်ရေး ပဋိပက္ခအကြောင်းပြုပြီး အကြောင်းမဲ့ ဖမ်းဆီးခံရတဲ့ အပြစ်မဲ့အရပ်သားပြည်သူတွေကို ဘယ်အဖွဲ့က ဖမ်းဆီးတာဖြစ်စေ အမြန်ဆုံးလွှတ်ပေးဖို့ သက်ဆိုင်ရာအဖွဲ့အစည်းတွေကို အလေးအနက်တိုက်တွန်းထားကြောင်း ခူမီးချင်းလူမျိုးနွယ်စုများ ပေါင်းစပ်ညှိနှိုင်းရေးကောင်စီ KACC က ဒီရက်ပိုင်းထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။

ရခိုင်ပြည်နယ်မှာ ၂ နှစ်နီးပါးကြာ လက်နက်ကိုင် ပဋိပက္ခတွေအတွင်း ကလေးငယ်တွေ အပါအဝင် ဒေသခံတွေ ဖမ်းဆီးခံရမှု ထိခိုက်သေကြေမှုတွေနဲ့ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုတွေအပေါ် ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာ အသိုင်းအဝန်းကလည်း စိုးရိမ်တဲ့ သဘောထားတွေကို ပြောဆိုထားကြပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

စိတ္၀င္စားဖြယ္ ...

XS
SM
MD
LG