သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ပလက္ဝ လမ္းပန္းဆက္သြယ္ေရး ပိတ္ထားဆဲရွိတာေၾကာင့္ ေဒသခံေတြအခက္ၾကံဳ


ခ်င္းျပည္နယ္ ပလက္၀ၿမိဳ႕။ (ဓာတ္ပံု - CUSF - Paletwa)

[Zawgyi/Unicode]

စစ္ေရးပဋိပကၡေတြရွိခဲ့တဲ့ ခ်င္းျပည္နယ္ ပလက္ဝၿမိဳ႕နယ္မွာ တိုက္ပြဲေတြ ရပ္ေနတယ္ ဆိုေပမယ့္ လက္ရွိအခ်ိန္ထိ လမ္းပန္းဆက္သြယ္ေရး မဖြင့္ေသးတာေၾကာင့္ေဒသခံေတြ အခက္ႀကံဳေနရတဲ့ အေၾကာင္းေျပာခ်င္ပါတယ္။ ဗီြအိုေအျမန္မာပိုင္း သတင္းေထာက္ ကိုသက္ႏိုင္က သတင္းေပးပို႔ထားပါတယ္။

ရခိုင္ျပည္နယ္မွာ ေရြးေကာက္ပြဲ ျပန္လည္က်င္းပေပးဖို႔ ရခိုင္လက္နက္ကိုင္ AA အဖြဲ႔ရဲ႕ ကမ္းလွမ္းခ်က္ကို တပ္မေတာ္က လက္ခံႀကိဳဆိုၿပီးတဲ့ ေနာက္ပိုင္းမွာ တိုက္ပြဲေတြ ရပ္ဆိုင္း ေနတယ္ဆိုေပမယ့္ ခ်င္းျပည္နယ္ပလက္ဝၿမိဳ႕နယ္မွာေတာ့ လမ္းပန္းဆက္သြယ္ေရးေတြ ခက္ခဲေနဆဲျဖစ္ပါတယ္။

မေန႔ကကလည္း ပလက္ဝၿမိဳ႕နယ္ ဒံုးလက္ဝၿမိဳ႕နယ္အတြင္းက အမ်ိဳးသမီးတစ္ဦး ကေလး ေမြးဖြားၿပီး ေသြးလြန္ေနတာေၾကာင့္ ပလက္ဝေဆးရံုကို ပို႔ေဆာင္ရာမွာ လမ္းခရီးၾကန္႔ၾကာၿပီး ေသဆံုးသြားခဲ့တယ္လို႔ ဒံုးလက္ဝ ေဒသခံ ဦးမဲလင္းက ေျပာပါတယ္။

“သူတို႔ေျပာတာက စက္ေလွနဲ႔ ဆင္းတယ္။ ဂိတ္ေတြမွာ စစ္တာေမးတာေတြ ရွိေတာ့မွတ္ပံုတင္ေတြ၊ ဘာေတြ စစ္ရင္ အေတာ္ၾကာတယ္လို႔ ဒီလုိေျပာတယ္။ ပထမေတာ့ ဒလက္ေမကို ခ်တယ္။ အဲဒီမွာ ေဆးေတြ၊ ဘာေတြ မရွိေတာ့ ပလက္ဝကို လြတ္တယ္လို႔ေျပာတယ္။ ပလက္ဝကို သြားေတာ့ လမ္းမွာက အခ်ိန္မွန္က ေရာက္ရမယ့္အခ်ိန္ မေရာက္ေတာ့ အခက္အခဲႀကံဳရတယ္လို႔ ဒီလိုေျပာတယ္။”

အသက္ ၃၀ ေက်ာ္ရွိတဲ့ အဲဒီအမ်ိဳးသမီးဟာ မေန႔က မနက္ပိုင္းမွာ ေက်းရြာအတြင္း ကေလး ေမြးဖြားစဥ္ အေရးေပၚအေျခအေနေၾကာင့္ ပလက္ဝေဆးရံုကို ပို႔ေဆာင္ခဲ့ေပမဲ့ ကေလးနဲ႔ မိခင္ပါေသဆံုးခဲ့တယ္လို႔ ပလက္ဝၿမိဳ႕နယ္ ေဆးရံုအုပ္ ေဒါက္တာ စိုးထက္ဝင္း ကေျပာပါတယ္။

“ဒံုးလက္ဝဘက္က လာတဲ့ ကိုယ္ဝန္သယ္ကေတာ့ က်ေနာ္တို႔ဆီကို ေလးနာရီခြဲေလာက္မွာ ေရာက္တယ္။ ေရာက္ေတာ့ အမ်ိဳးသမီးက ေသေနၿပီဗ်ာ။ သူတို႔ေျပာတာေတာ့ ျမစ္ကမ္းနား အထိေတာ့ စကားေမးလို႔ ရေသးတယ္။ အဲဒီေနာက္ပိုင္းေတာ့ ေခၚလို႔ကို မရေတာ့ဘူး။ ကေလးကေတာ့ အိမ္မွာေမြးတယ္လို႔ ေျပာတယ္ဗ်ာ။ ရြာမွာ ၇ နာရီေလာက္က ေမြးတယ္။ သူတို႔ေျပာတာေတာ့ ၇ လနဲ႔ ေမြးတယ္လို႔ေျပာတယ္။ ကေလးပါ မလာဘူး၊ ကေလးကလည္း အေသေမြးတယ္လို႔ ေျပာတယ္။ ေမြးၿပီးတဲ့ အခါ သူတို႔က အခ်င္းမက်ဘဲနဲ႔ ေသြးေတြ ထြက္ေနလို႔ ဆိုၿပီးေတာ့မွ ဒီဘက္ကို လာၾကတာ။”

အဲဒီအမ်ိဳးသမီးကို လမ္းမွာ တပ္မေတာ္က စစ္ေဆးေနတာေၾကာင့္ အခ်ိန္မီေဆးရံု မေရာက္လို႔ ေသဆံုးရတာျဖစ္တယ္လို႔ ေဒသခံေတြက ေျပာဆိုၾကေပမဲ့ ပလက္ဝၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးေအာင္ေလာဟာကေတာ့ အေရးေပၚအေျခအေနေတြကို သြားလာဖို႔ခြင့္ျပဳေပးထားေပမယ့္ လံုၿခံဳေရး တပ္ဖြဲ႔ဝင္ေတြ မသိရွိတာျဖစ္ႏိုင္တယ္လို႔ ေျပာပါတယ္။

“တစ္ခုခု အေရးေပၚလူနာဆိုရင္ေတာ့ ခြင့္ျပဳမယ္လို႔ သူတို႔ တပ္မမႉးကိုယ္တိုင္ေျပာထား တာ ရွိပါတယ္။ အဲဒီလိုမ်ိဳး အေရးေပၚဆိုရင္ေတာ့ ဘယ္အခ်ိန္မဆို သူ႔ကို ဆက္ပါ။ ခြင့္ျပဳေပးမယ္ ဆိုၿပီး အဲဒီလိုေတာ့ မွာထားပါတယ္။ ဒါေပမဲ့ ေအာက္ေျခမွာက်ေတာ့လည္း အဲဒီသတင္းေတြက သိခ်င္မွလည္း သိမွာေပါ့။ လုံၿခံဳေရး အေစာင့္ေတြေရာ၊ ျပည္သူေတြေရာ သိခ်င္မွ သိမယ္၊ အဲဒီလိုအေနအထားရွိတယ္။”

ပလက္ဝၿမိဳ႕နယ္အတြင္းမွာ ကုန္းလမ္းေရလမ္းေတြ ျပန္မဖြင့္ေသးတာေၾကာင့္ ကုန္ေစ်းႏႉန္းေတြလည္း ျမင့္တက္ေနသလို ေဒသခံေတြရဲ႕ က်န္းမာေရးနဲ႔ စားဝတ္ေနေရးေတြလည္း ခက္ခဲေနတယ္လို႔ ေဒသခံဦးမဲလင္းက ေျပာပါတယ္။

“က်ေနာ္တို႔က ကုလားတန္ျမစ္ကိုပဲ အဓိက ထားလို႔ သြားရတာလည္ အခုက သြားရင္ ဂိတ္တို႔၊ ဘာတို႔မွာ စစ္ေဆးတာေပါ့။ က်ေနာ္တို႔ကေတာ့ လမ္းဖြင့္ဖို႔လုိတယ္။ လြတ္လပ္လြတ္လပ္သြားလို႔လာလို႔ရရင္ က်န္းမာေရး အခက္အခဲေရာ က်ေနာ္တို႔နယ္ေျမမွာ က်န္းမာေရးဌာန ရွိေပမဲ့ သြားဖြားဆရာမဆိုရင္လည္း တစ္အုပ္လံုးမွာ တစ္ေယာက္ပဲရွိတာကို အခုက လမ္းအေျခအေနအရ သြားရလာရ ခက္ခဲေတာ့ သူတို႔လည္း မလာဘူးေလ။”

ပလက္ဝၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမွဴးကေတာ့ ဦးေအာင္ေလာဟာကေတာ့ တိုက္ပြဲေတြ ၿငိမ္သက္ေနတယ္ဆိုေပမယ့္ လမ္းခရီးေတြကေတာ့ တရားဝင္သြားလာလို႔မရတဲ့ အေနအထားရွိေနတယ္လို႔ ေျပာပါတယ္။

“သြားလာေရးက လံုၿခံဳေရးအရ သူတို႔ဆီက မသကၤာစရာ သူစိမ္းေတြကို စစ္ေဆးၿပီးမွ သူတို႔ဆီက ေထာက္ခံစာ ေပးတယ္။ ေထာက္ခံခ်က္နဲ႔ပဲ ဒီက အမ်ားျပည္သူကေတာ့ ေရေၾကာင္းကုန္းေၾကာင္း ဒီလိုပဲသြားေနရတယ္။ တရားဝင္ေတာ့ သြားလို႔မရေသးဘူး။ ဒါေပမဲ့ စီးပြားေရး ကုန္သြယ္မႈလုပ္တဲ့ စီးပြားေရးသမားေတြကေတာ့ သြားေနၾကတယ္။ သူမ်ားၿမိဳ႕႔နယ္ေတြလိုေတာ့ လြတ္လြတ္လပ္လပ္သြားလာ စီးပြားေရးလုပ္လို႔မရတဲ့ အေနအထားရွိပါတယ္။”

အခုလို တိုက္ပြဲရပ္ေနတဲ့ အေျခအေနမ်ိဳးမွာ ပလက္ဝဘက္ လမ္းပန္းဆက္သြယ္ေရးေတြကို ပိတ္ပင္ထားေသးတာေၾကာင့္ ေဒသခံေတြ စားဝတ္ေနေရး၊ စီးပြားေရး၊ က်န္းမာေရးအတြက္ အခက္ႀကံဳေနရၿပီး ကုန္းလမ္း၊ ေရလမ္းေတြ ျပန္လည္ဖြင့္ေပးဖို႔ ေဒသခံေတြက ေမွ်ာ္လင့္ေနၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ပလက်ဝ လမ်းပန်းဆက်သွယ်ရေး ပိတ်ထားဆဲရှိတာကြောင့် ဒေသခံတွေအခက်ကြုံ

စစ်ရေးပဋိပက္ခတွေရှိခဲ့တဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်မှာ တိုက်ပွဲတွေ ရပ်နေတယ် ဆိုပေမယ့် လက်ရှိအချိန်ထိ လမ်းပန်းဆက်သွယ်ရေး မဖွင့်သေးတာကြောင့်ဒေသခံတွေ အခက်ကြုံနေရတဲ့ အကြောင်းပြောချင်ပါတယ်။ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုသက်နိုင်က သတင်းပေးပို့ထားပါတယ်။

ရခိုင်ပြည်နယ်မှာ ရွေးကောက်ပွဲ ပြန်လည်ကျင်းပပေးဖို့ ရခိုင်လက်နက်ကိုင် AA အဖွဲ့ရဲ့ ကမ်းလှမ်းချက်ကို တပ်မတော်က လက်ခံကြိုဆိုပြီးတဲ့ နောက်ပိုင်းမှာ တိုက်ပွဲတွေ ရပ်ဆိုင်း နေတယ်ဆိုပေမယ့် ချင်းပြည်နယ်ပလက်ဝမြို့နယ်မှာတော့ လမ်းပန်းဆက်သွယ်ရေးတွေ ခက်ခဲနေဆဲဖြစ်ပါတယ်။

မနေ့ကကလည်း ပလက်ဝမြို့နယ် ဒုံးလက်ဝမြို့နယ်အတွင်းက အမျိုးသမီးတစ်ဦး ကလေး မွေးဖွားပြီး သွေးလွန်နေတာကြောင့် ပလက်ဝဆေးရုံကို ပို့ဆောင်ရာမှာ လမ်းခရီးကြန့်ကြာပြီး သေဆုံးသွားခဲ့တယ်လို့ ဒုံးလက်ဝ ဒေသခံ ဦးမဲလင်းက ပြောပါတယ်။

“သူတို့ပြောတာက စက်လှေနဲ့ ဆင်းတယ်။ ဂိတ်တွေမှာ စစ်တာမေးတာတွေ ရှိတော့မှတ်ပုံတင်တွေ၊ ဘာတွေ စစ်ရင် အတော်ကြာတယ်လို့ ဒီလိုပြောတယ်။ ပထမတော့ ဒလက်မေကို ချတယ်။ အဲဒီမှာ ဆေးတွေ၊ ဘာတွေ မရှိတော့ ပလက်ဝကို လွတ်တယ်လို့ပြောတယ်။ ပလက်ဝကို သွားတော့ လမ်းမှာက အချိန်မှန်က ရောက်ရမယ့်အချိန် မရောက်တော့ အခက်အခဲကြုံရတယ်လို့ ဒီလိုပြောတယ်။”

အသက် ၃၀ ကျော်ရှိတဲ့ အဲဒီအမျိုးသမီးဟာ မနေ့က မနက်ပိုင်းမှာ ကျေးရွာအတွင်း ကလေး မွေးဖွားစဉ် အရေးပေါ်အခြေအနေကြောင့် ပလက်ဝဆေးရုံကို ပို့ဆောင်ခဲ့ပေမဲ့ ကလေးနဲ့ မိခင်ပါသေဆုံးခဲ့တယ်လို့ ပလက်ဝမြို့နယ် ဆေးရုံအုပ် ဒေါက်တာ စိုးထက်ဝင်း ကပြောပါတယ်။

“ဒုံးလက်ဝဘက်က လာတဲ့ ကိုယ်ဝန်သယ်ကတော့ ကျနော်တို့ဆီကို လေးနာရီခွဲလောက်မှာ ရောက်တယ်။ ရောက်တော့ အမျိုးသမီးက သေနေပြီဗျာ။ သူတို့ပြောတာတော့ မြစ်ကမ်းနား အထိတော့ စကားမေးလို့ ရသေးတယ်။ အဲဒီနောက်ပိုင်းတော့ ခေါ်လို့ကို မရတော့ဘူး။ ကလေးကတော့ အိမ်မှာမွေးတယ်လို့ ပြောတယ်ဗျာ။ ရွာမှာ ၇ နာရီလောက်က မွေးတယ်။ သူတို့ပြောတာတော့ ၇ လနဲ့ မွေးတယ်လို့ပြောတယ်။ ကလေးပါ မလာဘူး၊ ကလေးကလည်း အသေမွေးတယ်လို့ ပြောတယ်။ မွေးပြီးတဲ့ အခါ သူတို့က အချင်းမကျဘဲနဲ့ သွေးတွေ ထွက်နေလို့ ဆိုပြီးတော့မှ ဒီဘက်ကို လာကြတာ။”

အဲဒီအမျိုးသမီးကို လမ်းမှာ တပ်မတော်က စစ်ဆေးနေတာကြောင့် အချိန်မီဆေးရုံ မရောက်လို့ သေဆုံးရတာဖြစ်တယ်လို့ ဒေသခံတွေက ပြောဆိုကြပေမဲ့ ပလက်ဝမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်လောဟာကတော့ အရေးပေါ်အခြေအနေတွေကို သွားလာဖို့ခွင့်ပြုပေးထားပေမယ့် လုံခြုံရေး တပ်ဖွဲ့ဝင်တွေ မသိရှိတာဖြစ်နိုင်တယ်လို့ ပြောပါတယ်။

“တစ်ခုခု အရေးပေါ်လူနာဆိုရင်တော့ ခွင့်ပြုမယ်လို့ သူတို့ တပ်မမှူးကိုယ်တိုင်ပြောထား တာ ရှိပါတယ်။ အဲဒီလိုမျိုး အရေးပေါ်ဆိုရင်တော့ ဘယ်အချိန်မဆို သူ့ကို ဆက်ပါ။ ခွင့်ပြုပေးမယ် ဆိုပြီး အဲဒီလိုတော့ မှာထားပါတယ်။ ဒါပေမဲ့ အောက်ခြေမှာကျတော့လည်း အဲဒီသတင်းတွေက သိချင်မှလည်း သိမှာပေါ့။ လုံခြုံရေး အစောင့်တွေရော၊ ပြည်သူတွေရော သိချင်မှ သိမယ်၊ အဲဒီလိုအနေအထားရှိတယ်။”

ပလက်ဝမြို့နယ်အတွင်းမှာ ကုန်းလမ်းရေလမ်းတွေ ပြန်မဖွင့်သေးတာကြောင့် ကုန်ဈေးနှူန်းတွေလည်း မြင့်တက်နေသလို ဒေသခံတွေရဲ့ ကျန်းမာရေးနဲ့ စားဝတ်နေရေးတွေလည်း ခက်ခဲနေတယ်လို့ ဒေသခံဦးမဲလင်းက ပြောပါတယ်။

“ကျနော်တို့က ကုလားတန်မြစ်ကိုပဲ အဓိက ထားလို့ သွားရတာလည် အခုက သွားရင် ဂိတ်တို့၊ ဘာတို့မှာ စစ်ဆေးတာပေါ့။ ကျနော်တို့ကတော့ လမ်းဖွင့်ဖို့လိုတယ်။ လွတ်လပ်လွတ်လပ်သွားလို့လာလို့ရရင် ကျန်းမာရေး အခက်အခဲရော ကျနော်တို့နယ်မြေမှာ ကျန်းမာရေးဌာန ရှိပေမဲ့ သွားဖွားဆရာမဆိုရင်လည်း တစ်အုပ်လုံးမှာ တစ်ယောက်ပဲရှိတာကို အခုက လမ်းအခြေအနေအရ သွားရလာရ ခက်ခဲတော့ သူတို့လည်း မလာဘူးလေ။”

ပလက်ဝမြို့နယ် အုပ်ချုပ်ရေးမှူးကတော့ ဦးအောင်လောဟာကတော့ တိုက်ပွဲတွေ ငြိမ်သက်နေတယ်ဆိုပေမယ့် လမ်းခရီးတွေကတော့ တရားဝင်သွားလာလို့မရတဲ့ အနေအထားရှိနေတယ်လို့ ပြောပါတယ်။

“သွားလာရေးက လုံခြုံရေးအရ သူတို့ဆီက မသင်္ကာစရာ သူစိမ်းတွေကို စစ်ဆေးပြီးမှ သူတို့ဆီက ထောက်ခံစာ ပေးတယ်။ ထောက်ခံချက်နဲ့ပဲ ဒီက အများပြည်သူကတော့ ရေကြောင်းကုန်းကြောင်း ဒီလိုပဲသွားနေရတယ်။ တရားဝင်တော့ သွားလို့မရသေးဘူး။ ဒါပေမဲ့ စီးပွားရေး ကုန်သွယ်မှုလုပ်တဲ့ စီးပွားရေးသမားတွေကတော့ သွားနေကြတယ်။ သူများမြို့နယ်တွေလိုတော့ လွတ်လွတ်လပ်လပ်သွားလာ စီးပွားရေးလုပ်လို့မရတဲ့ အနေအထားရှိပါတယ်။”

အခုလို တိုက်ပွဲရပ်နေတဲ့ အခြေအနေမျိုးမှာ ပလက်ဝဘက် လမ်းပန်းဆက်သွယ်ရေးတွေကို ပိတ်ပင်ထားသေးတာကြောင့် ဒေသခံတွေ စားဝတ်နေရေး၊ စီးပွားရေး၊ ကျန်းမာရေးအတွက် အခက်ကြုံနေရပြီး ကုန်းလမ်း၊ ရေလမ်းတွေ ပြန်လည်ဖွင့်ပေးဖို့ ဒေသခံတွေက မျှော်လင့်နေကြပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG