သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

၂၀၂၀ ခုႏွစ္ ႏုိင္ငံသားအခြင့္အေရး ကာကြယ္လႈပ္ရွားသူဆု ေဒၚေနာ္အုန္းလွ ခ်ီးျမွင့္ခံရ


၂၀၂၀ ခုႏွစ္ ႏုိင္ငံသားအခြင့္အေရး ကာကြယ္လႈပ္ရွားသူဆု ခ်ီးျမွင့္ခံရသူ ေဒၚေနာ္အုန္းလွ။ (ေမ ၁၅၊ ၂၀၁၅)

[Zawgyi/Unicode]

ဒီကေန႔ က်ေရာက္တဲ့ အျပည္ျပည္ဆုိင္ရာ လူ႔အခြင့္အေရးေန႔မွာပဲ ျမန္မာႏုိင္ငံက တက္ၾကြလႈပ္ရွားသူတစ္ဦးျဖစ္တဲ့ ေဒၚေနာ္အံုးလွကုိ ဆြီဒင္ႏိုင္ငံ အေျခစိုက္အဖြဲ႔အစည္းတခုက ႏိုင္ငံသားအခြင့္အေရး ကာကြယ္ေရး လႈပ္ရွားမႈ ဆုေပးလုိက္တဲ့အေၾကာင္း ေျပာျပပါမယ္။ ဗီြအိုေအျမန္မာပိုင္း သတင္းေထာက္ ကိုထက္ေအာင္ခန္႔က သတင္းေပးပို႔ထားပါတယ္။

၂၀၂၀ ခုႏွစ္ ႏုိင္ငံသားအခြင့္အေရး ကာကြယ္လႈပ္ရွားသူဆု ခ်ီးျမွင့္ခံရသူ ေဒၚေနာ္အုန္းလွ။ (ေမ ၁၅၊ ၂၀၁၅)
၂၀၂၀ ခုႏွစ္ ႏုိင္ငံသားအခြင့္အေရး ကာကြယ္လႈပ္ရွားသူဆု ခ်ီးျမွင့္ခံရသူ ေဒၚေနာ္အုန္းလွ။ (ေမ ၁၅၊ ၂၀၁၅)

ဒီမိုကေရစီအေရး လႈပ္ရွားသူ တစ္ဦးလည္းျဖစ္ ဒီမိုကေရစီနဲ႔ ၿငိမ္းခ်မ္းေရး အမ်ိဳးသမီးအဖြဲ႕ရဲ႕ ဥကၠ႒လည္းျဖစ္တဲ့ ေဒၚေနာ္အံုးလွကုိ ဆြီဒင္ႏိုင္ငံအေျခစိုက္ ႏိုင္ငံသားအခြင့္အေရးမ်ားအတြက္ ကာကြယ္ေရးလႈပ္ရွားသူမ်ားအဖြဲ႔က ဆုခ်ီးျမွင့္လုိက္တာ ျဖစ္ပါတယ္။ ဆယ္စုႏွစ္နဲ႔ခ်ီ တုိင္းရင္းသားေတြ အခြင့္အေရးနဲ႔ ခဲြျခားဖိႏွိပ္မႈေတြကုိ ဆန္႔က်င္လႈပ္ရွားခဲ့သူအျဖစ္ ဆုေပးအပ္ခဲ့တာ ျဖစ္ေၾကာင္းလည္း ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

ဆုခ်ီးျမွင့္ခံရတဲ့အတြက္ လူ႔အခြင့္အေရး လႈပ္ရွားမႈေတြအတြက္ တြန္းအားျဖစ္ေစတယ္လုိ႔လည္း ေဒၚေနာ္အံုးလွက ေျပာပါတယ္။

“က်မတို႔ လုပ္ခဲ့တဲ့အေပၚမွာ က်မတို႔ခ်ည္းပဲ မဟုတ္ဘဲ က်မတို႔ကို ကမၻာက အသိမွတ္ျပဳတယ္ေပ့ါေနာ္။ ၿပီးေတာ့ ကမၻာက က်မတို႔နဲ႔ အတူရပ္တည္ေပးတယ္။ ၀န္းရံေပးတဲ့အတြက္ က်မတို႔ ပိုၿပီး အားရွိလာတယ္ေပါ့ေနာ္။ ျပည္သူေတြကိုယ္တိုင္ လူ႔အခြင့္အေရးေတြ ဥပေဒေတြကို ေထာက္ျပေ၀ဖန္ႏိုင္တဲ့ ျပည္သူေတြျဖစ္ေအာင္ႀကိဳးစားရမယ္လို က်မတို႔ျမင္တယ္။”

ဒီဆုကိုေတာ့ အရင္က ဘယ္လာ႐ုစ္၊ တူရကီႏိုင္ငံနဲ႔ ဆူဒန္ေတာင္ပိုင္းက လူ႔အခြင့္ေရး တက္ၾကြလႈပ္ရွားသူေတြကုိ ေပးအပ္ခဲ့ဖူးပါတယ္။ အျပည္ျပည္ဆုိင္ရာ လူ႔အခြင့္အေရးေန႔မွာ ျမန္မာႏုိင္ငံက လူ႔အခြင့္အေရး အေျခအေနေတြ တုိးတက္ဖုိ႔ လုိအပ္ခ်က္ေတြ ရွိေနတာကုိလည္း တက္ၾကြလႈပ္ရွားသူေတြ ေထာက္ျပေနၾကတာပါ။

ျမန္မာႏုိင္ငံမွာ လူ႔အခြင့္အေရး အေျခအေနေတြ တုိးတက္ေအာင္ ႀကိဳးပမ္းတဲ့ လုပ္ရပ္ေတြ ရွိေနေပမဲ့ အားနည္းခ်က္ေတြ အမ်ားအျပား ရွိေနဆဲျဖစ္ၿပီး အထူးသျဖင့္ လက္နက္ကုိင္ပဋိပကၡျဖစ္ရာ ေဒသေတြမွာ လူ႔အခြင့္အေရး ခ်ဳိးေဖာက္မႈ ျပႆနာေတြ ပုိၿပီးေတြ႔ရေလ့ ရွိတယ္လုိ႔လည္း လူ႔အခြင့္အေရး လႈပ္ရွားမႈ အဖဲြ႔တခုျဖစ္တဲ့ ညီမွ်ျခင္းျမန္မာက ဒါရိုက္တာ ဦးေအာင္မ်ိဳးမင္းက ေျပာပါတယ္။

“လူ႔အခြင့္အေရးနဲ႔ ပတ္သက္ၿပီးေတာ့ တခ်ိဳ႕ေသာ ျပည္တြင္း ဥပေဒေတြ ေပၚေပါက္လာသလို ႏိုင္ငံတကာ စာခ်ဳပ္ေတြမွာ လက္မွတ္ထိုးလာတာ ဘယ္လိုပဲျဖစ္ျဖစ္ အသိအမွတ္ျပဳရမယ့္ဟာပါ။ ေနာက္တခါ လူ႔အခြင့္ေရးနဲ႔ ပတ္သက္လို႔ အတိုက္အခိုက္ရွိေနသည့္တိုင္ေအာင္ သင္ရိုးညႊန္းတန္းေတြ ေရးဆြဲတာ တကၠသိုလ္ေတြမွာ သင္ၾကားမႈေတြရွိပါတယ္။ ဒါေပမဲ့ တဘက္မွာလည္း အားမလိုအားမရ ျဖစ္တဲ့ကိစၥေတြ ရွိပါတယ္။ လူ႔အခြင့္အေရး ၿငိမ္းခ်မ္းေရးနဲ႔ ဒီမိုကေရစီက အၿမဲဆက္စပ္ေနပါတယ္။ က်ေနာ္တို႔ တိုင္းျပည္မွာ တန္းတူညီမွ်မႈ မရွိတဲ့အတြက္ တိုင္းရင္းသားေဒသေတြမွာ လက္နက္ကိုင္ စစ္ပြဲေတြျဖစ္တယ္။ ၿငိမ္းခ်မ္းမႈ မရဘူး။ အဲ့ဒီရဲ႕ ေနာက္ဆက္တြဲကိစၥကေတာ့ လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈေတြပါ။ လူ႔အခြင့္ေရး ခ်ိဳးေဖာက္မႈေတြဆိုတာ လက္နက္ကိုင္ စစ္ပြဲကာလအတြင္းမွာ ဘယ္သူပဲ က်ဴးလြန္က်ဴးလြန္ လူ႔အခြင့္ေရး ခ်ိဳးေဖာက္မႈ ျဖစ္ပါတယ္။ ဒါေပမဲ့ က်ဴးလြန္သူပဲျဖစ္ျဖစ္ ခံရတာကေတာ့ အရပ္သားေတြပဲျဖစ္တယ္။”

သမၼတ ဦး၀င္းျမင့္ကေတာ့ လူ႔အခြင့္အေရးကို အေလးမထားတာဟာ ဒီမိုကေရစီေရးနဲ႔ တရားဥပေဒစိုးမိုးေရးကို လ်စ္လ်ဴရႈတာသာ ျဖစ္ေၾကာင္း ေျပာဆုိခဲ့ပါတယ္။ လူ႔အခြင့္အေရး အသိပညာေတြကို လူထုၾကားမွာ က်ယ္က်ယ္ျပန္႔ျပန္႔ နားလည္သေဘာေပါက္ဖုိ႔ အေရးႀကီးတယ္လို႔လည္း ဒီကေန႔ က်ေရာက္တဲ့ အျပည္ျပည္ဆိုင္ရာ လူ႔အခြင့္အေရးေန႔ အထိမ္းအမွတ္အျဖစ္ ေျပာၾကားထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

၂၀၂၀ ခုနှစ် နိုင်ငံသားအခွင့်အရေး ကာကွယ်လှုပ်ရှားသူဆု ဒေါ်နော်အုန်းလှ ချီးမြှင့်ခံရ

ဒီကနေ့ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့မှာပဲ မြန်မာနိုင်ငံက တက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်တဲ့ ဒေါ်နော်အုံးလှကို ဆွီဒင်နိုင်ငံ အခြေစိုက်အဖွဲ့အစည်းတခုက နိုင်ငံသားအခွင့်အရေး ကာကွယ်ရေး လှုပ်ရှားမှု ဆုပေးလိုက်တဲ့အကြောင်း ပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုထက်အောင်ခန့်က သတင်းပေးပို့ထားပါတယ်။

ဒီမိုကရေစီအရေး လှုပ်ရှားသူ တစ်ဦးလည်းဖြစ် ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေး အမျိုးသမီးအဖွဲ့ရဲ့ ဥက္ကဋ္ဌလည်းဖြစ်တဲ့ ဒေါ်နော်အုံးလှကို ဆွီဒင်နိုင်ငံအခြေစိုက် နိုင်ငံသားအခွင့်အရေးများအတွက် ကာကွယ်ရေးလှုပ်ရှားသူများအဖွဲ့က ဆုချီးမြှင့်လိုက်တာ ဖြစ်ပါတယ်။ ဆယ်စုနှစ်နဲ့ချီ တိုင်းရင်းသားတွေ အခွင့်အရေးနဲ့ ခွဲခြားဖိနှိပ်မှုတွေကို ဆန့်ကျင်လှုပ်ရှားခဲ့သူအဖြစ် ဆုပေးအပ်ခဲ့တာ ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဆုချီးမြှင့်ခံရတဲ့အတွက် လူ့အခွင့်အရေး လှုပ်ရှားမှုတွေအတွက် တွန်းအားဖြစ်စေတယ်လို့လည်း ဒေါ်နော်အုံးလှက ပြောပါတယ်။

“ကျမတို့ လုပ်ခဲ့တဲ့အပေါ်မှာ ကျမတို့ချည်းပဲ မဟုတ်ဘဲ ကျမတို့ကို ကမ္ဘာက အသိမှတ်ပြုတယ်ပေ့ါနော်။ ပြီးတော့ ကမ္ဘာက ကျမတို့နဲ့ အတူရပ်တည်ပေးတယ်။ ဝန်းရံပေးတဲ့အတွက် ကျမတို့ ပိုပြီး အားရှိလာတယ်ပေါ့နော်။ ပြည်သူတွေကိုယ်တိုင် လူ့အခွင့်အရေးတွေ ဥပဒေတွေကို ထောက်ပြဝေဖန်နိုင်တဲ့ ပြည်သူတွေဖြစ်အောင်ကြိုးစားရမယ်လို ကျမတို့မြင်တယ်။”

ဒီဆုကိုတော့ အရင်က ဘယ်လာရုစ်၊ တူရကီနိုင်ငံနဲ့ ဆူဒန်တောင်ပိုင်းက လူ့အခွင့်ရေး တက်ကြွလှုပ်ရှားသူတွေကို ပေးအပ်ခဲ့ဖူးပါတယ်။ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့မှာ မြန်မာနိုင်ငံက လူ့အခွင့်အရေး အခြေအနေတွေ တိုးတက်ဖို့ လိုအပ်ချက်တွေ ရှိနေတာကိုလည်း တက်ကြွလှုပ်ရှားသူတွေ ထောက်ပြနေကြတာပါ။

မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး အခြေအနေတွေ တိုးတက်အောင် ကြိုးပမ်းတဲ့ လုပ်ရပ်တွေ ရှိနေပေမဲ့ အားနည်းချက်တွေ အများအပြား ရှိနေဆဲဖြစ်ပြီး အထူးသဖြင့် လက်နက်ကိုင်ပဋိပက္ခဖြစ်ရာ ဒေသတွေမှာ လူ့အခွင့်အရေး ချိုးဖောက်မှု ပြဿနာတွေ ပိုပြီးတွေ့ရလေ့ ရှိတယ်လို့လည်း လူ့အခွင့်အရေး လှုပ်ရှားမှု အဖွဲ့တခုဖြစ်တဲ့ ညီမျှခြင်းမြန်မာက ဒါရိုက်တာ ဦးအောင်မျိုးမင်းက ပြောပါတယ်။

“လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီးတော့ တချို့သော ပြည်တွင်း ဥပဒေတွေ ပေါ်ပေါက်လာသလို နိုင်ငံတကာ စာချုပ်တွေမှာ လက်မှတ်ထိုးလာတာ ဘယ်လိုပဲဖြစ်ဖြစ် အသိအမှတ်ပြုရမယ့်ဟာပါ။ နောက်တခါ လူ့အခွင့်ရေးနဲ့ ပတ်သက်လို့ အတိုက်အခိုက်ရှိနေသည့်တိုင်အောင် သင်ရိုးညွှန်းတန်းတွေ ရေးဆွဲတာ တက္ကသိုလ်တွေမှာ သင်ကြားမှုတွေရှိပါတယ်။ ဒါပေမဲ့ တဘက်မှာလည်း အားမလိုအားမရ ဖြစ်တဲ့ကိစ္စတွေ ရှိပါတယ်။ လူ့အခွင့်အရေး ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီက အမြဲဆက်စပ်နေပါတယ်။ ကျနော်တို့ တိုင်းပြည်မှာ တန်းတူညီမျှမှု မရှိတဲ့အတွက် တိုင်းရင်းသားဒေသတွေမှာ လက်နက်ကိုင် စစ်ပွဲတွေဖြစ်တယ်။ ငြိမ်းချမ်းမှု မရဘူး။ အဲ့ဒီရဲ့ နောက်ဆက်တွဲကိစ္စကတော့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေပါ။ လူ့အခွင့်ရေး ချိုးဖောက်မှုတွေဆိုတာ လက်နက်ကိုင် စစ်ပွဲကာလအတွင်းမှာ ဘယ်သူပဲ ကျူးလွန်ကျူးလွန် လူ့အခွင့်ရေး ချိုးဖောက်မှု ဖြစ်ပါတယ်။ ဒါပေမဲ့ ကျူးလွန်သူပဲဖြစ်ဖြစ် ခံရတာကတော့ အရပ်သားတွေပဲဖြစ်တယ်။”

သမ္မတ ဦးဝင်းမြင့်ကတော့ လူ့အခွင့်အရေးကို အလေးမထားတာဟာ ဒီမိုကရေစီရေးနဲ့ တရားဥပဒေစိုးမိုးရေးကို လျစ်လျူရှုတာသာ ဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။ လူ့အခွင့်အရေး အသိပညာတွေကို လူထုကြားမှာ ကျယ်ကျယ်ပြန့်ပြန့် နားလည်သဘောပေါက်ဖို့ အရေးကြီးတယ်လို့လည်း ဒီကနေ့ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အထိမ်းအမှတ်အဖြစ် ပြောကြားထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG