သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

NLD နဲ႔ SNLD ေတာင္ႀကီး NLD ႐ံုးမွာ ေတြ႔ဆံုေဆြးေႏြး


ရွမ္းတိုင္းရင္းသားမ်ား ဒီမိုကေရစီအဖြဲ႕ခ်ဳပ္ (SNLD) ကိုယ္စားလွယ္အဖဲြ႔နဲ႔ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ (NLD) ကိုယ္စားလွယ္အဖဲြ႔တို႔ ေတာင္ၾကီးၿမိဳ႕ NLD ရံုးမွာ ေတြ႔ဆံုေဆြးေႏြးခဲ့တဲ့ ျမင္ကြင္း။ (ဓာတ္ပံု - Shan Nationalities League for Democracy - ဇန္နဝါရီ ၁

[Zawgyi/Unicode]

အမ်ဳိးသားဒီမုိကေရစီအဖဲြ႔ခ်ဳပ္ NLD ကိုယ္စားလွယ္အဖဲြ႔နဲ႔ ရွမ္းတိုင္းရင္းသားမ်ား ဒီမုိကေရစီအဖဲြ႔ခ်ဳပ္ SNLD တုိ႔ ဒီကေန႔ ေတြ႔ဆုံရာမွာ အမ်ိဳးသားညီညြတ္ေရးအတြက္ ပူးေပါင္းေဆာင္ရြက္ဖုိ႔ ေဆြးေႏြးခဲ့ၾကတဲ့အေၾကာင္း ေျပာျပပါမယ္။ ဗီြအိုေအျမန္မာပိုင္း သတင္းေထာက္ကိုမိုးေဇာ္က သတင္းေပးပို႔ထားပါတယ္။

ရွမ္းျပည္နယ္ ေရာက္ရိွေနတဲ့ ေဒါက္တာေအာင္မိုးညိဳ ဦးေဆာင္တဲ့ NLD ကိုယ္စားလွယ္အဖဲြ႔နဲ႔ SNLD ကိုယ္စားလွယ္အဖဲြ႔ဟာ ဒီကေန႔ မနက္ ၁၀ နာရီေလာက္မွာ ေတာင္ၾကီးၿမိဳ႕ NLD ရံုးမွာ ေတြ႔ဆံုခဲ့ၾကတာပါ။

ရွမ္းတိုင္းရင္းသားမ်ား ဒီမိုကေရစီအဖြဲ႕ခ်ဳပ္ (SNLD) ကိုယ္စားလွယ္အဖဲြ႔နဲ႔ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ (NLD) ကိုယ္စားလွယ္အဖဲြ႔ တို႔ ေတာင္ၾကီးၿမိဳ႕ NLD ရံုးမွာ ေတြ႔ဆံုေဆြးေႏြးခဲ့တဲ့ ျမင္ကြင္း။ (ဓာတ္ပံု - Shan Nationalities League for Democracy - ဇန္နဝါရီ ၁
ရွမ္းတိုင္းရင္းသားမ်ား ဒီမိုကေရစီအဖြဲ႕ခ်ဳပ္ (SNLD) ကိုယ္စားလွယ္အဖဲြ႔နဲ႔ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ (NLD) ကိုယ္စားလွယ္အဖဲြ႔ တို႔ ေတာင္ၾကီးၿမိဳ႕ NLD ရံုးမွာ ေတြ႔ဆံုေဆြးေႏြးခဲ့တဲ့ ျမင္ကြင္း။ (ဓာတ္ပံု - Shan Nationalities League for Democracy - ဇန္နဝါရီ ၁

အမ်ဳိးသားညီညြတ္ေရး အစုိးရဖဲြ႔မယ္ဆုိၿပီး ေရြးေကာက္ပဲြ အႏုိင္ရခဲ့တဲ့ NLD ပါတီက တုိင္းရင္းသား ႏုိင္ငံေရး အင္အားစုေတြနဲ႔ ေတြ႔ဆုံဖုိ႔ စီစဥ္ရာမွာ အေစာပုိင္း အဆင္မေျပမႈေတြ ႀကံဳခဲ့ရၿပီးေနာက္၊ ရွမ္းျပည္နယ္မွာေတာ့ ႏုိင္ငံေရးပါတီတခ်ဳိ႕နဲ႔ အစီအစဥ္အတုိင္း ေတြ႔ဆုံေနတာ ျဖစ္ပါတယ္။

ဒီကေန႔ ေတြ႔ဆုံရာမွာေတာ့ အမ်ဳိးသား ညီညြတ္ေရးကိစၥ အပါအ၀င္ တုိင္းရင္းသား ႏုိင္ငံေရး အင္အားစုေတြနဲ႔ ေတြ႔ဆုံေဆြးေႏြးႏုိင္ေရး ကိစၥေတြ ပါ၀င္ခဲ့ေၾကာင္းလည္း SNLD ပါတီရဲ့ တဲြဘက္အေထြေထြအတြင္းေရးမွဴး ၁ စိုင္းေက်ာ္ညႊန္႔က VOA ကို ေျပာပါတယ္။

“က်ေနာ္တုိ႔ အမ်ိဳးသားညီညြတ္ေရးကိစၥေတြ ပါမယ္။ ေနာက္ၿပီးေတာ့ ေဆြးေႏြးပဲြ အဆင္မေျပခဲ့တဲ့ မြန္တို႔၊ ကယားတို႔ ကိစၥေတြကိုလည္း ျပန္ၿပီး လုပ္ေဆာင္ဖုိ႔ က်ေနာ္တုိ႔ တုိက္တြန္းခဲ့တာရိွတယ္။ ဒီျပင္ NLD ကေန ထုတ္ျပန္ထားတဲ့ ၄၈ ပါတီကိုလည္း တိုင္းရင္းသား ပါတီေတြေပါ့ဗ်ာ။ အဲဒီအဖဲြ႔ေတြနဲ႔လည္း ျဖစ္ႏိုင္ရင္ေတာ့ အကုန္လံုးနဲ႔ေတြ႔ဆံုဖို႔ က်ေနာ္တုိ႔ တုိက္တြန္းခဲ့တာရိွပါတယ္။ တကယ္လို႔ မြန္တုိ႔၊ ကယားတုိ႔မွာ ေတြ႔ဆံုမႈအေျခအေန မေကာင္းခဲ့တဲ့ဟာကိုလည္း လုိအပ္ရင္ က်ေနာ္တုိ႔ ကူညီေဆာင္ရြက္ဆုိရင္လည္း ကူညီေဆာင္ရြက္ဖုိ႔၊ ကူညီေဆာင္ရြက္ႏိုင္တယ္ဆုိတဲ့အေၾကာင္းကိုလည္း သူတို႔ကို ေျပာဆုိခဲ့တာရိွပါတယ္။”

အျခားေဆြးေႏြးတဲ့အခ်က္ေတြကေတာ့ SNLD ပါတီရဲ့ မူ၀ါဒ၊ ဖက္ဒရယ္ျပည္ေထာင္စုတည္ေဆာက္ေရးဆိုင္ရာ အေျခခံမူနဲ႔ ေမွ်ာ္မွန္းခ်က္၊ ေဆာင္ရြက္ေနတ့ဲလုပ္ငန္းစဥ္ စတာေတြ ပါ၀င္ခဲ့ပါတယ္။

ဒီကေန႔ေတြ႔ဆံုပဲြမွာ NLD ပါတီက ကိုယ္စားလွယ္ ၃ ဦးနဲ႔ SNLD က ကိုယ္စားလွယ္ ၃ ဦးစီ ပါ၀င္ ေဆြးေႏြးခဲ့တာပါ။ ဒီအဆင့္ဟာ သေဘာထားေကာက္ယူတဲ့အဆင့္ျဖစ္ၿပီး ေနာက္တစ္ဆင့္မွသာ ပိုမိုအလုပ္သေဘာဆန္တဲ့အပိုင္းကို ေဆာင္ရြက္ႏိုင္မယ္လို႔ SNLD က သံုးသပ္ထားပါတယ္။

လက္ရိွ ေဒါက္တာေအာင္မိုးညိဳဦးေဆာင္တဲ့ NLD ကိုယ္စားလွယ္အဖဲြ႔က တုိင္းရင္းသားႏိုင္ငံေရးပါတီေတြနဲ႔ လိုက္လံေတြ႔ဆံုေနတာနဲ႔ ပတ္သက္လို႔ သူတို႔ပါတီရဲ့ သေဘာထားကို စိုင္းေက်ာ္ညႊန္႔က အခုလုိ ေျပာပါတယ္။

“NLD ကိုယ္တုိင္လည္း ေျပာထားတာပဲ။ အမ်ိဳးသားရင္ၾကားေစ့လုပ္ကို လုပ္မယ္ျပဳမယ္ဆုိ။ ဆိုေတာ့ တိုင္းရင္းသား အင္အားစုေတြရိွမယ္၊ ဒီမုိကေရစီအင္အားစုေတြရိွမယ္။ တိုင္းရင္းသား အင္အားစုဆိုတဲ့ ေနရာမွာလည္း ႏိုင္ငံေရးပါတီေတြ ပါမယ္၊ တုိင္းရင္းသား လက္နက္ကိုင္အဖဲြ႔အစည္းေတြပါမယ္၊ CSO ေတြလည္း ပါမွာပဲေလ။ ဆုိေတာ့ က်ယ္က်ယ္ျပန္႔ျပန္႔ေလး ပူးေပါင္းေဆာင္ရြက္ႏိုင္ရင္ေတာ့ အေကာင္းဆံုးပဲေလ။ က်ေနာ္တုိ႔ႏိုင္ငံလည္း ဒီခ်ိန္မွာက အဘက္ဘက္ကေန ယိုယြင္းေနတယ္ေလ၊ အားနည္းေနတယ္။ ကုိယ့္ကိုလည္း ႏိုင္ငံတကာက အရမ္းဖိအားေပးေနတဲ့အခ်ိန္မွာ ကိုယ္ရဲ့ ျပည္တြင္း အမ်ိဳးသားညီညႊတ္ေရးကို တည္ေဆာက္ႏိုင္မွ၊ ကိုယ္ခံအားေကာင္းေအာင္ လုပ္ရမွာေပါ့ဗ်ာ။ အဲဒါကို တည္ေဆာက္ႏိုင္ဖုိ႔ အေရးၾကီးပါတယ္။ အဲဒီအပိုင္းက႑မွာ က်ေနာ္တုိ႔ တတ္အားသေရြ ႔ေတာ့ ကူညီေဆာင္ရြက္တာတုိ႔၊ ပူးေပါင္းေဆာင္ရြက္တာတို႔ လုပ္သြားဖို႔ ရိွပါတယ္။”

ဒီကေန႔ မနက္ပိုင္း ၈ နာရီေလာက္ကေတာ့ NLD ကိုယ္စားလွယ္အဖဲြ႔နဲ႔ လားဟူအမ်ိဳးသားဖံြ႔ျဖိဳး တိုးတက္ေရးပါတီတို႔ ေတြ႔ဆံုေဆြးေႏြးခဲ့ၿပီး လားဟူပါတီဘက္က ၿငိမ္းခ်မ္းေရး၊ ေဒသဖံြ႔ျဖိဳးေရး၊ အုပ္ခ်ဳပ္ေရးနဲ႔ ေျမယာကိစၥေတြ ထည့္သြင္းေဆြးေႏြးခဲ့ေၾကာင္း ပါတီဥကၠ႒ ေဒၚေအးသီတာျမင့္က ေျပာပါတယ္။

အျခားအေရးၾကီးအခ်က္အေနနဲ႔ လားဟူအမ်ိဳးသားေတြရဲ႕ လုိလားခ်က္ကိုလည္း ေဆြးေႏြးခဲ့ေၾကာင္း ေျပာပါတယ္။

“က်မတို႔က လားဟူ ၃၀၀,၀၀၀ ေက်ာ္ရိွတယ္ေပါ့ေနာ္။ ရွမ္းအေရွ ႔မွာဆုိရင္ ဒုတိယလူဦးေရအမ်ားဆံုး။ လားဟူက ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသလည္း မရဘူး။ ေရြးေကာက္ပဲြမွာလည္း က်မတုိ႔ လြတ္လြတ္လပ္လပ္နဲ႔ စည္းရံုးခြင့္ေတြ၊ ဘာေတြကလည္း မရတဲ့၊ အဘက္ဘက္မွာ ဖိအားေတြအမ်ားၾကီးေၾကာင့္ လူဦးေရမ်ားေပမဲ့လည္း ေပါ့ေနာ္။ က်မတို႔က ျပည္ေထာင္စုအဆင့္မွာလည္း မတက္ႏိုင္တဲ့အတြက္ေပါ့ေနာ္။ က်မတို႔ လားဟူတုိင္းရင္းသားေရးရာ၀န္ၾကီးက ျပည္နယ္အဆင့္မွာပဲ ရိွတယ္ေပါ့ေနာ္။ ဒါကို ျပည္ေထာင္စုအဆင့္ျဖစ္လာဖုိ႔ NLD အစိုးရအေနနဲ႔ေပ့ါေနာ္... အေျခအေနတစ္ခုကို ဖန္တီးေပးဖို႔ေပါ့ေနာ္.. ေဆြးေႏြးျဖစ္ပါတယ္။”

ဒီကေန႔ NLD ကိုယ္စားလွယ္အဖဲြ႔ဟာ ရွမ္းတိုင္းရင္းသားမ်ား ဒီမိုကရက္တစ္ပါတီ SNDP၊ ၀ အမ်ိဳးသားပါတီ WNP တို႔နဲ႔လည္း သီးျခားစီ ေတြ႔ဆံုေဆြးေႏြးခဲ့ပါတယ္။ ရွမ္းျပည္နယ္မတုိင္ခင္ သြားေရာက္ခဲ့တဲ့ ကယားျပည္နယ္၊ မြန္ျပည္နယ္ေတြမွာေတာ့ ေတြ႔ဆုံမယ့္ ေနရာအတြက္ သေဘာတူညီမႈ မရခဲ့တာေၾကာင့္ ေဆြးေႏြးမယ့္ အစီအစဥ္ေတြ ပ်က္ခဲ့ပါတယ္။

NLD နဲ႔ SNLD ေတာင္ႀကီး NLD ႐ံုးမွာ ေတြ႔ဆံုေဆြးေႏြး
please wait

No media source currently available

0:00 0:04:20 0:00
တိုက္႐ိုက္ လင့္ခ္

[Unicode Version]

NLD နဲ့ SNLD တောင်ကြီး NLD ရုံးမှာ တွေ့ဆုံဆွေးနွေး

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ကိုယ်စားလှယ်အဖွဲ့နဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD တို့ ဒီကနေ့ တွေ့ဆုံရာမှာ အမျိုးသားညီညွတ်ရေးအတွက် ပူးပေါင်းဆောင်ရွက်ဖို့ ဆွေးနွေးခဲ့ကြတဲ့အကြောင်း ပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်း သတင်းထောက်ကိုမိုးဇော်က သတင်းပေးပို့ထားပါတယ်။

ရှမ်းပြည်နယ် ရောက်ရှိနေတဲ့ ဒေါက်တာအောင်မိုးညို ဦးဆောင်တဲ့ NLD ကိုယ်စားလှယ်အဖွဲ့နဲ့ SNLD ကိုယ်စားလှယ်အဖွဲ့ဟာ ဒီကနေ့ မနက် ၁၀ နာရီလောက်မှာ တောင်ကြီးမြို့ NLD ရုံးမှာ တွေ့ဆုံခဲ့ကြတာပါ။

ရွမ္းတိုင္းရင္းသားမ်ား ဒီမိုကေရစီအဖြဲ႕ခ်ဳပ္ (SNLD) ကိုယ္စားလွယ္အဖဲြ႔နဲ႔ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ (NLD) ကိုယ္စားလွယ္အဖဲြ႔ တို႔ ေတာင္ၾကီးၿမိဳ႕ NLD ရံုးမွာ ေတြ႔ဆံုေဆြးေႏြးခဲ့တဲ့ ျမင္ကြင္း။ (ဓာတ္ပံု - Shan Nationalities League for Democracy - ဇန္နဝါရီ ၁
ရွမ္းတိုင္းရင္းသားမ်ား ဒီမိုကေရစီအဖြဲ႕ခ်ဳပ္ (SNLD) ကိုယ္စားလွယ္အဖဲြ႔နဲ႔ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ (NLD) ကိုယ္စားလွယ္အဖဲြ႔ တို႔ ေတာင္ၾကီးၿမိဳ႕ NLD ရံုးမွာ ေတြ႔ဆံုေဆြးေႏြးခဲ့တဲ့ ျမင္ကြင္း။ (ဓာတ္ပံု - Shan Nationalities League for Democracy - ဇန္နဝါရီ ၁

အမျိုးသားညီညွတ်ရေး အစိုးရဖွဲ့မယ်ဆိုပြီး ရွေးကောက်ပွဲ အနိုင်ရခဲ့တဲ့ NLD ပါတီက တိုင်းရင်းသား နိုင်ငံရေး အင်အားစုတွေနဲ့ တွေ့ဆုံဖို့ စီစဉ်ရာမှာ အစောပိုင်း အဆင်မပြေမှုတွေ ကြုံခဲ့ရပြီးနောက်၊ ရှမ်းပြည်နယ်မှာတော့ နိုင်ငံရေးပါတီတချို့နဲ့ အစီအစဉ်အတိုင်း တွေ့ဆုံနေတာ ဖြစ်ပါတယ်။

ဒီကနေ့ တွေ့ဆုံရာမှာတော့ အမျိုးသား ညီညွတ်ရေးကိစ္စ အပါအဝင် တိုင်းရင်းသား နိုင်ငံရေး အင်အားစုတွေနဲ့ တွေ့ဆုံဆွေးနွေးနိုင်ရေး ကိစ္စတွေ ပါဝင်ခဲ့ကြောင်းလည်း SNLD ပါတီရဲ့ တွဲဘက်အထွေထွေအတွင်းရေးမှူး ၁ စိုင်းကျော်ညွှန့်က VOA ကို ပြောပါတယ်။

“ကျနော်တို့ အမျိုးသားညီညွတ်ရေးကိစ္စတွေ ပါမယ်။ နောက်ပြီးတော့ ဆွေးနွေးပွဲ အဆင်မပြေခဲ့တဲ့ မွန်တို့၊ ကယားတို့ ကိစ္စတွေကိုလည်း ပြန်ပြီး လုပ်ဆောင်ဖို့ ကျနော်တို့ တိုက်တွန်းခဲ့တာရှိတယ်။ ဒီပြင် NLD ကနေ ထုတ်ပြန်ထားတဲ့ ၄၈ ပါတီကိုလည်း တိုင်းရင်းသား ပါတီတွေပေါ့ဗျာ။ အဲဒီအဖွဲ့တွေနဲ့လည်း ဖြစ်နိုင်ရင်တော့ အကုန်လုံးနဲ့တွေ့ဆုံဖို့ ကျနော်တို့ တိုက်တွန်းခဲ့တာရှိပါတယ်။ တကယ်လို့ မွန်တို့၊ ကယားတို့မှာ တွေ့ဆုံမှုအခြေအနေ မကောင်းခဲ့တဲ့ဟာကိုလည်း လိုအပ်ရင် ကျနော်တို့ ကူညီဆောင်ရွက်ဆိုရင်လည်း ကူညီဆောင်ရွက်ဖို့၊ ကူညီဆောင်ရွက်နိုင်တယ်ဆိုတဲ့အကြောင်းကိုလည်း သူတို့ကို ပြောဆိုခဲ့တာရှိပါတယ်။”

အခြားဆွေးနွေးတဲ့အချက်တွေကတော့ SNLD ပါတီရဲ့ မူဝါဒ၊ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးဆိုင်ရာ အခြေခံမူနဲ့ မျှော်မှန်းချက်၊ ဆောင်ရွက်နေတဲ့လုပ်ငန်းစဉ် စတာတွေ ပါဝင်ခဲ့ပါတယ်။

ဒီကနေ့တွေ့ဆုံပွဲမှာ NLD ပါတီက ကိုယ်စားလှယ် ၃ ဦးနဲ့ SNLD က ကိုယ်စားလှယ် ၃ ဦးစီ ပါဝင် ဆွေးနွေးခဲ့တာပါ။ ဒီအဆင့်ဟာ သဘောထားကောက်ယူတဲ့အဆင့်ဖြစ်ပြီး နောက်တစ်ဆင့်မှသာ ပိုမိုအလုပ်သဘောဆန်တဲ့အပိုင်းကို ဆောင်ရွက်နိုင်မယ်လို့ SNLD က သုံးသပ်ထားပါတယ်။

လက်ရှိ ဒေါက်တာအောင်မိုးညိုဦးဆောင်တဲ့ NLD ကိုယ်စားလှယ်အဖွဲ့က တိုင်းရင်းသားနိုင်ငံရေးပါတီတွေနဲ့ လိုက်လံတွေ့ဆုံနေတာနဲ့ ပတ်သက်လို့ သူတို့ပါတီရဲ့ သဘောထားကို စိုင်းကျော်ညွှန့်က အခုလို ပြောပါတယ်။

“NLD ကိုယ်တိုင်လည်း ပြောထားတာပဲ။ အမျိုးသားရင်ကြားစေ့လုပ်ကို လုပ်မယ်ပြုမယ်ဆို။ ဆိုတော့ တိုင်းရင်းသား အင်အားစုတွေရှိမယ်၊ ဒီမိုကရေစီအင်အားစုတွေရှိမယ်။ တိုင်းရင်းသား အင်အားစုဆိုတဲ့ နေရာမှာလည်း နိုင်ငံရေးပါတီတွေ ပါမယ်၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေပါမယ်၊ CSO တွေလည်း ပါမှာပဲလေ။ ဆိုတော့ ကျယ်ကျယ်ပြန့်ပြန့်လေး ပူးပေါင်းဆောင်ရွက်နိုင်ရင်တော့ အကောင်းဆုံးပဲလေ။ ကျနော်တို့နိုင်ငံလည်း ဒီချိန်မှာက အဘက်ဘက်ကနေ ယိုယွင်းနေတယ်လေ၊ အားနည်းနေတယ်။ ကိုယ့်ကိုလည်း နိုင်ငံတကာက အရမ်းဖိအားပေးနေတဲ့အချိန်မှာ ကိုယ်ရဲ့ ပြည်တွင်း အမျိုးသားညီညွှတ်ရေးကို တည်ဆောက်နိုင်မှ၊ ကိုယ်ခံအားကောင်းအောင် လုပ်ရမှာပေါ့ဗျာ။ အဲဒါကို တည်ဆောက်နိုင်ဖို့ အရေးကြီးပါတယ်။ အဲဒီအပိုင်းကဏ္ဍမှာ ကျနော်တို့ တတ်အားသရွေ့တော့ ကူညီဆောင်ရွက်တာတို့၊ ပူးပေါင်းဆောင်ရွက်တာတို့ လုပ်သွားဖို့ ရှိပါတယ်။”

ဒီကနေ့ မနက်ပိုင်း ၈ နာရီလောက်ကတော့ NLD ကိုယ်စားလှယ်အဖွဲ့နဲ့ လားဟူအမျိုးသားဖွံ့ဖြိုး တိုးတက်ရေးပါတီတို့ တွေ့ဆုံဆွေးနွေးခဲ့ပြီး လားဟူပါတီဘက်က ငြိမ်းချမ်းရေး၊ ဒေသဖွံ့ဖြိုးရေး၊ အုပ်ချုပ်ရေးနဲ့ မြေယာကိစ္စတွေ ထည့်သွင်းဆွေးနွေးခဲ့ကြောင်း ပါတီဥက္ကဋ္ဌ ဒေါ်အေးသီတာမြင့်က ပြောပါတယ်။

အခြားအရေးကြီးအချက်အနေနဲ့ လားဟူအမျိုးသားတွေရဲ့ လိုလားချက်ကိုလည်း ဆွေးနွေးခဲ့ကြောင်း ပြောပါတယ်။

“ကျမတို့က လားဟူ ၃၀၀,၀၀၀ ကျော်ရှိတယ်ပေါ့နော်။ ရှမ်းအရှေ့မှာဆိုရင် ဒုတိယလူဦးရေအများဆုံး။ လားဟူက ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသလည်း မရဘူး။ ရွေးကောက်ပွဲမှာလည်း ကျမတို့ လွတ်လွတ်လပ်လပ်နဲ့ စည်းရုံးခွင့်တွေ၊ ဘာတွေကလည်း မရတဲ့၊ အဘက်ဘက်မှာ ဖိအားတွေအများကြီးကြောင့် လူဦးရေများပေမဲ့လည်း ပေါ့နော်။ ကျမတို့က ပြည်ထောင်စုအဆင့်မှာလည်း မတက်နိုင်တဲ့အတွက်ပေါ့နော်။ ကျမတို့ လားဟူတိုင်းရင်းသားရေးရာဝန်ကြီးက ပြည်နယ်အဆင့်မှာပဲ ရှိတယ်ပေါ့နော်။ ဒါကို ပြည်ထောင်စုအဆင့်ဖြစ်လာဖို့ NLD အစိုးရအနေနဲ့ပေ့ါနော်... အခြေအနေတစ်ခုကို ဖန်တီးပေးဖို့ပေါ့နော်.. ဆွေးနွေးဖြစ်ပါတယ်။”

ဒီကနေ့ NLD ကိုယ်စားလှယ်အဖွဲ့ဟာ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ SNDP၊ ၀ အမျိုးသားပါတီ WNP တို့နဲ့လည်း သီးခြားစီ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ ရှမ်းပြည်နယ်မတိုင်ခင် သွားရောက်ခဲ့တဲ့ ကယားပြည်နယ်၊ မွန်ပြည်နယ်တွေမှာတော့ တွေ့ဆုံမယ့် နေရာအတွက် သဘောတူညီမှု မရခဲ့တာကြောင့် ဆွေးနွေးမယ့် အစီအစဉ်တွေ ပျက်ခဲ့ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG