(Zawgyi/Unicode)
ေရြးေကာက္ပြဲအၿပီး အႏိုင္ရအစိုးရပါတီ NLD အမ်ိဳးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္အေနနဲ႔၊ တိုင္းရင္းသားပါတီေတြနဲ႔ သြားေရာက္ေတြ႔ဆံုေဆြးေႏြးေနတဲ့ ေနာက္ဆံုးအေျခအေနနဲ ေရွ.ျဖစ္သင့္တာေတြကို၊ ဦးေဆာင္ေဆြးေႏြးေနတဲ့ NLD အတြင္းေရးမူး (၃) နဲ႔ မေကြးတိုင္းဝန္ႀကီးခ်ဳပ္ ေဒါက္တာေအာင္မိုးညိဳနဲ႔၊ အဓိက တိုင္းရင္းသားပါတီတခ်ိဳ.ေခါင္းေဆာင္ေတြကို ကိုဝင္းမင္းကေမးရာမွာ၊ ေဒါက္တာေအာင္မိုးညိဳက မၾကာခင္ ခရီးစဥ္ျပန္စႏိုင္ဖို႔ရွိတယ္လို႔ ခုလိုစရွင္းျပပါတယ္။
“ ကခ်င္ျပည္နယ္သြားခဲ့တယ္ မြန္ျပည္နယ္သြားခဲ့တယ္ ဒီ ၅ ရက္ေန႔ကေပါ့ တိုင္းရင္းသားပါတီေတြနဲ႔ ေဆြးေႏြးတာေတြ ဆႏၵေတြကို ဗဟိုအလုပ္မႈေဆာင္ဆီကို စာတင္လိုက္ၿပီ အဲဒီစာကို ၾကည့္ၿပီးေတာ့ သူတို႔ ဟိုျပည္နယ္သြား ဒီျပည္နယ္သြားဆိုတာ ဆံုးျဖတ္ပါလိမ့္မယ္။ တိုင္းရင္းသားေတြလည္း ေမွ်ာ္ေနတယ္ ေတြ႔ခ်င္ပါတယ္။ ေဖေဖာ္၀ါရီလထဲမွာလည္း တတိယအၾကိမ္ျပည္ေထာင္စုလႊတ္ေတာ္ျပန္စေတာ့မယ္ဆိုေတာ့ ဒီဇန္န၀ါရီလထဲမွာ ဒုတိယပတ္ျဖစ္ေစ တတိယပတ္ျဖစ္ေစ ခရီးထြက္ျဖစ္မယ္လို႔ထင္ပါတယ္။”
အဲဒီေတာ့ ဗဟိုအလုပ္မႈေဆာင္အဖြဲ႔ကို တင္ထားတဲ့စာထဲမွာ ဘာေတြအဓိက ေျပာထားပါသလဲလို႔ ေမးရာမွာ ေဒါက္တာေအာင္မိုးညိဳက
“တိုင္းရင္းသားေတြက တခ်ိဳ႕က်ေတာ့လည္းျပည္ေထာင္စုအဆင့္မွာ ေျဖရွင္းရမယ့္ဟာေတြရွိတယ္။ ဥပမာအားျဖင့္ ျပည္တြင္းၿငိမ္းခ်မ္းေရးကိစၥတို႔ က်ေနာ္တို႔နဲ႔ တိုက္ရိုက္ပတ္သက္တာက ျပည္နယ္လႊတ္ေတာ္ ျပည္နယ္အစိုးရဖြဲ႔တဲ့ကိစၥ အဲဒါေတြ ေျပာပါတယ္။ သူတို႔ကလည္း ဗိုလ္ခ်ဳပ္ေအာင္ဆန္းက ၁၉၄၆ ခုႏွစ္လာတုန္းက ပင္လံုအစ ကခ်င္ျပည္နယ္က လို႔ ေျပာလို႔ရပါတယ္တဲ့။ ကခ်င္ျပည္နယ္ ကခ်င္အုပ္ခ်ဳပ္ခြင့္ရရမယ္တို႔ ၊ တန္းတူညီမွ်ခြင့္ရရမယ္တို႔ ေျပာထားတယ္ အဲဒါမ်ိဳးေတြျဖစ္ဖုိ႔ဆိုရင္ အခုလာမယ့္ ၂၀၂၁ မွာဖြဲ႔မယ့္ ျပည္နယ္လႊတ္ေတာ္တို႔၊ ျပည္နယ္အစိုးရတို႔မွာ ေရြးခ်ယ္တင္ေျမာက္ျခင္းခံရတဲ့ တိုင္းရင္းသားပါတီေလးေတြကိုလည္း ေနရာေပးသင့္ပါတယ္ ဆိုၿပီး သူတို႔ေျပာတာရွိတယ္။”
ဒီေနရာမွာ ျပီးခဲ့တဲ့ တေခါက္ ကခ်င္နဲ႔ မြန္မွာ ေတြ႔ၾကံဳခဲ့ရတဲ့အေပၚမူတည္ၿပီးေရွ႕မွာ ဘယ္လိုပိုေကာင္းေအာင္လုပ္ဖို႔ ရွိပါသလဲ လို႔ ေမးရာမွာ ေဒါက္တာေအာင္မိုးညိဳ က
“ေရြးေကာက္ပြဲရလဒ္မွာ အေျခခံလိုက္ေတာ့ က်ေနာ့္တေယာက္တည္း အျမင္ေျပာတာေနာ္ ၊ ဒါက အဖြဲ႔ခ်ဳပ္အျမင္မဟုတ္ဘူးေနာ္ ဒီျပည္နယ္လႊတ္ေတာ္အစိုးရကိစၥေတြမွာ သူတို႔ ဘာေတြေျပာခ်င္တုန္းဆိုတာမ်ိဳးကို အဓိက ေဇာင္းေပးခ်င္လို႔ ဖိတ္လိုက္တဲ့လူေတြက ေရြးခ်ယ္တင္ေျမာက္ျခင္းခံထားရတဲ့ လႊတ္ေတာ္ကိုယ္စားလွယ္ျဖစ္ေနတာပါ။ အဲဒါေၾကာင့္ ျငင္းခံုေနတာပါ။ ဒီေနရာဟိုေနရာဆိုတာကေတာ့ အေရးႀကီးတာက တိုင္းရင္းသားညီအကိုေတြ ဘာေတြလိုအပ္တယ္ ေျပာရမွာေလ အဲဒီေတာ့ အဆင္ေျပေအာင္ေတာ့ တိုင္းရင္းသားညီအကိုေတြ အဆက္အသြယ္ရွိတဲ့ဆီကိုေတာ့ အဖုအထစ္မျဖစ္ေစခ်င္ဘူးလို႔ ေျပာထားတယ္။
ဒီအေပၚ အခု စဆက္သြယ္ရထားၿပီး ရွမ္းျပည္နယ္မွာ တတိယ အမ်ားဆံုး အႏိုင္ရထားတဲ့ ရွမ္းတိုင္းရင္းသားမ်ား ဒီမိုကေရစီအဖြဲ႔ခ်ဳပ္ေျပာခြင့္ရ ဦးစိုင္းလိတ္ကလည္း
“ေဒါက္တာေအာင္မိုးညိဳ နဲ႔ က်ေနာ္တို႔ထဲက contact person တေယာက္ကေတာ့ ဖုန္းအဆက္အသြယ္ရပါတယ္။ ဒါေပမယ့္ မိတ္ဆက္စကားေျပာတဲ့အဆင့္ပဲ ရွိပါေသးတယ္။ ပထမတခ်က္ေတာ့ ေရြးခ်ယ္ခံလႊတ္ေတာ္ကိုယ္စားလွယ္ ေတြကိုပဲ ေရြးၿပီး ဖိတ္ခဲ့တယ္ဆိုတာကေတာ့ အထူးသျဖင့္ က်ေနာ္တို႔ SNLD အေနနဲ႔ဆိုရင္ အဆင္မေျပေလာက္ဘူး။ က်ေနာ္တို႔ရဲ႕ လႊတ္ေတာ္ကိုယ္စားလွယ္ေတြက ရွမ္းျပည္နယ္နဲ႔ ကခ်င္ျပည္နယ္လည္း ပါတယ္။ လူေပါင္း ၄၂ ေယာက္ကို တေနရာထဲမွာ စုၿပံဳၿပီးေတာ့ဖို႔ဆိုတာကလည္း အဆင္မေျပေလာက္ပါဘူး။ အဲဒီေတာ့ ပါတီက တာ၀န္ေပးထားတဲ့ ေတြ႔ဆံုေဆြးေႏြးေရးအဖြဲ႔နဲ႔ ေတြ႔ဆံုမွသာလ်င္ အဆင္ေျပပါလိမ့္မယ္။ NLD ဘက္ကက်ေတာ့ တိုင္းရင္းသားပါတီေတြရဲ႕အသံကို နားေထာင္ၿပီးေတာ့ သေဘာထားရယူတာသပ္သပ္ဆိုတာထက္ကို ႏိုင္ငံေရးအရ ဘယ္ေလာက္အထိ လိုက္ေလ်ာႏိုင္မယ္ လာမယ့္လႊတ္ေတာ္အစိုးရရဲ႕ ဖြဲ႔စည္းပံုစနစ္နဲ႔ ပက္သက္ၿပီးေတာ့မွ တိုင္းရင္းသားေတြနဲ႔ ဘယ္လိုမ်ိဳး ညိွႏိႈင္းဖို႔ရွိတယ္ဆိုတာကို ေျပာႏိုင္ဆိုႏိုင္တဲ့ mandate မ်ိဳးပါလာရင္ ပိုၿပီးေတာ့မွ အဆင္ေျပလိမ့္မယ္။”
ဒါ့အျပင္ အရင္တုန္းက အဆက္အသြယ္ရခဲ့ၿပီး ကယားျပည္နယ္မွာ မဲတစံုတရာႏိုင္ထားတဲ့ ကယားျပည္နယ္ဒီမိုကရက္တစ္ပါတီေျပာခြင့္ရ စိုင္းႏိုင္းႏိုင္ေထြးကလည္း
“ လြန္ခဲ့တဲ့လ ၁၉-၂၀ ေလာက္မွာေတာ့ တခါ ခ်ိတ္ဆက္မိၾကတယ္။ ေနာက္ပိုင္းမွာ ကခ်င္ကို သူတို႔ ဦးဆံုးသြားမယ္ဆိုၿပီးျဖစ္လာတယ္။ ေနာက္ပိုင္းမွာေတာ့ ဘာမွ ျပန္မဆက္သြယ္ဘူး။ က်ေနာ္တို႔ ႏိုင္ငံေရးပါတီေတြရဲ႕ သေဘာထား ရယူၿပီးမွ ေဆြးေႏြးတဲ့ ပံုစံမ်ိဳး ရွိသင့္တာေပါ့ေနာ္။ အႏိုင္ရ ကိုယ္စားလွယ္ေတြပဲ သီးသန္႔ေခၚယူတာ၀န္ေပးတာမ်ိဳးက ၂၀၁၅ လို ကိစၥရပ္ေတြက ပါတီေတြခြဲထြက္ၿပီးမွ ျပႆနာ ရႈပ္ေထြးမႈေတြ ျဖစ္ေပၚလာမွာကို စိုးရိမ္တယ္။ ၁၉၉၀ အလြန္တုန္းက ဗိုလ္ေအာင္ေက်ာ္လမ္း ဂႏီၵခမ္းမမွာတုန္းက အဲလိုမ်ိဳးအလားသ႑န္တူတဲ့ ေတြ႔ဆံုေဆြးေႏြးမႈ အားလံုးတန္းတူညီတူျဖစ္တဲ့ ျပည္ေထာင္စု တခုလံုးကို သြားႏိုင္တဲ့ ႏိုင္ငံေရး အခင္းအက်င္းမ်ိဳးဆိုရင္ေတာ့ ပိုၿပီးေတာ့ အဆင္ေျပမယ္။”
ဒီေနရာမွာ ရခိုင္ျပည္နယ္မွာ မဲအမ်ားဆံုးႏိုင္ထားတဲ့ ရခိုင္အမ်ိဳးသားပါတီဥကၠ႒ ဦးသာထြန္းလွကလည္း
“ႏိုင္ငံေရးပါတီဆိုတာက ႏိုင္ငံေရးပါတီအခ်င္းခ်င္း တန္းတူညီတူ ေဆြးေႏြးတဲ့ အဆင့္ကို ဖန္တီးဖို႔ လိုပါတယ္။ အေပၚစီးကေနၿပီး ငါေျပာတာကို မင္းတို႔လာနားေထာင္ပါဆိုတဲ့ အခင္းအက်င္းမ်ိဳးဆိုရင္ေတြ႔ဆံုေဆြးေႏြးေရး မျဖစ္ႏိုင္ဘူး။ ငါက ဘယ္ေလာက္အင္အားၾကီးတယ္ဆိုတဲ့ စိတ္ မာန္မာနေတြကို ေဘးဖယ္ထားၿပီး ေကာင္းမြန္တဲ့အေျဖတခုကို ရေအာင္လို႔ဖို႔လိုတယ္။”
တကယ္ေတာ့ ေရြးေကာက္ပြဲအၿပီး အႏိုင္ရ NLD အစိုးရပါတီနဲ႔ အဓိက အတိုက္အခံျဖစ္တဲ့ ႀကံ႕ခုိင္ဖြံ႔ၿဖိဳးေရးပါတီအျပင္ တပ္မေတာ္နဲ႔ပါ မဲရလဒ္အျပန္အလွန္ ျငင္းခံုမႈေတြ ျပင္းထန္ေနခ်ိန္မွာ အခုလို တိုင္းရင္းသားပါတီေတြနဲ႔လည္း ေတြ႔ဆံုတဲ့ ခရီးစဥ္ေတြျဖစ္လာတာပါ။
..............
NLD ကိုယ်စားလှယ် လာရောက်တွေ့ဆုံမှု နှင့် တိုင်းရင်းသားတို့ သဘောထား
(Unicode)
ရွေးကောက်ပွဲအပြီး အနိုင်ရအစိုးရပါတီ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့၊ တိုင်းရင်းသားပါတီတွေနဲ့ သွားရောက်တွေ့ဆုံဆွေးနွေးနေတဲ့ နောက်ဆုံးအခြေအနေနဲ ရှေ.ဖြစ်သင့်တာတွေကို၊ ဦးဆောင်ဆွေးနွေးနေတဲ့ NLD အတွင်းရေးမူး (၃) နဲ့ မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုနဲ့၊ အဓိက တိုင်းရင်းသားပါတီတချို.ခေါင်းဆောင်တွေကို ကိုဝင်းမင်းကမေးရာမှာ၊ ဒေါက်တာအောင်မိုးညိုက မကြာခင် ခရီးစဉ်ပြန်စနိုင်ဖို့ရှိတယ်လို့ ခုလိုစရှင်းပြပါတယ်။
“ ကချင်ပြည်နယ်သွားခဲ့တယ် မွန်ပြည်နယ်သွားခဲ့တယ် ဒီ ၅ ရက်နေ့ကပေါ့ တိုင်းရင်းသားပါတီတွေနဲ့ ဆွေးနွေးတာတွေ ဆန္ဒတွေကို ဗဟိုအလုပ်မှုဆောင်ဆီကို စာတင်လိုက်ပြီ အဲဒီစာကို ကြည့်ပြီးတော့ သူတို့ ဟိုပြည်နယ်သွား ဒီပြည်နယ်သွားဆိုတာ ဆုံးဖြတ်ပါလိမ့်မယ်။ တိုင်းရင်းသားတွေလည်း မျှော်နေတယ် တွေ့ချင်ပါတယ်။ ဖေဖော်ဝါရီလထဲမှာလည်း တတိယအကြိမ်ပြည်ထောင်စုလွှတ်တော်ပြန်စတော့မယ်ဆိုတော့ ဒီဇန်နဝါရီလထဲမှာ ဒုတိယပတ်ဖြစ်စေ တတိယပတ်ဖြစ်စေ ခရီးထွက်ဖြစ်မယ်လို့ထင်ပါတယ်။”
အဲဒီတော့ ဗဟိုအလုပ်မှုဆောင်အဖွဲ့ကို တင်ထားတဲ့စာထဲမှာ ဘာတွေအဓိက ပြောထားပါသလဲလို့ မေးရာမှာ ဒေါက်တာအောင်မိုးညိုက
“တိုင်းရင်းသားတွေက တချို့ကျတော့လည်းပြည်ထောင်စုအဆင့်မှာ ဖြေရှင်းရမယ့်ဟာတွေရှိတယ်။ ဥပမာအားဖြင့် ပြည်တွင်းငြိမ်းချမ်းရေးကိစ္စတို့ ကျနော်တို့နဲ့ တိုက်ရိုက်ပတ်သက်တာက ပြည်နယ်လွှတ်တော် ပြည်နယ်အစိုးရဖွဲ့တဲ့ကိစ္စ အဲဒါတွေ ပြောပါတယ်။ သူတို့ကလည်း ဗိုလ်ချုပ်အောင်ဆန်းက ၁၉၄၆ ခုနှစ်လာတုန်းက ပင်လုံအစ ကချင်ပြည်နယ်က လို့ ပြောလို့ရပါတယ်တဲ့။ ကချင်ပြည်နယ် ကချင်အုပ်ချုပ်ခွင့်ရရမယ်တို့ ၊ တန်းတူညီမျှခွင့်ရရမယ်တို့ ပြောထားတယ် အဲဒါမျိုးတွေဖြစ်ဖို့ဆိုရင် အခုလာမယ့် ၂၀၂၁ မှာဖွဲ့မယ့် ပြည်နယ်လွှတ်တော်တို့၊ ပြည်နယ်အစိုးရတို့မှာ ရွေးချယ်တင်မြောက်ခြင်းခံရတဲ့ တိုင်းရင်းသားပါတီလေးတွေကိုလည်း နေရာပေးသင့်ပါတယ် ဆိုပြီး သူတို့ပြောတာရှိတယ်။”
ဒီနေရာမှာ ပြီးခဲ့တဲ့ တခေါက် ကချင်နဲ့ မွန်မှာ တွေ့ကြုံခဲ့ရတဲ့အပေါ်မူတည်ပြီးရှေ့မှာ ဘယ်လိုပိုကောင်းအောင်လုပ်ဖို့ ရှိပါသလဲ လို့ မေးရာမှာ ဒေါက်တာအောင်မိုးညို က
“ရွေးကောက်ပွဲရလဒ်မှာ အခြေခံလိုက်တော့ ကျနော့်တယောက်တည်း အမြင်ပြောတာနော် ၊ ဒါက အဖွဲ့ချုပ်အမြင်မဟုတ်ဘူးနော် ဒီပြည်နယ်လွှတ်တော်အစိုးရကိစ္စတွေမှာ သူတို့ ဘာတွေပြောချင်တုန်းဆိုတာမျိုးကို အဓိက ဇောင်းပေးချင်လို့ ဖိတ်လိုက်တဲ့လူတွေက ရွေးချယ်တင်မြောက်ခြင်းခံထားရတဲ့ လွှတ်တော်ကိုယ်စားလှယ်ဖြစ်နေတာပါ။ အဲဒါကြောင့် ငြင်းခုံနေတာပါ။ ဒီနေရာဟိုနေရာဆိုတာကတော့ အရေးကြီးတာက တိုင်းရင်းသားညီအကိုတွေ ဘာတွေလိုအပ်တယ် ပြောရမှာလေ အဲဒီတော့ အဆင်ပြေအောင်တော့ တိုင်းရင်းသားညီအကိုတွေ အဆက်အသွယ်ရှိတဲ့ဆီကိုတော့ အဖုအထစ်မဖြစ်စေချင်ဘူးလို့ ပြောထားတယ်။
ဒီအပေါ် အခု စဆက်သွယ်ရထားပြီး ရှမ်းပြည်နယ်မှာ တတိယ အများဆုံး အနိုင်ရထားတဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပြောခွင့်ရ ဦးစိုင်းလိတ်ကလည်း
“ဒေါက်တာအောင်မိုးညို နဲ့ ကျနော်တို့ထဲက contact person တယောက်ကတော့ ဖုန်းအဆက်အသွယ်ရပါတယ်။ ဒါပေမယ့် မိတ်ဆက်စကားပြောတဲ့အဆင့်ပဲ ရှိပါသေးတယ်။ ပထမတချက်တော့ ရွေးချယ်ခံလွှတ်တော်ကိုယ်စားလှယ် တွေကိုပဲ ရွေးပြီး ဖိတ်ခဲ့တယ်ဆိုတာကတော့ အထူးသဖြင့် ကျနော်တို့ SNLD အနေနဲ့ဆိုရင် အဆင်မပြေလောက်ဘူး။ ကျနော်တို့ရဲ့ လွှတ်တော်ကိုယ်စားလှယ်တွေက ရှမ်းပြည်နယ်နဲ့ ကချင်ပြည်နယ်လည်း ပါတယ်။ လူပေါင်း ၄၂ ယောက်ကို တနေရာထဲမှာ စုပြုံပြီးတော့ဖို့ဆိုတာကလည်း အဆင်မပြေလောက်ပါဘူး။ အဲဒီတော့ ပါတီက တာဝန်ပေးထားတဲ့ တွေ့ဆုံဆွေးနွေးရေးအဖွဲ့နဲ့ တွေ့ဆုံမှသာလျင် အဆင်ပြေပါလိမ့်မယ်။ NLD ဘက်ကကျတော့ တိုင်းရင်းသားပါတီတွေရဲ့အသံကို နားထောင်ပြီးတော့ သဘောထားရယူတာသပ်သပ်ဆိုတာထက်ကို နိုင်ငံရေးအရ ဘယ်လောက်အထိ လိုက်လျောနိုင်မယ် လာမယ့်လွှတ်တော်အစိုးရရဲ့ ဖွဲ့စည်းပုံစနစ်နဲ့ ပက်သက်ပြီးတော့မှ တိုင်းရင်းသားတွေနဲ့ ဘယ်လိုမျိုး ညှိနှိုင်းဖို့ရှိတယ်ဆိုတာကို ပြောနိုင်ဆိုနိုင်တဲ့ mandate မျိုးပါလာရင် ပိုပြီးတော့မှ အဆင်ပြေလိမ့်မယ်။”
ဒါ့အပြင် အရင်တုန်းက အဆက်အသွယ်ရခဲ့ပြီး ကယားပြည်နယ်မှာ မဲတစုံတရာနိုင်ထားတဲ့ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီပြောခွင့်ရ စိုင်းနိုင်းနိုင်ထွေးကလည်း
“ လွန်ခဲ့တဲ့လ ၁၉-၂၀ လောက်မှာတော့ တခါ ချိတ်ဆက်မိကြတယ်။ နောက်ပိုင်းမှာ ကချင်ကို သူတို့ ဦးဆုံးသွားမယ်ဆိုပြီးဖြစ်လာတယ်။ နောက်ပိုင်းမှာတော့ ဘာမှ ပြန်မဆက်သွယ်ဘူး။ ကျနော်တို့ နိုင်ငံရေးပါတီတွေရဲ့ သဘောထား ရယူပြီးမှ ဆွေးနွေးတဲ့ ပုံစံမျိုး ရှိသင့်တာပေါ့နော်။ အနိုင်ရ ကိုယ်စားလှယ်တွေပဲ သီးသန့်ခေါ်ယူတာဝန်ပေးတာမျိုးက ၂၀၁၅ လို ကိစ္စရပ်တွေက ပါတီတွေခွဲထွက်ပြီးမှ ပြဿနာ ရှုပ်ထွေးမှုတွေ ဖြစ်ပေါ်လာမှာကို စိုးရိမ်တယ်။ ၁၉၉၀ အလွန်တုန်းက ဗိုလ်အောင်ကျော်လမ်း ဂန္ဒီခမ်းမမှာတုန်းက အဲလိုမျိုးအလားသဏ္ဍန်တူတဲ့ တွေ့ဆုံဆွေးနွေးမှု အားလုံးတန်းတူညီတူဖြစ်တဲ့ ပြည်ထောင်စု တခုလုံးကို သွားနိုင်တဲ့ နိုင်ငံရေး အခင်းအကျင်းမျိုးဆိုရင်တော့ ပိုပြီးတော့ အဆင်ပြေမယ်။”
ဒီနေရာမှာ ရခိုင်ပြည်နယ်မှာ မဲအများဆုံးနိုင်ထားတဲ့ ရခိုင်အမျိုးသားပါတီဥက္ကဋ္ဌ ဦးသာထွန်းလှကလည်း
“နိုင်ငံရေးပါတီဆိုတာက နိုင်ငံရေးပါတီအချင်းချင်း တန်းတူညီတူ ဆွေးနွေးတဲ့ အဆင့်ကို ဖန်တီးဖို့ လိုပါတယ်။ အပေါ်စီးကနေပြီး ငါပြောတာကို မင်းတို့လာနားထောင်ပါဆိုတဲ့ အခင်းအကျင်းမျိုးဆိုရင်တွေ့ဆုံဆွေးနွေးရေး မဖြစ်နိုင်ဘူး။ ငါက ဘယ်လောက်အင်အားကြီးတယ်ဆိုတဲ့ စိတ် မာန်မာနတွေကို ဘေးဖယ်ထားပြီး ကောင်းမွန်တဲ့အဖြေတခုကို ရအောင်လို့ဖို့လိုတယ်။”
တကယ်တော့ ရွေးကောက်ပွဲအပြီး အနိုင်ရ NLD အစိုးရပါတီနဲ့ အဓိက အတိုက်အခံဖြစ်တဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီအပြင် တပ်မတော်နဲ့ပါ မဲရလဒ်အပြန်အလှန် ငြင်းခုံမှုတွေ ပြင်းထန်နေချိန်မှာ အခုလို တိုင်းရင်းသားပါတီတွေနဲ့လည်း တွေ့ဆုံတဲ့ ခရီးစဉ်တွေဖြစ်လာတာပါ။