သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေက်ာက္စိမ္းက်ိန္စာ


Myanmar soldiers and Red Cross workers carry out a body recovered from the site of a landslide by jade mines near Hpakant in Kachin state on July 4, 2020. - Dozens of jade miners have been buried in a mass grave after a landslide in northern Myanmar kille
ေက်ာက္စိမ္းက်ိန္စာ
please wait

No media source currently available

0:00 0:05:38 0:00
တိုက္႐ိုက္ လင့္ခ္

လြန္ခဲ့တဲ့ (၂၀၁၉) ဇန္နဝါရီလ (၃၀) ရက္ေန႔မွာ ျပည္ေထာင္စုလႊတ္ေတာ္က ျပဌာန္းတဲ့ ျမန္မာ့ေက်ာက္မ်က္ရတနာ ဥပေဒမွာ ေက်ာက္မ်က္လုပ္ငန္းသံုးမ်ဳိးကို အသိအမွတ္ ျပဳထားပါတယ္။ (၅) ဧကထက္ မပိုတဲ့ လုပ္ကြက္မွာ (၃) နွစ္ တူးေဖာ္ခြင့္ရတဲ့ အလတ္စားလုပ္ငန္း၊ (၂) ဧကထက္ မပိုတဲ့လုပ္ကြက္မွာ (၂) ႏွစ္ တူးေဖာ္ခြင့္ရတဲ့ အေသးစားလုပ္ငန္း၊ (၁) ဧကထက္ မပိုတဲ့ လုပ္ကြက္မွာ (၁) နွစ္ လုပ္ခြင့္ရတဲ့ လက္လုပ္လက္စားလုပ္ငန္း စတဲ့ လုပ္ငန္း (၃) မ်ဳိး ျဖစ္ပါတယ္။ ဥပေဒပုဒ္မ (၄၄) အရ အလုပ္သမားက်န္းမာေရး၊ အႏၱရာယ္ကင္းရွင္းေရး၊ မေတာ္မဆျဖစ္ပြားမႈ ကာကြယ္ေရး၊ ပတ္ဝန္းက်င္ထိခိုက္ပ်က္ဆီးမႈ စစ္ေဆးေရးေတြကို လုပ္ကိုင္ဖုိ႔ သတၱဳတြင္းဦးစီးဌာနမွာ တာဝန္ရိွပါတယ္။

ဒီဥပေဒမတိုင္မီ (၂၀၁၆) ဇူလိုင္လမွာ ေက်ာက္စိမ္းတူးေဖာ္ခြင့္ လိုင္စင္သက္တမ္း တုိးျမွင့္မႈနဲ႔အသစ္ ထုတ္ေပးမႈကို အစိုးရက ေခတၱရပ္ဆိုင္းထားပါတယ္။ ဒါေပမဲ့ အႏွစ္ (၂၀) ေက်ာ္ တူးေဖာ္ခဲ့တဲ့ဒဏ္ကို ဖားကန္႔ရတာ ၾကာခဲ့ပါၿပီ။ ဖားကန္႔ကိုျဖတ္ၿပီး စီးဆင္းတဲ့ ဥရုေခ်ာင္းနဲ႔ ေခ်ာင္းလက္တက္ေတြထဲ စြန္႔ပစ္ေျမစာ သြန္ခ်မႈေၾကာင္း ေခ်ာင္းၾကမ္းျပင္ေပ (၂၀) ေလာက္ ျမင့္လာၿပီး ေခ်ာင္းလက္တက္ တဝက္ေက်ာ္ဟာ တိမ္ေကာသြားတာေၾကာင့္ ေရလွ်ံမႈ၊ ေရထုညစ္ညမ္းမႈနဲ႔ ႀကံဳေတြ႔ေနရပါတယ္။

ဖားကန္႔ေက်ာက္စိမ္းလုပ္ငန္းေတြမွာ ေျမၿပိဳတာဟာ မၾကာခဏ ၾကားရတဲ့သတင္း ျဖစ္ပါတယ္။ အခုအခ်ိန္အထိ ေသဆံုးသူေပါင္း (၅၀၀) ေက်ာ္ ရိွႏို္င္တယ္လို႔ ခန္႔မွန္းပါတယ္။ စြန္႔ပစ္ေျမစာပံုေတြဟာ အလြန္ျမင့္မားတဲ့အတြက္ မိုးသည္းတဲ့အခါနဲ႔ ကုမၸဏီေတြက မိုင္းေဖာက္ခြဲတဲ့အခါမွာ ေျမၿပိဳတာေၾကာင့္ ကုမၸဏီဝန္ထမ္းေရာ၊ ေရမေဆးသမားေတြပါ ေျမျမဳပ္ခံရၿပီး ေသဆံုးၾကရပါတယ္။ အႀကီးစားေက်ာက္စိမ္း လုပ္ငန္းမရိွေအာင္ ခြင့္ျပဳထားတဲ့ လုပ္ကြက္ေတြ ကန္႔သတ္ထားေပမယ့္ ကုမၸဏီေတြဟာ အေသးစား၊ အလတ္စား လုပ္ကြက္ေတြကို ရယူႏိုင္တာမို႔ ကုမၸဏီတခုတည္း လုပ္ကြက္အမ်ားအျပား ရတာမ်ဳိး ရိွပါတယ္။ လိုင္စင္ႏွစ္အတြင္း အျမတ္ထြက္ဖို႔ အေရးႀကီးတာေၾကာင့္ ေျမစာကို စည္းကမ္းမရိွ စြန္႔ပစ္ရာက ေျမစာပံုေတြ အဆမတန္ ႀကီးမားလာတာ ျဖစ္ပါတယ္။ ကုမၸဏီေတြက စြန္႔ပစ္တဲ့ ေျမစာပံုမွာ အဖိုးတန္ေက်ာက္မ်က္ ပါဝင္ႏိုင္တယ္လို႔ ေမွ်ာ္လင့္ၿပီး ေက်ာက္ရွာေဖြသူကို ေရမေဆးသမားလို႔ ေခၚပါတယ္။

ေက်ာက္စိမ္းလုပ္ကြက္နဲ႔ မလြတ္ကင္းတဲ့ ေက်းရြာေတြကို ကုမၸဏီက ေလွ်ာ္ေၾကးေပးၿပီး ေရႊ ႔ေျပာင္းခိုင္းပါတယ္။ အိမ္အေျခအေနကိုလိုက္ၿပီး တအိမ္ကို (၁၅) သိန္းနဲ႔ သိန္း (၃၀) အၾကား ေလွ်ာ္ေၾကးေပးပါတယ္။ ရြာသားအမ်ားစုဟာ ေရမေဆးေက်ာက္ရွာေဖြၿပီး အသက္ေမြးဝမ္းေက်ာင္း ျပဳၾကသူေတြ ျဖစ္ပါတယ္။ အျခားေဒသကလာၾကတဲ့ ေရမေဆးသမားေတြထဲမွာ ရခိုင္ျပည္နယ္က အမ်ားဆံုး ျဖစ္တယ္လို႔ သိရပါတယ္။ ေက်ာက္စိမ္းနယ္ေျမမွာ အလုပ္လုပ္သူေပါင္း သံုးသိန္းေက်ာ္ ရိွမယ္လို႔ ခန္႔မွန္းၾကပါတယ္။ ဒါေပမဲ့ ေရမေဆးေက်ာက္ ရွာေဖြသူထဲမွာ အက်ဳိးအျမတ္ ခံစားရတာ အလြန္နည္းပါတယ္။ တပ္မေတာ္အရာရိွ၊ တိုင္းရင္းသားလက္နက္ကိုင္နဲ႔ ပုဂၢလိကကုမၸဏီေတြ အမ်ားဆံုး အက်ဳိးခံစားရပါတယ္။

KIA ကခ်င္လြတ္ေျမာက္ေရးတပ္နဲ႔ ျမန္မာ့တပ္မေတာ္ကို ၁၉၉၄ မွာ အပစ္အခတ္ရပ္စဲခ်ိန္ကစၿပီး ျပန္လည္ပစ္ခတ္ၾကတဲ့ ၂၀၁၁ အထိ၊ (၁၇) ႏွစ္လံုးလံုး စိတ္ႀကိဳက္ေက်ာက္စိမ္း တူးေဖာ္ၾကတာမို႔ ဖားကန္႔ေဒသရဲ ႔ ပထဝီအေနအထားဟာ လံုးဝေျပာင္းလဲသြားပါတယ္။ KIA လုပ္ပိုင္ခြင့္ ေလ်ာ့နည္းသြားၿပီး တပ္မေတာ္ လႊမ္းမိုးမႈ ပိုမ်ားလာပါတယ္။ စစ္အစိုးရက သတၱဳတြင္းလိုင္စင္ ခ်ေပးတာမို႔ စစ္အစိုးရနဲ႔ နီးစပ္တဲ့ အသိုင္းအဝိုင္းဟာ အမ်ားဆံုး အက်ဳိးခံစားရပါတယ္။ ျပည္သူလူထုကေတာ့ ေရမေဆးသမားအျဖစ္ ဘဝရပ္တည္ေနၾကရပါတယ္။ ေရမေဆးသမား ေတြ႔ရိွတဲ့ေက်ာက္မ်က္ကို ေလာပန္းဆိုသူေတြက ဝယ္ယူၾကပါတယ္။ ဒါေၾကာင့္ ေရမေဆးသမားနဲ႔ ေလာပန္းဟာ အျပန္အလွန္ မီွခိုေနတဲ့သေဘာ ရိွပါတယ္။ ေက်ာက္စိမ္းနယ္ေျမမွာ အစိုးရက အလုပ္အကိုင္ ဖန္တီးေပးႏိုင္တာ မဟုတ္ပါဘူး။

၂၀၁၉ ေက်ာက္မ်က္ဥပေဒက ျပဌာန္းတဲ့ လက္လုပ္လက္စား လုပ္ကြက္ကို ဖားကန္႔ရတနာနယ္ေျမမွာ လြန္ခဲ့တဲ့ႏွစ္ မတ္လက ပထမဆံုး ေရာင္းခ်တဲ့အခါ စိတ္ဝင္စားသူ နည္းေနပါတယ္။ လုပ္ကြက္တကြက္မွာ က်ပ္ (၆) သိန္းခြဲ ရင္းႏီွးရမွာကို တြန္႔ဆုတ္ေနၾကပံု ရပါတယ္။ လုပ္ကြက္သံုးရာေက်ာ္မွာ (၃၀) ရာခိုင္ႏႈန္းသာ ဝယ္ယူၾကပါတယ္။ ဖားကန္႔ရတနာေျမမွာ ေက်ာက္စိမ္းတူးေဖာ္ခြင့္ ေပးထားတဲ့ ေျမဧကသံုးေသာင္းနီးပါးရိွေၾကာင္း သိရပါတယ္။ ၂၀၁၉ ေက်ာက္မ်က္ဥပေဒမွာ အႀကီးစားလုပ္ငန္းကို အသိအမွတ္ မျပဳပါဘူး။ အလတ္စား၊ အေသးစားနဲ႔ လက္လုပ္လက္စားကိုသာ အသိအမွတ္ျပဳပါတယ္။

NLD အစိုးရမတိုင္မီက ဧက (၅၀-၁၀၀) ရိွတဲ့ လုပ္ငန္းႀကီးေတြ ႀကီးစိုးတာ ကြယ္ေပ်ာက္သြားရင္ ေျမၿပိဳမႈနဲ႔ ေသေက်ပ်က္စီးမႈ ပေပ်ာက္သြားမယ္လို႔ ယူဆၾကပါတယ္။ စက္ယႏၱရားႀကီးေတြသံုးတဲ့ ကုမၸဏီေတြ စနစ္တက် မလုပ္တဲ့အတြက္ ေျမၿပိဳရတာျဖစ္လို႔ ကုမၸဏီႀကီးေတြနဲ႔ သူတို႔ကို ႀကီးၾကပ္တဲ့ ဝန္ႀကီးဌာနေတြမွာ တာဝန္အရိွဆံုး ျဖစ္တယ္လို႔ ကခ်င္တင္းဌာနက ဆိုပါတယ္။ “ေက်ာက္စိမ္းေျမဟာ လုိင္စင္ရ လူသတ္ကြင္း” ဆိုတဲ့ လႈပ္ရွားမႈကို လြန္ခဲ့တဲ့ ဇူလိုင္လကစၿပီး ေဒသခံေတြ ျပဳလုပ္ေနၿပီ ျဖစ္ပါတယ္။


==Unicode==

လွန်ခဲ့တဲ့ (၂၀၁၉) ဇန်နဝါရီလ (၃၀) ရက်နေ့မှာ ပြည်ထောင်စုလွှတ်တော်က ပြဌာန်းတဲ့ မြန်မာ့ကျောက်မျက်ရတနာ ဥပဒေမှာ ကျောက်မျက်လုပ်ငန်းသုံးမျိုးကို အသိအမှတ် ပြုထားပါတယ်။ (၅) ဧကထက် မပိုတဲ့ လုပ်ကွက်မှာ (၃) နှစ် တူးဖော်ခွင့်ရတဲ့ အလတ်စားလုပ်ငန်း၊ (၂) ဧကထက် မပိုတဲ့လုပ်ကွက်မှာ (၂) နှစ် တူးဖော်ခွင့်ရတဲ့ အသေးစားလုပ်ငန်း၊ (၁) ဧကထက် မပိုတဲ့ လုပ်ကွက်မှာ (၁) နှစ် လုပ်ခွင့်ရတဲ့ လက်လုပ်လက်စားလုပ်ငန်း စတဲ့ လုပ်ငန်း (၃) မျိုး ဖြစ်ပါတယ်။ ဥပဒေပုဒ်မ (၄၄) အရ အလုပ်သမားကျန်းမာရေး၊ အန္တရာယ်ကင်းရှင်းရေး၊ မတော်မဆဖြစ်ပွားမှု ကာကွယ်ရေး၊ ပတ်ဝန်းကျင်ထိခိုက်ပျက်ဆီးမှု စစ်ဆေးရေးတွေကို လုပ်ကိုင်ဖို့ သတ္တုတွင်းဦးစီးဌာနမှာ တာဝန်ရှိပါတယ်။

ဒီဥပဒေမတိုင်မီ (၂၀၁၆) ဇူလိုင်လမှာ ကျောက်စိမ်းတူးဖော်ခွင့် လိုင်စင်သက်တမ်း တိုးမြှင့်မှုနဲ့အသစ် ထုတ်ပေးမှုကို အစိုးရက ခေတ္တရပ်ဆိုင်းထားပါတယ်။ ဒါပေမဲ့ အနှစ် (၂၀) ကျော် တူးဖော်ခဲ့တဲ့ဒဏ်ကို ဖားကန့်ရတာ ကြာခဲ့ပါပြီ။ ဖားကန့်ကိုဖြတ်ပြီး စီးဆင်းတဲ့ ဥရုချောင်းနဲ့ ချောင်းလက်တက်တွေထဲ စွန့်ပစ်မြေစာ သွန်ချမှုကြောင်း ချောင်းကြမ်းပြင်ပေ (၂၀) လောက် မြင့်လာပြီး ချောင်းလက်တက် တဝက်ကျော်ဟာ တိမ်ကောသွားတာကြောင့် ရေလျှံမှု၊ ရေထုညစ်ညမ်းမှုနဲ့ ကြုံတွေ့နေရပါတယ်။

ဖားကန့်ကျောက်စိမ်းလုပ်ငန်းတွေမှာ မြေပြိုတာဟာ မကြာခဏ ကြားရတဲ့သတင်း ဖြစ်ပါတယ်။ အခုအချိန်အထိ သေဆုံးသူပေါင်း (၅၀၀) ကျော် ရှိနိုင်တယ်လို့ ခန့်မှန်းပါတယ်။ စွန့်ပစ်မြေစာပုံတွေဟာ အလွန်မြင့်မားတဲ့အတွက် မိုးသည်းတဲ့အခါနဲ့ ကုမ္ပဏီတွေက မိုင်းဖောက်ခွဲတဲ့အခါမှာ မြေပြိုတာကြောင့် ကုမ္ပဏီဝန်ထမ်းရော၊ ရေမဆေးသမားတွေပါ မြေမြုပ်ခံရပြီး သေဆုံးကြရပါတယ်။ အကြီးစားကျောက်စိမ်း လုပ်ငန်းမရှိအောင် ခွင့်ပြုထားတဲ့ လုပ်ကွက်တွေ ကန့်သတ်ထားပေမယ့် ကုမ္ပဏီတွေဟာ အသေးစား၊ အလတ်စား လုပ်ကွက်တွေကို ရယူနိုင်တာမို့ ကုမ္ပဏီတခုတည်း လုပ်ကွက်အများအပြား ရတာမျိုး ရှိပါတယ်။ လိုင်စင်နှစ်အတွင်း အမြတ်ထွက်ဖို့ အရေးကြီးတာကြောင့် မြေစာကို စည်းကမ်းမရှိ စွန့်ပစ်ရာက မြေစာပုံတွေ အဆမတန် ကြီးမားလာတာ ဖြစ်ပါတယ်။ ကုမ္ပဏီတွေက စွန့်ပစ်တဲ့ မြေစာပုံမှာ အဖိုးတန်ကျောက်မျက် ပါဝင်နိုင်တယ်လို့ မျှော်လင့်ပြီး ကျောက်ရှာဖွေသူကို ရေမဆေးသမားလို့ ခေါ်ပါတယ်။

ကျောက်စိမ်းလုပ်ကွက်နဲ့ မလွတ်ကင်းတဲ့ ကျေးရွာတွေကို ကုမ္ပဏီက လျှော်ကြေးပေးပြီး ရွှေ့ပြောင်းခိုင်းပါတယ်။ အိမ်အခြေအနေကိုလိုက်ပြီး တအိမ်ကို (၁၅) သိန်းနဲ့ သိန်း (၃၀) အကြား လျှော်ကြေးပေးပါတယ်။ ရွာသားအများစုဟာ ရေမဆေးကျောက်ရှာဖွေပြီး အသက်မွေးဝမ်းကျောင်း ပြုကြသူတွေ ဖြစ်ပါတယ်။ အခြားဒေသကလာကြတဲ့ ရေမဆေးသမားတွေထဲမှာ ရခိုင်ပြည်နယ်က အများဆုံး ဖြစ်တယ်လို့ သိရပါတယ်။ ကျောက်စိမ်းနယ်မြေမှာ အလုပ်လုပ်သူပေါင်း သုံးသိန်းကျော် ရှိမယ်လို့ ခန့်မှန်းကြပါတယ်။ ဒါပေမဲ့ ရေမဆေးကျောက် ရှာဖွေသူထဲမှာ အကျိုးအမြတ် ခံစားရတာ အလွန်နည်းပါတယ်။ တပ်မတော်အရာရှိ၊ တိုင်းရင်းသားလက်နက်ကိုင်နဲ့ ပုဂ္ဂလိကကုမ္ပဏီတွေ အများဆုံး အကျိုးခံစားရပါတယ်။

KIA ကချင်လွတ်မြောက်ရေးတပ်နဲ့ မြန်မာ့တပ်မတော်ကို ၁၉၉၄ မှာ အပစ်အခတ်ရပ်စဲချိန်ကစပြီး ပြန်လည်ပစ်ခတ်ကြတဲ့ ၂၀၁၁ အထိ၊ (၁၇) နှစ်လုံးလုံး စိတ်ကြိုက်ကျောက်စိမ်း တူးဖော်ကြတာမို့ ဖားကန့်ဒေသရဲ့ ပထဝီအနေအထားဟာ လုံးဝပြောင်းလဲသွားပါတယ်။ KIA လုပ်ပိုင်ခွင့် လျော့နည်းသွားပြီး တပ်မတော် လွှမ်းမိုးမှု ပိုများလာပါတယ်။ စစ်အစိုးရက သတ္တုတွင်းလိုင်စင် ချပေးတာမို့ စစ်အစိုးရနဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းဟာ အများဆုံး အကျိုးခံစားရပါတယ်။ ပြည်သူလူထုကတော့ ရေမဆေးသမားအဖြစ် ဘဝရပ်တည်နေကြရပါတယ်။ ရေမဆေးသမား တွေ့ရှိတဲ့ကျောက်မျက်ကို လောပန်းဆိုသူတွေက ဝယ်ယူကြပါတယ်။ ဒါကြောင့် ရေမဆေးသမားနဲ့ လောပန်းဟာ အပြန်အလှန် မှီခိုနေတဲ့သဘော ရှိပါတယ်။ ကျောက်စိမ်းနယ်မြေမှာ အစိုးရက အလုပ်အကိုင် ဖန်တီးပေးနိုင်တာ မဟုတ်ပါဘူး။

၂၀၁၉ ကျောက်မျက်ဥပဒေက ပြဌာန်းတဲ့ လက်လုပ်လက်စား လုပ်ကွက်ကို ဖားကန့်ရတနာနယ်မြေမှာ လွန်ခဲ့တဲ့နှစ် မတ်လက ပထမဆုံး ရောင်းချတဲ့အခါ စိတ်ဝင်စားသူ နည်းနေပါတယ်။ လုပ်ကွက်တကွက်မှာ ကျပ် (၆) သိန်းခွဲ ရင်းနှီးရမှာကို တွန့်ဆုတ်နေကြပုံ ရပါတယ်။ လုပ်ကွက်သုံးရာကျော်မှာ (၃၀) ရာခိုင်နှုန်းသာ ဝယ်ယူကြပါတယ်။ ဖားကန့်ရတနာမြေမှာ ကျောက်စိမ်းတူးဖော်ခွင့် ပေးထားတဲ့ မြေဧကသုံးသောင်းနီးပါးရှိကြောင်း သိရပါတယ်။ ၂၀၁၉ ကျောက်မျက်ဥပဒေမှာ အကြီးစားလုပ်ငန်းကို အသိအမှတ် မပြုပါဘူး။ အလတ်စား၊ အသေးစားနဲ့ လက်လုပ်လက်စားကိုသာ အသိအမှတ်ပြုပါတယ်။

NLD အစိုးရမတိုင်မီက ဧက (၅၀-၁၀၀) ရှိတဲ့ လုပ်ငန်းကြီးတွေ ကြီးစိုးတာ ကွယ်ပျောက်သွားရင် မြေပြိုမှုနဲ့ သေကျေပျက်စီးမှု ပပျောက်သွားမယ်လို့ ယူဆကြပါတယ်။ စက်ယန္တရားကြီးတွေသုံးတဲ့ ကုမ္ပဏီတွေ စနစ်တကျ မလုပ်တဲ့အတွက် မြေပြိုရတာဖြစ်လို့ ကုမ္ပဏီကြီးတွေနဲ့ သူတို့ကို ကြီးကြပ်တဲ့ ဝန်ကြီးဌာနတွေမှာ တာဝန်အရှိဆုံး ဖြစ်တယ်လို့ ကချင်တင်းဌာနက ဆိုပါတယ်။ “ကျောက်စိမ်းမြေဟာ လိုင်စင်ရ လူသတ်ကွင်း” ဆိုတဲ့ လှုပ်ရှားမှုကို လွန်ခဲ့တဲ့ ဇူလိုင်လကစပြီး ဒေသခံတွေ ပြုလုပ်နေပြီ ဖြစ်ပါတယ်။

XS
SM
MD
LG