ႏုိင္ငံပိုင္စီးပြားေရးလုပ္ငန္းမွာ ကုန္ထုတ္လုပ္တာရိွသလို လုပ္ပိုင္ခြင့္ ေရာင္းစားတာလည္း ရိွပါတယ္။ ကုန္ထုတ္လုပ္ငန္းမွာ ႏုိ္င္ငံပိုင္စက္ရံုေတြ ထင္ရွားပါတယ္။ က်ပ္ေငြ ဘီလီယံငါးရာေလာက္ ႏွစ္စဥ္အရႈံးေပၚေနတဲ့ ႏုိ္င္ငံပိုင္စက္ရံု (၂၄) ရံုရိွေၾကာင္း သိရပါတယ္။ မဆလေခတ္မွာ ႏုိင္ငံပိုင္စက္မႈလုပ္ငန္း ငါးရာေက်ာ္သာ ရိွခဲံေပမယ့္ ေစ်းကြက္စီးပြားေရးလုပ္တဲ့ စစ္အစိုးရေခတ္မွာ ႏိုင္ငံပိုင္စက္မႈလုပ္ငန္း (၁၀၀၀) ေက်ာ္ ရိွလာၿပီး ဗိုလ္ခ်ဳပ္ေတြရဲ ႔ ကိုယ္ပိုင္လုပ္ငန္းလို ျဖစ္လာပါတယ္။ ကြယ္လြန္သူစက္မႈဝန္ႀကီးေဟာင္း ဦးေအာင္ေသာင္းအလြဲသံုးစားလုပ္တဲ့ သတင္းကို မၾကာခဏ ေတြ႔ရပါတယ္။ စက္မႈဝန္ႀကီးသက္တမ္း (၁၄) ႏွစ္မွာ အခ်မ္းသာဆံုး စစ္ဗိုလ္ ျဖစ္လာပါတယ္။ သူလိုစစ္ဗိုလ္ (၅၀) ေက်ာ္ ရိွမယ္လို႔ ခန္႔မွန္းပါတယ္။
သယံဇာတထုတ္ယူရာမွာ ျပည္တြင္းျပည္ပ ဖက္စပ္ကုမၸဏီကို လုပ္ပိုင္ခြင့္ေရာင္းစားတဲ့ ႏုိင္ငံပိုင္လုပ္ငန္းေတြ မ်ားပါတယ္။ ဒီအထဲမွာ ေရနံဓါတ္ေငြ႔နဲ႔ ေက်ာက္မ်က္လုပ္ငန္းဟာ ထင္ရွားပါတယ္။ ဒီလုပ္ငန္းေတြဟာ က်ပ္ေငြဘီလီယံ (၁၂,၀၀၀) နီးပါး စုေဆာင္းႏိုင္ပံုကို Andrew Bauer, Arkar Hein, Khin San Htay, Matthew Hamilton နဲ႔ Paul Shortell တို႔ရဲ ႔”ႏိုင္ငံပိုင္လုပ္ငန္းျပဳျပင္ေရး” စာတမ္းမွာ ေဖာ္ျပပါတယ္။
ႏိုင္ငံပိုင္စီးပြားေရးလုပ္ငန္းဆိုတာ တိုင္းသူျပည္သားအားလံုး ပိုင္ဆိုင္တဲ့လုပ္ငန္း ျဖစ္ပါတယ္။ ဒါေပမဲ့ စစ္အစိုးရေခတ္မွာေတာ့ ႏုိင္ငံပိုင္လုပ္ငန္းဟာ ဝန္ႀကီးဌာနရဲ ႔ ကိုယ္ပိုင္လုပ္ငန္းလို ျဖစ္လာၿပီး လက္ဝါးႀကီးအုပ္ ထင္သလို လုပ္ၾကပါတယ္။ အထူးသျဖင့္ သယံဇာတ တူးေဖာ္ေရးမွာ အဆိုးဆံုးပါ။ စီးပြားေရးက႑တိုင္းလိုလိုမွာ ႏုိင္ငံပိုင္လုပ္ငန္းရိွေနတာမို႔ ဝန္ထမ္းတသိန္းခြဲေလာက္ ရိွမယ္လို႔ ခန္႔မွန္းပါတယ္။ တုိင္းျပည္ရဲ ႔ GDP အသားတင္ထုတ္ကုန္တန္းဖိုိးရဲ ႔ (၁၂) ရာခိုင္ႏႈန္းေက်ာ္ ရိွတယ္လို႔ ဆိုပါတယ္။ ဒါေၾကာင့္ တိုင္းျပည္ဖြ႔ံၿဖိဳးတိုးတက္ေရးမွာ ႏုိင္ငံပိုင္စီးပြားေရးလုပ္ငန္းဟာ အေရးႀကီးတဲ့ အခန္းက႑က ပါဝင္ေနပါတယ္။ အထူးသျဖင့္ ေရနံဓါတ္ေငြ႔လုပ္ငန္း၊ ေက်ာက္မ်က္လုပ္ငန္း၊ သစ္လုပ္ငန္း၊ သတၱဳတြင္းလုပ္ငန္း၊ ပုလဲလုပ္ငန္း စတာေတြဟာ အေရးႀကီးတဲ့ အခန္းက႑က ပါဝင္ပါတယ္။ ဒီႏိုင္ငံပိုင္လုပ္ငန္းေတြဟာ စီးပြားေရးက႑ (၁၂) ခုမွာ ကန္ထရိုက္စာခ်ဳပ္နဲ႔ လိုင္စင္ထုတ္ေပးခြင့္ ရိွပါတယ္။
ပုဂၢလိကလုပ္ငန္းေတြကို ကန္ထရိုက္လိုင္စင္ထုတ္ေပးရာမွာ ႀကီးၾကပ္ကြပ္ကဲမႈမလုပ္ဘဲ ထုတ္ေပးပါတယ္။ ဒါေၾကာင့္မို႔ အရည္အခ်င္းဟာ အေရးမႀကီးေတာ့ဘဲ ရင္းႏီွးမႈနဲ႔ လာဘ္ထိုးႏိုင္မႈက အဓိက ျဖစ္လာပါတယ္။ သယံဇာတ အရင္းအျမစ္ တူးေဖာ္ခြင့္ခ်ေပးရာမွာ ႏုိင္ငံပိုင္စီးပြားေရးလုပ္ငန္းေတြက အဆံုးအျဖတ္ေပးေနတာမို႔ ခရိုနီစီးပြားေရးစနစ္ကို တရားဝင္ျမွင့္တင္သလို ျဖစ္ေနပါတယ္။ ႏုိင္ငံပိုင္စီးပြားေရး လုပ္ငန္းႀကီးၾကပ္ေရးအဖြဲ႔ေတြ ရိွေပမယ့္ လိုအပ္တဲ့ လုပ္ပိုင္ခြင့္အာဏာကို ဥပေဒနဲ႔ ျပဌာန္းထားတာမ်ဳိး မရိွဘူးလို႔ ဆိုပါတယ္။ ဒါေၾကာင့္ ျပည္သူ႔အက်ဳိးစီးပြားအတြက္ ေဆာင္ရြက္ျခင္းမရိွမရိွ မစစ္ေဆးႏုိင္ပါဘူး။ ဦးသိန္းစိန္အစိုးရရဲ ႔ ျပဳျပင္ေျပာင္းလဲေရး အစီအစဥ္ဟာ အရႈံးေပၚေနတဲ့ ႏို္င္ငံပိုင္လုပ္ငန္းေတြကို ပုဂၢလိကအသြင္ကူးေျပာင္းၿပီး အရႈံးသက္သာဖို႔ ရည္ရြယ္တဲ့ အစီအစဥ္ ျဖစ္ပါတယ္။
ႏုိင္ငံပိုင္စီးပြားေရးလုပ္ငန္းေတြမွာ တာဝန္ခံမႈနဲ႔ ႀကီးၾကပ္ကြပ္ကဲမႈ ညံ့ဖ်င္းၿပီး အရႈံးေပၚေနတာကို ဦးသိနး္စိန္အစိုးရလက္ထက္မွာ ေျဖရွင္းႏုိင္စြမ္းမရိွတာ ေတြ႔ရပါတယ္။ အရႈံးေပၚေနတဲ့ ႏုိ္င္ငံပိုင္လုပ္ငန္းေတြကို အစိုးရက ေထာက္ပံ့ေနဆဲ ျဖစ္ပါတယ္။ ႏုိင္ငံပိုင္သယံဇာတလုပ္ငန္းကေတာ့ အစိုးရကိုယ္စား အခြန္ေကာက္ယူတဲ့ လုပ္ငန္းျဖစ္လို႔ ေငြေၾကးအေျမာက္အျမား စုေဆာင္းႏိုင္ပါတယ္။ ဒီေငြေတြကို ျပည္ေထာင္စုရန္ပံုေငြစာရင္းနဲ႔ အျခားသီးျခားစာရင္းေတြမွာ ထိန္းသိမ္းထားတဲ့အတြက္ က်န္းမာေရး၊ ပညာေရးနဲ႔ အေျခခံအေဆာက္အအံုဆိုင္ရာ မသံုးစြဲႏုိင္ဘဲ ျဖစ္ေနပါတယ္။ အျမတ္အစြန္းရတဲ့ ႏုိင္ငံပိုင္လုပ္ငန္းဟာ အျမတ္ရာခိုင္ႏႈန္းေတာ္ေတာ္မ်ားမ်ားကို ဘတ္ဂ်က္က ဖယ္ထုတ္ၿပီး သီးျခားရပ္တည္တဲ့ လုပ္ငန္းလိုျပဳမႈလာၾကတဲ့အတြက္ စီးမံကိန္းနဲ႔ ဘ႑ာေရးဝန္ႀကီးဌာနကို တာဝန္ခံမႈ နည္းပါးလာတယ္လို႔ ဆိုပါတယ္။
ႀကံ့ဖြံ႔ပါတီ (၂၀၁၀) မွာ ေရြးေကာက္ပြဲႏုိင္လို႔ ဦးသိန္းစိန္အစိုးရတက္လာၿပီး မၾကာမီ ၂၀၁၂ မွာ ႏုိင္ငံပိုင္စီးပြားေရးလုပ္ငန္း ျပဳျပင္ေျပာင္းလဲေရး စတင္ပါတယ္။ ဒါေပမဲ့ ၂၀၁၆ မွာ NLD အစိုးရတက္လာတဲ့အခ်ိန္အထိ ျပဳျပင္ေျပာင္းလဲေရး မရေသးပါဘူး။ ၂၀၁၇ ဇန္နဝါရီလအထိ ႏုိင္ငံပိုင္စီးပြားေရး လုပ္ငန္းေတြရဲ ႔ သီးျခားေငြစာရင္းမွာ ေငြလက္က်န္ က်ပ္ဘီလီယံ (၁၂,၀၀၀) ရိွေနၿပီး NLD အစိုးရ ဘတ္ဂ်က္အသံုးရိတ္မွာ က်ပ္ဘီလီယံ (၄၀၀၀) လိုေငြ ျပေနပါတယ္။ ႏိုင္ငံပိုင္စီးပြားေရးလုပ္ငန္းရဲ ႔ ဝင္ေငြကို ႏုိင္ငံသူ၊ ႏိုင္ငံသားေတြ အက်ဳိးခံစားႏိုင္ေအာင္လုပ္ဖုိ႔ NLD အစိုးရမွာ တာဝန္ရိွပါတယ္။
ႏိုင္ငံပိုင္စီးပြားေရးလုပ္ငန္းကို ေစာင့္ၾကည့္ထိန္းေက်ာင္းဖိုိ႔ ျပည္သူ႔အစိုးရမွာ တာဝန္ရိွပါတယ္။ ၂၀၁၉ ဇြန္လမွာ ႏုိင္ငံပိုင္စီးပြားေရးလုပ္ငန္းေတြရဲ ႔ သီးျခားေငြစာရင္းေတြကို ျမန္မာ့စီးပြားေရးဘဏ္ကေန ျပည္တြင္အခြန္ဦးစီးဌာနကို ေရႊ ႔ေျပာင္းဖုိ႔ NLD အစိုးရက ညႊန္ၾကားခ်က္ ထုတ္လိုက္ပါတယ္။ ေရွ ႔နွစ္အစိုးရဘတ္ဂ်က္ က်ပ္ဘီလီယံ (၃၄,၁၀၀) ရိွၿပီး လိုေငြက က်ပ္ဘီလီယံ (၆၂၀၀) ရိွမယ္လို႔ ခန္႔မွန္းပါတယ္။ ႏုိင္ငံပိုင္လုပ္ငန္းက ရတဲ့ေငြဟာ လိုေငြထက္ အမ်ားႀကီးပိုေနပါတယ္။ ျပည္သူ႔ေထာက္ခံမႈ ပိုမိုရရိွလာတဲ့ NLD အစိုးရဟာ အလြဲသံုးစားလုပ္မႈနဲ႔ အေလအလႊင့္အဖိတ္အစင္ နည္းပါးသြားေအာင္ လုပ္ႏိုင္လိမ့္မယ္လို႔ ေမွ်ာ္လင့္ရပါတယ္။
==Unicode==
နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းမှာ ကုန်ထုတ်လုပ်တာရှိသလို လုပ်ပိုင်ခွင့် ရောင်းစားတာလည်း ရှိပါတယ်။ ကုန်ထုတ်လုပ်ငန်းမှာ နိုင်ငံပိုင်စက်ရုံတွေ ထင်ရှားပါတယ်။ ကျပ်ငွေ ဘီလီယံငါးရာလောက် နှစ်စဉ်အရှုံးပေါ်နေတဲ့ နိုင်ငံပိုင်စက်ရုံ (၂၄) ရုံရှိကြောင်း သိရပါတယ်။ မဆလခေတ်မှာ နိုင်ငံပိုင်စက်မှုလုပ်ငန်း ငါးရာကျော်သာ ရှိခဲံပေမယ့် ဈေးကွက်စီးပွားရေးလုပ်တဲ့ စစ်အစိုးရခေတ်မှာ နိုင်ငံပိုင်စက်မှုလုပ်ငန်း (၁၀၀၀) ကျော် ရှိလာပြီး ဗိုလ်ချုပ်တွေရဲ့ ကိုယ်ပိုင်လုပ်ငန်းလို ဖြစ်လာပါတယ်။ ကွယ်လွန်သူစက်မှုဝန်ကြီးဟောင်း ဦးအောင်သောင်းအလွဲသုံးစားလုပ်တဲ့ သတင်းကို မကြာခဏ တွေ့ရပါတယ်။ စက်မှုဝန်ကြီးသက်တမ်း (၁၄) နှစ်မှာ အချမ်းသာဆုံး စစ်ဗိုလ် ဖြစ်လာပါတယ်။ သူလိုစစ်ဗိုလ် (၅၀) ကျော် ရှိမယ်လို့ ခန့်မှန်းပါတယ်။
သယံဇာတထုတ်ယူရာမှာ ပြည်တွင်းပြည်ပ ဖက်စပ်ကုမ္ပဏီကို လုပ်ပိုင်ခွင့်ရောင်းစားတဲ့ နိုင်ငံပိုင်လုပ်ငန်းတွေ များပါတယ်။ ဒီအထဲမှာ ရေနံဓါတ်ငွေ့နဲ့ ကျောက်မျက်လုပ်ငန်းဟာ ထင်ရှားပါတယ်။ ဒီလုပ်ငန်းတွေဟာ ကျပ်ငွေဘီလီယံ (၁၂,၀၀၀) နီးပါး စုဆောင်းနိုင်ပုံကို Andrew Bauer, Arkar Hein, Khin San Htay, Matthew Hamilton နဲ့ Paul Shortell တို့ရဲ့”နိုင်ငံပိုင်လုပ်ငန်းပြုပြင်ရေး” စာတမ်းမှာ ဖော်ပြပါတယ်။
နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းဆိုတာ တိုင်းသူပြည်သားအားလုံး ပိုင်ဆိုင်တဲ့လုပ်ငန်း ဖြစ်ပါတယ်။ ဒါပေမဲ့ စစ်အစိုးရခေတ်မှာတော့ နိုင်ငံပိုင်လုပ်ငန်းဟာ ဝန်ကြီးဌာနရဲ့ ကိုယ်ပိုင်လုပ်ငန်းလို ဖြစ်လာပြီး လက်ဝါးကြီးအုပ် ထင်သလို လုပ်ကြပါတယ်။ အထူးသဖြင့် သယံဇာတ တူးဖော်ရေးမှာ အဆိုးဆုံးပါ။ စီးပွားရေးကဏ္ဍတိုင်းလိုလိုမှာ နိုင်ငံပိုင်လုပ်ငန်းရှိနေတာမို့ ဝန်ထမ်းတသိန်းခွဲလောက် ရှိမယ်လို့ ခန့်မှန်းပါတယ်။ တိုင်းပြည်ရဲ့ GDP အသားတင်ထုတ်ကုန်တန်းဖိုးရဲ့ (၁၂) ရာခိုင်နှုန်းကျော် ရှိတယ်လို့ ဆိုပါတယ်။ ဒါကြောင့် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးမှာ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းဟာ အရေးကြီးတဲ့ အခန်းကဏ္ဍက ပါဝင်နေပါတယ်။ အထူးသဖြင့် ရေနံဓါတ်ငွေ့လုပ်ငန်း၊ ကျောက်မျက်လုပ်ငန်း၊ သစ်လုပ်ငန်း၊ သတ္တုတွင်းလုပ်ငန်း၊ ပုလဲလုပ်ငန်း စတာတွေဟာ အရေးကြီးတဲ့ အခန်းကဏ္ဍက ပါဝင်ပါတယ်။ ဒီနိုင်ငံပိုင်လုပ်ငန်းတွေဟာ စီးပွားရေးကဏ္ဍ (၁၂) ခုမှာ ကန်ထရိုက်စာချုပ်နဲ့ လိုင်စင်ထုတ်ပေးခွင့် ရှိပါတယ်။
ပုဂ္ဂလိကလုပ်ငန်းတွေကို ကန်ထရိုက်လိုင်စင်ထုတ်ပေးရာမှာ ကြီးကြပ်ကွပ်ကဲမှုမလုပ်ဘဲ ထုတ်ပေးပါတယ်။ ဒါကြောင့်မို့ အရည်အချင်းဟာ အရေးမကြီးတော့ဘဲ ရင်းနှီးမှုနဲ့ လာဘ်ထိုးနိုင်မှုက အဓိက ဖြစ်လာပါတယ်။ သယံဇာတ အရင်းအမြစ် တူးဖော်ခွင့်ချပေးရာမှာ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းတွေက အဆုံးအဖြတ်ပေးနေတာမို့ ခရိုနီစီးပွားရေးစနစ်ကို တရားဝင်မြှင့်တင်သလို ဖြစ်နေပါတယ်။ နိုင်ငံပိုင်စီးပွားရေး လုပ်ငန်းကြီးကြပ်ရေးအဖွဲ့တွေ ရှိပေမယ့် လိုအပ်တဲ့ လုပ်ပိုင်ခွင့်အာဏာကို ဥပဒေနဲ့ ပြဌာန်းထားတာမျိုး မရှိဘူးလို့ ဆိုပါတယ်။ ဒါကြောင့် ပြည်သူ့အကျိုးစီးပွားအတွက် ဆောင်ရွက်ခြင်းမရှိမရှိ မစစ်ဆေးနိုင်ပါဘူး။ ဦးသိန်းစိန်အစိုးရရဲ့ ပြုပြင်ပြောင်းလဲရေး အစီအစဉ်ဟာ အရှုံးပေါ်နေတဲ့ နိုင်ငံပိုင်လုပ်ငန်းတွေကို ပုဂ္ဂလိကအသွင်ကူးပြောင်းပြီး အရှုံးသက်သာဖို့ ရည်ရွယ်တဲ့ အစီအစဉ် ဖြစ်ပါတယ်။
နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းတွေမှာ တာဝန်ခံမှုနဲ့ ကြီးကြပ်ကွပ်ကဲမှု ညံ့ဖျင်းပြီး အရှုံးပေါ်နေတာကို ဦးသိန်းစိန်အစိုးရလက်ထက်မှာ ဖြေရှင်းနိုင်စွမ်းမရှိတာ တွေ့ရပါတယ်။ အရှုံးပေါ်နေတဲ့ နိုင်ငံပိုင်လုပ်ငန်းတွေကို အစိုးရက ထောက်ပံ့နေဆဲ ဖြစ်ပါတယ်။ နိုင်ငံပိုင်သယံဇာတလုပ်ငန်းကတော့ အစိုးရကိုယ်စား အခွန်ကောက်ယူတဲ့ လုပ်ငန်းဖြစ်လို့ ငွေကြေးအမြောက်အမြား စုဆောင်းနိုင်ပါတယ်။ ဒီငွေတွေကို ပြည်ထောင်စုရန်ပုံငွေစာရင်းနဲ့ အခြားသီးခြားစာရင်းတွေမှာ ထိန်းသိမ်းထားတဲ့အတွက် ကျန်းမာရေး၊ ပညာရေးနဲ့ အခြေခံအဆောက်အအုံဆိုင်ရာ မသုံးစွဲနိုင်ဘဲ ဖြစ်နေပါတယ်။ အမြတ်အစွန်းရတဲ့ နိုင်ငံပိုင်လုပ်ငန်းဟာ အမြတ်ရာခိုင်နှုန်းတော်တော်များများကို ဘတ်ဂျက်က ဖယ်ထုတ်ပြီး သီးခြားရပ်တည်တဲ့ လုပ်ငန်းလိုပြုမှုလာကြတဲ့အတွက် စီးမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာနကို တာဝန်ခံမှု နည်းပါးလာတယ်လို့ ဆိုပါတယ်။
ကြံ့ဖွံ့ပါတီ (၂၀၁၀) မှာ ရွေးကောက်ပွဲနိုင်လို့ ဦးသိန်းစိန်အစိုးရတက်လာပြီး မကြာမီ ၂၀၁၂ မှာ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်း ပြုပြင်ပြောင်းလဲရေး စတင်ပါတယ်။ ဒါပေမဲ့ ၂၀၁၆ မှာ NLD အစိုးရတက်လာတဲ့အချိန်အထိ ပြုပြင်ပြောင်းလဲရေး မရသေးပါဘူး။ ၂၀၁၇ ဇန်နဝါရီလအထိ နိုင်ငံပိုင်စီးပွားရေး လုပ်ငန်းတွေရဲ့ သီးခြားငွေစာရင်းမှာ ငွေလက်ကျန် ကျပ်ဘီလီယံ (၁၂,၀၀၀) ရှိနေပြီး NLD အစိုးရ ဘတ်ဂျက်အသုံးရိတ်မှာ ကျပ်ဘီလီယံ (၄၀၀၀) လိုငွေ ပြနေပါတယ်။ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းရဲ့ ဝင်ငွေကို နိုင်ငံသူ၊ နိုင်ငံသားတွေ အကျိုးခံစားနိုင်အောင်လုပ်ဖို့ NLD အစိုးရမှာ တာဝန်ရှိပါတယ်။
နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းကို စောင့်ကြည့်ထိန်းကျောင်းဖို့ ပြည်သူ့အစိုးရမှာ တာဝန်ရှိပါတယ်။ ၂၀၁၉ ဇွန်လမှာ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းတွေရဲ့ သီးခြားငွေစာရင်းတွေကို မြန်မာ့စီးပွားရေးဘဏ်ကနေ ပြည်တွင်အခွန်ဦးစီးဌာနကို ရွှေ့ပြောင်းဖို့ NLD အစိုးရက ညွှန်ကြားချက် ထုတ်လိုက်ပါတယ်။ ရှေ့နှစ်အစိုးရဘတ်ဂျက် ကျပ်ဘီလီယံ (၃၄,၁၀၀) ရှိပြီး လိုငွေက ကျပ်ဘီလီယံ (၆၂၀၀) ရှိမယ်လို့ ခန့်မှန်းပါတယ်။ နိုင်ငံပိုင်လုပ်ငန်းက ရတဲ့ငွေဟာ လိုငွေထက် အများကြီးပိုနေပါတယ်။ ပြည်သူ့ထောက်ခံမှု ပိုမိုရရှိလာတဲ့ NLD အစိုးရဟာ အလွဲသုံးစားလုပ်မှုနဲ့ အလေအလွှင့်အဖိတ်အစင် နည်းပါးသွားအောင် လုပ်နိုင်လိမ့်မယ်လို့ မျှော်လင့်ရပါတယ်။