ျမန္မာ့ေက်ာက္စိမ္းနဲ႔ ေက်ာက္မ်က္လုပ္ငန္းအေၾကာင္း အမ်ားဆံုးစီစစ္ေလ့လာတဲ့ အဖြဲ႔ (၃) ဖြဲ႔ ရိွပါတယ္။ သဘာဝသယံဇာတ စီမံခန္႔ခြဲမႈ အႀကံေပးအဖြဲ႔ (NRGI) Natural Resources Governance Institute ၊ သယံဇာတတူးေဖာ္မႈလုပ္ငန္း ပြင့္လင္းျမင္သာေရးအဖြဲ႔ (EITI) Extractive Industries Transparancy Initiative နဲ႔ Global Wintness အဖြဲ႔ေတြ ျဖစ္ပါတယ္။ ကိုဗစ္ (၁၉) ကူးစက္ေရာဂါ ျဖစ္ပြားေနေပမယ့္ ကခ်င္ျပည္နယ္ ဖားကန္႔ေဒသ ေက်ာက္စိမ္းေမွာ္ေတြမွာ ေရမေဆးေက်ာက္ ရွာေဖြသူ သိန္းနဲ႔ခ်ီရိွေနေၾကာင္း သိရပါတယ္။ ေျမစာပံုပိ ေသဆံုးမႈ၊ ကမ္းပါးၿပိဳေသဆံုးမႈ၊ ေျမပိေသဆံုးမႈ၊ ကမ္းပါးမွျပဳတ္က်ေသဆံုးမႈ စတာေတြ မၾကာခဏ ျဖစ္ပြားေနပါတယ္။ သက္ဆိုင္ရာတာဝန္ခံေတြ ညံ့ဖ်င္းလို ဒီလိုျဖစ္ရတာပါပဲ။
ေက်ာက္မ်က္တူးတဲ့ အႀကီးစားလုပ္ငန္းေတြထဲမွာ စစ္တပ္ပိုင္ေရာ၊ တိုင္းရင္းသားတပ္ဖြဲ႔ေတြပိုင္ေရာ ရိွေနတာမို႔ သူတုိ႔မွာ တာဝန္ရိွပါတယ္။ ပတ္ဝန္းက်င္ ထိခိုက္မႈနည္းပါးေအာင္ တူးေဖာ္ရင္ ေျမၿပိဳစရာ မလိုဘူးလို႔ ဆုိပါတယ္။ ေက်ာက္စိိမ္းလုပ္ငန္းမွာ လက္နက္ကိုင္ေတြ အျမတ္ထုတ္ေနပံုကို Global Witness အဖြဲ႔က ႏုိင္ငံေတာ္လွ်ဳိ ႔ဝွက္ခ်က္ႀကီးအျဖစ္ ၂၀၁၅ မွာ အစီရင္ခံစာ ထုတ္ေဝဖူးပါတယ္။
ကမာၻ႔ေက်ာက္စိမ္း (၉၀) ရာခိုင္ႏႈန္းဟာ ျမန္မာျပည္က ထြက္တာပါ။ ျမန္မာျပည္ေျမာက္ပိုင္း မုိးညွင္း၊ ခမၼတီး နဲ႔ ဖးကန္႔ဟာ ေက်ာက္စိမ္းေျမ ျဖစ္ပါတယ္။ ေက်ာက္စိမ္းထုတ္ခြင့္ရ ကုမၸဏီေပါင္း ရာနဲ႔ခ်ီ ရိွေနပါတယ္။ ကုမၸဏီတခုခ်င္း ေက်ာက္စိမ္းတူးေဖာ္တာ ရိွသလို၊ ႏိုင္ငံပိုင္ ျမန္မာ့ေက်ာက္မ်က္ရတနာ ေရာင္းဝယ္ေရးလုပ္ငန္းနဲ႔ ပူးေပါင္းၿပီး တူးေဖာ္တဲ့ကုမၸဏီလည္း ရိွပါတယ္။ စည္းကမ္းႀကီးၾကပ္မႈနဲ႔ အခြန္ေကာက္ခံမႈကို ျမန္မာ့ေက်ာက္မ်က္ရတနာ ေရာင္းဝယ္ေရးလုပ္ငန္းက လုပ္ပါတယ္။ ၂၀၁၆ မွာ သက္တမ္းမကုန္ေသးတဲ့ ေက်ာက္စိမ္းတူးခြင့္ပါမစ္ (၂၁၀၀၀) ရိွပါတယ္။ ၂၀၁၆ ႏွစ္လယ္မွာ ေက်ာက္စိမ္းပါမစ္အသစ္ ထုတ္မေပးေတာ့ေပမယ့္ အစိုးရဟာ ေက်ာက္စိမ္းလုပ္ငန္းကို ႀကီးၾကပ္ႏုိင္စြမ္း မရိွေသးပါ။ ၂၀၁၅-၁၆ ဘ႑ာေရးႏွစ္က ဧက (၃၂၀၀၀) ေက်ာ္မွာ ေက်ာက္စိမ္းတူးခြင့္ပါမစ္ ထုတ္ေပးခဲ့ပါတယ္။ စက္ယႏၱယားႀကီးေတြနဲ႔ တူးေဖာ္ၾကတာရိွသလို တႏိုင္တပိုင္ ေက်ာက္ရွာသူေတြလည္း ရိွပါတယ္။
ကုမၸဏီေတြက စြန္႔ပစ္ထားတဲ့ ေျမစာပံုမွာ ေက်ာက္စိမ္းရွာေဖြသူကို ေရမေဆးေက်ာက္ရွာသူလို႔ ေခၚပါတယ္။ ေရမေဆးေတြဟာ ျမန္မာျပည္ အႏံွ႔အျပားက လာၾကသူေတြျဖစ္ၿပီး အလြန္အႏၱရာယ္ရိွတဲ့ ပတ္ဝန္းက်င္မွာ အသက္ေမြးဝမ္းေက်ာင္းျပဳေနၾကပါတယ္။ ကုမၸဏီေတြဟာ ေဘးပတ္ဝန္းက်င္ကို ဂရုမစိုက္ဘဲ မ်ားမ်ားရေအာင္ တူးေဖာ္ၾကတာေၾကာင့္ ေျမၿပိဳမႈ၊ ေရႀကီးမႈ၊ လူေသမႈေတြ မၾကာခဏ ျဖစ္ပြားေနတာ ျဖစ္ပါတယ္။ ေဒသခံေတြအတြက္ ေက်ာက္စိမ္းလုပ္ငန္းကလြဲၿပီး အျခားအလုပ္အကိုင္ မရိွေတာ့သလို ျဖစ္လာပါတယ္။ ကေလးလုပ္သား၊ ျပည့္တန္ဆာ၊ မူးယစ္ေဆးနဲ႔ AIDS ေရာဂါျပန္႔ပြားလာပါတယ္။ စစ္တပ္နဲ႔ တိုင္းရင္းသားတပ္ဖြဲ႔ေတြဟာ ေက်ာက္စိမ္းလုပ္ငန္းက အက်ဳိးအျမတ္ ရရိွေနၾကပါတယ္။ သူတို႔နဲ႔ ခ်ိတ္ဆက္ၿပီး ေက်ာက္စိမ္းေမွာင္ခို ထုတ္ယူတာေတြ ရိွပါတယ္။
ျမန္မာ့ႏုိင္ငံသယံဇာတ တူးေဖာ္မႈလုပ္ငန္း ပြင့္လင္းျမင္သာေရးအဖြဲ႔ (MEITI) ရဲ ႔ ၂၀၁၇-၁၈ အစီရင္ခံစာအရ ေက်ာက္စိမ္းတန္ခ်ိန္ သံုးေသာင္းေက်ာ္ စုစုေပါင္း က်ပ္သန္းတသန္းေက်ာ္ဖိုး ထုတ္ယူႏိုင္ခဲ့ေၾကာင္း သိရပါတယ္။ စစ္တပ္ပိုင္ စီးပြားေရးဦးပိုင္ ကုမၸဏီလက္ေအာက္ခံ အင္ပီရီးရယ္ Imperial Jade ကုမၸဏီကတင္ ေက်ာက္စိမ္းပါပစ္ (၃၉၇) ခု ရရိွထားပါတယ္။ ဒါေပမဲ့ အစိုးရကို မတင္ျပတဲ့ ေက်ာက္စိမ္းအမ်ားအျပား ရိွေနပါတယ္။ ဒီေက်ာက္စိမ္းေတြကို ျပည္တြင္းျပည္ပကို ေမွာင္ခိုထုတ္ေရာင္းၾကပါတယ္။ အစိုးရဆီကို တင္ျပတဲ့အခါမွာလည္း တြင္းဝခြန္ေလ်ာ့သြားေအာင္ တန္းဖိုးေလွ်ာ့ျပၾကပါတယ္။ ေနျပည္ေတာ္မွာ ေက်ာက္မ်က္ျပပြဲ တႏွစ္သံုးႀကိမ္လုပ္ၿပီး ပံုမွန္ေရာင္းခ်ေလ့ ရိွပါတယ္။ ျမစ္ႀကီးနား၊ မႏၱေလး နဲ႔ ရန္ကုန္မွာလည္း ေရာင္းဝယ္ေရး စင္တာေတြထားၿပီး ေရာင္းခ်ပါတယ္။
ဒါေပမဲ့ ေက်ာက္စိမ္းထုတ္လုပ္တဲ့ ပမာနရဲ ႔ အစြန္းထြက္ေလာက္သာ ေနျပည္ေတာ္မွာ ေရာင္းဝယ္ေနတာလို႔ NRGI အဖြဲ႔က ဆိုပါတယ္။ ဥပမာ ၂၀၁၅ မွာ ေက်ာက္စိမ္းကီလို (၁၇) သန္းေလာက္ ထြက္ေပမယ့္ ေနျပည္ေတာ္မွာ ကီလို (၅) သန္းေလာက္ပဲ ေတြ႔ရတယ္လို႔ ဆုိပါတယ္။ တရုတ္က အမ်ားဆံုး ဝယ္ယူေနတာမို႔ ေက်ာက္စိမ္းတန္းဖိုး ခန္႔မွန္းခ်က္အမ်ဳိးမ်ဳိး ျဖစ္ေနပါတယ္။ EITI အဖြဲ႔က ေက်ာက္မ်က္ျပပြဲမွာ ေရာင္းရတာကိုၾကည့္ၿပီး ေက်ာက္စိမ္းတန္းဖိုးဟာ တိုင္းျပည္အသားတင္ ထုတ္လုပ္မႈရဲ ႔ (၂) ရာခိုင္ႏႈန္း ရိွတယ္လို႔ ဆိုပါတယ္။ Global Witness ကေတာ့ (၅၀) ရာခိုင္ႏႈန္းအထိ ရိွႏိုင္တယ္လို႔ ခန္႔မွန္းပါတယ္။
၂၀၁၄ ခုႏွစ္က ေက်ာက္စိမ္းဝင္ေငြဟာ ေဒၚလာသန္း (၅၀၀၀) က သန္း (၃၁၀၀၀) အထိ ရိွႏိုင္တယ္လို႔ Global Witness က ခန္႔မွန္းတာမို႔ ေက်ာက္စိမ္းက႑ကို ခန္႔မွန္းခ်က္ေလာက္သာ လုပ္ႏုိင္တာ သိသာထင္ရွားပါတယ္။ ဒီလိုျဖစ္ရတာကလည္း ေက်ာက္စိမ္းအမ်ားစုဟာ အစိုးရဆီမေရာက္ဘဲ ယူနန္ကို ေရာက္သြားသလို ျဖစ္ပါတယ္။ ေက်ာက္စိမ္းေက်ာက္မ်က္လုပ္ငန္းကို ျပဳျပင္ဖို႔ လိုအပ္တာကို NLD အစိုးရ သေဘာေပါက္ေပမယ့္ အခ်ိန္ၾကာေလေလ အက်င့္ေဟာင္းကို ပယ္ဖ်က္ဖို႔ခက္ေလေလ ျဖစ္မွာကိုလည္း စိုးရိမ္ေနၾကပါတယ္။
==Unicode===
မြန်မာ့ကျောက်စိမ်းနဲ့ ကျောက်မျက်လုပ်ငန်းအကြောင်း အများဆုံးစီစစ်လေ့လာတဲ့ အဖွဲ့ (၃) ဖွဲ့ ရှိပါတယ်။ သဘာဝသယံဇာတ စီမံခန့်ခွဲမှု အကြံပေးအဖွဲ့ (NRGI)Natural Resources Governance Institute ၊ သယံဇာတတူးဖော်မှုလုပ်ငန်း ပွင့်လင်းမြင်သာရေးအဖွဲ့ (EITI)Extractive Industries Transparancy Initiative နဲ့ Global Wintness အဖွဲ့တွေ ဖြစ်ပါတယ်။ ကိုဗစ် (၁၉) ကူးစက်ရောဂါ ဖြစ်ပွားနေပေမယ့် ကချင်ပြည်နယ် ဖားကန့်ဒေသ ကျောက်စိမ်းမှော်တွေမှာ ရေမဆေးကျောက် ရှာဖွေသူ သိန်းနဲ့ချီရှိနေကြောင်း သိရပါတယ်။ မြေစာပုံပိ သေဆုံးမှု၊ ကမ်းပါးပြိုသေဆုံးမှု၊ မြေပိသေဆုံးမှု၊ ကမ်းပါးမှပြုတ်ကျသေဆုံးမှု စတာတွေ မကြာခဏ ဖြစ်ပွားနေပါတယ်။ သက်ဆိုင်ရာတာဝန်ခံတွေ ညံ့ဖျင်းလို ဒီလိုဖြစ်ရတာပါပဲ။
ကျောက်မျက်တူးတဲ့ အကြီးစားလုပ်ငန်းတွေထဲမှာ စစ်တပ်ပိုင်ရော၊ တိုင်းရင်းသားတပ်ဖွဲ့တွေပိုင်ရော ရှိနေတာမို့ သူတို့မှာ တာဝန်ရှိပါတယ်။ ပတ်ဝန်းကျင် ထိခိုက်မှုနည်းပါးအောင် တူးဖော်ရင် မြေပြိုစရာ မလိုဘူးလို့ ဆိုပါတယ်။ ကျောက်စိမ်းလုပ်ငန်းမှာ လက်နက်ကိုင်တွေ အမြတ်ထုတ်နေပုံကို Global Witness အဖွဲ့က နိုင်ငံတော်လျှို့ဝှက်ချက်ကြီးအဖြစ် ၂၀၁၅ မှာ အစီရင်ခံစာ ထုတ်ဝေဖူးပါတယ်။
ကမ္ဘာ့ကျောက်စိမ်း (၉၀) ရာခိုင်နှုန်းဟာ မြန်မာပြည်က ထွက်တာပါ။ မြန်မာပြည်မြောက်ပိုင်း မိုးညှင်း၊ ခမ္မတီး နဲ့ ဖးကန့်ဟာ ကျောက်စိမ်းမြေ ဖြစ်ပါတယ်။ ကျောက်စိမ်းထုတ်ခွင့်ရ ကုမ္ပဏီပေါင်း ရာနဲ့ချီ ရှိနေပါတယ်။ ကုမ္ပဏီတခုချင်း ကျောက်စိမ်းတူးဖော်တာ ရှိသလို၊ နိုင်ငံပိုင် မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်းနဲ့ ပူးပေါင်းပြီး တူးဖော်တဲ့ကုမ္ပဏီလည်း ရှိပါတယ်။ စည်းကမ်းကြီးကြပ်မှုနဲ့ အခွန်ကောက်ခံမှုကို မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်းက လုပ်ပါတယ်။ ၂၀၁၆ မှာ သက်တမ်းမကုန်သေးတဲ့ ကျောက်စိမ်းတူးခွင့်ပါမစ် (၂၁၀၀၀) ရှိပါတယ်။ ၂၀၁၆ နှစ်လယ်မှာ ကျောက်စိမ်းပါမစ်အသစ် ထုတ်မပေးတော့ပေမယ့် အစိုးရဟာ ကျောက်စိမ်းလုပ်ငန်းကို ကြီးကြပ်နိုင်စွမ်း မရှိသေးပါ။ ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ်က ဧက (၃၂၀၀၀) ကျော်မှာ ကျောက်စိမ်းတူးခွင့်ပါမစ် ထုတ်ပေးခဲ့ပါတယ်။ စက်ယန္တယားကြီးတွေနဲ့ တူးဖော်ကြတာရှိသလို တနိုင်တပိုင် ကျောက်ရှာသူတွေလည်း ရှိပါတယ်။
ကုမ္ပဏီတွေက စွန့်ပစ်ထားတဲ့ မြေစာပုံမှာ ကျောက်စိမ်းရှာဖွေသူကို ရေမဆေးကျောက်ရှာသူလို့ ခေါ်ပါတယ်။ ရေမဆေးတွေဟာ မြန်မာပြည် အနံှ့အပြားက လာကြသူတွေဖြစ်ပြီး အလွန်အန္တရာယ်ရှိတဲ့ ပတ်ဝန်းကျင်မှာ အသက်မွေးဝမ်းကျောင်းပြုနေကြပါတယ်။ ကုမ္ပဏီတွေဟာ ဘေးပတ်ဝန်းကျင်ကို ဂရုမစိုက်ဘဲ များများရအောင် တူးဖော်ကြတာကြောင့် မြေပြိုမှု၊ ရေကြီးမှု၊ လူသေမှုတွေ မကြာခဏ ဖြစ်ပွားနေတာ ဖြစ်ပါတယ်။ ဒေသခံတွေအတွက် ကျောက်စိမ်းလုပ်ငန်းကလွဲပြီး အခြားအလုပ်အကိုင် မရှိတော့သလို ဖြစ်လာပါတယ်။ ကလေးလုပ်သား၊ ပြည့်တန်ဆာ၊ မူးယစ်ဆေးနဲ့ AIDS ရောဂါပြန့်ပွားလာပါတယ်။ စစ်တပ်နဲ့ တိုင်းရင်းသားတပ်ဖွဲ့တွေဟာ ကျောက်စိမ်းလုပ်ငန်းက အကျိုးအမြတ် ရရှိနေကြပါတယ်။ သူတို့နဲ့ ချိတ်ဆက်ပြီး ကျောက်စိမ်းမှောင်ခို ထုတ်ယူတာတွေ ရှိပါတယ်။
မြန်မာ့နိုင်ငံသယံဇာတ တူးဖော်မှုလုပ်ငန်း ပွင့်လင်းမြင်သာရေးအဖွဲ့ (MEITI) ရဲ့ ၂၀၁၇-၁၈ အစီရင်ခံစာအရ ကျောက်စိမ်းတန်ချိန် သုံးသောင်းကျော် စုစုပေါင်း ကျပ်သန်းတသန်းကျော်ဖိုး ထုတ်ယူနိုင်ခဲ့ကြောင်း သိရပါတယ်။ စစ်တပ်ပိုင် စီးပွားရေးဦးပိုင် ကုမ္ပဏီလက်အောက်ခံ အင်ပီရီးရယ် Imperial Jade ကုမ္ပဏီကတင် ကျောက်စိမ်းပါပစ် (၃၉၇) ခု ရရှိထားပါတယ်။ ဒါပေမဲ့ အစိုးရကို မတင်ပြတဲ့ ကျောက်စိမ်းအများအပြား ရှိနေပါတယ်။ ဒီကျောက်စိမ်းတွေကို ပြည်တွင်းပြည်ပကို မှောင်ခိုထုတ်ရောင်းကြပါတယ်။ အစိုးရဆီကို တင်ပြတဲ့အခါမှာလည်း တွင်းဝခွန်လျော့သွားအောင် တန်းဖိုးလျှော့ပြကြပါတယ်။ နေပြည်တော်မှာ ကျောက်မျက်ပြပွဲ တနှစ်သုံးကြိမ်လုပ်ပြီး ပုံမှန်ရောင်းချလေ့ ရှိပါတယ်။ မြစ်ကြီးနား၊ မန္တလေး နဲ့ ရန်ကုန်မှာလည်း ရောင်းဝယ်ရေး စင်တာတွေထားပြီး ရောင်းချပါတယ်။
ဒါပေမဲ့ ကျောက်စိမ်းထုတ်လုပ်တဲ့ ပမာနရဲ့ အစွန်းထွက်လောက်သာ နေပြည်တော်မှာ ရောင်းဝယ်နေတာလို့ NRGI အဖွဲ့က ဆိုပါတယ်။ ဥပမာ ၂၀၁၅ မှာ ကျောက်စိမ်းကီလို (၁၇) သန်းလောက် ထွက်ပေမယ့် နေပြည်တော်မှာ ကီလို (၅) သန်းလောက်ပဲ တွေ့ရတယ်လို့ ဆိုပါတယ်။ တရုတ်က အများဆုံး ဝယ်ယူနေတာမို့ ကျောက်စိမ်းတန်းဖိုး ခန့်မှန်းချက်အမျိုးမျိုး ဖြစ်နေပါတယ်။ EITI အဖွဲ့က ကျောက်မျက်ပြပွဲမှာ ရောင်းရတာကိုကြည့်ပြီး ကျောက်စိမ်းတန်းဖိုးဟာ တိုင်းပြည်အသားတင် ထုတ်လုပ်မှုရဲ့ (၂) ရာခိုင်နှုန်း ရှိတယ်လို့ ဆိုပါတယ်။ Global Witness ကတော့ (၅၀) ရာခိုင်နှုန်းအထိ ရှိနိုင်တယ်လို့ ခန့်မှန်းပါတယ်။
၂၀၁၄ ခုနှစ်က ကျောက်စိမ်းဝင်ငွေဟာ ဒေါ်လာသန်း (၅၀၀၀) က သန်း (၃၁၀၀၀) အထိ ရှိနိုင်တယ်လို့ Global Witness က ခန့်မှန်းတာမို့ ကျောက်စိမ်းကဏ္ဍကို ခန့်မှန်းချက်လောက်သာ လုပ်နိုင်တာ သိသာထင်ရှားပါတယ်။ ဒီလိုဖြစ်ရတာကလည်း ကျောက်စိမ်းအများစုဟာ အစိုးရဆီမရောက်ဘဲ ယူနန်ကို ရောက်သွားသလို ဖြစ်ပါတယ်။ ကျောက်စိမ်းကျောက်မျက်လုပ်ငန်းကို ပြုပြင်ဖို့ လိုအပ်တာကို NLD အစိုးရ သဘောပေါက်ပေမယ့် အချိန်ကြာလေလေ အကျင့်ဟောင်းကို ပယ်ဖျက်ဖို့ခက်လေလေ ဖြစ်မှာကိုလည်း စိုးရိမ်နေကြပါတယ်။