သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

NLD ရဲ႕ တိုင္းရင္းသားပါတီေတြနဲ႔ ေတြ႕ဆုံ ေဆြးေႏြးေရး အလုပ္ျဖစ္မွာလား


ေဒါက္တာေအာင္မိုးညိဳ ဦးေဆာင္တဲ့ NLD ပါတီ ကိုယ္စားလွယ္ေတြနဲ႔ ကခ်င္ျပည္နယ္က တိုင္းရင္းသား ႏုိင္ငံေရးပါတီ ေခါင္းေဆာင္မ်ား။ (ဇန္နဝါရီ ၁၊ ၂၀၂၁။ ဓာတ္ပုံ - အားမီ)
တိုက္႐ိုက္ လင့္ခ္

NLD အမ်ိဳးသားဒီမိုကေရစီ အဖြဲ႕ခ်ဳပ္ ပါတီဟာ ေ႐ြးေကာက္ပြဲအၿပီး ေပးထားတဲ့ ကတိ အတိုင္း ပါတီ အဆင့္ျမင့္ ကိုယ္စားလွယ္ အဖြဲ႕တစ္ဖြဲ႕ ျမစ္ႀကီးနားၿမိဳ႕ကို သြားေရာက္ၿပီး ကခ်င္ တိုင္းရင္းသားပါတီ ေခါင္းေဆာင္ေတြနဲ႔ ေတြ႕ဆုံခဲ့ၿပီးပါၿပီ။ အင္န္အယ္လ္ဒီ အဆင့္ျမင့္ ကိုယ္စားလွယ္ အဖြဲ႕မွာ ပါတီေခါင္းေဆာင္ေတြျဖစ္တဲ့ ေဒါက္တာေအာင္မိုးညိဳ ၊ ေဒၚနန္းခင္ေထြးျမင့္၊ ဦးအင္ထုံးခါးေနာ္ဆန္ တို႔ ဦးေဆာင္ပါဝင္ပါတယ္။ အဲဒီ ကိုယ္စားလွယ္ အဖြဲ႕ဟာ ပါတီ ဗဟိုအလုပ္အမႈေဆာင္ အဖြဲ႕ရဲ႕ တာဝန္ေပးခ်က္အရ သြားေရာက္ ေတြ႕ဆုံတာ ျဖစ္ၿပီး ကခ်င္ျပည္နယ္ၿပီးရင္ မြန္ျပည္နယ္၊ ေနာက္ပိုင္း အျခား ျပည္နယ္ေတြဆီ ခရီးဆက္၊ တိုင္းရင္းသားပါတီ ေခါင္းေဆာင္ေတြနဲ႔ သြားေတြ႕ဆုံမယ္လို႔ သိရပါတယ္။ ေတြ႕ဆုံမႈမွာ အေၾကာင္းအရာ ႏွစ္ခု ပါဝင္မယ္လို႔ ပါတီေခါင္းေဆာင္ေတြက ေျပာဆိုထားပါတယ္။ အဲဒါေတြကေတာ့ ဖက္ဒရယ္ျပည္ေထာင္စု တည္ေဆာက္ေရး နဲ႔ ပတ္သက္ၿပီး တိုင္းရင္းသားပါတီ ေတြနဲ႔ အေျခခံ ဘုံသေဘာတူညီခ်က္ေတြ ရလာေအာင္ ႀကိဳးစားဖို႔ နဲ႔ ေနာင္ ဖြဲ႕စည္းမယ့္ လႊတ္ေတာ္ေတြ၊ အစိုးရအဖြဲ႕ေတြနဲ႔ ပတ္သက္ၿပီး တိုင္းရင္းသား ပါတီေတြရဲ႕ အသံကို နားေထာင္ စုစည္းဖို႔ ျဖစ္တယ္လို႔ ဆိုပါတယ္။ ၿပီးခဲ့တဲ့ ေ႐ြးေကာက္ပြဲ မတိုင္ခင္တုန္းကလည္း အင္န္အယ္လ္ဒီ ပါတီဟာ တိုင္းရင္းသားပါတီေတြနဲ႔ ေတြ႕ဆုံေဆြးေႏြးဖို႔ ၿငိမ္းခ်မ္းေရး ေကာ္မရွင္ အဖြဲ႕ေခါင္းေဆာင္ ေဒါက္တာတင္မ်ိဳးဝင္းကို ဦးေဆာင္ေစၿပီး ေကာ္မတီ တစ္ခု ဖြဲ႕ေပးခဲ့ပါေသးတယ္။ အဲဒီ ေကာ္မတီကေတာ့ ဘာလႈပ္ရွားမႈမွ လုပ္တယ္ ဆိုတာ မၾကားမသိရပါဘူး။ အခု ေဒါက္တာျမင့္ႏိုင္ ဦးေဆာင္တဲ့ အဖြဲ႕ကေရာ အင္န္အယ္လ္ဒီ ပါတီနဲ႔ တိုင္းရင္းသားေတြ အၾကား ဘယ္ေလာက္ နားလည္မႈ တည္ေဆာက္ႏိုင္မလဲ၊ ဘယ္ေလာက္ အလုပ္ျဖစ္ေအာင္ စြမ္းေဆာင္ႏိုင္မလဲ ဆိုတာကေတာ့ စိတ္ဝင္စားဖို႔ ေကာင္းတဲ့ အေၾကာင္းအရာ တစ္ခုပါ။

ေဒၚေအာင္ဆန္းစုၾကည္ ဦးေဆာင္တဲ့ အင္န္အယ္လ္ဒီ အမ်ိဳးသားဒီမိုကေရစီ အဖြဲ႕ခ်ဳပ္ အာဏာရလာခဲ့တဲ့ လြန္ခဲ့တဲ့ ၅ ႏွစ္တာ ကာလ ကိုျပန္ၾကည့္လိုက္ရင္ လက္နက္ကိုင္ တိုင္းရင္းသားေတြနဲ႔ ေတြ႕ရ၊ ဆုံရ၊ ေစ့စပ္ရ၊ ညႇိႏႈိင္းရတဲ့ ၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္ မယ္မယ္ရရ၊ ထိထိေရာက္ေရာက္ တိုးတက္လာေအာင္ စြမ္းေဆာင္ႏိုင္တာ မေတြ႕ရေသးပါဘူး။ ဖက္ဒရယ္ ျပည္ေထာင္စု အတြက္ အေျခခံ မူဝါဒေတြ ခ်မွတ္ဖို႔ ဆိုတာကလည္း ၂၀၂၀ ခုႏွစ္ေရာက္မွ စၿပီး အေကာင္အထည္ ေဖာ္ကာစ အေျခအေန ရွိေနပါေသးတယ္။ အျခားတဖက္မွာ ၾကည့္လိုက္ျပန္ရင္လည္း ၿမိဳ႕ေပၚက တရားဝင္ တိုင္းရင္းသား ႏိုင္ငံေရးပါတီေတြနဲ႔ ဆက္ဆံေရး ေကာင္းေကာင္းမြန္မြန္ ထူေထာင္ထားတာ မေတြ႕မျမင္ၾကရပါဘူး။ ၂၀၁၆ ခုႏွစ္ အင္န္အယ္လ္ဒီ က လႊတ္ေတာ္သစ္ေတြ၊ အစိုးရသစ္ေတြ ဦးေဆာင္ ဖြဲ႕စည္းခ်ိန္မွာ တိုင္းရင္းသားပါတီ ေခါင္းေဆာင္တစ္ခ်ိဳ႕၊ အဖြဲ႕ဝင္ တစ္ခ်ိဳ႕ကို ေနရာေပးခဲ့တာ ရွိေပမယ့္ အဲဒီ ေ႐ြးခ်ယ္မႈေတြနဲ႔ ပတ္သက္ၿပီး သက္ဆိုင္ရာ တိုင္းရင္းသားပါတီေတြနဲ႔ ေတြ႕ဆုံ ညႇိႏႈိင္းၿပီး မလုပ္ကိုင္ခဲ့တာကေန စ ျပသနာေပၚ၊ ဆက္ဆံေရး ပ်က္ျပားခဲ့တာ အစိုးရသက္တမ္း တစ္ခု တိုင္ေအာင္ပါပဲ။

ဒီၾကားထဲ တိုင္းရင္းသား အေရးနဲ႔ ပတ္သက္ၿပီး မြန္ျပည္နယ္ ေခ်ာင္းဆုံတံတားကို ဗိုလ္ခ်ဳပ္ေအာင္ဆန္း တံတားလို႔ နာမည္ေပးတဲ့ ကိစၥ၊ ကယားျပည္နယ္ ၿမိဳ႕ေတာ္ လြိဳင္ေကာ္မွာ တိုင္းရင္းသားေတြနဲ႔ အႀကီးအက်ယ္ အတိုက္အခံ လုပ္ၿပီး ဗိုလ္ခ်ဳပ္ေၾကး႐ုပ္ စိုက္ထူတာကို မရမက အေကာင္အထည္ ေဖာ္ခဲ့တဲ့ ကိစၥေတြကလည္း အင္န္အယ္လ္ဒီ အေပၚ တိုင္းရင္းသားပါတီေတြ ယုံၾကည္ခ်က္ ကင္းမဲ့ေစသလို ျဖစ္ေစခဲ့ပါတယ္။

တကယ္ေတာ့ ျမန္မာႏိုင္ငံက ဗမာအမ်ားစုပါဝင္တဲ့ အထင္ကရ ႏိုင္ငံေရးပါတီႀကီးေတြထဲမွာ “ဖက္ဒရယ္ ျပည္ေထာင္စု” “ ကိုယ္ပိုင္ျပဌာန္းခြင့္” ဆိုၿပီး ျပတ္ျပတ္သားသား ေျပာဆို သုံးႏႈန္း တိုက္ပြဲဝင္ခဲ့တာ အင္န္အယ္လ္ဒီ အမ်ိဳးသားဒီမိုကေရစီ အဖြဲ႕ခ်ဳပ္ပါ။ ဒါေၾကာင့္လဲ တကယ့္ တိုင္းရင္းသား အေရးလႈပ္ရွားတဲ့ တိုင္းရင္းသားပါတီေတြနဲ႔ ေရရွည္ မဟာမိတ္ ဖြဲ႕ႏိုင္ခဲ့ၿပီး ဆိုး႐ြားၾကမ္းတမ္းတဲ့ ႏိုင္ငံေရးခရီးလမ္းကို အတူ ျဖတ္ေက်ာ္ႏိုင္ခဲ့တာလည္း ျဖစ္ပါတယ္။ ဒီ အေျခအေနေတြဟာ ၂၀၁၆ ခုႏွစ္ အင္န္အယ္လ္ဒီ အစိုးရ အာဏာရလာၿပီးေနာက္မွ ေမွးမွိန္သြားခဲ့ရတာပါ။

တကယ္ေတာ့ စစ္အာဏာရွင္ စနစ္ကို ႏွစ္ေပါင္းမ်ားစြာ တြန္းလွန္လာခဲ့တဲ့ အင္န္အယ္လ္ဒီ လို ပါတီႀကီး တစ္ခုအေနနဲ႔ ဖက္ဒရယ္ ျပည္ေထာင္စု ဆိုၿပီး ေယဘူယ်ဆန္တဲ့ စကားလုံးကိုပဲ ေျပာဆိုေနမယ့္ အစား ဘယ္လိုဖက္ဒရယ္ ျပည္ေထာင္စုမ်ိဳး တည္ေထာင္မယ္ ဆိုတဲ့ တိက်တဲ့ မူဝါဒ၊ လမ္းၫႊန္မႈ စတာေတြ ရွိေနဖို႔၊ ထုတ္ျပန္ထားဖို႔ လိုအပ္ပါတယ္။ အဲလို တိက်တဲ့ မူဝါဒ၊ လမ္းၫႊန္မႈ ရွိေနပါမွ တိုင္းရင္းသားေတြနဲ႔ ညႇိႏႈိင္းတဲ့အခါ အေပးအယူ အေလ်ာ့အတင္းလုပ္ ဘုံတူညီမႈရွိတဲ့ အခ်က္ေတြ ရလာဖို႔ လြယ္ကူေစမွာပါ။

အျခားတစ္ဖက္မွာလည္း တိုင္းျပည္ကို ၂၀၀၈ ဖြဲ႕စည္းပုံ အေျခခံ ဥပေဒအရ အုပ္ခ်ဳပ္ေနရသည့္တိုင္၊ တပ္မေတာ္နဲ႔ ဝန္ႀကီးဌာန ၃ ခု ကလြဲရင္ တိုင္းျပည္ရဲ႕ အာဏာ အ၀၀ လႊမ္းၿခဳံ ခ်ဳပ္ကိုင္ထားႏိုင္စြမ္း ရွိေနတာမို႔ ကိုယ့္ရဲ႕ မူဝါဒ ေအာက္ကေန ကိုယ့္ဖာသာကိုယ္ ဖက္ဒရယ္ျပည္ေထာင္စု ပုံသ႑ာန္ ပုံေဖာ္ခြင့္လည္း ရေနၿပီး၊ အဲဒီအတိုင္း ပုံေဖာ္ဖို႔လည္း လိုအပ္ေနပါတယ္။ နမူနာအားျဖင့္ ျပည္နယ္ လႊတ္ေတာ္ အတြက္ ေ႐ြးေကာက္ပြဲေတြမွာ အမတ္ေနရာ ထက္ဝက္ေက်ာ္ အႏိုင္ရတဲ့ ေ႐ြးေကာက္ခံပါတီက တစ္ေယာက္ေယာက္ကို ညႇိႏႈိင္းၿပီး ဝန္ႀကီးခ်ဳပ္ ခန႔္ေပးတာမ်ိဳး၊ ျပည္နယ္ေတြကရတဲ့ သယံဇာတ ဆိုင္ရာ အခြန္အေကာက္စာရင္းကို သီးျခား တြက္ခ်က္ၿပီး ရာခိုင္ႏႈန္း တစ္ခု ဘတ္ဂ်က္ထဲ ခြဲေ၀ ထည့္သြင္းေပးတာမ်ိဳး၊ တိုင္းရင္းသား စာေပ သင္ၾကားေရးကို သက္ဆိုင္ရာ တိုင္းရင္းသား ပါတီေတြနဲ႔ ညႇိႏႈိင္းၿပီး ခြင့္ျပဳေပးတာမ်ိဳး စသျဖင့္ လုပ္မယ္ဆို အမ်ားႀကီး အေကာင္အထည္ေဖာ္ လုပ္ကိုင္ေဆာင္႐ြက္လို႔ ရႏိုင္ပါတယ္။ ဒီလိုနည္းအားျဖင့္သာ အင္န္အယ္လ္ဒီဟာ ဖက္ဒရယ္ျပည္ေထာင္စုကို တကယ္ တည္ေထာင္လိုတဲ့ ပါတီအျဖစ္ တိုင္းရင္းသားပါတီေတြက ယုံၾကည္ လက္ခံလာၾကမွာ ျဖစ္ပါတယ္။

ေနာက္ထပ္ အေရးႀကီးတာ တစ္ခုက ၂၀၀၈ ဖြဲ႕စည္းပုံကို ဒီမိုကေရစီ ဖက္ဒရယ္ ျပည္ေထာင္စု အႏွစ္သာရ ျဖစ္လာေအာင္ ဘာေတြ ျပင္ဆင္ၾကမလဲ ဆိုတဲ့ ကိစၥပါ။ ဖြဲ႕စည္းပုံ ျပင္ေရးကိစၥ အင္န္အယ္လ္ဒီဟာ တပ္မေတာ္ေခါင္းေဆာင္ေတြနဲ႔ သေဘာထားျခင္း မတိုက္ဆိုင္ မတူညီတာကေတာ့ ဘာမွ ျပသနာမရွိသလို အဆန္းတၾကယ္ ကိစၥလည္း မဟုတ္ပါဘူး။ ဒါေပမယ့္ တိုင္းရင္းသား ပါတီေတြနဲ႔ပါ အျမင္ျခင္း သေဘာထားျခင္း လုံးလုံးလ်ားလ်ား ကြဲျပားေနတာကေတာ့ ဝမ္းနည္းစရာ ေကာင္းသလို၊ အင္န္အယ္လ္ဒီရဲ႕ စည္း႐ုံးေရး အရည္အခ်င္း အားနည္းတာကို ထုတ္ေဖာ္ျပသရာလည္း ေရာက္ေနပါတယ္။

ဘယ္လိုပဲျဖစ္ျဖစ္ ၂၀၂၀ ေ႐ြးေကာက္ပြဲေၾကာင့္ ေပၚေပါက္လာမယ့္ အစိုးရအဖြဲ႕သစ္ မတက္ခင္ အင္န္အယ္လ္ဒီ နဲ႔ တိုင္းရင္းသားပါတီေတြ ေတြ႕ဆုံေဆြးေႏြးမႈ စ ရွိလာပါၿပီ။ ဒီ ေတြ႕ဆုံေဆြးေႏြးမႈေတြဟာ ေျပာသမွ်ကို နားေထာင္ၿပီး ျပန္လာ႐ုံသက္သက္ မဟုတ္၊ တစ္ႀကိမ္ေတြ႕ၿပီး ၿပီးသြားတာမ်ိဳး မဟုတ္ပဲ အင္န္အယ္လ္ဒီ ကိုယ္တိုင္ ခံယူထားတဲ့ ဖက္ဒရယ္ပုံစံ၊ အစိုးရအဖြဲ႕ ပုံသ႑ာန္ေတြကိုပါ ပြင့္ပြင့္လင္းလင္း ေျပာဆိုေဆြးေႏြးျပဖို႔ လိုအပ္ပါတယ္။ ဒီကမွ တစ္ဆင့္ တိုင္းရင္းသားပါတီေတြက တင္ျပလာတာေတြ ဗဟိုအလုပ္အမႈေဆာင္ အဖြဲ႕ကို တင္ျပ၊ အေျဖေပး၊ ေနာက္တစ္ႀကိမ္ ေတြ႕ဆုံညႇိႏႈိင္းမႈေတြ လုပ္ စသျဖင့္ အက်ိဳးရလာဒ္ ေပၚေပါက္သည္အထိ ဦးတည္သြားဖို႔ လိုအပ္ပါတယ္။ ဒါတင္မက သက္ဆိုင္ရာ ျပည္နယ္က ျပသနာေတြကို ဝန္ႀကီးခ်ဳပ္ အပါအဝင္ အင္န္အယ္လ္ဒီ အစိုးရနဲ႔ သက္ဆိုင္ရာ တိုင္းရင္းသား ပါတီေတြ ေတြ႕ဆုံေဆြးေႏြး ညႇိႏႈိင္း အေျဖရွာတဲ့နည္းကို စဥ္ဆက္မျပတ္ က်င့္သုံးျခင္းျဖင့္လည္း တိုင္းရင္းသားပါတီေတြနဲ႔ နားလည္မႈ တည္ေဆာက္ယူလို႔ ရႏိုင္ေၾကာင္းပါ။

-------------------------------------------

NLD ရဲ့ တိုင်းရင်းသားပါတီတွေနဲ့ တွေ့ဆုံ ဆွေးနွေးရေး အလုပ်ဖြစ်မှာလား

NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပါတီဟာ ရွေးကောက်ပွဲအပြီး ပေးထားတဲ့ ကတိ အတိုင်း ပါတီ အဆင့်မြင့် ကိုယ်စားလှယ် အဖွဲ့တစ်ဖွဲ့ မြစ်ကြီးနားမြို့ကို သွားရောက်ပြီး ကချင် တိုင်းရင်းသားပါတီ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့ပြီးပါပြီ။ အင်န်အယ်လ်ဒီ အဆင့်မြင့် ကိုယ်စားလှယ် အဖွဲ့မှာ ပါတီခေါင်းဆောင်တွေဖြစ်တဲ့ ဒေါက်တာအောင်မိုးညို ၊ ဒေါ်နန်းခင်ထွေးမြင့်၊ ဦးအင်ထုံးခါးနော်ဆန် တို့ ဦးဆောင်ပါဝင်ပါတယ်။ အဲဒီ ကိုယ်စားလှယ် အဖွဲ့ဟာ ပါတီ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ရဲ့ တာဝန်ပေးချက်အရ သွားရောက် တွေ့ဆုံတာ ဖြစ်ပြီး ကချင်ပြည်နယ်ပြီးရင် မွန်ပြည်နယ်၊ နောက်ပိုင်း အခြား ပြည်နယ်တွေဆီ ခရီးဆက်၊ တိုင်းရင်းသားပါတီ ခေါင်းဆောင်တွေနဲ့ သွားတွေ့ဆုံမယ်လို့ သိရပါတယ်။ တွေ့ဆုံမှုမှာ အကြောင်းအရာ နှစ်ခု ပါဝင်မယ်လို့ ပါတီခေါင်းဆောင်တွေက ပြောဆိုထားပါတယ်။ အဲဒါတွေကတော့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး နဲ့ ပတ်သက်ပြီး တိုင်းရင်းသားပါတီ တွေနဲ့ အခြေခံ ဘုံသဘောတူညီချက်တွေ ရလာအောင် ကြိုးစားဖို့ နဲ့ နောင် ဖွဲ့စည်းမယ့် လွှတ်တော်တွေ၊ အစိုးရအဖွဲ့တွေနဲ့ ပတ်သက်ပြီး တိုင်းရင်းသား ပါတီတွေရဲ့ အသံကို နားထောင် စုစည်းဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ ရွေးကောက်ပွဲ မတိုင်ခင်တုန်းကလည်း အင်န်အယ်လ်ဒီ ပါတီဟာ တိုင်းရင်းသားပါတီတွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ ငြိမ်းချမ်းရေး ကော်မရှင် အဖွဲ့ခေါင်းဆောင် ဒေါက်တာတင်မျိုးဝင်းကို ဦးဆောင်စေပြီး ကော်မတီ တစ်ခု ဖွဲ့ပေးခဲ့ပါသေးတယ်။ အဲဒီ ကော်မတီကတော့ ဘာလှုပ်ရှားမှုမှ လုပ်တယ် ဆိုတာ မကြားမသိရပါဘူး။ အခု ဒေါက်တာမြင့်နိုင် ဦးဆောင်တဲ့ အဖွဲ့ကရော အင်န်အယ်လ်ဒီ ပါတီနဲ့ တိုင်းရင်းသားတွေ အကြား ဘယ်လောက် နားလည်မှု တည်ဆောက်နိုင်မလဲ၊ ဘယ်လောက် အလုပ်ဖြစ်အောင် စွမ်းဆောင်နိုင်မလဲ ဆိုတာကတော့ စိတ်ဝင်စားဖို့ ကောင်းတဲ့ အကြောင်းအရာ တစ်ခုပါ။

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အင်န်အယ်လ်ဒီ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အာဏာရလာခဲ့တဲ့ လွန်ခဲ့တဲ့ ၅ နှစ်တာ ကာလ ကိုပြန်ကြည့်လိုက်ရင် လက်နက်ကိုင် တိုင်းရင်းသားတွေနဲ့ တွေ့ရ၊ ဆုံရ၊ စေ့စပ်ရ၊ ညှိနှိုင်းရတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် မယ်မယ်ရရ၊ ထိထိရောက်ရောက် တိုးတက်လာအောင် စွမ်းဆောင်နိုင်တာ မတွေ့ရသေးပါဘူး။ ဖက်ဒရယ် ပြည်ထောင်စု အတွက် အခြေခံ မူဝါဒတွေ ချမှတ်ဖို့ ဆိုတာကလည်း ၂၀၂၀ ခုနှစ်ရောက်မှ စပြီး အကောင်အထည် ဖော်ကာစ အခြေအနေ ရှိနေပါသေးတယ်။ အခြားတဖက်မှာ ကြည့်လိုက်ပြန်ရင်လည်း မြို့ပေါ်က တရားဝင် တိုင်းရင်းသား နိုင်ငံရေးပါတီတွေနဲ့ ဆက်ဆံရေး ကောင်းကောင်းမွန်မွန် ထူထောင်ထားတာ မတွေ့မမြင်ကြရပါဘူး။ ၂၀၁၆ ခုနှစ် အင်န်အယ်လ်ဒီ က လွှတ်တော်သစ်တွေ၊ အစိုးရသစ်တွေ ဦးဆောင် ဖွဲ့စည်းချိန်မှာ တိုင်းရင်းသားပါတီ ခေါင်းဆောင်တစ်ချို့၊ အဖွဲ့ဝင် တစ်ချို့ကို နေရာပေးခဲ့တာ ရှိပေမယ့် အဲဒီ ရွေးချယ်မှုတွေနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ တိုင်းရင်းသားပါတီတွေနဲ့ တွေ့ဆုံ ညှိနှိုင်းပြီး မလုပ်ကိုင်ခဲ့တာကနေ စ ပြသနာပေါ်၊ ဆက်ဆံရေး ပျက်ပြားခဲ့တာ အစိုးရသက်တမ်း တစ်ခု တိုင်အောင်ပါပဲ။

ဒီကြားထဲ တိုင်းရင်းသား အရေးနဲ့ ပတ်သက်ပြီး မွန်ပြည်နယ် ချောင်းဆုံတံတားကို ဗိုလ်ချုပ်အောင်ဆန်း တံတားလို့ နာမည်ပေးတဲ့ ကိစ္စ၊ ကယားပြည်နယ် မြို့တော် လွိုင်ကော်မှာ တိုင်းရင်းသားတွေနဲ့ အကြီးအကျယ် အတိုက်အခံ လုပ်ပြီး ဗိုလ်ချုပ်ကြေးရုပ် စိုက်ထူတာကို မရမက အကောင်အထည် ဖော်ခဲ့တဲ့ ကိစ္စတွေကလည်း အင်န်အယ်လ်ဒီ အပေါ် တိုင်းရင်းသားပါတီတွေ ယုံကြည်ချက် ကင်းမဲ့စေသလို ဖြစ်စေခဲ့ပါတယ်။

တကယ်တော့ မြန်မာနိုင်ငံက ဗမာအများစုပါဝင်တဲ့ အထင်ကရ နိုင်ငံရေးပါတီကြီးတွေထဲမှာ “ဖက်ဒရယ် ပြည်ထောင်စု” “ ကိုယ်ပိုင်ပြဌာန်းခွင့်” ဆိုပြီး ပြတ်ပြတ်သားသား ပြောဆို သုံးနှုန်း တိုက်ပွဲဝင်ခဲ့တာ အင်န်အယ်လ်ဒီ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါ။ ဒါကြောင့်လဲ တကယ့် တိုင်းရင်းသား အရေးလှုပ်ရှားတဲ့ တိုင်းရင်းသားပါတီတွေနဲ့ ရေရှည် မဟာမိတ် ဖွဲ့နိုင်ခဲ့ပြီး ဆိုးရွားကြမ်းတမ်းတဲ့ နိုင်ငံရေးခရီးလမ်းကို အတူ ဖြတ်ကျော်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ ဒီ အခြေအနေတွေဟာ ၂၀၁၆ ခုနှစ် အင်န်အယ်လ်ဒီ အစိုးရ အာဏာရလာပြီးနောက်မှ မှေးမှိန်သွားခဲ့ရတာပါ။

တကယ်တော့ စစ်အာဏာရှင် စနစ်ကို နှစ်ပေါင်းများစွာ တွန်းလှန်လာခဲ့တဲ့ အင်န်အယ်လ်ဒီ လို ပါတီကြီး တစ်ခုအနေနဲ့ ဖက်ဒရယ် ပြည်ထောင်စု ဆိုပြီး ယေဘူယျဆန်တဲ့ စကားလုံးကိုပဲ ပြောဆိုနေမယ့် အစား ဘယ်လိုဖက်ဒရယ် ပြည်ထောင်စုမျိုး တည်ထောင်မယ် ဆိုတဲ့ တိကျတဲ့ မူဝါဒ၊ လမ်းညွှန်မှု စတာတွေ ရှိနေဖို့၊ ထုတ်ပြန်ထားဖို့ လိုအပ်ပါတယ်။ အဲလို တိကျတဲ့ မူဝါဒ၊ လမ်းညွှန်မှု ရှိနေပါမှ တိုင်းရင်းသားတွေနဲ့ ညှိနှိုင်းတဲ့အခါ အပေးအယူ အလျော့အတင်းလုပ် ဘုံတူညီမှုရှိတဲ့ အချက်တွေ ရလာဖို့ လွယ်ကူစေမှာပါ။

အခြားတစ်ဖက်မှာလည်း တိုင်းပြည်ကို ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ အုပ်ချုပ်နေရသည့်တိုင်၊ တပ်မတော်နဲ့ ဝန်ကြီးဌာန ၃ ခု ကလွဲရင် တိုင်းပြည်ရဲ့ အာဏာ အ၀၀ လွှမ်းခြုံ ချုပ်ကိုင်ထားနိုင်စွမ်း ရှိနေတာမို့ ကိုယ့်ရဲ့ မူဝါဒ အောက်ကနေ ကိုယ့်ဖာသာကိုယ် ဖက်ဒရယ်ပြည်ထောင်စု ပုံသဏ္ဍာန် ပုံဖော်ခွင့်လည်း ရနေပြီး၊ အဲဒီအတိုင်း ပုံဖော်ဖို့လည်း လိုအပ်နေပါတယ်။ နမူနာအားဖြင့် ပြည်နယ် လွှတ်တော် အတွက် ရွေးကောက်ပွဲတွေမှာ အမတ်နေရာ ထက်ဝက်ကျော် အနိုင်ရတဲ့ ရွေးကောက်ခံပါတီက တစ်ယောက်ယောက်ကို ညှိနှိုင်းပြီး ဝန်ကြီးချုပ် ခန့်ပေးတာမျိုး၊ ပြည်နယ်တွေကရတဲ့ သယံဇာတ ဆိုင်ရာ အခွန်အကောက်စာရင်းကို သီးခြား တွက်ချက်ပြီး ရာခိုင်နှုန်း တစ်ခု ဘတ်ဂျက်ထဲ ခွဲေ၀ ထည့်သွင်းပေးတာမျိုး၊ တိုင်းရင်းသား စာပေ သင်ကြားရေးကို သက်ဆိုင်ရာ တိုင်းရင်းသား ပါတီတွေနဲ့ ညှိနှိုင်းပြီး ခွင့်ပြုပေးတာမျိုး စသဖြင့် လုပ်မယ်ဆို အများကြီး အကောင်အထည်ဖော် လုပ်ကိုင်ဆောင်ရွက်လို့ ရနိုင်ပါတယ်။ ဒီလိုနည်းအားဖြင့်သာ အင်န်အယ်လ်ဒီဟာ ဖက်ဒရယ်ပြည်ထောင်စုကို တကယ် တည်ထောင်လိုတဲ့ ပါတီအဖြစ် တိုင်းရင်းသားပါတီတွေက ယုံကြည် လက်ခံလာကြမှာ ဖြစ်ပါတယ်။

နောက်ထပ် အရေးကြီးတာ တစ်ခုက ၂၀၀၈ ဖွဲ့စည်းပုံကို ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု အနှစ်သာရ ဖြစ်လာအောင် ဘာတွေ ပြင်ဆင်ကြမလဲ ဆိုတဲ့ ကိစ္စပါ။ ဖွဲ့စည်းပုံ ပြင်ရေးကိစ္စ အင်န်အယ်လ်ဒီဟာ တပ်မတော်ခေါင်းဆောင်တွေနဲ့ သဘောထားခြင်း မတိုက်ဆိုင် မတူညီတာကတော့ ဘာမှ ပြသနာမရှိသလို အဆန်းတကြယ် ကိစ္စလည်း မဟုတ်ပါဘူး။ ဒါပေမယ့် တိုင်းရင်းသား ပါတီတွေနဲ့ပါ အမြင်ခြင်း သဘောထားခြင်း လုံးလုံးလျားလျား ကွဲပြားနေတာကတော့ ဝမ်းနည်းစရာ ကောင်းသလို၊ အင်န်အယ်လ်ဒီရဲ့ စည်းရုံးရေး အရည်အချင်း အားနည်းတာကို ထုတ်ဖော်ပြသရာလည်း ရောက်နေပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ၂၀၂၀ ရွေးကောက်ပွဲကြောင့် ပေါ်ပေါက်လာမယ့် အစိုးရအဖွဲ့သစ် မတက်ခင် အင်န်အယ်လ်ဒီ နဲ့ တိုင်းရင်းသားပါတီတွေ တွေ့ဆုံဆွေးနွေးမှု စ ရှိလာပါပြီ။ ဒီ တွေ့ဆုံဆွေးနွေးမှုတွေဟာ ပြောသမျှကို နားထောင်ပြီး ပြန်လာရုံသက်သက် မဟုတ်၊ တစ်ကြိမ်တွေ့ပြီး ပြီးသွားတာမျိုး မဟုတ်ပဲ အင်န်အယ်လ်ဒီ ကိုယ်တိုင် ခံယူထားတဲ့ ဖက်ဒရယ်ပုံစံ၊ အစိုးရအဖွဲ့ ပုံသဏ္ဍာန်တွေကိုပါ ပွင့်ပွင့်လင်းလင်း ပြောဆိုဆွေးနွေးပြဖို့ လိုအပ်ပါတယ်။ ဒီကမှ တစ်ဆင့် တိုင်းရင်းသားပါတီတွေက တင်ပြလာတာတွေ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ကို တင်ပြ၊ အဖြေပေး၊ နောက်တစ်ကြိမ် တွေ့ဆုံညှိနှိုင်းမှုတွေ လုပ် စသဖြင့် အကျိုးရလာဒ် ပေါ်ပေါက်သည်အထိ ဦးတည်သွားဖို့ လိုအပ်ပါတယ်။ ဒါတင်မက သက်ဆိုင်ရာ ပြည်နယ်က ပြသနာတွေကို ဝန်ကြီးချုပ် အပါအဝင် အင်န်အယ်လ်ဒီ အစိုးရနဲ့ သက်ဆိုင်ရာ တိုင်းရင်းသား ပါတီတွေ တွေ့ဆုံဆွေးနွေး ညှိနှိုင်း အဖြေရှာတဲ့နည်းကို စဉ်ဆက်မပြတ် ကျင့်သုံးခြင်းဖြင့်လည်း တိုင်းရင်းသားပါတီတွေနဲ့ နားလည်မှု တည်ဆောက်ယူလို့ ရနိုင်ကြောင်းပါ။

XS
SM
MD
LG