သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

NLD ရဲ႕တိုင္းရင္းသားပါတီေတြနဲ႔ ေတြ႕ဆံုမႈ သေဘာထားမွန္ဖို႔လို (တိုင္းရင္းသားႏိုင္ငံေရးအင္အားစုမ်ား တုန္႔ျပန္ခ်က္)


ေဒါက္တာေအာင္မိုးညိဳ ဦးေဆာင္တဲ့ NLD ကိုယ္စားလွယ္အဖြဲ႕။ (ဓါတ္ပုံ National League for Democracy - Mon State - ဇန္နဝါရီ ၀၄၊ ၂၀၂၁)

(Zawgyi/Unicode)

ေ႐ြးေကာက္ပြဲ အႏိုင္ရ NLD အမ်ိဳးသား ဒီမိုကေရစီအဖြဲ႕ခ်ဳပ္က အစိုးရသစ္တရပ္ မဖြဲ႕စည္းခင္ တိုင္းရင္းသား ႏိုင္ငံေရးပါတီေတြနဲ႔ ေတြ႕ဆုံ ေဆြးေႏြးဖို႔ ႀကိဳးပမ္းေနေပမဲ့ သေဘာထားကြဲလြဲစရာေတြ ႀကဳံေနရတဲ့အေပၚ တိုင္းရင္းသား ႏိုင္ငံေရးအင္အားစုေတြရဲ႕ အျမင္ေတြကို စုစည္းတင္ျပေပးပါမယ္။ ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ မေမခက စုစည္းတင္ျပထားပါတယ္။

ျမန္မာႏိုင္ငံမွာ ဒီမိုကေရစီဖယ္ဒရယ္ ျပည္ေထာင္စု ေပၚေပါက္ေရး ေ႐ြးေကာက္ပြဲမွာ ပါဝင္ခဲ့ၾကတဲ့ တိုင္းရင္းသား ႏိုင္ငံေရး ပါတီေတြနဲ႔ လက္တြဲႀကိဳးပမ္းဖို႔ ဆႏၵရွိေၾကာင္း NLD ပါတီက ေၾကညာခဲ့ၿပီးေနာက္ မၾကာေသးခင္ ရက္ေတြကစလို႔ ပါတီကိုယ္စားလွယ္ အဖြဲ႕တဖြဲ႕က တိုင္းရင္းသားပါတီေတြနဲ႔ လိုက္လံေတြ႕ဆုံေနတာပါ။

NLD ပါတီအေနနဲ႔ တိုင္းရင္းသားေတြရဲ႕ အခြင့္အေရးေတြနဲ႔ အခန္းက႑ကို ျမႇင့္တင္ဖို႔ ရည္႐ြယ္ထားေၾကာင္းလည္း မႏၲေလးတိုင္း ဝန္ႀကီးခ်ဳပ္ ေဒါက္တာေဇာ္ျမင့္ေမာင္က တနလၤာေန႔ လြတ္လပ္ေရးေန႔ အခမ္းအနားမွာ သတင္းေထာက္ေတြကို ေျပာဆိုလိုက္ပါတယ္။

“ ဒီမိုကေရစီရဲ႕ဖက္ဒရယ္ျပည္ေထာင္စုအတြက္ တိုင္းရင္းသားေတြအခြင့္အေရးကို ကာကြယ္ေစာင့္ေရွာက္မယ္။ တိုင္းရင္းသားေတြရဲ႕ ႏိုင္ငံေရးညီမွ်မႈ၊ စီးပြားေရးညီမွ်မႈေတြ၊ လူမႈေရးတန္းတူညီမွ်မႈေတြ တရားဥပေဒတန္းတူညီမွ်မႈ စတာေတြအားလုံးကို အာမခံခ်က္ေပးမယ့္ ဒီမိုကေရစီႏိုင္ငံကို အစိုးရျပည္သူေတြဝိုင္းဝန္းတည္ေဆာက္မယ္”

မေကြးတိုင္းဝန္ႀကီးခ်ဳပ္ ေဒါက္တာေအာင္မိုးညိဳ ဦးေဆာင္တဲ့ NLD ပါတီ ကိုယ္စားလွယ္အဖြဲ႕ဟာ တိုင္းရင္းသား ႏိုင္ငံေရးပါတီေတြနဲ႔ ေတြ႕ဆုံဖို႔ ပထမဆုံး ခရီးစဥ္အျဖစ္ ကခ်င္ျပည္နယ္ကို သြားေရာက္ခဲ့သလို ဒီတပတ္ထဲမွာပဲ မြန္ျပည္နယ္ကို ေရာက္ေနပါတယ္။ ဒါေပမဲ့လည္း MUP မြန္အမ်ိဳးသားညီၫြတ္ေရးပါတီနဲ႔ တနလၤာေန႔က ေတြ႕ဆုံမယ့္ အစီအစဥ္ကေတာ့ ေတြ႕မယ့္ေနရာအတြက္ သေဘာတူညီခ်က္မရတာေၾကာင့္ ပ်က္ခဲ့ရတာပါ။ ဒီမတိုင္ခင္ ကခ်င္ျပည္နယ္ ခရီးစဥ္မွာလည္း သက္ဆိုင္ရာ ႏိုင္ငံေရးပါတီေတြနဲ႔ ေတြ႕ဆုံတာမရွိပဲ ေ႐ြးေကာက္ပြဲ အႏိုင္ရကိုယ္စားလွယ္ေတြနဲ႔သာ ေတြ႕ခဲ့တဲ့အေပၚ ေဝဖန္သံေတြ ထြက္ခဲ့ပါတယ္။

ရခိုင္အမ်ိဳးသားပါတီ ဒုဥကၠဌ ေဒၚေအးႏုစိန္ ကေတာ့ အာဏာရ NLD ပါတီအေနနဲ႔ တိုင္းရင္းသား ႏိုင္ငံေရးအင္အားစုေတြနဲ႔ သေဘာထား ကြဲစရာျဖစ္ႏိုင္တဲ့ အေျခအေနေတြကို ေရွာင္ရွားဖို႔ လိုတယ္လို႔ေျပာပါတယ္။

“အေပၚစီးနဲ႔ဆက္ဆံမႈမ်ိဳး အျဖစ္သေဘာလုပ္ေဆာင္ေနတာမ်ိဳး ဟန္ကေလးနဲ႔ လုပ္တယ္ဆိုတဲ့အေနအထားကိုျမင္ရ တယ္။ တိုင္းရင္းသားအေရး၊ တိုင္းရင္းသားပါတီေတြကို မ်က္ကြယ္ျပဳတယ္။ ေဆးေဖာ္ေၾကာဖက္မလုပ္ဘူးဆိုတဲ့ အေနအထားမ်ိဳးကို ေရွာင္ေစခ်င္တယ္။ အႏိုင္ရထားတဲ့ လႊတ္ေတာ္ကိုယ္စားလွယ္ေတြကိုဖဲ့ထုတ္ၿပီးေဆြးေႏြးတာမ်ိဳးမဟုတ္ ဘဲ မိခင္ပါတီနဲ႔ ေဆြးေႏြးတာ လိုခ်င္တယ္။ အဲလိုေဆြးေႏြးတာေတြ တိုင္ပင္တာေတြဟာ ပါတီရဲ႕ ခ်မွတ္တဲ့ စည္းကမ္းေတြကို လႊတ္ေတာ္ကိုယ္စားလွယ္ေတြ ခ်ိဳးေဖာက္ေအာင္ ေဆာင္ရြက္ေပးလိုက္သလို ေရာက္တဲ့အျပင္ ပါတီေတြရဲ႕ စည္းရံးညီညႊတ္မႈကိုပါ ပ်က္ပ်ားေစတဲ့အေနအထားေတြရွိတယ္။ ဒီအေနအထားေတြကို NLD ဘက္က လံုး၀မေဆာင္ရြက္ေစခ်င္ဘူး။ ”

ႏိုဝင္ဘာလ ၈ ရက္ေန႔ ့ေ႐ြးေကာက္ပြဲမွာ လုံၿခဳံေရးစိတ္မခ်တဲ့အတြက္ ရခိုင္ျပည္နယ္က မဲဆႏၵနယ္ေျမ ေတာ္ေတာ္မ်ားမ်ားမွာ မက်င္းပျဖစ္တဲ့အေပၚမွာ ေဒသခံႏိုင္ငံေရး အသိုင္းအဝန္းၾကား မေက်နပ္ခ်က္ေတြလည္း ရွိေနၾကတာပါ။ NLD ပါတီရဲ႕ ၿပီးခဲ့တဲ့ အစိုးရသက္တမ္းအတြင္းမွာလည္း တိုင္းရင္းသားေဒသတခ်ိဳ႕မွာ အာဏာရပါတီဦးေဆာင္တဲ့ အစိုးရေတြအေပၚ မေက်နပ္မႈေတြလည္း ေပၚေပါက္ခဲ့ဖူးပါတယ္။

တိုင္ရင္းသား ႏိုင္ငံေရးပါတီတခုျဖစ္တဲ့ ကယန္းအမ်ဳိးသားပါတီ ဥကၠဌ ခြန္ဘီထူးကေတာ့ NLD ပါတီအေနနဲ႔ တိုင္းရင္းသားေတြရဲ႕ လိုလားခ်က္ေတြကို နားလည္ဖို႔ လိုအပ္သလို ေဆြးေႏြးရာမြာ အျပန္အလွန္ ေလးစားမႈရွိဖို႔ လိုတယ္လို႔ ေျပာပါတယ္။

“အစိုးရျဖစ္စဥ္ထဲမွာ ေ႐ြးေကာက္ပြဲျဖစ္စဥ္၊ ႏိုင္ငံေရးျဖစ္စဥ္၊ လႊတ္ေတာ္ႏိုင္ငံတြင္းျဖစ္စဥ္ထဲမွာ က်ေနာ္တို႔ အသံပါဖို႔က်ေနာ္တို႔ ဆမၵရွိတယ္။ ေတြ႕ဆုံဖို႔တစုံတရာစိတ္ကူးထားတာရွိတယ္။ ဒါေပမယ့္

က်ေနာ္တို႔အသံက တိုင္းရင္းသားအားလံုးရဲ႕ အသံေပါ့ေနာ္၊ တိုင္းရင္းသားေတြ အမ်ားစုေပါ့ေနာ္ လူမ်ိဳးစုပိုၾကီးတဲ့ တိုင္းရင္းသားေတြရဲ႕ အသံေတြနဲ႔ ထပ္တူက်ႏိုင္ဖို႔ ၊ ဒါမွ မဟုတ္လည္း တစံုတရာ လိုက္ေလ်ာညီေထြျဖစ္ဖို႔လိုတယ္။ က်ေနာ္တို႔ဘက္က NLD ကိုခြၽန္ထြက္ၿပီးမွ အစစအရာရာ လိုက္ေလ်ာဖို႔ မျဖစ္ႏိုင္သလို ဒီအရာေတြက တူညီတဲ့ အေျခခံမူေတြ ရွိတယ္ေပါ့ေနာ္။ အားလံုး တူညီတဲ့အဆိုျပဳမႈေတြ အျမန္ဆံုး ျဖစ္ဖို႔အတြက္ ဖို႔အတြက္ က်ေနာ္တို႔လည္း ေမွ်ာ္လင့္ထားတဲ့ အေနအထားေတာ့ ရွိပါတယ္။ ဒီထက္ပိုၿပီးမွ တိုင္းရင္းသားေတြ အၾကံျပဳခ်က္ေတြကို ျပန္ၿပီးမွ နားေထာင္ၿပီးမွ ေရွ႕ေလ်ာက္ က်န္တဲ့ ျပည္နယ္ေတြ တုိင္းရင္းသားပါတီေတြ ေတြ႔မယ္ဆိုရင္ ျပင္ဆင္ၿပီးမွေပါ့ေနာ္ ျပန္ေတြ႔ဖို႔ အႀကံျပဳပါတယ္။”

ၿပီးခဲ့တဲ့ သီတင္းပတ္ကုန္က ကခ်င္ျပည္နယ္မွာ NLD ကိုယ္စားလွယ္အဖြဲ႕နဲ႔ ေဒသခံတိုင္းရင္းသား ပါတီေတြ ျဖစ္ၾကတဲ့ ကခ်င္ျပည္နယ္ျပည္သူ႔ပါတီ (KSPP)၊ လီဆူအမ်ိဳးသားဖြံ႕ၿဖိဳးတိုးတက္ေရးပါတီ (LNDP)၊ ဒီမိုကေရစီပါတီသစ္ (ကခ်င္) (NDP-K) ကိုယ္စားလွယ္ေတြနဲ႔ ေတြ႕ဆုံရာမွာေတာ့ ဖယ္ဒရယ္ျပည္ေထာင္စု တည္ေဆာက္ေရး၊ ျပည္တြင္းၿငိမ္းခ်မ္းေရး ကိစၥေတြကို ေဆြးေႏြးခဲ့ၾကေၾကာင္း ေတြ႕ဆုံရာမွာ ပါဝင္ခဲ့သူေတြက ေျပာပါတယ္။


.............

NLD ရဲ့တိုင်းရင်းသားပါတီတွေနဲ့ တွေ့ဆုံမှု သဘောထားမှန်ဖို့လို

(တိုင်းရင်းသားနိုင်ငံရေးအင်အားစုများ တုန့်ပြန်ချက်)

(Unicode)

ရွေးကောက်ပွဲ အနိုင်ရ NLD အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က အစိုးရသစ်တရပ် မဖွဲ့စည်းခင် တိုင်းရင်းသား နိုင်ငံရေးပါတီတွေနဲ့ တွေ့ဆုံ ဆွေးနွေးဖို့ ကြိုးပမ်းနေပေမဲ့ သဘောထားကွဲလွဲစရာတွေ ကြုံနေရတဲ့အပေါ် တိုင်းရင်းသား နိုင်ငံရေးအင်အားစုတွေရဲ့ အမြင်တွေကို စုစည်းတင်ပြပေးပါမယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မမေခက စုစည်းတင်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ ဒီမိုကရေစီဖယ်ဒရယ် ပြည်ထောင်စု ပေါ်ပေါက်ရေး ရွေးကောက်ပွဲမှာ ပါဝင်ခဲ့ကြတဲ့ တိုင်းရင်းသား နိုင်ငံရေး ပါတီတွေနဲ့ လက်တွဲကြိုးပမ်းဖို့ ဆန္ဒရှိကြောင်း NLD ပါတီက ကြေညာခဲ့ပြီးနောက် မကြာသေးခင် ရက်တွေကစလို့ ပါတီကိုယ်စားလှယ် အဖွဲ့တဖွဲ့က တိုင်းရင်းသားပါတီတွေနဲ့ လိုက်လံတွေ့ဆုံနေတာပါ။

NLD ပါတီအနေနဲ့ တိုင်းရင်းသားတွေရဲ့ အခွင့်အရေးတွေနဲ့ အခန်းကဏ္ဍကို မြှင့်တင်ဖို့ ရည်ရွယ်ထားကြောင်းလည်း မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က တနင်္လာနေ့ လွတ်လပ်ရေးနေ့ အခမ်းအနားမှာ သတင်းထောက်တွေကို ပြောဆိုလိုက်ပါတယ်။

“ ဒီမိုကရေစီရဲ့ဖက်ဒရယ်ပြည်ထောင်စုအတွက် တိုင်းရင်းသားတွေအခွင့်အရေးကို ကာကွယ်စောင့်ရှောက်မယ်။ တိုင်းရင်းသားတွေရဲ့ နိုင်ငံရေးညီမျှမှု၊ စီးပွားရေးညီမျှမှုတွေ၊ လူမှုရေးတန်းတူညီမျှမှုတွေ တရားဥပဒေတန်းတူညီမျှမှု စတာတွေအားလုံးကို အာမခံချက်ပေးမယ့် ဒီမိုကရေစီနိုင်ငံကို အစိုးရပြည်သူတွေဝိုင်းဝန်းတည်ဆောက်မယ်”

မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို ဦးဆောင်တဲ့ NLD ပါတီ ကိုယ်စားလှယ်အဖွဲ့ဟာ တိုင်းရင်းသား နိုင်ငံရေးပါတီတွေနဲ့ တွေ့ဆုံဖို့ ပထမဆုံး ခရီးစဉ်အဖြစ် ကချင်ပြည်နယ်ကို သွားရောက်ခဲ့သလို ဒီတပတ်ထဲမှာပဲ မွန်ပြည်နယ်ကို ရောက်နေပါတယ်။ ဒါပေမဲ့လည်း MUP မွန်အမျိုးသားညီညွတ်ရေးပါတီနဲ့ တနင်္လာနေ့က တွေ့ဆုံမယ့် အစီအစဉ်ကတော့ တွေ့မယ့်နေရာအတွက် သဘောတူညီချက်မရတာကြောင့် ပျက်ခဲ့ရတာပါ။ ဒီမတိုင်ခင် ကချင်ပြည်နယ် ခရီးစဉ်မှာလည်း သက်ဆိုင်ရာ နိုင်ငံရေးပါတီတွေနဲ့ တွေ့ဆုံတာမရှိပဲ ရွေးကောက်ပွဲ အနိုင်ရကိုယ်စားလှယ်တွေနဲ့သာ တွေ့ခဲ့တဲ့အပေါ် ဝေဖန်သံတွေ ထွက်ခဲ့ပါတယ်။

ရခိုင်အမျိုးသားပါတီ ဒုဥက္ကဌ ဒေါ်အေးနုစိန် ကတော့ အာဏာရ NLD ပါတီအနေနဲ့ တိုင်းရင်းသား နိုင်ငံရေးအင်အားစုတွေနဲ့ သဘောထား ကွဲစရာဖြစ်နိုင်တဲ့ အခြေအနေတွေကို ရှောင်ရှားဖို့ လိုတယ်လို့ပြောပါတယ်။

“အပေါ်စီးနဲ့ဆက်ဆံမှုမျိုး အဖြစ်သဘောလုပ်ဆောင်နေတာမျိုး ဟန်ကလေးနဲ့ လုပ်တယ်ဆိုတဲ့အနေအထားကိုမြင်ရ တယ်။ တိုင်းရင်းသားအရေး၊ တိုင်းရင်းသားပါတီတွေကို မျက်ကွယ်ပြုတယ်။ ဆေးဖော်ကြောဖက်မလုပ်ဘူးဆိုတဲ့ အနေအထားမျိုးကို ရှောင်စေချင်တယ်။ အနိုင်ရထားတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကိုဖဲ့ထုတ်ပြီးဆွေးနွေးတာမျိုးမဟုတ် ဘဲ မိခင်ပါတီနဲ့ ဆွေးနွေးတာ လိုချင်တယ်။ အဲလိုဆွေးနွေးတာတွေ တိုင်ပင်တာတွေဟာ ပါတီရဲ့ ချမှတ်တဲ့ စည်းကမ်းတွေကို လွှတ်တော်ကိုယ်စားလှယ်တွေ ချိုးဖောက်အောင် ဆောင်ရွက်ပေးလိုက်သလို ရောက်တဲ့အပြင် ပါတီတွေရဲ့ စည်းရံးညီညွှတ်မှုကိုပါ ပျက်ပျားစေတဲ့အနေအထားတွေရှိတယ်။ ဒီအနေအထားတွေကို NLD ဘက်က လုံးဝမဆောင်ရွက်စေချင်ဘူး။ ”

နိုဝင်ဘာလ ၈ ရက်နေ့ရွေးကောက်ပွဲမှာ လုံခြုံရေးစိတ်မချတဲ့အတွက် ရခိုင်ပြည်နယ်က မဲဆန္ဒနယ်မြေ တော်တော်များများမှာ မကျင်းပဖြစ်တဲ့အပေါ်မှာ ဒေသခံနိုင်ငံရေး အသိုင်းအဝန်းကြား မကျေနပ်ချက်တွေလည်း ရှိနေကြတာပါ။ NLD ပါတီရဲ့ ပြီးခဲ့တဲ့ အစိုးရသက်တမ်းအတွင်းမှာလည်း တိုင်းရင်းသားဒေသတချို့မှာ အာဏာရပါတီဦးဆောင်တဲ့ အစိုးရတွေအပေါ် မကျေနပ်မှုတွေလည်း ပေါ်ပေါက်ခဲ့ဖူးပါတယ်။

တိုင်ရင်းသား နိုင်ငံရေးပါတီတခုဖြစ်တဲ့ ကယန်းအမျိုးသားပါတီ ဥက္ကဌ ခွန်ဘီထူးကတော့ NLD ပါတီအနေနဲ့ တိုင်းရင်းသားတွေရဲ့ လိုလားချက်တွေကို နားလည်ဖို့ လိုအပ်သလို ဆွေးနွေးရာမွာ အပြန်အလှန် လေးစားမှုရှိဖို့ လိုတယ်လို့ ပြောပါတယ်။

“အစိုးရဖြစ်စဉ်ထဲမှာ ရွေးကောက်ပွဲဖြစ်စဉ်၊ နိုင်ငံရေးဖြစ်စဉ်၊ လွှတ်တော်နိုင်ငံတွင်းဖြစ်စဉ်ထဲမှာ ကျနော်တို့ အသံပါဖို့ကျနော်တို့ ဆမ္ဒရှိတယ်။ တွေ့ဆုံဖို့တစုံတရာစိတ်ကူးထားတာရှိတယ်။ ဒါပေမယ့်

ကျနော်တို့အသံက တိုင်းရင်းသားအားလုံးရဲ့ အသံပေါ့နော်၊ တိုင်းရင်းသားတွေ အများစုပေါ့နော် လူမျိုးစုပိုကြီးတဲ့ တိုင်းရင်းသားတွေရဲ့ အသံတွေနဲ့ ထပ်တူကျနိုင်ဖို့ ၊ ဒါမှ မဟုတ်လည်း တစုံတရာ လိုက်လျောညီထွေဖြစ်ဖို့လိုတယ်။ ကျနော်တို့ဘက်က NLD ကိုချွန်ထွက်ပြီးမှ အစစအရာရာ လိုက်လျောဖို့ မဖြစ်နိုင်သလို ဒီအရာတွေက တူညီတဲ့ အခြေခံမူတွေ ရှိတယ်ပေါ့နော်။ အားလုံး တူညီတဲ့အဆိုပြုမှုတွေ အမြန်ဆုံး ဖြစ်ဖို့အတွက် ဖို့အတွက် ကျနော်တို့လည်း မျှော်လင့်ထားတဲ့ အနေအထားတော့ ရှိပါတယ်။ ဒီထက်ပိုပြီးမှ တိုင်းရင်းသားတွေ အကြံပြုချက်တွေကို ပြန်ပြီးမှ နားထောင်ပြီးမှ ရှေ့လျောက် ကျန်တဲ့ ပြည်နယ်တွေ တိုင်းရင်းသားပါတီတွေ တွေ့မယ်ဆိုရင် ပြင်ဆင်ပြီးမှပေါ့နော် ပြန်တွေ့ဖို့ အကြံပြုပါတယ်။”

ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က ကချင်ပြည်နယ်မှာ NLD ကိုယ်စားလှယ်အဖွဲ့နဲ့ ဒေသခံတိုင်းရင်းသား ပါတီတွေ ဖြစ်ကြတဲ့ ကချင်ပြည်နယ်ပြည်သူ့ပါတီ (KSPP)၊ လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ (LNDP)၊ ဒီမိုကရေစီပါတီသစ် (ကချင်) (NDP-K) ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံရာမှာတော့ ဖယ်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး ကိစ္စတွေကို ဆွေးနွေးခဲ့ကြကြောင်း တွေ့ဆုံရာမှာ ပါဝင်ခဲ့သူတွေက ပြောပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG