သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

NLD နဲ႔ မြန္ပါတီေဆြးေႏြးပဲြပ်က္


ေဒါက္တာေအာင္မိုးညိဳ ဦးေဆာင္တဲ့ NLD ကိုယ္စားလွယ္အဖြဲ႕။ (ဓါတ္ပုံ National League for Democracy - Mon State - ဇန္နဝါရီ ၀၄၊ ၂၀၂၁)

[Zawgyi/Unicode]

ေရြးေကာက္ပဲြ အႏုိင္ရ NLD အမ်ဳိးသားဒီမုိကေရစီအဖဲြ႔ခ်ဳပ္ ကုိယ္စားလွယ္ေတြနဲ႔ တုိင္းရင္းသား ႏုိင္ငံေရးပါတီတခုျဖစ္တဲ့ MUP မြန္ညီညြတ္ေရး ပါတီတုိ႔ ဒီကေန႔ေတြ႔ဆုံမယ့္ အစီအစဥ္ဟာ ေနရာေရြးခ်ယ္ရာမွာ သေဘာထားကဲြလြဲမႈေၾကာင့္ ပ်က္ျပားသြားတဲ့အေၾကာင္း ေျပာျပပါမယ္။ ဗီြအိုေအျမန္မာပိုင္း သတင္းေထာက္ ကိုႏိုင္ကြန္းအိန္က သတင္းေပးပို႔ထားပါတယ္။

မြန္ျပည္နယ္ ေမာ္လျမိဳင္ျမိဳ႕ကို ေရာက္ေနတဲ့ ေဒါက္တာေအာင္မိုးညိဳ ဦးေဆာင္တဲ့ NLD ကိုယ္စားလွယ္အဖြဲ႕ဟာ MUP ပါတီကုိယ္စားလွယ္ေတြနဲ႔ ဒီကေန႔ေတြ႔ဆုံဖုိ႔ စီစဥ္ထားေပမဲ့ ေတြ႔မယ့္ေနမယ့္ေနရာ ေရြးခ်ယ္ရာမွာ သေဘာတူညီမႈ မရခဲ့တာေၾကာင့္ ပ်က္ျပားသြားပါတယ္။ ႏုိ၀င္ဘာလ ၈ ရက္ေန႔ ေရြးေကာက္ပဲြမွာ NLD ပါတီ အႏုိင္ရခဲ့ၿပီးေနာက္ ဒီမိုကေရစီ ဖက္ဒရယ္ျပည္ေထာင္စု ေပၚထြန္းေရး လက္တြဲေဆာင္ရြက္ဖုိ႔ တုိင္းရင္းသားပါတီေတြကုိ ကမ္းလွမ္းခဲ့ၿပီးေနာက္ ဒီႏွစ္ဆန္းကစလုိ႔ တုိင္းရင္းသား ပါတီေတြနဲ႔ ေတြ႔ဆုံေနတာပါ။ ဒါေပမဲ့လည္း မြန္တုိင္းရင္းသား ပါတီ MUP နဲ႔ ေတြ႔ဆုံမယ့္ အစီအစဥ္ကေတာ့ အထမေျမာက္ခဲ့ဘူးလုိ႔ MUP မြန္ညီညြတ္ေရးပါတီတြဲဖက္အတြင္းေရးမွဴး နိုင္လယီတမကေျပာပါတယ္။

“သူတို႔ဘက္က NLD ျပည္နယ္ရံုးမွာေတြ႔ဖို႔ က်ေနာ္တို႔ကိုကမ္းလွမ္းတယ္။ က်ေနာ္တို႔ဘက္က ပါတီခ်င္းအျပန္လွန္ေလးစားမႈ အျပန္အလွန္ တန္းတူထားရွိမႈအေပၚအေျခခံျပီး က်ေနာ္တို႔က တတိယေနရာတခုခုမွာ ေတြ႕ဆုံနိုင္ဖို႕အတြက္ က်ေနာတို႔ NLD ပါတီကို ၃ ၾကိမ္တိတိေမတၱာရပ္ခံခဲ့ပါတယ္။ အဲဒီ ၃ ၾကိမ္တိတိေမတၱာရပ္ခံတဲ့အေပၚမွာ တတိယေနရာမွာ ေတြ႕မလား၊ မေတြ႔ဘူးလားဆိုတာ ဒီအခ်ိန္ထိက NLD ဘက္က တရား၀င္ က်ေနာ္တို႔ကို အေၾကာင္းျပန္တာမ်ိဳး မရွိေသးပါဘူး။ အခုေဆြးေႏြးပြဲက NLD ဘက္က ဖ်က္သိမ္းလိုက္ျပီးလား က်ေနာ္တို႔ဘက္ကို တရား၀င္ အေၾကာင္းျပန္တာမ်ိဳး မရွိေသးဘူး။ သူတို႔ NLD ျပည္နယ္ ပါတီရံုးက လြဲရင္ တျခားေနရာမွာ ဘယ္ေနရာမွမေတြ႕ဘူး အေျခအေနမွာ အဆင္မေျပမႈေတြ ရွိခဲ့ၾကပါတယ္။”

NLD ကိုယ္စားလွယ္အဖြဲ႕ကအေနနဲ႕ ပါတီဗဟိုက ခ်မွတ္ထားတဲ့အတိုင္း ပါတီျပည္နယ္႐ုံးမွာပဲ ေတြဆုံဖို႔ ေစာင့္ဆိုင္းေနၿပီး မြန္ညီၫြတ္ေရးပါတီ ကိုယ္စားလွယ္ေတြ မလာတာေၾကာင့္ ေတြ႔ဆုံမယ့္ အစီအစဥ္ ပ်က္ရတာလို႔လည္း ေဒါက္တာေအာင္မိုးညိဳက သတင္းေထာက္ေတြကုိ ေျပာခဲ့ပါတယ္။

“ဒီမွာလည္းပဲ ေတြ႕မယ္ဆိုေတာ့ကာ သူတို႔က မြန္ျပည္နယ္၊ ျပည္နယ္ အလုပ္အမႈေဆာင္ အဖြဲ႕႐ုံး ဒီ႐ုံးမွာလာၿပီး မေတြ႔ႏိုင္ပါဘူးတဲ့။ ၾကားေနတစ္ေနရာမွာ ေတြ႕ရေအာင္လို႔ က်ေနာ္တို႔ကို ေျပာတယ္။ အဲဒါမ်ိဳးက က်ေနာ္တို႔က ဒီမွာပဲ ေတြ႕ ဖို႔ ဆုံးျဖတ္ထား တယ္။ အထက္ကလည္း ဒီမွာပဲေတြ႕ဖို႔ ၫႊန္ၾကားတယ္။ အဲဒါေၾကာင့္ ဒီမွာပဲေစာင့္ေနတယ္။ သူတို႔ က ဟိုမွာ႐ုံးမွာလာၿပီး အစိုးရ ဧည့္ရိပ္သာမွာ လာၿပီးေတြ႕မယ္။ အဲဒီလိုေနရာ မ်ိဳးမွာ ေတြ႕လို႔မရဘူး။ လူႀကီးေတြက ဒီေနရာမွာ ေတြ႕ဖို႔ ဆုံးျဖတ္ထားလို႔ ဒီေနရာမွာပဲ ေစာင့္ေနတယ္။ ၉ နာရီခြဲအထိ ခ်ိန္းထားတယ္။ ၁၀ နာရီအထိ က်ေနာ္တို႔ ေစာင့္တယ္။ အဲဒီေတာ့ေစာင့္ပါတယ္။ မြန္ညီၫြတ္ေရးပါတီ MUP အဖြဲ႕ ေရာက္မလာပါဘူးလို႔ တင္ျပအစီရင္ခံရမွာေပါ့။”

NLD ကိုယ္စားလွယ္အဖြဲနဲ႕ မြန္ညီညြတ္ေရးပါတီတို႕အၾကား ေနရာေရြးခ်ယ္မႈ ျပႆနာေၾကာင့္ ေတြ႕ဆုံေဆြးေႏြးေရး အစီအစဥ္ ပ်က္ျပားသြားတဲ့အေပၚ နိုင္ငံေရးေလ့လာသုံးသပ္သူ ေဒါက္တာရန္မ်ိဳးသိမ္းက အခုလိုသုံးသပ္ထားပါတယ္။

“အမ်ိဳးသား ဒီမိုကေရစီအဖြဲ႕ခ်ဳပ္ အေနနဲ႔ေပါ့ေလ။ ဒီမိုကေရစီဖက္ဒရယ္ျပည္ေထာင္စုတည္ေဆာက္ေရးကို လက္ေတြ႕က်က် ေဖၚေဆာင္နိုင္ဖို႔ဆိုရင္ တိုင္းရင္းသားပါတီေတြနဲ႕ တိုင္းရင္းသားေခါင္းေဆာင္ေတြနဲ႔ နိုင္ငံေရးအရေတြ႕ဆုံေဆြးေႏြးျပီးေတာ့ ပြင့္ပြင့္လင္းလင္းညိွႏိႈင္းေဆြးေႏြးဖို႔ အေရးၾကီးတယ္လို႔ ျမင္တယ္။ အဲဒီေတာ့ လက္ရွိအေျခအေနမွာ တိုင္းရင္းသားပါတီေတြနဲ႔ ေတြ႕ဆုံ ေဆြးေႏြးေရးအထေျမာက္ဖို႔ဆိုရင္ ပါတီရဲ႕ျပည္နယ္ရံုးမွာပဲ ေတြ႕ဆုံမယ္ဆိုတဲ့ သတ္မွတ္ခ်က္ကို ျပင္ဆင္နိုင္ဖို႔ လိုအပ္တယ္လို႔ ျမင္တယ္။ အဲဒီ သတ္မွတ္ခ်က္ကို မျပင္ဆင္နိုင္ဘူး ဒီ သတ္မွတ္ခ်က္အတိုင္းပဲ ေရွ႕ကိုဆက္မယ္ဆိုရင္ အျခားျပည္နယ္ေတြမွာလည္း တိုင္းရင္းသားပါတီေတြနဲ႔ ေတြ႕ဆုံေဆြးေႏြးေရးမွာ အခက္ခဲေတြအဆင္မေျပမႈေတြ ျဖစ္လာနိုင္လိမ့္မယ္လို႔ ျမင္တယ္။ ေတြ႕ဆုံေဆြးေႏြးတဲ့ေနရာက တိုင္းရင္းသားပါတီေတြဘက္က အဆိုျပဳသလို တတိယေနရာတခုဆိုတာက ဒါကအင္မတန္ေလ်ာ္ကန္ သင့္ျမတ္တဲ့ ခ်ဥ္းကပ္မႈလို႔ ျမင္တယ္။ ျပီးေတာ့သြားေနတဲ့ခရီးဟာ ဒီမိုကေရစီခရီးျဖစ္တယ္။ ဒီဗဟိုခ်ဳပ္ကိုင္မႈ ၾကိဳးနီစနစ္ေတြကို တတ္နိုင္သမွ် ေလွ်ာ့ခ်နိုင္ဖို႔ အင္မတန္မွ အေရးၾကီးတယ္လို႔ ျမင္တယ္။”

တိုင္းရင္းသားပါတီေတြနဲ႔ ေတြ႕ဆုံေဆြးေႏြးေရးအစီအစဥ္အရ NLD ဗဟိုအလုပ္အမႈေဆာင္အဖြဲ႕က မေကြးတိုင္းေဒသႀကီး ဝန္ႀကီးခ်ဳပ္ ေဒါက္တာေအာင္မိုးညိဳ၊ ကရင္ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒၚနန္းခင္ေထြးျမင့္နဲ႔ ကခ်င္ျပည္နယ္ အမ်ိဳးသားလႊတ္ေတာ္ ကိုယ္စားလွယ္ ဦးအင္ထုံခါးေနာ္ဆမ္တို႔ကို တာဝန္ေပးအပ္ထားတာျဖစ္ျပီး ဇန္နဝါရီ ၁ ရက္ေန႔မွာ ကခ်င္ျပည္နယ္မွာ ေဒသတြင္း အနိုင္ရ ပါတီေတြျဖစ္တဲ့ ကခ်င္ျပည္နယ္ျပည္သူ႔ပါတီ KSPP၊ လီဆူအမ်ိဳးသား ဖြံ႕ၿဖိဳးတိုးတက္ေရးပါတီ LNDP ၊ ဒီမိုကေရစီပါတီသစ္ (ကခ်င္) NDP – K ကိုယ္စားလွယ္ေတြနဲ႔ ေတြ႕ဆုံခဲ့ၾကတာပါ။

ကခ်င္ျပည္နယ္အတြင္း တိုင္းရင္းသားနိုင္ငံေရး ပါတီကိုယ္စားလွယ္ေတြနဲ႔ ေတြ႕ဆုံမႈမွာ NLD ပါတီကေန အမ်ိဳးသားညီညႊတ္ေရး အစိုးရဖြဲ႕တဲ့အခါ ျပည္တြင္းျငိမ္းခ်မ္းေရး အမ်ိဳးသား တန္းတူေရး ကိုယ္ပိုင္ျပဌာန္းခြင္၊ ဖက္ဒရယ္ ဒီမိုကေရစီ တည္ေဆာက္ေရးနဲ႔ ၁၉၄၇ ပင္လုံကတိကဝတ္တို႔ကို အေကာင္အထည္ေဖာ္ေပးဖို႔ ကိစၥရပ္ေတြတင္ျပခဲ့ပါတယ္။

ဒါေပမဲ့ NLD အေနနဲ႔ ကခ်င္ျပည္နယ္ ျပည္သူ႔ပါတီ KSPP နဲ႔ ေတြ႕ဆုံမႈမွာ ပါတီအေနနဲ႔ ေတြ႕ဆုံတာ မဟုတ္ဘဲ အနိုင္ရလႊတ္ေတာ္ ကိုယ္စားလွယ္ေတြနဲ႔သာ ေတြ႕ဆုံတဲ့အတြက္ ပါတီကိုကိုယ္စားမျပဳဘူးလို႔ KSPP ပါတီေခါင္းေဆာင္ေတြကေ၀ဖန္မႈေတြ ရွိေနပါတယ္။

ေရြးေကာက္ပဲြမွာ အမ်ားစုနဲ႔ အႏုိင္ရထားတဲ့ NLD အမ်ဳိးသားဒီမုိကေရစီအဖဲြ႔ခ်ဳပ္ကေန ဒီမုိကေရစီဖက္ဒရယ္ ျပည္ေထာင္စု ေပၚေပါက္ေရးအတြက္ ေရြးေကာက္ပဲြမွာ ပါ၀င္ခဲ့ၾကတဲ့ တုိင္းရင္းသားႏုိင္ငံေရးပါတီေတြနဲ႔ လက္တဲြဖုိ႔ ဆႏၵရွိေၾကာင္း နို၀င္ဘာလမွာ ကမ္းလွမ္းလာျပီးေနာက္ပိုင္း အခုလိုေတြ႕ဆုံေဆြးေႏြးမႈ ျဖစ္ေပၚလာတာျဖစ္ျပီး အဆင္မေျပမႈ တခ်ိဳ႕လည္း ရွိလာခဲ့ပါတယ္။

NLD နဲ႔ မြန္ပါတီေဆြးေႏြးပဲြပ်က္
please wait

No media source currently available

0:00 0:05:15 0:00
တိုက္႐ိုက္ လင့္ခ္

[Unicode Version]

NLD နဲ့ မွန်ပါတီဆွေးနွေးပွဲပျက်

ရွေးကောက်ပွဲ အနိုင်ရ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်တွေနဲ့ တိုင်းရင်းသား နိုင်ငံရေးပါတီတခုဖြစ်တဲ့ MUP မွန်ညီညွတ်ရေး ပါတီတို့ ဒီကနေ့တွေ့ဆုံမယ့် အစီအစဉ်ဟာ နေရာရွေးချယ်ရာမှာ သဘောထားကွဲလွဲမှုကြောင့် ပျက်ပြားသွားတဲ့အကြောင်း ပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုနိုင်ကွန်းအိန်က သတင်းပေးပို့ထားပါတယ်။

မွန်ပြည်နယ် မော်လမြိုင်မြို့ကို ရောက်နေတဲ့ ဒေါက်တာအောင်မိုးညို ဦးဆောင်တဲ့ NLD ကိုယ်စားလှယ်အဖွဲ့ဟာ MUP ပါတီကိုယ်စားလှယ်တွေနဲ့ ဒီကနေ့တွေ့ဆုံဖို့ စီစဉ်ထားပေမဲ့ တွေ့မယ့်နေမယ့်နေရာ ရွေးချယ်ရာမှာ သဘောတူညီမှု မရခဲ့တာကြောင့် ပျက်ပြားသွားပါတယ်။ နိုဝင်ဘာလ ၈ ရက်နေ့ ရွေးကောက်ပွဲမှာ NLD ပါတီ အနိုင်ရခဲ့ပြီးနောက် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းရေး လက်တွဲဆောင်ရွက်ဖို့ တိုင်းရင်းသားပါတီတွေကို ကမ်းလှမ်းခဲ့ပြီးနောက် ဒီနှစ်ဆန်းကစလို့ တိုင်းရင်းသား ပါတီတွေနဲ့ တွေ့ဆုံနေတာပါ။ ဒါပေမဲ့လည်း မွန်တိုင်းရင်းသား ပါတီ MUP နဲ့ တွေ့ဆုံမယ့် အစီအစဉ်ကတော့ အထမမြောက်ခဲ့ဘူးလို့ MUP မွန်ညီညွတ်ရေးပါတီတွဲဖက်အတွင်းရေးမှူး နိုင်လယီတမကပြောပါတယ်။

“သူတို့ဘက်က NLD ပြည်နယ်ရုံးမှာတွေ့ဖို့ ကျနော်တို့ကိုကမ်းလှမ်းတယ်။ ကျနော်တို့ဘက်က ပါတီချင်းအပြန်လှန်လေးစားမှု အပြန်အလှန် တန်းတူထားရှိမှုအပေါ်အခြေခံပြီး ကျနော်တို့က တတိယနေရာတခုခုမှာ တွေ့ဆုံနိုင်ဖို့အတွက် ကျနောတို့ NLD ပါတီကို ၃ ကြိမ်တိတိမေတ္တာရပ်ခံခဲ့ပါတယ်။ အဲဒီ ၃ ကြိမ်တိတိမေတ္တာရပ်ခံတဲ့အပေါ်မှာ တတိယနေရာမှာ တွေ့မလား၊ မတွေ့ဘူးလားဆိုတာ ဒီအချိန်ထိက NLD ဘက်က တရားဝင် ကျနော်တို့ကို အကြောင်းပြန်တာမျိုး မရှိသေးပါဘူး။ အခုဆွေးနွေးပွဲက NLD ဘက်က ဖျက်သိမ်းလိုက်ပြီးလား ကျနော်တို့ဘက်ကို တရားဝင် အကြောင်းပြန်တာမျိုး မရှိသေးဘူး။ သူတို့ NLD ပြည်နယ် ပါတီရုံးက လွဲရင် တခြားနေရာမှာ ဘယ်နေရာမှမတွေ့ဘူး အခြေအနေမှာ အဆင်မပြေမှုတွေ ရှိခဲ့ကြပါတယ်။”

NLD ကိုယ်စားလှယ်အဖွဲ့ကအနေနဲ့ ပါတီဗဟိုက ချမှတ်ထားတဲ့အတိုင်း ပါတီပြည်နယ်ရုံးမှာပဲ တွေဆုံဖို့ စောင့်ဆိုင်းနေပြီး မွန်ညီညွတ်ရေးပါတီ ကိုယ်စားလှယ်တွေ မလာတာကြောင့် တွေ့ဆုံမယ့် အစီအစဉ် ပျက်ရတာလို့လည်း ဒေါက်တာအောင်မိုးညိုက သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

“ဒီမှာလည်းပဲ တွေ့မယ်ဆိုတော့ကာ သူတို့က မွန်ပြည်နယ်၊ ပြည်နယ် အလုပ်အမှုဆောင် အဖွဲ့ရုံး ဒီရုံးမှာလာပြီး မတွေ့နိုင်ပါဘူးတဲ့။ ကြားနေတစ်နေရာမှာ တွေ့ရအောင်လို့ ကျနော်တို့ကို ပြောတယ်။ အဲဒါမျိုးက ကျနော်တို့က ဒီမှာပဲ တွေ့ ဖို့ ဆုံးဖြတ်ထား တယ်။ အထက်ကလည်း ဒီမှာပဲတွေ့ဖို့ ညွှန်ကြားတယ်။ အဲဒါကြောင့် ဒီမှာပဲစောင့်နေတယ်။ သူတို့ က ဟိုမှာရုံးမှာလာပြီး အစိုးရ ဧည့်ရိပ်သာမှာ လာပြီးတွေ့မယ်။ အဲဒီလိုနေရာ မျိုးမှာ တွေ့လို့မရဘူး။ လူကြီးတွေက ဒီနေရာမှာ တွေ့ဖို့ ဆုံးဖြတ်ထားလို့ ဒီနေရာမှာပဲ စောင့်နေတယ်။ ၉ နာရီခွဲအထိ ချိန်းထားတယ်။ ၁၀ နာရီအထိ ကျနော်တို့ စောင့်တယ်။ အဲဒီတော့စောင့်ပါတယ်။ မွန်ညီညွတ်ရေးပါတီ MUP အဖွဲ့ ရောက်မလာပါဘူးလို့ တင်ပြအစီရင်ခံရမှာပေါ့။”

NLD ကိုယ်စားလှယ်အဖွဲနဲ့ မွန်ညီညွတ်ရေးပါတီတို့အကြား နေရာရွေးချယ်မှု ပြဿနာကြောင့် တွေ့ဆုံဆွေးနွေးရေး အစီအစဉ် ပျက်ပြားသွားတဲ့အပေါ် နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာရန်မျိုးသိမ်းက အခုလိုသုံးသပ်ထားပါတယ်။

“အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အနေနဲ့ပေါ့လေ။ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးကို လက်တွေ့ကျကျ ဖေါ်ဆောင်နိုင်ဖို့ဆိုရင် တိုင်းရင်းသားပါတီတွေနဲ့ တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ နိုင်ငံရေးအရတွေ့ဆုံဆွေးနွေးပြီးတော့ ပွင့်ပွင့်လင်းလင်းညှိနှိုင်းဆွေးနွေးဖို့ အရေးကြီးတယ်လို့ မြင်တယ်။ အဲဒီတော့ လက်ရှိအခြေအနေမှာ တိုင်းရင်းသားပါတီတွေနဲ့ တွေ့ဆုံ ဆွေးနွေးရေးအထမြောက်ဖို့ဆိုရင် ပါတီရဲ့ပြည်နယ်ရုံးမှာပဲ တွေ့ဆုံမယ်ဆိုတဲ့ သတ်မှတ်ချက်ကို ပြင်ဆင်နိုင်ဖို့ လိုအပ်တယ်လို့ မြင်တယ်။ အဲဒီ သတ်မှတ်ချက်ကို မပြင်ဆင်နိုင်ဘူး ဒီ သတ်မှတ်ချက်အတိုင်းပဲ ရှေ့ကိုဆက်မယ်ဆိုရင် အခြားပြည်နယ်တွေမှာလည်း တိုင်းရင်းသားပါတီတွေနဲ့ တွေ့ဆုံဆွေးနွေးရေးမှာ အခက်ခဲတွေအဆင်မပြေမှုတွေ ဖြစ်လာနိုင်လိမ့်မယ်လို့ မြင်တယ်။ တွေ့ဆုံဆွေးနွေးတဲ့နေရာက တိုင်းရင်းသားပါတီတွေဘက်က အဆိုပြုသလို တတိယနေရာတခုဆိုတာက ဒါကအင်မတန်လျော်ကန် သင့်မြတ်တဲ့ ချဉ်းကပ်မှုလို့ မြင်တယ်။ ပြီးတော့သွားနေတဲ့ခရီးဟာ ဒီမိုကရေစီခရီးဖြစ်တယ်။ ဒီဗဟိုချုပ်ကိုင်မှု ကြိုးနီစနစ်တွေကို တတ်နိုင်သမျှ လျှော့ချနိုင်ဖို့ အင်မတန်မှ အရေးကြီးတယ်လို့ မြင်တယ်။”

တိုင်းရင်းသားပါတီတွေနဲ့ တွေ့ဆုံဆွေးနွေးရေးအစီအစဉ်အရ NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့က မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို၊ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်နဲ့ ကချင်ပြည်နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးအင်ထုံခါးနော်ဆမ်တို့ကို တာဝန်ပေးအပ်ထားတာဖြစ်ပြီး ဇန်နဝါရီ ၁ ရက်နေ့မှာ ကချင်ပြည်နယ်မှာ ဒေသတွင်း အနိုင်ရ ပါတီတွေဖြစ်တဲ့ ကချင်ပြည်နယ်ပြည်သူ့ပါတီ KSPP၊ လီဆူအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ LNDP ၊ ဒီမိုကရေစီပါတီသစ် (ကချင်) NDP – K ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံခဲ့ကြတာပါ။

ကချင်ပြည်နယ်အတွင်း တိုင်းရင်းသားနိုင်ငံရေး ပါတီကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံမှုမှာ NLD ပါတီကနေ အမျိုးသားညီညွှတ်ရေး အစိုးရဖွဲ့တဲ့အခါ ပြည်တွင်းငြိမ်းချမ်းရေး အမျိုးသား တန်းတူရေး ကိုယ်ပိုင်ပြဌာန်းခွင်၊ ဖက်ဒရယ် ဒီမိုကရေစီ တည်ဆောက်ရေးနဲ့ ၁၉၄၇ ပင်လုံကတိကဝတ်တို့ကို အကောင်အထည်ဖော်ပေးဖို့ ကိစ္စရပ်တွေတင်ပြခဲ့ပါတယ်။

ဒါပေမဲ့ NLD အနေနဲ့ ကချင်ပြည်နယ် ပြည်သူ့ပါတီ KSPP နဲ့ တွေ့ဆုံမှုမှာ ပါတီအနေနဲ့ တွေ့ဆုံတာ မဟုတ်ဘဲ အနိုင်ရလွှတ်တော် ကိုယ်စားလှယ်တွေနဲ့သာ တွေ့ဆုံတဲ့အတွက် ပါတီကိုကိုယ်စားမပြုဘူးလို့ KSPP ပါတီခေါင်းဆောင်တွေကဝေဖန်မှုတွေ ရှိနေပါတယ်။

ရွေးကောက်ပွဲမှာ အများစုနဲ့ အနိုင်ရထားတဲ့ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကနေ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စု ပေါ်ပေါက်ရေးအတွက် ရွေးကောက်ပွဲမှာ ပါဝင်ခဲ့ကြတဲ့ တိုင်းရင်းသားနိုင်ငံရေးပါတီတွေနဲ့ လက်တွဲဖို့ ဆန္ဒရှိကြောင်း နိုဝင်ဘာလမှာ ကမ်းလှမ်းလာပြီးနောက်ပိုင်း အခုလိုတွေ့ဆုံဆွေးနွေးမှု ဖြစ်ပေါ်လာတာဖြစ်ပြီး အဆင်မပြေမှု တချို့လည်း ရှိလာခဲ့ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG