သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

NLD ကိုယ္စားလွယ္အဖဲြ႔နဲ႔ ကခ်င္တိုင္းရင္းသားပါတီေတြ ေတြ႔ဆံု


ေဒါက္တာေအာင္မိုးညိဳ ဦးေဆာင္တဲ့ NLD ပါတီ ကိုယ္စားလွယ္ေတြနဲ႔ ကခ်င္ျပည္နယ္က တိုင္းရင္းသား ႏုိင္ငံေရးပါတီ ေခါင္းေဆာင္မ်ား။ (ဇန္နဝါရီ ၁၊ ၂၀၂၁။ ဓာတ္ပုံ - အားမီ)

(Zawgyi / Unicode)

ေဒါက္တာေအာင္မိုးညိဳ ဦးေဆာင္တဲ့ အမ်ိဳးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္ (NLD) ပါတီက ကိုယ္စားလွယ္ေတြနဲ႔ ကခ်င္ျပည္နယ္က တိုင္းရင္းသား ႏုိင္ငံေရးပါတီ ေခါင္းေဆာင္ေတြ ေတြ႔ဆုံ ေဆြးေႏြးခဲ့ၾကပါတယ္။ အျပည့္အစုံကို ႏုိင္ကြန္းအိန္ တင္ျပေပးထားပါတယ္။

ေရြးေကာက္ပြဲအၿပီး အႏုိင္ရ အမ်ိဳးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္ (NLD) ပါတီကေန ဖက္ဒရယ္ျပည္ေထာင္စု တည္ေဆာက္ေရးကိစၥ အပါအဝင္ အမ်ိဳးသားညီညြတ္ေရးအစိုးရ ဖြဲ႔စည္းႏုိင္ဖို႔ တိုင္းရင္းသား ႏုိင္ငံေရးပါတီေတြနဲ႔ ေတြ႔ဆုံေဆြးေႏြးသြားဖို႔ ဆုံးျဖတ္ခဲ့အၿပီး မေန႔က ကခ်င္ႏုိင္ငံေရးပါတီေတြနဲ႔ ျမစ္ႀကီးနားၿမိဳ႕ NLD ႐ုံးခ်ဳပ္မွာ ပထမဆုံး ေတြ႔ဆုံခဲ့တာပါ။

မေန႔ ဇန္နဝါရီလ ၁ ရက္ေန႔က ေဒါက္တာေအာင္မိုးညိဳ ဦးေဆာင္တဲ့ အမ်ိဳးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္ (NLD) ပါတီနဲ႔ ေတြ႔ဆုံမႈမွာေတာ့ ဖက္ဒရယ္ျပည္ေထာင္စု တည္ေဆာက္ေရးကိစၥကို ေဆြးေႏြးခဲ့တယ္လို႔ ကခ်င္ျပည္နယ္ ျပည္သူ႔ပါတီဥကၠ႒ ေဒါက္တာ မနမ္တူးဂ်ာက အခုလိုေျပာပါတယ္။

“ဖက္ဒရယ္ဆိုတာက ဒီ ကိုယ္ပိုင္ျပ႒ာန္းခြင့္နဲ႔ အမ်ိဳးသား တန္းတူအခြင့္အေရးကို အာမခံခ်က္ေပးႏုိင္တဲ့ ဖက္ဒရယ္ျပည္ေထာင္စု တည္ေဆာက္ေရးေပါ့။ အဲဒီမွာက ဘယ္ဟာကို အေျခခံရမလဲဆိုရင္ ပင္လုံစာခ်ဳပ္ရဲ႕ နံပါတ္ ၅ နဲ႔ နံပါတ္ ၇ အေပၚ အေျခခံၿပီးေတာ့မွ ကိုယ္ပိုင္ျပ႒ာန္းခြင့္ ကိုယ္ပိုင္အုပ္ခ်ဳပ္ေရး တန္းတူအခြင့္အေရး ရွိတဲ့ဟာကို အေျခခံတာေပါ့ေလ။ အခုဆိုလို႔ရွိရင္ ၂၁ ရာစုပင္လုံကလည္း ဆက္လက္က်င္းပေနတဲ့အထဲမွာ ဒါေတြ ထည့္သြင္းစဥ္းစား အေလးအနက္ ထည့္သြင္းစဥ္းစားၿပီးေတာ့မွ ဖက္ဒရယ္မူကို ေကာင္းေကာင္းမြန္မြန္ ဆက္လက္ခ်မွတ္သြားဖို႔ က်ေနာ္တုိ႔ လိုလားတယ္ဆိုတဲ့ဟာ ေျပာျပတယ္။”

NLD ပါတီကေန ေဖာ္ေဆာင္မယ့္ အမ်ိဳးသားညီညြတ္ေရးအစိုးရ ဖြဲ႔စည္းမယ့္အေပၚ သီးျခား တာဝန္ခြဲေဝေရးကိစၥကိုလည္း တင္ျပေဆြးေႏြးခဲ့တယ္လို႔ ေဒါက္တာ မနမ္တူးဂ်ာက အခုလိုေျပာပါတယ္။

“က်ေနာ္တုိ႔ ဥပေဒျပဳအာဏာနဲ႔ အုပ္ခ်ဳပ္မႈအာဏာက အာဏာခ်ိန္ခြင္ ညိႇတာကိုး။ ဒါ Check and Balance လုပ္ရမယ့္ဟာေတြ ျဖစ္တယ္။ ဒါေၾကာင့္မို႔လို႔ ဒီျပည္နယ္မွာ အစိုးရဝန္ႀကီးခ်ဳပ္နဲ႔ လႊတ္ေတာ္ဥကၠ႒က သီးျခားပါတီေတြ ျဖစ္သင့္တယ္။ ပါတီတခုတည္းက မျဖစ္သင့္ဘူးလို႔။ ဒါလည္း ထည့္သြင္းစဥ္းစားေပးဖို႔ က်ေနာ္တို႔ တင္ျပပါတယ္။”

ဒီေဆြးေႏြးပြဲမွာ ပါဝင္ခဲ့သူ တျခားတဦးျဖစ္တဲ့ လီဆူအမ်ိဳးသားဖံြ႔ၿဖိဳးတိုးတက္ေရးပါတီ (ဒူးေလးပါတီ) ဥကၠ႒ ဦးေရႊမင္းကလည္း ျပည္တြင္းၿငိမ္းခ်မ္းေရး ရရွိေရး ကိစၥရပ္ေတြကို ေဆြးေႏြးတင္ျပခဲ့တယ္လို႔ ဆိုပါတယ္။

“အမ်ိဳးသားျပန္လည္သင့္ျမတ္ေရး ၿငိမ္းခ်မ္းေရး ျဖစ္ေပၚလာႏုိင္ဖို႔အတြက္ ႀကိဳးပမ္းေဆာင္ရြက္ေပးဖို႔ တင္ျပတယ္။ က်ေနာ္တို႔ႏုိင္ငံမွာ လိုအပ္ေနတဲ့ အရပ္ဘက္ စစ္ဘက္ ဆက္ဆံေရးေတြကို ေကာင္းမြန္တိုးတက္ေအာင္ တုိးျမႇင့္ေပးဖို႔။ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႔မ်ား EAO ေတြနဲ႔ ေတြ႔ဆုံတာတို႔ တိုင္းရင္းသား ႏုိင္ငံေရးပါတီမ်ားနဲ႔ ေတြ႔ဆုံတာတုိ႔ တိုင္းရင္းသား သက္ဆိုင္ရာ အဖြဲ႔အစည္း အသီးသီးက ေခါင္းေဆာင္ေတြနဲ႔ ေတြ႔ဆုံတာတို႔ ဆိုလို႔ရွိရင္ ဒီမိုကေရစီျပည္ေထာင္စု တည္ေဆာက္ေရးမွာ ဒါ အေထာက္အကူျဖစ္ေစတယ္။ ဒါေလးကို က်ေနာ္တို႔ ႀကိဳးစားေဆာင္ရြက္ေပးပါဆိုတဲ့ အခ်က္ကို က်ေနာ္တုိ႔ တင္တယ္၊ ေဆြးေႏြးတယ္။”

ဒါ့အျပင္ တန္းတူအခြင့္အေရး ဆိုတဲ့ေနရာမွာ တိုင္းရင္းသား ၈ မ်ိဳးသာ အေျခခံတဲ့တိုင္းျပည္ မဟုတ္ဘဲ လက္ရွိတည္ရွိေနတဲ့ တိုင္းရင္းသားအားလုံး တန္းတူအခြင့္အေရးရဖို႔ ေဆာင္ရြက္ႏုိင္ေရး ကိစၥကိုလည္း ေဆြးေႏြးတင္ျပခဲ့တယ္လို႔ သူကဆိုပါတယ္။

တိုင္းရင္းသားေတြရဲ႕ တင္ျပေဆြးေႏြးမႈအေပၚ NLD ဗဟိုကို ဆက္လက္တင္ျပသြားမယ္လို႔ NLD အဖြဲ႔ေခါင္းေဆာင္ ေဒါက္တာ ေအာင္မိုးညိဳက ေျပာဆိုခဲ့ေၾကာင္း ဦးေရႊမင္းက ဆိုပါတယ္။

မေန႔ကေတြ႔ဆုံပြဲကို ကခ်င္ျပည္နယ္ ျမစ္ႀကီးနားၿမိဳ႕ရွိ NLD ပါတီ ႐ုံးခ်ဳပ္မွာ က်င္းပျပဳလုပ္ခဲ့ၾကၿပီး ေရြးေကာက္ပြဲအႏုိင္ရ တိုင္းရင္းသားပါတီ ၃ ခုျဖစ္တဲ့ ကခ်င္ျပည္နယ္ျပည္သူ႔ပါတီ (KSPP)၊ လီဆူအမ်ိဳးသားဖြံ႔ၿဖိဳးတိုးတက္ေရးပါတီ (LNDP)၊ ဒီမိုကေရစီပါတီသစ္ (ကခ်င္) (NDP-K) ကိုယ္စားလွယ္ေတြနဲ႔ ေဒါက္တာ ေအာင္မိုးညိဳ ဦးေဆာင္တဲ့ အမ်ိဳးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္ NLD ပါတီ ကိုယ္စားလွယ္တို႔ ေတြ႔ဆုံခဲ့ၾကတာပါ။

ေရြးေကာက္ပဲြမွာ အမ်ားစုနဲ႔ အႏိုင္ရထားတဲ့ NLD အမ်ဳိးသားဒီမုိကေရစီအဖဲြ႔ခ်ဳပ္ကေန ဒီမုိကေရစီ ဖက္ဒရယ္ျပည္ေထာင္စု ေပၚေပါက္ေရးအတြက္ ေရြးေကာက္ပဲြမွာ ပါဝင္ခဲ့ၾကတဲ့ တုိင္းရင္းသား ႏုိင္ငံေရးပါတီေတြနဲ႔ လက္တဲြဖုိ႔ ဆႏၵရွိေၾကာင္း ႏုိဝင္ဘာလမွာ ကမ္းလွမ္းလာၿပီးေနာက္ပိုင္း အခုလို ေတြ႔ဆုံေဆြးေႏြးမႈ ျဖစ္ေပၚလာတာ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

-------------------------

(Unicode)

NLD ကိုယ်စားလှယ်အဖွဲ့နဲ့ ကချင်တိုင်းရင်းသားပါတီတွေ တွေ့ဆုံ

ဒေါက်တာအောင်မိုးညို ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက ကိုယ်စားလှယ်တွေနဲ့ ကချင်ပြည်နယ်က တိုင်းရင်းသား နိုင်ငံရေးပါတီ ခေါင်းဆောင်တွေ တွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်။ အပြည့်အစုံကို နိုင်ကွန်းအိန် တင်ပြပေးထားပါတယ်။

ရွေးကောက်ပွဲအပြီး အနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီကနေ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးကိစ္စ အပါအဝင် အမျိုးသားညီညွတ်ရေးအစိုးရ ဖွဲ့စည်းနိုင်ဖို့ တိုင်းရင်းသား နိုင်ငံရေးပါတီတွေနဲ့ တွေ့ဆုံဆွေးနွေးသွားဖို့ ဆုံးဖြတ်ခဲ့အပြီး မနေ့က ကချင်နိုင်ငံရေးပါတီတွေနဲ့ မြစ်ကြီးနားမြို့ NLD ရုံးချုပ်မှာ ပထမဆုံး တွေ့ဆုံခဲ့တာပါ။

မနေ့ ဇန်နဝါရီလ ၁ ရက်နေ့က ဒေါက်တာအောင်မိုးညို ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီနဲ့ တွေ့ဆုံမှုမှာတော့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးကိစ္စကို ဆွေးနွေးခဲ့တယ်လို့ ကချင်ပြည်နယ် ပြည်သူ့ပါတီဥက္ကဋ္ဌ ဒေါက်တာ မနမ်တူးဂျာက အခုလိုပြောပါတယ်။

“ဖက်ဒရယ်ဆိုတာက ဒီ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့ အမျိုးသား တန်းတူအခွင့်အရေးကို အာမခံချက်ပေးနိုင်တဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးပေါ့။ အဲဒီမှာက ဘယ်ဟာကို အခြေခံရမလဲဆိုရင် ပင်လုံစာချုပ်ရဲ့ နံပါတ် ၅ နဲ့ နံပါတ် ၇ အပေါ် အခြေခံပြီးတော့မှ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ကိုယ်ပိုင်အုပ်ချုပ်ရေး တန်းတူအခွင့်အရေး ရှိတဲ့ဟာကို အခြေခံတာပေါ့လေ။ အခုဆိုလို့ရှိရင် ၂၁ ရာစုပင်လုံကလည်း ဆက်လက်ကျင်းပနေတဲ့အထဲမှာ ဒါတွေ ထည့်သွင်းစဉ်းစား အလေးအနက် ထည့်သွင်းစဉ်းစားပြီးတော့မှ ဖက်ဒရယ်မူကို ကောင်းကောင်းမွန်မွန် ဆက်လက်ချမှတ်သွားဖို့ ကျနော်တို့ လိုလားတယ်ဆိုတဲ့ဟာ ပြောပြတယ်။”

NLD ပါတီကနေ ဖော်ဆောင်မယ့် အမျိုးသားညီညွတ်ရေးအစိုးရ ဖွဲ့စည်းမယ့်အပေါ် သီးခြား တာဝန်ခွဲဝေရေးကိစ္စကိုလည်း တင်ပြဆွေးနွေးခဲ့တယ်လို့ ဒေါက်တာ မနမ်တူးဂျာက အခုလိုပြောပါတယ်။

“ကျနော်တို့ ဥပဒေပြုအာဏာနဲ့ အုပ်ချုပ်မှုအာဏာက အာဏာချိန်ခွင် ညှိတာကိုး။ ဒါ Check and Balance လုပ်ရမယ့်ဟာတွေ ဖြစ်တယ်။ ဒါကြောင့်မို့လို့ ဒီပြည်နယ်မှာ အစိုးရဝန်ကြီးချုပ်နဲ့ လွှတ်တော်ဥက္ကဋ္ဌက သီးခြားပါတီတွေ ဖြစ်သင့်တယ်။ ပါတီတခုတည်းက မဖြစ်သင့်ဘူးလို့။ ဒါလည်း ထည့်သွင်းစဉ်းစားပေးဖို့ ကျနော်တို့ တင်ပြပါတယ်။”

ဒီဆွေးနွေးပွဲမှာ ပါဝင်ခဲ့သူ တခြားတဦးဖြစ်တဲ့ လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ (ဒူးလေးပါတီ) ဥက္ကဋ္ဌ ဦးရွှေမင်းကလည်း ပြည်တွင်းငြိမ်းချမ်းရေး ရရှိရေး ကိစ္စရပ်တွေကို ဆွေးနွေးတင်ပြခဲ့တယ်လို့ ဆိုပါတယ်။

“အမျိုးသားပြန်လည်သင့်မြတ်ရေး ငြိမ်းချမ်းရေး ဖြစ်ပေါ်လာနိုင်ဖို့အတွက် ကြိုးပမ်းဆောင်ရွက်ပေးဖို့ တင်ပြတယ်။ ကျနော်တို့နိုင်ငံမှာ လိုအပ်နေတဲ့ အရပ်ဘက် စစ်ဘက် ဆက်ဆံရေးတွေကို ကောင်းမွန်တိုးတက်အောင် တိုးမြှင့်ပေးဖို့။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ EAO တွေနဲ့ တွေ့ဆုံတာတို့ တိုင်းရင်းသား နိုင်ငံရေးပါတီများနဲ့ တွေ့ဆုံတာတို့ တိုင်းရင်းသား သက်ဆိုင်ရာ အဖွဲ့အစည်း အသီးသီးက ခေါင်းဆောင်တွေနဲ့ တွေ့ဆုံတာတို့ ဆိုလို့ရှိရင် ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးမှာ ဒါ အထောက်အကူဖြစ်စေတယ်။ ဒါလေးကို ကျနော်တို့ ကြိုးစားဆောင်ရွက်ပေးပါဆိုတဲ့ အချက်ကို ကျနော်တို့ တင်တယ်၊ ဆွေးနွေးတယ်။”

ဒါ့အပြင် တန်းတူအခွင့်အရေး ဆိုတဲ့နေရာမှာ တိုင်းရင်းသား ၈ မျိုးသာ အခြေခံတဲ့တိုင်းပြည် မဟုတ်ဘဲ လက်ရှိတည်ရှိနေတဲ့ တိုင်းရင်းသားအားလုံး တန်းတူအခွင့်အရေးရဖို့ ဆောင်ရွက်နိုင်ရေး ကိစ္စကိုလည်း ဆွေးနွေးတင်ပြခဲ့တယ်လို့ သူကဆိုပါတယ်။

တိုင်းရင်းသားတွေရဲ့ တင်ပြဆွေးနွေးမှုအပေါ် NLD ဗဟိုကို ဆက်လက်တင်ပြသွားမယ်လို့ NLD အဖွဲ့ခေါင်းဆောင် ဒေါက်တာ အောင်မိုးညိုက ပြောဆိုခဲ့ကြောင်း ဦးရွှေမင်းက ဆိုပါတယ်။

မနေ့ကတွေ့ဆုံပွဲကို ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ NLD ပါတီ ရုံးချုပ်မှာ ကျင်းပပြုလုပ်ခဲ့ကြပြီး ရွေးကောက်ပွဲအနိုင်ရ တိုင်းရင်းသားပါတီ ၃ ခုဖြစ်တဲ့ ကချင်ပြည်နယ်ပြည်သူ့ပါတီ (KSPP)၊ လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ (LNDP)၊ ဒီမိုကရေစီပါတီသစ် (ကချင်) (NDP-K) ကိုယ်စားလှယ်တွေနဲ့ ဒေါက်တာ အောင်မိုးညို ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ကိုယ်စားလှယ်တို့ တွေ့ဆုံခဲ့ကြတာပါ။

ရွေးကောက်ပွဲမှာ အများစုနဲ့ အနိုင်ရထားတဲ့ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကနေ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်ရေးအတွက် ရွေးကောက်ပွဲမှာ ပါဝင်ခဲ့ကြတဲ့ တိုင်းရင်းသား နိုင်ငံရေးပါတီတွေနဲ့ လက်တွဲဖို့ ဆန္ဒရှိကြောင်း နိုဝင်ဘာလမှာ ကမ်းလှမ်းလာပြီးနောက်ပိုင်း အခုလို တွေ့ဆုံဆွေးနွေးမှု ဖြစ်ပေါ်လာတာ ဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG