သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

NLD ဒုတိယသက္တမ္း ဒီမိုကေရစီျပဳျပင္ေျပာင္းလဲမႈ ေမွ်ာ္လင့္ခ်က္


ZAWGYI/UNICODE NLD အစိုးရရဲ႕ ပထမသက္တမ္းမွာ လြတ္လပ္စြာ ထုတ္ေဖာ္ေျပာဆိုခြင့္ဆံုးရံႈးၿပီး တတ္ႂကြလႈပ္ရွားသူေတြ ဖမ္းဆီးတရားစဲြဆိုခံရတာမ်ိဳးေတြ ရွိခဲ့တာေၾကာင့္၊ အခု လာမယ့္ ၂၀၂၁ NLD အစိုးရ ဒုတိယသက္တမ္းမွာေတာ့ ဒီမိုကေရစီျပဳျပင္ေျပာင္းလဲမႈေတြ အမွန္တကယ္လုပ္ဖို႔ လိုမယ္လို႔ လႈပ္ရွားသူေတြက ေတာင္းဆိုေနပါတယ္။ လြတ္လပ္စြာ ထုတ္ေဖာ္ေျပာဆိုခြင့္ လႈပ္ရွားမႈအသံအဖြဲ႕ရဲ႕ တည္ေထာင္သူ သုေသသနမန္ေနဂ်ာ ကိုရဲေဝၿဖိဳးေအာင္ကို ဗီြအိုေအျမန္မာပိုင္းက မဆုမြန္က ဆက္သြယ္ေမးျမန္းၿပီး ဒီသီတင္းပတ္ရဲ႕ ျမန္မာ့ဒီမုိကေရစီေရးေဆြးေႏြးခန္း အစီအစဥ္မွာ တင္ဆက္ေပးထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

မဆုမြန္။ ။ ျမန္မာႏုိင္ငံမွာ ၿပီးခဲ့တဲ့ အစိုးရသက္တမ္းကာလအတြင္းမွာ အထူးသျဖင့္ ႏုိင္ငံသားတို႔အခြင့္အေရး၊ ဒီမိုကေရစီစံႏႈန္းေတြနဲ႔အညီ လြတ္လပ္စြာထုတ္ေဖာ္ေျပာဆိုခြင့္၊ လြတ္လပ္စြာ သတင္းရယူပိုင္ခြင့္စတဲ့ လြတ္လပ္ခြင့္ေတြနဲ႔ပတ္သက္ၿပီးေတာ့ စိန္ေခၚမႈေတြ အကဲစမ္းမႈေတြ အခက္အခဲေတြနဲ႔ အမ်ားၾကီး ရင္ဆိုင္ခဲ့ရတဲ့အေနအထားေတြနဲ႔ ၾကံဳရတယ္ ဆိုၿပီးေတာ့ သတင္းအခ်က္အလက္ အစီရင္ခံစာေတြမွာ ေဖာ္ျပခဲ့တာေတြရွိပါတယ္။ အဲ့ဒီ့အထဲကမွ အသံအဖြဲ႔အေနနဲ႔ တစိုက္မတ္မတ္ေထာက္ျပခဲ့တာ ေတာင္းဆိုခဲ့တာေတြရွိတယ္ ဆိုတဲ့အခါ က်ေတာ့ ဘယ္လိုခ်ိဳးေဖာက္မႈခံခဲ့ရလဲ ဘယ္လိုစိန္ေခၚမႈေတြနဲ႔ၾကံဳခဲ့ရသလဲဆိုတာကို အရင္ဆံုးရွင္းျပေပးပါရွင့္။

ကိုရဲေဝၿဖိဳးေအာင္။ ။ ဟုတ္ကဲ့ခင္ဗ်။ လက္ရွိသက္တမ္းမွာ က်ေနာ္တို႔ျမင္တာကေတာ့ စိန္ေခၚမႈအေနနဲ႔ ဆိုရင္ေတာ့- ဒီမိုကေရစီယဥ္ေက်းမႈကို ေဖာ္ေဆာင္ဖို႔ရာမွာ အဓိက စိန္ေခၚမႈျဖစ္တယ္။ ဒီမိုကေရစီယဥ္ေက်းမႈဆိုတာကို အဓိက က်ေနာ္ ဘာကိုဆိုလိုခ်င္သလဲ ဆိုေတာ့ အခ်က္၂ခ်က္နဲ႔ေျပာခ်င္ပါတယ္။ တခုက လြတ္လပ္စြာထုတ္ေဖာ္ေျပာဆိုခြင့္ျဖစ္ပါတယ္။ ေနာက္တခုက အရပ္သား အခန္းက႑ျဖစ္ပါတယ္။ အဲ့ဒီ့ႏွစ္ခုစလံုးကလည္း ဆက္စပ္ေနပါတယ္။ လြတ္လပ္စြာထုတ္ေဖာ္ေျပာဆိုခြင့္ဆိုတဲ့ ဆုိရွယ္မီီဒီယာေတြမွာျဖစ္ေစ ဘေလာ့ခ္ေတြ ဝဘ္ဆိုက္ဒ္ေတြမွာျဖစ္ေစ ေျမျပင္မွာျဖစ္ေစ ကိုယ္ယံုၾကည္တာေတြကို ေျပာႏုိင္ဖုိ႔ ဆိုႏုိင္ဖို႔- ေဝဖန္ေထာက္ျပႏိုင္ဖို႔-ၿပီးတဲ့အခါမွာ ကိုယ္မၾကိဳက္ရင္ မၾကိဳက္တဲ့အေၾကာင္း ေျပာႏုိင္ဖို႔ဆိုတဲ့အေၾကာင္းအရာေတြမွာက ျပည္သူေတြမွာ အခက္အခဲေတြ အမ်ားၾကီး ရွိခဲ့တယ္ေပါ့ေနာ္။

နံပတ္တစ္က ဒီလိုမတရားတဲ့ဥပေဒေတြရွိေနျခင္းက ျပည္သူေတြအတြက္ကို " Self Censorship " လို႔ေခၚတဲ့ ကိုယ့္ဘာသာကိုယ္ ႏႈတ္ပိတ္လိုက္မႈကိုျဖစ္ေစတယ္ေပါ့ေနာ္။ "၆၆ဃ"လိုမ်ိဳး နာမည္ေက်ာ္ဥပေဒေတြ ရွိေနတယ္။ " ႏုိင္လြတ္လံု" လို႔ ဥပေဒေတြရွိတယ္။ အၾကမ္းဖက္မႈဥပေဒေတြ မတရားသင္းဥပေဒေတြရွိေသးတယ္။ အဲ့ဒီ့အခါမွာ သာမာန္ျပည္သူေတြ အရပ္သားျပည္သူေတြက ႏုိင္ငံေရးနဲ႔ပတ္သက္လို႔ အေၾကာင္းအရာတခုခုကိုေျပာဆိုမယ္ဆိုရင္ "ငါေတာ့ ၆၆ဃ နဲ႔ တရားစြဲခံရမလား"တို႔ ငါေတာ့ ဘယ္လိုဥပေဒမ်ိဳးနဲ႔တရားစြဲခံရႏိုင္မလဲ ဆိုတာကို ျပည္သူေတြက အေၾကာက္တရားနဲ႔ခံစားရၿပီးေတာ့မွ ျပည္သူေတြက " Self Censorship " ျဖစ္ေနတယ္ေပါ့ေနာ္။ သတင္းမီဒီယာေတြမွာလည္း သတင္းတပုဒ္မေရးခင္မွာ အၾကိမ္ၾကိမ္ကို စဥ္းစားေနရတဲ့အေနအထားျဖစ္ေနတယ္။

ၿပီးေတာ့ တာဝန္ယူထားတဲ့အစိုးရေတြ တပ္မေတာ္ေတြ စတဲ့ အာဏာပါဝါျပဳေရးပိုင္းမွာ Decision ခ်မွတ္ႏုိင္စြမ္းရွိတဲ့သူေတြအေၾကာင္းကိုေရးလို႔ရွိရင္ ပိုေတာင္ သတိထားရမယ့္အေနအထားျဖစ္ေနတယ္။ ဒါေၾကာင့္ အေၾကာက္တရားေရာ " Self Censorship "ေရာ က လႊမ္းမိုးလာၿပီးေတာ့မွ လြတ္လပ္စြာ ထုတ္ေဖာ္ေျပာဆိုခြင့္ဆိုတဲ့ ဒီမိုကေရစီယဥ္ေက်းမႈကို အေကာင္အထည္ေဖာ္ဖို႔ရာမွာ အခက္အခဲေတြျဖစ္ေနတာ ကိုေတြ႔ရပါတယ္။ အဲ့တာေတြကို မတရားနဲ႔ဥပေဒေတြနဲ႔ ေထာင္ဒဏ္ေတြခ်ေနတာကလည္း သက္ေသပဲ။ အခုဆိုရင္ ရခိုင္မွာျဖစ္ေနတဲ့ ျပည္တြင္းစစ္ကို ဆန္႔က်င္တာတို႔ အင္တာနက္ကိုျပန္ ဖြင့္ေပးဖို႔ေတာင္းဆို တဲ့ေက်ာင္းသားေတြဆိုရင္ အခု ေထာင္ဒဏ္၇ႏွစ္ေက်ာ္ က်ခံထားရတယ္။ ေဒါင္းတို႔မ်ိဳးဆက္ဆိုလည္း အၾကိမ္ၾကိမ္ရံုးထုတ္ၿပီး ေထာင္ဒဏ္ေတြ ႏွစ္ရွည္ ခ်မွတ္ခံေနရတယ္။ ဒါေတြက ေတာ္ေတာ္ကို လြန္က်ဴးလာတဲ့အခ်က္ေတြပဲ။ ဒီမိုကေရစီ ယဥ္ေက်းမႈေတြ ခ်ိဳးေဖာက္ခံေနရတယ္ ေရွ႕ကိုတည့္တည့္ မသြားဘူးလို႔ျမင္ရတာေပါ့ေနာ္။

မဆုမြန္။ ။ ဟုတ္ကဲ့ အဲ့ဒီ့ေတာ့ ဒီအရပ္သားအစိုးရလက္ထက္မွာ အဓိက အမ်ားဆံုး တရားစြဲဆိုခံရ အမႈဖြင့္ရတဲ့ပုဒ္မေတြက ဘယ္လိုပုဒ္မေတြျဖစ္သလဲ။ ဒီပုဒ္မေတြနဲ႔ တရားစြဲဆို အမႈဖြင့္ခံရတဲ့သူေတြရဲ႕ ပုဂၢိဳလ္ေတြထဲမွာလည္း တက္ၾကြ လႈပ္ရွားသူေတြပါမယ္ သတင္းမီဒီယာသမားေတြပါေနတယ္ဆိုေတာ့ အဲ့ဒီ့အေျခအေန ကိုလည္း နည္းနည္းရွင္းျပေပးပါရွင့္။

ကိုရဲေဝၿဖိဳးေအာင္။ ။ တရားစြဲဆိုအသံုးျပဳမႈအမ်ားဆံုးပုဒ္မကေတာ့ ဆက္သြယ္ေရးဥပေဒ ပုဒ္မ ကေတာ့ "၆၆ဃ" ျဖစ္ေနတာကိုေတြ႔ရတယ္။ ဒီဆက္သြယ္ေရးဥပေဒ "၆၆ဃ" ပုဒ္မၿပီးရင္ေတာ့ ၿငိမ္းစုစီဥပေဒကို အသံုးျပဳၿပီးေတာ့ လြတ္လပ္စြာစီတန္း လွည့္လည္ဆႏၵထုတ္ေဖာ္ခြင့္ကို ပိတ္ပင္တာေတြ႔ရတယ္။ ၿပီးတဲ့အခါမွာ ႏိုင္လြတ္လံုဥပေဒပါ။ ေနာက္ နာမည္ၾကီးဥပေဒ ပုဒ္မျဖစ္တဲ့ " ၅၀၅ က / ၅၀၅ ခတို႔"ကေတာ့ ေနာက္ကေန လုိက္လာတဲ့ ဥပေဒအမ်ားဆံုးျဖစ္ေနတာကို ေတြ႔ရပါတယ္။ အဲ့ဒီ့အထဲမွာမွ ဟိုးအရင္ေခတ္တုန္းက ေထာင္ဒဏ္ တသက္တကၽြန္းခ်ေလ့ရွိတဲ့ စစ္အစိုးရေတြသံုးေလ့ရွိတဲ့ "နိုင္ငံေတာ္သစၥာေဖာက္ဖ်က္ပုန္ကန္မႈ" ဆိုတဲဲ့ပုဒ္မေတြကိုလည္း ဆက္သံုးေနတာေတြ႔ရတယ္။ ပုဒ္မ ၁၂၄(က)ေပ့ါ။ ရခုိင္မွာ ေဒါက္တာေအးေမာင္နဲ႔ စာေရးဆရာေဝဟင္ေအာင္တို႔ဆိုရင္ ေထာင္ဒဏ္ႏွစ္(၂၀)အထိက်ခံထားတာကိုေတြ႔ရပါတယ္။

ဒီလိုဥပေဒအေၾကာင္းေတြကိုေျပာရမယ္ဆိုရင္ ဒီအရပ္သားအစိုးရလက္ထက္မွာကိုပဲ လြတ္လပ္စြာ ထုတ္ေဖာ္ေျပာဆိုခြင့္ကိုခ်ိဳးေဖာက္တဲ့အျခားေသာဥပေဒေတြ ထပ္ေပၚေပါက္လာတာ ကိုေတြ႔ရပါတယ္။ ဥပမာဆို ႏုိင္လြတ္လံုဥပေဒေပၚေပါက္ခဲ့တယ္။ ၿပီးရင္ "National Archive Law" ဆိုတဲ့ ဥပေဒကလည္းပဲ လြတ္လပ္ခြင့္ကို ခ်ိဳးေဖာက္ထားတာေတြ႔ရတယ္။ ဒီဥပေဒပုဒ္မေတြ ခ်ိဳးေဖာက္မႈနဲ႔ အမ်ားဆံုးတရားစြဲဆိုခံရတာကေတာ့ အမ်ားျပည္သူျဖစ္ပါတယ္။ ၿပီးတဲ့အခါမွာ တက္ၾကြလႈပ္ရွားသူေတြနဲ႔ သတင္းမီဒီယာသမားေတြက အမ်ားဆံုး ေနာက္ထပ္ တရားစြဲဆိုခံရ တာေတြ႔ရပါတယ္။ ၿပီးတဲ့အခါမွာ ႏုိင္ငံေရးပါတီဝင္ေတြလည္းပဲ တရားစြဲဆိုခံရတယ္။ ေနာက္ ဘာသာေရးဆုိင္ရာပုဂၢိဳလ္ေတြ ျမဝတီဆရာေတာ္လို ေနာက္ တိုင္းရင္းသား လက္နက္ကိုင္ အဖြဲ႔ဝင္ေတြလည္း တရားစြဲဆိုခံရတာေတြ႔ရတယ္။ ထူးထူးျခားျခား လႊတ္ေတာ္ကိုယ္စားလွယ္ေတြ လည္း လြတ္လပ္စြာ ထုတ္ေဖာ္ေျပာဆိုခြင့္နဲ႔ တရားစြဲဆိုခံရတာေတြ႔ရတယ္။ လႊတ္ေတာ္ ကိုယ္စားလွယ္ေတြထဲမွာဆို သူတို႔ရဲ႕ပါတီကကို ျပန္တရားစြဲဆိုတာေတြလည္း ေတြ႔ရပါတယ္။ စုစုေပါင္း တရားစြဲဆိုခံရမႈေပါင္း ၅၃၉မႈ ရွိၿပီးေတာ့ လူပုဂၢိဳလ္ေပါင္းက ၁,၀၅၁ ဦး တရားစြဲဆိုခံရတာကို ေတြ႔ရပါတယ္ခင္ဗ်။

မဆုမြန္။ ။ အဲ့ဒီ့ေတာ့ ဒီလိုတရားစြဲဆိုမႈေတြ ဒီတရားစြဲဆိုမႈေတြနဲ႔ အမႈရင္ဆိုင္ေနရတဲ့ အေနအထားေတြမွာ ဘယ္လိုပုဂၢိုလ္ အဖြဲ႔အစည္းေတြဘက္က တရားစြဲဆိုတာေတြကေန တရားစြဲဆိုေနတာေတြကို ေတြ႔ရွိရပါသလဲရွင့္။ အမ်ားစု လုပ္ေနတာေတြေပါ့ေနာ္။

ကိုရဲေဝၿဖိဳးေအာင္။ ။ က်ေနာ္တို႔ အမ်ားဆံုးတရားစြဲဆိုမႈေတြကိုေတြ႔ရတာကေတာ့ အစိုးရအဖြဲ႔ပါ။ အစိုးရအဖြဲ႔ၿပီးရင္ေတာ့ တပ္မေတာ္ကေန တရားစြဲဆိုတာေတြကိုလည္း ေတြ႔ရပါတယ္။ ၿပီးတဲ့အခါမွာ လႊတ္ေတာ္ကိုယ္စားလွယ္ေတြဘက္က တရားစြဲဆိုတာေတြကိုလည္း ေတြ႔ရပါတယ္။ ဒီ၃ခုကေတာ့ အမ်ားဆံုး ၃ခုလို႔ေျပာလို႔ရပါတယ္။ ႏုိင္ငံေတာ္ Institution လို႔ေျပာရမယ့္အဖြဲ႔အစည္းေတြကေန တရားစြဲဆိုတာေတြ႔ရတယ္။ အစိုးရအဖြဲ႔ေတြကေန တရားစြဲဆိုတဲ့အခါမွာလည္း ပံုစံအမ်ိဳးမ်ိဳးကိုေတြ႔ရတယ္။ အခ်ိဳ႕ကက်ေတာ့ အစိုးရအဖြဲ႔က တိုက္ရိုက္ေဝဖန္ေထာက္ျပတဲ့သူေတြကို အစိုးရအဖြဲ႔ဝင္ေတြက တုိက္ရိုက္တရားစြဲတာ။ ဒါမွမဟုတ္ရင္လည္းပဲ " ႏုိင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ေဒၚေအာင္ဆန္းစုၾကည္" လိုပုဂၢိဳလ္မ်ိဳး ကိုေဝဖန္လို႔ ဆိုၿပီးေတာ့မွ အစိုးရဝန္ထမ္းေတြက တရားဝင္ တရားစြဲတာမ်ိဳးေတြ ဒီလိုကိစၥေတြကိုလည္း ေတြ႔ရပါတယ္။

ၿပီးတဲ့အခါမွာ တပ္ကေန တရားစြဲဆိုတာ စစ္တပ္ကေန တရားစြဲတာေတြ ေတာ္ေတာ္မ်ားမ်ား လုပ္တာကိုေတြ႔ရပါတယ္။ အဲ့မွာထူးျခားတာက စစ္တပ္ကို ေဝဖန္မႈေတြနဲ႔ပတ္သက္ၿပီးေတာ့မွ ရဲတပ္ဖြဲ႔ကေန တရားဝင္စြဲေပးတဲ့ကိစၥေတြလည္း ေတြ႔ရပါတယ္။ ေနာက္ လႊတ္ေတာ္ ကုိယ္စားလွယ္ေတြဘက္က တရားစြဲဆိုတာေတြလည္း အေတာ္မ်ားတယ္လို႔ေျပာလို႔ရပါတယ္။ အထူးသျဖင့္ လႊတ္ေတာ္ကိုယ္စားလွယ္ေတြဘက္က အသေရဖ်က္မႈ ဥပေဒေတြသံုးၿပီးေတာ့မွ အရပ္သားျပည္သူေတြကို တိုက္ရိုက္တရားစြဲဆိုတာမ်ိဳးလည္း ေတြ႔ခဲ့ရပါတယ္ခင္ဗ်။

မဆုမြန္။ ။ အဲ့ဒီ့ေတာ့ ဒီပထမသက္တမ္းထဲမွာ ဒီလိုအေနအထားေတြ ၾကံဳခဲ့ၾကရတယ္ ရင္ဆိုင္ခဲ့ၾကရတယ္ဆိုတဲ့အခါက်ေတာ့။ ၿပီးခဲ့တဲ့ ၂၀၂၀ျပည့္ႏွစ္ ေရြးေကာက္ပြဲမွာ ျပည္သူအမ်ားက လက္ရွိအစိုးရ NLD ကိုပဲ တခဲနက္ ျပန္ၿပီး မဲေပးေရြးခ်ယ္ခဲ့တာေၾကာင့္မို႔ ၿပီးခဲ့တဲ့သက္တမ္းမွာ ၾကံဳခဲ့ရတဲ့ အေနအထားေတြ အေျခအေနေတြကို ကိုရဲေဝၿဖိဳးေအာင္တို႔ အသံအဖြဲ႔လို အဖြဲ႔ေတြဘက္က တင္ျပခဲ့တာေတြ အရပ္ဖက္အဖြဲ႔အစည္းေတြဘက္က အခ်က္အလက္ေတြ အမ်ားၾကီးနဲ႔ ေထာက္ျပခဲ့တာေတြလည္းရွိေတာ့-ဒါေတြနဲ႔ပတ္သက္ၿပီး ေရွ႕လာမယ့္သက္တမ္းမွာ ဘာေတြ လုပ္သင့္တယ္လို႔ အၾကံေပးခ်င္တာ တုိက္တြန္းေတာင္းဆိုခ်င္တာရွိပါသလဲရွင့္။

ကိုရဲေဝၿဖိဳးေအာင္။ ။ အဲ့ဒီ့မွာ အေရးၾကီးနဲ႔ အရင္ဆံုးလုပ္ရမယ့္အေရးအၾကီးဆံုး လုပ္ငန္းသည္ ရွိေနတဲ့ ႏုိင္ငံေရးအက်ဥ္းသားေတြကို အျမန္ဆံုးလႊတ္ေပးဖို႔ျဖစ္ပါတယ္။ အခုဆိုရင္ ႏုိင္ငံေရးအက်ဥ္းသားရာနဲ႔ခ်ီ ေထာင္အသီးသီးမွာ ရွိၾကတယ္။ တခ်ိဳ႕ဆိုရင္ တရားရံုးကေန အမိန္႔မခ်ေသးပဲနဲ႔ တရားရံုးက ခ်မယ့္အမိန္႔ကို ေစာင့္စားေနၾကရတဲ့ အခ်ဳပ္က်ေနတဲ့သူေတြလည္း အမ်ားၾကီးရွိေနတယ္။ အဲ့ဒီ့ႏုိင္ငံေရးအက်ဥ္းသားေတြကို လြတ္ၿငိမ္းခ်မ္းသာခြင့္နဲ႔ ခ်က္ျခင္းလႊတ္ေပးဖို႔အေရးၾကီးတယ္။ တရားစြဲဆိုထားတဲ့ ပုဒ္မေတြျပန္ရုပ္သိမ္းဖို႔ အေရးၾကီးပါတယ္ အဲ့တာကေတာ့ First Step ေပါ့ေနာ္ အစိုးရအေနနဲ႔ ပထမဆံုးအေနနဲ႔ မျဖစ္မေန လုပ္ဖို႔ တုိက္တြန္းပါတယ္။ ဒုတိယအေနနဲ႔ကေတာ့ ဖ်က္သိမ္းရမယ့္ျပင္ဆင္ရမယ့္ဥပေဒေတြကို လႊတ္ေတာ္ကေန ဖ်က္သိမ္းျပင္ဆင္တာေတြလုပ္ၿပီးေတာ့ ျပည္သူ႔ရပိုင္ခြင့္ျဖစ္တဲ့ လြတ္လပ္စြာ ထုတ္ေဖာ္ေျပာဆိုခြင့္ေတြကို အမွန္တကယ္ျမႇင့္တင္ေပးမယ့္ ဥပေဒယႏၱယားေတြကို ေဖာ္ေဆာင္ဖို႔ကိုလည္း လုပ္ေပးဖို႔ တိုက္တြန္းခ်င္ပါတယ္။အဲ့တာေတြကိုမလုပ္ဘူးဆိုရင္ ႏုိင္ငံကေတာ့ အပ်က္အပ်က္နဲ႔ႏွာေခါင္းေသြးထြက္ၿပီး ၂၁ရာစုမွာ လူ႔အခြင့္အေရး ခ်ိဳးေဖာက္ေနတဲ့ ႏုိင္ငံတရပ္အေနနဲ႔ဆက္ရွိေနမယ္။

မဆုမြန္။ ။ ဟုတ္ကဲ့ အခုေဆြးေႏြးခဲ့တာေတြက အစိုးရ၊ လႊတ္ေတာ္ အုပ္ခ်ဳပ္မႈ ယႏၱယားပိုင္းေတြကေန ျပင္ဆင္ရမယ့္ဟာေတြေပါ့။ ဆိုေတာ့ ျပည္သူလူထု ဘက္ကိုျပန္ၾကည့္ၾက ရေအာင္ပါ။ ျပည္သူေတြဘက္က ဒီလိုလြတ္လပ္စြာ ထုတ္ေဖာ္ေျပာဆိုခြင့္နဲ႔ ပတ္သက္ၿပီး ဒါေတြဟာ ကိုယ့္ရဲ႕ ရပိုင္ခြင့္ ရွိတယ္ဆိုတဲ့အေနအထားကို က်ယ္က်ယ္ျပန္႔ျပန္႔နဲ႔သိလာေအာင္ ေနာက္ၿပီး လူထုကလည္း ဒါေတြဟာ ကိုယ့္ရဲ႕ နဂိုမူလရပိုင္ခြင့္ေတြျဖစ္တယ္ဆိုတာကို သိလာေအာင္ ဒီအရပ္ဖက္အဖြဲ႔အစည္းေတြနဲ႔ အတူ အစိုးရတာဝန္ရွိသူေတြ လႈပ္ရွားသူေတြဘက္က ဘာေတြ လုပ္ေပးႏုိင္တာရွိမလဲ။ ေနာက္ လူထုကိုေရာ ဘာသတင္းစကားပါးခ်င္တာရွိလဲ။

ကိုရဲေဝၿဖိဳးေအာင္။ ။ ဒီအခါမွာ အရပ္ဖက္အဖြဲ႔အစည္းေတြရဲ႕ လြတ္လပ္ခြင့္ကလည္း အေရးၾကီးလာပါတယ္။ ဆိုေတာ့ အစိုးရအဖြဲ႔ေတြအေနနဲ႔ ဒီအရပ္ဖက္အဖြဲ႔အစည္းေတြေပၚ ထားတဲ့ သေဘာထား အႏုတ္လကၡဏာေဆာင္ေနတဲ့သေဘာထားေတြကိုလည္း ေဖ်ာက္ဖ်က္ပစ္ဖို႔က အေရးၾကီးပါတယ္။ ေအာက္ေျခေျမျပင္မွာဆိုလည္း အစိုးရအဖြဲ႔အစည္းေတြဘက္က အရပ္ဖက္အဖြဲ႔အစည္းေတြ အခမ္းအနားေတြ လႈပ္ရွားမႈေတြ လုပ္တဲ့အခါမွာ နည္းလမ္းမ်ိဳးစံုနဲ႔ တားဆီးတာေတြ ခြင့္မျပဳတာေတြကိုေတြ႔ရတယ္။ ဥပမာဆိုရင္ ဒီ COVID 19 ကာလမွ တားဆီးခဲ့တာေတြ ရွိတယ္။ ကိုဗစ္ကာလမွာ တားဆီးခဲ့တာဆိုရင္လည္း အစိုးရအဖြဲ႔ဘက္က ကိုဗစ္ေၾကာင့္ဆိုတဲ့အေၾကာင္းျပခ်က္နဲ႔ တားတာေတြရွိတယ္ သို႔ေပမဲ့ တကယ္တမ္းၾကည့္တဲ့ အခါမွာ အရပ္ဖက္အဖြဲ႔အစည္းေတြဘက္က ကိုဗစ္နဲ႔မဆုိင္တဲ့ အျခားေသာပံုစံမ်ိဳးေတြနဲ႔ လုပ္တာေတြကိုလည္း အမ်ိဳးမ်ိဳးတားဆီးခဲ့တာေတြ ေတြ႔ရပါတယ္။

COVID19 မျဖစ္ခင္တုန္းကဆိုရင္လည္းပဲ အထူးသျဖင့္ ျပည္နယ္ေတြမွာေပါ့ေနာ္ ျပည္နယ္ေတြမွာဆိုရင္ ျပည္နယ္အေျခစိုက္ အရပ္ဖက္အဖြဲ႔အစည္းေတြကေန လုပ္တဲ့ သတင္းစာရွင္းလင္းပြဲတုိ႔ ကမ္ပိန္းလုပ္တာတို႔မွာလည္း အျမဲတမ္းတားဆီးခဲ့တာ ကိုေတြ႔ရပါတယ္။ က်ေနာ္တို႔သုေတသနအရ ျမန္မာတႏိုင္ငံလံုးမွာ အတားဆီးအခံရဆံုးက ကရင္နီျပည္နယ္ ေခၚ ကယားျပည္နယ္ပါ။ ထိုနည္းတူစြာပဲ ကခ်င္ျပည္နယ္ ရခုိင္ျပည္နယ္ ၿပီးရင္ ရွမ္းျပည္နယ္ေပါ့ေနာ္ ရွမ္းျပည္နယ္ အေျခစိုက္တဲ့အရပ္ဖက္အဖြဲ႔အစည္းေတြကလည္းပဲ ဒီလိုျပႆနာေတြ ၾကံဳခဲ့ရတယ္ေပါ့ေနာ္။ ဒါေၾကာင့္ အရပ္ဖက္အဖြဲ႔အစည္းေတြရဲ႕ အရပ္ဖက္ေဘာင္ ခ်ဲ႕ထြင္ေပးဖို႔ လုပ္ေဆာင္ေနတာကို အစိုးရအေနနဲ႔ အသိအမွတ္ျပဳေပးဖို႔လိုတယ္။ အဲ့တာမွပဲ ခုနကေျပာတဲ့ အရပ္ဖက္အဖြဲ႔အစည္းေတြကေနၿပီးေတာ့မွ တကယ့္ျပည္သူေတြနဲ႔ ခ်ိတ္ဆက္တာေတြ အသိပညာျဖန္႔ေဝတာေတြ လူထုရဲ႕အသံကို ရယူတာေတြ စတဲ့လုပ္ငန္းစဥ္ေတြကို ေကာင္းေကာင္းလည္ပတ္ႏုိင္မွာျဖစ္တယ္ေပါ့ေနာ္။

ေနာက္ ျပည္သူေတြအေနနဲ႔ကလည္း "Self Censorship " လို႔ေခၚတဲ့ ကိုယ့္ပါးစပ္ကိုယ္ပိတ္ ခဲ့တာမ်ိဳးေတြရွိမယ္ ဒါကလည္း အေရွ႕ေတြမွာ အမ်ားၾကီး ခ်ိဳးေဖာက္ခံထားရတဲ့ အေရးယူမႈေတြ ရွိခဲ့တယ္ဆုိေတာ့ ေၾကာက္လန္႔မႈေတြရွိႏုိင္တယ္။ သို႔ေသာ္လည္းပဲ တကယ့္ဒီမိုကေရစီ အကူးအေျပာင္းနဲ႔ ဒီမိုကေရစီယဥ္ေက်းမႈကို ေဖာ္ေဆာင္တဲ့အခါမွာ က်ေနာ္တို႔အားလံုးက အနာဂတ္မွာ ရလာမယ့္ အလင္းေရာင္ လြတ္လပ္ခြင့္ ဒီမိုကေရစီ တကယ္ျပည့္ဝတဲ့ လူ႔အခြင့္အေရးေတြ ရလာမွာေတြကို ရႈ႕ျမင္ၿပီးေတာ့ အမ်ားျပည္သူအေနနဲ႔ မၿပီးဆံုးေသးတဲ့ တုိက္ပြဲကို ဆက္ဝင္ရဦးမယ္။ လြတ္လပ္ခြင့္ေတြရဖို႔ ဆက္ၿပီး ရပ္တည္ လႈပ္ရွား ရုန္းကန္ေနၾကရဦးမယ္လို႔ က်ေနာ္တို႔ျမင္တယ္။ ၂၀၁၅တုန္းက လူထုက တင္လိုက္တဲ့ NLD ႏိုင္ၿပီး အေျပာင္းအလဲေတြျဖစ္တယ္။ အခု၂၀၂၀မွာလည္းပဲ လူထုၾကိဳက္တဲ့ပါတီကိုပဲ မဲေပးတယ္ဆိုေပမဲ့ ဒီမိုကေရစီကုိ လံုးလံုးေျပာင္းသြားတာမဟုတ္ေသးပါဘူး။ လြတ္လပ္ခြင့္ေတြ လံုးဝရေသးတာမဟုတ္ဘူး။ က်ေနာ္တို႔ မရေသးတဲ့လြတ္လပ္ခြင့္ေတြအတြက္ ဆက္ၿပီးေတာ့မွ ရင္ဆိုင္တုိက္ပြဲဝင္ၾကရဦးမယ္လို႔ ေျပာခ်င္ပါတယ္ခင္ဗ်။

မဆုမြန္။ ။ ဟုတ္ကဲ့ ကုိရဲေဝၿဖိဳးေအာင္။ ဆိုေတာ့ အခု ၂၀၂၀ကလည္းပဲ ဒီရက္ပိုင္းအတြင္းမွာပဲ ႏွစ္ေဟာင္းကုန္ဆံုးၿပီး ၂၀၂၁ ႏွစ္သစ္ကို ကူးေျပာင္းေတာ့မယ့္ႏွစ္သစ္ကူးကာလမွာ မတ္လ ၃၁ ဧၿပီလဆန္းမွာ ေနာက္ထပ္ အုပ္ခ်ဳပ္မႈသက္တမ္းအသစ္တခု ဆက္သြားေတာ့မယ္ဆိုေတာ့ အဓိက ျမန္မာႏုိင္ငံအတြက္ ျမန္မာျပည္သူျပည္သားေတြအတြက္ေရာ အထူးသျဖင့္ တုိင္းျပည္ကို အုပ္ခ်ဳပ္မယ့္အစိုးရေတြအတြက္ ဒီႏွစ္သစ္မွာ လြတ္လပ္စြာေျပာဆိုခြင့္အသံရဲ႕ကိုယ္စား ေတာင္းဆိုခ်င္တာ ဆုေတာင္းေပးခ်င္တာ ဘာမ်ားရွိမလဲရွင့္။

ကိုရဲေဝၿဖိဳးေအာင္။ ။ "ဒီမိုကေရစီယဥ္ေက်းမႈ" ကိုေဖာ္ေဆာင္နိုင္တဲ့ တည္ေဆာက္နိုင္တဲ့ လူ႔အဖြဲ႔အစည္းတရပ္ကို အားလံုးက ဝိုင္းဝန္းၿပီးေတာ့မွ ေဖာ္ေဆာင္ၾကရေအာင္ပါ လို႔ေျပာခ်င္ပါတယ္။ ၿပီးတဲ့အခါမွာ လာမယ့္ႏွစ္သစ္မွာလည္းပဲ ႏွစ္ေဟာင္းမွာ ၾကံဳခဲ့ရတဲ့ အညစ္အေၾကးေတြ အထူးသျဖင့္ ႏုိင္ငံထဲမွာ စိတ္ပူပန္ခံရမႈေတြ စိတ္ရႈပ္ခဲ့ရမႈေတြ ႏုိင္ငံေရး စစ္ေရးအေျခအေနေတြေၾကာင့္မို႔ မေပ်ာ္ရႊင္ခဲ့ရမႈေတြကို ထားခဲ့ၿပီးေတာ့မွ ဒီႏွစ္သစ္မွာ က်ေနာ္တို႔စိတ္သစ္ေတြနဲ႔ ရင္ဆိုင္ၾကရေအာင္ပါလို႔ ေျပာခ်င္ပါတယ္။ ေနာက္ၿပီးတဲ့အခါ မွာလည္းပဲ အစိုးရအဖြဲ႔ေတြ လႊတ္ေတာ္ေတြ တပ္မေတာ္စတဲ့ အာဏာပါဝါရွိတဲ့သူေတြကိုလည္း စိတ္ၾကည္ၾကည္လင္လင္နဲ႔ ႏုိင္ငံေရး သေဘာထားျဖဴျဖဴစင္စင္ နဲ႔ ျပည္သူေတြရဲ႕အေရး ျပည္သူေတြရဲ႕လြတ္လပ္ခြင့္ေတြကို အျပည့္အဝေပးႏုိင္ပါေစလို႔ ဆုမြန္ေကာင္းေတာင္းေပးခ်င္ပါတယ္ခင္ဗ်။"

အခု လာမယ့္ ၂၀၂၁ NLD အစိုးရ ဒုတိယသက္တမ္းမွာေတာ့ ဒီမိုကေရစီျပဳျပင္ေျပာင္းလဲမႈေတြ ေဆာင္က်ဥ္းေပးဖို႔တိုက္တြန္းတဲ့ လြတ္လပ္စြာ ထုတ္ေဖာ္ေျပာဆိုခြင့္ လႈပ္ရွားမႈအသံအဖြဲ႕ရဲ႕ တည္ေထာင္သူ သုေသသနမန္ေနဂ်ာ ကိုရဲေဝၿဖိဳးေအာင္ကို ဗီြအိုေအျမန္မာပိုင္းက မဆုမြန္က ဆက္သြယ္ေမးျမန္းၿပီး ဒီသီတင္းပတ္ရဲ႕ ျမန္မာ့ဒီမုိကေရစီေရးေဆြးေႏြးခန္း အစီအစဥ္မွာ တင္ဆက္ေပးထားတာျဖစ္ပါတယ္။

UNICODE

NLD အစိုးရရဲ့ ပထမသက်တမ်းမှာ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ဆုံးရှုံးပြီး တတ်ကြွလှုပ်ရှားသူတွေ ဖမ်းဆီးတရားစွဲဆိုခံရတာမျိုးတွေ ရှိခဲ့တာကြောင့်၊ အခု လာမယ့် ၂၀၂၁ NLD အစိုးရ ဒုတိယသက်တမ်းမှာတော့ ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုတွေ အမှန်တကယ်လုပ်ဖို့ လိုမယ်လို့ လှုပ်ရှားသူတွေက တောင်းဆိုနေပါတယ်။ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် လှုပ်ရှားမှုအသံအဖွဲ့ရဲ့ တည်ထောင်သူ သုသေသနမန်နေဂျာ ကိုရဲဝေဖြိုးအောင်ကို ဗွီအိုအေမြန်မာပိုင်းက မဆုမွန်က ဆက်သွယ်မေးမြန်းပြီး ဒီသီတင်းပတ်ရဲ့ မြန်မာ့ဒီမိုကရေစီရေးဆွေးနွေးခန်း အစီအစဉ်မှာ တင်ဆက်ပေးထားပါတယ်။

မဆုမွန်။ ။ မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ အစိုးရသက်တမ်းကာလအတွင်းမှာ အထူးသဖြင့် နိုင်ငံသားတို့အခွင့်အရေး၊ ဒီမိုကရေစီစံနှုန်းတွေနဲ့အညီ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ လွတ်လပ်စွာ သတင်းရယူပိုင်ခွင့်စတဲ့ လွတ်လပ်ခွင့်တွေနဲ့ပတ်သက်ပြီးတော့ စိန်ခေါ်မှုတွေ အကဲစမ်းမှုတွေ အခက်အခဲတွေနဲ့ အများကြီးရင်ဆိုင်ခဲ့ရတဲ့အနေအထားတွေနဲ့ ကြုံရတယ် ဆိုပြီးတော့ သတင်းအချက်အလက်အစီရင်ခံစာတွေမှာ ဖော်ပြခဲ့တာတွေရှိပါတယ်။ အဲ့ဒီ့အထဲကမှ အသံအဖွဲ့အနေနဲ့ တစိုက်မတ်မတ်ထောက်ပြခဲ့တာ တောင်းဆိုခဲ့တာတွေရှိတယ် ဆိုတဲ့အခါ ကျတော့ ဘယ်လိုချိုးဖောက်မှုခံခဲ့ရလဲ ဘယ်လိုစိန်ခေါ်မှုတွေနဲ့ကြုံခဲ့ရသလဲဆိုတာကို အရင်ဆုံးရှင်းပြပေးပါရှင့်။

ကိုရဲဝေဖြိုးအောင်။ ။ ဟုတ်ကဲ့ခင်ဗျ။ လက်ရှိသက်တမ်းမှာ ကျနော်တို့မြင်တာ ကတော့ စိန်ခေါ်မှုအနေနဲ့ ဆိုရင်တော့- ဒီမိုကရေစီယဉ်ကျေးမှုကို ဖော်ဆောင်ဖို့ရာမှာ အဓိက စိန်ခေါ်မှုဖြစ်တယ်။ ဒီမိုကရေစီယဉ်ကျေးမှုဆိုတာကို အဓိက ကျနော် ဘာကိုဆိုလိုချင်သလဲ ဆိုတော့ အချက်၂ချက်နဲ့ပြောချင်ပါတယ်။ တခုက လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ဖြစ်ပါတယ်။ နောက်တခုက အရပ်သားအခန်းကဏ္ဍဖြစ်ပါတယ်။ အဲ့ဒီ့နှစ်ခုစလုံးကလည်း ဆက်စပ်နေပါတယ်။ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ဆိုတဲ့ ဆိုရှယ်မီဒီယာတွေမှာဖြစ်စေ ဘလော့ခ်တွေ ဝဘ်ဆိုက်ဒ်တွေမှာဖြစ်စေ မြေပြင်မှာဖြစ်စေ ကိုယ်ယုံကြည်တာတွေကို ပြောနိုင်ဖို့ ဆိုနိုင်ဖို့- ဝေဖန်ထောက်ပြနိုင်ဖို့-ပြီးတဲ့အခါမှာ ကိုယ်မကြိုက်ရင် မကြိုက်တဲ့အကြောင်း ပြောနိုင်ဖို့ဆိုတဲ့အကြောင်းအရာတွေမှာက ပြည်သူတွေမှာ အခက်အခဲတွေ အများကြီး ရှိခဲ့တယ်ပေါ့နော်။

နံပတ်တစ်က ဒီလိုမတရားတဲ့ဥပဒေတွေရှိနေခြင်းက ပြည်သူတွေအတွက်ကို " Self Censorship " လို့ခေါ်တဲ့ ကိုယ့်ဘာသာကိုယ် နှုတ်ပိတ်လိုက်မှုကိုဖြစ်စေတယ်ပေါ့နော်။ "၆၆ဃ"လိုမျိုး နာမည်ကျော်ဥပဒေတွေ ရှိနေတယ်။ " နိုင်လွတ်လုံ" လို့ ဥပဒေတွေရှိတယ်။ အကြမ်းဖက်မှုဥပဒေတွေ မတရားသင်းဥပဒေတွေရှိသေးတယ်။ အဲ့ဒီ့အခါမှာ သာမာန်ပြည်သူတွေ အရပ်သားပြည်သူတွေက နိုင်ငံရေးနဲ့ပတ်သက်လို့ အကြောင်းအရာ တခုခုကိုပြောဆိုမယ်ဆိုရင် "ငါတော့ ၆၆ဃ နဲ့ တရားစွဲခံရမလား"တို့ ငါတော့ ဘယ်လိုဥပဒေမျိုးနဲ့တရားစွဲခံရနိုင်မလဲ ဆိုတာကို ပြည်သူတွေက အကြောက်တရားနဲ့ခံစားရပြီးတော့မှ ပြည်သူတွေက " Self Censorship " ဖြစ်နေတယ်ပေါ့နော်။ သတင်းမီဒီယာတွေမှာလည်း သတင်းတပုဒ်မရေးခင်မှာ အကြိမ်ကြိမ်ကို စဉ်းစားနေရတဲ့အနေအထားဖြစ်နေတယ်။ ပြီးတော့ တာဝန်ယူထားတဲ့အစိုးရတွေ တပ်မတော်တွေ စတဲ့ အာဏာပါဝါပြုရေးပိုင်းမှာ Decision ချမှတ်နိုင်စွမ်းရှိတဲ့သူတွေအကြောင်းကိုရေးလို့ရှိရင် ပိုတောင်သတိထားရမယ့်အနေအထားဖြစ်နေတယ်။ ဒါကြောင့် အကြောက်တရားရော " Self Censorship "ရော က လွှမ်းမိုးလာပြီးတော့မှ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ဆိုတဲ့ ဒီမိုကရေစီယဉ်ကျေးမှုကို အကောင်အထည်ဖော်ဖို့ရာမှာ အခက်အခဲတွေဖြစ်နေတာ ကိုတွေ့ရပါတယ်။ အဲ့တာတွေကို မတရားနဲ့ဥပဒေတွေနဲ့ ထောင်ဒဏ်တွေချနေတာကလည်း သက်သေပဲ။ အခုဆိုရင် ရခိုင်မှာဖြစ်နေတဲ့ ပြည်တွင်းစစ်ကို ဆန့်ကျင်တာတို့ အင်တာနက်ကိုပြန် ဖွင့်ပေးဖို့တောင်းဆိုတဲ့ကျောင်းသားတွေဆိုရင် အခု ထောင်ဒဏ်၇နှစ်ကျော် ကျခံထားရတယ်။ ဒေါင်းတို့မျိုးဆက်ဆိုလည်း အကြိမ်ကြိမ်ရုံးထုတ်ပြီး ထောင်ဒဏ်တွေ နှစ်ရှည် ချမှတ်ခံနေရတယ်။ ဒါတွေက တော်တော်ကို လွန်ကျူးလာတဲ့အချက်တွေပဲ။ ဒီမိုကရေစီ ယဉ်ကျေးမှုတွေ ချိုးဖောက်ခံနေရတယ် ရှေ့ကိုတည့်တည့် မသွားဘူးလို့မြင်ရတာပေါ့နော်။

မဆုမွန်။ ။ ဟုတ်ကဲ့ အဲ့ဒီ့တော့ ဒီအရပ်သားအစိုးရလက်ထက်မှာ အဓိက အများဆုံး တရားစွဲဆိုခံရ အမှုဖွင့်ရတဲ့ပုဒ်မတွေက ဘယ်လိုပုဒ်မတွေဖြစ်သလဲ။ ဒီပုဒ်မတွေနဲ့ တရားစွဲဆို အမှုဖွင့်ခံရတဲ့သူတွေရဲ့ ပုဂ္ဂိုလ်တွေထဲမှာလည်း တက်ကြွလှုပ်ရှားသူတွေပါမယ် သတင်းမီဒီယာသမားတွေပါနေတယ်ဆိုတော့ အဲ့ဒီ့အခြေအနေကိုလည်း နည်းနည်းရှင်းပြပေးပါရှင့်။

ကိုရဲဝေဖြိုးအောင်။ ။ တရားစွဲဆိုအသုံးပြုမှုအများဆုံးပုဒ်မကတော့ ဆက်သွယ်ရေးဥပဒေပုဒ်မ ကတော့ "၆၆ဃ" ဖြစ်နေတာကိုတွေ့ရတယ်။ ဒီဆက်သွယ်ရေးဥပဒေ "၆၆ဃ" ပုဒ်မပြီးရင်တော့ ငြိမ်းစုစီဥပဒေကို အသုံးပြုပြီးတော့ လွတ်လပ်စွာစီတန်းလှည့်လည်ဆန္ဒထုတ်ဖော်ခွင့်ကို ပိတ်ပင်တာတွေ့ရတယ်။ ပြီးတဲ့အခါမှာ နိုင်လွတ်လုံဥပဒေပါ။ နောက် နာမည်ကြီးဥပဒေ ပုဒ်မဖြစ်တဲ့ " ၅၀၅ က / ၅၀၅ ခတို့"ကတော့ နောက်ကနေ လိုက်လာတဲ့ ဥပဒေအများဆုံးဖြစ်နေတာကို တွေ့ရပါတယ်။ အဲ့ဒီ့အထဲမှာမှ ဟိုးအရင်ခေတ်တုန်းက ထောင်ဒဏ် တသက်တကျွန်းချလေ့ရှိတဲ့ စစ်အစိုးရတွေသုံးလေ့ရှိတဲ့ "နိုင်ငံတော်သစ္စာဖောက်ဖျက်ပုန်ကန်မှု" ဆိုတဲ့ပုဒ်မတွေကိုလည်း ဆက်သုံးနေတာတွေ့ရတယ်။ ပုဒ်မ ၁၂၄(က)ပေ့ါ။ ရခိုင်မှာ ဒေါက်တာအေးမောင်နဲ့ စာရေးဆရာဝေဟင်အောင်တို့ဆိုရင် ထောင်ဒဏ်နှစ်(၂၀)အထိကျခံထားတာကိုတွေ့ရပါတယ်။

ဒီလိုဥပဒေအကြောင်းတွေကိုပြောရမယ်ဆိုရင် ဒီအရပ်သားအစိုးရလက်ထက်မှာကိုပဲ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကိုချိုးဖောက်တဲ့အခြားသောဥပဒေတွေ ထပ်ပေါ်ပေါက်လာတာ ကိုတွေ့ရပါတယ်။ ဥပမာဆို နိုင်လွတ်လုံ ဥပဒေပေါ်ပေါက်ခဲ့တယ်။ ပြီးရင် "National Archive Law" ဆိုတဲ့ ဥပဒေကလည်းပဲ လွတ်လပ်ခွင့်ကို ချိုးဖောက်ထားတာတွေ့ရတယ်။ ဒီဥပဒေပုဒ်မတွေ ချိုးဖောက်မှုနဲ့ အများဆုံးတရားစွဲဆိုခံရတာကတော့ အများပြည်သူဖြစ်ပါတယ်။ ပြီးတဲ့အခါမှာ တက်ကြွလှုပ်ရှားသူတွေနဲ့ သတင်းမီဒီယာသမားတွေက အများဆုံး နောက်ထပ် တရားစွဲဆိုခံရ တာတွေ့ရပါတယ်။ ပြီးတဲ့အခါမှာ နိုင်ငံရေးပါတီဝင်တွေလည်းပဲ တရားစွဲဆိုခံရတယ်။ နောက် ဘာသာရေးဆိုင်ရာပုဂ္ဂိုလ်တွေ မြဝတီဆရာတော်လို နောက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ဝင်တွေလည်း တရားစွဲဆို ခံရတာတွေ့ရတယ်။ ထူးထူးခြားခြား လွှတ်တော်ကိုယ်စားလှယ်တွေ လည်း လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်နဲ့ တရားစွဲဆိုခံရတာတွေ့ရတယ်။ လွှတ်တော် ကိုယ်စားလှယ်တွေထဲမှာဆို သူတို့ရဲ့ပါတီကကို ပြန်တရားစွဲဆို တာတွေလည်း တွေ့ရပါတယ်။ စုစုပေါင်း တရားစွဲဆိုခံရမှုပေါင်း ၅၃၉မှု ရှိပြီးတော့ လူပုဂ္ဂိုလ်ပေါင်းက ၁,၀၅၁ ဦး တရားစွဲဆိုခံရတာကို တွေ့ရပါတယ်ခင်ဗျ။

မဆုမွန်။ ။ အဲ့ဒီ့တော့ ဒီလိုတရားစွဲဆိုမှုတွေ ဒီတရားစွဲဆိုမှုတွေနဲ့ အမှုရင်ဆိုင်နေရတဲ့ အနေအထားတွေမှာ ဘယ်လိုပုဂ္ဂိုလ် အဖွဲ့အစည်းတွေဘက်က တရားစွဲဆိုတာတွေကနေ တရားစွဲဆိုနေတာတွေကို တွေ့ရှိရပါသလဲရှင့်။ အများစု လုပ်နေတာတွေပေါ့နော်။

ကိုရဲဝေဖြိုးအောင်။ ။ ကျနော်တို့ အများဆုံးတရားစွဲဆိုမှုတွေကိုတွေ့ရတာကတော့ အစိုးရအဖွဲ့ပါ။ အစိုးရအဖွဲ့ပြီးရင်တော့ တပ်မတော်ကနေ တရားစွဲဆိုတာတွေကိုလည်း တွေ့ရပါတယ်။ ပြီးတဲ့အခါမှာ လွှတ်တော်ကိုယ်စားလှယ်တွေဘက်က တရားစွဲဆိုတာတွေကိုလည်း တွေ့ရပါတယ်။ ဒီ၃ခုကတော့ အများဆုံး ၃ခုလို့ပြောလို့ရပါတယ်။ နိုင်ငံတော် Institution လို့ပြောရမယ့်အဖွဲ့အစည်းတွေကနေ တရားစွဲဆိုတာတွေ့ရတယ်။ အစိုးရအဖွဲ့တွေကနေ တရားစွဲဆိုတဲ့အခါမှာလည်း ပုံစံအမျိုးမျိုးကိုတွေ့ရတယ်။ အချို့ကကျတော့ အစိုးရအဖွဲ့က တိုက်ရိုက်ဝေဖန်ထောက်ပြတဲ့သူတွေကို အစိုးရအဖွဲ့ဝင်တွေက တိုက်ရိုက်တရားစွဲတာ။ ဒါမှမဟုတ်ရင်လည်းပဲ " နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်" လိုပုဂ္ဂိုလ်မျိုး ကိုဝေဖန်လို့ ဆိုပြီးတော့မှ အစိုးရဝန်ထမ်းတွေက တရားဝင် တရားစွဲတာမျိုးတွေ ဒီလိုကိစ္စတွေကိုလည်း တွေ့ရပါတယ်။

ပြီးတဲ့အခါမှာ တပ်ကနေ တရားစွဲဆိုတာ စစ်တပ်ကနေ တရားစွဲတာတွေ တော်တော်များများ လုပ်တာကိုတွေ့ရပါတယ်။ အဲ့မှာထူးခြားတာက စစ်တပ်ကို ဝေဖန်မှုတွေနဲ့ပတ်သက်ပြီးတော့မှ ရဲတပ်ဖွဲ့ကနေ တရားဝင်စွဲပေးတဲ့ကိစ္စတွေလည်း တွေ့ရပါတယ်။ နောက် လွှတ်တော် ကိုယ်စားလှယ်တွေဘက်က တရားစွဲဆိုတာတွေလည်း အတော်များတယ်လို့ပြောလို့ရပါတယ်။ အထူးသဖြင့် လွှတ်တော်ကိုယ်စားလှယ်တွေဘက်က အသရေဖျက်မှု ဥပဒေတွေသုံးပြီးတော့မှ အရပ်သားပြည်သူတွေကို တိုက်ရိုက်တရားစွဲဆိုတာမျိုးလည်း တွေ့ခဲ့ရပါတယ်ခင်ဗျ။

မဆုမွန်။ ။ အဲ့ဒီ့တော့ ဒီပထမသက်တမ်းထဲမှာ ဒီလိုအနေအထားတွေ ကြုံခဲ့ကြရတယ် ရင်ဆိုင်ခဲ့ကြရတယ်ဆိုတဲ့အခါကျတော့။ ပြီးခဲ့တဲ့ ၂၀၂၀ပြည့်နှစ် ရွေးကောက်ပွဲမှာ ပြည်သူအများက လက်ရှိအစိုးရ NLD ကိုပဲ တခဲနက် ပြန်ပြီး မဲပေးရွေးချယ်ခဲ့တာကြောင့်မို့ ပြီးခဲ့တဲ့သက်တမ်းမှာ ကြုံခဲ့ရတဲ့ အနေအထားတွေ အခြေအနေတွေကို ကိုရဲဝေဖြိုးအောင်တို့ အသံအဖွဲ့လို အဖွဲ့တွေဘက်က တင်ပြခဲ့တာတွေ အရပ်ဖက်အဖွဲ့အစည်းတွေဘက်က အချက်အလက်တွေ အများကြီးနဲ့ ထောက်ပြခဲ့တာတွေလည်းရှိတော့-ဒါတွေနဲ့ပတ်သက်ပြီး ရှေ့လာမယ့်သက်တမ်းမှာ ဘာတွေ လုပ်သင့်တယ်လို့ အကြံပေးချင်တာ တိုက်တွန်းတောင်းဆိုချင်တာ ရှိပါသလဲရှင့်။

ကိုရဲဝေဖြိုးအောင်။ ။ အဲ့ဒီ့မှာ အရေးကြီးနဲ့ အရင်ဆုံးလုပ်ရမယ့် အရေးအကြီးဆုံးလုပ်ငန်းသည် ရှိနေတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို အမြန်ဆုံးလွှတ်ပေးဖို့ဖြစ်ပါတယ်။ အခုဆိုရင် နိုင်ငံရေးအကျဉ်းသားရာနဲ့ချီ ထောင်အသီးသီးမှာ ရှိကြတယ်။ တချို့ဆိုရင် တရားရုံးကနေ အမိန့်မချသေးပဲနဲ့ တရားရုံးက ချမယ့်အမိန့်ကို စောင့်စားနေကြရတဲ့ အချုပ်ကျနေတဲ့သူတွေလည်း အများကြီးရှိနေတယ်။ အဲ့ဒီ့နိုင်ငံရေးအကျဉ်းသားတွေကို လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ချက်ခြင်းလွှတ်ပေးဖို့အရေးကြီးတယ်။ တရားစွဲဆိုထားတဲ့ ပုဒ်မတွေပြန်ရုပ်သိမ်းဖို့ အရေးကြီးပါတယ် အဲ့တာကတော့ First Step ပေါ့နော် အစိုးရအနေနဲ့ ပထမဆုံးအနေနဲ့ မဖြစ်မနေ လုပ်ဖို့ တိုက်တွန်းပါတယ်။ ဒုတိယအနေနဲ့ကတော့ ဖျက်သိမ်းရမယ့်ပြင်ဆင် ရမယ့်ဥပဒေတွေကို လွှတ်တော်ကနေ ဖျက်သိမ်းပြင်ဆင်တာတွေလုပ်ပြီးတော့ ပြည်သူ့ရပိုင်ခွင့်ဖြစ်တဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်တွေကို အမှန်တကယ်မြှင့်တင်ပေးမယ့် ဥပဒေယန္တယားတွေကို ဖော်ဆောင်ဖို့ကိုလည်း လုပ်ပေးဖို့ တိုက်တွန်းချင်ပါတယ်။အဲ့တာတွေကိုမလုပ်ဘူးဆိုရင် နိုင်ငံကတော့ အပျက်အပျက်နဲ့နှာခေါင်းသွေးထွက်ပြီး ၂၁ရာစုမှာ လူ့အခွင့်အရေးချိုးဖောက်နေတဲ့ နိုင်ငံတရပ်အနေနဲ့ဆက်ရှိနေမယ်။

မဆုမွန်။ ။ ဟုတ်ကဲ့ အခုဆွေးနွေးခဲ့တာတွေက အစိုးရ၊ လွှတ်တော် အုပ်ချုပ်မှု ယန္တယားပိုင်းတွေကနေ ပြင်ဆင်ရမယ့်ဟာတွေပေါ့။ ဆိုတော့ ပြည်သူလူထု ဘက်ကိုပြန်ကြည့်ကြ ရအောင်ပါ။ ပြည်သူတွေဘက်က ဒီလိုလွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နဲ့ ပတ်သက်ပြီး ဒါတွေဟာ ကိုယ့်ရဲ့ ရပိုင်ခွင့် ရှိတယ်ဆိုတဲ့အနေအထားကို ကျယ်ကျယ်ပြန့်ပြန့်နဲ့သိလာအောင် နောက်ပြီး လူထုကလည်း ဒါတွေဟာ ကိုယ့်ရဲ့ နဂိုမူလရပိုင်ခွင့်တွေဖြစ်တယ်ဆိုတာကို သိလာအောင် ဒီအရပ်ဖက်အဖွဲ့အစည်းတွေနဲ့ အတူ အစိုးရတာဝန်ရှိသူတွေ လှုပ်ရှားသူတွေဘက်က ဘာတွေ လုပ်ပေးနိုင်တာရှိမလဲ။ နောက် လူထုကိုရော ဘာသတင်းစကားပါးချင်တာရှိလဲ။

ကိုရဲဝေဖြိုးအောင်။ ။ ဒီအခါမှာ အရပ်ဖက်အဖွဲ့အစည်းတွေရဲ့ လွတ်လပ်ခွင့်ကလည်း အရေးကြီးလာပါတယ်။ ဆိုတော့ အစိုးရအဖွဲ့တွေအနေနဲ့ ဒီအရပ်ဖက် အဖွဲ့အစည်းတွေပေါ် ထားတဲ့ သဘောထား အနုတ်လက္ခဏာဆောင်နေတဲ့ သဘောထားတွေကိုလည်း ဖျောက်ဖျက်ပစ်ဖို့က အရေးကြီးပါတယ်။ အောက်ခြေမြေပြင်မှာဆိုလည်း အစိုးရအဖွဲ့အစည်းတွေဘက်က အရပ်ဖက်အဖွဲ့အစည်းတွေ အခမ်းအနားတွေ လှုပ်ရှားမှုတွေ လုပ်တဲ့အခါမှာ နည်းလမ်းမျိုးစုံနဲ့ တားဆီးတာတွေ ခွင့်မပြုတာတွေကိုတွေ့ရတယ်။ ဥပမာဆိုရင် ဒီ COVID 19 ကာလမှ တားဆီးခဲ့တာတွေရှိတယ်။ ကိုဗစ်ကာလမှာ တားဆီးခဲ့တာဆိုရင်လည်း အစိုးရအဖွဲ့ဘက်က ကိုဗစ်ကြောင့်ဆိုတဲ့အကြောင်းပြချက်နဲ့ တားတာတွေရှိတယ် သို့ပေမဲ့ တကယ်တမ်းကြည့်တဲ့ အခါမှာ အရပ်ဖက်အဖွဲ့အစည်းတွေဘက်က ကိုဗစ်နဲ့မဆိုင်တဲ့ အခြားသောပုံစံမျိုးတွေနဲ့ လုပ်တာတွေကိုလည်း အမျိုးမျိုးတားဆီးခဲ့တာတွေ တွေ့ရပါတယ်။

COVID19 မဖြစ်ခင်တုန်းကဆိုရင်လည်းပဲ အထူးသဖြင့် ပြည်နယ်တွေမှာပေါ့နော် ပြည်နယ်တွေမှာဆိုရင် ပြည်နယ်အခြေစိုက် အရပ်ဖက်အဖွဲ့အစည်းတွေကနေ လုပ်တဲ့ သတင်းစာရှင်းလင်းပွဲတို့ ကမ်ပိန်းလုပ်တာတို့မှာလည်း အမြဲတမ်းတားဆီးခဲ့တာကိုတွေ့ရပါတယ်။ ကျနော်တို့သုတေသနအရ မြန်မာတနိုင်ငံလုံးမှာ အတားဆီးအခံရဆုံးက ကရင်နီပြည်နယ် ခေါ် ကယားပြည်နယ်ပါ။ ထိုနည်းတူစွာပဲ ကချင်ပြည်နယ် ရခိုင်ပြည်နယ် ပြီးရင် ရှမ်းပြည်နယ်ပေါ့နော် ရှမ်းပြည်နယ်အခြေစိုက်တဲ့ အရပ်ဖက်အဖွဲ့အစည်းတွေကလည်းပဲ ဒီလိုပြဿနာတွေ ကြုံခဲ့ရတယ်ပေါ့နော်။ ဒါကြောင့် အရပ်ဖက်အဖွဲ့အစည်းတွေရဲ့ အရပ်ဖက်ဘောင် ချဲ့ထွင်ပေးဖို့ လုပ်ဆောင်နေတာကို အစိုးရအနေနဲ့ အသိအမှတ်ပြုပေးဖို့လိုတယ်။ အဲ့တာမှပဲ ခုနကပြောတဲ့ အရပ်ဖက်အဖွဲ့အစည်းတွေကနေပြီးတော့မှ တကယ့်ပြည်သူတွေနဲ့ ချိတ်ဆက်တာတွေ အသိပညာဖြန့်ဝေတာတွေ လူထုရဲ့အသံကို ရယူတာတွေ စတဲ့လုပ်ငန်းစဉ်တွေကို ကောင်းကောင်းလည်ပတ်နိုင်မှာဖြစ်တယ်ပေါ့နော်။

နောက် ပြည်သူတွေအနေနဲ့ကလည်း "Self Censorship " လို့ခေါ်တဲ့ ကိုယ့်ပါးစပ်ကိုယ်ပိတ် ခဲ့တာမျိုးတွေရှိမယ် ဒါကလည်း အရှေ့တွေမှာ အများကြီး ချိုးဖောက်ခံထားရတဲ့ အရေးယူမှုတွေ ရှိခဲ့တယ်ဆိုတော့ ကြောက်လန့်မှုတွေရှိနိုင်တယ်။ သို့သော်လည်းပဲ တကယ့်ဒီမိုကရေစီ အကူးအပြောင်းနဲ့ ဒီမိုကရေစီယဉ်ကျေးမှုကို ဖော်ဆောင်တဲ့အခါမှာ ကျနော်တို့အားလုံးက အနာဂတ်မှာ ရလာမယ့် အလင်းရောင် လွတ်လပ်ခွင့် ဒီမိုကရေစီ တကယ်ပြည့်ဝတဲ့ လူ့အခွင့်အရေးတွေ ရလာမှာတွေကို ရှု့မြင်ပြီးတော့ အများပြည်သူအနေနဲ့ မပြီးဆုံးသေးတဲ့ တိုက်ပွဲကို ဆက်ဝင်ရဦးမယ်။ လွတ်လပ်ခွင့်တွေရဖို့ ဆက်ပြီး ရပ်တည် လှုပ်ရှား ရုန်းကန်နေကြရဦးမယ်လို့ ကျနော်တို့မြင်တယ်။ ၂၀၁၅တုန်းက လူထုက တင်လိုက်တဲ့ NLD နိုင်ပြီး အပြောင်းအလဲတွေဖြစ်တယ်။ အခု၂၀၂၀မှာလည်းပဲ လူထုကြိုက်တဲ့ပါတီကိုပဲ မဲပေးတယ်ဆိုပေမဲ့ ဒီမိုကရေစီကို လုံးလုံးပြောင်းသွားတာမဟုတ်သေးပါဘူး။ လွတ်လပ်ခွင့်တွေ လုံးဝရသေးတာမဟုတ်ဘူး။ ကျနော်တို့ မရသေးတဲ့ လွတ်လပ်ခွင့်တွေအတွက် ဆက်ပြီးတော့မှ ရင်ဆိုင်တိုက်ပွဲဝင်ကြရဦးမယ် လို့ ပြောချင်ပါတယ်ခင်ဗျ။

မဆုမွန်။ ။ ဟုတ်ကဲ့ ကိုရဲဝေဖြိုးအောင်။ ဆိုတော့ အခု ၂၀၂၀ကလည်းပဲ ဒီရက်ပိုင်းအတွင်းမှာပဲ နှစ်ဟောင်းကုန်ဆုံးပြီး ၂၀၂၁ နှစ်သစ်ကို ကူးပြောင်းတော့မယ့်နှစ်သစ်ကူးကာလမှာ မတ်လ ၃၁ ဧပြီလဆန်းမှာ နောက်ထပ် အုပ်ချုပ်မှုသက်တမ်းအသစ်တခု ဆက်သွားတော့မယ်ဆိုတော့ အဓိက မြန်မာနိုင်ငံအတွက် မြန်မာပြည်သူပြည်သားတွေအတွက်ရော အထူးသဖြင့် တိုင်းပြည်ကို အုပ်ချုပ်မယ့်အစိုးရတွေအတွက် ဒီနှစ်သစ်မှာ လွတ်လပ်စွာပြောဆိုခွင့်အသံရဲ့ ကိုယ်စား တောင်းဆိုချင်တာ ဆုတောင်းပေးချင်တာ ဘာများရှိမလဲရှင့်။

ကိုရဲဝေဖြိုးအောင်။ ။ "ဒီမိုကရေစီယဉ်ကျေးမှု" ကိုဖော်ဆောင်နိုင်တဲ့ တည်ဆောက်နိုင်တဲ့ လူ့အဖွဲ့အစည်းတရပ်ကို အားလုံးက ဝိုင်းဝန်းပြီးတော့မှ ဖော်ဆောင်ကြရအောင်ပါ လို့ပြောချင်ပါတယ်။ ပြီးတဲ့အခါမှာ လာမယ့်နှစ်သစ်မှာလည်းပဲ နှစ်ဟောင်းမှာ ကြုံခဲ့ရတဲ့ အညစ်အကြေးတွေ အထူးသဖြင့် နိုင်ငံထဲမှာ စိတ်ပူပန်ခံရမှုတွေ စိတ်ရှုပ်ခဲ့ရမှုတွေ နိုင်ငံရေး စစ်ရေးအခြေအနေတွေကြောင့်မို့ မပျော်ရွှင်ခဲ့ရမှုတွေကို ထားခဲ့ပြီးတော့မှ ဒီနှစ်သစ်မှာ ကျနော်တို့စိတ်သစ်တွေနဲ့ ရင်ဆိုင်ကြရအောင်ပါလို့ ပြောချင်ပါတယ်။ နောက်ပြီးတဲ့အခါ မှာလည်းပဲ အစိုးရအဖွဲ့တွေ လွှတ်တော်တွေ တပ်မတော်စတဲ့ အာဏာပါဝါရှိတဲ့သူတွေကိုလည်း စိတ်ကြည်ကြည်လင်လင်နဲ့ နိုင်ငံရေး သဘောထားဖြူဖြူစင်စင် နဲ့ ပြည်သူတွေရဲ့အရေး ပြည်သူတွေရဲ့လွတ်လပ်ခွင့်တွေကို အပြည့်အဝပေးနိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးချင်ပါတယ်ခင်ဗျ။"

အခု လာမယ့် ၂၀၂၁ NLD အစိုးရ ဒုတိယသက်တမ်းမှာတော့ ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုတွေ ဆောင်ကျဉ်းပေးဖို့တိုက်တွန်းတဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် လှုပ်ရှားမှုအသံအဖွဲ့ရဲ့ တည်ထောင်သူ သုသေသနမန်နေဂျာ ကိုရဲဝေဖြိုးအောင်ကို ဗွီအိုအေမြန်မာပိုင်းက မဆုမွန်က ဆက်သွယ်မေးမြန်းပြီး ဒီသီတင်းပတ်ရဲ့ မြန်မာ့ဒီမိုကရေစီရေးဆွေးနွေးခန်း အစီအစဉ်မှာ တင်ဆက်ပေးထားတာဖြစ်ပါတယ်။

XS
SM
MD
LG