သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အင်တာနက်ဖွင့်ပေးဖို့ တောင်းဆိုလို့ ထောင်ကျသူတွေ လွှတ်ပေးဖို့ "အသံ" အဖွဲ့ တောင်းဆို


ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်က လက်နက်ကိုင်ပဋိပက္ခတွေနဲ့ အင်တာနက် ဆက်သွယ်မှု ကန့်သတ်ထားတာတွေ အဆုံးသတ်ရေး မန္တလေးမြို့မှာ ကန့်ကွက်ဆန္ဒပြသူတွေရဲ့ မြင်ကွင်း။ (စက်တင်ဘာ ၂၅၊ ၂၀၂၀) internet rakhine
ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်က လက်နက်ကိုင်ပဋိပက္ခတွေနဲ့ အင်တာနက် ဆက်သွယ်မှု ကန့်သတ်ထားတာတွေ အဆုံးသတ်ရေး မန္တလေးမြို့မှာ ကန့်ကွက်ဆန္ဒပြသူတွေရဲ့ မြင်ကွင်း။ (စက်တင်ဘာ ၂၅၊ ၂၀၂၀) internet rakhine

{{Zawgyi/Unicode}}

ရခိုင်နဲ့ချင်းပြည်နယ်တို့မှာ စစ်ပွဲတွေရပ်တန့်ဖို့ ဆန္ဒပြခဲ့ကြလို့ နှစ်ရှည်ထောင်ဒဏ် ကျခံနေရတဲ့ တက်ကြွလှုပ်ရှားသူတွေနဲ့ ကျောင်းသားသမဂ္ဂအဖွဲ့ဝင်တွေကို အမြန်ဆုံးပြန်လွှတ်ပေးဖို့နဲ့ အင်တာနက် မရရှိတဲ့နေရာတွေမှာ အင်တာနက်အမြန်ဆုံး ရရှိအောင် ဆောင်ရွက်ပေးဖို့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်အရေး ဆောင်ရွက်နေတဲ့အဖွဲ့တွေက တောင်းဆိုလိုက်တဲ့အကြောင်း ကိုထက်အောင်ခန့် က တင်ပြပေးပါလိမ့်မယ် ။

ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်တို့မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေရပ်တန့်ပြီး အင်တာနက်လိုင်းတွေ အမြန်ဆုံးပြန်ဖွင့်ပေးဖို့ တောင်းဆိုခဲ့ကြလို့ ဖမ်းဆီးထောင်ချခံထားရတဲ့ တက်ကြွလှုပ်ရှားသူတွေနဲ့ ကျောင်းသားသမဂ္ဂအဖွဲ့ဝင်တွေကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်အရေး ဆောင်ရွက်နေတဲ့ အသံအဖွဲ့က တောင်းဆိုလိုက်တာ ဖြစ်ပါတယ်။

ဒီလိုတောင်းဆိုတာနဲ့ ပတ်သက်လို့ အသံအဖွဲ့က တည်ထောင်သူလည်းဖြစ် သုတေသန မန်နေဂျာလည်းဖြစ်တဲ့ ကိုရဲဝေဖြိုးအောင်က -

“ပြီးခဲ့တဲ့လပိုင်းတွေမှာ အင်တာနက်ဖြတ်တောက်မှုကို ဆန့်ကျင်တာတွေ ပြည်တွင်းစစ်ကိုဆန့်ကျင်တာတွေနဲ့ ပတ်သက်ပြီးတော့မှ ဆန့်ကျင်တောင်းဆိုခဲ့ကြတဲ့ လူ့အခွင့်ရေး တောင်းဆိုခဲ့ကြတဲ့ တက်ကြွလှုပ်ရှားသူတွေ ကျောင်းသားလူငယ်တွေ အများအပြား တရားစွဲဆိုခံနေရတယ်။ ကျွန်တော်တို့ အခုလို လွတ်လွတ်လပ်လပ် စကားတွေပြောဆိုနေတဲ့အချိန်မှာပဲ ပြည်တွင်းစစ်ကို ဆန့်ကျင်ဖို့ ထုတ်ဖော်ပြောဆိုခဲ့တဲ့ အင်တာနက်ကို ပြန်ဖွင့်ပေးဖို့ ထုတ်ဖော်ပြောဆိုခဲ့တဲ့ ကျောင်းသားတွေက ထောင် ၇ နှစ်ကျော်တောင် ချမှတ်ခံထားရတာ ဖြစ်ပါတယ်။ တက်ကြွလှုပ်ရှားသူတွေ ကျောင်းသားတွေ ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေ ပြန်လည်လွှတ်ပေးဖို့အတွက် ပြီးတဲ့အခါမှာ အင်တာနက် ဒစ်ဂျစ်တယ် အခွင့်အရေး စတာတွေကို နေရာဒေသ အပိုင်းအခြား မရှိစေဘဲနဲ့ တနိုင်ငံလုံး တန်းတူညီတူရနိုင်ဖို့အတွက် ဒစ်ဂျစ်တယ် အခွင့်အရေး အင်တာနက် သုံးစွဲနိုင်ဖို့အတွက် တောင်းဆိုပါတယ်။”

လက်ရှိမှာတော့ အင်တာနက်ပြန်ဖွင့်ပေးဖို့ တောင်းဆိုဆန္ဒပြခဲ့ကြလို့ ဖမ်းဆီးထောင်ချခံရသူ ၆၂ ဦးရှိပြီး အဲ့ထဲမှာ မန္တလေးမှာ ဆန္ဒထုတ်ဖော်ခဲ့တဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂအဖွဲ့ဝင်တွေက နှစ်ရှည်ထောင်ဒဏ် ချမှတ်ခံထားရတာလည်းဖြစ်ပါတယ်။

ဒါ့အပြင် အသံအဖွဲ့ဟာ မြန်မာနိုင်ငံရှိ ပဋိပက္ခ ဖြစ်ပွားနေတဲ့ ဒေသတွေနဲ့ ပဋိပက္ခမဖြစ်ပွားနေတဲ့ နေရာဒေသတွေမှာ သတင်းအချက်အလက်ရပိုင်ခွင့်နဲ့ ဒီဂျစ်တယ် အခွင့်အရေးတို့အပေါ် လေ့လာဆန်းစစ်တဲ့ အစီရင်ခံစာတစောင်ကို ထုတ်ပြန်ခဲ့ပါတယ်။

ဒီအစီရင်ခံစာဟာ ၁ နှစ်အကြာ လေ့လာဆန်းစစ်ခဲ့တာဖြစ်ပြီး မြန်မာနိုင်ငံရဲ့ ပဋိပက္ခ မဖြစ်ပွားတဲ့ မွန်ပြည်နယ် ကရင်ပြည်နယ် တနင်္သာရီတို့မှာလည်း အင်တာနက်မရရှိတဲ့ နေရာတွေရှိပြီး ဒစ်ဂျစ်တယ် အခွင့်အရေး ဆုံးရှုံးနေတယ်လို့ဆိုပါတယ်။

အင်တာနက် သုံးစွဲခွင့်ရရှိတဲ့နေရာတွေမှာလည်း လူမှုကွန်ယက်ပေါ်မှာ ရေးသားတာတွေနဲ့ ပတ်သက်ပြီး နိုင်ငံရေးပုဒ်မတွေနဲ့ တရားစွဲဆိုတာတွေ ပြုလုပ်တာတွေရှိတဲ့အတွက် ဒစ်ဂျစ်တယ် အခွင့်အရေး ဆုံးရှုံးတာတွေ ရှိတယ်လို့ သုတေသနမှာပါဝင်ခဲ့သူ တစ်ဦးဖြစ်တဲ့ မပန်းဆုပြည့်အိမ် က ဆိုပါတယ်။

“အင်တာနက်သုံးစွဲသူတွေ အင်တာနက်ရကြတယ်။ သူတို့မှာကော ဘယ်လိုမျိုးချိုးဖောက်ခံရမှုတွေရှိလည်းဆိုပြီး သုတေသန လုပ်လိုက်တဲ့အခါမှာဆိုရင် တချို့ချိုးဖောက်မှုတွေ တွေ့ရတယ်ပေါ့။၂ဝ၂ဝ သြဂုတ်လတုန်း ကဆိုရင် မန္တလေးတိုင်းဝန်ကြီးချုပ်နဲ့ ဝန်ကြီးတွေကို ဝေဖန်တဲ့ Social media သုံးစွဲသူ တဦးကို နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄ (က) နဲ့ တရားစွဲခဲ့တာကို တွေ့ရတယ်ပေါ့နော်။ နိုင်ငံတော်အကြည်ညို ပျက်စေမှု ၁၂၄ (က) ဆိုရင် အနှစ် ၂ဝ အထိ ကျနိုင်တဲ့ ပုဒ်မမျိုးပေါ့နော်။ နိုင်ငံတော် အစိုးရတွေ နိုင်ငံရေး သဘောအရ ဝေဖန်တာတွေကို ဥပဒေတွေနဲ့ ပြင်းပြင်းထန်ထန်ပြုလုပ်နေတာတွေကိုလည်း တွေ့နေရတယ်ပေါ့။ အဲ့လိုချိုးဖောက်ခံရတာတွေလည်း တွေ့နေရတယ် မြင်နေရတယ်။”

ဒါ့အပြင် ပဋိပက္ခတွေ ဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ်မှာ အင်တာနက်ဖြတ်တောက်ထားတာကြောင့် ကိုဗစ်ဖြစ်ပွားချိန် ပြည်သူတွေအနေနဲ့ သတင်းအချက်အလက်ရရှိမှုတွေ နှောင့်နှေးခဲ့တာတွေလည်း ရှိခဲ့ပါတယ်။

ရခိုင်ပြည်နယ်မှာ တပ်မတော်နဲ့ အေအေ တိုက်ပွဲတွေ စတင်ဖြစ်ပွားခဲ့ချိန်ကစလို့ အင်တာနက်လိုင်း ဖြတ်တောက်ထားတာ ၁ နှစ်ကျော်လာပြီဖြစ်ပြီး လက်ရှိအချိန်မှာ အင်တာနက်အမြန်နှုန်း 2G ပဲ ဖွင့်ပေးထားပါတယ်ခင်ဗျာ။

..........................................................

တိုက်ရိုက် လင့်ခ်

{{Unicode}}












XS
SM
MD
LG