သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

လံုျခံဳေရးပိုင္းအဖြဲ႔ေတြ ၫႊန္ၾကားရင္ ရခိုင္မွာ အင္တာနက္ျပန္ဖြင့္ေပးမယ္


ရခိုင္ျပည္နယ္ ေျမာက္ဦးၿမိဳ႕က ဆက္သြယ္ေရး တာဝါတိုင္ တခု။ (ဓါတ္ပံု- Phyo Hein Kyaw/AFP/Getty Images - မတ္ ၁၀၊ ၂၀၁၈)

[Zawgyi/Unicode]

လက္နက္ကိုင္ပဋိပကၡေတြ တည္ၿငိမ္လာတဲ့ ရခိုင္ျပည္နယ္က ၿမိဳ႕နယ္တခ်ိဳ႕နဲ႔ ခ်င္းျပည္နယ္ ပလက္ဝၿမိဳ႕နယ္မွာ လံုၿခံဳေရးတာဝန္ရွိ္သူေတြဘက္က အေၾကာင္းၾကားလာရင္ အင္တာနက္လိုင္းေတြကို နဂိုမူလအတိုင္း ဖြင့္ေပးဖို႔ရွိတယ္လို႔ တာဝန္ရွိသူကေျပာဆိုလိုက္တဲ့ သတင္းကို ေျပာျပေပးခ်င္ပါတယ္။ ဗီြအိုေအျမန္မာပိုင္း သတင္းေထာက္ ကိုသက္ႏိုင္က သတင္းေပးပို႔ထားပါတယ္။

ရခိုင္ျပည္နယ္မွာ ေရြးေကာက္ပြဲ ျပန္လည္က်င္းပေပးဖို႔ ရခိုင္လက္နက္ကိုင္ AA အဖြဲ႔ရဲ႕ ကမ္း လွမ္းခ်က္ကို တပ္မေတာ္က လက္ခံႀကိဳဆိုၿပီးတဲ့ ေနာက္ပိုင္းမွာ ရခိုင္ေျမာက္ပိုင္းနဲ႔ ခ်င္းျပည္နယ္ ပလက္ဝၿမိဳ႕နယ္တို႔မွာ တိုက္ပြဲေတြ ရပ္ဆိုင္းေနတယ္ဆိုေပမဲ့လည္း အင္တာနက္လိုင္းေတြကို ျမန္းႏႈန္းေလွ်ာ့ခ်ထားဆဲ ျဖစ္ပါတယ္။

လံုၿခံဳေရး တာဝန္ရွိသူေတြဘက္က အင္တာနက္လိုင္းေတြကို ျပန္လည္ဖြင့္ေပးဖို႔ ေျပာလာရင္ ရခိုင္ေျမာက္ပိုင္းနဲ႔ ခ်င္းျပည္နယ္ ပလက္ဝၿမိဳ႕နယ္မွာ အင္တာနက္လိုင္းေတြ ျပန္လည္ဖြင့္ ေပးမယ္လို႔ ဆက္သြယ္မႈ ညြန္ၾကားေရးဦးစီးဌာ ညြန္ၾကားေရးမွဴးခ်ဳပ္ ဦးမ်ိဳးေဆြ ကေျပာ ပါတယ္။

“Operator ေတြကို Instruction လုပ္ရတဲ့ က်ေနာ္တို႔ ဆက္သြယ္ေရးဝန္ႀကီးဌာနက လုပ္တာေပါ့ေနာ္။ လံုၿခံဳေရးနဲ႔ ဆက္စပ္တဲ့ ဌာနေတြကေနၿပီးေတာ့ ဒီအေျခအေနေပၚ သံုးသက္ၿပီးေတာ့ အဓိကေတာ့ တိုင္းျပည္ႏိုင္ငံေတာ္ တည္ၿငိမ္ေရးကို ထိခိုက္ႏို္င္တဲ့ဟာေပါ့... ၿပီးခဲ့တဲ့ ႏွစ္ေတြကေတာ့ ပိတ္ထားတာ ေနာက္ပိုင္းေတာ့ တျဖည္းျဖည္း အေျခအေန ေကာင္း လာေတာ့ ၿပီးခဲ့တဲ့ ေလး၊ ငါး၊ ေျခာက္လေလာက္က 2G အင္တာနက္ ျပန္ဖြင့္ေပးခဲ့တယ္။ စီးပြားေရး၊ လူမႈေရး ဆက္သြယ္လို႔ရေအာင္ေပါ့။ ဒါနဲ႔ ပတ္သတ္ၿပီးေတာ့ မူလအတိုင္း 4G စနစ္ ျပန္ဖြင့္ဖို႔က်ေတာ့ လံုၿခံဳေရးနဲ႔ ပတ္သက္တဲ့ ႏိုင္ငံေတာ္တည္ၿငိမ္ေရးနဲ႔ ပတ္သတ္တဲ့ အဖြဲ႔အစည္းေတြက ျပန္သံုးသပ္ၿပီးေတာ့ က်ေနာ္တို႔ဆီကို ညႊန္ၾကားရင္ေတာ့ က်ေနာ္တို႔က Operator ေတြကို ျပန္ညြန္ၾကားေပးရမွာေပါ့ အဲဒီလိုေတာ့ ရွိတယ္။”

ေဒသခံလူထုအတြက္ ထိခိုက္နစ္နာမႈ ႀကီးမားတဲ့ အင္တာနက္ ျဖတ္ေတာက္မႈေတြကို အခုလို တိုက္ပြဲေတြ ရပ္တန္႔ထားတဲ့ အေျခအေနမ်ိဳးမွာ အစိုးရအေနနဲ႔ နဂိုမူလအတိုင္း ျပန္လည္ ဖြင့္ေပးသင့္တယ္လို႔လည္း အသံအဖြဲ႔ရဲ႕ ဒါရိုက္တာ ေမာင္ေဆာင္းခကေျပာပါတယ္။

“ရခိုင္နဲ႔ ခ်င္းျပည္နယ္ဘက္ကေတာ့ ေနာက္တစ္ခု ရိုဟင္ဂ်ာအေရးကိစၥေတြပဲ ျဖစ္ျဖစ္၊ ဒီကိစၥေတြေပၚမွာ ေဘးဖယ္ထားၿပီးေတာ့ ေနာက္ဆံုး အင္တာနက္ ျဖတ္ေတာက္ထားၿပီးေတာ့ လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈကို ခြင့္ျပဳထားသလို အကာအကြယ္ေပးထားသလို ျဖစ္ေနတယ္။ တစ္ဘက္မွာလည္း က်ေနာ္တို႔၊ က်မတို႔ဟာ ဒီအစုိးရဟာ ဒီမိုကေရစီလမ္းေၾကာင္းကို ေျပာေနပါတယ္လို႔ ေျပာရင္ လူရယ္စရာျဖစ္မွာေပါ့။ အဲဒီေတာ့ တိုင္းရင္းသားေဒသေတြမွာ ဖိႏိုပ္ခံ ျပည္သူလူထုကေနၿပီးေတာ့ လက္ရွိအစိုးရအေပၚမွာ ယံုၾကည္မႈ တစ္စံုတစ္ရာရွိလာဖို႔ဆိုရင္ လက္ရွိဖိႏိွပ္ထားတဲ့ လုပ္ရက္ေတြ ဥပေဒေတြကို ျပဳျပင္ေျပာင္းလဲ ေဆာင္ရြက္ဖို႔ လုိအပ္ပါတယ္။ အဲဒါက သူတို႔ေျပာေနနဲ႔ ဒီမိုကေရစီျပဳျပင္ေျပာင္းလဲေရးကို သြားေနပါတယ္ဆိုတာကို လက္ခံၿပီးေတာ့ က်ေနာ္တို႔က ပူးေပါင္းေဆာင္ရြက္လို႔ရမယ္လို႔ ျမင္ပါတယ္။”

အင္တာနက္ပိတ္ပင္ထားတာေၾကာင့္ ေဒသခံေတြရဲ႕ က်န္းမာေရး ပညာေရး အလုပ္အကိုင္ ေတြ ထိခိုက္မႈေတြ ရွိေနတာေၾကာင့္ အင္တာနက္လိုင္းေတြကို နဂိုမူလအတိုင္း ျပန္ဖြင့္ေပးေစခ်င္တယ္လို႔ မင္းျပားေဒသခံ မခ်ိဳႏြယ္လိႈင္က ေျပာပါတယ္။

“ကိုဗစ္ ၁၉ ကာလမွာ က်မတို႔ သတင္းအခ်က္အလက္ေတြ ဘာေတြၾကည့္မယ္ဆိုရင္လည္း ရခိုင္ျပည္နယ္ ကိုဗစ္ ၁၉ ဘယ္လိုျဖစ္ေနတယ္။ ဘယ္ေလာက္ထိကူးေနၿပီလဲ က်မတို႔က ဘာသတင္းအခ်က္အလတ္မွ မရဘူး။ ၿပီးေတာ့က်မတို႔ေနတာက နယ္ဆိုေတာ့က်န္းမာေရး အသိပညာေပးတာေတြ၊ ဘာေတြ မေရာက္ဘူးေပါ့ေနာ္။ အဲဒီေတာ့ က်မတို႔က စိုးရိမ္စရာလည္း ဘာမွမရွိဘူးျဖစ္ေနတယ္။ က်မတို႔ ေဒသမွာ အင္တာနက္ ပိတ္ထားတာ တစ္ႏွစ္ေက်ာ္ရွိ ေနၿပီဆိုေတာ့ က်န္းမာေရး အရေရာ၊ ပညာေရးအရေရာ၊ အဘက္ဘက္က က်မတို႔က ေနာက္က်ေနတယ္။ သူတို႔က 2G ပဲ ျပန္ဖြင့္ေပးထားတာေပါ့ေနာ္။ က်မတို႔ကေတာ့ 4G ျပန္ဖြင့္ ေပးေစခ်င္တာေပါ့ေနာ္။”

AA ရခုိင္လက္နက္ကုိင္အဖဲြ႔နဲ႔ တပ္မေတာ္ၾကား တုိက္ပဲြေတြ စတင္ျဖစ္ပြားခဲ့တဲ့ ၂၀၁၉ ခုႏွစ္ကစလုိ႔ ရခိုင္ျပည္နယ္ ေက်ာက္ေတာ္၊ ေျမာက္ဦး၊ မင္းျပား၊ ေျမပံု၊ ရေသ့ေတာင္၊ ဘူးသီး ေတာင္၊ ပုဏၰားကၽြန္းနဲ႔ ခ်င္းျပည္နယ္က ပလက္ဝၿမိဳ႕နယ္ေတြမွာ လံုၿခံဳေရး အေၾကာင္းျပ ခ်က္နဲ႔ အင္တာနက္လိုင္းေတြကို ပိတ္ထားခဲ့တာပါ။

တႏွစ္ေက်ာ္ၾကာ ပိတ္ထားတဲ့ အင္တာနက္ ဆက္သြယ္မႈေတြကုိ ၿပီးခဲ့တဲ့ ၾသဂုတ္လဆန္းကစ ျပန္ဖြင့္ေပးလုိက္ေပမဲ့ 2G ျမန္ႏႈန္းေလာက္သာ ရရွိတာေၾကာင့္ လက္ေတြ႔ သုံးလုိ႔မရဘဲ ျဖစ္ေနတယ္လုိ႔ ေဒသခံေတြက ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

လုံခြုံရေးပိုင်းအဖွဲ့တွေ ညွှန်ကြားရင် ရခိုင်မှာ အင်တာနက်ပြန်ဖွင့်ပေးမယ်

လက်နက်ကိုင်ပဋိပက္ခတွေ တည်ငြိမ်လာတဲ့ ရခိုင်ပြည်နယ်က မြို့နယ်တချို့နဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်မှာ လုံခြုံရေးတာဝန်ရှိသူတွေဘက်က အကြောင်းကြားလာရင် အင်တာနက်လိုင်းတွေကို နဂိုမူလအတိုင်း ဖွင့်ပေးဖို့ရှိတယ်လို့ တာဝန်ရှိသူကပြောဆိုလိုက်တဲ့ သတင်းကို ပြောပြပေးချင်ပါတယ်။ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုသက်နိုင်က သတင်းပေးပို့ထားပါတယ်။

ရခိုင်ပြည်နယ်မှာ ရွေးကောက်ပွဲ ပြန်လည်ကျင်းပပေးဖို့ ရခိုင်လက်နက်ကိုင် AA အဖွဲ့ရဲ့ ကမ်း လှမ်းချက်ကို တပ်မတော်က လက်ခံကြိုဆိုပြီးတဲ့ နောက်ပိုင်းမှာ ရခိုင်မြောက်ပိုင်းနဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့မှာ တိုက်ပွဲတွေ ရပ်ဆိုင်းနေတယ်ဆိုပေမဲ့လည်း အင်တာနက်လိုင်းတွေကို မြန်းနှုန်းလျှော့ချထားဆဲ ဖြစ်ပါတယ်။

လုံခြုံရေး တာဝန်ရှိသူတွေဘက်က အင်တာနက်လိုင်းတွေကို ပြန်လည်ဖွင့်ပေးဖို့ ပြောလာရင် ရခိုင်မြောက်ပိုင်းနဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်မှာ အင်တာနက်လိုင်းတွေ ပြန်လည်ဖွင့် ပေးမယ်လို့ ဆက်သွယ်မှု ညွန်ကြားရေးဦးစီးဌာ ညွန်ကြားရေးမှူးချုပ် ဦးမျိုးဆွေ ကပြော ပါတယ်။

“Operator တွေကို Instruction လုပ်ရတဲ့ ကျနော်တို့ ဆက်သွယ်ရေးဝန်ကြီးဌာနက လုပ်တာပေါ့နော်။ လုံခြုံရေးနဲ့ ဆက်စပ်တဲ့ ဌာနတွေကနေပြီးတော့ ဒီအခြေအနေပေါ် သုံးသက်ပြီးတော့ အဓိကတော့ တိုင်းပြည်နိုင်ငံတော် တည်ငြိမ်ရေးကို ထိခိုက်နိုင်တဲ့ဟာပေါ့... ပြီးခဲ့တဲ့ နှစ်တွေကတော့ ပိတ်ထားတာ နောက်ပိုင်းတော့ တဖြည်းဖြည်း အခြေအနေ ကောင်း လာတော့ ပြီးခဲ့တဲ့ လေး၊ ငါး၊ ခြောက်လလောက်က 2G အင်တာနက် ပြန်ဖွင့်ပေးခဲ့တယ်။ စီးပွားရေး၊ လူမှုရေး ဆက်သွယ်လို့ရအောင်ပေါ့။ ဒါနဲ့ ပတ်သတ်ပြီးတော့ မူလအတိုင်း 4G စနစ် ပြန်ဖွင့်ဖို့ကျတော့ လုံခြုံရေးနဲ့ ပတ်သက်တဲ့ နိုင်ငံတော်တည်ငြိမ်ရေးနဲ့ ပတ်သတ်တဲ့ အဖွဲ့အစည်းတွေက ပြန်သုံးသပ်ပြီးတော့ ကျနော်တို့ဆီကို ညွှန်ကြားရင်တော့ ကျနော်တို့က Operator တွေကို ပြန်ညွန်ကြားပေးရမှာပေါ့ အဲဒီလိုတော့ ရှိတယ်။”

ဒေသခံလူထုအတွက် ထိခိုက်နစ်နာမှု ကြီးမားတဲ့ အင်တာနက် ဖြတ်တောက်မှုတွေကို အခုလို တိုက်ပွဲတွေ ရပ်တန့်ထားတဲ့ အခြေအနေမျိုးမှာ အစိုးရအနေနဲ့ နဂိုမူလအတိုင်း ပြန်လည် ဖွင့်ပေးသင့်တယ်လို့လည်း အသံအဖွဲ့ရဲ့ ဒါရိုက်တာ မောင်ဆောင်းခကပြောပါတယ်။

“ရခိုင်နဲ့ ချင်းပြည်နယ်ဘက်ကတော့ နောက်တစ်ခု ရိုဟင်ဂျာအရေးကိစ္စတွေပဲ ဖြစ်ဖြစ်၊ ဒီကိစ္စတွေပေါ်မှာ ဘေးဖယ်ထားပြီးတော့ နောက်ဆုံး အင်တာနက် ဖြတ်တောက်ထားပြီးတော့ လူ့အခွင့်အရေး ချိုးဖောက်မှုကို ခွင့်ပြုထားသလို အကာအကွယ်ပေးထားသလို ဖြစ်နေတယ်။ တစ်ဘက်မှာလည်း ကျနော်တို့၊ ကျမတို့ဟာ ဒီအစိုးရဟာ ဒီမိုကရေစီလမ်းကြောင်းကို ပြောနေပါတယ်လို့ ပြောရင် လူရယ်စရာဖြစ်မှာပေါ့။ အဲဒီတော့ တိုင်းရင်းသားဒေသတွေမှာ ဖိနိုပ်ခံ ပြည်သူလူထုကနေပြီးတော့ လက်ရှိအစိုးရအပေါ်မှာ ယုံကြည်မှု တစ်စုံတစ်ရာရှိလာဖို့ဆိုရင် လက်ရှိဖိနှိပ်ထားတဲ့ လုပ်ရက်တွေ ဥပဒေတွေကို ပြုပြင်ပြောင်းလဲ ဆောင်ရွက်ဖို့ လိုအပ်ပါတယ်။ အဲဒါက သူတို့ပြောနေနဲ့ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးကို သွားနေပါတယ်ဆိုတာကို လက်ခံပြီးတော့ ကျနော်တို့က ပူးပေါင်းဆောင်ရွက်လို့ရမယ်လို့ မြင်ပါတယ်။”

အင်တာနက်ပိတ်ပင်ထားတာကြောင့် ဒေသခံတွေရဲ့ ကျန်းမာရေး ပညာရေး အလုပ်အကိုင် တွေ ထိခိုက်မှုတွေ ရှိနေတာကြောင့် အင်တာနက်လိုင်းတွေကို နဂိုမူလအတိုင်း ပြန်ဖွင့်ပေးစေချင်တယ်လို့ မင်းပြားဒေသခံ မချိုနွယ်လှိုင်က ပြောပါတယ်။

“ကိုဗစ် ၁၉ ကာလမှာ ကျမတို့ သတင်းအချက်အလက်တွေ ဘာတွေကြည့်မယ်ဆိုရင်လည်း ရခိုင်ပြည်နယ် ကိုဗစ် ၁၉ ဘယ်လိုဖြစ်နေတယ်။ ဘယ်လောက်ထိကူးနေပြီလဲ ကျမတို့က ဘာသတင်းအချက်အလတ်မှ မရဘူး။ ပြီးတော့ကျမတို့နေတာက နယ်ဆိုတော့ကျန်းမာရေး အသိပညာပေးတာတွေ၊ ဘာတွေ မရောက်ဘူးပေါ့နော်။ အဲဒီတော့ ကျမတို့က စိုးရိမ်စရာလည်း ဘာမှမရှိဘူးဖြစ်နေတယ်။ ကျမတို့ ဒေသမှာ အင်တာနက် ပိတ်ထားတာ တစ်နှစ်ကျော်ရှိ နေပြီဆိုတော့ ကျန်းမာရေး အရရော၊ ပညာရေးအရရော၊ အဘက်ဘက်က ကျမတို့က နောက်ကျနေတယ်။ သူတို့က 2G ပဲ ပြန်ဖွင့်ပေးထားတာပေါ့နော်။ ကျမတို့ကတော့ 4G ပြန်ဖွင့် ပေးစေချင်တာပေါ့နော်။”

AA ရခိုင်လက်နက်ကိုင်အဖွဲ့နဲ့ တပ်မတော်ကြား တိုက်ပွဲတွေ စတင်ဖြစ်ပွားခဲ့တဲ့ ၂၀၁၉ ခုနှစ်ကစလို့ ရခိုင်ပြည်နယ် ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ ရသေ့တောင်၊ ဘူးသီး တောင်၊ ပုဏ္ဏားကျွန်းနဲ့ ချင်းပြည်နယ်က ပလက်ဝမြို့နယ်တွေမှာ လုံခြုံရေး အကြောင်းပြ ချက်နဲ့ အင်တာနက်လိုင်းတွေကို ပိတ်ထားခဲ့တာပါ။

တနှစ်ကျော်ကြာ ပိတ်ထားတဲ့ အင်တာနက် ဆက်သွယ်မှုတွေကို ပြီးခဲ့တဲ့ သြဂုတ်လဆန်းကစ ပြန်ဖွင့်ပေးလိုက်ပေမဲ့ 2G မြန်နှုန်းလောက်သာ ရရှိတာကြောင့် လက်တွေ့ သုံးလို့မရဘဲ ဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG