သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အမ်ဳိးသားညီညြတ္ေရး သေဘာထားရယူဖို႔ NLD အဖြဲ႔ ကခ်င္ျပည္နယ္ ခရီးထြက္


ေဒၚ နန္းခင္ေထြးျမင့္ - ေဒါက္တာ ေအာင္မုိးညိဳ - ဦးအင္ထုံးခန္းေနာ္ဆန္ (ဓါတ္ပံု- Facebook accounts)

(Zawgyi/Unicode)

၂၀၂၁ ခုႏွစ္ထဲ အမ်ဳိးသားညီညြတ္ေရး အစိုးရသစ္တရပ္ ေပၚေပါက္လာဖို႔ ေမွ်ာ္မွန္းထားၾကတဲ့အတုိင္း ၊ တိုင္းရင္းသားပါတီေတြရဲ႕ လိုလားခ်က္ကို ေဆြးေႏြးႏိုင္ဖို႔အတြက္ ၿပီးခဲ့တဲ့ႏိုဝင္ဘာ ေရြးေကာက္ပဲြမွာ အမ်ားစုအႏိုင္ရထားတဲ့ NLD ပါတီ ထိပ္တန္းေခါင္းေဆာင္ အဖဲြ႔တဖြဲ႔ဟာ ပထမဦးဆုံးအျဖစ္ ကခ်င္ျပည္နယ္ ခရီးစဥ္ကို စတင္လိုက္ၿပီ ျဖစ္ပါတယ္။ ဒီခရီးစဥ္မွာ ဘယ္လို အစီအစဥ္ေတြနဲ႔ ေဆြးေႏြးၾကၿပီး ဘယ္လိုေမွ်ာ္လင့္ခ်က္ ထားႏိုင္မလဲ ဆိုတာနဲ႔ပတ္သက္လို႔ ဆက္သြယ္ ေမးျမန္းထားတဲ့ ကိုဉာဏ္ဝင္းေအာင္က တင္ျပမွာပါ။

NLD အစိုးရရဲ႕ ၿပီးခဲ့တဲ့ ၅ ႏွစ္တာ သက္တမ္းကာလအတြင္း တုိင္းရင္းသားပါတီေတြနဲ႔ မဟာမိတ္ဖဲြ႕ လက္တဲြ ေဆာင္ရြက္တာမ်ဳိး အားနည္းခဲ့တယ္ဆိုတဲ့ ေဝဖန္သံေတြ က်ယ္က်ယ္ေလာင္ေလာင္ ၾကားခဲ့ရတာပါ။

၂၀၂၀ ေရြးေကာက္ပဲြ အႏိုင္ရၿပီး ရက္ပိုင္းအတြင္းမွာပဲ ၊ တုိင္းရင္းသားလူမ်ဳိးစုေတြရဲ႕ဆႏၵကို အေလးအနက္ထားကာ အနာဂတ္ျမန္မာႏိုင္ငံ ျပည္ေထာင္စုအေရးအတြက္ တက္ၾကြစြာ ပူးေပါင္းလက္တဲြ လုပ္ေဆာင္ၾကဖုိ႔ တိုင္းရင္းသားပါတီေတြကို NLD ပါတီဘက္က ကမ္းလွမ္းတဲ့ ေၾကညာခ်က္တေစာင္ ထုတ္ျပန္ခဲ့ၿပီးေနာက္မွာ အခုလို ကခ်င္ျပည္နယ္ကို ပထမဦးဆုံး ခရီးစဥ္အျဖစ္ သြားေရာက္တာ ျဖစ္ပါတယ္။

တိုင္းရင္းသားပါတီေတြနဲ႔ ေတြ႔ဆုံဖို႔ NLD ပါတီက တာဝန္အပ္ႏွင္းလိုက္တဲ့ (၃)ဦးအဖြဲ႔ထဲက NLD- CEC ဗဟုိအလုပ္အမႈေဆာင္အဖဲြ႔ဝင္ ေဒါက္တာ ေအာင္မုိးညိဳနဲ႔ ေဒၚနန္းခင္ေထြးျမင့္တုိ႔ဟာ ဗုဒၶဟူးေန႔ညက အင္းေတာ္မွာ ခရီးတေထာက္ ရပ္နားၿပီး ဒီဇင္ဘာ (၃၁)ရက္ေန႔ ျမစ္ႀကီးနားၿမဳိ႕ကို ေရာက္ရွိမယ္လို႔ ေျပာပါတယ္။

ကခ်င္ျပည္နယ္ထဲက တုိင္းရင္းသားပါတီ(၄)ခုရဲ႕ ကိုယ္စားလွယ္ (၈)ဦးနဲ႔ ဇန္နဝါရီ (၁)ရက္ေန႔ မနက္(၉)နာရီမွာ ေတြ႔ဆုံ ေဆြးေႏြးမွာ ျဖစ္ေၾကာင္း တိုင္းရင္းသားပါတီေတြနဲ႔ ေတြ႔ဆုံမယ့္အဖဲြ႔ရဲ႕ ေခါင္းေဆာင္ ေဒါက္တာ ေအာင္မိုးညိဳက VOA ကို ခုလိုရွင္းျပပါတယ္။

“ေလာေလာဆည္ ေတြ႔ဖို႔ ေျပာထားတာကေတာ့ ဘယ္သူေတြလည္းဆိုေတာ့ ကခ်င္ျပည္နယ္ျပည္သူ႔ပါတီက ၄ ဦး ၊ ေနာက္တခါ လီဆူးအမ်ိဳးသားဖြံ႔ၿဖိဳးတိုးတက္ေရးပါတီက ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ တဦး၊ ေနာက္တခါ ရွမ္းတိုင္းရင္းသားမ်ား ဒီမိုကရက္တစ္ပါတီက တဦး၊ ေနာက္တခါ ဒီမိုကေရစီ ပါတီသစ္ ကခ်င္က အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္တဦးနဲ႔ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္တဦး ဒါအားလံုးေပါင္း သူတို႔ေတြ႔ဖို႔ဆိုၿပီးေတာ့ က်ေနာ္တို႔ကို စာရင္းေပးထားတာကေတာ့ ၈ ေယာက္ရွိတယ္။ အဲဒါေတြ တိုင္ပင္ထားတယ္ အဲဒါက ၁ ရက္ေန႔ မနက္ ၉ နာရီမွာ သူတို႔နဲ႔ ေတြ႔ၿပီး စကားေျပာမယ္။ သူတုိ႔ ဘာေတြေျပာမွာတုန္း၊ ဘာေတြေဆြးေႏြးမွာတုန္း ၊ ဘာေတြ တင္ျပခ်င္တုန္း ။"

" က်ေနာ္တို႔လည္းပဲ သြားတဲ့အခါက်ရင္ ဘာေပးမယ္၊ ညာေပမယ္၊ ဘာလိုက္ေလ်ာမယ္၊ ညာလိုက္ေလာမယ္ ဘာမွ ဆံုးျဖတ္ခ်က္ေပးႏိုင္မွာမဟုတ္ဘူး၊ မေပးခဲ့ဘူး က်ေနာ္တို႔က ။ သူတို႔နဲ႔ ေအးေအးေဆးေဆး အေၾကအလည္ေဆြးေႏြးမယ္ စကားေျပာမယ္ ေျပာၿပီးေတာ့ သူတို႔လိုအင္ဆႏၵေတြ၊ သူတို႔ေျပာခ်င္တာေတြကို က်ေနာ္တို႔က ဗဟိုအလုပ္မႈေဆာင္အဖြဲ႔ကို ျပန္ၿပီးေတာ့ တင္ျပမွာ။ က်ေနာ္တို႔က ဆံုးျဖတ္မယ့္အဖဲြ႔မဟုတ္ဘူး။ သူတို႔ေျပာတာ နားေထာင္ၿပီးေတာ့ သူတို႔ သေဘာထားေတြကို တင္ျပမယ့္ အဖြဲ႔ပဲ။ သူတို႔ဆီကို သြားတာကလည္း သူတို႔ကို ေလးစားတဲ့အေနနဲ႔ ညီအကို ေမာင္ႏွမေတြ အသိအမွတ္ျပဳတဲ့အေနနဲ႔ သူတို႔ေျပာတာကို သြားၿပီးေတာ့ နားေထာင္မွာ အဲဒီသေဘာပဲ။”

အခုလို တိုင္းရင္းသားပါတီေတြနဲ႔ မေတြ႔ဆုံခင္ NLD ပါတီက ျပည္နယ္အဆင့္ တာဝန္ရွိသူေတြ ၊ ေရြးေကာက္ပဲြ ေအာင္ႏို္င္ေရး တာဝန္ရွိသူေတြနဲ႔ ေရြးေကာက္ခံ လႊတ္ေတာ္ကိုယ္စားလွယ္ေတြကို ဒီဇင္ဘာ (၃၁)ရက္ ၾကာသပေတးေန႔မွာ အရင္ ေတြ႔ဆုံမွာျဖစ္တယ္လို႔ ေဒါက္တာ ေအာင္မိုးညိဳက ေျပာပါတယ္။

“ က်ေနာ္တို႔ အခုက အင္းေတာ္မွာ ညအိပ္ၾကတယ္ဗ် ။ မနက္ကို breakfast စားၿပီးတာနဲ႔ ျမစ္ႀကီးနားကို သြားမွာ ၊ သြားၿပီးေတာ့ ေန႔လည္စာကို ျမစ္ႀကီးနားမွာ စားမွာေပါ့ေနာ္။ ေန႔လည္စာ စားၿပီးရင္ ၃ နာရီေလာက္က်ရင္ က်ေနာ္တို႔ ကခ်င္ျပည္နယ္ အမ်ိဳးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္ ျပည္နယ္အလုပ္အမႈေဆာင္အဖြဲ႔နဲ႔ ေတြ႔မယ္။ ေနာက္တခါ ၂၀၂၀ ေရြးေကာက္ပြဲမွာ ေအာင္ႏိုင္ေရး ႀကိဳးစားခဲ့တဲ့ ဥကၠ႒တို႔ အတြင္းေရးမွဴးတို႔နဲ႔ ေတြ႔မယ္။ ေနာက္ၿပီးေတာ့ ၿပီးခဲ့တဲ့ ေရြးေကာက္ပြဲမွာ ေရြးေကာက္တင္ေျမာက္ျခင္းခံရတဲ့ ကခ်င္ျပည္နယ္က အမ်ိဳးသားဒီမိုကေရစီ ကိုယ္စားျပဳတဲ့ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္၊ အမ်ိဳးသား လႊတ္ေတာ္ကိုယ္စားလွယ္၊ ေနာက္ၿပီး ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ေတြနဲ႔ ေတြ႔မယ္။ ေတြ႔ၿပီးေတာ့ သူတို႔ ေျပာတာေတြ တင္ျပတာေတြ၊ ကခ်င္ျပည္နယ္က တိုင္းရင္းသားပါတီေတြအေၾကာင္း က်ေနာ္တို႔ နားေထာင္မယ္။”

NLD ပါတီရဲ႕ ကိုယ္စားလွယ္အဖြဲ႔နဲ႔ ေတြ႔ဆုံမယ့္ အစီအစဥ္မွာပါတဲ့ KSPP ကခ်င္ျပည္နယ္ ျပည္သူ႔ပါတီရဲ႕ ဒုဥကၠဌ(၁) ေဒၚဒဲြဘူကေတာ့ သူတို႔တင္ျပ ေဆြးေႏြးလိုတဲ့ အခ်က္တခ်ဳိ႕ကို ေျပာျပပါတယ္။

“အဓိကေတာ့ က်မတို႔ စာျပန္ ထားတာကလည္း ဒီ ၄၇ ပင္လံုကို အေျခခံတဲ့ ျပဳျပင္ေျပာင္းလဲမႈေပါ့ အဓိကေတာ့ အဲဒါပါပဲ ၊ ျပီးရင္ ၿငိမ္းခ်မ္းေရးေပါ့ ။ အဲဒါ အဓိကက်ပါတယ္။ ေနာက္ က်မတို႔ ႏိုင္ငံကို ဘယ္လို ဆက္သြားမယ္ဆိုတဲ့ က႑ေတြေပါ့ ။ အဲဒါကို က်မတို႔ တင္ျပသြားဖို႔ ရွိပါတယ္။ တျခား က႑ေတြကေတာ့ ျပည္ေထာင္စုမွာေရာ ျပည္နယ္မွာေရာ က်မတို႔ တုိင္းရင္းသားေတြနဲ႔လည္း အားလံုး ပူးေပါင္းေတြ႔ဆုံဖို႔ေပါ့ေနာ္ အဲေလာက္ကေတာ ့က်မတို႔ အၾကမ္းဖ်ဥ္း ျပင္ဆင္ထားပါတယ္။”

NLD ပါတီနဲ႔ ကခ်င္ျပည္နယ္ထဲက ပါတီေတြ ေတြ႔ဆုံပဲြကေန ေရရွည္အတြက္ ရလဒ္ေကာင္းေတြ ထြက္ေပၚလာဖုိ႔ ေမွ်ာ္လင့္ထားေၾကာင္း KSPP ပါတီက ေဒၚဒဲြဘူက ေျပာပါတယ္။

“NLD နဲ႔ ေရာ ၾကံ႕ခိုင္ေရးနဲ႔ေရာ ပါတီႀကီးေတြနဲ႔ေတာ့ က်မတို႔ ဆက္ဆံမႈ မရွိပါဘူးရွင့္ ။ သူတို႔ကမွ မေျပာလာရင္ က်မတို႔လည္း ေတြ႔ဆုံဖို႔ သိပ္မရွိပါဘူးရွင့္။ က်န္တဲ့ ျပည္နယ္ပါတီေတြနဲ႔ေတာ့ ၊ က်န္တဲ့ တိုင္းရင္းသားပါတီေတြနဲ႔ေတာ့ ေဆြးေႏြးခဲ့တာေတြ အရင္တုန္းက ရွိတာေပါ့ေနာ္။ က်မတို႔ကေတာ့ အဓိကေတာ့ ကိုယ္တိုင္းျပည္ ေကာင္းဖို႔နဲ႔ ဒီမွာ က်မတုိ႔ ျပည္သူျပည္သားေတြ ေကာင္းဖို႔ေပါ့ ၊ အဲဒီေတာ့ အားလံုးေကာင္းဖို႔အတြက္ ဘယ္လို၀ိုင္း၀န္း ႀကိဳးပမ္းႏိုင္မယ္ဆိုတဲ့ လမ္းစေလးေတြ ရွိလာမယ္လို႔ ေမွ်ာ္လင့္ပါတယ္ရွင့္။”

အခု ကခ်င္ျပည္နယ္ ခရီးစဥ္အျပီးမွာေတာ့ NLD ပါတီရဲ႕ေခါင္းေဆာင္ (၃)ဦးပါ တာဝန္ရွိအဖြဲ႔ဟာ မြန္ျပည္နယ္ထဲက တိုင္းရင္းသားပါတီေတြနဲ႔ သ ြားေရာက္ေတြ႔ဆုံမွာ ျဖစ္ေပမယ့္ ရက္အတိအက်ကို ေၾကညာထားျခင္း မရွိေသးပါဘူး။

တိုင္းရင္းသားပါတီေတြနဲ႔ သြားေရာက္ ေတြ႔ဆုံေဆြးေႏြးဖို႔အတြက္ ေဒါက္တာ ေအာင္မုိးညိဳ (မေကြးတိုင္း ဝန္ႀကီးခ်ဳပ္) ၊ ေဒၚနန္းခင္ေထြးျမင့္ (ကရင္ျပည္နယ္ ဝန္ႀကီးခ်ဳပ္)နဲ႔ ဦးအင္ထုံးခန္းေနာ္ဆန္ (အမ်ဳိးသားလႊတ္ေတာ္ ကိုယ္စားလွယ္) တို႔ကို NLD ပါတီက တာဝန္ေပးထားတာ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

အမျိုးသားညီညွတ်ရေး သဘောထားရယူဖို့ NLD အဖွဲ့ ကချင်ပြည်နယ် ခရီးထွက်

(Unicode)

၂၀၂၁ ခုနှစ်ထဲ အမျိုးသားညီညွတ်ရေး အစိုးရသစ်တရပ် ပေါ်ပေါက်လာဖို့ မျှော်မှန်းထားကြတဲ့အတိုင်း ၊ တိုင်းရင်းသားပါတီတွေရဲ့ လိုလားချက်ကို ဆွေးနွေးနိုင်ဖို့အတွက် ပြီးခဲ့တဲ့နိုဝင်ဘာ ရွေးကောက်ပွဲမှာ အများစုအနိုင်ရထားတဲ့ NLD ပါတီ ထိပ်တန်းခေါင်းဆောင် အဖွဲ့တဖွဲ့ဟာ ပထမဦးဆုံးအဖြစ် ကချင်ပြည်နယ် ခရီးစဉ်ကို စတင်လိုက်ပြီ ဖြစ်ပါတယ်။ ဒီခရီးစဉ်မှာ ဘယ်လို အစီအစဉ်တွေနဲ့ ဆွေးနွေးကြပြီး ဘယ်လိုမျှော်လင့်ချက် ထားနိုင်မလဲ ဆိုတာနဲ့ပတ်သက်လို့ ဆက်သွယ် မေးမြန်းထားတဲ့ ကိုဉာဏ်ဝင်းအောင်က တင်ပြမှာပါ။

NLD အစိုးရရဲ့ ပြီးခဲ့တဲ့ ၅ နှစ်တာ သက်တမ်းကာလအတွင်း တိုင်းရင်းသားပါတီတွေနဲ့ မဟာမိတ်ဖွဲ့ လက်တွဲ ဆောင်ရွက်တာမျိုး အားနည်းခဲ့တယ်ဆိုတဲ့ ဝေဖန်သံတွေ ကျယ်ကျယ်လောင်လောင် ကြားခဲ့ရတာပါ။

၂၀၂၀ ရွေးကောက်ပွဲ အနိုင်ရပြီး ရက်ပိုင်းအတွင်းမှာပဲ ၊ တိုင်းရင်းသားလူမျိုးစုတွေရဲ့ဆန္ဒကို အလေးအနက်ထားကာ အနာဂတ်မြန်မာနိုင်ငံ ပြည်ထောင်စုအရေးအတွက် တက်ကြွစွာ ပူးပေါင်းလက်တွဲ လုပ်ဆောင်ကြဖို့ တိုင်းရင်းသားပါတီတွေကို NLD ပါတီဘက်က ကမ်းလှမ်းတဲ့ ကြေညာချက်တစောင် ထုတ်ပြန်ခဲ့ပြီးနောက်မှာ အခုလို ကချင်ပြည်နယ်ကို ပထမဦးဆုံး ခရီးစဉ်အဖြစ် သွားရောက်တာ ဖြစ်ပါတယ်။

တိုင်းရင်းသားပါတီတွေနဲ့ တွေ့ဆုံဖို့ NLD ပါတီက တာဝန်အပ်နှင်းလိုက်တဲ့ (၃)ဦးအဖွဲ့ထဲက NLD- CEC ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါက်တာ အောင်မိုးညိုနဲ့ ဒေါ်နန်းခင်ထွေးမြင့်တို့ဟာ ဗုဒ္ဓဟူးနေ့ညက အင်းတော်မှာ ခရီးတထောက် ရပ်နားပြီး ဒီဇင်ဘာ (၃၁)ရက်နေ့ မြစ်ကြီးနားမြို့ကို ရောက်ရှိမယ်လို့ ပြောပါတယ်။

ကချင်ပြည်နယ်ထဲက တိုင်းရင်းသားပါတီ(၄)ခုရဲ့ ကိုယ်စားလှယ် (၈)ဦးနဲ့ ဇန်နဝါရီ (၁)ရက်နေ့ မနက်(၉)နာရီမှာ တွေ့ဆုံ ဆွေးနွေးမှာ ဖြစ်ကြောင်း တိုင်းရင်းသားပါတီတွေနဲ့ တွေ့ဆုံမယ့်အဖွဲ့ရဲ့ ခေါင်းဆောင် ဒေါက်တာ အောင်မိုးညိုက VOA ကို ခုလိုရှင်းပြပါတယ်။

“လောလောဆည် တွေ့ဖို့ ပြောထားတာကတော့ ဘယ်သူတွေလည်းဆိုတော့ ကချင်ပြည်နယ်ပြည်သူ့ပါတီက ၄ ဦး ၊ နောက်တခါ လီဆူးအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီက ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် တဦး၊ နောက်တခါ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီက တဦး၊ နောက်တခါ ဒီမိုကရေစီ ပါတီသစ် ကချင်က အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တဦးနဲ့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တဦး ဒါအားလုံးပေါင်း သူတို့တွေ့ဖို့ဆိုပြီးတော့ ကျနော်တို့ကို စာရင်းပေးထားတာကတော့ ၈ ယောက်ရှိတယ်။ အဲဒါတွေ တိုင်ပင်ထားတယ် အဲဒါက ၁ ရက်နေ့ မနက် ၉ နာရီမှာ သူတို့နဲ့ တွေ့ပြီး စကားပြောမယ်။ သူတို့ ဘာတွေပြောမှာတုန်း၊ ဘာတွေဆွေးနွေးမှာတုန်း ၊ ဘာတွေ တင်ပြချင်တုန်း ။"

" ကျနော်တို့လည်းပဲ သွားတဲ့အခါကျရင် ဘာပေးမယ်၊ ညာပေမယ်၊ ဘာလိုက်လျောမယ်၊ ညာလိုက်လောမယ် ဘာမှ ဆုံးဖြတ်ချက်ပေးနိုင်မှာမဟုတ်ဘူး၊ မပေးခဲ့ဘူး ကျနော်တို့က ။ သူတို့နဲ့ အေးအေးဆေးဆေး အကြေအလည်ဆွေးနွေးမယ် စကားပြောမယ် ပြောပြီးတော့ သူတို့လိုအင်ဆန္ဒတွေ၊ သူတို့ပြောချင်တာတွေကို ကျနော်တို့က ဗဟိုအလုပ်မှုဆောင်အဖွဲ့ကို ပြန်ပြီးတော့ တင်ပြမှာ။ ကျနော်တို့က ဆုံးဖြတ်မယ့်အဖွဲ့မဟုတ်ဘူး။ သူတို့ပြောတာ နားထောင်ပြီးတော့ သူတို့ သဘောထားတွေကို တင်ပြမယ့် အဖွဲ့ပဲ။ သူတို့ဆီကို သွားတာကလည်း သူတို့ကို လေးစားတဲ့အနေနဲ့ ညီအကို မောင်နှမတွေ အသိအမှတ်ပြုတဲ့အနေနဲ့ သူတို့ပြောတာကို သွားပြီးတော့ နားထောင်မှာ အဲဒီသဘောပဲ။”

အခုလို တိုင်းရင်းသားပါတီတွေနဲ့ မတွေ့ဆုံခင် NLD ပါတီက ပြည်နယ်အဆင့် တာဝန်ရှိသူတွေ ၊ ရွေးကောက်ပွဲ အောင်နိုင်ရေး တာဝန်ရှိသူတွေနဲ့ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်တွေကို ဒီဇင်ဘာ (၃၁)ရက် ကြာသပတေးနေ့မှာ အရင် တွေ့ဆုံမှာဖြစ်တယ်လို့ ဒေါက်တာ အောင်မိုးညိုက ပြောပါတယ်။

“ ကျနော်တို့ အခုက အင်းတော်မှာ ညအိပ်ကြတယ်ဗျ ။ မနက်ကို breakfast စားပြီးတာနဲ့ မြစ်ကြီးနားကို သွားမှာ ၊ သွားပြီးတော့ နေ့လည်စာကို မြစ်ကြီးနားမှာ စားမှာပေါ့နော်။ နေ့လည်စာ စားပြီးရင် ၃ နာရီလောက်ကျရင် ကျနော်တို့ ကချင်ပြည်နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်နယ်အလုပ်အမှုဆောင်အဖွဲ့နဲ့ တွေ့မယ်။ နောက်တခါ ၂၀၂၀ ရွေးကောက်ပွဲမှာ အောင်နိုင်ရေး ကြိုးစားခဲ့တဲ့ ဥက္ကဋ္ဌတို့ အတွင်းရေးမှူးတို့နဲ့ တွေ့မယ်။ နောက်ပြီးတော့ ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ ရွေးကောက်တင်မြောက်ခြင်းခံရတဲ့ ကချင်ပြည်နယ်က အမျိုးသားဒီမိုကရေစီ ကိုယ်စားပြုတဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ အမျိုးသား လွှတ်တော်ကိုယ်စားလှယ်၊ နောက်ပြီး ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ တွေ့မယ်။ တွေ့ပြီးတော့ သူတို့ ပြောတာတွေ တင်ပြတာတွေ၊ ကချင်ပြည်နယ်က တိုင်းရင်းသားပါတီတွေအကြောင်း ကျနော်တို့ နားထောင်မယ်။”

NLD ပါတီရဲ့ ကိုယ်စားလှယ်အဖွဲ့နဲ့ တွေ့ဆုံမယ့် အစီအစဉ်မှာပါတဲ့ KSPP ကချင်ပြည်နယ် ပြည်သူ့ပါတီရဲ့ ဒုဥက္ကဌ(၁) ဒေါ်ဒွဲဘူကတော့ သူတို့တင်ပြ ဆွေးနွေးလိုတဲ့ အချက်တချို့ကို ပြောပြပါတယ်။

“အဓိကတော့ ကျမတို့ စာပြန် ထားတာကလည်း ဒီ ၄၇ ပင်လုံကို အခြေခံတဲ့ ပြုပြင်ပြောင်းလဲမှုပေါ့ အဓိကတော့ အဲဒါပါပဲ ၊ ပြီးရင် ငြိမ်းချမ်းရေးပေါ့ ။ အဲဒါ အဓိကကျပါတယ်။ နောက် ကျမတို့ နိုင်ငံကို ဘယ်လို ဆက်သွားမယ်ဆိုတဲ့ ကဏ္ဍတွေပေါ့ ။ အဲဒါကို ကျမတို့ တင်ပြသွားဖို့ ရှိပါတယ်။ တခြား ကဏ္ဍတွေကတော့ ပြည်ထောင်စုမှာရော ပြည်နယ်မှာရော ကျမတို့ တိုင်းရင်းသားတွေနဲ့လည်း အားလုံး ပူးပေါင်းတွေ့ဆုံဖို့ပေါ့နော် အဲလောက်ကတော့ကျမတို့ အကြမ်းဖျဉ်း ပြင်ဆင်ထားပါတယ်။”

NLD ပါတီနဲ့ ကချင်ပြည်နယ်ထဲက ပါတီတွေ တွေ့ဆုံပွဲကနေ ရေရှည်အတွက် ရလဒ်ကောင်းတွေ ထွက်ပေါ်လာဖို့ မျှော်လင့်ထားကြောင်း KSPP ပါတီက ဒေါ်ဒွဲဘူက ပြောပါတယ်။

“NLD နဲ့ ရော ကြံ့ခိုင်ရေးနဲ့ရော ပါတီကြီးတွေနဲ့တော့ ကျမတို့ ဆက်ဆံမှု မရှိပါဘူးရှင့် ။ သူတို့ကမှ မပြောလာရင် ကျမတို့လည်း တွေ့ဆုံဖို့ သိပ်မရှိပါဘူးရှင့်။ ကျန်တဲ့ ပြည်နယ်ပါတီတွေနဲ့တော့ ၊ ကျန်တဲ့ တိုင်းရင်းသားပါတီတွေနဲ့တော့ ဆွေးနွေးခဲ့တာတွေ အရင်တုန်းက ရှိတာပေါ့နော်။ ကျမတို့ကတော့ အဓိကတော့ ကိုယ်တိုင်းပြည် ကောင်းဖို့နဲ့ ဒီမှာ ကျမတို့ ပြည်သူပြည်သားတွေ ကောင်းဖို့ပေါ့ ၊ အဲဒီတော့ အားလုံးကောင်းဖို့အတွက် ဘယ်လိုဝိုင်းဝန်း ကြိုးပမ်းနိုင်မယ်ဆိုတဲ့ လမ်းစလေးတွေ ရှိလာမယ်လို့ မျှော်လင့်ပါတယ်ရှင့်။”

အခု ကချင်ပြည်နယ် ခရီးစဉ်အပြီးမှာတော့ NLD ပါတီရဲ့ခေါင်းဆောင် (၃)ဦးပါ တာဝန်ရှိအဖွဲ့ဟာ မွန်ပြည်နယ်ထဲက တိုင်းရင်းသားပါတီတွေနဲ့ သ ွားရောက်တွေ့ဆုံမှာ ဖြစ်ပေမယ့် ရက်အတိအကျကို ကြေညာထားခြင်း မရှိသေးပါဘူး။

တိုင်းရင်းသားပါတီတွေနဲ့ သွားရောက် တွေ့ဆုံဆွေးနွေးဖို့အတွက် ဒေါက်တာ အောင်မိုးညို (မကွေးတိုင်း ဝန်ကြီးချုပ်) ၊ ဒေါ်နန်းခင်ထွေးမြင့် (ကရင်ပြည်နယ် ဝန်ကြီးချုပ်)နဲ့ ဦးအင်ထုံးခန်းနော်ဆန် (အမျိုးသားလွှတ်တော် ကိုယ်စားလှယ်) တို့ကို NLD ပါတီက တာဝန်ပေးထားတာ ဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG