သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

တိုင္းရင္းသားပါတီေတြနဲ႔ ညႇိႏႈိင္းဖို႔ ေခါင္းေဆာင္ ၃ ဦး NLD ေရြးခ်ယ္


ႏုိဝင္ဘာ ၈ ရက္ ေရြးေကာက္ပြဲအၿပီး NLD ႐ုံးခ်ဳပ္ေရွ႕မွာ ေအာင္ပြဲခံေနတဲ့ NLD ပါတီ ေထာက္ခံသူမ်ား။ (ႏိုဝင္ဘာ ၉၊ ၂၀၂၀)

(Zawgyi / Unicode)

တိုင္းရင္းသား ႏုိင္ငံေရးပါတီေတြနဲ႔ ေဆြးေႏြးဖို႔အတြက္ အမ်ဳိးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္ (NLD) ပါတီက ေခါင္းေဆာင္ ၃ ဦးကို ေရြးခ်ယ္လိုက္တဲ့အေၾကာင္း ပါတီေျပာခြင့္ရတဦးျဖစ္သူ ေဒါက္တာမ်ဳိးၫြန္႔က ဒီကေန႔ေျပာပါတယ္။

“တုိင္းရင္းသားအဖြဲ႔မ်ားနဲ႔ ေဆြးေႏြးဖုိ႔အတြက္ က်ေနာ္တုိ႔ ေခါင္းေဆာင္ ၃ ဦး ေရြးလုိက္ပါတယ္။ တစ္က ေဒါက္တာေအာင္မုိးညိဳပါ၊ ႏွစ္က ေဒၚနန္းခင္ေထြးျမင့္ပါ၊ သုံးက ဦးအင္ထုံးခန္းေနာ္ဆန္ပါ။ သူတုိ႔ ၃ ဦးကေနၿပီးေတာ့ တုိင္းရင္းသား ႏုိင္ငံေရးပါတီမ်ားနဲ႔ ဦးေဆာင္ၿပီးေတာ့ ေဆြးေႏြးမွာပါ။ အျမန္ဆုံး သူတုိ႔ရဲ႕လုပ္ငန္းကုိ စတင္ႏုိင္ဖုိ႔ က်ေနာ္တုိ႔ ေမွ်ာ္လင့္ပါတယ္။”

NLD ဗဟိုအလုပ္အမႈေဆာင္အဖြဲ႔ အစည္းအေဝးကို ေနျပည္ေတာ္မွာ ဒီကေန႔ က်င္းပၿပီးတ့ဲေနာက္ ေဒါက္တာမ်ဳိးၫြန္႔က သတင္းေထာက္ေတြကို အဲဒီလိုေျပာသြားတာပါ။

ဒီအဖြဲ႔ အဓိကလုပ္ေဆာင္မွာကေတာ့ တိုင္းရင္းသားပါတီေတြ လိုခ်င္တဲ့ သေဘာထားကို အရင္နားေထာင္မယ္၊ ညႇိႏိႈင္းလို႔ရတဲ့ ေနရာေတြမွာ ညႇိႏိႈင္းၿပီး ဘံုသေဘာထား ရေအာင္လုပ္မယ္၊ ၿပီးရင္ NLD ဗဟိုအလုပ္အမႈေဆာင္အဖြဲ႔မွာ ျပန္ေဆြးေႏြးၿပီး အတည္ျပဳမယ္လုိ႔ ေဒါက္တာမ်ဳိးၫြန္႔က ေျပာပါတယ္။

ႏုိဝင္ဘာ ၈ ရက္ ေရြးေကာက္ပြဲမွာ ပါတီတရပ္တည္းကေန အစိုးရဖြဲ႔ႏိုင္တဲ့ အေရအတြက္နဲ႔ အႏုိင္ရခဲ့ၿပီးတဲ့ေနာက္ NLD ပါတီက တိုင္းရင္းသားပါတီေတြနဲ႔ လက္တြဲလုပ္ေဆာင္ေရး ကမ္းလွမ္းခဲ့အၿပီး သီတင္းပတ္အေတာ္အၾကာမွာ အခုလို ေဆြးေႏြးမယ့္အဖြဲ႔ကို ဖြဲ႔စည္းလိုက္တာပါ။

အခုလိုလုပ္ေဆာင္တာဟာ လတ္တေလာ အစိုးရဖြဲ႔ေရးကိစၥ ဆိုတာထက္ အနာဂတ္ ျပည္ေထာင္စုသစ္ရဲ႕ ပုံသဏၭာန္ကို ဘုံသေဘာတူညီမႈ ရေအာင္လုပ္တာ ျဖစ္တယ္လုိ႔လည္း ဆိုပါတယ္။

ဒါေပမယ့္လည္း ျပည္ေထာင္စုအစိုးရနဲ႔ ျပည္နယ္အစိုးရေတြမွာ ပါဝင္သင့္တဲ့ လူေတြကို တင္ျပလာမယ္ ဆိုရင္လည္း ထည့္သြင္းစဥ္းစားရမယ္၊ ျပန္လည္ညႇိႏိႈင္းရမယ္လို႔ ေဒါက္တာမ်ဳိးၫြန္႔က ေျပာပါတယ္။

တပ္မေတာ္က NLD နဲ႔ ေဆြးေႏြးဖို႔ ဆႏၵရွိတယ္ဆိုရင္ ပါတီအေနနဲ႔ အၿမဲတမ္း အသင့္ရွိတဲ့အေၾကာင္း၊ ဒီေနရာမွာ ဦးထိပ္ထားရမွာက ႏုိင္ငံရဲ႕ အေရးႀကီးဆံုး ျပႆနာျဖစ္တဲ့ ျပည္တြင္းစစ္ခ်ဳပ္ၿငိမ္းေရး၊ ႏိုင္ငံမွာ စစ္မွန္တဲ့ ဒီမိုကေရစီနဲ႔ ဖက္ဒရယ္ဝါဒ ေပၚထြန္းေရးဆိုတဲ့ အခ်က္ေတြအေပၚ အေျခခံရင္ မေဆြးေႏြးႏုိင္စရာ ဘာမွမရွိပါဘူးလို႔လည္း ေဒါက္တာမ်ဳိးၫြန္႔က ေျပာသြားပါတယ္။

တိုက္႐ိုက္ လင့္ခ္

-------------------------

(Unicode)

တိုင်းရင်းသားပါတီတွေနဲ့ ညှိနှိုင်းဖို့ ခေါင်းဆောင် ၃ ဦး NLD ရွေးချယ်

တိုင်းရင်းသား နိုင်ငံရေးပါတီတွေနဲ့ ဆွေးနွေးဖို့အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက ခေါင်းဆောင် ၃ ဦးကို ရွေးချယ်လိုက်တဲ့အကြောင်း ပါတီပြောခွင့်ရတဦးဖြစ်သူ ဒေါက်တာမျိုးညွန့်က ဒီကနေ့ပြောပါတယ်။

“တိုင်းရင်းသားအဖွဲ့များနဲ့ ဆွေးနွေးဖို့အတွက် ကျနော်တို့ ခေါင်းဆောင် ၃ ဦး ရွေးလိုက်ပါတယ်။ တစ်က ဒေါက်တာအောင်မိုးညိုပါ၊ နှစ်က ဒေါ်နန်းခင်ထွေးမြင့်ပါ၊ သုံးက ဦးအင်ထုံးခန်းနော်ဆန်ပါ။ သူတို့ ၃ ဦးကနေပြီးတော့ တိုင်းရင်းသား နိုင်ငံရေးပါတီများနဲ့ ဦးဆောင်ပြီးတော့ ဆွေးနွေးမှာပါ။ အမြန်ဆုံး သူတို့ရဲ့လုပ်ငန်းကို စတင်နိုင်ဖို့ ကျနော်တို့ မျှော်လင့်ပါတယ်။”

NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေးကို နေပြည်တော်မှာ ဒီကနေ့ ကျင်းပပြီးတဲ့နောက် ဒေါက်တာမျိုးညွန့်က သတင်းထောက်တွေကို အဲဒီလိုပြောသွားတာပါ။

ဒီအဖွဲ့ အဓိကလုပ်ဆောင်မှာကတော့ တိုင်းရင်းသားပါတီတွေ လိုချင်တဲ့ သဘောထားကို အရင်နားထောင်မယ်၊ ညှိနှိုင်းလို့ရတဲ့ နေရာတွေမှာ ညှိနှိုင်းပြီး ဘုံသဘောထား ရအောင်လုပ်မယ်၊ ပြီးရင် NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့မှာ ပြန်ဆွေးနွေးပြီး အတည်ပြုမယ်လို့ ဒေါက်တာမျိုးညွန့်က ပြောပါတယ်။

နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲမှာ ပါတီတရပ်တည်းကနေ အစိုးရဖွဲ့နိုင်တဲ့ အရေအတွက်နဲ့ အနိုင်ရခဲ့ပြီးတဲ့နောက် NLD ပါတီက တိုင်းရင်းသားပါတီတွေနဲ့ လက်တွဲလုပ်ဆောင်ရေး ကမ်းလှမ်းခဲ့အပြီး သီတင်းပတ်အတော်အကြာမှာ အခုလို ဆွေးနွေးမယ့်အဖွဲ့ကို ဖွဲ့စည်းလိုက်တာပါ။

အခုလိုလုပ်ဆောင်တာဟာ လတ်တလော အစိုးရဖွဲ့ရေးကိစ္စ ဆိုတာထက် အနာဂတ် ပြည်ထောင်စုသစ်ရဲ့ ပုံသဏ္ဌာန်ကို ဘုံသဘောတူညီမှု ရအောင်လုပ်တာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

ဒါပေမယ့်လည်း ပြည်ထောင်စုအစိုးရနဲ့ ပြည်နယ်အစိုးရတွေမှာ ပါဝင်သင့်တဲ့ လူတွေကို တင်ပြလာမယ် ဆိုရင်လည်း ထည့်သွင်းစဉ်းစားရမယ်၊ ပြန်လည်ညှိနှိုင်းရမယ်လို့ ဒေါက်တာမျိုးညွန့်က ပြောပါတယ်။

တပ်မတော်က NLD နဲ့ ဆွေးနွေးဖို့ ဆန္ဒရှိတယ်ဆိုရင် ပါတီအနေနဲ့ အမြဲတမ်း အသင့်ရှိတဲ့အကြောင်း၊ ဒီနေရာမှာ ဦးထိပ်ထားရမှာက နိုင်ငံရဲ့ အရေးကြီးဆုံး ပြဿနာဖြစ်တဲ့ ပြည်တွင်းစစ်ချုပ်ငြိမ်းရေး၊ နိုင်ငံမှာ စစ်မှန်တဲ့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်ဝါဒ ပေါ်ထွန်းရေးဆိုတဲ့ အချက်တွေအပေါ် အခြေခံရင် မဆွေးနွေးနိုင်စရာ ဘာမှမရှိပါဘူးလို့လည်း ဒေါက်တာမျိုးညွန့်က ပြောသွားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG