သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

NLD နဲ႔ေတြ႔ရင္ တုိင္းရင္းသားပါတီေတြ ဘယ္ကိစၥကုိ ဦးစားေပးေဆြးေႏြးၾကမလဲ


တုိင္းရင္းသားပါတီေတြနဲ႔ ေဆြးေႏြးဖို႔ NLD တာဝန္ေပးခံရသူတဦးျဖစ္တဲ့ ေဒါက္တာ ေအာင္မုိးညိဳ ၊

{{Zawgyi/Unicode}}

NLD ပါတီက တိုင္းရင္းသားပါတီေတြနဲ႔ ေတြ႔ဆုံမယ့္ကိစၥကို အျပဳသေဘာေဆာင္တဲ့ ေျခလွမ္းအျဖစ္ ႀကဳိဆိုေပမယ့္ ၊ ဖက္ဒရယ္ ျပည္ေထာင္စုလမ္းေၾကာင္းကို ေလွ်ာက္လမ္းႏိုင္မယ့္ ခိုင္မာတဲ့မူဝါဒေတြ ခ်မွတ္ လုပ္ေဆာင္ႏိုင္ဖို႔က ပုိအေရးႀကီးေၾကာင္း တိုင္းရင္းသားပါတီေခါင္းေဆာင္ တခ်ဳိ႕က ေျပာပါတယ္။ ဒီအေၾကာင္း ကိုဉာဏ္ဝင္းေအာင္က တင္ျပထားပါတယ္။

ႏိုဝင္ဘာ ၈ ရက္ ေရြးေကာက္ပဲြအၿပီး ရက္ပိုင္းအတြင္းမွာပဲ ျပည္ေထာင္စုအေရးအတြက္ တုိင္းရင္းသားပါတီေတြနဲ႔ လက္တဲြ လုပ္ေဆာင္သ ြားမယ္လို႔ NLD ပါတီက ေၾကညာခ်က္ ထုတ္ျပန္ ကမ္းလွမ္းခဲ့သလို၊ တုိင္းရင္းသားပါတီေတြနဲ႔ ေတြ႔ဆုံဖို႔ NLD ပါတီ ထိပ္တန္း တာဝန္ရွိသူ (၃)ဦးကိုလည္း ေရြးခ်ယ္ထားေၾကာင္း ဒီဇင္ဘာ ၁၂ ရက္ေန႔က ေၾကညာခဲ့တာပါ။

တုိင္းရင္းသားပါတီေတြနဲ႔ ဘယ္ေန႔ ဘယ္အခ်ိန္မွာ ေတြ႔ဆုံဖို႔ရွိမလဲ သိရေအာင္ NLD ပါတီ တာဝန္ရွိသူေတြကို ေမးျမန္းဖို႔ ဆက္သြယ္ခဲ့ေပးမယ့္ အဆက္သြယ္ မရေသးပါဘူး။

NLD ထိပ္တန္း တာဝန္ရွိသူ (၃)ဦးပါအဖြဲ႔နဲ႔ ေတြ႔ဆုံဖို႔ ေမွ်ာ္လင့္ထားတဲ့ ကခ်င္ျပည္နယ္ ျပည္သူ႔ပါတီ KSPP ကေတာ့ အစုိးရအဖြဲ႔အတြင္း တုိင္းရင္းသားေတြကို ရာထူးခြဲေဝေပးေရးထက္စာရင္ ဖက္ဒရယ္ကို ဘယ္လုိသြားမလဲဆိုတဲ့ မူဝါဒ ခိုင္မာစြာ ခ်ထားဖို႔လိုမယ္လို႔ KSPP ဒုဥကၠဌ-၂ ဦးဂြမ္ဂရမ္ေအာင္ခမ္းက တိုက္တြန္းပါတယ္။

"သူတုိ႔ အေနနဲ႔ ညီညြတ္ေရးအစိုးရ ဆိုတဲ့ဟာထဲမွာဆိုရင္ အဓိက ကေတာ့ ဝန္ႀကီးဌာနပဲျဖစ္ျဖစ္ ဘာပဲျဖစ္ျဖစ္ ေနရာ' ေပးတာထက္စာရင္ အနာဂတ္မွာ က်ေနာ္တုိ႔ ဖက္ဒရယ္ႏိုင္ငံကို သ ြားဖို႔ဆိုတဲ့ အခ်က္ေတြက အဓိက ျဖစ္ေနတယ္ ။ ဒါေၾကာင့္မို႔လည္း ဘုံသေဘာတူညီခ်က္ policy မူဝါဒအရ သြားတာကပဲ အနာဂတ္အတြက္ ေကာင္းမယ္ဆိုတဲ့ဟာမ်ဳိးကို က်ေနာ္တို႔ ေျပာလိုပါတယ္။ "

၂၀၂၀ အလြန္ ေရွ႕ဆက္သြားမယ့္ကာလမွာ အမ်ဳိးသားျပန္လည္သင့္ျမတ္ေရး ႀကဳိးပမ္းမႈအျဖစ္ National Unity Government လိုမ်ိဳး အမ်ိဳးသားညီညႊတ္ေရးအစိုးရတရပ္အျဖစ္ ေဆာင္ရြက္ခ်က္ေတြ ဆက္လက္ထြက္ေပၚလာမယ္လို႔ ႏုိဝင္ဘာလဆန္းပိုင္း သတင္းစာရွင္းလင္းပဲြမွာ သမၼတ႐ုံး ေျပာခြင့္ရပုဂၢိဳလ္ ဦးေဇာ္ေဌးက ေျပာၾကားခဲ့ဖူးတာပါ။

NLD ပါတီဟာ ၂၀၂၀ ေရြးေကာက္ပဲြအၿပီးမွာ တိုင္းရင္းသားအေရးနဲ႔ ပတ္သက္လို႔ စဥ္းစားပုံ အေျပာင္းအလဲ ရွိလာတာကုိႀကဳိဆိုေပမယ့္ ၊ လက္ေတြ႔ ေတြ႔ဆုံမႈအေပၚ အေျခခံၿပီး ေဆြးေႏြးသြားမွာ ျဖစ္တယ္လို႔ ရခိုင္အမ်ဳိးသားပါတီ ANP ဥကၠဌ ဦးသာထြန္းလွက ေျပာပါတယ္။

"NLD ပါတီဘက္က လုပ္ငန္းစဥ္ေတြကို တိတိက်က် ေရေရရာရာ က်ေနာ္တို႔ မသိရေသးတဲ့ အတြက္ေၾကာင့္ ၊ ေတြ႔ဆုံ ေဆြးေႏြးမယ္လို႔ ကမ္းလွမ္းခ်က္ ရွိလာခဲ့ရင္ေတာ့ က်ေနာ္တုိ႔ လက္ခံေတြ႔ဆုံ ေဆြးေႏြးဖို႔ ရွိတယ္ဆိုတဲ့ အေျခအေနမ်ဳိးပဲ ေလာေလာဆယ္ က်ေနာ္တုိ႔ ေျပာႏိုင္ပါေသးတယ္။ ၂၀၁၅ ေရြးေကာက္ပဲြ အလြန္တုန္းက NLD ပါတီဟာ တုိင္းရင္းသားပါတီေတြနဲ႔ ဆက္ဆံမႈ ေဆြးေႏြးမႈ လုံးဝ မရွိခဲ့တဲ့ အေျခအေန ရွိခဲ့တယ္။ ဒါေပမဲ့ ၂၀၂၀ ေရြးေကာက္ပဲြ အလြန္မွာ NLD ပါတီက အခုလို အနာဂတ္ ဖက္ဒရယ္ျပည္ေထာင္စု တည္ေဆာက္ေရးအတြက္ လုပ္ကိုင္ေဆာင္ရြက္ဖို႔ လုိအပ္ခ်က္ ရွိတယ္ဆုိတာကို တစုံတရာ သေဘာထား ေျပာင္းလဲမႈ ရွိလာတဲ့အတြက္ေၾကာင့္ တိုင္းရင္းသားပါတီေတြနဲ႔ ထိေတြ႔ဆက္ဆံဖို႔ ေျခလွမ္းတခုကို လွမ္းလာတယ္လို႔ အဲဒီလို ေျပာလုိပါတယ္"။

ေလာေလာဆယ္မွာေတာ့ NLD ပါတီက တုိင္းရင္းသားပါတီ တခုခ်င္းစီကို ေတြ႔ဆုံမယ့္ သေဘာမ်ဳိးလို႔ သုံးသပ္ေနၾကၿပီး ၊ ေနာင္မွာ တုိင္းရင္းသားပါတီေတြ စုေပါင္းထားတဲ့ အင္အားစုနဲ႔ NLD ပါတီ တာဝန္ရွိသူေတြ ႏွစ္ဖက္ ေတြ႔ဆုံမႈမ်ဳိးအျဖစ္ ေတာင္းဆိုသြားမယ္လို႔ KSPP ဒုဥကၠဌ ၂ ဦးဂြမ္ဂရမ္ေအာင္ခမ္းက ေျပာပါတယ္။ ေတြ႔ဆုံ ေဆြးေႏြးမႈကိစၥကို ႀကဳိဆိုေၾကာင္း KSPP ပါတီက NLD ကို အေၾကာင္းျပန္ၾကားခဲ့တဲ့ စာနဲ႔ ပတ္သက္ၿပီးလည္း သူက ခုလို ေျပာပါတယ္။

" အဓိက ကေတာ့ အစိုးရကသုံးေနတဲ့ ဒီမုိကေရီ ဖက္ဒရယ္ဆိုတဲ့ဟာကို ဖက္ဒရယ္ဒီမုိကေရစီ ဆိုၿပီး သုံးဖို႔ တိုက္တြန္းတာပါ။ ေနာက္တခ်က္က ၁၉၄၇ ခုႏွစ္ ပင္လုံစာခ်ဳပ္ကို အဓိက လက္ေတြ႔ အေကာင္အထည္ေဖၚေပးဖို႔ တင္ျပထားပါတယ္။ လတ္တေလာ NLD နဲ႔ ေတြ႔ဆုံမယ့္အခါ တိုင္းရင္းသားပါတီ တခုခ်င္းစီ သီးသန္႔ ေတြ႔ဆုံၾကဖို႔ ရွိတယ္ဆိုေပမယ့္လည္း ေနာင္က်ရင္ တိုင္းရင္းသားပါတီေတြ စုေပါင္းၿပီးမွ NLD နဲ႔ ေတြ႔ဖုိ႔ဆိုတဲ့ ဟာမ်ဳိးကို တင္ျပေတာင္းဆိုဖို႔ ရွိပါတယ္"။

ဦးဂြမ္ဂရမ္ေအာင္ခမ္း ေျပာသြားတဲ့ တုိင္းရင္းသားပါတီ အင္အားစုထဲမွာ ကခ်င္၊ ကရင္၊ ခ်င္း၊ ကယား၊ မြန္၊ ရခိုင္ ရွမ္း - ျပည္နယ္ေတြကို အေျခခံ ဖဲြ႔စည္းထားတဲ့ တုိင္းရင္းသား ပါတီႀကီးေတြ ပါဝင္တာ ျဖစ္ပါတယ္။

တုိင္းရင္းသားပါတီေတြနဲ႔ ေတြ႔ဆုံေဆြးေႏြးဖို႔ NLD ပါတီက ေရြးခ်ယ္တာဝန္ေပးထားသူ (၃)ဦးကေတာ့ ေဒါက္တာ ေအာင္မုိးညိဳ ၊ ေဒၚနန္းခင္ေထြးျမင့္နဲ႔ ဦးအင္ထုံး ခန္းေနာ္ဆန္ တုိ႔ပဲ ျဖစ္ပါတယ္။

...............................................

တိုက္႐ိုက္ လင့္ခ္

{{Unicode}}

NLD ပါတီက တိုင်းရင်းသားပါတီတွေနဲ့ တွေ့ဆုံမယ့်ကိစ္စကို အပြုသဘောဆောင်တဲ့ ခြေလှမ်းအဖြစ် ကြိုဆိုပေမယ့် ၊ ဖက်ဒရယ် ပြည်ထောင်စုလမ်းကြောင်းကို လျှောက်လမ်းနိုင်မယ့် ခိုင်မာတဲ့မူဝါဒတွေ ချမှတ် လုပ်ဆောင်နိုင်ဖို့က ပိုအရေးကြီးကြောင်း တိုင်းရင်းသားပါတီခေါင်းဆောင် တချို့က ပြောပါတယ်။ ဒီအကြောင်း ကိုဉာဏ်ဝင်းအောင်က တင်ပြထားပါတယ်။

နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲအပြီး ရက်ပိုင်းအတွင်းမှာပဲ ပြည်ထောင်စုအရေးအတွက် တိုင်းရင်းသားပါတီတွေနဲ့ လက်တွဲ လုပ်ဆောင်သ ွားမယ်လို့ NLD ပါတီက ကြေညာချက် ထုတ်ပြန် ကမ်းလှမ်းခဲ့သလို၊ တိုင်းရင်းသားပါတီတွေနဲ့ တွေ့ဆုံဖို့ NLD ပါတီ ထိပ်တန်း တာဝန်ရှိသူ (၃)ဦးကိုလည်း ရွေးချယ်ထားကြောင်း ဒီဇင်ဘာ ၁၂ ရက်နေ့က ကြေညာခဲ့တာပါ။

တိုင်းရင်းသားပါတီတွေနဲ့ ဘယ်နေ့ ဘယ်အချိန်မှာ တွေ့ဆုံဖို့ရှိမလဲ သိရအောင် NLD ပါတီ တာဝန်ရှိသူတွေကို မေးမြန်းဖို့ ဆက်သွယ်ခဲ့ပေးမယ့် အဆက်သွယ် မရသေးပါဘူး။

NLD ထိပ်တန်း တာဝန်ရှိသူ (၃)ဦးပါအဖွဲ့နဲ့ တွေ့ဆုံဖို့ မျှော်လင့်ထားတဲ့ ကချင်ပြည်နယ် ပြည်သူ့ပါတီ KSPP ကတော့ အစိုးရအဖွဲ့အတွင်း တိုင်းရင်းသားတွေကို ရာထူးခွဲဝေပေးရေးထက်စာရင် ဖက်ဒရယ်ကို ဘယ်လိုသွားမလဲဆိုတဲ့ မူဝါဒ ခိုင်မာစွာ ချထားဖို့လိုမယ်လို့ KSPP ဒုဥက္ကဌ-၂ ဦးဂွမ်ဂရမ်အောင်ခမ်းက တိုက်တွန်းပါတယ်။

"သူတို့ အနေနဲ့ ညီညွတ်ရေးအစိုးရ ဆိုတဲ့ဟာထဲမှာဆိုရင် အဓိက ကတော့ ဝန်ကြီးဌာနပဲဖြစ်ဖြစ် ဘာပဲဖြစ်ဖြစ် နေရာ' ပေးတာထက်စာရင် အနာဂတ်မှာ ကျနော်တို့ ဖက်ဒရယ်နိုင်ငံကို သ ွားဖို့ဆိုတဲ့ အချက်တွေက အဓိက ဖြစ်နေတယ် ။ ဒါကြောင့်မို့လည်း ဘုံသဘောတူညီချက် policy မူဝါဒအရ သွားတာကပဲ အနာဂတ်အတွက် ကောင်းမယ်ဆိုတဲ့ဟာမျိုးကို ကျနော်တို့ ပြောလိုပါတယ်။ "

၂၀၂၀ အလွန် ရှေ့ဆက်သွားမယ့်ကာလမှာ အမျိုးသားပြန်လည်သင့်မြတ်ရေး ကြိုးပမ်းမှုအဖြစ် National Unity Government လိုမျိုး အမျိုးသားညီညွှတ်ရေးအစိုးရတရပ်အဖြစ် ဆောင်ရွက်ချက်တွေ ဆက်လက်ထွက်ပေါ်လာမယ်လို့ နိုဝင်ဘာလဆန်းပိုင်း သတင်းစာရှင်းလင်းပွဲမှာ သမ္မတရုံး ပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေးက ပြောကြားခဲ့ဖူးတာပါ။

NLD ပါတီဟာ ၂၀၂၀ ရွေးကောက်ပွဲအပြီးမှာ တိုင်းရင်းသားအရေးနဲ့ ပတ်သက်လို့ စဉ်းစားပုံ အပြောင်းအလဲ ရှိလာတာကိုကြိုဆိုပေမယ့် ၊ လက်တွေ့ တွေ့ဆုံမှုအပေါ် အခြေခံပြီး ဆွေးနွေးသွားမှာ ဖြစ်တယ်လို့ ရခိုင်အမျိုးသားပါတီ ANP ဥက္ကဌ ဦးသာထွန်းလှက ပြောပါတယ်။

"NLD ပါတီဘက်က လုပ်ငန်းစဉ်တွေကို တိတိကျကျ ရေရေရာရာ ကျနော်တို့ မသိရသေးတဲ့ အတွက်ကြောင့် ၊ တွေ့ဆုံ ဆွေးနွေးမယ်လို့ ကမ်းလှမ်းချက် ရှိလာခဲ့ရင်တော့ ကျနော်တို့ လက်ခံတွေ့ဆုံ ဆွေးနွေးဖို့ ရှိတယ်ဆိုတဲ့ အခြေအနေမျိုးပဲ လောလောဆယ် ကျနော်တို့ ပြောနိုင်ပါသေးတယ်။ ၂၀၁၅ ရွေးကောက်ပွဲ အလွန်တုန်းက NLD ပါတီဟာ တိုင်းရင်းသားပါတီတွေနဲ့ ဆက်ဆံမှု ဆွေးနွေးမှု လုံးဝ မရှိခဲ့တဲ့ အခြေအနေ ရှိခဲ့တယ်။ ဒါပေမဲ့ ၂၀၂၀ ရွေးကောက်ပွဲ အလွန်မှာ NLD ပါတီက အခုလို အနာဂတ် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် လုပ်ကိုင်ဆောင်ရွက်ဖို့ လိုအပ်ချက် ရှိတယ်ဆိုတာကို တစုံတရာ သဘောထား ပြောင်းလဲမှု ရှိလာတဲ့အတွက်ကြောင့် တိုင်းရင်းသားပါတီတွေနဲ့ ထိတွေ့ဆက်ဆံဖို့ ခြေလှမ်းတခုကို လှမ်းလာတယ်လို့ အဲဒီလို ပြောလိုပါတယ်"။

လောလောဆယ်မှာတော့ NLD ပါတီက တိုင်းရင်းသားပါတီ တခုချင်းစီကို တွေ့ဆုံမယ့် သဘောမျိုးလို့ သုံးသပ်နေကြပြီး ၊ နောင်မှာ တိုင်းရင်းသားပါတီတွေ စုပေါင်းထားတဲ့ အင်အားစုနဲ့ NLD ပါတီ တာဝန်ရှိသူတွေ နှစ်ဖက် တွေ့ဆုံမှုမျိုးအဖြစ် တောင်းဆိုသွားမယ်လို့ KSPP ဒုဥက္ကဌ ၂ ဦးဂွမ်ဂရမ်အောင်ခမ်းက ပြောပါတယ်။ တွေ့ဆုံ ဆွေးနွေးမှုကိစ္စကို ကြိုဆိုကြောင်း KSPP ပါတီက NLD ကို အကြောင်းပြန်ကြားခဲ့တဲ့ စာနဲ့ ပတ်သက်ပြီးလည်း သူက ခုလို ပြောပါတယ်။

" အဓိက ကတော့ အစိုးရကသုံးနေတဲ့ ဒီမိုကရေီ ဖက်ဒရယ်ဆိုတဲ့ဟာကို ဖက်ဒရယ်ဒီမိုကရေစီ ဆိုပြီး သုံးဖို့ တိုက်တွန်းတာပါ။ နောက်တချက်က ၁၉၄၇ ခုနှစ် ပင်လုံစာချုပ်ကို အဓိက လက်တွေ့ အကောင်အထည်ဖေါ်ပေးဖို့ တင်ပြထားပါတယ်။ လတ်တလော NLD နဲ့ တွေ့ဆုံမယ့်အခါ တိုင်းရင်းသားပါတီ တခုချင်းစီ သီးသန့် တွေ့ဆုံကြဖို့ ရှိတယ်ဆိုပေမယ့်လည်း နောင်ကျရင် တိုင်းရင်းသားပါတီတွေ စုပေါင်းပြီးမှ NLD နဲ့ တွေ့ဖို့ဆိုတဲ့ ဟာမျိုးကို တင်ပြတောင်းဆိုဖို့ ရှိပါတယ်"။

ဦးဂွမ်ဂရမ်အောင်ခမ်း ပြောသွားတဲ့ တိုင်းရင်းသားပါတီ အင်အားစုထဲမှာ ကချင်၊ ကရင်၊ ချင်း၊ ကယား၊ မွန်၊ ရခိုင် ရှမ်း - ပြည်နယ်တွေကို အခြေခံ ဖွဲ့စည်းထားတဲ့ တိုင်းရင်းသား ပါတီကြီးတွေ ပါဝင်တာ ဖြစ်ပါတယ်။

တိုင်းရင်းသားပါတီတွေနဲ့

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

စိတ္၀င္စားဖြယ္ ...

XS
SM
MD
LG