သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

NLDရဲ႕ အမ်ိဳးသားညီညြတ္ေရးအစိုးရ ကခ်င္ေခါင္းေဆာင္အျမင္


ေဒါက္တာေအာင္မိုးညိဳ ဦးေဆာင္တဲ့ NLD ပါတီ ကိုယ္စားလွယ္ေတြနဲ႔ ကခ်င္ျပည္နယ္က တိုင္းရင္းသား ႏုိင္ငံေရးပါတီ ေခါင္းေဆာင္မ်ား။ (ဇန္နဝါရီ ၁၊ ၂၀၂၁။ ဓာတ္ပုံ - အားမီ)

[Zawgyi/Unicode]
အမ်ိဳးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္ NLDအေနနဲ႔ အမ်ိဳးသားညီညြတ္ေရးအစိုးရဖဲြ႕ဖို႔ မူေဘာင္ေအာက္မွာ ပါတီစြဲမထားပဲ အရည္အခ်င္းရွိတဲ့ ပုဂၢိဳလ္ေတြကို ဝန္ၾကီးခ်ဳပ္ကစ တာဝန္ေပးသြားဖို႔ ကခ်င္ေခါင္းေဆာင္ တဦးျဖစ္တဲ့ ေဒါက္တာမနမ္တူးဂ်ာက တိုက္တြန္းေျပာဆိုလုိက္ပါတယ္။ NLD အစိုးရ ပထမ သက္တမ္းမွာ တိုင္းရင္းသားပါတီေတြ တိုင္းရင္းသားအဖြဲ႔အစည္းေတြနဲ႔ ထိေတြ႔ဆက္ဆံ ပူးေပါင္းေဆာင္ရြက္မႈ အားနည္းခဲ့တဲ့အေပၚ ေဝဖန္မႈေတြ ရွိခဲ့လို႔ အခုဒုတိယသက္တမ္း ဆက္မယ့္အခ်ိန္ တိုင္းရင္းသားနယ္ေျမေတြ အထိဆင္းၿပီး တုိင္းရင္းသားပါတီေတြနဲ႔ေတြ႔ဆံုမႈက တုိင္းရင္းသားေတြနဲ႔ NLD ၾကား ပိုၿပီးေတာ့မွ အဆင္ေျပေအာင္ ပူးေပါင္းေဆာင္ရြက္သြားဖို႔ေျခလွမ္းတရပ္အျဖစ္လည္း သူကရႈ႕ျမင္ပါတယ္။ တုိင္းရင္းသားပါတီေတြနဲ႔ လိုက္လံေတြ႔ဆံုေနတဲ့ NLD ကိုယ္စားလွယ္အဖြဲ႔နဲ႔ ေဆြးေႏြးခဲ့တဲ့ ကခ်င္ျပည္နယ္ ျပည္သူ႔ပါတီရဲ႕ဥကၠ႒ ေဒါက္တာမနမ္တူးဂ်ာကို ဗီြအိုေအျမန္မာပိုင္းက မဆုမြန္က ဆက္သြယ္ေမးျမန္းၿပီး ဒီသီတင္းပတ္ရဲ႕ ျမန္မာ့ဒီမိုကေရစီေရးေဆြးေႏြးခန္းမွာ တင္ဆက္ထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

မဆုမြန္။ ။ မဂၤလာပါ ေဒါက္တာတူးဂ်ာရွင့္။ အခုအမ်ိဳးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္ NLD ဘက္ကေနၿပီးေတာ့မွ ဖက္ဒရယ္ျပည္ေထာင္စုတည္ေဆာက္ႏုိင္ဖို႔နဲ႔ အမ်ိဳးသားညီညြတ္ေရးအစိုးရ ဖြဲ႔စည္းႏိုင္ဖို႔ဆိုၿပီးေတာ့ တုိင္းရင္းသားပါတီေတြနဲ႔ေတြ႔ဆံုေဆြးေႏြးဖို႔ ဆံုးျဖတ္ခဲ့တယ္။ အဲ့ဒီ့လို ဆံုးျဖတ္ခဲ့ၿပီးတဲ့ေနာက္မွာ ကခ်င္ႏိုင္ငံေရးပါတီေတြနဲ႔ ပထမဆံုးေတြ႔ဆံုခဲ့ပါတယ္။ NLD ပါတီဘက္က ဒီလိုတိုင္းရင္းသားပါတီေတြ နဲ႔ေတြ႔တဲ့အခါမွာ ဆရာလည္းပါဝင္ခဲ့တယ္ ဆိုေတာ့ ဒီေဆြးေႏြးပြဲမွာ ဘယ္လိုအခ်က္ေတြကို အဓိကထားၿပီးေတာ့ ေဆြးေႏြးျဖစ္ခဲ့ၾကသလဲေပါ့။ အဲ့တာ အရင္ဆံုးသိခ်င္ပါတယ္။

ေဒါက္တာမနမ္တူးဂ်ာ။ ။ ေခါင္းစဥ္ႏွစ္ခုနဲ႔ ျဖစ္ပါတယ္။ တခုကေတာ့ ျပည္တြင္းၿငိမ္းခ်မ္းေရးနဲ႔ အမ်ိဳးသားျပန္လည္သင့္ျမတ္ေရး ေနာက္တခုကေတာ့ က်ေနာ္တို႔ဆီက သေဘာထားရယူခ်င္တာက အမ်ိဳးသားညီညြတ္ေရးအစိုးရဖြဲ႔စည္းေရး။ ဒီေခါင္းစဥ္ ၂ခ်က္အေပၚမွာ သူတို႔က က်ေနာ္တို႔ပါတီရဲ႕ သေဘာထားကို သိခ်င္တယ္ဆိုၿပီး သူတို႔က က်ေနာ္တို႔ကိုေမးျမန္းပါတယ္။ အဲ့သလိုေမးျမန္းတဲ့အခါမွာ က်ေနာ္တို႔ဘက္ကလည္း ရိုးရိုးသားသားပြင့္ပြင့္လင္းလင္းပဲ တင္ျပလို္က္ပါတယ္။ အဲ့ဒီ့ၿငိမ္းခ်မ္းေရးနဲ႔ အမ်ိဳးသားျပန္လည္သင့္ျမတ္ေရးဆိုတာကလည္း အင္မတန္မွကိုအေရးၾကီးပါတယ္။ အရင္ကတည္းက သူတို႔ေျပာေတာ့ေျပာေန တာေပါ့ေနာ္။ ဒါေပမဲ့ လက္ေတြ႔ေဖာ္ေဆာင္တာေတာ့ ဒီေလာက္ၾကီးမရွိေသးဘူး။ အခု ၂၀၂၀ေရြးေကာက္ပြဲၾကီးၿပီးတဲ့ေနာက္ပိုင္းမွာ ဒါကိုလက္ေတြ႔ေဖာ္ေဆာင္လာတယ္လို႔ က်ေနာ္က အဲ့သလိုျမင္တယ္။ ဒီအေပၚမွာ က်ေနာ္တို႔က ၾကိဳဆိုပါတယ္။

က်ေနာ္တို႔ျဖစ္ေစခ်င္တာက ျပည္တြင္းၿငိမ္းခ်မ္းေရးရရွိဖို႔က အမ်ိဳးသားျပန္လည္ သင့္ျမတ္ေရးက အင္မတန္အေရးၾကီးတယ္။ အမ်ိဳးသားျပန္လည္သင့္ျမတ္ေရးမွာ အထူးသျဖင့္ကေတာ့ တုိင္းရင္းသားေတြနဲ႔ျပန္လည္သင့္ျမတ္ေရး ရင္ၾကားေစ့ေရးကို ေအာင္ေအာင္ျမင္ျမင္လုပ္ေဆာင္ႏုိင္ဖို႔က အင္မတန္အေရးၾကီးတယ္လို႔ျမင္တယ္။ ဘာေၾကာင့္လဲဆိုရင္ က်ေနာ္တို႔ႏုိင္ငံမွာ ျဖစ္ပ်က္ေနတဲ့ျပည္တြင္းစစ္ျဖစ္ေနတဲ့ မတည္ၿငိမ္မႈက သူ႔ရဲ႕အေၾကာင္းရင္းက တိုင္းရင္းသားမ်ားအေနနဲ႔ သူတို႔လိုခ်င္တဲ့ႏိုင္ငံေရးအခြင့္အေရး မရရွိေသးတဲ့အတြက္ေၾကာင့္ ျဖစ္တယ္ဆိုတာက လူတိုင္းလည္းသိပါတယ္။ အဲ့တာက ဘာကိုဆိုလိုသလဲဆိုရင္ ၁၉၄၇ခုႏွစ္ ပင္လံုညီလာခံတုန္းက ဗိုလ္ခ်ဳပ္ေအာင္ဆန္းေျပာခဲ့တဲ့ ကိုယ္ပိုင္ျပ႒ာန္းခြင့္နဲ႔ အမ်ိဳးသားတန္းတူအခြင့္အေရးကို အျပည့္အဝ အာမခံခ်က္ေပးႏုိင္တဲ့ ဖက္ဒရယ္ျပည္ေထာင္စုတည္ေဆာက္ေရးဆိုတာကို မေဖာ္ေဆာင္ႏိုင္ေသးဘူး ဒီေန႔အထိ အေကာင္အထည္မေဖာ္ႏိုင္ဘူး။

အဲ့တာေၾကာင့္မို႔လို႔ ဒီဟာအေပၚမွာ က်ေနာ္တို႔က အေလးထားၿပီးေတာ့မွ လိုအပ္ေနတဲ့အခ်ိန္အခါျဖစ္တယ္။ အထူးသျဖင့္ ျပည္နယ္ေတြမွာ ကိုယ္ပိုင္အုပ္ခ်ဳပ္ေရး အျပည့္အဝရရွိဖို႔နဲ႔ ဒီမိုကေရစီအခြင့္အေရး အျပည့္အဝ ခံစားခြင့္ ေတြကို အေလးထားၿပီးေတာ့မွ ေဖာ္ေဆာင္သြားဖို႔လိုအပ္တယ္ ဆိုတာကို တင္ျပတယ္။ အရင္က ၄၇ခုႏွစ္ပင္လံုညီလာခံ ေနာက္ဆက္တြဲ ၂၁ရာစုပင္လံုညီလာခံမွာ ႏုိင္ငံေရးျပႆနာေတြကို ေျဖရွင္းဖို႔ မွန္ကန္တဲ့နည္းနာျဖစ္တယ္ အဲ့တာေၾကာင့္မို႔လို႔ ပင္လံုညီလာခံကို ဆက္လက္က်င္းပၿပီးေတာ့မွ ဒီဖက္ဒရယ္မူေတြကို ခ်မွတ္ၿပီး ဖက္ဒရယ္ျပည္ေထာင္စုတည္ေဆာက္ေရး ခိုင္မာေအာင္လုပ္ႏုိင္ဖို႔ အင္မတန္အေရးၾကီးတယ္လို႔ ဒါေၾကာင့္ အမ်ိဳးသားရင္ၾကားေစ့ေရးမွာ တုိင္းရင္းသားေတြနဲ႔ ညိႇညိႇႏိႈင္းႏွိဳင္း ရင္ၾကားေစ့ႏုိင္ေအာင္ လုပ္ၿပီးေတာ့မွေဖာ္ေဆာင္သြားပါက အေကာင္းဆံုးနည္းနာျဖစ္မယ္လို႔ က်ေနာ္တို႔တင္ျပခဲ့ပါတယ္။

မဆုမြန္။ ။ ဟုတ္ကဲ့ အဲ့ဒီ့ေတာ့ NLD ဘက္က ေဖာ္ေဆာင္မယ္ဆိုတဲ့ အမ်ိဳးသားညီညြတ္ေရး အစိုးရဖြဲ႔စည္းေရး ဆိုတဲ့အေပၚ သီးျခားတာဝန္ခြဲေဝေရး ဆိုတဲ့ကိစၥေတြလည္း ေဆြးေႏြးခဲ့ၾကတယ္လို႔သိရပါတယ္။ ဒီအမ်ိဳးသားညီညြတ္ေရး အစိုးရဖြဲ႔စည္းမယ္ဆိုတဲ့ပံုစံအေပၚမွာ သူတို႔ဘယ္လိုရွင္းျပခဲ့တာရွိလဲ NLD ဘက္ကေပါ့ေနာ္။ ေနာက္ၿပီးေတာ့ ဒီအေပၚမွာ ဆရာတို႔ဘက္က ဘယ္လိုျပန္ၿပီးေဆြးေႏြးခဲ့တာရွိပါလဲရွင့္။

ေဒါက္တာမနမ္တူးဂ်ာ။ ။ အမ်ိဳးသားညီညြတ္ေရးအစိုးရတရပ္ဖြဲ႔စည္းေရးဆိုတာက ဒီအေပၚမွာ က်ေနာ္တို႔ကလည္း အျမင္ကို တင္ျပတယ္။။ သူတို႔ဘက္က အမ်ိဳးသားညီညြတ္ေရးအစိုးရဖြဲ႔စည္းေရးဆိုတာက အခုအခ်ိန္အခါမွာ လိုအပ္တယ္ေပါ့။ ျပည္တြင္းၿငိမ္းခ်မ္းေရးအတြက္ ၾကီးမားတဲ့ေျခလွမ္းတရပ္ျဖစ္ တယ္ဆိုတဲ့သေဘာ က်ေနာ္တို႔လည္း နားလည္တယ္။ ဒါေၾကာင့္မို႔လို႔ က်ေနာ္တို႔ဘက္က တင္ျပတာကေတာ့ ဒီအမ်ိဳးသားညီညြတ္ေရးအစိုးရဆုိတာ အင္မတန္ကို အေရးၾကီးပါတယ္လို႔ က်ေနာ္တို႔ႏုိင္ငံက တိုင္းရင္းသားေပါင္းစံု ပူးတြဲေနထိုင္တဲ့ႏုိင္ငံျဖစ္တဲ့အတြက္ေၾကာင့္ မတူကြဲျပားျခင္းကေန ညီညြတ္ေရး ဆိုတာကို နည္းလမ္းရွာၾကရပါမယ္။

တပါတီတည္း တအုပ္စုတည္း တဖြဲ႔တည္းနဲ႔ တိုင္းျပည္ထူေထာင္လို႔ေတာ့ သိပ္ေအာင္ျမင္ႏုိင္မွာမဟုတ္ဘူးလို႔ ဒါကို ပူးေပါင္းၿပီးေတာ့မွ စုေပါင္းအင္အား ပူးေပါင္းအင္အားေတြနဲ႔ ႏုိင္ငံကို ထူေထာင္မွသာ ပိုၿပီးေအာင္ျမင္ႏိုင္မယ္လို႔ ပိုတိုးတက္ဖြ႔ံၿဖိဳးႏုိင္မယ္ဆိုတဲ့သေဘာထားအရ အခု ဒီအမ်ိဳးသားညီညြတ္ေရး အစိုးရဖြဲ႔စည္းေရးဟာ အင္မတန္မွန္ကန္တယ္။ ဒီဟာကိုသာ မွန္မွန္ကန္ကန္ပံုေဖာ္ႏိုင္ဖို႔ အေကာင္အထည္ေဖာ္ႏိုင္ဖို႔ အင္မတန္ အေရးၾကီးပါတယ္လို႔။ ဒါကို ဗဟိုမွာေရာ ျပည္နယ္မွာေရာ အထူးသျဖင့္ က်ေနာ္တို႔က ျပည္နယ္ကို ေထာက္ျပတာေပါ့ေလ။ ျပည္နယ္ေတြမွာ ေကာင္းမြန္တဲ့ အစိုးရေပၚေပါက္လာဖို႔အေရးၾကီးပါတယ္။ အရည္အခ်င္းမွီတဲ့အစိုးရ၊ လုပ္ရည္ကိုင္ရည္ရွိတဲ့ စြမ္းေဆာင္ရည္ရွိတဲ့အစိုးရ ေပၚထြန္းလာဖို႔ အင္မတန္အေရးၾကီးပါတယ္။

အဲ့သလိုေပၚထြန္းလာဖို႔ဆိုရင္ အမ်ိဳးသားညီညြတ္ေရးအစိုးရမူေဘာင္ေအာက္မွာ ေပၚလစီေအာက္မွာ ပါတီစြဲမထားပဲနဲ႔ သင့္ေတာ္တဲ့ပုဂၢိဳလ္ အရည္အခ်င္းကိုၾကည့္ၿပီးေတာ့မွ အစိုးရဌာနေတြမွာ တာဝန္ေပးသြားဖို႔ေပါ့။ ဝန္ၾကီးခ်ဳပ္ကအစေပါ့ဗ်ာ တာဝန္ေပးသြားၿပီးမွ အစိုးရတရပ္ဖြဲ႔စည္းႏုိင္ဖို႔ဆုိတာ အင္မတန္အေရးၾကီးတယ္လို႔။ အဲ့သလိုဖြဲ႔စည္းႏုိင္ၿပီဆိုရင္ေတာ့ ျပည္နယ္ထဲမွာ ေအးခ်မ္းသာယာမယ္။ တိုးတက္ဖြ႔ံၿဖိဳးမယ္ေပါ့။ ေရွ႕ဆက္ၿပီးေတာ့မွ NLD အေနနဲ႔ သေဘာထားၾကီးၾကီးထားၿပီးေတာ့မွ အမ်ိဳးသားညီညြတ္ေရးအစိုးရကို ပီပီျပင္ျပင္ဖြဲ႔စည္းႏုိင္ဖို႔ ေမွ်ာ္လင့္တယ္။ အဲ့သလို ဖြဲ႔စည္းလာမယ္ဆိုရင္လည္း တုိင္းရင္းသားပါတီေတြ ဘက္ကလည္း ပူးေပါင္းေဆာင္ရြက္ၾကမွာပါလို႔ က်ေနာ္တို႔ဘက္က တင္ျပပါတယ္ခင္ဗ်။

မဆုမြန္။ ။ ဟုတ္ကဲ့ ၿပီးခဲ့တဲ့ဒီသက္တမ္း ၅ႏွစ္တာကာလအတြင္းမွာ အမ်ိဳးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္ဘက္က အစိုးရအျဖစ္တာဝန္ယူခဲ့တဲ့အခ်ိန္မွာ တုိင္းရင္းသားပါတီေတြ တုိင္းရင္းသားအဖြဲ႔အစည္းေတြနဲ႔ ထိေတြ႔ဆက္ဆံမႈေတြက အားနည္းမႈေတြရွိခဲ့တယ္။ ေနာက္တခုက တုိင္းရင္းသားေတြနဲ႔ ပူးေပါင္းေဆာင္ရြက္ မႈေတြမွာလည္း အမ်ားၾကီးေထာက္ျပစရာေတြရွိခဲ့တယ္ေပါ့။ ဆိုေတာ့ ဒီ ဒုတိယသက္တမ္းတိုးမယ့္ ဒီႏွစ္ဆန္းေပါ့ ၂၀၂၁ခုႏွစ္မွာ ဒီလိုမ်ိဳး တိုင္းရင္းသားပါတီေတြနဲ႔ တုိင္းရင္းသားနယ္ေျမေတြအထိ ဆင္းၿပီးေတာ့မွ NLD ဘက္က ထိေတြ႕မႈလုပ္ၿပီး ေဆာင္ရြက္ေနတဲ့အေပၚမွာ ဆရာေဒါက္တာတူးဂ်ာ ဘယ္လိုမ်ားျမင္မိပါသလဲ။ ၿပီးေတာ့ ဆရာကိုယ္တုိင္လည္း တိုက္ရို္က္ေဆြးေႏြးခဲ့တာဆိုေတာ့ သူတို႔နဲ႔ေဆြးေႏြးမႈေတြ ေျပာဆိုမႈေတြအေပၚမွာေရာ ဆရာအေနနဲ႔ ေက်နပ္အားရမႈရွိပါသလားရွင့္။

ေဒါက္တာမနမ္တူးဂ်ာ။ ။ ငါးႏွစ္တာေပါ့ အခုခ်ိန္အထိေပါ့ဗ်ာ။ ၂၀၁၅ကစလို႔ ၂၀၂၀အထိ အစိုးရသက္တမ္းမွၾ ျပည္သူလူထု လိုလားေတာင့္တေနတဲ့ ျပဳျပင္ေျပာင္းလဲေရး ၊ ျပည္တြင္းၿငိမ္းခ်မ္းေရး၊ တိုးတက္ဖြ႔ံၿဖိဳးေရးေတြကို ေက်နပ္အားရေလာက္ေအာင္ ျပည္သူေတြ လက္ခံႏိုင္ေလာက္ေအာင္ မစြမ္းေဆာင္ေပးႏုိင္ခဲ့ဘူး မေဖာ္ေဆာင္ေပးႏုိင္ခဲ့ တဲ့အေပၚမွာ NLD အေနနဲ႔ လည္းဒီတေခါက္ေတာ့- ျပည္သူေတြဘက္ကလည္း ၂၀၁၅တုန္းကလိုပဲ ေသာင္ၿပိဳကမ္းၿပိဳ အႏိုင္ေပးလိုက္တယ္ေလ။ ဒါေၾကာင့္ ဒီတေခါက္ေတာ့- လုပ္ျဖစ္ေအာင္လုပ္မယ္ဆိုတဲ့ ခံယူခ်က္မ်ားရွိမယ္ထင္တယ္။ ဒါေၾကာင့္မို႔ အခုက ဒီဟာကို အေကာင္အထည္ေဖာ္ဖို႔ ေျခလွမ္းစေနတဲ့ပံုစံမ်ိဳး အဲ့ဒီ့နည္းနာနဲ႔ ေပၚလစီမ်ိဳးနဲ႔ဆိုလို႔ရွိရင္ေတာ့ ျဖစ္ႏုိင္ေျခရွိတာကိုး။

ဒါေၾကာင့္မို႔ သူတို႔အေနနဲ႔ကေတာ့ ဒီတေခါက္ကေတာ့-အတိတ္ကို သခၤန္းစာယူၿပီးေတာ့မွ အစိုးရအေနနဲ႔ စတင္ဖြဲ႔စည္းမယ့္ အစိုးရအေနနဲ႔ ကေတာ့ တိုင္းရင္းသားေတြနဲ႔ပူးေပါင္းေဆာင္ရြက္ေရးေပါ့။ ရင္ၾကားေစ့ေရးနဲ႔ ပူးေပါင္းေဆာင္ရြက္ေရး ေပၚေပၚထင္ထင္ အေကာင္အထည္ေဖာ္သြားဖို႔ လုပ္ေဆာင္သြားဖို႔ အဲ့လိုလုပ္ောဆင္သြားမယ္ဆိုရင္ေတာ့ ပူးေပါင္းအားနဲ႔ ႏုိင္ငံတည္ေဆာက္တဲ့အခါမွာ အမ်ားၾကီးထိေရာက္ၿပီး ၿငိမ္းခ်မ္းေရးလည္း ပိုၿပီးျမန္ဆန္သြာ ရရွိႏုိင္မယ္ဆိုတဲ့ခံယူခ်က္နဲ႔သူတို႔က ဒီေပၚလစီကိုခ်မွတ္တာ။ အမ်ိဳးသားညီညြတ္ေရးအစိုးရ ဆိုတဲ့ ေပၚလစီကိုလည္း ခ်မွတ္တယ္။ အမ်ိဳးသားရင္ၾကားေစ့ေရး ကို လက္ေတြ႔လုပ္ေဆာင္လာတယ္လို႔ က်ေနာ္တို႔ေတြ႔ေနရ တယ္ဗ်။ ဒါေၾကာင့္မို႔လို႔ ဒီဟာက တကယ္အမွန္အကန္ပဲ ေစတနာသန္႔သန္႔နဲ႔ တုိင္းျပည္အက်ိဳး ျပည္သူလူထုအက်ိဳး ျပည္သူျပည္သားမ်ား ရဲ႕လိုလားေတာင့္တခ်က္ကို အေကာင္အထည္ေဖာ္ေပးႏုိင္မယ့္ နည္းလမ္းကို သူတို႔ေရြးခ်ယ္တယ္လို႔ က်ေနာ္ကေတာ့ အဲ့လိုျမင္တယ္။

မဆုမြန္။ ။ ဟုတ္ကဲ့ပါ ေဒါက္တာတူးဂ်ာ။ ဆုိေတာ့ ဒီလိုမ်ိဳးေတြ႔ဆံုတာက ဆရာတို႔ကခ်င္ေဒသက ပထမဆံုးေပါ့ေနာ္။ အဲ့ဒီ့ေတာ့ ေရွ႕သြားမယ့္ တုိင္းရင္းသားနယ္ေျမေတြမွာ ဆရာတို႔ဆံုေတြ႔ခဲ့တဲ့ ေတြ႔ဆံုေဆြးေႏြးမႈအေပၚမွာ မူတည္ၿပီး ေရွ႕ဆက္သြားမယ့္ တုိင္းရင္းသားနယ္ေျမေတြမွာ ဒီ့ထက္ပိုၿပီးေတာ့ NLD ဘက္က မူဝါဒသေဘာထားေတြကို ျပတ္ျပတ္သားသားေျပာဆိုေဆြးေနြးသင့္တာ ခ်ျပသင့္တာေတြကို ဆရာတို႔အၾကံေပးခ်င္တာမ်ားရွိပါသလား။

ေဒါက္တာမနမ္တူးဂ်ာ။ ။ က်ေနာ္တို႔ ၂၀၂၁ခုႏွစ္ ဇန္နဝါရီလ ၁ရက္ေန႔မွာ ကခ်င္ျပည္နယ္မွာ ကခ်င္တိုင္းရင္းသားပါတီေတြနဲ႔စတင္ေတြ႔ဆံုတယ္ဆိုတာကို က်ေနာ့္အျမင္က ဘယ္လိုေျပာမလဲဆိုေတာ့ "၂၀၂၁ဟာ ၿငိမ္းခ်မ္းေရးၾကိဳးပမ္းမယ့္ၿငိမ္းခ်မ္းေရးႏွစ္"ဆိုတဲ့ဟာကို ပုံေဖာ္ျပတဲ့သေဘာလို႔ ျမင္တယ္ အဲ့တာတခ်က္ေပါ့ေနာ္။ ေနာက္တခုက ျပည္ေထာင္စုဖြဲ႔စည္းေရးမွာ ကခ်င္ေတြက စကတည္းက ေရွ႕တန္းကေန ပါလာတာကိုး။ ေနာက္ၿပီး ျပည္တြင္းစစ္ဒဏ္ကို ပိုၿပီး ခံစားရတာလည္း ကခ်င္ျပည္နယ္ျဖစ္ေနတာကိုး။ IDP လည္း သူတို႔ေနရာမခ်ႏုိင္ေသးတဲ့အေျခအေနမွာ ကခ်င္ျပည္နယ္ရဲ႕ ၿငိမ္းခ်မ္းေရးအေနအထားကို သူတို႔သံုးသပ္မိမွာေပါ့ေလ။ဘာပဲေျပာေျပာ ကခ်င္ျပည္နယ္ရဲ႕အေျခအေနကို ေလ့လာၿပီး ကခ်င္ျပည္နယ္ရဲ႕လိုလားခ်က္ လိုအပ္ခ်က္ေတြကို အတတ္နိုင္ဆံုးေဖာ္ေဆာင္ေပးခ်င္ တဲ့စိတ္မ်ားရွိသလားလို႔ က်ေနာ္ခန္႔မွန္းမိတယ္။ ေတြ႔ဆံုမႈအေပၚမွာလည္း ေက်နပ္အားရပါတယ္။ ဒါေၾကာင့္ ၿပီးလို႔ရွိရင္လည္း က်န္တဲ့တျခား တုိင္းရင္းသားျပည္နယ္ေတြလည္း အားလံုးေပါ့ေလ။ ေက်ာသားရင္သား မခြဲျခားပဲ ဒီလိုပဲ ေရွ႕ဆက္ၿပီးတုိင္းရင္းသားပါတီ ဘယ္ပါတီေတြနဲ႔ပဲေတြ႔ေတြ႔ ဒီပံုစံမ်ိဳးနဲ႔ေတြ႔ဆံုသြားမယ္ ဆိုရင္ေတာ့ အလားအလာေကာင္းေတြ ေပၚထြန္းလာမယ္လို႔ က်ေနာ္ျမင္ေယာင္မိ ပါတယ္။

မဆုမြန္။ ။ ဟုတ္ကဲ့ ဒီလိုဆရာတို႔နဲ႔ေတြ႔ဆံုမႈေတြ ေဆြးေနြးမႈေတြအေပၚမွာ အမ်ိဳးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္ ဗဟိုကို ျပန္ၿပီးေတာ့မွ တင္ျပမယ္လို႔ေျပာတယ္ ဆိုတဲ့အခါက်ေတာ့ နုိင္ငံေတာ္အတုိင္ပင္ခံပုဂၢိဳလ္ သမၼတအပါအဝင္ေပါ့ေနာ္ ဒီတိုင္းရင္းသားပါတီေတြနဲ႔ေဆြးေႏြးခ်က္ေတြကို ျပန္တင္ျပမယ့္အေပၚ သူတို႔ဘက္က ဆရာတို႔ကို ဘာေတြ ျပန္ေျပာသြားတာရွိပါသလဲ။ ဒီလိုေဆြးေႏြးခ်က္ေတြအေပၚမွာ ဘယ္လိုျပန္ၿပီး တုန္႔ျပန္ဖို႔ ဆရာတို႔နဲ႔ျပန္ၿပီး ေဆြးေႏြးဖို႔ ေနာက္ဆက္တြဲေဆြးေႏြးပြဲေတြ ဆက္ရွိႏုိင္ဦးမယ့္အလားအလာေရာရွိပါသလားရွင့္။

ေဒါက္တာမနမ္တူးဂ်ာ။ ။ သူတို႔ေျပာသြားတာကေတာ့ က်ေနာ္တို႔ဆီက သေဘာထားေပါ့ေနာ္ ဒါေတြကို ရယူသြားၿပီးေတာ့မွ သူတို႔ရဲ႕ ဗဟိုအလုပ္အမႈေဆာင္ေကာ္မတီကိုတင္ျပဖို႔ဆိုတာပဲ ေျပာပါတယ္။ ေနာက္ပိုင္း ဆံုးျဖတ္ခ်က္ေတြခ်မွာကေတာ့ ဗဟိုအလုပ္အမႈေဆာင္ေကာ္မတီျဖစ္မွာေပါ့။ ေနာက္ထပ္ေတြ႔ဖို႔ဆိုတာေတာ့ အတိအက်ေျပာသြားတာမရွိပါဘူး။ ဒါေပမဲ့ လိုအပ္ခ်က္ေတြေပၚမူတည္ၿ႔ပီးေတာ့မွ ထပ္ေတြ႔သင့္ရင္လည္း ထပ္ေတြ႔ၾကမွာပါ။ ဒါက အစပ်ိဳးတဲ့သေဘာပါ လိုအပ္မႈအေပၚမွာ မူတည္မွာပါ။ သူတို႔တုိင္းရင္းသားပါတီ အားလံုးနဲ႔ေတြ႔ဆံုၿပီးရင္ တုိင္းရင္းသားပါတီေတြဘက္က တင္ျပလာမယ့္ အခ်က္အလက္ေတြကို စုေဆာင္းၿပီးရင္ေတာ့ သူတို႔ရဲ႕ CEC ေပါ့ေနာ့ ဗဟိုအလုပ္အမႈေဆာင္ေကာ္မတီမွာ ညိႇႏိႈင္းေဆြးေႏြးၾကၿပီးမွ ျပန္ၿပီးဆံုးျဖတ္ခ်က္ခ်မွာေတြ ဆက္လက္လုပ္ေဆာင္စရာရွိတာေတြကိုလည္း အဲ့ဒီ့အခါမွာ ေဆာင္ရြက္သြားလိမ့္မယ္လို႔ က်ေနာ္က အဲ့သလိုပဲ နားလည္သေဘာေပါက္ပါတယ္။

မဆုမြန္။ ။ ဟုတ္ကဲ့ ေက်းဇူးအမ်ားၾကီးတင္ပါတယ္ အဲ့ဒီ့ေတာ့ အခုဆိုရင္ ၂၀၂၁ခုႏွစ္မွာ ေရွ႕ဆက္ၿပီး အစိုးရသက္တမ္းတာဝန္ယူမယ့္ NLD အစိုးရအေနနဲ႔ အထူးသျဖင့္ တိုင္းရင္းသားေတြရဲ႕အေရး ေနာက္ တုိင္းရင္းသားနယ္ေျမေတြရဲ႕ဖြ႔ံၿဖိဳးတိုးတက္ေရး နဲ႔ပတ္သက္ၿပီး ေရွ႕ဆက္ေဆာင္ရြက္သြားဖို႔အတြက္ ဆရာေဒါက္တာတူးဂ်ာအေနနဲ႔ ဘာမ်ားေမတၱာရပ္ခံပန္ၾကားခ်င္တာရွိပါသလဲရွင္ တုိင္းရင္းသားျပည္သူေတြရဲ႕ ကိုယ္စားေပါ့။

ေဒါက္တာမနမ္တူးဂ်ာ။ ။ မွန္မွန္ကန္ကန္နဲ႔ ပါတီစြဲမရွိပဲနဲ႔ အမ်ားျပည္သူအက်ိဳးကို သယ္ပိုးေပးမယ္လို ႔ေမွ်ာ္လင့္ပါတယ္။ ျပည္သူလူထုအက်ိဳးကို လူမွန္ ေနရာမွန္ ေရြးခ်ယ္ခန္႔အပ္ထားၿပီးမွ ေကာင္းမြန္တဲ့အစိုးရ အဖြဲ႔အစည္းတရပ္ ဖြဲ႔စည္းႏုိင္လိမ့္မယ္လို႔လည္း က်ေနာ္တို႔ေမွ်ာ္လင့္တယ္။ ၿပီးလို႔ရွိရင္ လုပ္ေဆာင္စရာရွိ တာေတြကိုလည္း ဗဟိုအစိုးရကေနၿပီးေတာ့မွ ျပည္နယ္အစိုးရေတြနဲ႔လက္တြဲၿပီးေတာ့မွ လိုအပ္တာေတြကို တစိုက္မတ္မတ္လုပ္ေဆာင္ေပးသြားမယ္ ေဒသေတြ ျပည္နယ္ေတြရဲ႕ ဖြ႔ံၿဖိဳးတိုးတက္မႈေတြ အရွိ္န္အဟုန္ျမင့္ တက္လာေအာင္ သူတို႔လုပ္ေဆာင္ေပးလိမ့္မယ္လို႔ေမွ်ာ္လင့္ပါတယ္။ လုပ္လည္း လုပ္ေဆာင္ေပးပါလို႔ တိုက္တြန္းေမတၱာရပ္ခံခ်င္ပါတယ္ဗ်။

ဒီသီတင္းပတ္ရဲ႕ ျမန္မာ့ဒီမိုကေရစီေရးေဆြးေႏြးခန္းမွာ တုိင္းရင္းသားပါတီေတြနဲ႔ လိုက္လံေတြ႔ဆံုေနတဲ့ NLD ကိုယ္စားလွယ္အဖြဲ႔နဲ႔ ေဆြးေႏြးခဲ့တဲ့ ကခ်င္ျပည္နယ္ ျပည္သူ႔ပါတီရဲ႕ဥကၠ႒ ေဒါက္တာမနမ္တူးဂ်ာကို ဗီြအိုေအျမန္မာပိုင္းက မဆုမြန္က ဆက္သြယ္ေမးျမန္းၿပီး တင္ဆက္ထားတာျဖစ္ပါတယ္။

[Unicode]
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLDအနေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရဖွဲ့ဖို့ မူဘောင်အောက်မှာ ပါတီစွဲမထားပဲ အရည်အချင်းရှိတဲ့ ပုဂ္ဂိုလ်တွေကို ဝန်ကြီးချုပ်ကစ တာဝန်ပေးသွားဖို့ ကချင်ခေါင်းဆောင် တဦးဖြစ်တဲ့ ဒေါက်တာမနမ်တူးဂျာက တိုက်တွန်းပြောဆိုလိုက်ပါတယ်။ NLD အစိုးရ ပထမ သက်တမ်းမှာ တိုင်းရင်းသားပါတီတွေ တိုင်းရင်းသားအဖွဲ့အစည်းတွေနဲ့ ထိတွေ့ဆက်ဆံ ပူးပေါင်းဆောင်ရွက်မှု အားနည်းခဲ့တဲ့အပေါ် ဝေဖန်မှုတွေ ရှိခဲ့လို့ အခုဒုတိယသက်တမ်းဆက်မယ့်အချိန် တိုင်းရင်းသားနယ်မြေတွေ အထိဆင်းပြီး တိုင်းရင်းသားပါတီတွေနဲ့တွေ့ဆုံမှုက တိုင်းရင်းသားတွေနဲ့ NLD ကြား ပိုပြီးတော့မှ အဆင်ပြေအောင် ပူးပေါင်းဆောင်ရွက်သွားဖို့ခြေလှမ်းတရပ်အဖြစ်လည်း သူကရှု့မြင်ပါတယ်။ တိုင်းရင်းသားပါတီတွေနဲ့ လိုက်လံတွေ့ဆုံနေတဲ့ NLD ကိုယ်စားလှယ်အဖွဲ့နဲ့ ဆွေးနွေးခဲ့တဲ့ ကချင်ပြည်နယ် ပြည်သူ့ပါတီရဲ့ဥက္ကဋ္ဌ ဒေါက်တာမနမ်တူးဂျာကို ဗွီအိုအေမြန်မာပိုင်းက မဆုမွန်က ဆက်သွယ်မေးမြန်းပြီး ဒီသီတင်းပတ်ရဲ့ မြန်မာ့ဒီမိုကရေစီရေးဆွေးနွေးခန်းမှာ တင်ဆက်ထားပါတယ်။
မဆုမွန်။ ။ မင်္ဂလာပါ ဒေါက်တာတူးဂျာရှင့်။ အခုအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဘက်ကနေပြီးတော့မှ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်နိုင်ဖို့နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ ဖွဲ့စည်းနိုင်ဖို့ဆိုပြီးတော့ တိုင်းရင်းသားပါတီတွေနဲ့တွေ့ဆုံဆွေးနွေးဖို့ ဆုံးဖြတ်ခဲ့တယ်။ အဲ့ဒီ့လို ဆုံးဖြတ်ခဲ့ပြီးတဲ့နောက်မှာ ကချင်နိုင်ငံရေးပါတီတွေနဲ့ ပထမဆုံးတွေ့ဆုံခဲ့ပါတယ်။ NLD ပါတီဘက်က ဒီလိုတိုင်းရင်းသားပါတီတွေ နဲ့တွေ့တဲ့အခါမှာ ဆရာလည်းပါဝင်ခဲ့တယ်ဆိုတော့ ဒီဆွေးနွေးပွဲမှာ ဘယ်လိုအချက်တွေကို အဓိကထားပြီးတော့ ဆွေးနွေးဖြစ်ခဲ့ကြသလဲပေါ့။ အဲ့တာ အရင်ဆုံးသိချင်ပါတယ်။

ဒေါက်တာမနမ်တူးဂျာ။ ။ ခေါင်းစဉ်နှစ်ခုနဲ့ ဖြစ်ပါတယ်။ တခုကတော့ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး နောက်တခုကတော့ ကျနော်တို့ဆီက သဘောထားရယူချင်တာက အမျိုးသားညီညွတ်ရေးအစိုးရဖွဲ့စည်းရေး။ ဒီခေါင်းစဉ် ၂ချက်အပေါ်မှာ သူတို့က ကျနော်တို့ပါတီရဲ့ သဘောထားကို သိချင်တယ်ဆိုပြီး သူတို့က ကျနော်တို့ကိုမေးမြန်းပါတယ်။ အဲ့သလိုမေးမြန်းတဲ့အခါမှာ ကျနော်တို့ဘက်ကလည်း ရိုးရိုးသားသားပွင့်ပွင့်လင်းလင်းပဲ တင်ပြလိုက်ပါတယ်။ အဲ့ဒီ့ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုတာကလည်း အင်မတန်မှကိုအရေးကြီးပါတယ်။ အရင်ကတည်းက သူတို့ပြောတော့ပြောနေတာပေါ့နော်။ ဒါပေမဲ့ လက်တွေ့ဖော်ဆောင်တာတော့ ဒီလောက်ကြီးမရှိသေးဘူး။ အခု ၂၀၂၀ရွေးကောက်ပွဲကြီးပြီးတဲ့နောက်ပိုင်းမှာ ဒါကိုလက်တွေ့ဖော်ဆောင်လာတယ်လို့ ကျနော်က အဲ့သလိုမြင်တယ်။ ဒီအပေါ်မှာ ကျနော်တို့က ကြိုဆိုပါတယ်။

ကျနော်တို့ဖြစ်စေချင်တာက ပြည်တွင်းငြိမ်းချမ်းရေးရရှိဖို့က အမျိုးသားပြန်လည်သင့်မြတ်ရေးက အင်မတန်အရေးကြီးတယ်။ အမျိုးသားပြန်လည်သင့်မြတ်ရေးမှာ အထူးသဖြင့်ကတော့ တိုင်းရင်းသားတွေနဲ့ပြန်လည်သင့်မြတ်ရေး ရင်ကြားစေ့ရေးကို အောင်အောင်မြင်မြင်လုပ်ဆောင်နိုင်ဖို့က အင်မတန်အရေးကြီးတယ်လို့မြင်တယ်။ ဘာကြောင့်လဲဆိုရင် ကျနော်တို့နိုင်ငံမှာ ဖြစ်ပျက်နေတဲ့ပြည်တွင်းစစ်ဖြစ်နေတဲ့ မတည်ငြိမ်မှုက သူ့ရဲ့အကြောင်းရင်းက တိုင်းရင်းသားများအနေနဲ့ သူတို့လိုချင်တဲ့နိုင်ငံရေးအခွင့်အရေး မရရှိသေးတဲ့အတွက်ကြောင့် ဖြစ်တယ်ဆိုတာက လူတိုင်းလည်းသိပါတယ်။
အဲ့တာက ဘာကိုဆိုလိုသလဲဆိုရင် ၁၉၄၇ခုနှစ် ပင်လုံညီလာခံတုန်းက ဗိုလ်ချုပ်အောင်ဆန်းပြောခဲ့တဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့ အမျိုးသားတန်းတူအခွင့်အရေးကို အပြည့်အဝ အာမခံချက်ပေးနိုင်တဲ့ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးဆိုတာကို မဖော်ဆောင်နိုင်သေးဘူး ဒီနေ့အထိ အကောင်အထည်မဖော်နိုင်ဘူး။

အဲ့တာကြောင့်မို့လို့ ဒီဟာအပေါ်မှာ ကျနော်တို့က အလေးထားပြီးတော့မှ လိုအပ်နေတဲ့အချိန်အခါဖြစ်တယ်။ အထူးသဖြင့် ပြည်နယ်တွေမှာ ကိုယ်ပိုင်အုပ်ချုပ်ရေး အပြည့်အဝရရှိဖို့နဲ့ ဒီမိုကရေစီအခွင့်အရေး အပြည့်အဝ ခံစားခွင့် တွေကို အလေးထားပြီးတော့မှ ဖော်ဆောင်သွားဖို့လိုအပ်တယ် ဆိုတာကို တင်ပြတယ်။ အရင်က ၄၇ခုနှစ်ပင်လုံညီလာခံ နောက်ဆက်တွဲ ၂၁ရာစုပင်လုံညီလာခံမှာ နိုင်ငံရေးပြဿနာတွေကို ဖြေရှင်းဖို့ မှန်ကန်တဲ့နည်းနာဖြစ်တယ် အဲ့တာကြောင့်မို့လို့ ပင်လုံညီလာခံကို ဆက်လက်ကျင်းပပြီးတော့မှ ဒီဖက်ဒရယ်မူတွေကို ချမှတ်ပြီး ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး ခိုင်မာအောင်လုပ်နိုင်ဖို့ အင်မတန်အရေးကြီးတယ်လို့ ဒါကြောင့် အမျိုးသားရင်ကြားစေ့ရေးမှာ တိုင်းရင်းသားတွေနဲ့ ညှိညှိနှိုင်းနှိုင်း ရင်ကြားစေ့နိုင်အောင် လုပ်ပြီးတော့မှဖော်ဆောင်သွားပါက အကောင်းဆုံးနည်းနာဖြစ်မယ်လို့ ကျနော်တို့တင်ပြခဲ့ပါတယ်။

မဆုမွန်။ ။ ဟုတ်ကဲ့ အဲ့ဒီ့တော့ NLD ဘက်က ဖော်ဆောင်မယ်ဆိုတဲ့ အမျိုးသားညီညွတ်ရေး အစိုးရဖွဲ့စည်းရေး ဆိုတဲ့အပေါ် သီးခြားတာဝန်ခွဲဝေရေးဆိုတဲ့ကိစ္စတွေလည်း ဆွေးနွေးခဲ့ကြတယ်လို့သိရပါတယ်။ ဒီအမျိုးသားညီညွတ်ရေး အစိုးရဖွဲ့စည်းမယ်ဆိုတဲ့ပုံစံအပေါ်မှာ သူတို့ဘယ်လိုရှင်းပြခဲ့တာရှိလဲ NLD ဘက်ကပေါ့နော်။ နောက်ပြီးတော့ ဒီအပေါ်မှာ ဆရာတို့ဘက်က ဘယ်လိုပြန်ပြီးဆွေးနွေးခဲ့တာရှိပါလဲရှင့်။

ဒေါက်တာမနမ်တူးဂျာ။ ။ အမျိုးသားညီညွတ်ရေးအစိုးရတရပ်ဖွဲ့စည်းရေးဆိုတာက ဒီအပေါ်မှာ ကျနော်တို့ကလည်း အမြင်ကို တင်ပြတယ်။။ သူတို့ဘက်က အမျိုးသားညီညွတ်ရေးအစိုးရဖွဲ့စည်းရေးဆိုတာက အခုအချိန်အခါမှာ လိုအပ်တယ်ပေါ့။ ပြည်တွင်းငြိမ်းချမ်းရေးအတွက် ကြီးမားတဲ့ခြေလှမ်းတရပ်ဖြစ် တယ်ဆိုတဲ့သဘော ကျနော်တို့လည်း နားလည်တယ်။ ဒါကြောင့်မို့လို့ ကျနော်တို့ဘက်က တင်ပြတာကတော့ ဒီအမျိုးသားညီညွတ်ရေးအစိုးရဆိုတာ အင်မတန်ကို အရေးကြီးပါတယ်လို့ ကျနော်တို့နိုင်ငံက တိုင်းရင်းသားပေါင်းစုံ ပူးတွဲနေထိုင်တဲ့နိုင်ငံဖြစ်တဲ့အတွက်ကြောင့် မတူကွဲပြားခြင်းကနေ ညီညွတ်ရေး ဆိုတာကို နည်းလမ်းရှာကြရပါမယ်။

တပါတီတည်း တအုပ်စုတည်း တဖွဲ့တည်းနဲ့ တိုင်းပြည်ထူထောင်လို့တော့ သိပ်အောင်မြင်နိုင်မှာမဟုတ်ဘူးလို့ ဒါကို ပူးပေါင်းပြီးတော့မှ စုပေါင်းအင်အား ပူးပေါင်းအင်အားတွေနဲ့ နိုင်ငံကို ထူထောင်မှသာ ပိုပြီးအောင်မြင်နိုင်မယ်လို့ ပိုတိုးတက်ဖွံ့ဖြိုးနိုင်မယ်ဆိုတဲ့သဘောထားအရ အခု ဒီအမျိုးသားညီညွတ်ရေးအစိုးရဖွဲ့စည်းရေးဟာ အင်မတန်မှန်ကန်တယ်။ ဒီဟာကိုသာ မှန်မှန်ကန်ကန်ပုံဖော်နိုင်ဖို့ အကောင်အထည်ဖော်နိုင်ဖို့ အင်မတန် အရေးကြီးပါတယ်လို့။ ဒါကို ဗဟိုမှာရော ပြည်နယ်မှာရော အထူးသဖြင့် ကျနော်တို့က ပြည်နယ်ကို ထောက်ပြတာပေါ့လေ။ ပြည်နယ်တွေမှာ ကောင်းမွန်တဲ့ အစိုးရပေါ်ပေါက်လာဖို့အရေးကြီးပါတယ်။ အရည်အချင်းမှီတဲ့အစိုးရ၊ လုပ်ရည်ကိုင်ရည်ရှိတဲ့ စွမ်းဆောင်ရည်ရှိတဲ့အစိုးရ ပေါ်ထွန်းလာဖို့ အင်မတန်အရေးကြီးပါတယ်။

အဲ့သလိုပေါ်ထွန်းလာဖို့ဆိုရင် အမျိုးသားညီညွတ်ရေးအစိုးရမူဘောင်အောက်မှာ ပေါ်လစီအောက်မှာ ပါတီစွဲမထားပဲနဲ့ သင့်တော်တဲ့ပုဂ္ဂိုလ် အရည်အချင်းကိုကြည့်ပြီးတော့မှ အစိုးရဌာနတွေမှာ တာဝန်ပေးသွားဖို့ပေါ့။ ဝန်ကြီးချုပ်ကအစပေါ့ဗျာ တာဝန်ပေးသွားပြီးမှ အစိုးရတရပ်ဖွဲ့စည်းနိုင်ဖို့ဆိုတာ အင်မတန်အရေးကြီးတယ်လို့။ အဲ့သလိုဖွဲ့စည်းနိုင်ပြီဆိုရင်တော့ ပြည်နယ်ထဲမှာ အေးချမ်းသာယာမယ်။ တိုးတက်ဖွံ့ဖြိုးမယ်ပေါ့။ ရှေ့ဆက်ပြီးတော့မှ NLD အနေနဲ့ သဘောထားကြီးကြီးထားပြီးတော့မှ အမျိုးသားညီညွတ်ရေးအစိုးရကို ပီပီပြင်ပြင်ဖွဲ့စည်းနိုင်ဖို့ မျှော်လင့်တယ်။ အဲ့သလို ဖွဲ့စည်းလာမယ်ဆိုရင်လည်း တိုင်းရင်းသားပါတီတွေ ဘက်ကလည်း ပူးပေါင်းဆောင်ရွက်ကြမှာပါလို့ ကျနော်တို့ဘက်က တင်ပြပါတယ်ခင်ဗျ။

မဆုမွန်။ ။ ဟုတ်ကဲ့ ပြီးခဲ့တဲ့ဒီသက်တမ်း ၅နှစ်တာကာလအတွင်းမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဘက်က အစိုးရအဖြစ်တာဝန်ယူခဲ့တဲ့အချိန်မှာ တိုင်းရင်းသားပါတီတွေ တိုင်းရင်းသားအဖွဲ့အစည်းတွေနဲ့ ထိတွေ့ဆက်ဆံမှုတွေက အားနည်းမှုတွေရှိခဲ့တယ်။ နောက်တခုက တိုင်းရင်းသားတွေနဲ့ ပူးပေါင်းဆောင်ရွက် မှုတွေမှာလည်း အများကြီးထောက်ပြစရာတွေရှိခဲ့တယ်ပေါ့။ ဆိုတော့ ဒီ ဒုတိယသက်တမ်းတိုးမယ့် ဒီနှစ်ဆန်းပေါ့ ၂၀၂၁ခုနှစ်မှာ ဒီလိုမျိုး တိုင်းရင်းသားပါတီတွေနဲ့ တိုင်းရင်းသားနယ်မြေတွေအထိ ဆင်းပြီးတော့မှ NLD ဘက်က ထိတွေ့မှုလုပ်ပြီး ဆောင်ရွက်နေတဲ့အပေါ်မှာ ဆရာဒေါက်တာတူးဂျာ ဘယ်လိုများမြင်မိပါသလဲ။ ပြီးတော့ ဆရာကိုယ်တိုင်လည်း တိုက်ရိုက်ဆွေးနွေးခဲ့တာဆိုတော့ သူတို့နဲ့ဆွေးနွေးမှုတွေ ပြောဆိုမှုတွေအပေါ်မှာရော ဆရာအနေနဲ့ ကျေနပ်အားရမှုရှိပါသလားရှင့်။

ဒေါက်တာမနမ်တူးဂျာ။ ။ ငါးနှစ်တာပေါ့ အခုချိန်အထိပေါ့ဗျာ။ ၂၀၁၅ကစလို့ ၂၀၂၀အထိ အစိုးရသက်တမ်းမြှ ပြည်သူလူထု လိုလားတောင့်တနေတဲ့ ပြုပြင်ပြောင်းလဲရေး ၊ ပြည်တွင်းငြိမ်းချမ်းရေး၊ တိုးတက်ဖွံ့ဖြိုးရေးတွေကို ကျေနပ်အားရလောက်အောင် ပြည်သူတွေ လက်ခံနိုင်လောက်အောင် မစွမ်းဆောင်ပေးနိုင်ခဲ့ဘူး မဖော်ဆောင်ပေးနိုင်ခဲ့တဲ့အပေါ်မှာ NLD အနေနဲ့ လည်းဒီတခေါက်တော့- ပြည်သူတွေဘက်ကလည်း ၂၀၁၅တုန်းကလိုပဲ သောင်ပြိုကမ်းပြို အနိုင်ပေးလိုက်တယ်လေ။ ဒါကြောင့် ဒီတခေါက်တော့- လုပ်ဖြစ်အောင်လုပ်မယ်ဆိုတဲ့ ခံယူချက်များရှိမယ်ထင်တယ်။ ဒါကြောင့်မို့ အခုက ဒီဟာကို အကောင်အထည်ဖော်ဖို့ ခြေလှမ်းစနေတဲ့ပုံစံမျိုး အဲ့ဒီ့နည်းနာနဲ့ ပေါ်လစီမျိုးနဲ့ဆိုလို့ရှိရင်တော့ ဖြစ်နိုင်ခြေရှိတာကိုး။

ဒါကြောင့်မို့ သူတို့အနေနဲ့ကတော့ ဒီတခေါက်ကတော့-အတိတ်ကို သင်္ခန်းစာယူပြီးတော့မှ အစိုးရအနေနဲ့ စတင်ဖွဲ့စည်းမယ့် အစိုးရအနေနဲ့ ကတော့ တိုင်းရင်းသားတွေနဲ့ပူးပေါင်းဆောင်ရွက်ရေးပေါ့။ ရင်ကြားစေ့ရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေး ပေါ်ပေါ်ထင်ထင် အကောင်အထည်ဖော်သွားဖို့ လုပ်ဆောင်သွားဖို့ အဲ့လိုလုပ်ောဆင်သွားမယ်ဆိုရင်တော့ ပူးပေါင်းအားနဲ့ နိုင်ငံတည်ဆောက်တဲ့အခါမှာ အများကြီးထိရောက်ပြီး ငြိမ်းချမ်းရေးလည်း ပိုပြီးမြန်ဆန်သွာ ရရှိနိုင်မယ်ဆိုတဲ့ခံယူချက်နဲ့သူတို့က ဒီပေါ်လစီကိုချမှတ်တာ။ အမျိုးသားညီညွတ်ရေးအစိုးရဆိုတဲ့ ပေါ်လစီကိုလည်း ချမှတ်တယ်။ အမျိုးသားရင်ကြားစေ့ရေးကို လက်တွေ့လုပ်ဆောင်လာတယ်လို့ ကျနော်တို့တွေ့နေရတယ်ဗျ။ ဒါကြောင့်မို့လို့ ဒီဟာက တကယ်အမှန်အကန်ပဲ စေတနာသန့်သန့်နဲ့ တိုင်းပြည်အကျိုး ပြည်သူလူထုအကျိုး ပြည်သူပြည်သားများရဲ့လိုလားတောင့်တချက်ကို အကောင်အထည်ဖော်ပေးနိုင်မယ့်နည်းလမ်းကို သူတို့ရွေးချယ်တယ်လို့ ကျနော်ကတော့ အဲ့လိုမြင်တယ်။

မဆုမွန်။ ။ ဟုတ်ကဲ့ပါ ဒေါက်တာတူးဂျာ။ ဆိုတော့ ဒီလိုမျိုးတွေ့ဆုံတာက ဆရာတို့ကချင်ဒေသက ပထမဆုံးပေါ့နော်။ အဲ့ဒီ့တော့ ရှေ့သွားမယ့် တိုင်းရင်းသားနယ်မြေတွေမှာ ဆရာတို့ဆုံတွေ့ခဲ့တဲ့ တွေ့ဆုံဆွေးနွေးမှုအပေါ်မှာ မူတည်ပြီး ရှေ့ဆက်သွားမယ့် တိုင်းရင်းသားနယ်မြေတွေမှာ ဒီ့ထက်ပိုပြီးတော့ NLD ဘက်က မူဝါဒသဘောထားတွေကို ပြတ်ပြတ်သားသားပြောဆိုဆွေးနွေးသင့်တာ ချပြသင့်တာတွေကို ဆရာတို့အကြံပေးချင်တာများရှိပါသလား။

ဒေါက်တာမနမ်တူးဂျာ။ ။ ကျနော်တို့ ၂၀၂၁ခုနှစ် ဇန်နဝါရီလ ၁ရက်နေ့မှာ ကချင်ပြည်နယ်မှာ ကချင်တိုင်းရင်းသားပါတီတွေနဲ့စတင်တွေ့ဆုံတယ်ဆိုတာကို ကျနော့်အမြင်က ဘယ်လိုပြောမလဲဆိုတော့ "၂၀၂၁ဟာ ငြိမ်းချမ်းရေးကြိုးပမ်းမယ့်ငြိမ်းချမ်းရေးနှစ်"ဆိုတဲ့ဟာကို ပုံဖော်ပြတဲ့သဘောလို့ မြင်တယ် အဲ့တာတချက်ပေါ့နော်။ နောက်တခုက ပြည်ထောင်စုဖွဲ့စည်းရေးမှာ ကချင်တွေက စကတည်းက ရှေ့တန်းကနေ ပါလာတာကိုး။ နောက်ပြီး ပြည်တွင်းစစ်ဒဏ်ကို ပိုပြီး ခံစားရတာလည်း ကချင်ပြည်နယ်ဖြစ်နေတာကိုး။ IDP လည်း သူတို့နေရာမချနိုင်သေးတဲ့အခြေအနေမှာ ကချင်ပြည်နယ်ရဲ့ ငြိမ်းချမ်းရေးအနေအထားကို သူတို့သုံးသပ်မိမှာပေါ့လေ။ဘာပဲပြောပြော ကချင်ပြည်နယ်ရဲ့အခြေအနေကို လေ့လာပြီး ကချင်ပြည်နယ်ရဲ့လိုလားချက် လိုအပ်ချက်တွေကို အတတ်နိုင်ဆုံးဖော်ဆောင်ပေးချင်တဲ့စိတ်များရှိသလားလို့ ကျနော်ခန့်မှန်းမိတယ်။ တွေ့ဆုံမှုအပေါ်မှာလည်း ကျေနပ်အားရပါတယ်။ ဒါကြောင့် ပြီးလို့ရှိရင်လည်း ကျန်တဲ့တခြားတိုင်းရင်းသားပြည်နယ်တွေလည်း အားလုံးပေါ့လေ။ ကျောသားရင်သား မခွဲခြားပဲ ဒီလိုပဲ ရှေ့ဆက်ပြီးတိုင်းရင်းသားပါတီ ဘယ်ပါတီတွေနဲ့ပဲတွေ့တွေ့ ဒီပုံစံမျိုးနဲ့တွေ့ဆုံသွားမယ်ဆိုရင်တော့ အလားအလာကောင်းတွေ ပေါ်ထွန်းလာမယ်လို့ ကျနော်မြင်ယောင်မိပါတယ်။

မဆုမွန်။ ။ ဟုတ်ကဲ့ ဒီလိုဆရာတို့နဲ့တွေ့ဆုံမှုတွေ ဆွေးနွေးမှုတွေအပေါ်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုကို ပြန်ပြီးတော့မှ တင်ပြမယ်လို့ပြောတယ် ဆိုတဲ့အခါကျတော့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် သမ္မတအပါအဝင်ပေါ့နော် ဒီတိုင်းရင်းသားပါတီတွေနဲ့ဆွေးနွေးချက်တွေကို ပြန်တင်ပြမယ့်အပေါ် သူတို့ဘက်က ဆရာတို့ကို ဘာတွေ ပြန်ပြောသွားတာရှိပါသလဲ။ ဒီလိုဆွေးနွေးချက်တွေအပေါ်မှာ ဘယ်လိုပြန်ပြီး တုန့်ပြန်ဖို့ ဆရာတို့နဲ့ပြန်ပြီး ဆွေးနွေးဖို့ နောက်ဆက်တွဲဆွေးနွေးပွဲတွေ ဆက်ရှိနိုင်ဦးမယ့် အလားအလာရောရှိပါသလားရှင့်။

ဒေါက်တာမနမ်တူးဂျာ။ ။ သူတို့ပြောသွားတာကတော့ ကျနော်တို့ဆီက သဘောထားပေါ့နော် ဒါတွေကို ရယူသွားပြီးတော့မှ သူတို့ရဲ့ ဗဟိုအလုပ်အမှုဆောင်ကော်မတီကိုတင်ပြဖို့ဆိုတာပဲ ပြောပါတယ်။ နောက်ပိုင်း ဆုံးဖြတ်ချက်တွေချမှာကတော့ ဗဟိုအလုပ်အမှုဆောင်ကော်မတီဖြစ်မှာပေါ့။ နောက်ထပ်တွေ့ဖို့ဆိုတာတော့ အတိအကျပြောသွားတာမရှိပါဘူး။ ဒါပေမဲ့ လိုအပ်ချက်တွေပေါ်မူတည်ြ့ပီးတော့မှ ထပ်တွေ့သင့်ရင်လည်း ထပ်တွေ့ကြမှာပါ။ ဒါက အစပျိုးတဲ့သဘောပါ လိုအပ်မှုအပေါ်မှာ မူတည်မှာပါ။ သူတို့တိုင်းရင်းသားပါတီ အားလုံးနဲ့တွေ့ဆုံပြီးရင် တိုင်းရင်းသားပါတီတွေဘက်က တင်ပြလာမယ့် အချက်အလက်တွေကို စုဆောင်းပြီးရင်တော့ သူတို့ရဲ့ CEC ပေါ့နော့ ဗဟိုအလုပ်အမှုဆောင်ကော်မတီမှာ ညှိနှိုင်းဆွေးနွေးကြပြီးမှ ပြန်ပြီးဆုံးဖြတ်ချက်ချမှာတွေ ဆက်လက်လုပ်ဆောင်စရာရှိတာတွေကိုလည်း အဲ့ဒီ့အခါမှာ ဆောင်ရွက်သွားလိမ့်မယ်လို့ ကျနော်က အဲ့သလိုပဲ နားလည်သဘောပေါက်ပါတယ်။

မဆုမွန်။ ။ ဟုတ်ကဲ့ ကျေးဇူးအများကြီးတင်ပါတယ် အဲ့ဒီ့တော့ အခုဆိုရင် ၂၀၂၁ခုနှစ်မှာ ရှေ့ဆက်ပြီး အစိုးရသက်တမ်းတာဝန်ယူမယ့် NLD အစိုးရအနေနဲ့ အထူးသဖြင့် တိုင်းရင်းသားတွေရဲ့အရေး နောက် တိုင်းရင်းသားနယ်မြေတွေရဲ့ဖွံ့ဖြိုးတိုးတက်ရေး နဲ့ပတ်သက်ပြီး ရှေ့ဆက်ဆောင်ရွက်သွားဖို့အတွက် ဆရာဒေါက်တာတူးဂျာအနေနဲ့ ဘာများမေတ္တာရပ်ခံပန်ကြားချင်တာရှိပါသလဲရှင် တိုင်းရင်းသားပြည်သူတွေရဲ့ကိုယ်စားပေါ့။

ဒေါက်တာမနမ်တူးဂျာ။ ။ မှန်မှန်ကန်ကန်နဲ့ ပါတီစွဲမရှိပဲနဲ့ အများပြည်သူအကျိုးကို သယ်ပိုးပေးမယ်လို့မျှော်လင့်ပါတယ်။ ပြည်သူလူထုအကျိုးကို လူမှန် နေရာမှန် ရွေးချယ်ခန့်အပ်ထားပြီးမှ ကောင်းမွန်တဲ့အစိုးရ အဖွဲ့အစည်းတရပ် ဖွဲ့စည်းနိုင်လိမ့်မယ်လို့လည်း ကျနော်တို့မျှော်လင့်တယ်။ ပြီးလို့ရှိရင် လုပ်ဆောင်စရာရှိ တာတွေကိုလည်း ဗဟိုအစိုးရကနေပြီးတော့မှ ပြည်နယ်အစိုးရတွေနဲ့လက်တွဲပြီးတော့မှ လိုအပ်တာတွေကို တစိုက်မတ်မတ်လုပ်ဆောင်ပေးသွားမယ် ဒေသတွေ ပြည်နယ်တွေရဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေ အရှိန်အဟုန်မြင့် တက်လာအောင် သူတို့လုပ်ဆောင်ပေးလိမ့်မယ်လို့မျှော်လင့်ပါတယ်။ လုပ်လည်း လုပ်ဆောင်ပေးပါလို့ တိုက်တွန်းမေတ္တာရပ်ခံချင်ပါတယ်ဗျ။

ဒီသီတင်းပတ်ရဲ့ မြန်မာ့ဒီမိုကရေစီရေးဆွေးနွေးခန်းမှာ တိုင်းရင်းသားပါတီတွေနဲ့ လိုက်လံတွေ့ဆုံနေတဲ့ NLD ကိုယ်စားလှယ်အဖွဲ့နဲ့ ဆွေးနွေးခဲ့တဲ့ ကချင်ပြည်နယ် ပြည်သူ့ပါတီရဲ့ဥက္ကဋ္ဌ ဒေါက်တာမနမ်တူးဂျာကို ဗွီအိုအေမြန်မာပိုင်းက မဆုမွန်က ဆက်သွယ်မေးမြန်းပြီး တင်ဆက်ထားတာဖြစ်ပါတယ်။

XS
SM
MD
LG