သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

၂၀၂၀ ျမန္မာ့ႏိုင္ငံေရး သံုးသပ္ခ်က္


(Zawgyi/Unicode)

၂၀၂၀ခုႏွစ္ကုန္ဆံုးၿပီး၂၀၂၁ ႏွစ္သစ္ကူးေျပာင္းသြားပါၿပီ။ ၂၀၂၀ ဟာ တကမာၻလံုး ကုိဗစ္19 ကပ္ေရာဂါဆိုးႀကီးဒဏ္ကို အလူးအလဲခံခဲ့ရတဲ့ႏွစ္တစ္ႏွစ္ျဖစ္ပါတယ္။ VOA ဝိုင္းေတာ္သားေတြအေနနဲ႔လည္း ႐ံုးမသြားရဘဲ ေနအိမ္ေတြကေနပဲ အလုပ္လုပ္ၾကရတာ လအေတာ္ၾကာသြားခဲ့ပါၿပီ.. ဒါေပမယ့္လည္း အရင္ႏွစ္ေတြကလိုပဲ တင္ဆက္ေလ့ရွိတဲ့ ကုန္ဆံုးေတာ့မယ့္ႏွစ္အတြက္ ျမန္မာ႔ႏိုင္ငံေရးမွာ ျဖစ္ထြန္းခဲ႔တဲ႔ အေရးႀကီးကိစၥေတြကို ေျပာျပမယ့္အစီအစဥ္ကို ဗီြအိုေအျမန္မာပိုင္းရဲ႕ အယ္ဒီတာ ဦးေက်ာ္္ဇံသာနဲ႔ ကို၀င္းခန္႔ေမာင္တို႔က ေဆြးေႏြးသံုးသပ္ တင္ျပမွာျဖစ္ပါတယ္။

ကို၀င္းခန္႔ေမာင္။ ။ ၂၀၂၀ အတြင္း ေရတြက္ၾကည္႔ရေအာင္ပါ၊ICJ နဲ႔စၿပီး ေရြးေကာက္ပြဲနဲ႔ အဆံုးသတ္တယ္လို႔ ေျပာရင္ရမလား ။

ဦးေက်ာ္္ဇံသာ။ ။ မွန္ပါတယ္၊ ဒီၾကားထဲမွာ ကိုဗစ္ကပ္ေရာဂါျပႆနာ၊ လက္နက္ကိုင္ပဋိပကၡ အရွိန္ ျမင္႔တက္မႈ၊ ျငိမ္းခ်မ္းေရးေဆြးေႏြးပြဲေတြကိစၥေတြ ရွိခဲ႔ၿပီး ေနာက္ဆံုးမွာေတာ႔ ေရြးေကာက္ပြဲအလြန္ AA နဲ႔ တပ္မေတာ္တို႔ အၾကားအပစ္အခတ္ ရပ္သြားတာနဲ႔ ၂၀၂၀ ျပည္ႏွစ္ ကုန္ဆံုးသြားတယ္လို႔ ဆိုရပါလိမ္႔မယ္။

ကို၀င္းခန္႔ေမာင္။ ။ တကယ္ေတာ႔ ရိုဟင္ဂ်ာမူဆလင္ေတြကို လူမ်ိဳးတံုးသတ္ျဖတ္မႈက်ဴးလြန္တယ္ ဆိုၿပီး ျမန္မာႏိုင္ငံအေပၚ ဂမ္ဘီယာႏိုင္ငံရဲ႕ စြဲဆိုမႈကို ICJ ၾကားနာစစ္ေဆး တာက

၂၀၁၉ ဒီဇင္ဘာ မွာေနာ္၊ က်ေနာ္တို႔ကိုယ္တိုင္ The Hague ကုိသြားေရာက္ သတင္းယူခဲ႔ၾကတယ္ေလ။

ဦးေက်ာ္္ဇံသာ။ ။ ဟုတ္ပါတယ္။ ျမန္မာႏိုင္ငံကိုယ္စား အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က သြားေရာက္ေခ်ပတယ္၊ ရိုဟင္ဂ်ာဆိုတဲ႔ အသံုးအႏႈန္းကို ျမန္မာအစိုးရနဲ႔ စစ္တပ္ကလက္ခံပါဘူး၊ဂမ္ဘီယာ နဲ႔ ျမန္မာ ႏွစ္္ဘက္ေလွ်ာက္လဲခ်က္ေတြကို လက္ခံၾကားနာၿပီးတဲ႔ေနာက္ ၂၀၂၀ ဇန္န၀ါရီ ၂၃ မွာ ICJ က ဆံုးျဖတ္ခ်က္ခ်ပါတယ္၊ ၾကားျဖတ္လုပ္ေဆာင္ရမယ့္ အစီအစဥ္ေတြ (provisional measures) ကို ျပဌာန္းေပးလိုက္တာပါ၊ Genocide ျဖစ္ႏိုင္တဲ႔အေျခအေနေတြကို ျမန္မာဘက္က ဟန္႔တားေပးဖို႔ နဲ႔ က်ဳးလြန္ခဲ႔တဲ႔လုပ္ရပ္ေတြရဲ သက္ေသအေထာက္အထားေတြကို မေဖ်ာက္ဖ်က္ပစ္ဖို႔ စတာေတြပါ၀င္ပါတယ္။ ၿပီးေတာ႔ လုပ္ေဆာင္ၿပီးသမွ်ကို ၆ လတၾကိမ္စီ အစီရင္ခံစာတင္သြင္းရမွာ ျဖစ္ပါတယ္။

မတ္လတုန္းက ဂမ္ဘီယာတရားေရးဝန္ႀကီး Mr.Tambadou ကို ဗီြအိုေအက ေတြ႔ဆံုေမးျမန္းခြင့္ရတဲ့အခါ ဒီအမႈကို ျပင္ဆင္ေနပံုနဲ႔ပတ္သက္လို႔ သူအခုလို ေျဖၾကားခဲ့ပါတယ္။

“တရား႐ုံးက ၾကားျဖတ္လုပ္ေဆာင္ရမယ့္ အခ်က္ေတြကို ခ်မွတ္ေပးထားပါတယ္။ ဒါေပမယ့္ ဒါက အမႈၿပီးသြားတာ မဟုတ္ပါဘူး။ လူမ်ိဳးတုံးသတ္ျဖတ္မႈ က်ဴးလြန္ပါတယ္ဆိုၿပီး ျမန္မာအေပၚမွာ က်ေနာ္တို႔ စြဲဆိုထားတဲ့ အမႈအတြက္ သက္ေသျပရဦးမွာပါ။ ဆိုေတာ့ စံုစမ္းစစ္ေဆးစရာေတြ၊ သုေတသန လုပ္စရာေတြ၊ သက္ေသအေထာက္အထား စုစည္းတာေတြ၊ က်ေနာ္တုိ႔ အမႈကို ခိုင္မာေအာင္ သက္ေသျပဖို႔ ျပင္ဆင္စရာေတြ အမ်ားႀကီးရွိပါတယ္။ ဒါေတြလုပ္ေနပါတယ္။ ႀကိဳးစားပမ္းစား လုပ္ေနပါတယ္။”

ကို၀င္းခန္႔ေမာင္။ ။ ျမန္မာဘက္ကလိုက္နာေဆာက္ရြက္မႈ ေကာဘယ္ေလာက္ရွိခဲ႔ပါသလဲ။

ဦးေက်ာ္္ဇံသာ။ ။ ၆ လတႀကိမ္အစီရင္ခံတာ နဲ႔ ပတ္သက္ၿပီးေတာ့ ပထမ တစ္ႀကိမ္တင္ၿပီးပါၿပီ၊ ဒုကၡသည္ေတြ ျပန္လည္လက္ခံဖို႔ ဘဂၤလားေဒရွ္႕ နဲ႔ ၂ ႏိုင္ငံသေဘာတူညီခ်က္ ရယူထားပါတယ္၊ ဒါေပမဲ႔ ျပန္လာသ ူမရွိသေလာက္ပါပဲ။ ျမန္မာဘက္က ထိထိေရာက္ေရာက္ လိုက္နာ လုပ္ေဆာင္ျခင္းမရွိဘူးလို႔ ေ၀ဖန္မႈေတြရွိခဲ႔ပါတယ္။

ေမလ ၂၃ရက္ေန႔မွာ ျမန္မာကေန ICJ ဆီ ေပးသြင္းခဲ့တဲ့အစီအရင္ခံစာနဲ႔ပတ္သက္ၿပီး Synergy လူမႈသဟာဇာတ ေဖာ္ေဆာင္ေရးအဖြဲ႔က ကိုသက္ေဆြဝင္းကို ေမးျမန္းခဲ့တာမွာေတာ့ အစိုးရရဲ႕ ဒီကိစၥအေပၚ သေဘာထားကို သူက အခုလိုျမင္ပါတယ္။

“အစိုးရကေတာ့ ရွင္းခ်င္တဲ့ အေနအထား ရိွပါလိမ့္မယ္။ ရိွမွရလိမ့္မယ္။ အဲဒါမွလဲ အစိုးရ credibility တက္မွာေပါ့။ သူတုိ႔ရဲ ႔ ဂုဏ္သိကၡာေလး ျပန္တက္လာေအာင္ ျဖစ္ခ်င္တဲ့အတြက္ ရွင္းခ်င္တဲ့ အေနအထား ရိွပါလိမ့္မယ္။ သို႔ေသာ္ ဒီကိစၥမွာက တပ္နဲ႔ အစိုးရၾကား ေျပလည္ဖို႔အတြက္က အင္မတန္ အေရးႀကီးပါလိမ့္မယ္။ ဘယ္ျဖစ္လို႔လဲဆိုေတာ့ လက္ရိွအေနအထားကိုက အစိုးရကိုယ္တိုင္က တပ္ကို control လုပ္ဖို႔က ေတာ္ေတာ္ေလးခက္ေနတဲ့သေဘာ ရိွတဲ့အခါၾကေတာ့ ဒီဟာမွာ အက်ပ္အတည္းတခု ျဖစ္ေနတယ္။ အဲဒီလိုမ်ဳိး ျဖစ္မယ္ဆိုတာကိုေတာ့ က်ေနာ္ နားလည္ပါတယ္။ အစိုးရကို နားလည္ေပးလို႔ရတယ္။ သို႔ေသာ္ ႏႈတ္ပိတ္မေနဖို႔ လိုပါတယ္။ အစိုးရတာဝန္ရိွတဲ့လူေတြက ဒီကိစၥနဲ႔ ပတ္သက္ၿပီးေတာ့ ငါတုိ႔ကေတာ့ ဒီလိုမ်ဳိး ရပ္တည္ဖို႔လိုတယ္။ ငါတို႔က ဒါမ်ဳိးေတြ ျဖစ္ဖို႔လိုတယ္ဆိုၿပီးေတာ့ အခုနေျပာတဲ့ ႏုိင္ငံေရး သႏၷိ႒ာန္ ကိုေတာ့ လုပ္လို႔မရေသးကိစၥမ်ဳိးေတြ၊ အခက္အခဲေတြ အမ်ားႀကီးရိွတယ္။ ဒါေတြကို က်ေနာ္တုိ႔အားလံုး နားလည္တယ္။ သို႔ေသာ္လဲ ဒီဟာကို ငါတုိ႔ မေရာက္ေရာက္ေအာင္ သြားမယ္ဆိုတဲ့ ရည္မွန္းခ်က္၊ ခိုင္မာတဲ့ရည္မွန္းခ်က္တခု၊ ခိုင္မာတဲ့ သႏၷိ႒ာန္ တခုကိုေတာ့ ျပည္သူေတြနဲ႔ ႏုိင္ငံတကာကို ထိထိေရာက္ေရာက္ ခ်ျပႏုိ္င္ဖို႔ လိုတဲ့အခ်ိန္ ေရာက္ေနၿပီလို႔ ယူဆပါတယ္။ ”

အေရးႀကီးတာက ဒီျပႆနာျဖစ္ရတဲ႔ အေျခခံဇစ္ျဖစ္ေတြကို ေျဖရွင္းႏိုင္ဖို႔လိုအပ္ပါတယ္။

တခ်ိန္တုန္းက လူ႔အသိုင္းအ၀ိုင္း ၂ ခုဟာ သဟဇာတျဖစ္ၿပီးေတာ့ ၿငိမ္းၿငိမ္းခ်မ္းခ်မ္း လက္တြဲေနထိုင္လာခဲ့ပါတယ္။ အဲဒီအေျခအေနမ်ိဳးကို ေရာက္ေအာင္ တေျဖးေျဖး ျပန္သြား ရမွာျဖစ္တယ္လို႔ က်ေနာ္ကေတာ့ ျမင္ပါတယ္။

ကို၀င္းခန္႔ေမာင္။ ။ ဒီၾကားထဲ ကိုဗစ္ကပ္ေရာဂါျဖစ္လာတာဟာလဲ အဟန္႔အတားတခု ျဖစ္သြားတယ္လို႔ ဆိုရမွာေပါ႔။

ဦးေက်ာ္္ဇံသာ။ ။ မွန္ပါတယ္၊ ကိုဗစ္ကပ္ေရာဂါဟာ ဒီကိစၥအတြက္သာမက ႏိုင္ငံေရး၊ စီးပြါးေရး၊ ပညာေရး က်န္းမာေရးပါမက်န္ ကိစၥရပ္အားလံုး အေျခအေန အလာအလာအားလံုးအတြက္ အဟန္႔အတားျဖစ္ခဲ႔ပါတယ္၊ တကမၻာလံုးကို ထိခိုက္ေစေပမဲ႔ ျမန္မာႏိုင္ငံလို ဆင္းရဲတဲ႔ ႏိုင္ငံေတြ ပိုအထိနာပါတယ္။

ႏို၀င္ဘာမွာက်င္းပဖို႔ရွိတဲ႔ အေထြေထြေရြးေကာက္ပြဲေတာင္ ဒီ ကိုဗစ္ကပ္ေရာဂါေၾကာင္႔ က်င္းပႏိုင္ပါ႔မလားဆိုတဲ႔ ေမးခြန္းေတြ၊ မက်င္းပဖို႔ ကန္႔ကြက္မႈေတြ ရွိခဲ႔သလို၊ မဲဆြယ္ကာလမွာလဲ ပါတီႀကီးတခ်ိဳ႕က ကန္႔သတ္တားျဖစ္ခ်က္ေတြကို ေဖာက္ဖ်က္ၿပီး စည္းရံုးမဲဆြယ္မႈေတြလုပ္တယ္ ဆိုတဲ႔ စြပ္စြဲေျပာဆိုတာေတြလဲရွိခဲ႔ ပါတယ္။

ကယားျပည္နယ္မွာ မဲဆြယ္စဥ္ကာလ NLD ရဲ႕လႈပ္ရွားမႈေတြနဲ႔ပတ္သက္လို႔ ကရင္နီ လူ႔အခြင့္အေရးအဖြဲ႔က ကိုဗညားက အခုလိုဆိုပါတယ္။

“NLD ကေန လြိဳင္ေကာ္ၿမိဳ႕ေပၚမွာ လူအင္အား ေထာင္နဲ႔ခ်ီၿပီးေတာ့ လွည့္လည္စည္းရံုးတဲ့အထဲမွာ ဘာသြားေတြ႔ရသလဲဆိုေတာ့ ရွမ္းျပည္ေတာင္ပိုင္းက လူေတာ္ေတာ္မ်ားမ်ားပါတာကို ေတြ႔ရပါတယ္။ ရွမ္းျပည္နယ္ေတာင္ပိုင္းလို႔ေျပာရင္ ဖယ္ေခါင္မကဘူး အျခား ရွမ္းျပည္နယ္ေတာင္ပိုင္းက ၿမိဳ႕ေတြကေန ပါလာေနတယ္။ ဒီ ကိုဗစ္ကပ္ေရာဂါက ဒီလိုမ်ိဳး ပါတီ ႏိုင္ငံေရးစည္းရံုးမႈေတြကေန တဆင့္ တက္လာမွာကို အရမ္းစိုးရိမ္တယ္။”

လူ႔ေဘာင္သစ္ဒီမိုကရက္တစ္ပါတီက ေဒၚႏွင္းႏွင္းေမႊးကလည္း ေရြးေကာက္ပြဲမဲေပးမယ့္ေန႔က အင္တာဗ်ဴးအတြင္း အခုလိုေျပာခဲ့တာပါ။

“ ကိုဗစ္ျဖစ္လာတဲ့အခါမွာလည္း အာဏာရပါတီ ကေနၿပီးေတာ့ ေထာက္ပံ႔ကူညီတဲ့ အစီအစဥ္ကို ျပည္သူေတြၾကားထဲမွာ လြဲမွားၿပီးေတာ့ ဒါက အစိုးရရဲ႕ ေထာက္ပံ႔ကူညီမႈမဟုတ္ပဲနဲ႔ အာဏာရပါတီရဲ႕ ေထာက္ပံ႔ကူညီမႈဆိုတဲ့ ပံုစံမ်ိဳးနဲ႔ ေက်းဇူးတင္ၿပီးေတာ့ ဒီအေပၚမွာပဲ မဲထည့္ရမယ္ဆိုတဲ့ အျမင္မွားေတြ ရွိပါတယ္။ အဲဒါမ်ိဳးေတြကိုလည္း ေသေသခ်ာခ်ာေျပာေနတဲ့ သူေတြလည္း ရွိတဲ့အခါက်ေတာ့ က်မတို႔ အဲဒါမ်ိဳးေတြက စိတ္ေခၚခ်က္ကို အားသာခ်က္မ်ိဳးအျဖစ္ အသံုးခ်သြားတယ္လို႔ က်မတို႔က ျမင္ပါတယ္ရွင့္။”

က်န္းမာေရးေစာင္႔ေရွာက္မႈ အဆင္႔နိမ္႔က်တဲ႔ ျမန္မာႏိုင္ငံအဖို႔ အေျခအေန သိပ္ဆိုရြားႏိုင္တယ္လို႔ စိုးရိမ္ေ၀ဖန္မႈေတြ ေပၚထြက္ခဲ႔ေပမဲ႔ ထင္သေလာက္မဆိုးခဲ႔ပါဘူး၊ ဒီကိစၥကို ႏိုင္ငံေတာ္အတိုင္ပင္ခံ ေဒၚေအာင္ဆန္းစုၾကည္ ရဲ႕ဦးေဆာင္ကိုင္တြယ္မႈအေပၚ ခ်ီးက်ဴးေျပာဆိုၾကတာေတြရွိခဲ႔ၿပီး ဒါဟာ ေရြးေကာက္ပြဲ အႏိုင္ရရွိေစတဲ႔ အေၾကာင္းရင္းေတြအနက္ တခုအပါအ၀င္ ျဖစ္တယ္လို႔ ေနာင္အခါ သံုးသပ္လာၾကတာေတြ႔ရပါတယ္။

ကို၀င္းခန္႔ေမာင္။ ။ ကိုဗစ္ကေတာ႔ တကမၻာလံုးနဲ႔ ဆိုင္တဲ႔ျပႆနာပါ။ ဒါေပမဲ႔ ျမန္မာႏိုင္ငံမွာကေတာ႔ စစ္ေရးပဋိပကၡေတြေၾကာင္႔ အိုးအိမ္စြန္႔ထြက္ေျပးေနရသူေတြအတြက္ ပိုၿပီးစိုးရိမ္စရာ ျဖစ္ခဲ႔ရတာေပါ႔။ အခု အဲဒီပဋိပကၡေတြဘက္ကလည္း ၂၀၂၀ထဲမွာ ပိုၿပီး ျပင္းထန္ခဲ့တယ္လို႔ဆိုရႏိုင္ပါသလား။

ဦးေက်ာ္္ဇံသာ။ ။ ၂၀၂၀အေစာပိုင္းမွာ ပိုၿပီး ျပင္းထန္ခဲ့ပါတယ္။ အထူးသျဖင့္ AA နဲ႔ တပ္မေတာ္အၾကားျဖစ္ပြားတဲ႔ ပဋိပကၡေတြ က ဆိုးဆိုး၀ါး၀ါး ျဖစ္ခဲ့တယ္လို႔ဆိုရမွာပါ။ ၂၀၂၀ ေဖေဖာ္၀ါရီမွာ ျမန္မာ႔တပ္မေတာ္ဟာ ရခိုင္ေျမာက္ပိုင္းၿမိဳ႕နယ္တခ်ိဳ႕မွာ internet ေတြပိတ္ၿပီး ၾကည္းတပ္တင္မက ေရတပ္စစ္သေဘၤာေတြ စစ္ေလယာဥ္ေတြပါသံုးၿပီး အျပင္းအထန္ ထိုးစစ္ဆင္ခဲ႔ပါတယ္။

တိုက္ပြဲေတြ ျပင္းထန္လာတာနဲ႔အမွ် အရပ္သားေတြ ထိခုိက္ေသဆံုးရမႈ သံသယေၾကာင္႔ ႏွစ္ဖက္ ဖမ္းဆီးစစ္ေဆးမႈ တရြာလံုးမီးရႈိ႕ခံရမႈ ေတြ အျပင္ အိုးအိမ္စြန္႔ထြက္ေျပးရမႈေတြလည္း အဆမတန္ မ်ားျပားလာခဲ႔ပါတယ္။ ေနာက္ဆံုးစာရင္းအရ ဆိုရင္ ရခိုင္မွာ စစ္ေရွာင္ဒုကၡသည္ ၂ သိန္း ေလာက္ေတာင္ ရွိခဲ႔တယ္လို႔ သိရပါတယ္။

အင္တာနက္ျဖတ္ေတာက္ခံရတဲ့ကိစၥနဲ႔ပတ္သက္လို႔ ပလက္ဝေဒသခံ ကိုထြန္းလင္းက ဗီြအိုေအကို အခုလို ေျပာဖူးပါတယ္။

"သတင္းကို မသိႏိုင္ေတာ့ က်ေနာ္တို႔ ဘယ္လိုမွ ေျပာလို႔မရဘူးေလ။ ဘယ္လိုမွ ထုတ္ေျပာလို႔မရ၊ ဖတ္လို႔လည္းမရ၊ ေရးလို႔လည္းမရ သတင္းမရေတာ့ က်ေနာ့္အတြက္ေတာ့ အမ်ားႀကီးအခက္ အခဲရွိတာ ေပါ့ေနာ္။ သတင္းမရွိေတာ့ က်ေနာ္တို႔အတြက္ ပိုၿပီးေတာ့ စိုးရိမ္စရာပဲေပါ့ေနာ္။ အင္တာနက္လည္း သံုးမရ ဖုန္းလိုင္းပဲ သံုးလို႔ရတယ္ ဆိုေတာ့ေလ။"

ရခိုင္ျပည္နယ္ စစ္ေဘးေရွာင္စခန္းေတြက လူငယ္တခ်ိဳ႕ကလည္း

“ အခုအစိုးရသစ္လက္ထက္မွာ က်ေနာ္ေျပာခ်င္တာက ေနရာေဒသအကုန္လံုးကို ၿငိမ္းၿငိမ္းခ်မ္းခ်မ္းျဖစ္ေအာင္လုပ္ေပးေစခ်င္ပါတယ္ခင္ဗ်။ ၿပီးလို႔ရွိရင္ ကိုယ့္ရပ္ကိုယ့္ရြာ ကိုယ့္ဇာတိ၊ မိမိရိုးရာ အလုပ္အကိုင္ေတြကို လုပ္ကိုင္စားေသာက္ၿပီးေတာ့ ၿငိမ္းၿငိမ္းခ်မ္းခ်မ္း ေနခ်င္ပါတယ္ခင္ဗ်။ အဲဒါေလးပဲ လုပ္ေပးေစခ်င္ပါတယ္။”

“ဒီတပ္မေတာ္အေနနဲ႔ေရာ အစိုးရအေနနဲ႔ ေနာက္ၿပီး ရခိုင္တပ္မေတာ္အေနနဲ႔ အေကာင္းဆံုး လူထုေတြအတြက္ အဓိက လိုအပ္ခ်က္အပိုင္းေတြကို အေကာင္းဆံုးညိွႏိႈင္းၿပီးေတာ့ အျမန္ဆံုး သူတို႔ေနရာကို သူတို႔ လံုလံုၿခံဳၿခံဳ ျပန္ေရာက္ေအာင္ ညိွႏိႈင္းေပးဖို႔ ေမတၱာရပ္ခံ ေတာင္းဆိုခ်င္ပါတယ္။”

ကို၀င္းခန္႔ေမာင္။ ။ AA နဲ႔ တိုက္ပြဲေတြ ျပင္းထန္လာတဲ႔ကိစၥက တျခားတိုင္းရင္းသားလက္နက္ကိုင္ေတြ အေပၚမွာေကာ ဘယ္လို ရိုက္ခတ္မႈေတြရွိခဲ႔သလဲ၊ တနည္းေျပာရရင္ ဒီတိုက္ပြဲေတြမွာ တျခားတိုင္းရင္းသား လက္ကိုင္ ေတြ ပါ၀င္ပတ္သက္မႈရွိခဲ႔သလား၊

ဦးေက်ာ္္ဇံသာ။ ။ ရိုက္ခတ္မႈေတြရွိခဲ့တယ္လို႔ ေျပာရမွာပါ။ အထူးသျဖင္႔ ေျမာက္ပိုင္းမဟာမိတ္အဖြဲ႔ (KIA/TNLA/MNDAA/AA)၊ ေနာက္ၿပီး UWSA ၀တပ္ဖြဲ႔ဦးေဆာင္တဲ႔ FPNCC (Federal Political Negotiation and Consultative Committee) တို႔ဟာ AA ရဲ႕ စစ္ေရး ႏိုင္ငံေရး မဟာမိတ္ေတြ ျဖစ္ပါတယ္။ AA အေပၚ တပ္မေတာ္ထိုးစစ္ျပင္းထန္လာရင္ သူတို႔ဘက္ကလႈပ္ရွားျပတာေတြရွိခဲ႔သလို ၿငိမ္းခ်မ္းေရးေဆြးေႏြး ပြဲအတြက္ အစိုးရဘက္က ကမ္းလွမ္းတာေတြကိုလဲ AA မပါရင္ လက္မခံပဲ ပယ္ခ်ခဲ႔ၾကပါတယ္။

ဒီေနရာမွာ တခုေျပာခ်င္တာက ၄ ဖြဲ႔ပါ ေျမာက္ပိုင္းမဟာမိတ္ထက္ UWSA ၀တပ္ဖြဲ႔ ဦးေဆာင္တဲ႔ ၇ ဖြဲ႔ပါ FPNCC ဟာ စစ္ေရးမဟာမိတ္အဆင္႔ကေန ႏိုင္ငံေရးမဟာမိတ္သေဘာ ပိုေဆာင္ၿပီးေတာ႔တရုတ္ရဲ႕ ႏိုင္္ငံေရးအရႀကိဳးကိုင္မႈအတိုင္း လိုက္ပါေဆာင္ရြက္တယ္လို႔ သံုးသပ္ခံရတယ္ဆိုတဲ႔အခ်က္ပဲ ျဖစ္ပါတယ္။ ျပည္တြင္းက သူပုန္ေတြကို အျပတ္အသတ္ မေခ်မႈန္းႏိုင္တာဟာ သူတို႔ ေနာက္ကြယ္မွာ ျပည္ပအင္အားႀကီးေတြ ရရွိေနလို႔ျဖစ္တယ္လို႔ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လိႈင္ ကိုယ္တိုင္ ရုရွားရုပ္သံ အင္တာဗ်ဴးမွာ ေျပာခဲ႔တာပါ။

ကို၀င္းခန္႔ေမာင္။ ။ AA ဆီ တရုတ္က ေပးပို႔ခဲ႔တဲ႔ စစ္လက္နက္ပစၥည္းေတြဆိုၿပီး အိႏိၵယဘက္က ေဖၚထုတ္တင္ျပလိုက္ၿပီးတဲ႔ မေရွးမေႏွာင္းမွာပဲ သူကဒီလိုေျပာခဲ႔တာေပါ႔ေနာ္။ အခုတဆက္တည္း ေရြးေကာက္ပြဲကိစၥ ေျပာၾကရေအာင္ပါ။ ဒါဟာ ၂၀၂၀ အတြင္း အေရးအၾကီးဆံုး ကိစၥျဖစ္မယ္ထင္ပါတယ္။

ဦးေက်ာ္္ဇံသာ။ ။ မွန္ပါတယ္၊ေရြးေကာက္ပြဲအေၾကာင္းေျပာရရင္ေတာ႔႔ ဒါဟာ ၂၀၂၀ အတြင္းမွာသာမက ျမန္မာ ႏိုင္ငံေရွ႕ခရီးအတြက္ပါ အင္မတန္အေရးႀကီးတဲ႔ သမိုင္း၀င္ျဖစ္ရပ္ႀကီးပါ။

မက်င္းပဖို႔ ကန္႔ကြက္မႈေတြ၊ မဲဆြယ္စဥ္နဲ႔ မဲေပးၿပီး မမွ်တမႈ မသမာမႈေတြရွိခဲ႔တယ္ ဆိုတဲ႔ စြပ္စြဲခ်က္ေတြ၊ ေထာက္ျပတိုင္တန္းခ်က္ေတြ အမ်ားႀကီးရွိခဲ႔ေပမဲ႔ ျမန္မာျပည္သူေတြ နဲ႔တကြ ႏိုင္ငံတကာကပါ ေနာက္ဆံုးမွာ လက္ခံအတည္ျပဳခဲ႔ၾကတဲ႔ ေရြးေကာက္ပြဲျဖစ္ပါတယ္။

မမွွ်တမႈေတြနဲ႔ ပတ္သက္ၿပီး ေရြးေကာက္ပြဲေကာ္မရွင္နဲ႔ အစိုးရတို႔အေပၚ ေ၀ဖန္ေျပာဆိုခဲ႔တဲ႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ကလဲ ေရြးေကာက္ပြဲရလဒ္ကို လက္ခံလိုက္နာမယ္လို႔ ေျပာၾကားလိုက္တဲ႔အတြက္ အဓိကအတိုက္အခံျဖစ္တဲ႔ ျပည္ေထာင္စု ႀကံ႕ခိုင္ဖြံ႔ၿဖိဳးေရးပါတီက ဘယ္လိုပင္ဆက္လက္ ကန္႔ကြက္ခဲ႔ေပမဲ႔ ျပန္လည္က်င္းပရမယ္႔ အျဖစ္မ်ိဳးေတာ႔ ေရာက္ႏိုင္စရာမရွိေတာ႔ဘူးလို႔ ေျပာႏိုင္ပါတယ္။

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လိႈင္က

“က်ေနာ္ကေတာ့ ျပည္သူ႔ဆႏၵနဲ႔ ထြက္လာတဲ့ ရလဒ္ကိုေတာ့ လက္ခံရမွာေပါ့ေနာ္ ။ ဒါက လံုး၀ ျငင္းပယ္လို႔မရဘူး လက္ခံရမယ္ ။ ေနာက္ ႏိုင္ငံသူ ႏိုင္ငံသားေတြရဲ႕ ခံစားေနရတဲ့ ေသာကေတြကို ဒါေတြကို ဘယ္လို ေျဖသိမ့္မလဲဆုိတာ စဥ္းစားၿပီးေတာ့ လုပ္ေဆာင္ဖို႔ လိုပါမယ္။ ဒါကေတာ့ က်ေနာ္တို႔အတြက္ အင္မတန္ အေရးႀကီးတဲ့ အခ်က္ပါ။”

ကို၀င္းခန္႔ေမာင္။ ။ ဒါေပမဲ႔ လံုၿခံဳေရးအေၾကာင္းျပခ်က္နဲ႔ ေရြးေကာက္ပြဲမက်င္းပခဲ႔တဲ႔ မဲဆႏၵနယ္တခ်ိဳ႕ ကိစၥေတာ႔ မေျပလည္ေသးဘူးလို႔ ေျပာႏိုင္တာေပါ႔၊

ဦးေက်ာ္္ဇံသာ။ ။ အဲဒီအခ်ိန္မွာ AA အဲဒီမဲဆႏၵနယ္ေတြမွာ ေရြးေကာက္ပြဲက်င္းပေပးဖို႔ ေတာင္းဆို လိုက္ေတာ႔ တပ္မေတာ္ကလဲ ေထာက္ခံလုိက္ပါတယ္။ ဒါဟာ သတင္းထူး သတင္းဆန္းျဖစ္သြားခဲ႔သလို ရွားရွားပါးပါး သတင္းေကာင္းတပုဒ္လဲ ျဖစ္ပါတယ္။

ၿပီးေတာ႔ တပ္မေတာ္နဲ႔ AA တို႔က တိုက္ပြဲေတြ ရပ္ပစ္လိုက္ၾကေတာ႔ ၿငိမ္းခ်မ္းေရးမရွိလို႔ ဆိုတဲ႔ အေၾကာင္းျပခ်က္ဟာ အဓိပၸာယ္မဲ႔သြားပါတယ္။

အခုေနာက္ဆံုး ၄၆ ႀကိမ္ေျမာက္ ရခိုင္ျပည္နယ္ေန႔ မွာေတာ႔ ႏိုင္ငံေတာ္သမၼတဦး၀င္းျမင္႔က လံုၿခံဳေရးအေျခအေနေၾကာင္႔ ေရြးေကာက္ပြဲမက်င္းပခဲ႔တဲ႔ ရခိုင္ျပည္နယ္က ေဒသေတြမွာ လြန္လပ္ၿပီးတရားမွ်တတဲ႔ ေရြးေကာက္ပြဲေတြ အျမန္ဆံုးက်င္းပႏိုင္တဲ႔ အေျခအေနေရာက္ေအာင္ လူပူဂၢိဳလ္ေတြ အဖြဲ႔အစည္းေတြအားလံုး ၀ိုင္း၀န္းကူညီေဆာင္ရြက္ၾကဖို႔ ေျပာၾကားလိုက္ပါၿပီ။ ဆိုေတာ႔ NLD အေနနဲ႔ သူတို႔ရံႈးနိမ္႔မယ္ထင္လို႔ ဒီေဒသေတြကို ေရြးေကာက္ပြဲ မက်င္းပခဲ႔တာဆိုတဲ႔ စြပ္စြဲခ်က္လဲ ပ်က္ျပယ္သြားခဲ႔ပါၿပီ။

ကို၀င္းခန္႔ေမာင္။ ။ ေရြးေကာက္ပြဲ ျပန္က်င္းပမယ္ဆိုတဲ့ ကိစၥမွာ ဂ်ပန္က အထူးသံတမန္ Mr. Sazakawa လာၿပီးေတာ့ ညိွႏိႈင္းေပးခဲ့တာေပါ့ေနာ္။ အဲဒါက ဘယ္ေလာက္အထိ ထိေရာက္ေနၿပီလဲဆိုတာ ေျပာလို႔ရမလဲ။

ဦးေက်ာ္္ဇံသာ။ ။ ပထမ တခ်က္က ဂ်ပန္သည္ ဒီအေရးမွာ ေစ႔စပ္ေပးဖို႔ အသင္႔ေတာ္ဆံုး ႏိုင္ငံျဖစ္ိပါတယ္။ အိမ္နီးခ်င္းႏိုင္ငံႀကီးေတြျဖစ္ၾကတဲ႔ တရုတ္နဲ႔ အိႏၵိယကို ၾကည္႔ရင္ တရုတ္က AA နဲ႔ မလြတ္မကင္းလို႔ေျပာႏိုင္သလို၊ အိႏိၵယဆိုရင္လဲ ျမန္မာစစ္တပ္နဲ႔ မကင္းပါဘူး၊ ဒါေၾကာင္႔ဂ်ပန္ဟာ အသင္႔ေတာ္ဆံုးျဖစ္ပါတယ္။

ဒုတိယတခ်က္ကေတာ႔ အခ်ိန္အခါပါပဲ၊ တိုတိုေျပာရရင္ ႏွစ္ဘက္စလံုးက အပစ္ရပ္ခ်င္တဲ႔ သေဘာထားကို ျပသလာၾကတဲ႔ အခ်ိန္ျဖစ္လို႔ ၾကား၀င္ဖို႔ အခါအခြင္႔သင္႔တဲ႔ အခိ်န္ပါ။

ဂ်ပန္ အထူးသံ Mr. Sasakawa ကေတာ႔ ရခိုင္ေဒသကို သြားေရာက္ေလ႔လာၿပီး အဲဒီမဲဆႏၵနယ္ေတြမွာ ေရြးေကာက္ပြဲက်င္းပေပးဖို႔ ေဒၚေအာင္ဆန္းစုၾကည္ ကို တိုက္တြန္းခဲ႔ပါတယ္။

AA နဲ႔ တပ္မေတာ္တို႔အၾကား အပစ္အခတ္ရပ္စဲ ႏိုင္မယ္႔ အေျခအေန အခင္းအက်င္းေတြကို အားေပးမယ္၊ အပစ္အခတ္ရပ္စဲၾကတာနဲ႔ တၿပိဳင္နက္ ေဆး၀ါး အစရွိတဲ႔ စာမနာမႈအကူအညီေတြ ေထာက္ပံ႔မယ္၊ ေဆးေပးခန္းေတြ စာသင္ေက်ာင္းေတြ ေဆာက္ေပးမယ္၊ ဒါေတြဟာ ၿငိမ္းခ်မ္းေရးရဲ႕ အသီးအပြင္႔ေတြပဲ ျဖစ္လို႔ေျပာေၾကာင္း Mr. Sasakawa ေျပာခဲ့တဲ့အတိုင္း ဂ်ပန္ႏိုင္ငံထုတ္ Nikkei Asian Review က ေရးပါတယ္။

“ ေရြးေကာက္ပြဲ က်င္းပႏိုင္ဖို႔ဆိုရင္ ၂ ဦး၂ ဖက္ အဖြဲ႔အစည္း ၂ ခုလံုးကေနၿပီးေတာ့ အပစ္အခတ္ရပ္စဲဖို႔ လိုအပ္ပါတယ္။ အဲဒီလိုမလုပ္ဘူးဆိုရင္ေတာ့ ေရြးေကာက္ပြဲ မျဖစ္ႏိုင္တာေၾကာင္း ၂ ဦး ၂ ဖက္ သေဘာတူ ေဆာင္ရြက္ေပးဖို႔ကို က်ေနာ့္အေနနဲ႔ ၂ ဖက္စလံုးကို ေမတၱာရပ္ခံခဲ့ပါတယ္။ အဲဒါေၾကာင့္မို႔လို႔လည္း ဒီအဖြဲ႔ ၂ ဖြဲ႔စလံုးက statement ၂ ေစာင္ထုတ္ျပန္ခဲ့ၿပီလို႔ က်ေနာ္ထင္ပါတယ္။ အခုလက္ရွိဆိုရင္ ျမန္မာတပ္မေတာ္နဲ႔ ရခိုင္တပ္မေတာ္ၾကားထဲမွာလည္း ေစ့စပ္ေဆးေႏြးတဲ့အခါမွာ အေသးစိတ္ ဆက္လက္ေဆြးေႏြးသြားဖို႔ ရွိမယ္လို႔ က်ေနာ္ထင္ပါတယ္။”

ကို၀င္းခန္႔ေမာင္။ ။ ဆိုေတာ႔ ၿငိမ္းခ်မ္းေရးအတြက္ အလားအာေကာင္းလို႔ ေျပာရမွာေပါ႔၊ အစိုးရဘက္ကလဲ ဒုတိယသက္တမ္းမွာ အမ်ိဳးသားျပန္လည္သင္႔ျမတ္ေရး အစိုးရ ဖြဲ႔မယ္လို႔ ေျပာထားတယ္ ဆိုေတာ႔၊

ဦးေက်ာ္္ဇံသာ။ ။ NLD က အမ်ိဳးသားျပန္လည္သင္႔ျမတခ်္ေရးအစိုးရဆိုတာ မူအားျဖင္႔ေျပာတာပဲ ရွိပါေသးတယ္၊ အေသးစိတ္ဘယ္လို လုပ္မယ္ဆိုတာကို တိုင္းရင္းသားေတြဘက္က ေစာင္႔ဆိုင္း ေနရဆဲပါ။ ဒါဟာ ေရြးေကာက္ပြဲႏိုင္ၿပီးစ ပါတီေတြ ႏိုင္ငံတကာမွာ ေျပာရိုးေျပာစဥ္ကိစၥ တရပ္လဲျဖစ္ပါတယ္။

ဒါေပမဲ႔ အေလးအနက္ အေကာင္အထည္ေဖာ္လာႏိုင္တယ္လို႔ ေမွ်ာ္လင္႔ႏိုင္တဲ႔ အေျခအေနေတြေတာ႔ ရွိေနပါတယ္။ ပထမသက္တမ္းအတြင္း ေမွ်ာ္လင္႔သေလာက္ ေျပာထားသေလာက္ ေအာင္ျမင္မႈမရွိခဲ႔တာ၊ အခုအခါ တပ္မေတာ္ နဲ႔ AA တို႔က စစ္တိုက္တာရပ္ၿပီး ေဆြးေႏြးေျဖရွင္းေရး ဆႏၵ ျပသလာၾကတာေတြ ကိုၾကည္႔ရင္ NLD အစိုးရအတြက္လဲ ျပန္လည္သင႔္ျမတ္ေရး အားထုတ္လုပ္ေဆာင္ဖို႔ အခြင္႔အခါေကာင္း ျဖစ္ပါတယ္။

ဒီလိုမွ မလုပ္ရင္ေတာ႔ တပ္မေတာ္က တဖက္သပ္ အမွတ္ယူ လုပ္ေဆာင္သြားေလမလား ဆိုတာလဲ NLD က တြက္မယ္ထင္ပါတယ္။ တဘက္မွာလဲ ပင္လံုစည္းေ၀းပြဲ ကို၂၀၂၀ အလြန္ ဆက္လက္က်င္းပႏိုင္ဖို႔အတြက္လဲ ၿပီးခဲ႔တဲ႔ ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲက လမ္းေၾကာင္းထားခဲ႔ၿပီးျဖစ္ပါတယ္။

ကခ်င္ျပည္နယ္ ျပည္သူ႔ပါတီ kSPP ဥကၠ႒ ေဒါက္တာတူးဂ်ာက သူ႔သေဘာထားကို အခုလိုေျပာပါတယ္

“ျဖစ္ေစခ်င္တာကေတာ့ ၿငိမ္းခ်မ္းေရးက အမ်ားႀကီးအေရးႀကီးေနတယ္။ ၿငိမ္းခ်မ္းေရး အျမန္ရရွိၿပီဆိုရင္ က်ေနာ္တို႔ေတြ ဖယ္ဒရယ္ဒီမိုကေရစီႏိုင္ငံ အျမန္ေပၚထြန္းႏိုင္မွာေပါ့ေနာ္။ အဲဒါကို က်ေနာ္တို႔က အခုလို လမ္းစ ေပၚလာတာကေနစၿပီးေတာ့မွ ဖယ္ဒရယ္ဒီမိုကေရစီႏိုင္ငံ ေပၚထြန္းလာေအာင္ စုေပါင္းလုပ္ေဆာင္ဖို႔ရွိပါတယ္။ လုပ္ေဆာင္သြားလိမ့္မယ္၊ လုပ္ေဆာင္ဖို႔ လိုလားတယ္ဆိုတာကို ျပတာျဖစ္ပါတယ္ အဲဒါ က်ေနာ္တို႔ရဲ႕ သေဘာထားပါ။ ”

ရခိုင္အမ်ိဳးသားပါတီ ANP ေျပာခြင့္ရ ေဒၚေအးႏုစိန္ကလည္း

“ အခု Mr. Sasakawa က သတင္းထုတ္ျပန္ၿပီးေနာက္မွာေတာ့ AA သေဘာထား ထုတ္ျပန္ခ်က္၊ နာရီပိုင္းအတြင္းမွာ ျမန္မာ့တပ္မေတာ္က အဲဒီသေဘာထားထုတ္ျပန္ခ်က္ကို တုန္႔ျပန္တဲ့ သေဘာတူညီခ်က္ စသျဖင့္ ေပၚေပါက္လာတဲ့ ေနာက္မွာေတာ့ အမွန္တကယ္ တိုက္ပြဲေတြ ရပ္သြားတဲ့ အေနအထားေတြကို ၾကံဳရတယ္ဆိုေတာ့ ေရွ႕က ၿငိမ္းခ်မ္းေရး ေဆြးေႏြးပြဲ ေခၚတယ္၊ သြားၾကတယ္ အဆင္မေျပဘူးဆိုတာနဲ႔စာရင္ အဲဒီ Statement တေစာင္ ေနာက္က ေနာက္တေစာင္လိုက္ၿပီးေတာ့ ဒီလက္ေတြ႔ ပကတိ ေျမျပင္ အေနအထားဟာ မ်က္ျမင္အားျဖင့္ ၿငိမ္းခ်မ္းတဲ့ အေနအထားကို အခ်ိန္တိုအတြင္းမွာ ျဖစ္ေပၚတိုးတက္ခဲ့တယ္ဆိုတာကေတာ့ ေကာင္းတဲ့ လကၡဏာျဖစ္ပါတယ္။”

ၾသဂုတ္လထဲမွာ က်င္းပသြားတဲ့ ၿငိမ္းခ်မ္းေရးေဆြးေႏြးပဲြအတြင္း ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ကလည္း အခုလိုေျပာခဲ့ဖူးပါတယ္။

“ဒါေတြ မကေသးပါဘူး။ ဒီမိုကေရစီ ဖယ္ဒရယ္ျပည္ေထာင္စု တည္ေဆာက္ေရး အမ်ိဳးသားရင္ၾကားေစ့ေရးနဲ႔ ၿငိမ္းခ်မ္းေရး အတြက္ေရွ႕ဆက္ၿပီး တလွမ္းၿပီးတလွမ္း ၊ တဆင့္ၿပီးတဆင့္ ေဖာ္ေဆာင္ႏိုင္မယ့္ အဆင့္လိုက္အစီအစဥ္တခုကို ရယူႏိုင္တဲ့ အေနအထားကို ေရာက္ရွိခဲ့ၿပီျဖစ္ပါတယ္။”

ကို၀င္းခန္႔ေမာင္။ ။ ဖြဲ႔စည္းပံုျပင္ဆင္ႏိုင္ေရး အလားအလာကို ေဟာကိန္းထုတ္ရင္း ၂၀၂၀ ျပည႔္ႏွစ္ ျမန္မာ႔ ႏိုင္ငံေရး သံုးသပ္ခ်က္ကို နိဂံုးခ်ဳပ္ၾကရေအာင္ပါ။

ဦးေက်ာ္္ဇံသာ။ ။ ဖဲြ႔စည္းပံုမွာ အေရးအႀကီးဆံုး ျပင္ဆင္ဖို႔လိုတဲ႔ အခ်က္ ၂ ခ်က္ရွိပါတယ္။ ပထမအခ်က္က လႊတ္ေတာ္မွာ တပ္မေတာ္က အမတ္ ၂၅% ရယူၿပီး၊ အေရးႀကီးတဲ႔ ၀န္ႀကီးရာထူးေတြကို ခန္႕အပ္ထိန္းခ်ဳပ္ထားတဲ႔ကိစၥ နဲ႔ ဒုတိယအခ်က္ျဖစ္တဲ့ ျပည္နယ္ေတြမွာ ၀န္ႀကီးခ်ဳပ္ျဖစ္ ဗဟိုအစိုးရက ေရြးခ်ယ္သူကို မခန္႔အပ္ပဲ၊ ေဒသတြင္း မဲအမ်ားဆံုးရရွိတဲ႔ပါတီက သာ ေရြးခ်ယ္သူကို ခန္႔ႏိုင္ေရး ဆိုတဲ႔ ကိစၥ ၂ ရပ္ပဲ ျဖစ္ပါတယ္။

ပြင္႔ပြင္႔လင္းလင္း ေျပာရရင္ ဒီကိစၥ ၂ ရပ္စလံုး ျပင္ဆင္ႏိုင္ေျခ မရွ္ိေသးပါဘူး က်ေနာ့္အျမင္ေျပာရရင္ေတာ့။

ျပည္ေထာင္စုၿပိဳကြဲႏိုင္တဲ႔အေၾကာင္း လံုး၀မရွိေတာ႔ဘူးလို႔ တပ္မေတာ္က အခိုင္အမာ မယံုၾကည္ေသးသမွ်၊ ယံုၾကည္ရပါၿပီလို႔ သူတို႔မေျပာေသးသမွ် စစ္တပ္ဟာ ႏိုင္ငံေရးက ေနာက္ဆုတ္မယ္မထင္ပါဘူး။

အလားတူစြာပဲ ျပည္နယ္၀န္ႀကီးခ်ဳပ္ကို တိုင္းရင္းသားပါတီေတြက ေရြးခ်ယ္ခန္႔အပ္ရင္ စစ္တပ္က ႏိုင္ငံေရးမွာ လႊမ္းမိုးေနေသးတဲ႔ အတြက္ စစ္တပ္အလိုက် ျဖစ္သြားႏိုင္တယ္ဆိုတဲ႔ အခ်က္ေၾကာင္႔ NLD ဘက္ကလဲ တိုင္းရင္းသားပါတီေတြက ေရြးခ်ယ္တဲ့လူကို ၀န္ႀကီးခ်ဳပ္ ခန္႔အပ္ေပးဖို႔အတြက္ ဆိုင္းငံ႔ထားဦးမယ္လို႔ ထင္ပါတယ္။

နိဂံုးခ်ဳပ္ရရင္ေတာ႔ ၂၀၂၀ ျပည္ႏွစ္ အေစာပိုင္းမွာ ျမန္မာ႔ႏိုင္ငံေရးအလားအလာ ဆိုးရြားၿပီး လမ္းပိတ္ေနခဲ႔ေပမဲ႔ ကုန္ဆံုးခ်ိန္ နီးကပ္လာတာနဲ႔အမွ် အလားအလာေကာင္း အတြက္ လမ္းစတခ်ိဳ႕ေတြ႔လာရၿပီ လို႔ ဆိုရမွာပါ။

ဦးေက်ာ္္ဇံသာ။ ။ ႏွစ္သစ္မွာ က်န္းမာေပ်ာ္ရႊင္ၿပီး လိုအင္ဆႏၵ ျပည္႔၀ၾကပါေစ။

၂၀၂၀ ျမန္မာ့ႏိုင္ငံေရး သံုးသပ္ခ်က္
please wait

No media source currently available

0:00 0:21:56 0:00
တိုက္႐ိုက္ လင့္ခ္
၂ဝ၂ဝ ျမန္မာ့ႏိုင္ငံေရး ထူးျခားျဖစ္စဥ္
please wait

No media source currently available

0:00 0:20:50 0:00

................

၂၀၂၀ မြန်မာ့နိုင်ငံရေး သုံးသပ်ချက်

(Unicode)

၂၀၂၀ခုနှစ်ကုန်ဆုံးပြီး၂၀၂၁ နှစ်သစ်ကူးပြောင်းသွားပါပြီ။ ၂၀၂၀ ဟာ တကမ္ဘာလုံး ကိုဗစ်19 ကပ်ရောဂါဆိုးကြီးဒဏ်ကို အလူးအလဲခံခဲ့ရတဲ့နှစ်တစ်နှစ်ဖြစ်ပါတယ်။ VOA ဝိုင်းတော်သားတွေအနေနဲ့လည်း ရုံးမသွားရဘဲ နေအိမ်တွေကနေပဲ အလုပ်လုပ်ကြရတာ လအတော်ကြာသွားခဲ့ပါပြီ.. ဒါပေမယ့်လည်း အရင်နှစ်တွေကလိုပဲ တင်ဆက်လေ့ရှိတဲ့ ကုန်ဆုံးတော့မယ့်နှစ်အတွက် မြန်မာ့နိုင်ငံရေးမှာ ဖြစ်ထွန်းခဲ့တဲ့ အရေးကြီးကိစ္စတွေကို ပြောပြမယ့်အစီအစဉ်ကို ဗွီအိုအေမြန်မာပိုင်းရဲ့ အယ်ဒီတာ ဦးကျော်ဇံသာနဲ့ ကိုဝင်းခန့်မောင်တို့က ဆွေးနွေးသုံးသပ် တင်ပြမှာဖြစ်ပါတယ်။

ကိုဝင်းခန့်မောင်။ ။ ၂၀၂၀ အတွင်း ရေတွက်ကြည့်ရအောင်ပါ၊ICJ နဲ့စပြီး ရွေးကောက်ပွဲနဲ့ အဆုံးသတ်တယ်လို့ ပြောရင်ရမလား ။

ဦးကျော်ဇံသာ။ ။ မှန်ပါတယ်၊ ဒီကြားထဲမှာ ကိုဗစ်ကပ်ရောဂါပြဿနာ၊ လက်နက်ကိုင်ပဋိပက္ခ အရှိန် မြင့်တက်မှု၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကိစ္စတွေ ရှိခဲ့ပြီး နောက်ဆုံးမှာတော့ ရွေးကောက်ပွဲအလွန် AA နဲ့ တပ်မတော်တို့ အကြားအပစ်အခတ် ရပ်သွားတာနဲ့ ၂၀၂၀ ပြည်နှစ် ကုန်ဆုံးသွားတယ်လို့ ဆိုရပါလိမ့်မယ်။

ကိုဝင်းခန့်မောင်။ ။ တကယ်တော့ ရိုဟင်ဂျာမူဆလင်တွေကို လူမျိုးတုံးသတ်ဖြတ်မှုကျူးလွန်တယ် ဆိုပြီး မြန်မာနိုင်ငံအပေါ် ဂမ်ဘီယာနိုင်ငံရဲ့ စွဲဆိုမှုကို ICJ ကြားနာစစ်ဆေး တာက

၂၀၁၉ ဒီဇင်ဘာ မှာနော်၊ ကျနော်တို့ကိုယ်တိုင် The Hague ကိုသွားရောက် သတင်းယူခဲ့ကြတယ်လေ။

ဦးကျော်ဇံသာ။ ။ ဟုတ်ပါတယ်။ မြန်မာနိုင်ငံကိုယ်စား အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က သွားရောက်ချေပတယ်၊ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို မြန်မာအစိုးရနဲ့ စစ်တပ်ကလက်ခံပါဘူး၊ဂမ်ဘီယာ နဲ့ မြန်မာ နှစ်ဘက်လျှောက်လဲချက်တွေကို လက်ခံကြားနာပြီးတဲ့နောက် ၂၀၂၀ ဇန်နဝါရီ ၂၃ မှာ ICJ က ဆုံးဖြတ်ချက်ချပါတယ်၊ ကြားဖြတ်လုပ်ဆောင်ရမယ့် အစီအစဉ်တွေ (provisional measures) ကို ပြဌာန်းပေးလိုက်တာပါ၊ Genocide ဖြစ်နိုင်တဲ့အခြေအနေတွေကို မြန်မာဘက်က ဟန့်တားပေးဖို့ နဲ့ ကျုးလွန်ခဲ့တဲ့လုပ်ရပ်တွေရဲ သက်သေအထောက်အထားတွေကို မဖျောက်ဖျက်ပစ်ဖို့ စတာတွေပါဝင်ပါတယ်။ ပြီးတော့ လုပ်ဆောင်ပြီးသမျှကို ၆ လတကြိမ်စီ အစီရင်ခံစာတင်သွင်းရမှာ ဖြစ်ပါတယ်။

မတ်လတုန်းက ဂမ်ဘီယာတရားရေးဝန်ကြီး Mr.Tambadou ကို ဗွီအိုအေက တွေ့ဆုံမေးမြန်းခွင့်ရတဲ့အခါ ဒီအမှုကို ပြင်ဆင်နေပုံနဲ့ပတ်သက်လို့ သူအခုလို ဖြေကြားခဲ့ပါတယ်။

“တရားရုံးက ကြားဖြတ်လုပ်ဆောင်ရမယ့် အချက်တွေကို ချမှတ်ပေးထားပါတယ်။ ဒါပေမယ့် ဒါက အမှုပြီးသွားတာ မဟုတ်ပါဘူး။ လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ပါတယ်ဆိုပြီး မြန်မာအပေါ်မှာ ကျနော်တို့ စွဲဆိုထားတဲ့ အမှုအတွက် သက်သေပြရဦးမှာပါ။ ဆိုတော့ စုံစမ်းစစ်ဆေးစရာတွေ၊ သုတေသန လုပ်စရာတွေ၊ သက်သေအထောက်အထား စုစည်းတာတွေ၊ ကျနော်တို့ အမှုကို ခိုင်မာအောင် သက်သေပြဖို့ ပြင်ဆင်စရာတွေ အများကြီးရှိပါတယ်။ ဒါတွေလုပ်နေပါတယ်။ ကြိုးစားပမ်းစား လုပ်နေပါတယ်။”

ကိုဝင်းခန့်မောင်။ ။ မြန်မာဘက်ကလိုက်နာဆောက်ရွက်မှု ကောဘယ်လောက်ရှိခဲ့ပါသလဲ။

ဦးကျော်ဇံသာ။ ။ ၆ လတကြိမ်အစီရင်ခံတာ နဲ့ ပတ်သက်ပြီးတော့ ပထမ တစ်ကြိမ်တင်ပြီးပါပြီ၊ ဒုက္ခသည်တွေ ပြန်လည်လက်ခံဖို့ ဘင်္ဂလားဒေရှ့် နဲ့ ၂ နိုင်ငံသဘောတူညီချက် ရယူထားပါတယ်၊ ဒါပေမဲ့ ပြန်လာသ ူမရှိသလောက်ပါပဲ။ မြန်မာဘက်က ထိထိရောက်ရောက် လိုက်နာ လုပ်ဆောင်ခြင်းမရှိဘူးလို့ ဝေဖန်မှုတွေရှိခဲ့ပါတယ်။

မေလ ၂၃ရက်နေ့မှာ မြန်မာကနေ ICJ ဆီ ပေးသွင်းခဲ့တဲ့အစီအရင်ခံစာနဲ့ပတ်သက်ပြီး Synergy လူမှုသဟာဇာတ ဖော်ဆောင်ရေးအဖွဲ့က ကိုသက်ဆွေဝင်းကို မေးမြန်းခဲ့တာမှာတော့ အစိုးရရဲ့ ဒီကိစ္စအပေါ် သဘောထားကို သူက အခုလိုမြင်ပါတယ်။

“အစိုးရကတော့ ရှင်းချင်တဲ့ အနေအထား ရှိပါလိမ့်မယ်။ ရှိမှရလိမ့်မယ်။ အဲဒါမှလဲ အစိုးရ credibility တက်မှာပေါ့။ သူတို့ရဲ့ ဂုဏ်သိက္ခာလေး ပြန်တက်လာအောင် ဖြစ်ချင်တဲ့အတွက် ရှင်းချင်တဲ့ အနေအထား ရှိပါလိမ့်မယ်။ သို့သော် ဒီကိစ္စမှာက တပ်နဲ့ အစိုးရကြား ပြေလည်ဖို့အတွက်က အင်မတန် အရေးကြီးပါလိမ့်မယ်။ ဘယ်ဖြစ်လို့လဲဆိုတော့ လက်ရှိအနေအထားကိုက အစိုးရကိုယ်တိုင်က တပ်ကို control လုပ်ဖို့က တော်တော်လေးခက်နေတဲ့သဘော ရှိတဲ့အခါကြတော့ ဒီဟာမှာ အကျပ်အတည်းတခု ဖြစ်နေတယ်။ အဲဒီလိုမျိုး ဖြစ်မယ်ဆိုတာကိုတော့ ကျနော် နားလည်ပါတယ်။ အစိုးရကို နားလည်ပေးလို့ရတယ်။ သို့သော် နှုတ်ပိတ်မနေဖို့ လိုပါတယ်။ အစိုးရတာဝန်ရှိတဲ့လူတွေက ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ငါတို့ကတော့ ဒီလိုမျိုး ရပ်တည်ဖို့လိုတယ်။ ငါတို့က ဒါမျိုးတွေ ဖြစ်ဖို့လိုတယ်ဆိုပြီးတော့ အခုနပြောတဲ့ နိုင်ငံရေး သန္နိဋ္ဌာန် ကိုတော့ လုပ်လို့မရသေးကိစ္စမျိုးတွေ၊ အခက်အခဲတွေ အများကြီးရှိတယ်။ ဒါတွေကို ကျနော်တို့အားလုံး နားလည်တယ်။ သို့သော်လဲ ဒီဟာကို ငါတို့ မရောက်ရောက်အောင် သွားမယ်ဆိုတဲ့ ရည်မှန်းချက်၊ ခိုင်မာတဲ့ရည်မှန်းချက်တခု၊ ခိုင်မာတဲ့ သန္နိဋ္ဌာန် တခုကိုတော့ ပြည်သူတွေနဲ့ နိုင်ငံတကာကို ထိထိရောက်ရောက် ချပြနိုင်ဖို့ လိုတဲ့အချိန် ရောက်နေပြီလို့ ယူဆပါတယ်။ ”

အရေးကြီးတာက ဒီပြဿနာဖြစ်ရတဲ့ အခြေခံဇစ်ဖြစ်တွေကို ဖြေရှင်းနိုင်ဖို့လိုအပ်ပါတယ်။

တချိန်တုန်းက လူ့အသိုင်းအဝိုင်း ၂ ခုဟာ သဟဇာတဖြစ်ပြီးတော့ ငြိမ်းငြိမ်းချမ်းချမ်း လက်တွဲနေထိုင်လာခဲ့ပါတယ်။ အဲဒီအခြေအနေမျိုးကို ရောက်အောင် တဖြေးဖြေး ပြန်သွား ရမှာဖြစ်တယ်လို့ ကျနော်ကတော့ မြင်ပါတယ်။

ကိုဝင်းခန့်မောင်။ ။ ဒီကြားထဲ ကိုဗစ်ကပ်ရောဂါဖြစ်လာတာဟာလဲ အဟန့်အတားတခု ဖြစ်သွားတယ်လို့ ဆိုရမှာပေါ့။

ဦးကျော်ဇံသာ။ ။ မှန်ပါတယ်၊ ကိုဗစ်ကပ်ရောဂါဟာ ဒီကိစ္စအတွက်သာမက နိုင်ငံရေး၊ စီးပွါးရေး၊ ပညာရေး ကျန်းမာရေးပါမကျန် ကိစ္စရပ်အားလုံး အခြေအနေ အလာအလာအားလုံးအတွက် အဟန့်အတားဖြစ်ခဲ့ပါတယ်၊ တကမ္ဘာလုံးကို ထိခိုက်စေပေမဲ့ မြန်မာနိုင်ငံလို ဆင်းရဲတဲ့ နိုင်ငံတွေ ပိုအထိနာပါတယ်။

နိုဝင်ဘာမှာကျင်းပဖို့ရှိတဲ့ အထွေထွေရွေးကောက်ပွဲတောင် ဒီ ကိုဗစ်ကပ်ရောဂါကြောင့် ကျင်းပနိုင်ပါ့မလားဆိုတဲ့ မေးခွန်းတွေ၊ မကျင်းပဖို့ ကန့်ကွက်မှုတွေ ရှိခဲ့သလို၊ မဲဆွယ်ကာလမှာလဲ ပါတီကြီးတချို့က ကန့်သတ်တားဖြစ်ချက်တွေကို ဖောက်ဖျက်ပြီး စည်းရုံးမဲဆွယ်မှုတွေလုပ်တယ် ဆိုတဲ့ စွပ်စွဲပြောဆိုတာတွေလဲရှိခဲ့ ပါတယ်။

ကယားပြည်နယ်မှာ မဲဆွယ်စဉ်ကာလ NLD ရဲ့လှုပ်ရှားမှုတွေနဲ့ပတ်သက်လို့ ကရင်နီ လူ့အခွင့်အရေးအဖွဲ့က ကိုဗညားက အခုလိုဆိုပါတယ်။

“NLD ကနေ လွိုင်ကော်မြို့ပေါ်မှာ လူအင်အား ထောင်နဲ့ချီပြီးတော့ လှည့်လည်စည်းရုံးတဲ့အထဲမှာ ဘာသွားတွေ့ရသလဲဆိုတော့ ရှမ်းပြည်တောင်ပိုင်းက လူတော်တော်များများပါတာကို တွေ့ရပါတယ်။ ရှမ်းပြည်နယ်တောင်ပိုင်းလို့ပြောရင် ဖယ်ခေါင်မကဘူး အခြား ရှမ်းပြည်နယ်တောင်ပိုင်းက မြို့တွေကနေ ပါလာနေတယ်။ ဒီ ကိုဗစ်ကပ်ရောဂါက ဒီလိုမျိုး ပါတီ နိုင်ငံရေးစည်းရုံးမှုတွေကနေ တဆင့် တက်လာမှာကို အရမ်းစိုးရိမ်တယ်။”

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီက ဒေါ်နှင်းနှင်းမွှေးကလည်း ရွေးကောက်ပွဲမဲပေးမယ့်နေ့က အင်တာဗျူးအတွင်း အခုလိုပြောခဲ့တာပါ။

“ ကိုဗစ်ဖြစ်လာတဲ့အခါမှာလည်း အာဏာရပါတီ ကနေပြီးတော့ ထောက်ပံ့ကူညီတဲ့ အစီအစဉ်ကို ပြည်သူတွေကြားထဲမှာ လွဲမှားပြီးတော့ ဒါက အစိုးရရဲ့ ထောက်ပံ့ကူညီမှုမဟုတ်ပဲနဲ့ အာဏာရပါတီရဲ့ ထောက်ပံ့ကူညီမှုဆိုတဲ့ ပုံစံမျိုးနဲ့ ကျေးဇူးတင်ပြီးတော့ ဒီအပေါ်မှာပဲ မဲထည့်ရမယ်ဆိုတဲ့ အမြင်မှားတွေ ရှိပါတယ်။ အဲဒါမျိုးတွေကိုလည်း သေသေချာချာပြောနေတဲ့ သူတွေလည်း ရှိတဲ့အခါကျတော့ ကျမတို့ အဲဒါမျိုးတွေက စိတ်ခေါ်ချက်ကို အားသာချက်မျိုးအဖြစ် အသုံးချသွားတယ်လို့ ကျမတို့က မြင်ပါတယ်ရှင့်။”

ကျန်းမာရေးစောင့်ရှောက်မှု အဆင့်နိမ့်ကျတဲ့ မြန်မာနိုင်ငံအဖို့ အခြေအနေ သိပ်ဆိုရွားနိုင်တယ်လို့ စိုးရိမ်ဝေဖန်မှုတွေ ပေါ်ထွက်ခဲ့ပေမဲ့ ထင်သလောက်မဆိုးခဲ့ပါဘူး၊ ဒီကိစ္စကို နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် ရဲ့ဦးဆောင်ကိုင်တွယ်မှုအပေါ် ချီးကျူးပြောဆိုကြတာတွေရှိခဲ့ပြီး ဒါဟာ ရွေးကောက်ပွဲ အနိုင်ရရှိစေတဲ့ အကြောင်းရင်းတွေအနက် တခုအပါအဝင် ဖြစ်တယ်လို့ နောင်အခါ သုံးသပ်လာကြတာတွေ့ရပါတယ်။

ကိုဝင်းခန့်မောင်။ ။ ကိုဗစ်ကတော့ တကမ္ဘာလုံးနဲ့ ဆိုင်တဲ့ပြဿနာပါ။ ဒါပေမဲ့ မြန်မာနိုင်ငံမှာကတော့ စစ်ရေးပဋိပက္ခတွေကြောင့် အိုးအိမ်စွန့်ထွက်ပြေးနေရသူတွေအတွက် ပိုပြီးစိုးရိမ်စရာ ဖြစ်ခဲ့ရတာပေါ့။ အခု အဲဒီပဋိပက္ခတွေဘက်ကလည်း ၂၀၂၀ထဲမှာ ပိုပြီး ပြင်းထန်ခဲ့တယ်လို့ဆိုရနိုင်ပါသလား။

ဦးကျော်ဇံသာ။ ။ ၂၀၂၀အစောပိုင်းမှာ ပိုပြီး ပြင်းထန်ခဲ့ပါတယ်။ အထူးသဖြင့် AA နဲ့ တပ်မတော်အကြားဖြစ်ပွားတဲ့ ပဋိပက္ခတွေ က ဆိုးဆိုးဝါးဝါး ဖြစ်ခဲ့တယ်လို့ဆိုရမှာပါ။ ၂၀၂၀ ဖေဖော်ဝါရီမှာ မြန်မာ့တပ်မတော်ဟာ ရခိုင်မြောက်ပိုင်းမြို့နယ်တချို့မှာ internet တွေပိတ်ပြီး ကြည်းတပ်တင်မက ရေတပ်စစ်သင်္ဘောတွေ စစ်လေယာဉ်တွေပါသုံးပြီး အပြင်းအထန် ထိုးစစ်ဆင်ခဲ့ပါတယ်။

တိုက်ပွဲတွေ ပြင်းထန်လာတာနဲ့အမျှ အရပ်သားတွေ ထိခိုက်သေဆုံးရမှု သံသယကြောင့် နှစ်ဖက် ဖမ်းဆီးစစ်ဆေးမှု တရွာလုံးမီးရှို့ခံရမှု တွေ အပြင် အိုးအိမ်စွန့်ထွက်ပြေးရမှုတွေလည်း အဆမတန် များပြားလာခဲ့ပါတယ်။ နောက်ဆုံးစာရင်းအရ ဆိုရင် ရခိုင်မှာ စစ်ရှောင်ဒုက္ခသည် ၂ သိန်း လောက်တောင် ရှိခဲ့တယ်လို့ သိရပါတယ်။

အင်တာနက်ဖြတ်တောက်ခံရတဲ့ကိစ္စနဲ့ပတ်သက်လို့ ပလက်ဝဒေသခံ ကိုထွန်းလင်းက ဗွီအိုအေကို အခုလို ပြောဖူးပါတယ်။

"သတင်းကို မသိနိုင်တော့ ကျနော်တို့ ဘယ်လိုမှ ပြောလို့မရဘူးလေ။ ဘယ်လိုမှ ထုတ်ပြောလို့မရ၊ ဖတ်လို့လည်းမရ၊ ရေးလို့လည်းမရ သတင်းမရတော့ ကျနော့်အတွက်တော့ အများကြီးအခက် အခဲရှိတာ ပေါ့နော်။ သတင်းမရှိတော့ ကျနော်တို့အတွက် ပိုပြီးတော့ စိုးရိမ်စရာပဲပေါ့နော်။ အင်တာနက်လည်း သုံးမရ ဖုန်းလိုင်းပဲ သုံးလို့ရတယ် ဆိုတော့လေ။"

ရခိုင်ပြည်နယ် စစ်ဘေးရှောင်စခန်းတွေက လူငယ်တချို့ကလည်း

“ အခုအစိုးရသစ်လက်ထက်မှာ ကျနော်ပြောချင်တာက နေရာဒေသအကုန်လုံးကို ငြိမ်းငြိမ်းချမ်းချမ်းဖြစ်အောင်လုပ်ပေးစေချင်ပါတယ်ခင်ဗျ။ ပြီးလို့ရှိရင် ကိုယ့်ရပ်ကိုယ့်ရွာ ကိုယ့်ဇာတိ၊ မိမိရိုးရာ အလုပ်အကိုင်တွေကို လုပ်ကိုင်စားသောက်ပြီးတော့ ငြိမ်းငြိမ်းချမ်းချမ်း နေချင်ပါတယ်ခင်ဗျ။ အဲဒါလေးပဲ လုပ်ပေးစေချင်ပါတယ်။”

“ဒီတပ်မတော်အနေနဲ့ရော အစိုးရအနေနဲ့ နောက်ပြီး ရခိုင်တပ်မတော်အနေနဲ့ အကောင်းဆုံး လူထုတွေအတွက် အဓိက လိုအပ်ချက်အပိုင်းတွေကို အကောင်းဆုံးညှိနှိုင်းပြီးတော့ အမြန်ဆုံး သူတို့နေရာကို သူတို့ လုံလုံခြုံခြုံ ပြန်ရောက်အောင် ညှိနှိုင်းပေးဖို့ မေတ္တာရပ်ခံ တောင်းဆိုချင်ပါတယ်။”

ကိုဝင်းခန့်မောင်။ ။ AA နဲ့ တိုက်ပွဲတွေ ပြင်းထန်လာတဲ့ကိစ္စက တခြားတိုင်းရင်းသားလက်နက်ကိုင်တွေ အပေါ်မှာကော ဘယ်လို ရိုက်ခတ်မှုတွေရှိခဲ့သလဲ၊ တနည်းပြောရရင် ဒီတိုက်ပွဲတွေမှာ တခြားတိုင်းရင်းသား လက်ကိုင် တွေ ပါဝင်ပတ်သက်မှုရှိခဲ့သလား၊

ဦးကျော်ဇံသာ။ ။ ရိုက်ခတ်မှုတွေရှိခဲ့တယ်လို့ ပြောရမှာပါ။ အထူးသဖြင့် မြောက်ပိုင်းမဟာမိတ်အဖွဲ့ (KIA/TNLA/MNDAA/AA)၊ နောက်ပြီး UWSA ဝတပ်ဖွဲ့ဦးဆောင်တဲ့ FPNCC (Federal Political Negotiation and Consultative Committee) တို့ဟာ AA ရဲ့ စစ်ရေး နိုင်ငံရေး မဟာမိတ်တွေ ဖြစ်ပါတယ်။ AA အပေါ် တပ်မတော်ထိုးစစ်ပြင်းထန်လာရင် သူတို့ဘက်ကလှုပ်ရှားပြတာတွေရှိခဲ့သလို ငြိမ်းချမ်းရေးဆွေးနွေး ပွဲအတွက် အစိုးရဘက်က ကမ်းလှမ်းတာတွေကိုလဲ AA မပါရင် လက်မခံပဲ ပယ်ချခဲ့ကြပါတယ်။

ဒီနေရာမှာ တခုပြောချင်တာက ၄ ဖွဲ့ပါ မြောက်ပိုင်းမဟာမိတ်ထက် UWSA ဝတပ်ဖွဲ့ ဦးဆောင်တဲ့ ၇ ဖွဲ့ပါ FPNCC ဟာ စစ်ရေးမဟာမိတ်အဆင့်ကနေ နိုင်ငံရေးမဟာမိတ်သဘော ပိုဆောင်ပြီးတော့တရုတ်ရဲ့ နိုင်ငံရေးအရကြိုးကိုင်မှုအတိုင်း လိုက်ပါဆောင်ရွက်တယ်လို့ သုံးသပ်ခံရတယ်ဆိုတဲ့အချက်ပဲ ဖြစ်ပါတယ်။ ပြည်တွင်းက သူပုန်တွေကို အပြတ်အသတ် မချေမှုန်းနိုင်တာဟာ သူတို့ နောက်ကွယ်မှာ ပြည်ပအင်အားကြီးတွေ ရရှိနေလို့ဖြစ်တယ်လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကိုယ်တိုင် ရုရှားရုပ်သံ အင်တာဗျူးမှာ ပြောခဲ့တာပါ။

ကိုဝင်းခန့်မောင်။ ။ AA ဆီ တရုတ်က ပေးပို့ခဲ့တဲ့ စစ်လက်နက်ပစ္စည်းတွေဆိုပြီး အိန္ဒိယဘက်က ဖေါ်ထုတ်တင်ပြလိုက်ပြီးတဲ့ မရှေးမနှောင်းမှာပဲ သူကဒီလိုပြောခဲ့တာပေါ့နော်။ အခုတဆက်တည်း ရွေးကောက်ပွဲကိစ္စ ပြောကြရအောင်ပါ။ ဒါဟာ ၂၀၂၀ အတွင်း အရေးအကြီးဆုံး ကိစ္စဖြစ်မယ်ထင်ပါတယ်။

ဦးကျော်ဇံသာ။ ။ မှန်ပါတယ်၊ရွေးကောက်ပွဲအကြောင်းပြောရရင်တော့ ဒါဟာ ၂၀၂၀ အတွင်းမှာသာမက မြန်မာ နိုင်ငံရှေ့ခရီးအတွက်ပါ အင်မတန်အရေးကြီးတဲ့ သမိုင်းဝင်ဖြစ်ရပ်ကြီးပါ။

မကျင်းပဖို့ ကန့်ကွက်မှုတွေ၊ မဲဆွယ်စဉ်နဲ့ မဲပေးပြီး မမျှတမှု မသမာမှုတွေရှိခဲ့တယ် ဆိုတဲ့ စွပ်စွဲချက်တွေ၊ ထောက်ပြတိုင်တန်းချက်တွေ အများကြီးရှိခဲ့ပေမဲ့ မြန်မာပြည်သူတွေ နဲ့တကွ နိုင်ငံတကာကပါ နောက်ဆုံးမှာ လက်ခံအတည်ပြုခဲ့ကြတဲ့ ရွေးကောက်ပွဲဖြစ်ပါတယ်။

မမျှတမှုတွေနဲ့ ပတ်သက်ပြီး ရွေးကောက်ပွဲကော်မရှင်နဲ့ အစိုးရတို့အပေါ် ဝေဖန်ပြောဆိုခဲ့တဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကလဲ ရွေးကောက်ပွဲရလဒ်ကို လက်ခံလိုက်နာမယ်လို့ ပြောကြားလိုက်တဲ့အတွက် အဓိကအတိုက်အခံဖြစ်တဲ့ ပြည်ထောင်စု ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ဘယ်လိုပင်ဆက်လက် ကန့်ကွက်ခဲ့ပေမဲ့ ပြန်လည်ကျင်းပရမယ့် အဖြစ်မျိုးတော့ ရောက်နိုင်စရာမရှိတော့ဘူးလို့ ပြောနိုင်ပါတယ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က

“ကျနော်ကတော့ ပြည်သူ့ဆန္ဒနဲ့ ထွက်လာတဲ့ ရလဒ်ကိုတော့ လက်ခံရမှာပေါ့နော် ။ ဒါက လုံး၀ ငြင်းပယ်လို့မရဘူး လက်ခံရမယ် ။ နောက် နိုင်ငံသူ နိုင်ငံသားတွေရဲ့ ခံစားနေရတဲ့ သောကတွေကို ဒါတွေကို ဘယ်လို ဖြေသိမ့်မလဲဆိုတာ စဉ်းစားပြီးတော့ လုပ်ဆောင်ဖို့ လိုပါမယ်။ ဒါကတော့ ကျနော်တို့အတွက် အင်မတန် အရေးကြီးတဲ့ အချက်ပါ။”

ကိုဝင်းခန့်မောင်။ ။ ဒါပေမဲ့ လုံခြုံရေးအကြောင်းပြချက်နဲ့ ရွေးကောက်ပွဲမကျင်းပခဲ့တဲ့ မဲဆန္ဒနယ်တချို့ ကိစ္စတော့ မပြေလည်သေးဘူးလို့ ပြောနိုင်တာပေါ့၊

ဦးကျော်ဇံသာ။ ။ အဲဒီအချိန်မှာ AA အဲဒီမဲဆန္ဒနယ်တွေမှာ ရွေးကောက်ပွဲကျင်းပပေးဖို့ တောင်းဆို လိုက်တော့ တပ်မတော်ကလဲ ထောက်ခံလိုက်ပါတယ်။ ဒါဟာ သတင်းထူး သတင်းဆန်းဖြစ်သွားခဲ့သလို ရှားရှားပါးပါး သတင်းကောင်းတပုဒ်လဲ ဖြစ်ပါတယ်။

ပြီးတော့ တပ်မတော်နဲ့ AA တို့က တိုက်ပွဲတွေ ရပ်ပစ်လိုက်ကြတော့ ငြိမ်းချမ်းရေးမရှိလို့ ဆိုတဲ့ အကြောင်းပြချက်ဟာ အဓိပ္ပာယ်မဲ့သွားပါတယ်။

အခုနောက်ဆုံး ၄၆ ကြိမ်မြောက် ရခိုင်ပြည်နယ်နေ့ မှာတော့ နိုင်ငံတော်သမ္မတဦးဝင်းမြင့်က လုံခြုံရေးအခြေအနေကြောင့် ရွေးကောက်ပွဲမကျင်းပခဲ့တဲ့ ရခိုင်ပြည်နယ်က ဒေသတွေမှာ လွန်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲတွေ အမြန်ဆုံးကျင်းပနိုင်တဲ့ အခြေအနေရောက်အောင် လူပူဂ္ဂိုလ်တွေ အဖွဲ့အစည်းတွေအားလုံး ဝိုင်းဝန်းကူညီဆောင်ရွက်ကြဖို့ ပြောကြားလိုက်ပါပြီ။ ဆိုတော့ NLD အနေနဲ့ သူတို့ရှုံးနိမ့်မယ်ထင်လို့ ဒီဒေသတွေကို ရွေးကောက်ပွဲ မကျင်းပခဲ့တာဆိုတဲ့ စွပ်စွဲချက်လဲ ပျက်ပြယ်သွားခဲ့ပါပြီ။

ကိုဝင်းခန့်မောင်။ ။ ရွေးကောက်ပွဲ ပြန်ကျင်းပမယ်ဆိုတဲ့ ကိစ္စမှာ ဂျပန်က အထူးသံတမန် Mr. Sazakawa လာပြီးတော့ ညှိနှိုင်းပေးခဲ့တာပေါ့နော်။ အဲဒါက ဘယ်လောက်အထိ ထိရောက်နေပြီလဲဆိုတာ ပြောလို့ရမလဲ။

ဦးကျော်ဇံသာ။ ။ ပထမ တချက်က ဂျပန်သည် ဒီအရေးမှာ စေ့စပ်ပေးဖို့ အသင့်တော်ဆုံး နိုင်ငံဖြစိပါတယ်။ အိမ်နီးချင်းနိုင်ငံကြီးတွေဖြစ်ကြတဲ့ တရုတ်နဲ့ အိန္ဒိယကို ကြည့်ရင် တရုတ်က AA နဲ့ မလွတ်မကင်းလို့ပြောနိုင်သလို၊ အိန္ဒိယဆိုရင်လဲ မြန်မာစစ်တပ်နဲ့ မကင်းပါဘူး၊ ဒါကြောင့်ဂျပန်ဟာ အသင့်တော်ဆုံးဖြစ်ပါတယ်။

ဒုတိယတချက်ကတော့ အချိန်အခါပါပဲ၊ တိုတိုပြောရရင် နှစ်ဘက်စလုံးက အပစ်ရပ်ချင်တဲ့ သဘောထားကို ပြသလာကြတဲ့ အချိန်ဖြစ်လို့ ကြားဝင်ဖို့ အခါအခွင့်သင့်တဲ့ အချိန်ပါ။

ဂျပန် အထူးသံ Mr. Sasakawa ကတော့ ရခိုင်ဒေသကို သွားရောက်လေ့လာပြီး အဲဒီမဲဆန္ဒနယ်တွေမှာ ရွေးကောက်ပွဲကျင်းပပေးဖို့ ဒေါ်အောင်ဆန်းစုကြည် ကို တိုက်တွန်းခဲ့ပါတယ်။

AA နဲ့ တပ်မတော်တို့အကြား အပစ်အခတ်ရပ်စဲ နိုင်မယ့် အခြေအနေ အခင်းအကျင်းတွေကို အားပေးမယ်၊ အပစ်အခတ်ရပ်စဲကြတာနဲ့ တပြိုင်နက် ဆေးဝါး အစရှိတဲ့ စာမနာမှုအကူအညီတွေ ထောက်ပံ့မယ်၊ ဆေးပေးခန်းတွေ စာသင်ကျောင်းတွေ ဆောက်ပေးမယ်၊ ဒါတွေဟာ ငြိမ်းချမ်းရေးရဲ့ အသီးအပွင့်တွေပဲ ဖြစ်လို့ပြောကြောင်း Mr. Sasakawa ပြောခဲ့တဲ့အတိုင်း ဂျပန်နိုင်ငံထုတ် Nikkei Asian Review က ရေးပါတယ်။

“ ရွေးကောက်ပွဲ ကျင်းပနိုင်ဖို့ဆိုရင် ၂ ဦး၂ ဖက် အဖွဲ့အစည်း ၂ ခုလုံးကနေပြီးတော့ အပစ်အခတ်ရပ်စဲဖို့ လိုအပ်ပါတယ်။ အဲဒီလိုမလုပ်ဘူးဆိုရင်တော့ ရွေးကောက်ပွဲ မဖြစ်နိုင်တာကြောင်း ၂ ဦး ၂ ဖက် သဘောတူ ဆောင်ရွက်ပေးဖို့ကို ကျနော့်အနေနဲ့ ၂ ဖက်စလုံးကို မေတ္တာရပ်ခံခဲ့ပါတယ်။ အဲဒါကြောင့်မို့လို့လည်း ဒီအဖွဲ့ ၂ ဖွဲ့စလုံးက statement ၂ စောင်ထုတ်ပြန်ခဲ့ပြီလို့ ကျနော်ထင်ပါတယ်။ အခုလက်ရှိဆိုရင် မြန်မာတပ်မတော်နဲ့ ရခိုင်တပ်မတော်ကြားထဲမှာလည်း စေ့စပ်ဆေးနွေးတဲ့အခါမှာ အသေးစိတ် ဆက်လက်ဆွေးနွေးသွားဖို့ ရှိမယ်လို့ ကျနော်ထင်ပါတယ်။”

ကိုဝင်းခန့်မောင်။ ။ ဆိုတော့ ငြိမ်းချမ်းရေးအတွက် အလားအာကောင်းလို့ ပြောရမှာပေါ့၊ အစိုးရဘက်ကလဲ ဒုတိယသက်တမ်းမှာ အမျိုးသားပြန်လည်သင့်မြတ်ရေး အစိုးရ ဖွဲ့မယ်လို့ ပြောထားတယ် ဆိုတော့၊

ဦးကျော်ဇံသာ။ ။ NLD က အမျိုးသားပြန်လည်သင့်မြတချ်ရေးအစိုးရဆိုတာ မူအားဖြင့်ပြောတာပဲ ရှိပါသေးတယ်၊ အသေးစိတ်ဘယ်လို လုပ်မယ်ဆိုတာကို တိုင်းရင်းသားတွေဘက်က စောင့်ဆိုင်း နေရဆဲပါ။ ဒါဟာ ရွေးကောက်ပွဲနိုင်ပြီးစ ပါတီတွေ နိုင်ငံတကာမှာ ပြောရိုးပြောစဉ်ကိစ္စ တရပ်လဲဖြစ်ပါတယ်။

ဒါပေမဲ့ အလေးအနက် အကောင်အထည်ဖော်လာနိုင်တယ်လို့ မျှော်လင့်နိုင်တဲ့ အခြေအနေတွေတော့ ရှိနေပါတယ်။ ပထမသက်တမ်းအတွင်း မျှော်လင့်သလောက် ပြောထားသလောက် အောင်မြင်မှုမရှိခဲ့တာ၊ အခုအခါ တပ်မတော် နဲ့ AA တို့က စစ်တိုက်တာရပ်ပြီး ဆွေးနွေးဖြေရှင်းရေး ဆန္ဒ ပြသလာကြတာတွေ ကိုကြည့်ရင် NLD အစိုးရအတွက်လဲ ပြန်လည်သင့်မြတ်ရေး အားထုတ်လုပ်ဆောင်ဖို့ အခွင့်အခါကောင်း ဖြစ်ပါတယ်။

ဒီလိုမှ မလုပ်ရင်တော့ တပ်မတော်က တဖက်သပ် အမှတ်ယူ လုပ်ဆောင်သွားလေမလား ဆိုတာလဲ NLD က တွက်မယ်ထင်ပါတယ်။ တဘက်မှာလဲ ပင်လုံစည်းဝေးပွဲ ကို၂၀၂၀ အလွန် ဆက်လက်ကျင်းပနိုင်ဖို့အတွက်လဲ ပြီးခဲ့တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲက လမ်းကြောင်းထားခဲ့ပြီးဖြစ်ပါတယ်။

ကချင်ပြည်နယ် ပြည်သူ့ပါတီ kSPP ဥက္ကဋ္ဌ ဒေါက်တာတူးဂျာက သူ့သဘောထားကို အခုလိုပြောပါတယ်

“ဖြစ်စေချင်တာကတော့ ငြိမ်းချမ်းရေးက အများကြီးအရေးကြီးနေတယ်။ ငြိမ်းချမ်းရေး အမြန်ရရှိပြီဆိုရင် ကျနော်တို့တွေ ဖယ်ဒရယ်ဒီမိုကရေစီနိုင်ငံ အမြန်ပေါ်ထွန်းနိုင်မှာပေါ့နော်။ အဲဒါကို ကျနော်တို့က အခုလို လမ်းစ ပေါ်လာတာကနေစပြီးတော့မှ ဖယ်ဒရယ်ဒီမိုကရေစီနိုင်ငံ ပေါ်ထွန်းလာအောင် စုပေါင်းလုပ်ဆောင်ဖို့ရှိပါတယ်။ လုပ်ဆောင်သွားလိမ့်မယ်၊ လုပ်ဆောင်ဖို့ လိုလားတယ်ဆိုတာကို ပြတာဖြစ်ပါတယ် အဲဒါ ကျနော်တို့ရဲ့ သဘောထားပါ။ ”

ရခိုင်အမျိုးသားပါတီ ANP ပြောခွင့်ရ ဒေါ်အေးနုစိန်ကလည်း

“ အခု Mr. Sasakawa က သတင်းထုတ်ပြန်ပြီးနောက်မှာတော့ AA သဘောထား ထုတ်ပြန်ချက်၊ နာရီပိုင်းအတွင်းမှာ မြန်မာ့တပ်မတော်က အဲဒီသဘောထားထုတ်ပြန်ချက်ကို တုန့်ပြန်တဲ့ သဘောတူညီချက် စသဖြင့် ပေါ်ပေါက်လာတဲ့ နောက်မှာတော့ အမှန်တကယ် တိုက်ပွဲတွေ ရပ်သွားတဲ့ အနေအထားတွေကို ကြုံရတယ်ဆိုတော့ ရှေ့က ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ခေါ်တယ်၊ သွားကြတယ် အဆင်မပြေဘူးဆိုတာနဲ့စာရင် အဲဒီ Statement တစောင် နောက်က နောက်တစောင်လိုက်ပြီးတော့ ဒီလက်တွေ့ ပကတိ မြေပြင် အနေအထားဟာ မျက်မြင်အားဖြင့် ငြိမ်းချမ်းတဲ့ အနေအထားကို အချိန်တိုအတွင်းမှာ ဖြစ်ပေါ်တိုးတက်ခဲ့တယ်ဆိုတာကတော့ ကောင်းတဲ့ လက္ခဏာဖြစ်ပါတယ်။”

သြဂုတ်လထဲမှာ ကျင်းပသွားတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲအတွင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကလည်း အခုလိုပြောခဲ့ဖူးပါတယ်။


“ဒါတွေ မကသေးပါဘူး။ ဒီမိုကရေစီ ဖယ်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး အမျိုးသားရင်ကြားစေ့ရေးနဲ့ ငြိမ်းချမ်းရေး အတွက်ရှေ့ဆက်ပြီး တလှမ်းပြီးတလှမ်း ၊ တဆင့်ပြီးတဆင့် ဖော်ဆောင်နိုင်မယ့် အဆင့်လိုက်အစီအစဉ်တခုကို ရယူနိုင်တဲ့ အနေအထားကို ရောက်ရှိခဲ့ပြီဖြစ်ပါတယ်။”

ကိုဝင်းခန့်မောင်။ ။ ဖွဲ့စည်းပုံပြင်ဆင်နိုင်ရေး အလားအလာကို ဟောကိန်းထုတ်ရင်း ၂၀၂၀ ပြည့်နှစ် မြန်မာ့ နိုင်ငံရေး သုံးသပ်ချက်ကို နိဂုံးချုပ်ကြရအောင်ပါ။

ဦးကျော်ဇံသာ။ ။ ဖွဲ့စည်းပုံမှာ အရေးအကြီးဆုံး ပြင်ဆင်ဖို့လိုတဲ့ အချက် ၂ ချက်ရှိပါတယ်။ ပထမအချက်က လွှတ်တော်မှာ တပ်မတော်က အမတ် ၂၅% ရယူပြီး၊ အရေးကြီးတဲ့ ဝန်ကြီးရာထူးတွေကို ခန့်အပ်ထိန်းချုပ်ထားတဲ့ကိစ္စ နဲ့ ဒုတိယအချက်ဖြစ်တဲ့ ပြည်နယ်တွေမှာ ဝန်ကြီးချုပ်ဖြစ် ဗဟိုအစိုးရက ရွေးချယ်သူကို မခန့်အပ်ပဲ၊ ဒေသတွင်း မဲအများဆုံးရရှိတဲ့ပါတီက သာ ရွေးချယ်သူကို ခန့်နိုင်ရေး ဆိုတဲ့ ကိစ္စ ၂ ရပ်ပဲ ဖြစ်ပါတယ်။

ပွင့်ပွင့်လင်းလင်း ပြောရရင် ဒီကိစ္စ ၂ ရပ်စလုံး ပြင်ဆင်နိုင်ခြေ မရှိသေးပါဘူး ကျနော့်အမြင်ပြောရရင်တော့။

ပြည်ထောင်စုပြိုကွဲနိုင်တဲ့အကြောင်း လုံးဝမရှိတော့ဘူးလို့ တပ်မတော်က အခိုင်အမာ မယုံကြည်သေးသမျှ၊ ယုံကြည်ရပါပြီလို့ သူတို့မပြောသေးသမျှ စစ်တပ်ဟာ နိုင်ငံရေးက နောက်ဆုတ်မယ်မထင်ပါဘူး။

အလားတူစွာပဲ ပြည်နယ်ဝန်ကြီးချုပ်ကို တိုင်းရင်းသားပါတီတွေက ရွေးချယ်ခန့်အပ်ရင် စစ်တပ်က နိုင်ငံရေးမှာ လွှမ်းမိုးနေသေးတဲ့ အတွက် စစ်တပ်အလိုကျ ဖြစ်သွားနိုင်တယ်ဆိုတဲ့ အချက်ကြောင့် NLD ဘက်ကလဲ တိုင်းရင်းသားပါတီတွေက ရွေးချယ်တဲ့လူကို ဝန်ကြီးချုပ် ခန့်အပ်ပေးဖို့အတွက် ဆိုင်းငံ့ထားဦးမယ်လို့ ထင်ပါတယ်။

နိဂုံးချုပ်ရရင်တော့ ၂၀၂၀ ပြည်နှစ် အစောပိုင်းမှာ မြန်မာ့နိုင်ငံရေးအလားအလာ ဆိုးရွားပြီး လမ်းပိတ်နေခဲ့ပေမဲ့ ကုန်ဆုံးချိန် နီးကပ်လာတာနဲ့အမျှ အလားအလာကောင်း အတွက် လမ်းစတချို့တွေ့လာရပြီ လို့ ဆိုရမှာပါ။

ဦးကျော်ဇံသာ။ ။ နှစ်သစ်မှာ ကျန်းမာပျော်ရွှင်ပြီး လိုအင်ဆန္ဒ ပြည့်ဝကြပါစေ။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG